Kachinnews
့ယနေညနေ ၅ နာရီ ကျော်မှ စပြီး KIA လှုပ်ရှားတပ်ရင်း ၂၅၂ Gidon စခန်းသို့ အင်အားကြီးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသည့် အစိုးရတပ် နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားရာ တစ်နာရီခန့်အကြာတွင် အစိုးရ တပ်မတော်သား ၇၀ ကျော် ကျဆုံးပြီး ၄၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့ပြီဟု KIA ရှေ့တန်းများ ပြောပါသည်။
KIA ဘက် ထိခိုက် ကျဆုံးမှု မရှိတဲ့အကြောင်း KIA ရှေ့တန်းမှ ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောပါသည်။
လွန်ခဲ့သည့် စက်တင်ဘာ ၁၆-၁၇ နှစ်ရက်သာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည့် KIA Gindon Post တိုက်ပွဲအတွင်း အစိုးရ တပ်မတော်သား ၃၀ ဦး ကျဆုံး ခဲ့ပြီး ၄၀ ခန့် ထိခိုက် ဒဏ်ရာ ရပြီးနောက် တပ်ဆုတ်ခဲ့သည်။
ယနေ့ ညနေပိုင်းတွင် အစိုးရတပ်မှ စစ်မျက်နှာ ၂ ခုဖွင့်ပြီး KIA ၏ DND 252 စခန်းကို တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီ မှ လည်း “ကချင်စစ်ပွဲကြီး ပြန်လည် ကြီးမားလာမည့် အခြေအနေကြောင့် အထူးဆုတောင်းရန်” ကချင်ပြည်သူများထံ ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ တွင် အကြောင်းကြား လိုက်ပြီ ဖြစ်သည်။

No comments:
Post a Comment