Monday, September 26, 2016

ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့မှ ဦးအောင်ကြည်နှင့် DPN ချင်းမိုင်တွင် တွေ့ဆုံမှုစတင်

ဖနိဒါ

ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များဖြစ်သော ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ရှန်ဂရီလာဟိုတယ်(Shangri-la)တွင် စက်တင်ဘာလ ၂၅ ရက် နံနက် ၉ နာရီတွင်စတင် တွေ့ဆုံနေပြီ ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဦးအောင်ကြည်၊ ဦးအောင်စိုးနှင့် ဦးမင်းဇော်ဦးနှင့် ဦးကျော်သူရတို့ လေးဦးနှင့် DPN မှ ခေါင်းဆောင် ခူဦးရယ်နှင့် အဖွဲ့ဝင် ၁၀ ဦးတို့ တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ အဆိုပြုချက် အချက် ၈ ချက်အပေါ် နှစ်ဖက် ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်ကြောင်း သိရသည်။

No comments: