Friday, September 23, 2016

စစ်တပ်မှ ကချင် ထိုးစစ်ကြီးဆင်လာချိန် ဆုတောင်း ကြရန် KIO အသိ ပေး

Kachinnews


မြန်မာ့တပ်မတော်၏ ကချင်စစ်ပွဲကြီး ပြင်ဆင်နေမှုပေါ် အထူးဆုတောင်းရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီ မှ ကချင်ပြည်သူများထံ စက်တင်ဘာလ ၁၉ ရက်စွဲ နှင့် အသိပေး ကြေငြာချက်ထုတ်ပြန်လိုက်သည်။

အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ကြိုးစားနေချိန်မှာဘဲ မြန်မာ စစ်တပ် အနေဖြင့် KIO ၏ အုပ်ချုပ်ရေးနှင့် စစ်ရေးအတွက် ပင်မ အချက်အခြာ ကျသည့် နေရာများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်နိုင်ဖို့ စစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည့်အတွက် ဆုတောင်းရန်’ KIO ဗဟိုကော်မတီက ပြောပါသည်။

လက်ရှိ အစိုးရတပ်က KIO ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက် အရေးပါသည့် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်း အရှေ့ဘက် KIA လှုပ်ရှားတပ်ရင်း ၂၅၂ စခန်း Nhkram Bum တောင် နှင့် ၎င်းနှင့်ဆက်စပ်သော KIA တပ်ရင်း ၃ နယ်မြေ Lai Hpawng Bum ကို သိမ်းပိုက်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နေသည်မှာ ၂ ပတ်ခန့် ရှိလာပြီ ဖြစ်သည်။

“KIO ဌာနချုပ်နယ်မြေနှင့် နယ်စပ်တစ်လျှောက်မှာ အစိုးရတပ်က တိုက်ပွဲကြီးအတွက် ပြင်ဆင် နေသည့်အတွက် ရှေ့ဆက် ကချင် တော်လှန်ရေး ခရီးစဉ်မှာ ဘုရားနှင့် အတူ လျှောက်လှမ်းပြီး ဆုတောင်းရန် ကချင်ပြည်သူများနှင့် KIA တပ်သားများကို ထပ်မံ အကြောင်း ကြားလိုက်ခြင်းဖြစ်သည်” ဟု KIO ဒုဗိုလ်မှုးကြီး နော်ဘူက ပြောပါသည်။

ဆုတောင်းချက်တွင် လက်ရှိ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခံနေရသည့် KIO ဌာနချုပ် နယ်မြေ Nhkram Bum နှင့် တပ်ရင်း ၃ နေရာ Lai Hpawng စခန်း၊ ကချင်ပြည်နယ်နှင့် ရှမ်းမြောက် KIA တပ်မဟာ တိုင်းတွင် ထိုးစစ်ဆင်နေသည့် အစိုးရတပ်များကို ခုခံကာကွယ် တိုက်ခိုက်နိုင်ရန် စသည်တို့ပါရှိသည်။

ကချင်ဒေသ အသီးသီးရှိ ခရစ်ယာန် အသင်းတော်များ အနေဖြင့် KIO အကြောင်းကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ တော်လှန်ရေးခရီးစဉ်အတွက် အမြဲ မပြတ် ဆုတောင်းပေးနေကြောင်း ပြောပါသည်။

No comments: