ဖနိဒါ
ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များဖြစ်သော ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေး မှု ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံမည် ဖြစ် သည်။
DPN ခေါင်းဆောင် ခူဦးရယ်က မနက်ဖြန် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သော်လည်း မည်သည့် အ ကြောင်းအရင်း ဆွေးနွေးသွားမည်ကို ပြောဆိုခြင်း မရှိခဲ့ပေ။
ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဦးအောင်ကြည် အပါအဝင် ဦးအောင်စိုးနှင့် ဦးမင်းဇော်ဦးတို့ သုံးဦးတို့ က DPN အဖွဲ့ နှင့် လာရောက် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး ချင်းမိုင်မြို့ရှိ ရှန်ဂရီလာ ဟိုတယ်(Shangri-la) တွင်တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ(NRPC)တွင် ပြုလုပ်သည့် နိုင်ငံ ရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင် သုံးသပ်သည့် အစည်းအဝေးသို့ DPN က တက်ရောက်ခြင်း မရှိခဲ့ပေ။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုက ယခင်ရပ်တည်ချက်အတိုင်း အား လုံး ပါဝင်ရေးကို ဆက်လက် စွဲကိုင်ထားကာ DPN ဘက်က အချက် ၈ ချက်ပါ သဘောထားကို အစိုးရထံသို့ အဆိုပြထားပြီး ယင်းအချက် ၈ ချက်ကို သဘောတူပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (NCA)ကို လက်မှတ်ရေးထိုးနိုင်သည့် သဘောထားရှိနေသည်။
No comments:
Post a Comment