Thursday, March 5, 2009

နေပြည်တော် ဥပ္ပါတသန္တိစေတီ စိန်ဖူးတင်ပွဲ အိုဘားမား ကျမ်းက်ျိန်ပွဲထက် လုံခြုံရေးပိုကျပ်

NEJ / ၅ မတ် ၂၀၀၉

လာမည့် စနေနှင့် တနင်္ဂနွေနေ့တို့တွင် ကျင်းပမည့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ တက်ရောက်မည့် နေပြည်တော်ဝန်ထမ်းများအား လုံခြုံရေးတင်းကျပ်သည့်အနေဖြင့် အောက်ပါ ပစ္စည်းများ မယူလာရန် အမိန့်ထုတ်ထားသည်။

တားမြစ်ထားသည့် ပစ္စည်းများမှာ
-ဘောလ်ပင်
-Laptop ကွန်ပျူတာ
-ပီဒီအေ
-လက်ပတ်နာရီ
-ဆွဲကြိုး၊ လက်ကောက် စသည့် လက်ဝတ်ရတနာများ။
-သော့တွဲ
-သောက်ရေဘူး
-ဦးထုတ် မဆောင်းရ


ယခုကဲ့သို့ လုံခြုံရေးတင်းကျပ်ထားသည့်အတွက် မကျေနပ်သည့် ၀န်ထမ်းတဦးက

“အမေရိကန်သမ္မတ ကျမ်းကျိန်ပွဲကို တီဗွီကကြည့်ရတာ လူတွေ ပျော်ပြီး စိတ်ချမ်းသာဖို့ ကောင်းတယ်။ ဘုရားစိန်ဖူးတင်တာကို လက်ပတ်နာရီတွေ၊ ဘောလ်ပင်တွေ၊ သော့တွဲတွေ မယူရဆိုတော့ နားမလည်နိုင်အောင် ပါဘဲဗျာ။ ယူလာဖို့ Laptop ကွန်ပျူတာလည်း မရှိပါဘူး။ အရာရှိအများစုက အီးမေးလ်တောင် ဘယ်လိုပို့ရမှန်း မသိသူတွေပါဗျာ။ ဟောလီးဝုဒ် ရုပ်ရှင်တွေကြည့်ပြီး စစ်ခေါင်းဆောင်တွေ ချောက်ချားနေသလားလို့တောင် ၀န်ထမ်းတွေက တွေးကြတယ်။ လက်ဝတ်ပစ္စည်းတွေလည်း အခန်းမှာထားခဲ့ရမယ်၊ သော့လည်း ယူမလာရ ဆိုတော့ နောက်က အခန်းဖောက်သွားရင် သူတို့က အလျော်ပေးမှာ ကျနေတာပဲ” ဟု ပြောသည်။

ဥပ္ပါတသန္တိစေတီတော် အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ တက်ရောက်မည့် ၀န်ထမ်းများကို စနေနေ့ မနက်အစောကြီး (၃) နာရီခွဲ၌ ကားများဖြင့် လာခေါ်မည်ဖြစ်သော်လည်း ဌာပနာပိတ်ပွဲသည် မနက် (၇) နာရီမှ (၁၀) နာရီဖြစ်သည့်အတွက် နေပူထဲ ဆောင်း စရာမပါဘဲ ထိုင်နေရမှာဖြစ်သည်ဟုလည်း အဆိုပါဝန်းထမ်းက ပြောသည်။

အာဏာရှင် ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်း အထီးကျန်ဖြစ်နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို စစ်အစိုးရပယ်ချ

မင်းနိုင်သူ / ၅ မတ် ၂၀၀၉

အာဏာရှင် ဦးနေ၀င်း၏သမီး ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော်လည်း အထီးကျန်နေပြီး ခရစ်ယာန်ဘာသာအတွင်း ၀င်ရန် ထုတ်ဖော်ပြောဆိုမှုများ ရှိသည်ဟု ၎င်းအား သွားရောက်တွေ့ဆုံခဲ့သည့် အမေတူအဖေကွဲ ညီမ ဒေါ်သော်တာဝင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“တချိန်တုန်းကတော့ လူတိုင်း အောက်ကျို့ဆက်ဆံ ခဲ့ရတဲ့သူ။ အခု လာတွေ့မယ့် လူကို မရှိဘူး။ သူရဲ့ အမေတူ အဖေကွဲညီမတွေ သော်တာဝင်းတို့၊ သီတာဝင်းတို့လောက်ပဲ လာတယ်လေ။ ဒါလည်းသုံးလေးခေါက်ပဲ။ သူရဲ့ မောင်အရင်းနဲ့ ညီမတွေကလည်း နိုင်ငံခြား မှာလေ။ အိမ်မှာ သူတယောက်တည်း။ သူ့ရဲ့ သူငယ်ချင်းတွေ၊ သူ့အဖေရှိစဉ်က ၀င်ထွက်နေကြ စစ်အရာရှိတွေ ဘယ်သူမှ မလာဘူး။ သူ့အိမ်နားမှာ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း ရှိတော့ အဲဒီက ခရစ်ယာန်ဘုန်းကြီးတွေကပဲ လာလာတွေ့နေတော့ ခရစ်ယာန် ဘာသာထဲပဲ ၀င်ရရင်ကောင်းမလား ဆိုပြီး ညည်းတွား နေတယ်တဲ့။ သူ့ညီမသွား တွေ့တုန်းက အဲလိုပြောလိုက်တယ်” ဟု ဒေါ်သော်တာဝင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

ယခင်က ကားကြီး ကားငယ်များ မပြတ်တမ်း ၀င်ထွက်သွားလာခဲ့သည့် ဒေါ်ခင်စန္ဒာဝင်း အိမ်ဝင်းထဲသို့ တနေကုန်၍မျှ ကားတစီး လာသည်ကို မတွေ့ရတော့ကြောင်း၊ ညနေစောင်း များတွင် အနီးရှိ ခရစ်ယာန် ဘုရားကျောင်းသွားကာ ဘုန်းတော်ကြီးများနှင့် စကားပြော နေသည်ကို တွေ့ရကြောင်း အိမ်နီးချင်းတဦးက ပြောသည်။

ဒေါ်ခင်စန္ဒာဝင်းက နိုင်ငံကူးလက်မှတ် လျှောက်ထားသော်လည်း နအဖအစိုးရက ချပေးခြင်း မရှိဟု အစိုးရနှင့် နီးစပ်သည့် သတင်း ရပ်ကွက်က ပြောသည်။ ဒေါ်ခင်စန္ဒာဝင်းသည် နအဖ စစ်အစိုးရ၏ (၆) နှစ်ကြာ နေအိမ်အကျယ်ချုပ်ချထားမှုမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ လတွင် ပြန်လွတ်လာခဲ့သည်။

နအဖက ဦးအေးဇော်ဝင်း၊ ဒေါ်ခင်စန္ဒာဝင်းနှင့် သားသုံးဦးကို နိုင်ငံတော်အာဏာသိမ်း ရန်ကြံစည်မှုဖြင့် ၂၀၀၂ ခုနှစ်က အရေးယူခဲ့သည်။ ခင်ပွန်းနှင့် သားများကို သေဒဏ်ချမှတ်ခဲ့ပြီး ဒေါ်ခင်စန္ဒာဝင်းကို နေအိမ်အကျယ်ချုပ် ချခဲ့သည်။

“ ဒါတွေကတော့ ဒီလိုပါပဲ။ ဦးခင်ညွန့် ပြန်လွတ်လာလည်း ဘယ်သူမှ လာတွေ့မှာ မဟုတ်ဘူး။ လူဆိုတာ တက်နေတုန်းတာ ၀ိုင်း ကပ်ကြတာ။ ကျချိန်မှာ ဘယ်သူမှမရှိဘူး။ အာဏာရှင်တွေ ကျချိန်ဆိုတာ ပိုဆိုးပြီပေါ့။ ဘယ်သူမှ မကပ်ချင်ကြတော့ဘူး။ သူတို့ကို လူတွေ ရွံသွား တာလည်း ပါမယ်။ လက်ရှိအာဏာရ အစိုးရကို ကြောက်တာလည်း ပါမယ်။ လက်ရှိ အာဏာရ အစိုးရကို ကြောက်တာကတော့ ကျနော်ဆို ရေဒီယိုတွေမှာ အင်တာဗျူးလေးတွေ ပါတတ်တော့ အိမ်မှာ ဆွမ်းကပ်ဖို့ ပင့်တာ မလိုက်ရဲတဲ့ ဘုန်းကြီးက ရှိသေးတယ်။ အဲဒါ နိုင်ငံတော် သံဃာ့မဟာနာယက တွဲဖက်အတွင်းရေးမှူး ဆရာတော်။ ကျနော်ပင့်နေကြ ဘုန်းကြီးကနေတဆင့် ပင့်တာကို ပြန်လျှောက်တယ်တဲ့။ တပည့်တော် အဲဒီပုဂ္ဂိုလ်အိမ် ဆိုရင်တော့ မကြွရဲပါ။ ကျောင်းဆိုရင်တော့ ကြွပါတယ်လို့ ပြန်လျှောက်တယ်တဲ့” ဟု ၀ါရင့်နိုင်ငံရေး သမားကြီးတဦး က ပြောသည်။

ကြံ့ဖွတ်က သတင်းစာ ထုတ်မည်ဟုဆို

ဧရာဝတီ Thursday, 05 March 2009

စစ်အစိုးရက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်း (ကြံ့ဖွံ့)က လာမည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ နေ့စဉ်သတင်းစာ ထုတ်ဝေရန် ပြင်ဆင်နေသည်ဟု ရန်ကုန် စာနယ်ဇင်းအသိုင်းအ၀န်းထံမှ သိရသည်။

ကြံ့ဖွံ့အသင်းသည် စာနယ်ဇင်းသမားများကို ဆက်သွယ်ပြီး သတင်းစာတွင် လစာငွေ ကျပ် တသိန်းခွဲ နှုန်းဖြင့် ၀င်ရောက် လုပ်ကိုင်ရေးအတွက် ကမ်းလှမ်းနေကြောင်း ရန်ကုန်အခြေစိုက် သတင်းသမားများက ဧရာဝတီသို့ ပြောပြသည်။ သတင်းစာ၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဟု ဆိုသည်။

ရန်ကုန်မှ ကြံ့ဖွံ့အသင်း ခေါင်းဆောင်များသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) အနီးမှ အဆောက်အဦးတခုကို သွားရောက် ကြည့်ရှု စစ်ဆေးနေသည်ဟု ဆိုသည်။

လာမည့်နှစ် ရွေးကောက်ပွဲ မဲဆွယ်သည့် ကာလတွင် ကြံ့ဖွံ့အဖွဲ့၏ သတင်းစာသည် အစိုးရ အာဘော်များကို ထပ်ဆင့် ဖော်ပြနိုင်ဖွယ် ရှိသည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။ စစ်အစိုးရ ကျောထောက် နောက်ခံ ပြုမည့် နိုင်ငံရေး ပါတီများကို မဲထည့်ကြရန် တိုက်တွန်း စည်းရုံးလိမ့်မည်ဟုလည်း အကဲခတ်များက ယူဆကြသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ပြီး ကြံ့ဖွံ့အသင်းသည် နိုင်ငံတ၀န်းလုံးရှိ ပညာတတ်များ၊ ဒေသခံလူထု၏ လေးစားခြင်း ခံရသူများ၊ လုပ်ငန်းရှင်များကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိုက်လံ စည်းရုံးခဲ့သည်ဟုလည်း သတင်းရရှိသည်။

ကြံ့ဖွံ့အသင်း နေ့စဉ် သတင်းစာ ထုတ်ဝေရေး အစီအစဉ်မှာ အဆိုပါ အသင်း၏ ခေါင်းဆောင်တဦးဖြစ်သူ ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ဖြစ်ဖွယ်ရှိသည်ဟု ရန်ကုန်မှ စာနယ်ဇင်းသမားများက ယူဆနေကြသည်။ ဗိုလ်မှူးချုပ် ကျော်ဆန်းသည် “မီဒီယာကို မီဒီယာနဲ့တိုက်မယ်” ဟူသော ကြွေးကြော်သံကို စတင် ထုတ်ဖော်ခဲ့သူလည်းဖြစ်သည်။

ဗိုလ်မှူးချုပ် ကျော်ဆန်း၏ လမ်းညွှန်ချက်အရ ပြီးခဲ့သည့်လက ရန်ကုန်တွင် စာနယ်ဇင်း သင်တန်း တခုကို ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ပြုလုပ်ခဲ့သည်။ စာနယ်ဇင်းသမား နှင့် အစိုးရ၀န်ထမ်း စုစုပေါင်း ၄၇ ဦးပါဝင်သော အဆိုပါ သင်တန်းတွင် လာမည့်နှစ်ရွေးကောက်ပွဲကာလအတွင်း မည်သို့မည်ပုံ သတင်းရေးသား ဖော်ပြရမည်ဟု သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မကြာသေးမီက ဦးသီဟအောင် (အငြိမ်းစား ဗိုလ်မှူး ၀င်းတင်) အယ်ဒီတာချုပ်အဖြစ် တာဝန် ယူသည့် Northern Star အမည်ရှိ နိုင်ငံရေး ဂျာနယ် တစောင် ထွက်ပေါ်လာခဲ့သည်။ ဦးသီဟအောင်သည် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းတွင် အယ်ဒီတာချုပ်၊ ညွှန်ကြားရေးမှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် The Voice ဂျာနယ်ရှိ တွေ့ဆုံ မေးမြန်းခန်းတွင် ဦးသီဟအောင်က “အခုနိုင်ငံတော်က လမ်းပြမြေပုံ ခုနစ်ရပ်ကို ချမှတ်ထားပြီး ဖြစ်တယ်။ ဒီလမ်းကြောင်းကလွဲပြီး တခြား လမ်းကြောင်း မရှိဘဲ အသင့်တော်ဆုံး ဖြစ်တဲ့ ဒီလမ်းကြောင်းကို အားပေးသင့်တဲ့ အချက်အလက်တွေ ဖော်ပြသွားမှာပါ” ဟု ပြောကြားခဲ့သည်။

စစ်အစိုးရက ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ စစ်အစိုးရ ခေါင်းဆောင်များ အားလုံးမှာ ကြံ့ဖွံ့အသင်း၏ နာယက အဖွဲ့ဝင်များ၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသင်းဝင် ၂၄ သန်းရှိသည်ဟု ဆိုသည်။

ကြံ့ဖွံ့အသင်းသည် လူမှုရေး အသင်း ဖြစ်သည်ဟု ကြေညာထားသည်။ သို့သော်လည်း ၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း တိုက်ခိုက်ခံရမှု၊ ၂၀၀၇ ခုနှစ် ရဟန်းသံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲကို ဖြိုခွင်းမှု တို့တွင် ပါဝင် ပတ်သက်ခဲ့သည်ဟူသော သတင်းများကြောင့် နာမည်ပျက်လျက်ရှိသည်။


ဗမာ့ တပ်မတော်နှင့် အပြိုင် ၀ တပ်ဖွဲ့ အင်အားဖြည့်

သျှမ်းသံတော်ဆင့် ကြာသပတေးနေ့၊ 05 မတ်လ 2009

၂၀၀၈ နှောင်းပိုင်းကတည်းက ဗမာ့တပ်မတော် အင်အားတိုးဖြည့်မှုအပေါ် တုန့်ပြန်သည့်အနေဖြင့် UWSA ၀ တပ်ဖွဲ့ ထိန်း ချုပ်သည့် နယ်ခြားတလျှောက် နအဖတပ်အင်အားတပ်ရင်း ၄ - ၅ ရင်း ထပ်ဖြည့်ကြောင်း တရုပ်နယ်စပ်သတင်း ရပ်ကွက်က ဆိုသည်။


ပြီးခဲ့သည့်ဖေဖေါ်ဝါရီလယ်က မိုင်းပြင်း တုန်တာဘက်မှ ဗမာစစ်တပ် ၆ ဘီး စစ်ကား ၁၂ စီး လက်နက်ကြီးအချို့ နှင့်အတူ (ကားတစီးလျှင် ပျမ်းမျှ အင်အား ၃၅ ယောက်) ကျိုင်းတုံမြောက်ဘက် မိုင်းခတ်၊ မိုင်းနုန်း၊ မိုင်းကာ ၀ တပ် ထိန်းချုပ်နယ်မြေ နှင့် ထိစပ်သည့်ဒေသ တလျှောက် အင်အားဖြည့်တင်းရာ UWSA ၀ တပ်ဖွဲ့ကလည်း တပ်မဟာ ၄၆၈ ဌာနချုပ် မိုင်းပေါက် တောင်ဘက်နှင့် အရှေ့တောင်ဘက် တလျှောက်တွင် ၀ တပ်ရင်း ၄ -၅ ရင်း အင်အားအပြိုင် ဖြည့်တင်းပြင်ဆင်မှု လုပ်နေ ကြောင်း ဒေသခံများက ဆိုသည်။

ဝ ခေါင်းဆောင် တချို့နှင့် ရင်းနှီးသည့် ကုန်သည်တဦးက - “အခုအင်အားဖြည့်တာ ၀ ဌာနချုပ် ပန်ဆန်းမြို့တော်အရှေ့ တောင်ဘက်တင်မကဘူး၊ မြောက်ဘက်ခြမ်း ပန်လုန်၊ နမ့်တစ် ဘက်မှာလဲ ပြီးခဲ့တဲ့ ၂၀ ရက် လောက်က ၀ တပ်ဖွဲ့ အင်အား ၁၀၀ ကျော် ဗမာတပ်လှုပ်ရှားတဲ့နယ်မြေထဲ စခန်းသွားချတယ်။ ဗမာ့တပ်က ၀ တွေကို တပ်ဆုတ်ခိုင်းတယ်။ အမှန်ကတော့ နယ်မြေကျူးကျော်တာ ၀ မဟုတ်ဘူးဗျ၊ ဗမာတပ်ကဘဲ ခေတ်အဆက်ဆက် ၀ နယ်ကိုကျူးကျော်တယ်၊ လက်နက်ကြီးတွေ ပြင်ဆင်ထားတယ်။ တခါမှပြန်ရုပ်တယ်ဆိုတာမရှိဘူး။ ၀ တပ်လဲ အခုထိ ပြန်မဆုတ်ပေးဘူးဗျ” ဟု ပြောပြပါသည်။

“စစ်ရေးအရအဓိကကျတဲ့နေရာတွေမှာကျုပ်တို့လူအင်အား၊ လက်နက်အင်အား၊ ကတုတ်ကျင်းတွေပြင်ဆင်မှု အားလုံး လုပ်ထားတယ်၊ ကွပ်ကဲရေးအရာရှိတွေနေရာမှာလဲ အတွေ့အကြုံများတဲ့ တပ်မှူးတွေအစားထိုးဖြည့်ထားတယ်” - ဟု တပ်မှူး တယောက်က ပြောပြကြောင်း အဆိုပါကုန်သည်က သျှမ်းသံတော်ဆင့်ကို ပြန်ပြောပြ၏။

တောင်ပိုင်း SSA နှင့် ၀ တပ်ဖွဲ့တို့အားထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့်လမှစ၍ နအဖစစ်အစိုးရက ဗမာပြည်မှ တပ်မ ၈၈ နှင့် ၆၆ အင်အား ၁,၅၀၀ - ၂,၀၀၀ ကြား သျှမ်းပြည်သို့ အင်အားဖြည့်ထားသည် ဟု ယုံကြည်ရသည့် တရုပ်နယ်စပ် သတင်း က ဆို၏။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (အထူးဒေသ ၂ )သည် အထူးဒေသ ၄ မိုင်းလားအဖွဲ့၊ အထူးဒေသ ၁ ကိုးကန့် အဖွဲ့တို့နှင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု PDF ဖွဲ့စည်းထားသော်လည်း၊ နယ်မြေဒေသအခြေ အနေ မတူကြောင်း၊ သျှမ်းပြည်အရေးလေ့လာသည့်ပုဂ္ဂိုလ်တဦးက- “အထူးဒေသ ၁ ကိုးကန့်နယ်မြေမှာ စစ်အစိုးရ အခြေစိုက် ထားတဲ့ တပ်ရင်း ၇ ရင်းရှိတယ်။ အရေးကြီးတဲ့ နယ်မြေအများစုကိုလည်း စစ်အစိုးရကခြေကုတ်ထားတယ်။ ၀ နဲ့ မိုင်းလား ဘက်တော့ အဲလိုမဟုတ်ဘူး။ နအဖ မချယ်လှယ်နိုင်တဲ့ သီးခြားကိုယ်ပိုင်လွတ်လပ်နယ်မြေတွေဖြစ်တယ်။ ၀ နဲ့ မိုင်းလား အဖွဲ့ အရေးကြုံလာရင် အချင်းချင်းကူညီနိုင်ပေမယ့် ကိုးကန့်ကိုတော့ သွားကူဖို့မလွယ်ဘူး။ ခရီးကအဆန် ခရီးဖြစ်နေလို့ဘဲ ” - ဟုဆို၏။

မြန်မာရွေ့ပြောင်းအလုပ်သမားများ ထိုင်းမှတဖွဲဖွဲပြန်ကြ

Kaowao

လတ်တလောဖြစ်ပေါ်နေသော ထိုင်းနိုင်ငံစီးပွားရေးအကြပ်အတည်းများကြောင့် စက်ရုံအလုပ်ရုံများ ပိတ်ထားရ ခြင်း၊ လုပ်အားခ လျော့လာခြင်း၊ ရာဘာနှင့် ပီလောပီနံ စိုက်ပျိုးရေး အသီးနှံများ ဈေးကျသောကြောင့် ဝင်ငွေနဲ လာခြင်း၊ ထိုင်းရဲများ မှလည်း အလုပ်သမား မှတ်ပုံတင် အစစ်အဆေး များလာခြင်း ဝင်ငွေနှင့် ထွက်ငွေမလုံလောက် ခြင်းကြောင့် အလုပ်သမား အများအပြား နေရပ်ဌာနေသို့ ပြန်သွား ကြရသည်။ အထူးသဖြင့် ဘုရားသုံးဆူလမ်းမှ တနေ့လျှင် အနည်းဆုံး ၅၀ မှ ၁၀၀ နီးပါးခန့် ပြန်နေကြသည်ဟု ဒေသခံထိုင်းရဲအရာ ရှိတစ်ဦးမှ ပြောပါသည်။

ထိုင်းနိုင်ငံတွင် စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရသဖြင့် လုပ်ငန်းပိုင်ရှင်များနှင့် ရွေ့ပြောင်းအလုပ်သမား အများစုမှာ ၎င်း၏ဒါဏ်ကို အကြီးအကျယ် ခံခဲ့ရသည်။ ထုတ်လုပ်သမျှသောကုန်ပစ္စည်းများမှာ နိုင်ငံခြားဝယ်လို အားကျဆင်းမှုကြောင့် ထုတ်လုပ်မှုအပိုင်းကို ထိခိုက်စေခဲ့သည်။ ၎င်းအလုပ်များကို မှီတည်လုပ်ကိုင်နေသော အလုပ်သမားအများစုမှာ လုပ်ငန်းလည်ပတ်မှု မရှိသည့်အတွက် အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိလာခဲ့သည်။ တချို့မှာ လုပ်အားခ အနည်းငယ်သာရရှိကြသည်။

အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် ထိုင်းဝန်ကြီးချုပ်သစ် အဘိဆစ်ဝစ်ချာချီဝါဒ် က စီမံကိန်းချ၍ ထောက်ပံ့ ရေးအစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သည်။ ကားခကို လျှော့ချခြင်း၊ ရေ၊မီးအခွန်များ လျှော့ချခြင်း၊ ကျန်းမာရေး ပညာရေး ထောက်ပံ့မှုများ ပြုလုပ်ခဲ့သော်လည်း ဆင့်ပါးစပ်ထဲနှမ်းပက်သည့်ပမာ ထိရောက်မှု အားနည်းနေသေး သည်ကို တွေ့ရသည်။ ဤစီးပွားရေး ကျဆင်း မှုဒါဏ်ကို အများအားဖြင့် ရွှေ့ပြောင်းအလုပ်သမားများက ခံစားနေ ရသည်။ မြန်မာနိုင်ငံရွှေ့ပြောင်း အလုပ်သမားများအပြားမှာ ထိုင်းနိုင်ငံ၌ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးမွေးမြူးရေးလုပ်ငန်းများတွင် အများအပြားလုပ်ကိုင်နေကြသည်။

ထိုင်းနှင့်မလေးရှားနယ်စပ်တွင် အလုပ်လုပ်နေသော သံဖြူဇရပ်မြို့နယ် ဖေါင်စိန်ကျေးရွာဇာတိ နိုင်အဂုန်၏ ပြော ဆိုချက်မှာ- ၎င်းတို့အလုပ်လုပ်ရာ နယ်စပ်ဒေသတွင် အခက်အခဲများစွာရှိကြောင်း ယ္ခင်လုပ်စားခများ စုဆောင်း ထားသော ငွေများရှိပါက ထိုင်းမူဆလင်များမှ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လုယက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြ သည်။ လက်ရဲဇက်ရဲသတ်ဖြတ်မှုများ ရှိနေသည်။ ထိုင်းအလယ်ပိုင်းများမှလည်း အာဏာစစ်ထိရောက်မှု အားနည်း သည်ကို တွေ့ရကြောင်း စူရတ်ဒါနီတွင် ရော်ဘာအများအပြား စိုက်ပျိုးသောဒေသဖြစ်ပြီး ယ္ခင်ရော်ဘာ ဈေးမှာ တပေါင်လျှင် ၉၀ ရှိသော်လည်း ယ္ခုအခါ ၄၀ သာ ကျဆင်းခဲ့သဖြင့် ရော်ဘာခြစ်သမားများမှာ ဝင်ငွေမလုံလောက် သဖြင့် အများအပြား အလုပ်ရပ်နားခဲ့ကြောင်း၊ ရွှေ့ပြောင်းလုပ်သမား အများအပြားလုပ်ကိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်း (ကော်ဆန်) ၌လည်း ယခင် ဆောက်လုပ်ပြီးသော အဆောက်အဦးများ ဝယ်ယူမှုမရှိသလောက် ဖြစ်နေပြီး၊ အလုပ်အပ်နှံသူများ မရှိ သောကြောင့် လုပ်ငန်းရပ်ဆိုင်းရသည်ဟု ဆောက်လုပ်ရေးလုပ်ငန်း ကုမ္မဏီတခုမှ ကြီးကြပ်ရေးမှူး သံလှယ်ရွာသား နိုင်ဝမ်းမှ ပြောပါသည်။ ၎င်းလုပ်ငန်းကို တည်မှီရပ်တည်နေရသော အလုပ်သမား အများအပြားလည်း အလုပ်လက်မဲ့ ဖြစ်နေရပြီး ကြုံရာကျအလုပ်ဖြင့်လုပ်နေသူရှိသလို၊ နေရပ်သို့ ပြန်သွားကြသည့် သူများလည်း ရှိသည်ဟု ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါ ဌာနေပြန် အလုပ်သမားများကို ထိုင်းလူဝင်မှု (လဝက) များမှတဆင့်သော်၎င်း၊ အလုပ်ရှင်သူဌေးများမှ နိုင်ငံထွက်လက်မှတ် ပြုလုပ်ပေး၍၎င်း၊ အများအားဖြင့် လူကုန်ကူးသူ ပွဲစားများမှ ဌာနေအရောက်ပို့ပေးခဲ့သည်။ ထိုင်း၊ မလေးရှားဒေသမှ ပြန်သူများ တစ်ဦးလျှင် ဘတ်ငွေ ၄၅၀၀၊ စူရတ်ဌာနီမှ ပြန်သူများမှာ ဘတ်ငွေ ၃၅၀၀ ကျပ်၊ ဘန်ကောက်၊ သမုဒ်သခေါမ် (မဟာချိုင်) ဒေသ ပြန်သူများမှာ ဘတ် ၃၀၀၀ ပေးဆောင်ရသည်။ အလုပ်လက်မဲ့ ဖြစ်နေ၍ ဌာနေပြန်သူရှိသလို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများ နေ့စဉ်လိုလို ရှိနေကြောင်းလည်း သိရှိရ သည်။ မြန်မာနိုင်ငံအတွင်း၌လည်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လူအခွင့်အရေး ချိုးဖောက်မှုများ ပြားလာခြင်းကြောင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ခလောက်ခနီဒုက္ခသည်စခမ်းနေ ရွာသားတစ်ဦးမှ ပြောဆိုခဲ့ပါသည်။

ယ္ခုအခါ ထိုင်းအစိုးရအနေနှင့် နယ်စပ်ဒေသများတွင်း စီမံချက်ချ၍ လုံခြုံရေးကို တိုးမြင့်ထားသည်။ အဓိကလုပ်ငန်း စဉ်မှာ ထိုင်း နိုင်ငံအတွင်း သို့ ယာဘခေါ်စိတ်ကြွဆေးများ အများအပြားဝင်လာခြင်းကို တားဆီးရန်၊ တရားမဝင် လူကုန်ကူးခြင်းနှင့် ဝင်ရောက်ခြင်းကို တားဆီးရန်၊ တရားမဝင်ကုန်ပစ္စည်းများကို တားဆီးရန်အတွက် စီမံချက်ချ လုပ်ဆောင်နေသည့်အတွက် အဖမ်းအဆီးများပြားနေခဲ့သည်။ မည်သို့ပင်အဖမ်းအဆီးများပြားစေကာမူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံထက်စာလျှင် ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက အခွင့်အလမ်းပိုမိုရှိသည်ဟု ယူဆနေကြသည်။ ဤဖြစ်စဉ်များက မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်ကိုင်ရှားပါးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှုရှိနေကြောင်း မီးမောင်းထိုးပြနေသလို ဖြစ်နေပေသည်။

မဲဆောက်လိုင်းကားများမဲဆောက်-မြ၀တီတံတားပိတ်ပြီး ဆန္ဒပြ

NEJ / ၅ မတ် ၂၀၀၉


ယနေ့နံနက်က ထိုင်းဘက်ကမ်း ချစ်ကြည်ရေးတံတားမှ မဲဆောက်သို့ပြေးဆွဲသည့် ထိုင်းခရီးသည်တင် လိုင်းကားအသင်းက မဲဆောက်မြို့တွင်း မြန်မာခရီး သည်တင်ကား ပြေးဆွဲမှုကို ရပ်တန့်ရန် ဆန္ဒပြတောင်း ဆိုကာ နှစ်နိုင်ငံချစ်ကြည်ရေး တံတားကို မော်တော်ယာဉ် အစီး (၁၅၀) ခန့်ဖြင့် ပိတ်ဆို့လိုက်သဖြင့် မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ရပ်တန့်သွားသည်။


မြန်မာနိုင်ငံ မြဝတီဘက်မှလာသည့် ခရီးသည်တင်ကား အစီး (၁၀၀) ခန့်သည် နေ့စဉ် မြဝတီမှမဲဆောက်သို့ ပြေးဆွဲရာတွင် ခရီးသည်များ သွားလိုရာသို့ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးမှုကြောင့် မြန်မာကားများ ခရီးသည်ပိုမိုရရှိပြီး ထိုင်းလိုင်းကားစီးသူဦးရေ ကျဆင်း လာကာ ဝင်ငွေထိခိုက်မှုကြောင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်သည်ဟု မော်တော်ယာဉ် အစည်းအရုံးဥက္ကဋ္ဌ နိုင်စုံဘွန်းထဝီဖိုင်းဘွန်းစကွန် ကပြောသည်။

၎င်းက “မြန်မာကား ပြေးတာများတော့ ကျနော်တို့လိုင်းကား အစီး (၃၀၀) လောက်ဟာ ဝင်ငွေမရှိတော့ဘူး။ ဒါကြောင့် အခုလိုဆန္ဒပြပြီး တံတားကိုပိတ်လိုက်တာပါ။ ကျနော်တို့ တောင်းဆိုချက်မရမချင်း ပိတ်ထားတဲ့ကားတွေကို လုံးဝမဖယ်ဘူး။ ထိုင်းလိုင်းကားတွေဟာ သူ့လိုင်းနဲ့သူ ဆွဲရတယ်။ အဲဒါကို ဗမာကားတွေက တွေ့ကရာနေရာအနှံ့ ခရီးသည်လိုက်တင် တော့ ကျနော်တို့ ဒုက္ခရောက်ကုန်တာပေါ့။ အရင်က တောင်းဆိုတာကို ခရိုင်အဆင့် အာဏာပိုင်တွေက ထိထိရောက်ရောက် မဖြေရှင်းပေးဘူး။ အခုကိစ္စကိုတော့ အစိုးရအဖွဲ့က လာပြီး တိုက်ရိုက်ဖြေရှင်းပေးတာကိုပဲ လက်ခံမယ်” ဟုပြောသည်။

မြဝတီခရိုင် မော်တော်ယာဉ်အဖွဲ့မှ တာဝန်ရှိသူတဦးက မြဝတီ-မဲဆောက် ပြေးဆွဲသည့် မြန်မာကား အစီး (၇၀) ခန့်သာရှိသည်ဟု ပြောကြားပြီး ထိုင်းကားများမှာ မြဝတီသို့နေ့စဉ် အစီးရေ (၂၀၀) ခန့် ကုန်စည်များတင်ဆောင်ကာ ဝင်ထွက်လျက်ရှိသည်ဟု ပြောသည်။

ယခုဖြစ်ရပ်ကြောင့် ထိုင်းကုန်သည်ကြီးများနှင့် ဒေသခံများမှာ မြန်မာဘက်မှ ချစ်ကြည်ရေး တံတား ပိတ်လိုက်မည်ဆိုပါက ကုန်သွယ်ရေး လုပ်ငန်းများ ထိခိုက်နိုင်သဖြင့် အထူးစိုးရိမ် ပူပန်နေကြသည်။ ယခင်က အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့စဉ် မြန်မာဘက်မှ ချစ်ကြည်ရေး တံတားကို အကန့်အသတ်မရှိ ပိတ်လေ့ပိတ်ထရှိ၍ ထိုင်းကုန်စည်များ နယ်စပ်တွင် ပိတ်မိနေ ပြီး ကုန်စည်စီးဆင်းမှုမရှိသဖြင့် ကုန်သည်များ အရှုံးနှင့်ရင်ဆိုင်ရမှုများ ဖြစ်ခဲ့ကြသည်။

ထိုင်းလိုင်းကားများမှာ ချစ်ကြည်ရေးတံတားထိပ်မှ မဲဆောက်သို့ လူတဦးလျှင် (၁၅) ဘတ် နှုန်းဖြင့် ပြေးဆွဲပြီး မြန်မာလိုင်းကားများမှာ မြဝတီ-မဲဆောက် လူတဦးလျှင် ဘတ် (၅၀) နှုန်းဖြင့် အစစ်အဆေးမရှိ၊ ချစ်ကြည်ရေးတံတားပေါ်မှ သွားလာနိုင်ခြင်းကြောင့် လူစီးများ ခြင်း ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံမှ လာရောက်သူများမှာ ချစ်ကြည်ရေးတံတားထိပ်မှတဆင့် မဲဆောက်မြို့ သို့ (၄) မိုင်ခန့် လမ်းလျှောက်လာနေရပြီး အငှားမော်တော်ဆိုင်ကယ်များကိုလည်း ခရီးသည် များမတင်ရန် ဆန္ဒပြသူများက တားဆီးထားသည်။

ယခုဆန္ဒပြမှုကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်း ရပ်တန့်သွားပြီး မြို့တွင်းလိုင်းကား ပြေးဆွဲမှု မရှိတော့သဖြင့် နှစ်နိုင်ငံ ခရီး သည်များ နှင့် ကုန်တင်ကားများ၊ လိုင်းကားများ နယ်စပ်တွင် ပိတ်မိလျက်ရှိသည်။ မြဝတီ-မဲဆောက် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ထိုင်း နိုင်ငံသည် မြန်မာဘက်သို့ လစဉ် ဘတ် သန်း (၁,၀၀၀) တန်ဖိုးရှိ ကုန်စည်များ ပုံမှန်တင်ပို့လျက်ရှိသည်။

မတ်လ (၄) ရက်နေ့ကလည်း ပြောင်းဖူး စိုက်ပျိုးသည့် ထိုင်းတောင်သူများအား ထိုင်းအစိုးရမှ ထောက်ပံ့ကြေး မပေးနိုင်သည့် ကိစ္စနှင့် ပတ်သက်၍ ပြောင်းဖူးတင်သည့် ထိုင်းကုန်တင်ကား တဒါဇင်ကျော်ခန့် မဲဆောက်မြို့ အ၀င်အထွက် လမ်းများအား ပိတ်ဆို့ ဆန္ဒပြ ခဲ့သည်။ ထိုဆန္ဒပြမှုကြောင့် ဘန်ကောက်နှင့် ချင်းမိုင်သွား မည့်ကားများ မထွက်နိုင်သည့် အပြင် မြန်မာနိုင်ငံဘက်ကူး မည့်သူများလည်း မကူးနိုင်ဖြစ်ခဲ့သည်။

အာဘီဆစ်ကို ဆရာတင်ပါ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်

NEJ

ဝန်ကြီး ချုပ်အမည်ခံပြီး ပြည်သူ အပေါ် တာဝန် မကျေသူ တွေထဲမှာ မြန်မာ စစ်အစိုးရ ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီး သိန်းစိန်မှာ ထိပ်ဆုံးက ဖြစ်လိမ့်မည်။ စီးပွားရေး ကျပ်တည်း နေသည့် မြန်မာ ပြည်သူတွေအပေါ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဘာများ လုပ်ပေး နေပါသနည်း ခေတ်ပြိုင်က မေးခွန်းထုတ်လိုပါ၏။

ဗိုလ်ချုပ်ကြီးသိန်းစိန် ချအမ်း အာဆီယံအစည်းအဝေးတက်လာသည့်အချိန်သည် ထိုင်းနိုင်ငံစီးပွားရေး အကျပ်အတည်းတွေ ကြုံနေသည့်ကြားမှ ၀င်ငွေနည်း ပြည်သူတွေကို အသုံးတက်လာမည့် စီးပွားရေး အစီအစဉ်ကို ထိုင်းအစိုးရ အကောင်အထည်ဖော်နေချိန်ဖြစ်၏။

မြန်မာစစ်အစိုးရက လူထုစီးပွားပျက်နေသည်ကို မျက်နှာလွဲခဲပစ် လုပ်နေချိန်တွင် ထိုင်းအစိုးရက ထိုင်းပြည်သူတွေလက်ထဲ တိုက်ရိုက်ငွေထည့်ပေးပြီး လူထုသုံးနိုင်လာအောင် စီမံချက် (၃) မျိုးဖြင့် အကောင်အထည်ဖော်နေချိန်ဖြစ်၏။ ပြည်တွင်းစားသုံးမှုနှုန်းတက်လာလျှင် ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားစီးပွားရေးများကိုပါ တက်လာအောင် အထောက်အကူဖြစ်ဖို့ ရည်ရွယ်ခြင်း ဖြစ်၏။

ပထမစီမံချက်အဖြစ် လူထုဝင်ငွေတက်လာအောင် လုပ်ကိုင်ရာတွင် လစာငွေ ဘတ် (၁၅,၀၀၀) အောက်ရသည့် ၀န်ထမ်းများနှင့် တနိုင်ငံလုံးရှိ ရပ်ရွာအကြီးအကဲ များပါမကျန် တဦးကို ဘတ် ၂,၀၀၀ (ဒေါ်လာ ၆၀ ခန့်) အလကားပေးသည့် အစီအစဉ်ဖြစ်၏။ ပေးလည်းပေးနေပြီဖြစ်၏။

ထိုမျှမက ထိုင်းဝန်ထမ်းတွေကို တဦး ဘတ် (၂,၀၀၀) ချက်လက်မှတ်တစောင်စီ အလကားပေးပြီးသည့်နောက် ထိုင်းတနိုင်ငံလုံးရှိ စတိုးဆိုင်ကြီးတွေ၊ ဈေးဆိုင်တွေကို အဆိုပါ ၀န်ထမ်းတွေအတွက် (၂၀) ရာနှုန်းထိ ဈေးလျှော့ပေးဖို့ ထိုင်းအစိုးရက ညွှန်ကြားဦးမည်ဆို၏။

ဒုတိယ စီမံချက်မှာ သက်ကြီးရွယ်အိုများ၏ လစဉ် လူနေမှုစရိတ် သက်သာအောင် ဖန်တီးပေးရေးဖြစ်၏။ တတိယ စီမံချက်မှာ ပြည်သူအများစု၏ နေ့စဉ် အသုံးစရိတ် လျော့ပါးစေမည့် (ရေခ မီးခ အလကား ပေးသည့်နည်း၊ မီးရထား၊ ဘတ်စကား အလကားစီးစေသည့်နည်း၊ အခမဲ့ပညာသင်စရိတ် (၁၅) နှစ်ထိ ပေးသည့် နည်းလမ်းများ ဆောင်ရွက်ပေးခြင်းဖြစ်၏။

ဗိုလ်ချုပ်ကြီးသိန်းစိန်၏ သားအရွယ်ရှိသည့် ထိုင်းဝန်ကြီးချုပ် အာဘီဆစ်၏ လုပ်ရပ်များကို ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အတုယူမည်ဆိုလျှင် ရှက်စရာ မဟုတ်ပါ။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏လစာသည် မိမိကိုယ်တိုင် အစိုးရခေါင်းဆောင်လုပ်၊ မိမိလစာကို မိမိဘာသာ တလ (၁၂) သိန်းယူထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လစာနှင့် အလွန်ကွာခြားမည်မဟုတ်။

နိုင်ငံတကာ စီးပွားကျပြီး ပြည်တွင်း စီးပွားပျက်နေသည့်အတွက် တနေ့ စာကို တနေ့ ခဲခဲယဉ်းယဉ်း ရှာနေရသည့် ဗိုလ်ချုပ်ကြီးများထက် လစာ အင်မတန် နည်းပါးသည့် မြန်မာပြည်သူတွေအတွက် စစ်အစိုးရ လုပ်ပေးသည့် ပြည်သူ သက်သာချောင်ချိရေး ပြည်သူတွေ အသုံးတက်လာရေး အစီအစဉ်လုပ်မည် ဆိုလျှင် အချိန်မီသေးသည်။

သို့မဟုတ်ဘဲ ချအမ်း အာဆီယံအစည်းအဝေးလာတက်ပြီး ရိုဟင်ဂျာကို ဘင်ဂါလီပါ ပြောပြီး ပြန်ရုံမျိုး မလုပ်ထိုက်။ အာဘီဆစ်အစိုးရ၏ ပြည်သူတွေ အသုံးတက်လာမည့် စီးပွားရေးအစီအစဉ်မျိုးကို လေ့လာသွားသင့်သည်။ အာဘီဆစ်လို လုပ်ရအောင် စစ်အစိုးရမှာ ငွေမရှိဟုဆိုလျှင် စစ်တပ်အိတ်ထဲက မှောင်ခိုငွေကို ထုတ်သုံးသင့်သည်။

မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရငွေ၏ (၅၀) ရာနှုန်းပေးရန် စစ်ထောက်လှမ်းရေးအရာရှိများနှင့် ၀ခေါင်းဆောင်တွေ သဘောတူခဲ့ကြောင်း အမေရိကန် ကွန်ဂရက်ကို တင်သွင်းသည့် အစီရင်ခံစာမှာ အတိအကျ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးရောင်းရငွေမှာ တနှစ်ကို ကန်ဒေါ်လာ သန်း (၂,၀၀၀) သို့မဟုတ် ၎င်းထက်များနိုင်သည့်အတွက် မြန်မာစစ်တပ်၏ တရားမ၀င် တနှစ်ဝင်ငွေမှာ ကန်ဒေါ်လာ သန်း (၁,၀၀၀) အထက်ရှိသည်ဆိုသည့် အဓိပ္ပာယ် ဖြစ်၏။

အစိုးရကို အခွန်ဆောင်စရာမလိုသည့် အဆိုပါ ဒေါ်လာ သန်းတထောင်၏ ဝေစုကို စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်အနည်းစုကသာ ဝေစုအများဆုံးရမည်မှာ ဗေဒင်မေးရန်မလိုသည့် အချက်ဖြစ်၏။ ထိုငွေတွေကို စီးပွားကျပ်သည့် ယခုလို ကာလမျိုးတွင် ပြည်သူတွေ လက်ထဲ ထိုင်းအစိုးရလို ထည့်ပေးသင့်ကြောင်း ခေတ်ပြိုင်က တိုက်တွန်းလိုပါ၏။


The Forgotten People

The Forgotten People - 1



The Forgotten People - 2



The Forgotten People - 3




ယနေ့ မြန်မာ့ရေးရာ သတင်းများ Mar,5th,2009

( 50 )Police harass businessmen for monthly bribes

( 49 )နာဂစ်လေဘေး ကူညီရေး သုံးပွင့်ဆိုင် အဖွဲ့ကို ၂၀၁၀ အထိ ခွင့်ပြု

( 48 )Karen Rebels Under Pressure from Thais

( 47 )USDA Close to Unveiling New Political Party

( 46 )ဆန်းဆန်းပြားပြား ကုမ္ပဏီက ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မည်မဟုတ်

( 45 )Thailand Should Not Repatriate Rohingyas

( 44 )မြန်မာကားများကို ထိုင်းတို့ လမ်းပိတ် ဆန္ဒပြ

( 43 )No Hugs for the Thugs in Burma

( 42 )ဂလပ်စကိုမြို့က ဒေါ်စုကို ဂုဏ်ပြုဆုပေး

( 41 )Rights envoy takes new approach on Burma

( 40 )အမ်း-စစ်တွေ ရထားလမ်း စတင် ဖေါက်လုပ်

( 39 )Burma dismisses US reports on human rights and counter-narcotic efforts

( 38 )မြန်မာတို့ ထိုင်းဗီဇာ ရရန် ခက်ခဲနေဆဲ

( 37 )Myanmar junta calls for vigilance against terrorists after 2 blasts

( 36 )ကုန်ဈေးနုန်းကျသော်လည်း စပါးဈေး မတက်၍ ရခိုင်တောင်သူ လယ်သမားများ အခက်ကြုံ

( 35 )Chin Fear Repatriation from India’s Mizoram State

( 34 )Vigilance urged after blasts

( 33 )မြန်မာလိုင်းကားကို မကျေနပ်သဖြင့် ထိုင်းလိုင်းကားသမား ဆန္ဒပြ

( 32 )Christians worldwide to pray for Burma

( 31 )မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးများ ဘောလုံး သင်းများ ထောင်ပြီ

( 30 )Bomb blasts in Rangoon threatens ensuing jade emporium

( 29 )ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်း၊ အလုပ်လက်မဲ့ ပိုများလာ

( 28 )Two offers for two Wa factions

( 27 )ကချင် အပစ်ရပ် အဖွဲ့များ နိုင်ငံရေး ပါတီထောင်ပြီ

( 26 )Political prisoner’s daughter to speak at prayer day for Burma

( 25 )Situation for Political Prisoners in Buthidaung Worsens

( 24 )မြန်မာ အပါအဝင် ၄၂ နိုင်ငံကို ထိုင်းက အလည်အပတ် ဗီဇာခ ကင်းလွတ်ခွင့်ပြု

( 23 )Myanmar denounces US report

( 22 )နာဂစ် မုန်တိုင်းဘေးသင့် သစ်ပင်များ ပန်းပုရုပ်များ ဖြစ်သွားပြီ။

( 21 )ဒေါ်စုအား စကော့တလန် လပ်စဂိုမြို့ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

( 20 )Myanmar assails US State Department reports

( 19 )မြန်မာစစ်အစိုးရက အမျိုးသား သင်္ကေတများ သတ်မှတ်

( 18 )Myanmar denounces US rights, drugs reports

( 17 )ဦးတင်ယု အပါအ၀င် ဆယ်ဦးကို အင်းစိန်ထောင်တွင်း အမှုထပ်တိုး ရုံးထုတ်

( 16 )Myanmar investigates into two cases of bomb explosion

( 15 )ကချင် ခေါင်းဆောင် အချို့က နိုင်ငံရေးပါတီ တည်ထောင်ရန် ပြင်ဆင်

( 14 )Myanmar refutes U.S. report on international narcotics control strategy

( 13 )မွန်ပြည်နယ်မှ ကျွဲနွားများထိုင်းသို့တင်ပို့မှုအလွန်နည်းပါးလာ

( 12 )ကေအင်ယူကို ထိုင်းနယ်မြေထဲမှ ထွက်ခွာသွားရန် ဖိအားပေးဟု ဆို

( 11 )Australia ups aid for Rohingyas

( 10 )Vietnam, Myanmar have healthy trade potential

( 9 )Myanmar rejects U.S. human rights report

( 8 )ဒေါ်စုကို ဂလပ်စဂိုမြို့ က အမြင့်ဆုံးဆုပေးအပ်

( 7 )Aung San Suu Kyi given freedom of Glasgow

( 6 )Speaking out on the future of Burma

( 5 )Supporting Myanmar Cyclone Recovery Extended

( 4 )Rohingya MP without Citizenship

( 3 )ရန်ကုန်မြို့၌ ၂ နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ အသေအပျောက် မရှိ

( 2 )မလေးရှား ထိန်းသိမ်းရေး စခန်းတွင်း မြန်မာ အလုပ်သမား ပြည့်နှက်

( 1 )ASEAN makes fragile Myanmar progress

Wednesday, March 4, 2009

မလေးလ၀က ထိန်းသိမ်းရေးစခန်းမှ မြန်မာများ ထိုင်းနယ်စပ်ဖြတ်ကျော်ခွင့်ပိတ်ထားခံရ

ဇော်ကြီး မတ်လ ၄ ရက်၊ ၂၀၀၉ ခုနှစ်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထား သည့်မြန်မာရွှေ့ပြောင်းအလုပ်သမား များကို ထိန်းသိမ်းရေး စခန်းများ မှနယ်စပ် သို့ပြန်ပို့ရာတွင် ထိုင်းနိုင်ငံဖက်မှ ၀င်ခွင့်မပြုသည့် အတွက် အခက်အခဲ ဖြစ်နေသည်။

လွန်ခဲ့သည့်လပိုင်းက ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမားများကို ထိန်းသိမ်းရေးစခန်း များမှတဆင့် နယ်စပ် ဒေသများသို့ မလေးရှား လ၀ကမှ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ အလုပ်သမားများ ကိုထိုင်းနယ်စပ်သို့ ပြန်လည်ပို့ ဆောင်ရာ၌ ထိုင်းနိုင်ငံဖက်က အ၀င်မခံဘဲ ပိတ်ပင်ထား သည့်အတွက် အခက် အခဲဖြစ်နေကြ သည်ဟု မလေးရှားရှိ မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေး ကော်မတီ (BWRPC)အဖွဲ့က ကိုကျော်ထူးအောင် ကပြောသည်။

“အဲဒီတလကျော်ကျော်လောက်ကစပြီး ထိုင်းနိုင်ငံဖက်ကနေ သူတို့နယ်စပ်မှာမလေးရှား ဖက်က ဖမ်းမိတဲ့ မြန်မာ အလုပ်သမား တွေ ဗွမ်း တဲ့ကိစ္စ ကိုပိတ်ပစ်တယ်။ ဗွမ်း တယ်ဆို တာက ဖမ်းမိတဲ့သူတွေ ကို ပြစ်တာပေါ့နော်။ အဲလိုပြစ်လိုက်တော့ အခုမလေးရှား မှာရှိတဲ့ လ၀က ထိန်းသိမ်းရေးစခန်းတွေမှာ ဗမာတွေနဲ့ တအားများနေတယ်။ တော်တော်လေးကို မဆန့်မပြဲ
အောင်ဖြစ် နေတယ်။”


မလေးရှား လ၀က ထိန်းသိမ်းရေးစခန်း ၇ ခု ခန့်ဖွင့်ထားပြီး စခန်းတခုလျှင်မြန်မာအလုပ် သမား ၅၀၀ နှင့် ၇၀၀ ကြားတွင်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ရိုဟင်ဂျာပြဿနာကို စိုးရိမ်မကင်းဖြစ်ပြီး၊ လူကုန်ကူးမှုပြဿနာမပေါ်ပေါက်စေရန် ထိုင်းအစိုးရက ပိတ်ပင်ခြင်း ဖြစ်နိုင်သည်ဟု ကိုကျော်ထူးအောင်က ခန့်မှန်းပြောဆိုသည်။

“ကျနော်တို့ ခန့်မှန်းထား တာက အခု ဗမာပြည်မှာ ရိုဟင်ဂျာ ပြဿနာတွေဖြစ်နေတယ်၊ ဒီကနေ ရိုဟင်ဂျာတွေကို ဖမ်းပြီးတော့ သူတို့ထိုင်း ဖက်မှာ ပြန်ပြီးတော့ကျန်နေမှာကို ထိုင်းနိုင်ငံက စိုးရိမ်တယ်လို့ ကျနော်ထင်တယ်။ နောက်တခု အနေနဲ့ ကောင်းတဲ့ဖက်ကနေ ပြန်တွေး ကြည့်မယ်ဆိုရင် human trafficking (လူကုန်ကူးမှု)ကို ထိုင်းဖက်က နေချပြီး တော့ပိတ်လိုက်တဲ့ ပုံစံမျိုးလို့ ကျနော်တို့က ထင်တယ်။” ယခင်လများက နယ်စပ်သို့ပြန်လည် ပို့ဆောင်ခံရသည့် တရားမ၀င်အလုပ်သမား များကို လူပွဲစား များထံ ရောင်းချ မှုများ ရှိနေကြောင်း မလေးရှား နိုင်ငံရေး အတိုက်အခံများက ဝေဖန် မှုများရှိခဲ့သည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဂယက်ရိုက်ခတ်မှုကြောင့် မလေးရှားနိုင်ငံတွင်စက်ရုံ အလုပ်ရုံများ ပိတ်ခဲ့ရပြီးနောက် တရားမ၀င် အလုပ်သမား များကို ယခင်နှစ်ကုန်ပိုင်းမှ စတင် ဖမ်းဆီး အရေးယူမှု ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။


မြစ်သာစီမံကိန်း အရာရှိတွေ ဖြတ်စားနေ (ပေးစာ)

ဝန်ထမ်းတဦး မြစ်သာစီမံကိန်း

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာ ရေလှောင်တမံ စီမံကိန်းမှာ အထက်အရာရှိတွေ ခေါင်းပုံဖြတ်တာကြောင့် စက်မှုဝန်ထမ်းတွေ ၀င်ငွေ မလုံလောက်မှု ကြုံတွေ့နေရပါတယ်။

ဦးစီးအရာရှိနဲ့ လက်ထောက် ဦးစီးအရာရှိက ဆည်မြောင်း ဦးစီးဌာနနဲ့ အစိုးရက ချမှတ်ထားတဲ့ စီမံကိန်း လုပ်ငန်းသုံး ငွေတွေကို ထိန်ချန်တဲ့အပြင် လုပ်ငန်းသုံး ဒီဇယ်ဆီတွေကို ဖြတ်တောက်ပြီး ပြင်ပကို ခိုးရောင်းပေမယ့် လုပ်သားတွေကိုတော့ ဝေစုက မဖြစ်စလောက်။ AE, SAE တွေပေါ့။

နိုင်ငံတော်က စက်ပြင် စရိတ်တွေကို ချထားပေးပါတယ်။ ဒါပေမဲ့ အဲဒီစရိတ်တွေကို အရာရှိတွေက စက်တွေကို ပြင်ဆင်ခြင်း မပြုဘဲ စက်မောင်းစက်ပြင်တွေက ကိုယ့်စရိတ်နဲ့ကိုယ် ပြင်နေရတယ်။ အလုပ်သမားတွေကလည်း အလုပ်ပြုတ်မှာစိုးလို့ ဘယ်ကိုမှ မတင်ပြရဲဘူးပေါ့။

မြေစက်တွေဟာ တနေ့ကို အနည်းဆုံး ၁၀ နာရီ လုပ်ရပြီး ဒီဇယ်ခွဲတမ်းကနေ တကားကို တဂါလံနှုန်း ဖြတ်တောက်ခံနေရပါတယ်။ ဆီပီပါလိုက် ထုတ်ရင်လည်း ၄၈ ဂါလံပဲ ရတာကို ဂါလံ ၆၀ ရတယ်ဆိုပြီး လက်မှတ် ထိုးရပါတယ်။

အရာရှိတွေက မြေကော်စက်တွေမှာ တပ်ဆင် အသုံးပြုရတဲ့ ဓားသွားတွေကိုလည်း ထုတ်မပေးတော့ ဓားသွားပြင်ဖို့ ကားလေးသံတွေကို ပိဿာချိန်နဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေကပဲ ၀ယ်ရပြန်ပါတယ်။ တပတ်မှာ ကျပ်ငွေ ၇ သောင်းကနေ တသိန်းလောက် ကုန်တာပေါ့။

မြစ်သာစီမံကိန်းဟာ လွန်ခဲ့သည့် ၅ နှစ်လောက်က စတင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ အဆုံးသတ်မှာပါ။ လုပ်ငန်းမှာ မြေတူး၊ မြေကော်၊ မြေသယ်စက် အစီး ၃၀ ကျော်ရှိပြီး၊ စက်တစီးကျ စက်မောင်း ၂ ဦး ရှိပါတယ်။

စက်မှုလုပ်သားဝန်ထမ်း ၁၀၀ ကျော်နဲ့ နေ့စား အလုပ်သမားတွေ အပါအဝင် နယ်ပေါင်းစုံက လာတဲ့ အလုပ်သမား စုစုပေါင်း ၃,၀၀၀ လောက်ရှိနေပြီး နေတာထိုင်တာကတော့ ဖြစ်သလိုပါပဲ။

ဝန်ထမ်းတွေဟာ လစာ ၃-၄ သောင်းပဲ ရတော့ ဒီဇယ်ဆီ အပိုရောင်းပြီး အားကိုးနေရတာကို အခုလို အရာရှိတွေက ကြားဖြတ်အုပ်တာတွေ ပေါ်လာတော့ ခက်လာတာပေါ့။


ဥပ္ပါတသန္တိစေတီ ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲနေပြည်တော်ဝန်ထမ်းများအတွက် ဆိုင်ကယ်သော့ကြဲမည်

NEJ /၄ မတ် ၂၀၀၉

မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် ကျင်းပမည့် နေပြည်တော် ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတော် တင်ပွဲများသို့ နေပြည်တော်ဝန်ထမ်းအားလုံးကို မတက်မနေရ အမိန့်ထုတ်ထားပြီး မတက်ရောက် သည့်ဝန်ထမ်းအား အရေးယူရန် အာဏာပိုင်များက ညွှန်ကြားထားသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ များကို ၀န်ထမ်းများ တက်ချင်စိတ်ပေါ်လာရန် တရုတ်နိုင်ငံလုပ် တစီး (၁၂) သိန်းဝန်းကျင်တန်သည့် မော်တော်ဆိုင်ကယ်များကို မဲဖောက်ရန် အာဏာပိုင်များ က စီစဉ်ထားသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

မော်တော်ဆိုင်ကယ် ဘယ်နှစီး မဲဖောက်မည် အတိအကျ မသိရသော်လည်း မော်တော်ဆိုင်ကယ်များကို မဲဖောက်ရာတွင် ဆိုင်ကယ်သော့ကို ပိုက်ဆံအကြွေကြဲသကဲ့သို့ ၀န်ထမ်းများကြား ကြဲမည်ဖြစ်သည့်အတွက် တဦးနှင့်တဦးတက်နင်းပြီး သေကုန်မည်ကို ၀န်ထမ်းများ စိုးရိမ်နေကြသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကျင်းပမည့် မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့ တွင် နေပြည်တော်ဝန်ထမ်းအားလုံး မည်သည့်ခွင့်မျှ မယူရန် ညွှန်ကြားထားသည့်ပြင် ခွင့်ယူထားပြီးသူများကို အမြန်ပြန်ခေါ်ရန် ညွှန်ကြားထားသည့်အတွက် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများ ကျင်းပမည့်နေရာကို ၀န်ကြီးဌာနပေါင်းစုံမှ ၀န်ထမ်းများအတွက် ကုလားထိုင်ခွဲတမ်းများ ချထားပေးပြီး လူစစ်မည်ဖြစ်သည်။ နေပူကျဲကျဲအောက်မှာ ၀န်ထမ်းများ ယူနီဖောင်းဝတ်စုံနှင့် တက်ရောက်ရမည်ဖြစ်သည့်အတွက် ပိုပြီး မကျေမနပ်ဖြစ်နေသည်ဟု ၀န်ကြီးရုံး အရာရှိတဦးကလည်း ပြောသည်။

မတ်လ (၁၀) ရက် တပေါင်းလပြည့်တွင် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲကို နိုင်ငံတော် အခမ်းအနားပုံစံဖြင့် ကျင်းပမည်ဖြစ်သည်။ သို့သော် အဆိုပါနေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သို့မဟုတ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး ထီးတင်ပါက စစ်အစိုးရ ကျဆုံးမည့်ကိန်းရှိနေကြောင်း ခေတပြိုင်တွင် မြန်မာ့နိုင်ငံရေး ဟောစာတမ်းများ ရေးသားနေသည့် ပင်တိုင်ဆောင်းပါးရှင် ပညာကျော်က ဟောကိန်းထုတ်ထားသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးကို တည်ဆောက်ရာတွင် ရှစ်မျက်နှာပတ်လည်လုံး မြေပြင်ညီ ရှိနေရမည့်အစား (၆) ဖက်သာညီပြီး ကျန် (၂) ဖက်က မညီသည့်အတွက် ပေါင်းလောင်းကွက်သစ်ဘက်ကနေ သံလမ်းကျော်၍ ၀င်လာကြည့်မည်ဆိုလျှင် စေတီတော်ကြီး ဘယ်ဘက်ငိုက်နေသည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ကွန်ကရစ်စေတီလုံးအတွက် မကွေးကုမ္ပဏီ၊ ညောင်ရမ်းကုမ္ပဏီနှင့် ဆန်းမစ် ကုမ္ပဏီ၊ စေတီထောင့် (၄) ထောင့်မှ ဓာတ်လှေကား (၄) ခုအတွက် OTIS ကုမ္ပဏီ၊ ဓာတ်လှေကား စောင်းတန်းအတွက် ရွှေဗိမာန်ဆောက်လုပ်ရေးနှင့် မြန်မာမှုအဖွဲ့တို့က တာဝန်ယူဆောက်လုပ်နေပြီး အမြန်ပြီးစီးနိုင်ရေးအတွက် ၀န်ထမ်း (၅,၀၀၀) ကျော်နှင့် နေ့ရောညပါ လုပ်ကိုင်နေသည်ဟု စုံစမ်းသိရသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည်ဖြစ်သည့်အတွက် ငှက်ပျောဖူးအတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။


မြန်မာနိုင်ငံလုံး ဆိုင်ရာပူးပေါင်းတော်လှန်ရေး အင်အားစု ထုတ်ပြန် ကြေညာချက်

မြန်မာနိုင်ငံလုံး ဆိုင်ရာပူးပေါင်းတော်လှန်ရေး အင်အားစု ထုတ်ပြန် ကြေညာချက်

အပစ်ရပ် နယ်မြေများ အတွင်း နအဖ သန်းခေါင်စာရင်းကောက် - ၀ တပ်ဖွဲ့ ၀င်ခွင့်မပြု

သျှမ်းသံတော်ဆင့် အင်္ဂါနေ့၊ 03 မတ်လ 2009

ဗမာစစ်အစိုးရ ဌာနဆိုင်ရာဝန်ထမ်းများ အပစ်ရပ်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အဖွဲ့ ၄ - ၅ ဖွဲ့ခွဲပြီး သန်းခေါင်စာရင်းသစ် လှည့်လည် ကောက်ယူနေကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။

ဖေဖေါ်ဝါရီလနှောင်းပိုင်းက ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာအကွာ မိုင်းယန်းမြို့အခြေစိုက် နအဖ ဌာနဆိုင်ရာများ နှင့် ကျိုင်းတုံမြို့ မှ လ၀က၊ စရဖ၊ မယက၊ ပုလိပ်၊ ကြံ့ဖွတ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး တို့ပူးပေါင်းပြီး လူစု ၄ ဖွဲ့ခွဲကာ မော်တော်ကား ၇ စီးဖြင့် အပစ်ရပ် ၀ နှင့် မိုင်းလားအဖွဲ့ထိန်း ချုပ်နယ်မြေအတွင်း ကွင်းဆင်း လူစာရင်းကောက်ယူသည်ဟုဆို၏။


လူလတ်ပိုင်းဒေသခံအမျိုးသမီးတဦးက- “၀ ထိန်းချုပ်နယ်မြေနဲ့ မိုင်းလားထိန်းချုပ်နယ်မြေအကြား မိုင်းယန်း မြောက်ဘက် ခိုဆုန်နယ်ခြားဂိတ်ရောက်တော့ အစောင့် UWSA ၀ တပ်ဖွဲ့က - အထက်ကအမိန့်မရတဲ့ အ တွက် ဖြတ်သန်းခွင့်မပြုနိုင်ဘူး- လို့ပြောတယ်။ ဒါနဲ့ လူ ၂၇ ယောက်တင် ကား ၂ စီး မိုင်းယန်းပြန်လှည့်ပြီးကျိုင်းတုံကို ပြန်သွားတယ် ” - ဟုဆို၏။

လူအင်အား ၃၀ ကျော် ကား ၅ စီး ပါအဖွဲ့ ၃ ဖွဲ့က - အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၃၆၉ ထိန်း ချုပ်နယ်မြေ ဆီလူးကျေးရွာအုပ်စု ၀န်းကျင်မှရွာများ၊ ဆီလူး အရှေ့မြောက်ဘက် ယန်းငင်း အခါရွာ နှင့် အရှေ့တောင်ဘက် ယန်းကောင့်ရွာ မိုင်းကွယ် သျှမ်းရွာဘက်သို့ သန်းခေါင်စာရင်းသစ်အတွက် လူစာရင်း ကောက်ယူနေသည်ဟု ဆိုသည်။

“ကဒ်လုပ်ပေးမယ်လို့ပြောတယ်။ အဖြူရောင်လား၊ ပန်းရောင်လား ဒါမှမဟုတ်သုံးခေါက်ချိုးလား - ဘယ်လို ပုံစံ လုပ်ပေးမှာလဲမသိဘူး။ နိုင်ငံသားစိစစ်ရေးကဒ် ခေါ်တဲ့ ပန်းရောင်မှတ်ပုံတင် လုပ်ပေးဖို့မပြောဘူး။ အသက် ၁၈ နှစ် သူတွေ စာရင်းဘဲကောက်တာ။ လောလောဆယ် အိမ်ထောင်စု စာရင်းအရင် လုပ်ပေး မယ်ထင်တာဘဲ” - အမည် မဖေါ်လိုသူ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

မတ်လ ၂ ရက် အထိ ထိုအဖွဲ့များ တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူး၌ ရှိနေသေးကြောင်း၊ အထူးဒေသ ၄ ဌာနချုပ် ဖြစ်သော မိုင်းလားမြို့လည်း ကျိုင်းတုံမှသွား၍စာရင်းလိုက်ကောက်နေကြောင်း ထိုဒေသခံက ဆိုသည်။

ဝ တပ်မှူးများနှင့် တြိဂံတိုင်းအတွင်း အ၀င်အထွက်ရှိသူတဦးက - “နအဖ၀န်ထမ်းတွေကို ၀နယ်ထဲ ပေးမ၀င် တာက အဲဒီမှာ ကြီးကျယ် ခမ်းနား တဲ့ ပွဲတော် ၂ ခုကျင်းပဖို့ရှိတဲ့အတွက်လို့ပြောတယ်။ ၀ဌာနချုပ်ပန်ဆန်းကိုအကြောင်းကြားပေး ဖို့ သန်းခေါင်စာရင်း ကောက်အဖွဲ့တွေက တြိဂံတိုင်းမှူးကိုတင်ပြတယ်။ ဒါပေမဲ့တိုင်းမှူး က နေပြည်တော်ရဲ့ ညွှန်ကြားချက် ရမှသာ ၀ နဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရှိတယ် - လို့ပြန်ပြောတယ်တဲ့ ” - ဟု ဆို၏။

၂၀၀၈ နှစ်ဦးပိုင်းက နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံပွဲမကျင်းပမီကလည်း ဆီလူးဌာန ချုပ်၌ လူစာရင်း လိုက်ကောက် ကဒ်ပြားလုပ်ပေးစဉ် ပန်းရောင်နိုင်ငံသားစိစစ်ရေးကဒ် ထုတ်မပေးဘဲ ဒေသခံ များအလို မရှိသည့် ယာယီကဒ်ပြား အဖြူရောင်ကိုသာ ထုတ်ပေးခဲ့သောကြောင့် အပစ်ရပ် အာဏာပိုင်များက စစ်အစိုးရ၀န်ထမ်းအဖွဲ့ပါ လူ ၁၀ ဦးကျော်ကို တပ်မဟာ ၃၆၉ ဌာနချုပ်၌ တလနီးပါး ထိန်းသိမ်းထားခဲ့ဖူးသည်။

ခေတ်ပြိုင်ရဲ့ စွပ်စွဲချက် အမတ်ဦးထွန်းဝင်းမှ မဟုတ်မမှန်ကြောင်း ငြင်းဆို

Narinjara News

ဖေဖေါ်ဝါရီလထုတ် ခေတ်ပြိုင် ဂျာနယ်တွင် “ အမတ် အချင်းချင်း နဖူးကွဲအောင်တိုက်ပွဲဝင်ပြီးမှ စင်ပြိုင်အစိုးရ တိုးချဲ့နိုင်” ခေါင်းစဉ်ဖြင့် ရေးသား ဖေါ်ပြထားသော သတင်းတွင် ဦးထွန်းဝင်းအား ၀န်ကြီး ရာထူးသစ် ရရှိသွားသဖြင့် ကုလသံအမတ် ဖြုတ်ချရေး ကမ်ပိန်းကို အားတက်သရော ထောက်ခံမည် ပြောပြီှး အိုင်ယာ ညီလာခံကျမှ ဘက်ပြောင်းသွားသည်ဟု ရေးသားဖေါ်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဦးထွန်းဝင်းအား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ဦးထွန်းဝင်းက “ ဒီကိစ္စက သက်သက် ကျနော့်ကို သိက္ခာကျအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အကုန်လုံးကို လျို့ဝှက်မဲစနစ်နဲ့ ဆုံးဖြတ်တယ်ဆိုတော့ ဘယ်သူက ကန့်ကွက်မဲ ပေးတယ်။ ဘယ်သူက ထောက်ခံမဲပေးတယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါကို ကျနော့်တို့ကို ကန့်ကွက်မဲ ပေးပြီး ဘက်ပြောင်းတယ်လို့ သူတို့ ဘာကြောင်း ပြောနိုင်တာလဲ။ ပီးတော့ ကျနော်က ဘယ်သူ့ဆီမှာမှ ကတိပေးထားတာ မရှိဘူး။ တမင်သက်သက် တိုက်ခိုက်လိုတဲ့ အတွက် ဖြစ်ပါတယ်။” ဟု ပြောသည်။

၎င်းအပြင် ဦးထွန်းဝင်းက “ ကျနော့်ဆီကို ဘယ်သူမှ ဖုံးဆက်တာ မရှိဘူး။ ဖုန်းမကိုင်ဆိုပြီး ရေးသား ထားတာတွေကိုလည်း တွေ့ရတယ်။ သက်သက် လုပ်ကြံတာပါ။” ဟု ပြောသည်။

၎င်းအပြင် ခေတ်ပြိုင် နိဂုံးစာပုဒ်တွင် ရခိုင်အမတ် ဦးအောင်ထွန်းစိန်နှင့် ဦးထွန်းဝင်းတို့ ထိုးကြိတ်မည့် အခြေအနေထိ ရောက်ခဲ့ကြောင်း မျက်မြင်များကို ကိုးကားပြီး ရေးသားထားချက်နှင့် ပတ်သက်ပြီးလည်း ဦးထွန်းဝင်းက “ ကျနော်နဲ့ ဦးအောင်ထွန်းစိန် အခန်းအမတ် ၈၀၈ မှာ အတူတည်းခိုခဲ့ပါတယ်။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဒါကို ထိုးကြိတ်မယ့် အဆင့်ထိ ရောက်ခဲ့တယ်လို့ ရေးသားတာက တော်တော် လွန်ပါတယ်။ ခုလို ဖေါ်ပြတဲ့ အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူက တာဝန်ယူရပါလိမ့်မယ်။” ဟု ပြောသည်။

ခေတ်ပြိုင်ဂျာနယ်တွင် သွေးမြေကျ သည့် အိုင်ယာလန် ညီလာခံဆိုပြီး ခေါင်းစဉ်တပ်ထားသော်လည်း မည်သူက သွေးမြေကျပြီး မည်သူက မည်သူ့ကို ရိုက်သည်ဆိုသည်ကို ထိန်ချန် ဖုံးကွယ်ထားသဖြင့် ခေတ်ပြိုင် စာဖတ်သူများ အနေဖြင့် အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေသည်ဟု စာဖတ်သူ တဦးက ပြောသည်။

ဦးထွန်းဝင်းမှ နိဂုံးချုပ် အနေဖြင့် “ တခြား အမှန်ပြဿနာ တက်ခဲ့တဲ့ အင်အားကြီးတဲ့ အမတ်တွေ ၀န်ကြီးတွေ ကျတော့ မရေးရဲဘူး။ ကျနော်တို့ကျတော့ အားနည်းဆိုပြီး တောင်မဟုတ် မြှောက်မဟုတ်ရေးရဲတယ်။ ဒါကိုက သတင်းစာ အနေနဲ့ ဖက်လိုက်မူ ရှိတယ်ဆိုတာကို ဖေါ်ပြတာ ဖြစ်တယ်။” ဟု ပြောသည်။

ထိုင်းနိုင်ငံ ချမ်းမိုင်းမြို့တွင် ပြုလုပ်သော ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ပြုလုပ်သော မြန်မာ့ သတင်းသမဂ္ဂ ညီလာခံ တွင်လည်း ခေတ်ပြိုင် သတင်းစာပါ “ သွေးမြေကျသည့် အိုင်ယာလန်ညီလာခံ” သတင်းနှင့် ပတ်သက်ပြီး ပွစိပွစိ ဝေဖန်မူများ ဖြစ်ပေါ် ခဲ့သော်လည်း အခမ်းအနားမှူး လုပ်သူ ဦးစံမိုးဝေမှ ခေတ်ပြိုင်မှ တာာဝန်ရှိသူများ ညီလာခံသို့ တက်ရောက်ခဲ့ခြင်း မရှိသဖြင့် အဆိုပါ သတင်းကိစ္စအပေါ် ဆွေးနွေးခြင်း မပြုရန် တားမြစ်ခဲ့သည်။

နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျ မြန်မာ့ သတင်းညီလာခံသို့ ခေတ်ပြိုင်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် တက်ရောက်သူ တဦးတယောက်မှ မရှိသဖြင့် ညီလာခံ တက်ရောက်သူများ အကြားတွင် မေးခွန်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ရန်ကုန်တွင် တညတည်း ဗုံးနှစ်ကြိမ်ကွဲ

NEJ /၄ မတ် ၂၀၀၉

ရန်ကုန်တွင် မတ်လ (၃) ရက်နေ့ ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မတ်လ (၃) ရက်နေ့ည (၉) နာရီခွဲအချိန်တွင် ပြည်လမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ပဒုမ္မာပန်းခြံတွင် ပေါက်ကွဲကြောင်း စမ်းချောင်းမြို့နယ် နေထိုင်သူတဦးက ပြောသည်။

“အသံက တော်တော်ကျယ်တယ်။ အစတုန်းကတော့ ဂက်စ်ကားတွေက ကြားနေကျ အသံမျိုး (ဂက်စ်ပေါက်သံ) လို့ထင်တာ။ အဲဒီကားတွေက ဖြစ်နေကျလေ။ ဒါပေမယ့် စိတ်ထဲက သွားကြည့်ချင်လို့ သွားတော့ ဗုံးပေါက်နေတာပဲ” ဟု စမ်းချောင်း ကျွန်းတောလမ်းနေ ပြည်သူတဦးက ပြောသည်။

“ရဲတွေများတယ်။ ပေါက်ပြီး (၁၅) မိနစ်တောင် မကြာဘူး ရောက်လာကြတာပဲ။ လူနာတင်ကားရောက်လာတယ်၊ ပြီးတော့ ပန်းခြံထဲမှာ ထပ်မံရှာဖွေရေးတွေ လုပ်ကြတယ်ဗျ” ဟု မြေနီကုန်း မီးပွိုင့်အနီး နေသူတဦးက ဆိုသည်။

ပဒုမ္မာပန်းခြံတွင် နေ့လယ်ပိုင်း၌ အိမ်သာတက်သူအချို့နှင့် တောင်းရမ်းစားသောက်သူ ကလေးအချို့ ဆော့ကစားတတ်ကြောင်း၊ ရံဖန်ရံခါ စုံတွဲအချို့ ထိုင်တတ်ကြောင်း၊ ညဘက်တွင် မီးရရှိမှု တခါမှမရှိကြောင်း၊ မှောင်နေသည့်အတွက် တဦးတယောက်မှ အပန်းဖြေလေ့မရှိကြောင်း စမ်းချောင်းသားတဦးက ပြောသည်။

“ပန်းခြံထဲမှာ ပိုက်ဆံတောင်းတဲ့ ကလေးတချို့ ညဘက်အိပ်လေ့ရှိတယ်” ဟု ပဒုမ္မာပန်းခြံအနီး နေသူတဦးက ပြောသည်။

မတ်လ (၃) ရက်နေ့ ည (၁၁) နာရီကျော်တွင် လှည်းတန်းမီးပွိုင့်ထောင့်ရှိ ယာဉ်ထိန်းရဲဆောင် အနီးပန်းခြံထဲတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားကြောင်း လှည်းတန်းမီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်တွင် နေထိုင်သူတဦးက ပြောသည်။

“ဗုံးပေါက်တယ်လည်းပြောရော ချက်ချင်းရောက်လာကြတယ်။ ရဲတွေပေါ့ဗျာ။ ပြီးတော့ သည်းသည်းလှုပ်ပြီး ပန်းခြံထဲကို ဘယ်သူမှ မ၀င်ရဆိုပြီး ပိတ်တယ်။ အဲဒီပန်းခြံကို ဘယ်သူမှ ၀င်ပြီး အပန်းမဖြေဘူး အဲဒါအသေ အချာပဲ၊ ဗုံးပေါက်တဲ့ ပန်းခြံဟာ ယာဉ်ထိန်းရဲတွေနဲ့ နီးတဲ့နေရာပဲ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဗုံးပေါက်မှု နှစ်ခုလုံးတွင် သေဆုံးသူမရှိကြောင်း၊ ထိခိုက်ဒဏ်ရာလည်း မရရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်မှာ စစ်အစိုးရက ထောင်သားပေါင်း ခြောက်ထောင်ကျော်ကို (၂၁.၂.၂၀၀၉) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်း ပထမဦးဆုံး ပေါက်ကွဲသော ဗုံးဖြစ်သည်။

မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းက အရိုးကြည့်ဝါးနေသူများ

ရွှေမောင်းသစ်

၂ဝဝ၆ ခုနှစ်အတွင်းက အကောက်ခွန် ညွှန်ချုပ် ဗိုလ်မှူးကြီး ခင်မောင်လင်း အပါ အဝင် အကောက်ခွန် ဝန်ထမ်းတွေဖြုတ်၊ ထုတ်၊ ဖမ်းဆီးထောင်ချခံရမှု နောက်ပိုင်း တရုတ်-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ မခုတ်တတ်တဲ့ ကြောင်လေးကို ခပ်ကုပ်ကုပ် နေခဲ့ရတဲ့ အကောက်ခွန် ဝန်ထမ်းတွေ အခုတော့ ဦးမော့ ခေါင်းထောင်လာပါပြီ။

တကယ်တော့ ၂ဝဝ၄ ခုနှစ် နန့်ဖတ် ကာ နစခ လာဘ်စားမှုနဲ့ ၂ဝဝ၆ ခုနှစ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန် လာဘ်စားမှု တို့ဟာ တဖွဲ့က လာဘ်စား တာကို တဖွဲ့ က မနာလိုလို့ တိုင်တန်းကြ။ တဖွဲ့က လာဘ်ငွေယူပြီး လွှတ်ပေးတာကို တဖွဲ့ က ဖမ်းကြရာမှ အမှိုက်ကစ ပြဿဒ် မီးလောင် တဲ့ကိန်း ဆိုက်ရောက်ခဲ့တာပါ။ အခုတော့ အရိုးကြည့်ရှောင်တတ်လာသလို တဖွဲ့နဲ့ တဖွဲ့ကြား နားလည်မှု ရနေတယ်ဆိုပဲ။

အထူးသဖြင့် စုပေါင်းဂိတ်တွေမှာ လဝက ဝန်ထမ်းက မှတ်ပုံတင် ပါမပါ။ မှန် မမှန် စစ်ဆေးရင်း လက်ဖက်ရည်ဖိုး ငွေ တောင်းစားတာကို အခြား ဌာနဆိုင်ရာ ဝန်ထမ်းက မမြင်ချင်ယောင်ဆောင်ထား။ သစ်တောက ကျောက်စိမ်းတွေ ဖမ်းလို ဖမ်း။ မူးယစ်က မှတ်ပုံတင် စစ်လိုစစ်။ လဝက က မှောင်ခို သယ်လာတဲ့ တရုတ် ကုန်ပစ္စည်း သိမ်းလိုသိမ်းနဲ့ တာဝန်မခွဲ ခြားတော့ဘဲ အလိုက်သိသိ အပေးအယူ မျှမျှ လုပ်နေကြတာဆိုပဲ၊ မှောင်ခို ကုန် ပစ္စည်း ဖမ်းမိလို့ ပိုင်ရှင်နဲ့ အပေးအယူ ညှိကာ ရရှိလာတဲ့ ငွေကြေးကို ခွဲဝေစား သောက်တာများ တကယ့် ရဲဘော်ရဲဘက် စိတ်တွေနဲ့တဲ့၊ အဲဒီလို တက်ညီလက်ညီ ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာ အစုအဖွဲ့ တွေအထဲ အကောက်ခွန်ဌာန ကတော့ ရောရောနှောနှော သိပ်မရှိဘူးလို့ ဆိုရ မှာပေါ့။

အကောက်ခွန် အရာရှိတွေက စစ်တပ်ကလာကြတဲ့ ပြန်ထမ်းဝင်အရာ ရှိတွေကဖြစ်ပြန်။ အကောက်ခွန်ဦးစီးမှူး ညွှန်မှူးဆိုတဲ့ ရာထူး ရာခံတွေနဲ့ ဆိုတော့ သူတို့အထင် လူပုံအလယ်မှာ မိုးကျရွှေ ကိုယ်လေးလို့ ခံစားရတာ နေမှာပေါ့။ ဒီတော့ လာဘ်စားတာကို အခြား ဌာနတွေနဲ့ လက်ရည် တပြင်တည်း မစားဘဲ သီးခြားခွဲ စားတယ်လို့ ဆိုရမလားပဲ။

မူဆယ်-မန္တလေးလမ်းကို ပြုပြင်ရေး ကန်ထရိုက်ရခဲ့ပြီး အခုအခါ လမ်းကြေး ကောက်နေတဲ့ အေးရှားဝေါလ် ကုမ္ပဏီရဲ့ ဂိတ်တွေမှာထိုင်ပြီး မူဆယ်ဘက် က ထွက်လာတဲ့ကားတွေကို ရှောင်တခင် စစ်ဆေးရေးလုပ်တာမျိုးပါ။ ဥပမာ ရှမ်း (မြောက်) ရဲ့ အကောက်ခွန် လက် ထောက်ညွှန်မှူး ဗိုလ်မှူး ယဉ်မင်းအောင် ဦးစီးတဲ့ အကောက်ခွန်အဖွဲ့က လားရှိုး မြို့အဝင် လမ်းကြေး ကောက်တဲ့ဂိတ်မှာ ထိုင်ပြီး တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးနေ ပါတယ်။

မူဆယ်ကုန်သွယ်ရေးဇုန်က အစစ် ဆေးခံယူပြီး ထွက်လာတဲ့ကားမှာ လမ်းက နေ ဖြတ်တင်လာနိုင်တဲ့ ကုန်ပစ္စည်းတွေ ပါလာကောင်း ပါနိုင်ပါတယ်။ ဒါမှမဟုတ် စစ်ဆေးရေးဂိတ်မှာ လာဘ်ငွေပေးပြီး ကုန်ပစ္စည်းတွေ သယ်ကောင်းသယ်နိုင်ပါ တယ်။ ဒါပေမယ့် တရားဝင် လမ်းကြောင်း ကနေ ထွက်လာတဲ့ အဲဒီကုန်ကားတွေကို ကျတော့ လားရှိုးအဝင် အကောက်ခွန် အဖွဲ့ကတော့ လုံးဝစစ်ဆေးခြင်းမရှိဘူး လို့ ကားသမားတွေက ပြောပါတယ်။ တကယ်လို့ ဖမ်းမိရင် အဲဒီကား ဖြတ်သန်း လာခဲ့တဲ့ဂိတ်က တာဝန်ကျတွေ အထိ နာမှာ၊ ပြဿနာဖြစ်မှာကို ထည့်တွက်ထား ဟန်တူပါရဲ့။

အဲဒီတော့ ဘယ်လိုမျိုးကားတွေက ဘယ်လိုနည်းနဲ့ လားရှိုးကို ရောက်လာ သလဲ။ ကုန်ပစ္စည်းတွေ ဘယ်လို သယ်နေ ကြသလဲ၊ ဖမ်းမိပစ္စည်း တွေအပေါ် ဘယ်လို လုပ်နေလဲ ဆိုတာ တင်ပြပါဦးမယ်။

မူဆယ် ကုန်သွယ်ရေးဇုန်ကနေ ကုန် ပစ္စည်း တရားဝင် ဖြတ်သန်း သယ်ဆောင်ဖို့ ဆိုတာ တော်ရုံ အရင်းနှီးနဲ့ လုပ်လို့ မရသလို အချိန်ပေး ကြရပါတယ်။ ကုန်ပစ္စည်းတင် သွင်းဖို့အတွက် ကုန်ပစ္စည်း အမျိုးအစား၊ တံဆိပ်၊ အရေအတွက်၊ ကုန်ပစ္စည်းဈေး နှုန်း ဆိုတာတွေကို နေပြည်တော်အထိ တင်ပြပြီး တင်သွင်းခွင့် ပါမစ်စောင့် ရပါ တယ်။ တခုခု လွဲချော်ရင် တလကျော်အထိ ကြာတတ်ပါတယ်။ ကုန်ပစ္စည်း ဝယ်ယူ တင်သွင်းဖို့အတွက် Earning ရှာထား ရပါ တယ်။ မရှိရင် အမြတ်ငွေပေးပြီး ဝယ်ယူ ရပါတယ်။

ကုန်သည်ဆိုတာကလည်း လတ်တ လော အရောင်းသွက်မယ့် ကုန်စည် ကိုသာ မြန်မြန်သွက်သွက်လေး တင်သွင်း ချင်တာပါ။ နေပြည်တော်က Trade Council (TC) ကနေ ချပေးမယ့် ပါမစ်ကို စောင့်ဖို့မလိုဘဲ ထော်လာဂျီ (TG) နဲ့ သွားမယ်ဆိုပြီး ကုန်သည်တွေ အကြား “တီစီထက် တီဂျီက ပိုအဆင်ပြေတယ်” ဆိုပြီး အပြောများ လာပါတယ်။ အခွန်ငွေ ကြေး ပေးဆောင်စရာ၊ ပါမစ် မျှော်စရာ မလိုတဲ့ မှောင်ခိုလမ်း ကိုသာ အားကိုးရ ပါတော့တယ်။ တရုတ်ပြည် ကျယ်ဂေါင် မြို့ထဲကနေ နယ်စပ်ခြံစည်းရိုး တဖက်ကမ်း မူဆယ်ဘက်ကို နည်းအမျိုးမျိုးနဲ့ ကုန်တွေ သွင်းယူ၊ အဲဒီ မူဆယ်မှတဆင့် (၁ဝ၅) မိုင်ကုန် သွယ်ရေးဇုန်ကို ရှောင်ကွင်း။ သိန္ဒီနားက ရေပူဂိတ်ကို ရှောင်ကွင်းပြီး တောလမ်းမှာ ငွေခင်းကာ ကားလမ်းပေါ် တက်၊ လားရှိုးမြို့ကို ပေါက်ချလာတဲ့ နစ်ဆန်း၊ တိုယိုတာ၊ ဟိုင်းလတ်စတဲ့ လေးဘီးကားတွေနဲ့ ထော်လာဂျီတွေပါ။ အဲဒီတောလမ်းဟာ မှောင်ခို ပစ္စည်း သယ်တဲ့လမ်းဖြစ်နေလို့ ရဲနဲ့စစ်တပ်က ကင်းပုန်းဝပ် စောင့်ဖမ်းတတ်ပြီး ငွေပေး ကမ်း ဖြတ်ကျော်နေရတာပါ။ တောလမ်း ကနေ ဖြတ်တက်လာတဲ့ ကားတွေကို လားရှိုးအဝင်မှာ အကောက်ခွန်က ကြိုတင် ရရှိထားတဲ့သတင်းတွေအရ စောင့်ဖမ်း နေတာဖြစ်ပါတယ်။

သတင်းပေးနေသူတွေကတော့ ကုန်သည်တွေ၊ ကားသမားတွေကြားမှာ သွားလာလှုပ်ရှားနိုင်သူဖြစ်လို့ပဲ သတင်းပေးနိုင်တာဖြစ်ပါတယ်။ ဘယ်သူတွေက သတင်းပေးနေတယ်ဆိုတာကို သံသယနဲ့သတိထား စောင့်ကြည့်။ အဲဒီလူတွေကို ရှောင်ရုံကလွဲလို့ ဘာမှလုပ်လို့ မရပါဘူး။ စစ်ဆေးရေးအဖွဲ့နဲ့ တွေ့တဲ့အခါမှသာ ငွေကြေး သက်သာစွာနဲ့ ပြတ်အောင် ညှိရ တယ်လို့ ကုန်သည်တွေက ပြောတယ်။

အကောက်ခွန်တွေ ကလည်း ကားတ စင်းလုံး အပျောက်ရိုက် ဝါး လိုက်တာ တော့ မဟုတ်ပါဘူး။ အချို့ပစ္စည်း တွေကို ငွေနဲ့ ပြန်ရွေး စေတယ်။ အချို့ပစ္စည်းကိုတော့ အဖမ်း ပြပါတယ်။ အဲဒီပစ္စည်းကိုလည်း ပစ္စည်းအရည် အသွေးအညံ့နဲ့ အစား ထိုးပြီး စာရင်းတင်ပါတယ်။ ဥပမာ- ကျပ် ငွေတသိန်းတန် ဒီဗီဒီအောက်စက်ကို နှစ်သောင်းကျော်တန် ခပ်ညံ့ညံ့ အောက် စက်တွေနဲ့ အစားထိုးပါတယ်။ ဖမ်းမိပစ္စည်း တွေပြနိုင်မှလည်း သူတို့ ရှောင်တခင်စစ် ဆေးရေးထိုင်တာကို အလုပ်ပြနိုင်၊ ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ပါ။ အများအားဖြင့် ပိုင် ရှင်မဲ့ ဖမ်းဆီးရမိပစ္စည်းဆိုပြီး လုပ်ပါ တယ်။ တခါတလေတော့ လူပါဖမ်းပြီး ငွေတောင်းပြန်လွှတ်တာလည်း ရှိပါ တယ်။

ရမခစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ အဝင်မှာ အခုလို အကောက်ခွန်တွေက ဂိတ်ထိုင်ပြီး သောင်းကျန်းနေတာ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် မသိနိုင်ဘူးလား။ ဘာကြောင့် အရေးယူ ဆောင်ရွက်တာတွေ မလုပ်သလဲ ဆိုတာက လည်း စိတ်ဝင်စားစရာပါ၊ ရမခ တိုင်းမှူး ရဲ့ညီ အငြိမ်းစား ဗိုလ်မှူး အောင်လင်းထွဋ် ဆိုတာက အဲဒီ မန္တလေး-မူဆယ် လမ်းကြောင်းမှာ “စိတ်ကြိုက်” အမည်ရတဲ့ ကားလိုင်းထောင်ထားပြီး မှောင်ခိုပစ္စည်း သယ်နေတဲ့အပေါ် အကောက်ခွန်တွေ မျက်စိမှိတ်ထားပေးတာကြောင့် အပြန် အလှန်နားလည်မှု ပေးထားနေတဲ့ သဘောလား ဆိုပြီး ယူဆစရာရှိပါတယ်။


လူ လေးဆယ်ဆန့် မှန်လုံ၊ ကားအကြီး (၆) စီးလောက်ရှိတဲ့ အဲဒီစိတ်ကြိုက်ကားလိုင်းဟာ နာမည်နဲ့ ကိုက်ညီစွာ စိတ်ကြိုက်တင်နိုင်တဲ့ အခြေအနေပါ။ မူးယစ်ဆေးဝါး သယ်ရင်တောင် လွတ်တယ်လို့ လူအများ ထင်ကြေးပေးခံနေရတဲ့ ကားတွေဖြစ်ပြီး အစစ်ဆေးမရှိ သွားလာ နေတဲ့ ကားလိုင်း လည်း ဖြစ်ပါတယ်။ တခါတရံ လူလေး ငါးဆယ်ယောက်လောက်နဲ့ ကားထွက် တယ်ဆိုပေမယ့် ကားပေါ်မှာ ပါတဲ့ ကယ်ရီ ခကတော့ အနည်းဆုံး သိန်း (၂ဝ) ရှိတယ် လို့ ကုန်သည်တွေက ပြောပါတယ်။ ကယ်ရီခက တောလမ်းထက်စာရင် ဈေး မြင့်လို့ အဖိုးတန် ပစ္စည်းလောက်သာ ထည့်နိုင်ကြပြီး သာမန်ကုန်သည်တွေ အနေနဲ့ ထော်လာဂျီကိုသာ ကယ်ရီငှားရမ်း နေကြရပါတယ်။ ပြီးခဲ့တဲ့နှစ် ကုန်ပိုင်းလောက်ကတော့ စိတ်ကြိုက်ကားလိုင်းနဲ့ယှဉ်ပြီး ရတနာစိုး၊ ရွှေလီဦး၊ ဝင်းနားဆိုတဲ့ ဘတ်စ်ကားလိုင်း တွေက အလားတူ မှောင်ခိုပစ္စည်းတွေ သယ်နေလို့ အချို့ အဖမ်းခံထိခဲ့ရပါသေး တယ်။ မှောင်ခိုပစ္စည်း သယ်နေတဲ့ “စိတ် ကြိုက်” လိုင်းကားတွေကို (၁ဝ၅) မိုင်၊ ရေပူ၊ နောင်ချိုမူးယစ်ဂိတ်နဲ့ ရတနာပုံ ဂိတ်တွေကတော့ အစစ်ဆေးမရှိ ဖြတ် သန်းခွင့်ပေးထားသလို အကောက်ခွန် ရှောင်တခင်ဂိတ်တွေလည်း အလားတူ ပေးထားရတာကို ကြည့်ရင် ဒေသအတွင်း နယ်စားပယ်စားလိုဖြစ်နေတဲ့ ရမခ တိုင်းမှူး တစုံတရာ ငြိုငြင်မှာကို ရှောင်ရှားတဲ့ သဘောလည်း ဖြစ်ပါတယ်။ အရိုးကြည့် ရှောင်တော့လည်း ကြာကြာဝါးနိုင်ကြမှာ မဟုတ်လား၊ တကယ်တော့ မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်းဟာ နယ်စပ် ကုန်သွယ်ရေးမှာ အဓိက အရေးပါတဲ့ လမ်းကြောင်းဖြစ်သလို တံစိုးလက်ဆောင်။ လာဘ်လာဘရနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ မကြာခဏ ဆိုသလို ဝန်ထမ်းတွေ ဖြုတ်၊ ထုတ်၊ အပြစ်ပေး အရေးယူခံနေ ရတဲ့နေရာလည်း ဖြစ်ပါတယ်။ ဘယ်လို ပဲ ဖြစ်ဖြစ် လိမ္မာပါးနပ်စွာနဲ့ အရိုးကြည့် ရှောင်ကာ ဝါးနေသရွေ့တော့ အကောက်ခွန်အပါအဝင် ဝန်ထမ်းတွေလည်း အိတ်ထောင်ဖောင်း၊ ကုန်သည်တွေအနေနဲ့ လာဘ်ငွေပေးနေရလို့ ကုန်ပစ္စည်းတန်ဖိုး မြင့်ပြီးရောင်း၊ အကျိုးဆက်အနေနဲ့ စားသုံး သူ လူထု ကုန်ဈေးနူန်း ထုထောင်းဒဏ်ခံကြရတာပေါ့ဗျာ။

ဘူးသီးတောင် အကျဉ်းထောင်ထဲရှိ နိုင်ငံရေး အကျဉ်းသား အများစု တိုက်ပစ်ခံထားရ

Narinjara News

ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်ချခံနေရသော နိုင်ငံရေး အကျဉ်းသား အများစုမှာ တိုက်ပစ်ခံထားရသည်ဟု များမကြာမှီက ဘူးသီးတောင် အကျဉ်းထောင်ထဲမှ လွှတ်မြှောက်လာသူ ဦးဇင်း သုမနက ပြောသည်။

အရှင် သုမနက “ ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ ရောက်ရှိနေကြတဲ့ ကိုဌေးကြွယ် အပါအ၀င် တောင်ကုတ်မြို့က နိုင်ငံရေး အကျဉ်းသားတွေကို တိုက်ပစ်ထားပါတယ်။ အဓိကတော့ ထောင်သားတွေနဲ့ အဆက်အသွယ် မပြုလုပ်နိုင်အောင် ထောင်အာဏာ ပိုင်တွေက စီစဉ်ချပြီး တိုက်ပစ်ထားတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ကိုဌေးကြွယ်မှာ ကျန်းမာရေး ကောင်းမွန်သော်လည်း ထောင်အာဏာပိုင်များ၏ ရိုင်းပျစွာ ဆက်ဆံမူများကြောင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မူများ ရှိနေသည်ဟု အရှင် သုမနက ပြောသည်။

ဘူးသီးတောင် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၃၀ ခန့်ရှိပြီး အများစုမှာ တောင်ကုတ်မြို့မှ ဒီမိုကရေစီအရေး လှုပ်ရှားသူများ ဖြစ်သည်။

၂၀၀၇ ခုနှစ် ရွေဝါရောင်တော်လှန်ရေးကာလအတွင်း ဖမ်းဆီးပြီး ထောင်ဒဏ် ၇ နှစ်ခွဲချမှတ်ခံထားရသူ အရှင် အိသရိယကိုမူ တိုက်ပစ်ထားခြင်း မရှိသော်လည်း ထောင်သားများကို စကားပြောဆိုခွင့် ပစ်ပင်ထားသည်ဟု အရှင် သုမနက ပြောသည်။

၎င်းပြင် ထောင်အာဏာပိုင်များက ဘူးသီးတောင် အကျဉ်းထောင်တွင် ရှိနေသော နိုင်ငံရေးသမား ထောင်သားများကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ဆိုကာ လွန်ခဲ့သောလက အယူခံတင်ရန် ပြောဆိုခဲ့သည်ဟု အရှင် သုမနက ယခုကဲ့သို့ ဆက်ပြောသည်။

“ ဦးအိသရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပိုင်စိန်ထွန်းက လွန်ခဲ့တဲ့ လအနည်းငယ်က ခေါ်ယူပြီး အယူခံတင်ရင် ထောင်ထဲက လွှတ်နိုင်တယ်ဆိုပြီးတော့ ပြောဆိုခဲ့ပါတယ်။ ဘယ်နိုင်ငံရေး အကျဉ်းသားကမှ အယူခံ တင်သွင်းတာ မရှိခဲ့ပါဘူး။ ဦးအိသရိယက ဆိုရင် ထောင်ကျချင် သလောက် ကျပါစေ။ ဘယ်တော့မှ ဒူးမထောက် အညံ့မခံဘူးလို့ ပြောဆိုခဲ့ပါတယ်။”

ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်သားများအား လမ်းဖေါက်၊ လယ်ထွန်၊ အိမ်ယာဆောက် လုပ်ရေး လုပ်ငန်းများတွင် အလုပ်ကြမ်းများ စေခိုင်းနေသော်လည်း နိုင်ငံရေး အကျဉ်းသားတွေကိုမူ အလုပ်ကြမ်းများ စေခိုင်းမူ မရှိဟု သိရသည်။

၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ လွှတ်ငြိမ်းချမ်းသာခွင့်အတွင်း ဘူးသီးထောင်မှ ထောင်သား ၁၀၇ ဦး လွတ်ပေးခဲ့သော်လည်း ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား တဦးတလေမှ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

“ ဦးဇင်းကို မောင်တောမြို့မှာ ဘင်္ဂလာက ပြန်အ၀င်မှာ နစကမှ ဖမ်းဆီးခဲ့ပါတယ်။ ဦးဇင်းကို နိုင်ငံရေး ပြစ်မူ ရှာမရတာနဲ့ လူဝင်မူ အက်ဥပဒေနဲ့ ထောင် ၂ နှစ်နဲ့ ၆လ ချမှတ်ပြီး ဘူးသီးတောင် ထောင်ကို ပို့လိုက်ပါတယ်။ ခုလွှတ်ငြိမ်းခွင့်မှာ ဦးဇင်း လွှတ်မြှောက်လာပေမယ့် ဦးဇင်းကို နိုင်ငံရေး ပြစ်မူနဲ့ မဟုတ်တဲ့အတွက် လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။” ဟု အရှင် သုမနက ပြောသည်။


ရန်ကုန်တွင် ဗုံး၂လုံးပေါက်ကွဲ

ရန်ကုန်မြို့တွင် မနေ့ညက ဗုံး ၂ လုံး ပေါက်ကွဲသည်ဟု သိရှိရသည်။

ပထမ ဗုံးသည် စမ်းချောင်းမြို့နယ် ပဒုမ္မာ ပန်းခြံ အနီးတွင် ည ၉း၃၀ခန့်၌ ပေါက်ကွဲပြီး ဒုတိယ ဗုံးတစ်လုံးမှာ လှည်းတန်း ဘတ်စ်ကား ဂိတ်တွင် ည ၁၁နာရီခန့်က ပေါက်ကွဲခဲ့ သည်ဟု သိရှိရသည်။

ဗုံးပေါက်ကွဲပြီး မကြာခင် ရဲများရောက်ရှိလာပြီး အဆိုပါနေရာများတွင် လုံခြုံရေး တင်ကျပ်ထား လိုက်ကြောင်း မျက်မြင် သက်သေ တဦးက ပြောသည်။ “ ပေါက်တဲ့ ဗုံး၂လုံးက အသံတော့ တော်တော်ကျယ်တယ်ဗျ။ ဒါပေမဲ့ ထိခိုက်မှု ရှိမရှိတော့ မပြောတတ်ဘူး” ဟု မျက်မြင်က ပြောသည်။

အဆိုပါ ဗုံးကွဲမှု ၂ ခုစလုံးတွင် သေကြေ ဒဏ်ရာရရှိသူ ရှိမရှိကို ယခုထိ မသိရှိရ သေးပေ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Mar,4th,2009

( 54 )City honours democracy campaigner

( 53 )Thailand exempts tourist visa fee for 42 countries including Burma

( 52 )Burma Must Treat Rohingyas Better

( 51 )USDA Going to Press?

( 50 )ဓာတ်ငွေ့စိမ့်ထွက်ရာမှ ပိုက်လိုင်းပေါက်ကွဲမှုဖြစ်

( 49 )အဖမ်းအဆီး ကြမ်းနေ၍ နေရပ်ပြန်ကြရ

( 48 )New Kachin Party Formed to Fight 2010 Election

( 47 )ရန်ကုန်မြို့လယ်တွင် ကားမှောက်ရာ တဦး သေဆုံး

( 46 )Burmese Migrants Come Under Stricter Control

( 45 )Camps for 15,000 Chinese labourers at Irrawaddy River hydropower project

( 44 )Whistle blower on corruption framed

( 43 )စစ်တပ်ကို စည်းရုံးရေး ဗကပ တိုက်တွန်း

( 42 )WBURF claims responsibility for twin bomb blasts in Rangoon

( 41 )ဦးကျော်တင့်ဆွေဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်ဖို့များ

( 40 )၂၀၁၀ မတ်လတွင် ရွေးကောက်ပွဲလုပ်ရန် စစ်အစိုးရ လျာထား

( 39 )မီတာအဟောင်းများကို အသစ်များနှင့် မတပ်မနေရ လိုက်လံတပ်ဆင်ပေးနေ

( 40 )VOA to broadcast new ethnic program

( 39 )လုံခြုံရေးများ ပိုမိုတင်းကျပ်

( 38 )Hunted Shan mafia members speak

( 37 )ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးပွဲချင်းပြီးသေ၊ ၁၀ ဦး ပြင်းထန်စွာ ဒဏ်ရာရ

( 36 )Burmese Junta tentatively schedules elections for March 2010

( 35 )ခြစားမှု ဖော်ထုတ်သူ ဧည့်စာရင်းမှုဖြင့် ဖမ်းခံရ

( 34 )Myanmarese refugees to be deported if caught in criminal act

( 33 )ဗုံးနှစ်လုံးပေါက်ကွဲမှု မိမိတို့လက်ချက်ဟု ပူးပေါင်းအဖွဲ့တခုက ၀န်ခံ

( 32 )Myanmar must treat Muslim migrants better

( 31 )ရန်ကုန်တွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ

( 30 )Twin bombs explode in Rangoon

( 29 )Junta takes census in Wa, Mongla territory

( 28 )ပြည်သူ့စစ်များ ဆက်တိုက်တိုးချဲ့ စစ်ရေးလေ့ကျင့်ပေးနေ

( 27 )နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် ကရင်တိုင်းရင်းသား ဒုက္ခသည်အများစုအခြေချ

( 26 )Post-Nargis Burma, the 2010 Elections and Prospects for Reform

( 25 )နယ်ထောင်များရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးနှင့် မိသားစုများ၏ ထောင်ဝင်စာ အခက်အခဲ

( 24 )ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပိုမို အခက်အခဲ ကြုံနေရ

( 23 )Myanmar's Rohingya issue discussed at regional meet

( 22 )ဘင်္ဂလာ-မြန်မာ နယ်စပ် ကုန်သွယ်ရေး ပြန်လည် စတင်

( 21 )Retired Arakanese Officers Summoned to Naypyidaw for 2010 Election

( 20 )Myanmar to auction some state-owned business undertakings in Yangon

( 19 )ဘိန်းဖြူမှောင်ခိုဂိုဏ်း နှိမ်နင်းရာမှ ၅ ဦး ထိန်းသိမ်း

( 18 )Myanmar official media call for boosting regional economic co-op

( 17 )ရန်ကုန်မြို့တွင်း တနာရီခန့်ခြားပြီး ဗုံးနှစ်လုံး ဆက်ပေါက်ကွဲ

( 16 )Journalists From China and Burma at AUT

( 15 )Aust boosts aid for Rohingya refugees

( 14 )ရန်ကုန်မှာ အင်္ဂါနေ့ည ဗုံးနှစ်လုံးပေါက်ကွဲ

( 13 )မြန်မာ့အင်တာနက် ဆက်သွယ်ရေးနည်းပညာ အားနည်းနေဆဲ

( 12 )Australia to help Rohingya people from Burma, Bangladesh

( 11 )Myanmar refugee speaks out for Muslim group

( 10 )မော်လမြိုင်မြို့တွင် လေလံရောင်းသည့်ကားများ ဝယ်သူနည်းပါး

( 9 )No justice for Rohingyas

( 8 )တောင်သူလယ်သမားနေ့ကို လယ်သမားအများစု မေ့လျော့နေကြ

( 7 )၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်အဖွဲ့ ပါတီထောင်

( 6 )ဒဂုံ ကျောင်းသားများ အရိုက်ခံရမှု အမှုမှန် အပေါ်ပေါက်သေး

( 5 )U.S. can be most effective nation on Burma

( 4 )မြစ်ကြီးနားမြို့တွင် နိုင်ငံခြားသားများ အတွက် ဆိုက်ရောက် ဗီဇာ ပေးမည်ဟုဆို

( 3 )Two bombs blast in Myanmar former capital

( 2 )I am now a refugee. I can't go back to my country. I can't go home

( 1 )အာဆီယံ လူ့အခွင့်အရေးအဖွဲ့ဟာ စက္ကူကျားရုပ်လို့ ဝေဖန်ခံရ

Tuesday, March 3, 2009

အလုံ သစ်တောဝင်းအတွင်း မီးလောင်

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ မတ်လ 03 2009

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း အလုံ သစ်တောဝင်းအတွင်း ယခုလ ၁ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

နံနက် ၁၂ နာရီခွဲခန့်တွင် အလုံမြို့နယ် ဆင်မင်းဈေးအနီးရှိ မြန်မာ့သစ်လုပ်ငန်း အလုံ သစ်တောဝင်းအတွင်း မီးအားထိန်းညှိပေးသည့် Transformer ကို စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

Transformer ထားရှိရာ သွပ်မိုး အုတ်ညှပ်အဆောက်အဦအတွင်း၌သာ လှိုက်၍ လောင်ကျွမ်းခဲ့ပြီး ပြင်ပသို့ ကူးစက်ခြင်း မရှိခဲ့ပေ။

ရန်ကုန် ဗဟိုမီးသတ်၊ အလုံမီးသတ်၊ စမ်းချောင်းနှင့် ကြည့်မြင်တိုင် မီးသတ်စခန်းများမှ မီးသတ်ကားများနှင့် ရေသယ်ယာဉ်များ လာရောက် ငြှိမ်းသတ်ကြရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

Transformer အပူရှိန် မြင့်မားလာမှုကြောင့် ရှော့ဖြစ်ကာ လောင်ရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ကလေးငယ်များအား ပြည်သူ့စစ်ကောက်ယူနေ

ဇော်ကြီး မတ်လ ၃ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်း ထိုင်းမြန်မာနယ်စပ် ဟိုမိန်း ဒေသအတွင်းရှိ ကျေးရွာများတွင် အရွယ် မရောက်သေးသည့် ကလေးငယ်များကို ပြည်သူ့စစ်တာဝန်ပေးရန် အဓမ္မကောက်ယူ လျှက်ရှိသည်။

ဟိုမိန်းနယ်ခြား ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ရေးတာဝန်ခံ အိုက်နုဦးဆောင်သော တပ်ဖွဲ့ဝင် ၆ ဦးသည် ဒေသ အတွင်းရှိ ဟိုဟ၊ ၀မ်မိုင်၊ မယ်အော့၊ နားမွန်း ရွာများရှိ ရွာသားများအား ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၇၊၂၈ ရက် နေ့က ဟိုမိန်းပြည်သူ့ပန်းခြံတွင် အစည်းဝေးခေါ်ပြီး ကလေးငယ်များကို ပြည်သူ့စစ်အဖြစ် ကောက်ယူခဲ့ခြင်း ဖြစ်သည်။

နားမွန်းကျေးရွာရှိ ဒုက္ခိတ မိဘနှစ်ဦးကို လုပ်ကြွေးနေသည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်နှင့်အရွယ်တူ ကလေးငယ် ၅ ဦးကို ၎င်းအဖွဲ့က ခေါ်ဆောင်သွားသည်ဟု ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

“သူတို့တအားငယ်တာပဲလို့ ဒါပေမယ့် များသောအားဖြင့်ရှိတာကတော့ နားမွန်းမှာလေ၊ နားမွန်းမှာက အသက် ၁၂ နှစ်နဲ့ပဲ အဖေကလည်း ဒုက္ခိတ၊ အမေကလည်းဒီ ခြေထောက် တဖက်သေတယ်ဆိုတော့ အတင်းဆွဲယူသွားတယ်။ ဆွဲယူလည်း ဟိုတယောက်ကငိုတယ်။ အဲနောက်ပြီး သနားလို့ ဆိုပြီးလိုက်ငို နေရတာပဲ တချို့ ကလည်း။”

ဒေသတွင်းကျေးရွာများရှိ အသက် ၁၂ နှစ်မှ ၄၀ အတွင်း ယောက်ျားလေးများကိုစာရင်း ကောက်ယူထားပြီး မလာ ရောက်နိုင်သူ၏မိဘများကို ဖမ်းဆီးထားသည်ဟု ၎င်းက ဆက်ပြောသည်။

“အစည်းဝေးလုပ်ပြီးတာနဲ့ သူတို့စာရင်းထဲပါတဲ့ ဒီသားရှိတဲ့ အဖေအမေတွေပေါ့လေ အဓိက ကတော့ အဖေတွေပဲလေ အဲတာဆွဲစိထားတယ် သားမလာမချင်းလွတ်မပေးဘူး ဆိုတဲ့ အကြောင်းပေါ့နော။”

ဟိုမိန်းဒေသအတွင်းရှိ နေရာတော်များများတွင် ပြည်သူ့စစ်ကောက်ယူမှုများရှိနေသည့် အတွက်ရွာသားအချို့ တောထဲတွင် ထွက်ပြေးပုန်းရှောင်နေပြီး အချို့မှာ ကျေးရွာကိုစွန့်ခွာ သွားသူများလည်းရှိသည်ဟု ရှမ်းပြည် တပ်မတော် တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိန်း က ပြောသည်။

“ဟိုမိန်းပိုင်းထဲမှာပဲ ဒီရွာတွေမှ မကဘူးပေါ့နော စောစောကပြောသွားတဲ့ ၄ ရွာ အဲဒီထဲမှာ မကဘူး ဒီဟိုမိန်းထဲမှာ၊ ဒါကတော့ စာရင်းနဲ့ အတိအကျမရသေးဘူး ၀မ့်လုတ်လေတို့၊ ဖုန်လုံတို့၊ နောင်လျှဲန်တို့၊ နောင်အော့တို့၊ လောင့်မအိုးတို့ ဆိုတာလည်း ဒီလိုပဲ အတင်းရော အဓမ္မပြည်သူ့စစ်ကောက်တာပဲ၊ လောင့်မအိုးဖက်က တချို့လည်း မခံနိုင်လို့ မိုင်းပန်ကို ပြေးပြီးတော့ သွားနေတာ ၅ အိမ်ထောင်စု ရှိပြီပေါ့။”

ဟိုမိန်းဒေသသည် ဟိုမိန်းနယ်ခြား ကာကွယ်ရေးတပ်ဖွဲ့အပြင်၊ မြန်မာစစ်အစိုးရအား ဆက်လက် တိုက်ပွဲဝင် နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များလည်း လှုပ်ရှား နေသည့် ဒေသဖြစ်သည့်အတွက် ပြည်သူ့စစ် အတွက် စာရင်းပါရှိသူများသည် အခြား မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမှ ၀င်ရောက်၍မရနိုင်ဟု ဒေသခံများက ပြောသည်။

၁၉၉၆ ခုနှစ် ခွန်ဆာလက်နက်ချပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်း ဟိုမိန်းဒေသကို မဟာကြာဦးဆောင်သော ဟိုမိုးနယ်ခြား ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားခဲ့သည်။


ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာတစ်ဦးအား အကြောင်းမဲ့ ရိုက်နှက်ခဲ့မှုအတွက် FDBမှ ကြေညာချက် ထုတ်ပြန်

နှောင်းလှိုင်/မတ် ၃၊ ၂၀၀၉

ဒဂုံတက္ကသိုလ်မှကျောင်းသား ၄ ဦး နှင့် နည်းပြ ဆရာတစ်ဦး တို့အား ဥပဒေမဲ့ကျူးလွန်စော်ကားမှု အတွက် FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ ယမန်နေ့က ထုတ်ပြန်ကြေညာ ချက်တစောင် ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့က အဆိုပါ ဒဂုံကျောင်းသားများနှင့် နည်းပြဆရာ တို့မှာ စော်ဘွားကြီးကုန်းတို့ ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက် တွင် အရက်မူးနေသူ လူတစုက ၀ိုင်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ FDB ဒု-အထွေထွေ အတွင်းရေးမှူး ဦးကျော်ထက်က “သူတို့အာဏာကို အလွဲသုံးစား ပြီးတော့မှ ဖြေရှင်း တတ်တာက အစဉ်အလာ လိုဖြစ်နေတယ်။ အဲဒီတော့ အခုဟာ လည်းပဲ အဲဒီလိုပဲ ဒီ ဥပဒေ ကြောင်းအရ မှန်မှန်ကန်ကန် ဖြေရှင်း ရမည့်အစား အရိုက်ခံရတဲ့ လူတွေကိုပဲ သူတို့က ပြန်ပြီးတော့မှ အဲလို အရေးယူ ဆောင်ရွက်ရမယ့် အရေး ကိစ္စတွေကို ကျနော်တို့က စိုးရိမ်သဖြင့် ဖြစ်တယ်။ ဒါကြောင့် မို့လို့ ဒီကျနော်တို့ နိုင်ငံမှာက ဒီအာဏာပိုင်တွေ အနေနဲ့က ဒီလိုမျိုးတွေ ဖြေရှင်း လေ့ရှိတယ်ဆိုတဲ့ ကိစ္စကိုဘာမှ ကျနော်တို့ မပြောပဲနေလို့ရှိရင် အဖိနှိပ်ခံနေရတဲ့လူတွေ ထပ်ပြီး ခံနေရမှာပဲ။

အဲတော့ အဲဒီ ဥစ္စာကို ကျနော်တို့ကသာ အားလုံးကိုလည်း သိစေချင်တာပေါ့ တကယ်လို့တခုခု ဖြစ်လာပြီဆိုလို့ရှိရင် ကျောင်းသားတွေက ရုန်းရင်းဆန်ခတ်လုပ်လို့ ဘယ်သူက ဟုတ်လား ဘယ်သူက ဥပဒေကို ဘောင်ကျော်ပြီးတော့မှ သူတို့ရဲ့ ဥပဒေကို ချိုးဖောက်ပြီးလုပ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အမြဲတမ်းဖိနှိပ်လေ့ရှိတယ်ဗျ။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ကြိုပြီးတော့မှဒီဥစ္စာာကို ကျနော်တို့ရှုတ်ချ လိုက်တာပါပဲ” ဟု ပြောသည်။

ကျောင်းသားများနှင့် ဆရာတို့မှာ ဒဏ်ရာပြင်းထန်စွာ ရကြပြီး အမှုဖွင့်သော်လည်း အမှုပိတ်ခြင်းခံရသည်ဟု ထုတ်ပြန်ချက် ထဲတွင် ဆိုထားပါသည်။

ဒဂုံတက္ကသိုလ်၏ ပါမောက္ခချုပ်နှင့် မော်ကွန်းထိန်းရုံးသို့ သွားရောက်သတင်းပို့တင်ရာတွင်လည်း တက္ကသိုလ်အာဏာပိုင်အဖွဲ့မှ တာဝန်ယူဖြေရှင်းပေးရမည့်အစား “နောင်ရန်မဖြစ်တော့ပါ”ဟု ခံဝန်ကတိကိုသာ အတင်းအကြပ်လတ်မှတ်ထိုးခိုင်းခဲ့သည် ဟု ပါရှိသည်။

အာဏာပိုင်များသည် ကျောင်းသားနှင့်ပါတ်သက်ပြီး မှန်မှန်ကန်ကန် အရေးယူလေ့ မရှိဘဲ ကျောင်းသားများနှင့် ပါတ်သက်လျှင် အမြဲတမ်း ဖိနှိပ်လေ့ ရှိသည်ဟု FDB ဒုအထွေထွေ အတွင်းရေးမှူးချုပ် ကဆိုပါသည်။

“၁၉၈၈ ၈လေးလုံး အရေးတော်ပေါ်ပြီး နောက်ပိုင်းမှာ ဆိုလို့ ရှိရင် ကျောင်းသား တွေကို အစီစဉ်ရှိရှိနဲ့ သူတို့က ဖိနှိပ်ထားတာ ချိုးနှိမ်ထား တာတွေရှိတယ်။ တက္ကသိုလ်တွေကို မြို့တွင်းပိုင်းမှာ နေပြီးတော့ ဟိုးအဝေးကြီး နေရာကို ပို့ပစ်တာတွေ နောက်တခါ ဒီကျောင်းသား တွေ သွားရေး လာရေး အရမ်း ခက်ခဲတယ်ဗျ”ဟု သူကပြောသည်။

မြန်မာပြည်တွင်းရှိ ကျောင်းသားများသည် အမြဲဖိနှိပ် ခံရပြီး ကျောင်းသား သမဂ္ဂအဖွဲ့အစည်း ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် မပေး သည့်အတွက် ကျောင်းသားများ၏ ဆန့်ကျင်သံ များလာရခြင်း ဖြစ်သည်ဟု ၄င်းကဆိုပါသည်။

၁၉၆၂ခုနှစ် ဇူလှိုင်လ ၂ ရက်နေ့ ဗိုလ်ချုပ်ကြီး ဦးနေဝင်း အာဏာသိမ်းပြီးတက်လာကတည်းက စစ်တပ်အာဏာသိမ်းသည်ကို ကျောင်းသား များက ဆန့်ကျင် သည့်အတွက် ကျောင်းသား များအား အာဏာပိုင်များက ယခုထိ ဖိနှိပ်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် လုံခြုံရေးသည် ပိုမိုတင်းကြပ်နေကြောင်းနှင့် စာမေးပွဲလည်း နီးကပ်လာသည့်အတွက် အာဏာပိုင်များက ပိုပြီး စိုးရိမ် နေသည်ဟု FDB ဒုအထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။

ဒဏ်ရာအပြင်းထန်ရရှိသွားကြသည့် ကျောင်းသားများနှင့်ဆရာတို့အနက် ကျောင်းသား၂ဦးမှာ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် တင်ထားရသည်ဟု သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ဘီဒီအာရ် ပုန်ကန်မူ နောက်ဆက်တွဲ အခြေအနေများ

Narinjara News 3/3/2009

ဖေဖေါ်ဝါရီလ ၂၅- ၂၆ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သော ဘီဒီအာရ် ပုန်ကန်မူမှာ ပြီးဆုံးသွား ခဲ့ပြီ ဖြစ်သော်လည်း နောက်ဆက်တွဲ အခြေအနေ များမှာ ရှုပ်ထွေး နေဆဲ ဖြစ်သည်။

ယမန်နေ့က ပုန်ကန်မူ အတွင်းသေဆုံးခဲ့သူ စစ်ဘက်ဆိုင်ရာ အရာရှိ ၄၈ ဦးနှင့် တပ်သား တဦး အပါအ၀င် အကြီးဆုံး ဘီဒီအာရ် တပ်မှူး ဇနီးတို့အား ယမန်နေ့က တပြိုင်နက်တည်း သဂြိုလ်ခဲ့သော်လည်း မည်သူ မည်ဝါမှာ အဓိက တရားခံ ဖြစ်သည်ကိုမူ စစ်အရာရှိများကို သဂြိုလ် ပြီးချိန်ထိ ဖေါ်ထုတ်နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

မီပူရပ်ကွက်မှ ဘင်္ဂလီ သာမန် အရပ်သား တဦးက “အဓိက လက်ရှိ ပြဿနာကတော့ ပုန်ကန်မူကို ဘယ်သူတွေက ဦးစီး ဦးဆောင် လုပ်ခဲ့တယ်။ ပြီးတော့ ခုလို ပုန်ကန်မူ ပေါ်ပေါက်စေတဲ့ နောက်ကွယ်က အကြောင်း အရာတွေက ဘာတွေလဲ ဆိုတာကို ကျနော်တို့ ပြည်သူတွေက သိချင်နေပါတယ်။” ဟု ပြောသည်။

ပုန်ကန်ကို ဦးစီး ဦးဆောင်လုပ်သူများသည် ပုန်ကန်မူ အတွင်း မျက်နာကို အနီစများဖြင့် ဖုံးအုပ်ထား သဖြင့် သူတို့ မည်သူ မည်ဝါ ဖြစ်သည်ကို သိရှိရန်ခက်ခဲပြီး အောက်ခြေ ဘီဒီအာရ် တပ်ဖွဲ့ဝင်များပင် သူတို့ မည်သူ မည်ဝါ ဖြစ်သည်ကို မသိရှိပါ ဟု အခင်း ဖြစ်သည့် အထဲတွင် ပါဝင်သူ ဘီဒီအာရ် တပ်သားများက ပြောဆိုသည်။

အသက်မသေဘဲ လွှတ်မြှောက်လာသူ တဦးမှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို မပစ်သတ်မှီ ပုန်ကန်သူများက တန်းစီခိုင်းပြီး “ငါတို့ တန်းစီလာတာ များပြီ။ မင်းတို့ တကြိမ် တန်းစီ” ဟု ဆိုကာ အမျိုးမျိုး ဆဲဆိုပြီးနောက် သေနတ်များဖြင့် တရပ်စပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည် ဟုပြောသည်။

ပုန်ကန်မူ အတွင်း ပါဝင်ခဲ့သူ ဘီဒီအာရ် အများအပြားကို ထွက်ပြေးစဉ် ဖမ်းဆီး မိထားပြီး တချို့မှာလည်း ယခုအချိန်ထိ ထွက်ပြေးလွှတ်မြောက်နေတုန်း ဖြစ်သည်။

သတ်မှတ်ထားအချိန်အတွင်း အလုပ်ပြန်ဝင်ရန်နှင့် မ၀င်ရောက်ပါက စစ်ပြေး အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း အစိုးရမှ တရားဝင် ကျေညာပြီးနောက် ရာပေါင်းများစွာသော ဘီဒီအာရ် တပ်ဖွဲ့ဝင်များမှာ တပ်စခန်းသို့ တနင်္ဂနွေနေ့က ပြန်လည် ၀င်ရောက်လာခဲ့သည်။

သို့သော်လည်း အများအပြားမှာမူ ယခုအချိန်ထိ ထွက်ပြေး တိမ်းရှောင်နေတုန်းဖြစ်ပြီး အဆိုပါ ဘီဒီအာရ် တပ်ဖွဲ့ဝင်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေနေတုန်း ဖြစ်သည်။

“များမကြာမှီ ဘာကြောင့် ပုန်ကန်မူ ပေါ်ပေါက် ခဲ့ရသလဲ ဆိုတာကိုတော့ ရှာဖွေ ဖေါ်ထုတ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု စစ်တပ် အရာရှိ တဦးမှ ပြောသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ အစိုးရမှ စုံစမ်း စစ်ဆေးရေး ကော်မီတီကို စစ်ထောက်ချုပ် ဗိုလ်ချုပ် မူဟာမတ် ဂျဟန်းဂီးယား အာလမ် ဦးဆောင်မူဖြင့် ဖွဲ့စည်းထားပြီး များမကြာမှီ ပုန်ကန်မူ ပေါ်ပေါက်ရခြင်းကို ဖေါ်ထုတ်တော့မည် ဖြစ်သည်။

“အခု တပ်စခန်းကို ပြန်မလာဘဲ ရှောင်တိမ်းနေသူတွေဟာ အဓိက တရားခံတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ယုံကြည် တွက်ချက်လို့ ရပါတယ်။ ကျနော်တို့ မနေ့ကစပြီး စစ်ဆေးမူတွေကို စတင်နေပါပြီ။ ဒီနေ့ မဟုတ်ရင်တောင်မှ မနက်ဖြန်မှာ အစီရင်ခံစာ ထုတ်နိုင် ပါလိမ့်မယ်။” ဟု စုံစမ်း စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သူ ဗိုလ်မှူးချုပ် အီမန်ဟူဆိန်က သတင်းထောက်များသို့ ပြောသည်။

ဘီဒီအာရ် ပုန်ကန်မူနှင့် ပတ်သက်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတွင်း သတင်းအမျိုးမျိုး ဖြစ်ပေါ်နေပြီး အောက်ခြေ ဘီဒီအာရ် တပ်ဖွဲ့ဝင်များအပေါ် အထက် စစ်အရာရှိများက အနိုင်အကျင့်မူကြောင့် ယခုကဲ့သို့ ပုန်ကန်မူ ပေါ်ပေါက်ခဲ့ရသည်ဟုလည်း သတင်းစာ များတွင် ရေးသားဖေါ်ပြသည်။

ဘီဒီအာရ်ခေါ် နယ်ခြားစောင့်တပ်ဖွဲ့မှာ မြန်မာနိုင်ငံက လုံထိန်း တပ်ဖွဲ့နှင့် ဆင်တူပြီး ဘီဒီအာရ်တွင် ဒါရိုက်တာ ဂျင်နရယ် ခေါ် ဦးစီးချုပ်မှ အစ အထက်အရာရှိများကို စစ်တပ်မှ ကူုးပြောင်းလာသူ စစ်အရာရှိများနှင့် ဖွဲ့စည်းထားပြီး အောက်လက် ငယ်သားများမှာ ဘီဒီအာရ် တပ်ဖွဲ့ဝင်များ ဖြစ်သည်။

ယခုကဲ့သို့ အထက် စစ်အရာရှိများကို ပုန်ကုန်မူ ဖြစ်ပွားပြီးနောက် ဘီဒီအာရ်ကို ဆက်လက်ထားရှိတော့မည် မဟုတ်ဘဲ နောက်ထပ် အသွင် တမျိုးနှင့် ဖွဲ့စည်းသွားတော့မည် ဖြစ်ကြောင်းလည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တဦးမှ ပြောသည်။

ယခုအချိန်ထိ ပျောက်ဆုံးနေသူ စစ်အရာရှိ (၆) ရှိပြီး စစ်တပ် အရာရှိ ၄၀ ကိုမူ အသက်မသေဘဲ စစ်တပ်က ကယ်တင်ခဲ့ရသည်။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့်၂၀၁၀ အပြီး ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံ ဆောက်ခိုင်း

NEJ /၃ မတ် ၂၀၀၉

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံကို ၂၀၁၀ အမီ အပြီးတည်ရန် ညွှန်ကြား ထားသည့် အတွက် စက်မှု(၁) ၀န်ကြီးဌာနမှ အပူတပြင်း အကောင်အထည်ဖော်နေသော်လည်း မပြီးစီးနိုင်ကြောင်း ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

ကုမ္ပဏီအလိုက် ဘိလပ်မြေစက်ရုံတည်မည့်နေရာများမှာ မက်စ်မြန်မာကုမ္ပဏီက တောင်ဖီလာ(လယ်ဝေး)၊ ထူးကုမ္ပဏီက ပျဉ်ညောင်-သာစည်၊ အေးရှားဝါးကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေတောင်ကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေသံလွင်ကုမ္ပဏီ (နေရာမသတ်မှတ်ရသေး) ၊ ကမ္ဘောဇကုမ္ပဏီက ပင်းပက်-တောင်ကြီးနှင့် ပျဉ်ညောင်-သာစည်မှာ ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက အသီးသီး တည်ဆောက်ရမည်ဖြစ်သည်ဟု စုံစမ်းသိရသည်။

ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက တည်ဆောက်မည့် ဘိလပ်မြေစက်ရုံများအတွက် ၀န်ကြီး ဦးအောင်သောင်း၏ ရှယ်ယာပါသည်ဟု စက်မှု(၁) ၀န်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများကြား ပြောဆိုနေသော်လည်း ခေတ်ပြိုင်မှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စက်ရုံများကို ၂၀၁၀ ခုနှစ်အမီ အပြီးတည်ဆောက်ရန် ၀န်ကြီး ဦးအာင်သောင်းက ဖိအားပေးနေသော်လည်း မပြီးနိုင်ကြောင်း ပညာရှင်များက ပြောသည်။ ဘိလပ်မြေစက်ရုံများ တည်ဆောက်ရာတွင် ၀န်ကြီး ဦးအောင်သောင်းနှင့် ရင်းနှီးသည့် တရုတ်ကုမ္ပဏီများဖြစ်သည့် ဖုန်းဖေးတရုတ်ကုမ္ပဏီ (China JPG) (Jian Su Penf Gei) မှ စက်များကိုသာ ၀ယ်ယူတတ်ဆင်ရမည်ဟု ဦးအောင်သောင်းက ညွှန်ကြားထားသဖြင့် ကုမ္ပဏီများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

သို့သော် ရတနာသိင်္ဂီ ကုမ္ပဏီပိုင်ရှင် ဦးအိုက်ရီဆိုလျင် ဦးအောင်သောင်း ဗျူဟာမှူးဘ၀ ကတည်းက လူယုံတပည့်ဖြစ်ခဲ့သည့်အတွက် ယခုအခါ စက်မှု(၁) ၀န်ကြီးဌာန တခုလုံး၏ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တရုတ်ကုန်ကြမ်းများ ၊ တရုတ်စက်ပစ္စည်းများ သွင်းခွင့်ရထားသူ ဖြစ်သည်ဟု ဦးအောင်သောင်း၏ လက်ထောက် အကြီးအကဲတဦးက ပြောသည်။

ဝန်ကြီး ဦးအောင်သောင်းသား ကိုနေအောင်ကလည်း စင်္ကာပူရှိ သူပိုင်ကုမ္ပဏီမှတဆင့် စက်ပစ္စည်းများ ပေးသွင်းလျက်ရှိသကဲ့သို့ နေပြည်တော် ဟိုတယ်ဇုံမှာလည်း မတ္တရ အမည်ရှိ ဟိုတယ်ကြီးတခု တည်ဆောက်လျက်ရှိသော်လည်း မပြီးနိုင်ဖြစ်နေသည်ဟု နေပြည်တော် မျက်မြင်သက်သေများက ပြောသည်။