Thursday, September 22, 2016

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်ကို ဖမ်းမိပြီ

မဇ္ဈိမ


ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာကို ယနေ့ စက်တင်ဘာ ၂၀ရက် ည ၉နာရီ ၄၀ မိနစ်တွင် ဖမ်းမိပြီဟု သိရသည်။

၎င်းအမှုကို ကျောက်တံတားမြို့ရဲစခန်းတွင် (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီးပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး ရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် ဒေါ်တင်သူဇာ (၅၇)နှစ်အား ၎င်း၏အဒေါ်ဖြစ်သူနေထိုင်သော သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းရှိနေအိမ်မှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ကျန်ပြစ်မှုကျူးလွန်သူ မစုမွန်လတ်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments: