Saturday, December 10, 2016

ရခိုင်မြောက်ပိုင်း မွတ်ဆလင် အရေး၌ IS အမြတ်ထုတ်နိုင်

ဧရာဝတီ


ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်များ အရေးကို အကြောင်းပြုကာ အစွန်းရောက် IS များက အသုံးချ အမြတ်ထုတ် နိုင်ကြောင်း မလေးရှားကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Zulkifeli Mohd Zin က ပြောကြားလိုက်ကြောင်း The Star သတင်းကဆိုပါတယ်။

မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Zulkifeli Mohd Zin ဟာ ပြီးခဲ့တဲ့ရက်ပိုင်း က မြန်မာနိုင်ငံကို လာရောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ဘက်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် IS တို့အနေဖြင့် ဤအရေးကို အသုံးချကာ သူတို့ သြဇာကို အရှေ့တောင်အာရှဒေသမှာ ကျယ်ပြန့်လာအောင် လုပ်နိုင်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုတွေကို အာဆီယံနိုင်ငံများအကြား ပူးပေါင်းကိုင်တွယ်ဖြေရှင်းသွား မည်ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

မလေးရှားကာကွယ်ရေး ဦးစီးချုပ်ဟာ ဝန်ကြီးချုပ် နာဂျစ် ရခိုင်ပြည်နယ်အရေးကို အကြောင်းပြကာ ဆန္ဒပြပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမွတ်ဆလင်များ အရေးဆွေးနွေးကြရာ ယင်းဒေသရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်းနှင့် အဖွဲ့အစည်း များနှင့်လည်း စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အကယ်၍ ဥပဒေချိုးဖောက်မှုရှိပါကလည်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ကြောင်း စစ်တပ်ပိုင်မြဝတီသတင်းတွင် ဖော်ပြထားပါတယ်။

No comments: