Friday, June 11, 2010

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,11th,2010

( 43 )ပျိုးပင်များ နေလောင်ပျက်ဆီး၍ ရွာသားများ အခက်တွေ့

( 42 )World Cup Fever Comes to Burma

( 41 )ရိုးမေးနီးယားက မြန်မာ ဒုက္ခသည်များကို ပထမဆုံး အကြိမ် လက်ခံ

( 40 )Suu Kyi Says Burmese Have Right Not to Vote

( 39)ရှမ်း ဒီမိုကရက်တစ် ပါတီ ဆိုင်းဘုတ်တင်၊ စည်းရုံးရေး စတင်နေ

( 38 )HKSAR passport holders to get visa on arrival in Myanmar

( 37 )နအဖ၏ ရွေးကောက်ပွဲ ဥပဒေကို နိုင်ငံတစ်ကာ အဆင့်မမီဟု ဆလိုဗက်ကီးယားကပြော

( 36 )Cyclone victims remain shelterless in Myanmar

( 35 )ဒုက္ခသည်များဆိုင်ရာ အမေရိကန်ထိပ်တန်းအရာရှိ မြန်မာအဖွဲ့အစည်းများနှင့် ဆွေးနွေးမည်

( 34 )US Says Burma Nukes Would “Tremendously Destabilize” SE Asia

( 33 )ရေခဲစက်ရုံပေါက်ကွဲမှု ဒဏ်ရာရသူအချို့ရှိ

( 32 )Blackouts unnerve Burma’s World Cup

( 31 )မြန်မာ ယာယီပတ်စပို့စ်ကိုင်သူများ ပြည်ပြန်ဝင်ခွင့် တရားဝင်လုပ်ရမည်

( 30 )Five Irrawaddy Dolphins Found Dead

( 29 )ကမ္ဘာ့ဖလား အားပေးရန် မြန်မာပြည်သားများ စိတ်ထက်သန်

( 28 )ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကျင်းပ

( 27 )Farmers Threatened in Land Grab

( 26 )New schools in Myanmar

( 25 )Myanmar takes measures to deal with motorcycle transport

( 24 )Myanmar attracts 237 mln USD foreign investment in first two months

( 23 )ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပညာသင် စရိတ် ပေးဦးမည်

( 22 )A New Blueprint for Modern Burma

( 21 )အမျိုးသား ဘောလုံး သူရဲကောင်းတို့ရဲ့ စီးချင်းထိုးပွဲများ (၄)

( 20 )UN Envoy Discusses Burma Issues in Singapore

( 19 )မြန်မာဒုက္ခသည် အရေး အမေရိကန် ၀န်ကြီး အထူး စိုးရိမ်

( 18 )Burma and Chile: There is quite a difference

( 17 )Myanmar nukes would destabilize region: US

( 16 )ရေခဲစက် ဓာတ်ငွေ့ပိုက် ပေါက်ကွဲ

( 15 )Obama asked to name envoy to secretive Myanmar

( 14 )ဟီလာရီ ကလင်တန်သို့ မစ္စတာ ဂျင်မ်ဝဘ်၏ အိတ်ဖွင့်ပေးစာ

( 13 ). . . and Aung San Suu Kyi

( 12 )ရွေးကောက်ပွဲ အတွက် အချိန်ပေးရန် နိုင်ငံေ၇း အင်းအားစုများက တောင်းဆို

( 11 )Oil Companies Financing Nuclear Threat in Burma, Refusing Transparency

( 10 )ဘိုးဘွားပိုင်မြေတွင် ပြန်လည်လုပ်ကိုင်ခွင့်ရရေး အိုင်အယ်လ်လို ကို တိုင်ကြား

( 9 )Myanmar's nuclear ambitions

( 8 )အလုပ်သမား သမဂ္ဂ ဖွဲ့စည်းသည့်ကိစ္စ အက်စ်ဘီ စုံစမ်းမေးမြန်း

( 7 )Fair Myanmar vote a must for refugees

( 6 )စစ်အစိုးရ အလုပ်သမား ကိုယ်စားလှယ် ILO လက်မခံ

( 5 )US fears for Myanmar refugees

( 4 )ကုလ အထူးအကြံပေး မြန်မာ့အိမ်နီးချင်းများနှင့် ဆွေးနွေး

( 3 )Keeping Burma Out of the Nuclear Silo

( 2 )ကမာရွတ်စက်ရုံ ပေါက်ကွဲ၊ ၄ ဦးသေ

( 1 )Myanmar seeks cooperation with Singapore in wildlife conservation

Thursday, June 10, 2010

ကျောက်မဲက အင်တာနက်ဆိုင် နှင့် ဗိုလ်မှူး စိုင်းသိန်းဝင်းမိသားစု ချုပ်ချယ်ကန့်သတ်ခံရ

သျှမ်းသံတော်ဆင့်

အာဏာရှင်စစ်အုပ်စု၏ နျူကလီးယားစီမံကိန်းအား ကမ္ဘာသိအောင် ဗိုလ်မှူး စိုင်းသိန်းဝင်း ထုတ်ဖေါ်ပြီးနောက်ယခု အပတ်အတွင်း ၎င်း၏မိသားစု ချုပ်ချယ်ကန့်သတ်ခံလိုက်ရပြီး မြို့တွင်းအင်တာနက်ဆိုင်များလည်း စစ်ဆေးမေးမြန်း ခြင်းခံရကြောင်း ကျောက်မဲသတင်းရပ်ကွက်မှသိရပါသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ရဲ့ မိသားစုတွေလဲ ချုပ်ချယ်ကန့်သတ်ခံရတယ်။ နောက်တခုက ကျနော်တို့ ကျောက်မဲမှာ အင်တာနက်ဆိုင် ၂ ဆိုင်ဘဲရှိတယ်။ အခုထောက်လှမ်းရေးတွေ အလုပ်ရှုပ်နေတာဘဲ၊ အင်တာနက် ပိုင်ရှင်ကို ဟိုမေးဒီမေး၊ ဘယ်သူတွေက ဘာဝက်ပ်ဆိုက်တွေ လာကြည့်လဲ စသဖြင့်စစ်ဆေးတယ်။ ဒါပေမယ့် သူတို့လဲပြည်ပမီဒီယာသတင်း စာမျက်နှာတွေကို လာကြည့်သွားတယ်လို့ ပြောတယ်”- ဟု အမည်မဖေါ် လိုသည့် ကျောက်မဲသားတဦးကပြောပါသည်။

ယခုတပတ်အတွင်း ကျောက်မဲမြို့ရှိ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ မိသားစု မြို့ပြင်ထွက်ရန် ခက်ခဲကြောင်း၊ အစ်ကိုဖြစ်သူ စိုင်းစိုးလွင် အိခြူးစာအုပ်ဆိုင်အတွက် စာအုပ်အရောင်းအ၀ယ်စာရင်းရှင်းရန်ပင် မန္တလေးမဆင်းရကြောင်း၊ ထို့အတူတခြား မြို့ကြီးသို့ ပညာသင်သွားသည့် စိုင်းသိန်းဝင်း၏ တူ၊ တူမ များကိုလည်းနေရပ် အမြန်ဆုံးပြန်ရန် ထောက်လှမ်းရေးများက သတိပေးထားကြောင်း ၎င်းကပြော၏။

“ မိသားစုဝင်တွေ အကျယ်ချုပ်သဘောတော့မဟုတ်ဘူး၊ ထောက်လှမ်းရေးတွေ ဒေသခံအာဏာပိုင်တွေရဲ့မျက်ခြေမပြတ် စောင့်ကြည့်ခြင်းခံနေရတဲ့သဘော၊ မြို့တွင်းဈေးဝယ်တာလောက်တော့ရပါတယ်” - ဟု တခြားကျောက်မဲသား တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ဖေဖေါ်ဝါရီလက ပြည်ပသို့ တိမ်းရှောင်သည့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းတွင်ဖခင်မရှိတော့ကြောင်း၊ မိခင်လည်း အသက် ၇၀ နားနီးနေပြီဖြစ်ကြောင်း၊ မောင်နှမ ၄ ယောက်အနက် အကြီးဆုံးမှာ ကွယ်လွန်ပြီဖြစ်ကြောင်း၊ ၎င်းမှာအငယ်ဆုံးဖြစ် ကြောင်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးကပြောပါသည်။

ဗိုလ်မှူး (ဟောင်း) စိုင်းသိန်းဝင်းသည် တပ်မတော် နည်းပညာတက္ကသိုလ်မှ ၁၉၉၉ ခုနှစ်တွင်ကျောင်းပြီး၏။ ရုရှားမှ ဒုံးပျံအင်ဂျင် ဘာသာရပ်ဆိုင်ရာဘွဲ့ရရှိသူလည်းဖြစ်၏။ မကွေးတိုင်း မြိုင်မြို့နယ် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံ (မန္တလေးတိုင်း သပိတ်ကျင်းလျှို့ဝှက်စစ်လက်နက်အတွက်အထောက်အကူပြုစက်ရုံ) ဒု စက်ရုံမှူးတာဝန်ထမ်းဆောင် ခဲ့သည်။ စစ်သက် ၁၅ နှစ်တာဝန်ထမ်းကာ ယခုနှစ် ဖေဖေါ်ဝါရီလက ထိပ်တန်းလျှို့ဝှက်စာ တမ်းနှင့်အတူနျူကလီးယား လက်နက် တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ သက်သေပစ္စည်းများယူဆောင်၍ ပြည်ပသို့ တိမ်းရှောင်ခိုလှုံခဲ့သည်။

နျူကလီးယား စီမံကိန်း ပေါက်ကြားပြီးနောက် လုံခြုံရေး တိုးမြှင့်

ဧရာဝတီ Thursday, June 10, 2010

စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများ သတင်း ပေါက်ကြား ပြီးနောက် စစ်တပ်တွင်းမှ သံသယ ရှိသူများကို စောင့်ကြည့်ခြင်း၊ လုံခြုံရေး တိုးမြှင့်ခြင်းများ ပြုလုပ်လိုက်ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ သိရှိရသည်။

နျူကလီးယား၊ ဒုံးကျည် နှင့် ဥမင်လိုဏ်ခေါင်း စသည့် လျှို့ဝှက် စီမံကိန်း သုံးခုတွင် ပါဝင်ပတ်သက် နေသူများ၊ နျူကလီးယား စီမံကိန်းကို ထုတ်ဖော် ခဲ့သော ဗိုလ်မှူး စိုင်းသိန်းဝင်းနှင့် အဆက် အသွယ် ရှိသည်ဟု ယူဆရ သူများမှာ မေးမြန်း စစ်ဆေးခံ နေရကြောင်းလည်း ကြားသိရသည်။

ပေါက်ကြား သွားသည့် နျူကလီးယား၊ လိုဏ်ခေါင်း၊ ဒုံးကျည် စီမံကိန်းတို့နှင့် သက်ဆိုင်သည့် ဓာတ်ပုံ၊ အချက်အလက် များကို စုဆောင်းရန် နိုင်ငံခြား သံရုံးများသို့ ညွှန်ကြား ထားကြောင်း ရန်ကုန် စစ်ဖက် ရေးရာ လုံခြုံရေး (စရဖ) အသိုင်း အဝိုင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

“စစ်တပ်ရဲ့ လျှို့ဝှက်သတင်းတွေ အံ့သြလောက်အောင် ပေါက်ကြားပြီးရင်း ပေါက်ကြားနေတဲ့ ကိစ္စမှာ နောက်ထပ် ဖော်ထုတ်နေတဲ့သူတွေများ ရှိနေဦးမလားဆိုတာကို ကျနော်တို့ စိုးရိမ်မိနေပါတယ်”ဟု နေပြည်တော်မှ စစ်တပ်အရာရှိတဦး က ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းသည် စက်လက်နက် ပစ္စည်းထုတ်လုပ်ရေး လက်ထောက် အကြီးအကဲ ဗိုလ်ချုပ် သိန်းဌေး နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုများရှိခဲ့ဖူးသည်ဟု စစ်တပ်အတွင်း ပြောဆိုမှုများ ရှိနေသည်။ ဗိုလ်ချုပ် သိန်းဌေးသည် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မှုတွင် အဓိက ကျသော ပုဂ္ဂိုလ် ဖြစ်ပြီး စစ်အစိုးရ၏ ဒုံးကျည်စီမံကိန်းကို ထောက်ခံ အားပေးသူ တဦးလည်း ဖြစ်သည်။

ဗိုလ်ချုပ် သိန်းဌေးသည် ဒုံးကျည်စီမံကိန်းအတွက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ခြင်း၊ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများအတွက် အသုံးအဆောင်ပစ္စည်းများ ကိုထုတ်လုပ်ရာတွင် ပါဝင်ဖူးခြင်းရှိသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်မှုကို ရရှိထားသူဖြစ်သည် ဟု စစ်တပ်အသိုင်းအဝိုင်းက ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာန (စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး) လက်အောက်တွင် အဓိက စက်ရုံ ၁၃ ခုရှိကြောင်း၊ ၎င်းတို့မှာ ခေတ်မီ လက်နက်များ၊ လက်နက်ငယ်များ၊ ကျည်ဆန်၊ ခဲယမ်း၊ မိုင်း နှင့် အပိုပစ္စည်းများထုတ်လုပ်ကြောင်း၊ ဒုံးကျည်များ၊ နျူကလီးယား လက်နက်များ ကိုထပ်မံ ပြုလုပ်သွားရန် သို့မဟုတ် ဝယ်ယူရန် ကာကွယ်ရေး ဝန်ကြီးဌာနမှ စိတ်ဝင်စားနေကြောင်း ကက-နက် အသိုင်းအဝိုင်းမှ သိရှိရသည်။

“ထိပ်ပိုင်း ခေါင်းဆောင်တွေ အဓိက ကြုံနေရတဲ့ ပြဿနာကတော့ သူတို့ရဲ့လက်အောက်ငယ်သားတွေ ပြန် မလှန် နိုင် အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်ပါပဲ၊ အခုဆိုရင် ထိပ်ပိုင်းက ခေါင်းဆောင်တွေက စစ်တပ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ပိုလို့တောင် စိုးရိမ်လာကြပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးကပြောသည်။

ယခုနှစ် ဇန်နဝါရီလ က ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နှင့် တခြားသူ နှစ်ဦးတို့သည် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ၏ မြောက်ကိုရီးယား ခရီးစဉ်၊ ဥမင်လိုဏ်ခေါင်း စီမံကိန်း စသည့် လျှို့ဝှက်ချက်များ ပေါက်ကြားမှု ဖြင့် သေဒဏ်နှင့် တသက်တကျွန်း ထောင်ဒဏ်များကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ချမှတ်ခဲ့သည်။

ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်သည် ယခင်က အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့ဖူးသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စစ်တပ်အရာရှိ ၂၀၀ ခန့်သည် စစ်တပ်ကို စွန့်ခွာခဲ့ကြကြောင်း၊ စွန့်ခွာရသည့် အကြောင်း အရင်းများမှာ လစာ နည်းပါးခြင်း၊ တင်းမာလွန်းသည့် ဗျူရိုကရေစီ စနစ် ဆန်လွန်းခြင်း၊ ထိပ်ပိုင်း ခေါင်းဆောင် များနှင့် နီးစပ်မှု နည်းပါးခြင်းတို့ ဖြစ်ကြသည်ဟု စစ်တပ်အသိုင်းအဝိုင်းက ပြောသည်။

နိုင်ငံတကာ မီဒီယာအသိုင်းအဝိုင်းမှ စစ်အစိုးရ၏ နျူကလီးယား၊ ဥမင်လိုဏ်ခေါင်း၊ ဒုံးကျည်စီမံကိန်းများကို အကျယ်တဝင့် ထုတ်ဖော်ပြောကြားနေချိန် စစ်အစိုးရ ချုပ်ကိုင်ထားသော ရုပ်သံလိုင်းများတွင် ယင်းကိစ္စများနှင့် ပတ်သက်သည့် မည်သည့် အကြောင်းကိုမျှ ပြောဆိုခြင်း မပြုပေ။

ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) နှင့် အယ်လ်ဂျာဇီးယား သတင်းဌာနများက အသုံးပြုခဲ့သည့် ဗီဒီယို မှတ်တမ်းများ ကြောင့် ဒုံးပျံ အင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်း၏ အမည်သည် မြန်မာ စစ်တပ် အရာရှိများအကြား ပျံ့နှံ့သွားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူများက ပြောသည်။


အလုပ်ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုများရှိ

မျိုးဝင်းဇော် / ၁၀ ဇွန် ၂၀၁၀

သီရိမင်္ဂလာဈေး၊ သိမ်ကြီးဈေး၊ ယုဇန ပလာဇာ စသည့် ဈေးတို့တွင် ဆိုင်အကူ အလုပ်ပေးမည်ဟု လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာလုပ်ငန်း၌ သွတ်သွင်းမှုများ ရှိနေကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရသည်။

မကြာသေးခင်ကမှ ရန်ကုန် သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ် အင်ပါယာ နိုက်ကလပ်တွင် ပြည့်တန်ဆာအဖြစ် သွတ်သွင်း လုပ်ကိုင်ခံရသူ အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတဦးက “ကျမက အိမ်ထောင်ပျက်ထားတဲ့ ကလေးတယောက် အမေပါ။ မြောက်ဥက္ကလာမှာ နေပါတယ်။ အရင်က အထည်ချုပ်စက်ရုံတခုမှာ လုပ်ဖူးပေမယ့် နောက်ပိုင်း အလုပ်က အဖြုတ်ခံရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပွဲစားတယောက်ကတဆင့် အိမ်ကို အမျိုးသမီးကြီးတယောက်လာတယ်။ သီရိမင်္ဂလာဈေးမှာ အလုပ်ရမယ်၊ ဆိုင်အကူ၊ ညအိပ်ညနေ သူ့အိမ်မှာ လိုက်နေရမယ်၊ အိမ်ကို ကြိုတင်ငွေလည်း ပေးခဲ့မယ် ဆိုတာနဲ့ လုပ်ဖို့ လက်ခံလိုက်တာ။

အိမ်ကို သူက ကြိုတင်ငွေ (၂) သောင်းပေးခဲ့တယ်။ နောက် စမ်းချောင်းက သူငှားထားတဲ့ တိုက်ခန်းရောက်မှ ကျမလို မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်နေကြတာ တွေ့ရတယ်။ သူတို့ အဓိက အလုပ်ဆင်းတာ သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ်က အင်ပါယာ နိုက်ကလပ်မှာ၊ ပြည့်တန်ဆာထိန်း အဲဒီ အမျိုးသမီးကတော့ ပြောပါတယ်။ မလုပ်ချင်ရင် ပြန်သွားလို့ရတယ်တဲ့။ ဒါပေမယ့် သူပေးခဲ့တဲ့ ငွေ (၂) သောင်း၊ လူရှာပေးတဲ့ ပွဲစား (၂) ယောက်ကို ပေးခဲ့တဲ့ ငွေ (၃) သောင်း စုစုပေါင်း (၅) သောင်းတော့ ပြန်ဆပ်ပေးရမယ်လို့ ပြောတယ်။ ဒါနဲ့ ကျမလည်း ငွေပြန်ဆပ်ရ ခက်ခဲတာနဲ့ သူပြောသလိုပဲ လုပ်လိုက်တော့တယ်” ဟု ပြောသည်။

အဆိုပါ နိုက်ကလပ်တွင် အလုပ်လုပ်နေသူ ပြည့်တန်ဆာ အများစုသည် ဈေးရောင်း၊ ဆိုင်အကူ အလုပ်ရမည်ဆိုပြီး သိမ်းသွင်းခံခဲ့ရသူများဖြစ်ပြီး ဆင်းရဲလွန်းသဖြင့် မငြင်းသာတော့ဘဲ ပြည့်တန်ဆာများ ဖြစ်သွားကြကြောင်း၊ မလုပ်နိုင်သဖြင့် ပြန်သွားသူမှာ အလွန်နည်းကြောင်း အဆိုပါ မိန်းကလေးက ပြောသည်။

အဆိုပါ နိုက်ကလပ်မှ ပြည့်တန်ဆာ မိန်းကလေး အများစုသည် အသက် (၂ဝ) အောက်နှင့် (၂ဝ) အထက် ဆင်းရဲသည့် မိန်းကလေးများ ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် အဖော်များနှင့် လိုက်ပါရန် အုပ်ထိန်းသူ အမျိုးသမီးကြီးနှင့် နိုက်ကလပ် ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

မိန်းကလေးတဦးလျှင် တည ခေါ်သွားခ ကျပ် (၁ဝ,ဝဝဝ) မှ (၃ဝ,ဝဝဝ) အထိ ဈေးအမျိုးမျိုးရှိပြီး ငွေကို အဆိုပါ အမျိုးသမီးကြီးက တခါတည်း လက်ခံရယူကြောင်း၊ ပြည့်တန်ဆာ မိန်းကလေးတဦးသည် ဖောက်သည်တဦးထံမှ ငွေကျပ် (၁ဝ,ဝဝဝ) ရရှိပါက (၅,ဝဝဝ) ကို အထိန်းအမျိုးသမီးကြီးကယူပြီး နိုက်ကလပ်ဝန်ထမ်းကို ကျပ် (၁,ဝဝဝ) ခန့် ပေးရကြောင်း သိရသည်။

အဆိုပါ နိုက်ကလပ်နည်းတူ သိမ်ကြီးဈေး စီရုံအပေါ်ထပ်မှ နိုက်ကလပ်၊ မင်္ဂလာဈေးဝင်း မင်္ဂလာမွန်ဈေး အပေါ်ထပ်မှ ဂျေဂျေနှင့် နိုက်ကလပ်များ၊ ကာရာအိုကေ ခန်းများ၊ တာမွေ မှ ဒီဂျေ ကလပ်များသည်လည်း ပြည့်တန်ဆာများဖြင့် စည်ကားရာ ဈေးတန်းသဖွယ် ဖြစ်နေသည့်အပြင် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ အနော်ရထာလမ်းပေါ်မှ လသာ ကုန်ဈေးတန်းလမ်းထိပ် ညလုံးပေါက်ဖွင့် လက်ဖက်ရည်ဆိုင်တို့သည်လည်း ပြည့်တန်ဆာ ဈေးကွက်များ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောက်ခြေ လူတန်းစား ပြည်သူများ ဆင်းရဲတွင်း ပိုနက်လာခြင်း၊ ရဲနှင့် အာဏာပိုင် အဖွဲ့အစည်းများ အကျင့်ပျက် လာဘ်စားခြင်း၊ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများ အာဏာပိုင်တို့၏ အကာအကွယ်ယူပြီး နိုက်ကလပ်နှင့် ကာရာအိုကေ ဘားများကို စီးပွားဖြစ် ပိုမို ဖွင့်လှစ်လာကြခြင်းတို့သည် ပြည့်တန်ဆာ ပေါများလာစေခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။


တစညနှင့် ကြံ့ဖွံ့ ကချင်ပြည်နယ်တွင် အမတ်လောင်းရှာ

လင်းနိုင်ဦး / ၀၉ ဇွန် ၂၀၁၀

ကချင်နိုင်ငံရေးပါတီများ စည်းရုံးခွင့် မရှိနိုင်သေးသည့် ကချင်ပြည်နယ်တွင် တစညပါတီနှင့် ကြံ့ဖွံ့ပါတီတို့က ရွေးကောက်ပွဲဝင်မည့် အမတ်လောင်း ရှာဖွေစည်းရုံးမှုများ လုပ်နေကြောင်း မြစ်ကြီးနားမြို့နေ ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။


၎င်းက “လက်ရှိ ကချင်ပြည်နယ်ထဲမှာ တစညရော ကြံ့ဖွံ့တို့ကပါ လူထု စည်းရုံးရေးထက် အမတ်လောင်း ရှာဖွေ စည်းရုံးရေးကို ပိုပြီး လုပ်နေကြတယ်။ ဒေသခံတွေက မဲပေး ရွေးချယ်နိုင်လောက်တဲ့ ကချင်လူမျိုး၊ ရှမ်းလူမျိုး သြဇာရှိသူတွေထံ ချဉ်းကပ်ပြီး သူတို့ပါတီတွေရဲ့ အမတ်လောင်းလုပ်ဖို့ စည်းရုံးကြတယ်။ နဂိုကတော့ ဒေသခံ ခေါင်းဆောင်တွေဟာ ကချင်ပါတီတွေမှာ ပါဝင်ဖို့၊ ကချင်ပါတီတခုခုရဲ့ အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ အားခဲထားကြတာ။ ဒါပေမယ့် စစ်အစိုးရက ကချင်ပါတီတွေကို ပါတီထူထောင်ခွင့်တောင် မပေးသေးတဲ့အောက်မှာ စိတ်ပျက်လာကြတယ်။ တချို့ ဒေသခေါင်းဆောင်တွေကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူထုကိုကိုယ် ဖြစ်တဲ့နည်းနဲ့ အကာအကွယ်ပေးရမယ်လို့ စဉ်းစားပြီး တစညနဲ့ ကြံ့ဖွံ့ပါတီက အမတ်လောင်းလုပ်ဖို့ ကမ်းလှမ်းတာကို လက်ခံလိုက်ကြတာတွေ ရှိလာတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အစိုးရ၏ လက်ကိုင်တုတ် ကြံ့ဖွံ့ပါတီမှာ နာမည်ပျက်နေပြီး အမတ်လောင်းစည်းရုံးရာတွင် တစည ပါတီက အသာစီးရနေကြောင်း၊ ကချင်ပြည်နယ် ဒေသခံများကလည်း ပါတီထက် လူပုဂ္ဂိုလ်ကိုကြည့်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်မည့် အနေအထား ရှိနေခြင်းကြောင့် အဆိုပါ ပါတီ (၂) ခု ယခုကဲ့သို့ အမတ်လောင်းရှာနေရခြင်းဖြစ်ကြောင်း ကချင်တိုင်းရင်းသားခေါင်းဆောင်က ပြောသည်။

ယခင် အန်ဒီအေ အဖွဲ့တွင် ခေါင်းဆောင်တာဝန်ယူခဲ့ပြီး ယခုအခါ ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ထူထောင်ရာတွင် ပါဝင်သူတဦးက “ကျနော်တို့ပါတီ နေပြည်တော်မှာ ဧပြီ (၃ဝ) ကတည်းက ပါတီတည်ထောင်ခွင့် သွားလျှောက်ထားတယ်။ အခု ဇွန် (၈) ရက်အထိ ဘာမှ အကြောင်းပြန်တာ မရှိသေးဘူး။ ပါတီ တည်ထောင်ခွင့်တောင် မရတော့ ဘာစည်းရုံးရေးမှလည်း မလုပ်နိုင်သေးဘူး” ဟု ပြောသည်။

ကေအိုင်အို၊ အန်ဒီအေနှင့် ကချင်အတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ သည်လည်း ဧပြီ (၅) ရက်နေ့ကတည်းက ပါတီတည်ထောင်ခွင့် လျှောက်ထားသော်လည်း ပါတီတည်ထောင်ခွင့် မရရှိသေးပေ။

အဆိုပါ ပါတီသည် ရွေးကောက်ပွဲကော်မရှင် မဖွဲ့ခင်ကတည်းက ကချင်ပြည်နယ်အတွင်း မြို့နယ်၊ ကျေးရွာ အတော်များများကို စည်းရုံးရေးဆင်းခဲ့ပြီး ပြည်သူလူထု ထောက်ခံမှု ရရှိထားသည့် ပါတီဖြစ်သည်။

ဒေသခံ ကချင်ခေါင်းဆောင် အတော်များများကလည်း အဆိုပါ ပါတီတွင် ပါဝင်ပူးပေါင်းကြရန် အားခဲထားကြသော်လည်း ကချင်ပါတီများ တည်ထောင်ခွင့်မရသေးသည့်အတွက် တစညနှင့် ကြံ့ဖွံ့ပါတီ အခွင့်အရေး ပိုရသွားသကဲ့သို့ ဖြစ်နေသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီကြီးတခုမှ ခေါင်းဆောင်တဦးက “ဒီ ပြည်မကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ၊ မင်းကိုနိုင်တို့ အပါအဝင် နိုင်ငံရေးသမား အတော်များများ ပါဝင်ခွင့် မရကြဘူး။ ကချင်ပြည်နယ်လို နေရာမျိုးမှာလည်း ကချင်တိုင်းရင်းသားတွေ ပါဝင်ခွင့် မရဘူးဆိုရင် ဒီ ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတ လွတ်လပ်တယ် ဆိုပြီး မပြောနိုင်ပါဘူး” ဟု ဝေဖန်ပြောဆိုသည်။

စစ်အစိုးရက ရွေးကောက်ပွဲရက်ကို ယခုတိုင်ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ ယခုအခါ ၂၀၁၀ နှစ်ဝက်ကျိုးလာပြီ ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် ပါတီအဖွဲ့အစည်းများအတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အချိန်လုံလောက်စွာ ရရှိလိမ့်မည်ဟု မထင်ကြောင်း ပြည်တွင်းမှ နိုင်ငံရေးအကဲခတ်တဦးက ပြောကြားသည်။

မြန်မာ မိန်းကလေး ၃ ဦးကို ကယ်တင်

သန်းထိုက်ဦး Thursday, June 10, 2010

ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှား နယ်စပ် စွန်ခလာမြို့၌ ရောင်းစား ခံရပြီး လိင်ဖျော်ဖြေရေး အလုပ် လုပ်နေသည့် အသက် မပြည့်သေးသော မြန်မာ မိန်းကလေး ၃ ဦးကို ယမန်နေ့တွင် ထိုင်း လူဝင်မှု ကြီးကြပ်ရေး (လ၀က) အဖွဲ့က ဖမ်းဆီး ကယ်တင် ခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

ယခု ဖမ်းဆီးခံရသော မိန်းကလေးများသည် အသက် ၁၆ နှစ်မှ ၁၇ နှစ် အရွယ်ရှိသူများ ဖြစ်ကြောင်း MCOT.NET ၀က်ဘ်ဆိုက် တွင် ယမန်နေ့က ထိုင်း ဘာသာဖြင့် ဖော်ပြထားသည်။

အာဏာပိုင်များက လိင် ပျော်ပါးလိုသူများ ဟန်ဆောင်၍ ၎င်းတို့ကို သွားရောက် ကယ်တင်ခဲ့ပြီး လုပ်ငန်း ပိုင်ရှင်ကိုလည်း ဖမ်းဆီးခဲ့ ကြောင်း သတင်း၌ ရေးသားထားသည်။ ထို မိန်းကလေး ၃ ဦးကိုလည်း စစ်ဆေး မေးမြန်းပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ပါရှိသည်။

လွန်ခဲ့သည့် ဧပြီလ၂၈ ရက်ကလည်း ရနောင်းမြို့တွင် လိင်ဖျော်ဖြေရေး အလုပ်လုပ်နေသည့် မြန်မာ မိန်းကလေး ၃၉ ဦးကို ထိုင်း လ၀က နှင့် စစ်တပ်ပူးပေါင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ယင်းသို့ ဖမ်းဆီးမှုများ ယခင်က မကြာခဏ ဖြစ်ပွားလေ့ရှိ သော်လည်း ပြန်လွတ် လာသူများမှာ နဂိုအလုပ်ကိုပင် ဆက်လက် လုပ်ကိုင်နေကြသည်ဟု ရနောင်းမြို့ဒေသခံများက ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နား လည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ် ရေးထိုးကြကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ခရိုင်၊ မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်များကို အစိုးရ အရာရှိများဖြင့် ဖွဲ့စည်း

Narinjara News

ရခိုင်ပြည်နယ်တွင် ခရိုင်နှင့် မြို့နယ် အဆင့် ရွှေးကောက်ပွဲ ကော်မရှင်များကို ဖွဲ့စည်းနေရာတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော အစိုးရ အရာရှိ များကို အခြေခံကာ ဖွဲ့စည်းနေကြောင်း သတင်း ရရှိသည်။


အစိုးရ ၀န်ထမ်း တဦးက “ အခု ရခိုင်ပြည်နယ်မှာ ဖွဲ့စည်ထားတဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် ရွှေးကောက်ပွဲ ကော်မရှင်မှာ လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ အစိုးရ ၀န်ထမ်းတွေ တော်တော်များများ ပါဝင်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ ကော်မရှင် အတွင်း ရေးမှူး နေရာတွေကို လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးတွေက နေရာယုထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ခရိုင်နှင့် မြို့နယ်တွင် ကော်မရှင် ဥက္ကဌများကို အစိုးရ ၀န်ထမ်းဟောင်းများဖြင့် ခန့်အပ်ထားသော်လည်း အများစုမှာ နအဖ စစ်အစိုးရနှင့် နီးစပ်သူ (သို့မဟုတ်) လိုလားသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရိုင်နှင့် မြို့နယ်အဆင့် ရွှေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမူနှင့် ပတ်သက်ပြီး မောင်တောမြို့မှ အစိုးရ အရာရှိ တဦးကို မေးကြည့်ရာ သူက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“မောင်တောမြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်ကို များမကြာမှီက ဖွဲ့စည်းတဲ့ နေရာမှာ ရှေ့နေ ဦးအောင်ကျော်ညွန့်ကို ကော်မရှင် ဥက္ကဌဆိုပီး ခန့်အပ် ပါတယ်။ အတွင်းရေးမှူးနေရာကိုကျတော့ လက်ရှိ အစိုးရ ၀န်ထမ်း တဦးဖြစ်တဲ့ ဒု ဦးစီးအရာရှိ ဦးလှရွှေကို ခန့်အပ်ပါတယ်။ နောက်ပီး လက်ရှိ အစိုးရ ၀န်ထမ်းတဦး ဖြစ်တဲ့ မြို့နယ် လ၀က ဦးစီးမှူး စန်းဝင်းကို ခန့်အပ် ပါတယ်။ ကျန်တဲ့ လူတွေလည်း အစိုးရ ၀န်ထမ်းတွေ များပါတယ်။”

မောင်တောမြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်တွင် နောက်ထပ် ခန့်အပ်ခံရသူများမှာ ဦးမောင်ကျော်စိန်၊ ဦးမောင်သန်းအေး၊ ဦးမောင်ဦးကျော်၊ သွားဆရာဝန် တဦးနှင့် တခြား ပုဂ္ဂိုလ် တချို့တို့ ပါဝင်ပြီး အများစုမှာ အစိုးရ အငြိမ်းစားများ ဖြစ်ကြသည်။

၎င်းပြင်သူက “ ခရိုင်မှာ ဆိုရင်လည်း စစ်အစိုးရနဲ့ နီးစပ်တဲ့ ဘဏ်မန်နေဂျာ အငြိမ်းစား ဦးသာသာမောင်ကို ခန့်အပ်ပါတယ်။ အတွင်းရေးမှူးကတော့ ခရိုင်ထွေအုပ်လို့ ခေါ်တဲ့ အထွေထွေ ဦးစီးမှူး ဖြစ်ပါတယ်။ ခရိုင်လ၀က ဦးစီးမှူးနဲ့ တခြား အစိုးရ ဆရာဝန်ကြီး တဦးတို့လည်း အဖွဲ့ဝင် အဖြစ် ပါဝင်တာကို တွေ့ရပါတယ်” ဟု ပြောသည်။

ကျေးရွာ ကော်မရှင် အဆင့်တွင် ကျေးရွာ ရယက ဥက္ကဌအား ကော်မရှင် ဥက္ကဌ နေရာအား ပေးမထားသော်လည်း ရပ်ရွာထဲမှ အစိုးရ လိုလာသူ တဦးကို ဥက္ကဌ အဖြစ် ခန့်အပ်ပြီး ရယက စာရေးကို အတွင်းရေးမှူး နေရာကို ပေးကာ ကျန်ရယက အဖွဲ့ဝင် တဦးကို ကော်မရှင် အဖွဲ့ဝင် အဖြစ် ထားသည်ဟု သိရသည်။

ယခုကော်မရှင် ဖွဲ့စည်းမူကို ရခိုင်ပြည်နယ် မြို့နယ်တိုင်းတွင် ဖွဲ့စည်းနေပြီး သက်ဆိုင်ရာ မြို့နယ် အဆင့်နှင့် ကျေးရွာ အဆင့် ကော်မရှင်များကို အစိုးရ အရာရှိများက တိုက်ရိုက်ကိုင်တွယ် ဖွဲ့စည်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဘိန်းတိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်း နအဖ အကောင်အထည်မဖေါ်နိုင်သေး

သျှမ်းသံတော်ဆင့်

မြန်မာ နိုင်ငံ အ၀ှမ်း ဘိန်း စိုက်ပျိုးမှု ကင်းစင်ရေး ၁၅ နှစ် စီမံကိန်း စစ်အုပ်စု လျာထား သော်လည်း လက်တွေ့ အကောင် အထည် ဖေါ်နိုင်ခြင်း မရှိသေးကြောင်း သျှမ်းပြည် မူးယစ် စောင့်ကြည့် ရေးအဖွဲ့က ပြောဆို လိုက်ပါသည်။

ဘိန်းစိုက်ပျိုးမှု ကင်းစင်ရေး/တိုက်ဖျက်ရေးအတွက် စစ်အုပ်စု လျာထားတာက ၅၁ မြို့နယ်၊ လက်တွေ့တိုက်ဖျက်နိုင် တာက ၁၀ မြို့နယ်ဘဲ၊ အဲဒီ ၁၀ မြို့နယ်ထဲက ၉ မြို့နယ်က နအဖ ထိန်းချုပ်တဲ့နယ်မြေမဟုတ်ဘူး၊ အပစ် ရပ်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ချက်ကြောင့်”- ဟု သျှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်း ကပြောပါသည်။

၁၉၉၉ - ၂၀၁၄ အထိ ၅၁ မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ကင်းစင်ရမည်ဟု နအဖ ကြွေးကြော်ထားသော်လည်း ယခုနှစ် အထိ အောင်မြင်ခြင်းမရှိ၊ စာရင်းမပါသည့် ၂၃ မြို့နယ်အတွင်း၌ ပို၍ပင် စိုက်ပျိုးလာသည်ဟု မြန်မာနိုင်ငံ တ၀ှမ်းသို့ ဘိန်းစိုက်ပျိုးမှုအခြေအနေ သွားရောက်လေ့လာသည့် အမည်မဖေါ်လိုသူ သျှမ်းပြည်မူးယစ်စောင့် ကြည့် လေ့လာသူတဦးက ဤကဲ့သို့ဆက်၍ပြောပြပါသည်။

“တိုက်ဖျက်ပြီးသား ၁၀ မြို့နယ်ဆိုတာက ၀ ထိန်းချုပ်နယ်မြေ ၆ မြို့နယ်၊ မိုင်းလား ၁ မြို့နယ်၊ ကိုးကန့် ၂ မြို့ နယ်လေ။ နောက်တနယ်က မူစယ်မြို့နယ်က ပန်ဆိုင်းမြို့နယ်ခွဲဘဲ၊ အဲဒီတခုဘဲ နအဖ ထိန်းချုပ် နယ်မြေက”

ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်းလက်ထက် ၂၀၀၃ က ကိုးကန့်ဒေသ၌လည်းကောင်း၊ UWSA ၀ထိန်းချုပ် နယ်မြေ က ၂၀၀၅ ခုနှစ်က လည်းကောင်း၊ ဦးစိုင်းလင်းခေါင်းဆောင်သည့် မိုင်းလား အထူးဒေသ ၄ က ၁၉၉၇ ကလည်း ကောင်း မူးယစ်ကင်းစင်ကြောင်း အသီးသီး ကြေ ငြာခဲ့သည်။

“ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်မယ်လို့ ပြောနေပေမယ့် လက်တွေ့မှာ နအဖ မလုပ်နိုင်တာက အကြောင်းရင်း နှစ်ချက်ရှိ တယ်။ ပထမအချက်က ဗမာ့တပ်မတော်က သူ့လူတွေကို လောက်ငှအောင် မကျွေးနိုင်ဘူး။ ဆိုတော့ အောက်ခြေတပ်ရင်း တွေဝင်ငွေရအောင်၊ ပြည်သူလူထုဆီက အထောက်အပံ့ရအောင်ဆိုပြီး ဘိန်းခြံတွေကိုလွှတ် ထားတယ်။နောက်တခုက တော့ အဲဒီ ဘိန်း/မူးယစ်ဆေးဝါးကို နိုင်ငံရေးလက်နက်တခုအဖြစ် အသုံးချနေလို့ပါဘဲ”- ဟု ဦးခွန်စိုင်းက ပြောပါသည်။

နအဖ၏ နိုင်ငံရေးရပ်တည်ချက်အတိုင်း ခေါင်းငြိမ့်လက်ခံမည်ဆိုပါက မည်သူမဆို မူးယစ်ဆေးဝါးလွတ်လပ်စွာ ထုတ်လုပ် ရောင်းဝယ်နိုင်ကြောင်း၊ နအဖ ကျောထောက်နောက်ခံပြုသည့် လက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ကို လေ့လာကြည့်လျှင် အခြေအနေ အားလုံးသုံးသပ်နိုင်ကြောင်း ဦးခွန်စိုင်းက ဆက်၍ပြောပါသည်။

“အရင်တုန်းက ခွန်ဆာဦးဆောင်တဲ့ မုန်တိုင်းတပ်မတော်ကိုကြည့်လေ၊ နိုင်ငံရေးအရ န၀တ/နအဖ ကို ဆန့်ကျင် မှု မလုပ်ခင်တုန်းကဆို ကြိုက်သလောက်မူးယစ်ရောင်းဝယ်ဖေါက်ကားလို့ရတယ်၊ သျှမ်းပြည်လွတ် လပ်ရေးလဲ ကြေငြာရော ဘယ်သူဘဲမူးယစ်ဆေးရောင်းဝယ်ရောင်းဝယ် ခွန်ဆာ့ကိုဘဲ လက်ညိုးထိုးတယ်။ အခု ၀ အခြေ အနေလဲ အဲဒီလိုဘဲ၊ ရောင်းဝယ်ဖေါက်ကားလိုရင် ပြည်သူ့စစ်တွေကို ပြန်ငှါးရတယ်။ ပြည်သူ့စစ်တွေထံ အခွန် ဆောင်ရ တယ်”


လက်ရှိ သျှမ်းပြည်အခြေအနေ လေ့လာကြည့်မည်ဆိုပါက နအဖ ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့ စစ် နယ်မြေ များအတွင်း၌ ဘိန်းပိုမိုစိုက်ပျိုးလာကြောင်း၊ အပစ်ရပ် ၉ မြို့နယ်မပါသော သျှမ်းပြည် ၄၅ မြို့နယ် အနက် ပင်းတယ နှင့် ရွာငံသာ ဘိန်းစိုက်ပျိုးမှုကင်းစင်သည်ဟု သတ်မှတ်နိုင်ကြောင်း - ပြောပါသည်။

“ဓနုနယ်ဖြစ်တဲ့ ပင်းတယ နဲ့ ရွာငံနှစ်မြို့နယ်ထဲကတောင်မှ ဒီ ၁ နှစ် ၂ နှစ်အတွင်း ဘိန်းစိုက်လာတယ်လို့သတင်းတပုဒ်မှာ ဖေါ်ပြထားတယ်။ ဘယ်နေရာစိုက်လဲဆိုတာ အတိအကျမသိလို့ အတည်မပြုနိုင်သေးတာ” ဟု ဦးခွန်စိုင်း ကပြောပါသည်။

ထိုင်းနယ်စပ်ရောက် ဘိန်းခြံလုပ်ကိုင်ဖူးသူတဦးက - မိသားစုဖူလုံရေးအတွက်သာ ဆိုပါက ဘိန်းခြံမလုပ်လည်း တာဝန်ယူနိုင်ကြောင်း၊ ကနေ့ အခြေအနေအရ ခြံမြေပေါက်ပြား ၄ ချက် ပေါက်လျှင် - ပထမတချက် နအဖ စစ်တပ် အတွက်၊ ဒုတိယ အချက် ပြည်သူ့စစ်တပ်အဖွဲ့နှင့်အခြားသောလက်နက်ကိုင်တပ်ဖွဲ့များအတွက်၊ တတိယ အချက် လူမှုပတ်ဝန်းကျင် သေရေးရှင်ရေးနှင့် အလှူအဒါန်းအတွက်ပေးရပြီး နောက်ဆုံးအချက်မှသာ မိမိဝမ်းစာ အတွက်ဖြစ် ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀-၄၀ က အလုပ်တစ်လလုပ်လျှင်တနှစ်လုံးထိုင်စားနိုင် ကြောင်း၊ ယခုတွင်မူတနှစ်ပတ် လုံး အလုပ်လုပ်သော်လည်း တစ်လစာအတွက်ဝမ်းမ၀သောကြောင့် ထိုင်းနယ် စပ်သို့ ထွက်ပြေးခိုလှုံလာရခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

“အဲဒီအခြေအနေကြောင့်ပြည်သူတွေ ဘိန်းခြံလုပ်ခြင်းဖြစ်တယ်။ ကျေးသီးက နအဖ တပ်မှူးတယောက်ဆို ဘိန်းမ စိုက်တဲ့သူ လူအဘဲ၊ အပေးအယူနဲ့လုပ်ကြတာပေါ့ လို့တောင် ပြောဖူးတယ်။” - ဟု ဦးခွန်စိုင်းက အတည်ပြု ပြောဆို၏။

၁၅ နှစ် စီမံကိန်းဖြင့် ဘိန်းစိုက်ပျိုးမှုပပျောက်ရန် စစ်အစိုးရ လျာထားသည့်မြို့နယ်များမှာ သျှမ်း ၄၃ မြို့နယ်၊ ကချင် ၄ မြို့နယ်၊ ကယား(ကရင်နီ) ၂ မြို့နယ်၊ ချင်း ၂ မြို့နယ် - စုစုပေါင်း ၅၅ မြို့နယ်၊ တိုက်ဖျက်သည့်စာရင်း၌ မပါဘဲ ဘိန်းခြံလုပ်နေသည်မှာ - သျှမ်း ၁၄ မြို့နယ်၊ ကချင် ၅ မြို့နယ်၊ ကယား ၁ မြို့နယ်၊ ချင်း ၂ မြို့နယ် နှင့် စစ် ကိုင်းတိုင်း ၁ မြို့နယ်(ကလေးမြို့) - စုစုပေါင်း ၂၃ မြို့နယ် ဟု ဆို၏။ အသေးစိတ်အချက် အလက်များအား ဂျွန် ၂၆ ရက်ကမ္ဘာ့မူးယစ် တိုက်ဖျက်ရေးနေ့၌ သျှမ်းပြည်မူးယစ်စောင့်ကြည့်လေလာသည့် အဖွဲ့အနေဖြင့် အစီရင် ခံစာထုတ်ပြန်မည်ဟု ဦးခွန်စိုင်းက ပြောပါသည်။

ALP တွင် လက်နက်ချသွားသူ စစ်သား ၆ ဦးကို ရှင်းပစ်ရန် ထောက်လှမ်းရေးများကို ဘင်္ဂလာဒေခ်ျ့သို့ စေလွတ်ထား

မောင်အေး

ရခိုင်ပြည် လွှတ်မြှောက်ရေး ပါတီ ALP တွင် လက်နက်ချ သွားသော စစ်သား ၆ ဦးကို ရှင်းပစ် ရန်အတွက် အရပ်ဝတ် ထောက်လှမ်းရေး များကို စေလွှတ် ထားကြောင်း အမည် မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

“သူတို့က စစ်ရေး အရ အရေးယူနိုင်အောင် အိန္ဒိယ နယ်မြေထဲထိ ၀င်ရောက်လူပ်ရှားမူတွေ အများကြီး လုပ်ခဲ့တယ်။ ALP ဌာနချုပ်ကို သူတို့ စီးနှင်း တိုက်ခိုက်ဖို့ထိ သူတို့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် စစ်ရေးအရ ၀င်းရှင်းဖို့ မလွယ်ကူတဲ့ အတွက် အခုအခါ ထောက်လှမ်းရေးတွေကို အရပ်ဝတ်နဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံထဲကို စေလွတ်ထားတာ ဖြစ်တယ်။”

နအဖ စစ်တပ်သည် အဆိုပါ စစ်သား ၆ ဦး လက်နက် အမြောက်အမြားဖြင့် ALP ထံ လက်နက် ချသွားပြီးနောက် အိန္ဒိယ နိုင်ငံထဲရှိ ရခိုင်ကျေးရွာ အများအပြားကို ညဥ့်အချိန်တွင် ၀င်ရောက် စီးနှင်းမူများ ပြုလုပ်ခဲ့သည်။ ၎င်းအပြင် အိန္ဒိယ နိုင်ငံထဲထိ ၀င်ရောက်ပြီး ကင်းပုန်းဝပ်ကာ စစ်ရေးအရ လက်စားချေ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။

သို့အတွက် အိန္ဒိယ နိုင်ငံထဲရှိ တက်ပုတ်ချေ၊ ကာကီရွာနှင့် ရွာသစ်ကျေးရွာများတွင်နေထိုင်နေသော ရခိုင် ကျေးရွာသားများမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရသည်။

အဆိုပါ စစ်ရေးအရ ဆောင်ရွက်မူ မအောင်မြင် သဖြင့် နောက်ပိုင်းတွင် ယခုကဲ့သို့ ထောက်လှမ်းရေများကို အရပ်ဝတ်ဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံထဲသို့ စေလွှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံသား တဦးက “ သိပ်တော့ မလွယ်ဘူးထင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ သတင်းပေးတွေ၊ ထောက်လှမ်းရေးတွေက ကော့ဘဇားထိတောင် ရှိနေတယ်ဆိုတော့ သူတို့ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ ဘင်္ဂလာဒေခ်ျ့ဘက်ကို ၀င်ရောက်ပီး အဲဒီ စစ်သားတွေ ဘင်္ဂလာနိုင်ငံထဲကို ရောက်မရောက် စုံစမ်းနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ လက်နက်နဲ့ ၀င်းရှင်းဖို့ဆိုတာကတော့ သိပ်မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်သား ၆ ဦးသည် စစ်တွေ အခြေစိုက် ခမရ ၂၃၂ တပ်ရင်းမှ ဖြစ်ပြီး အိန္ဒိယ- မြန်မာ နယ်စပ်တွင် တာဝန် ကျနေစဉ် မေလ ၁၆ ရက်နေ့က မြိတ်ဝ စခန်းမှ စခန်းမှူး ဗိုလ်ကြီး ထက်အောင်ထွန်းကို ပစ်သတ်ပြီး လက်နက်မျိုးစုံ ၁၁ လက် အပါအ၀င် တခြား ခဲယမ်း မီးကျောက် အများအပြားနှင့် အတူ ALP ထံ လက်နက်ချ ပူးပေါင်းခဲ့သည်။

သူတို့ လက်နက်ချသွားသဖြင့် ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ကျော်မိုးဟိန်းမှာ အရေးယူ အပြစ်ပေးခံထားရကြောင်း သိရသည်။


ဟုမ္မလင်းနယ် ရွှေလုပ်ငန်းများ တွက်ခြေမကိုက်လှ

သျှမ်းသံတော်ဆင့်



စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ဥရုချောင်းရိုးတစ်လျှောက် ရွှေလုပ်ငန်းများတွင် ယခုအခါ ရွှေအထွက်နှုန်း ကျဆင်းလာ သောကြောင့် လုပ်ငန်းရှင်အချို့ အရှုံးပေါ်၍ လုပ်ငန်းများ မကြာခဏ ရပ်ဆိုင်းရကြောင်း သိရသည်။

နယ်စပ်ခြင်း ထိစပ်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အတွင်း စီးဆင်းနေ သော ဥရုချောင်းရိုး တစ်လျှောက်တွင် ဟုမ္မလင်းဒေသခံ တိုင်းလျဲန် (သျှမ်းနီ) ရွာသားများက ရွှေလုပ်ငန်း လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယခင်ကထက် ရွှေအထွက်နှုန်း ၄ ဆခန့် ကျဆင်းလာသဖြင့် ရွှေတူးရာတွင် အသုံးပြုသည့် ဒီဇယ်အင်ဂျင် ဆီဈေးနှင့် မကာ မိကြောင်း မကြာသေးခင်က လုပ်ငန်းရပ်နားလိုက်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဥရုချောင်းဘေးတစ်လျှောက်တွေမှာ ရွှေမျောတွေလုပ်ကြတာပေါ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆည်ဇင်းရွာ ဟိုဘက် ဆိုရင် ဟုမ္မလင်းမြို့နယ်ဖြစ်သွားပြီ လုပ်ငန်းရှင်တွေကတော့ ဒေသခံသျှမ်းနီတွေများတယ် အလုပ်သမားတွေတော့ နယ်စုံ ပေါ့” ဟု သူက ပြောသည်။

ဒီဇယ်အင်ဂျင် အမျိုးအစားအလိုက် စက်သုံးဆီကုန်ကျစားရိတ် ကွာခြားမှုရှိပြီး နွေကာလတွင် ရေခန်းခြောက်မှုကြောင့် လုပ်ငန်း ပိုမိုခက်ခဲသည့် အပြင် နအဖအာဏာပိုင် လူကြီးခရီးစဉ်များအတွင်း ရွှေမှော်များ၌ ငွေကြေး ကောက်ခံမှုများ အမြဲမပြတ် ပြုလုပ်ကြောင်း သိရသည်။

“အရင်တုန်းက ၆ လုံးထိုးအင်ဂျင်နဲ့လုပ်တဲ့သူတစ်ဦးက တစ်ရက်ကို အများဆုံးရွှေအချိန် ရွေး ၅၀၀ လောက်ရတယ် အခု က ၁၀၀ ကျော်လောက်ကို အနိုင်နိုင်ပဲ အင်ဂျင်ကတော့ အစားစားရှိတာပေါ့ ၁ လုံးထိုး ၂ လုံးထိုး ၄လုံးထိုး ၆ လုံးထိုး အင်ဂျင်တွေ သုံးကြတယ် ”ဟု သူက ပြောသည်။

၆ လုံးထိုးအင်ဂျင်တစ်လုံးလျှင် တစ်ရက် ဒီဇယ် တစ်ပေပါခန့်ကုန်ကျသဖြင့် ဒေသပေါက်ဈေးဖြင့် ဆီဖိုးငွေ ကျပ် ၃ သိန်းဝန်း ကျင် ကုန်ကျကြောင်း သိရသည်။

တစ်ရက်ကုန်ကျစားရိတ်ဖြင့်တွက်လျှင် ၆ လုံးထိုးအင်ဂျင်ပိုင် လုပ်ငန်းရှင်တစ်ဦးသည် တစ်ရက်အနည်းဆုံး ရွှေရွေး ၅၀ ခန့်ရမှသာ လုပ်ငန်းလည်ပတ်နိုင်ပြီး အင်ဂျင်အသေးသမားများက တစ်ရက်ရွှေရွေး ၂၀ ခန့်ရရှိမှ ကိုက်ကြောင်း သူက ရှင်း ပြသည်။

“ဒီဘက်ကသျှမ်းနီတွေက စိုက်ပျိုးရေးသိပ်မလုပ်ကြဘူး လုပ်ငန်းမကိုက်ဘူးဆိုရင် နေရာအကွက်အကွင်းကျယ်တော့ တစ်နေရာကို ပြောင်းပြီး စမ်းလုပ်ကြတာပေါ့ စက်တွေဘာတွေနဲ့တော့ မဟုတ်ဘူး လက်နဲ့ပဲစမ်းပြီး ရွှေကြောတွေ့တယ် ဆိုရင် ပြန်လုပ်တာပေါ့ ” ဟု သူက ပြောသည်။



တန်ခိုးထက်သည့် ဆရာတော်

မိုက်ကယ် ဂရေးဗားစ်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ အစီအစဉ်ကို လက်မခံရန် ဆုံးဖြတ်လိုက်ခြင်းသည် ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြသည့် ကြည်ညိုဖွယ် ရဟန်းတော်တပါး၏ စွမ်းဆောင်ချက်ဟု အသိအမှတ် ပြုထားကြသည်။

DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ (ခေါ်) ဗိုလ်ချစ်သူက အခန်း ၄၀ ပါ ခေတ်မီ အိမ်သစ်တက်ပွဲ အခမ်းအနား ကို မကြာသေးမီက မြ၀တီမြို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဗိုလ်ချစ်သူသည် မြ၀တီမြို့တွင် နေထိုင် ကာ အကျိုးအမြတ်များစွာရရှိသော နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ထားသူဖြစ်သည်။ မြန်မာစစ်တပ်နှင့် အလွန် နီးစပ်ပြီး ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ကို စစ်အစိုးရက တိုက်ခိုက်သည့် အချိန်တိုင်းတွင် လည်း DKBA က အစိုးရတပ်များကိုယ်စား တိုက်ပေးလေ့ရှိသည်။


သက်တော် ၆၇ နှစ် ရှိပြီဖြစ်သော ဆရာတော် ဦးသုဇနသည် DKBA အဖွဲ့အတွင်း ဗိုလ်ချစ်သူနှင့် တန်းတူ (သို့မဟုတ်) ပို၍ အာဏာရှိသည်ဟူသော အချက်ကို အနောက်နိုင်ငံ အများစုက မသိကြသေးပေ။ မကြာသေးမီက DKBA သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ပယ်ချခဲ့ရာတွင် ဆရာတော်သည် အခရာဖြစ်သည်ဟု ဆိုကြသည်။

တချို့က ဆရာတော် ဦးသုဇနသည် DKBA တွင် သြဇာအာဏာ အရှိဆုံးပုဂ္ဂိုလ်ဟု ဆိုသည်။ DKBA စတင် ဖွဲ့စည်းရာ၌ ဆရာတော် ပါဝင်ခဲ့သည့် အခန်းကဏ္ဍကြောင့် အဖွဲ့အတွင်းရှိ အရာရှိ အရာခံ အကြပ် တပ်သားများ အနေနှင့် ဆရာတော် ၏ ဆုံးဖြတ်ချက်ကို လွန်ဆန်ရန် ခက်ခဲသည်ဟု ဆိုကြသည်။

တပည့်တပန်းများက ဆရာတော်ကို အလွန် ကြည်ညိုကြသည်။ ဆရာတော်၏ ဘာသာရေးနှင့် နိုင်ငံရေးသြဇာ နှစ်ရပ် စလုံးက စစ်အစိုးရနှင့် ပေါင်းကာ နယ်စပ်ကုန်သွယ်ရေးဖြင့် မြိုးမြိုးမြက်မြက် စီးပွားဖြစ်နေသော DKBA အရာရှိများ၏ အာဏာနှင့် တတန်းတည်းဖြစ်ရုံမက တခါတရံ ဆန့်ကျင်ဘက်ပင် ဖြစ်နေတတ်သေးသည်။

ကရင် အများအပြား၏ အမြင်တွင် ဗိုလ်ချစ်သူသည် ရှေးယခင်က ကရင်စစ်ဘုရင်များပုံစံ ပေါက်နေသည်ဟု မြင်ကြ သည်။ ဆရာတော် ဦးသုဇနကိုမူ ကရင်လူမျိုးများအတွက် လိုအပ်နေသည့် ငြိမ်းချမ်းရေး၊ သာယာချမ်းမြေ့မှု နှင့် အနာဂတ် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်သော ဘာသာရေး ခေါင်းဆောင်တဦးအဖြစ် ရှုမြင်ကြသည်။ ကရင် မိရိုးဖလာ ခေါင်းဆောင်မှု၊ အမျိုးသားရေးဝါဒ၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု အပြင် အစဉ်အလာ ဘာသာရေး ခေါင်းဆောင်မှုများ အပေါ်တွင် အခြေခံ၍ ဆရာတော်ကို ထောက်ခံကြခြင်း ဖြစ်သည်။

ခရစ်ယာန် ဘာသာဝင်များ အပါအ၀င် ကရင်လူမျိုးများစွာက ဆရာတော်ကို DKBA နှင့် ကရင် အမျိုးသား အစည်း အရုံး (KNU) အကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး အတွက် ပေါင်းကူးပေးနိုင်သူ တဦးအဖြစ် ရှုမြင်ကြ သည်။ DKBA သည် အဓိကအားဖြင့် ဗုဒ္ဓဘာသာဝင်များပါဝင်ပြီး ကရင်ပြည်နယ်၏ နေရာ အတော်များများကို ထိန်း ချုပ်ထားနိုင်သည်။ KNU တွင်မူ ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများ အဓိကပါဝင်သည်။ KNUအတွင်း ဘာသာရေး မတူညီမှု၊ ခွဲခြားဆက်ဆံမှုနှင့် အခြားကိစ္စရပ်များအပေါ်တွင် ပြင်းပြင်းထန်ထန် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ၁၉၉၄ တွင် DKBA အဖွဲ့ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ကရင်စစ်တပ် နှစ်ခုအကြား မည်သည့်နည်းဖြင့်မဆို ပြန်လည် သင့်မြတ်ပြေလည်ပါက ဒေသအတွင်း အကျိုးအမြတ် ရရှိလိမ့်မည် ဖြစ်သည်။ အထူးသဖြင့် ထိုဒေသအတွင်း ၀င်ရောက် လုပ်ကိုင်နေကြသည့် လူသားချင်း စာနာသော အကူအညီပေး အဖွဲ့များအတွက် အဆမတန် လွယ်ကူသွားစေနိုင်သောကြောင့် နိုင်ငံတွင်း အိုးအိမ်မဲ့ လှည့်လည် နေထိုင်သည့် ဒုက္ခသည်များနှင့် နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များအတွက် အကျိုးရှိလိမ့်မည်ဖြစ်သည်။

ဆရာတော် ဦးသုဇနသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ပိုးကရင်လူမျိုးဖြစ်သည်။ လူငယ် ဘ၀တွင် KNLA ၏ ဆက်သားရဲဘော်အဖြစ် အမှုထမ်းခဲ့ဖူးသည်။ သက်တော် ၂၀ တွင် ရဟန်းဘောင်သို့ ဝင်ခဲ့ပြီး ဒေသအတွင်းရှိ ဘုရား ပုထိုးများ ပြန်လည်ပြုပြင်ရေး ခရီးရှည်ကို စတင်မူခဲ့သည်။ ဆရာတော်၏ ရည်မှန်းချက် ပန်းတိုင်သည် ဗုဒ္ဓဘာသာ တည်တံ့ပြန့်ပွားရေးနှင့် ငြိမ်းချမ်း၍ သာယာဝပြောသော နေရာတခု တည်ဆောက်ရန် ဖြစ်သည်ဟု ဆရာတော်က မိန့်ကြားခဲ့သည်။ နောက်ပိုင်းတွင် ဆရာတော်သည် တောရ လှည့်လည် ဆောက်တည်ခဲ့သည်။ လှည့်လည်ရင်း ကမမောင်းမြို့နှင့် အလှမ်းမဝေးသော သံလွင်မြစ် အရှေ့ဘက်ကမ်းပေါ်ရှိ မြိုင်ကြီးငူ တောင်ကုန်းပေါ်သို့ ရောက်ရှိခဲ့ပြီး ထိုနေရာ၌ ဂမ္ဘီရ ကျင့်ကြံအားထုတ်သော ရသေ့တပါးနှင့် တွေ့ဆုံခဲ့သည်။

ဆရာတော်သည် ထိုတောင်ကုန်းပေါ်ရှိ ဘုရားပျက်အနီး၌ သီတင်းသုံးရန် ဆုံးဖြတ်ခဲ့သည်။ ဒေသခံ ရွာသားများက ဆရာတော်အတွက် ပစ္စည်းလေးပါး ဒါယကာများအဖြစ် ပံ့ပိုးခဲ့သည်။ သို့သော် ဆရာတော်သည် နာမကျန်းဖြစ်ပြီး တီဘီရောဂါကို ခံစားခဲ့ရသည်။ တောင်ကုန်းပေါ်တွင် ဆရာတော်သည် ၄၉ ရက်ကြာ အဓိဋ္ဌာန် တရားစခန်း ၀င်ခဲ့ပြီး နောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး နောက်ပိုင်းတွင် ပထမဦးဆုံး စေတီကို တည်ထားခဲ့သည်။ နှစ်ပေါင်း၂၀ အတွင်း ဆရာတော် ပြန်လည်ပြုပြင်မွမ်းမံခဲ့သော ဘုရားပုထိုးစေတီပေါင်း ၇၀ ကျော်ရှိသည်ဟု သိရ သည်။ အဖြူရောင်စေတီ အဆူ ၅၀ တည်ဆောက်ပြီးပါက ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု ဆရာတော်က နိမိတ်ဖတ် မိန့်ကြားခဲ့သည်။

ဆရာတော်သည် ခြိုးခြံ၍ ကျင့်ကြံနေထိုင်ခြင်းကြောင့် ဆရာတော်ကို ကြည်ညိုသူ တပည့်ဒါယကာ၊ ဒါယိကာမများစွာ ရှိသည့်အပြင် ၁၉၈၂ တွင် သက်သတ်လွတ် ဗုဒ္ဓဘာသာဝင် အသိုင်းအ၀န်းကို တည်ထောင်ခဲ့သူ သာမည ဆရာတော် ၏ သာဝက ရဟန်းတပါးလည်း ဖြစ်လာခဲ့သည်။ ဆရာတော်သည် မြိုင်ကြီးငူ မြို့ဟောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမြို့ ဟောင်းသည် ဘုန်းကြီး ကျောင်းဝင်းကြီး တခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ထိုနေ ရာကို DKBA ၏ ဗဟိုဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။ ထိုဝင်းအတွင်း နေထိုင်သူ နောက်လိုက် တပည့်အားလုံးသည် ဆရာတော်၏ ကိုယ်ကျင့်တရား စည်းကမ်းကို လိုက်နာရသည်။ ထိုစည်းကမ်းများမှာ ငါးပါးသီလကို တင်းတင်း ကျပ် ကျပ် လိုက်နာရမည်၊ အမျက်ဒေါသမထားရ၊ ခိုက်ရန်မဖြစ်ရ၊ နိုင်ငံရေး မပတ်သက်ရ၊ ဘာသာရေးအရ မတူကွဲပြားမှု များ နှင့်ပတ်သက်၍ ဆွေးနွေးခြင်းမပြုရ နှင့် အတင်းအဖျင်း မပြောရဟူ၍ ဖြစ်သည်။

၁၉၇၅ တွင် ဆရာတော် ဦးသုဇနသည် KNU ဘာသာရေး ဦးဆောင်ကော်မတီ၏ ကော်မတီဝင်တဦး ဖြစ်ခဲ့သည်။ ၁၉၈၀ ပြည့် နှစ်လယ်ကာလများ အတောအတွင်း KNU ၌ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဟူ၍ ဘက်နှစ်ဘက် ပေါ်ထွက်ခဲ့ သည်။ ၁၉၈၉ ခုနှစ်တွင် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြက မာနယ်ပလောသို့ မျက်နှာမူထားသော သံလွင် မြစ်နှင့် သောင်ရင်းမြစ်ဆုံ၊ သုမွဲထအရပ်ရှိ တောင်ကုန်းပေါ်၌ ဆရာတော်ကို ဘုရားတည်ခွင့်ပေးခဲ့သည်။ မာနယ် ပလော သည် ထိုအချိန်က KNU ၏ ဌာနချုပ်ဖြစ်သည်။

သို့သော် စစ်နယ်မြေ ဖြစ်သောကြောင့် ဘုရားတည်ဆောက်ခြင်းကို ရပ်တန့်ခဲ့ရသည်။ တချိန်တည်းတွင် KNU မှ တာဝန်ရှိသူတဦးသည် ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးများကို သတ်ဖြတ်ခြင်း၊ အနိုင့်အထက်ပြုခြင်းများ အပါအ၀င် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခြင်း ခံရသည်။

ဘုရားတည်ခြင်းလုပ်ငန်း ရပ်တန့်လိုက်ရသည့် ကိစ္စနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် အငြင်းပွားမှု ဖြစ်ပွားပြီးသည့် နောက် ဆရာတော် ဦးသုဇန၏ နောက်လိုက် ဗုဒ္ဓဘာသာဝင်များအပေါ် မောက်မာစွာဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံခြင်း နှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ရှိခဲ့သည်။

ကရင်လူမျိုး အချင်းချင်း ဖြစ်ကြသည့် ပဋိပက္ခတွင် သိသာသော အချက်တချက် ရှိသည်။ ပိုးကရင်များသည် ဗုဒ္ဓ ဘာ သာဝင် လူအများစုဖြစ်ပြီး ကရင် အသိုင်းအဝိုင်းတွင် အဆင်းရဲဆုံးလည်း ဖြစ်သည်။ ပညာပိုတတ်ပြီး ချမ်းသာသော ကရင်များက ကိုလိုနီခေတ်မှစ၍ သူတို့ အပေါ် ဖိနှိပ်လာသည်ဟု ပိုးကရင်များက ခံစားရသည်။ မာနယ်ပလော ဌာန ချုပ်တွင် ဘုရားတည်ရန်အတွက် ကာလကြာမြင့်စွာကတည်းက တောင်းဆိုထားမှုကို ငြင်းပယ်ခံရခြင်းသည်လည်း ပိုးကရင်များ၏ ခံစားချက်ကို ပို၍ နက်ရှိုင်းစေသည့် ဖြစ်ရပ်များအနက် တခုဖြစ်သည်။

၁၉၉၄ ဒီဇင်ဘာလ နှင့် ၁၉၉၅ တို့တွင် KNLA တပ်ရင်းများမှ အစုလိုက် ခွဲထွက်၍ DKBA ကို စတင် တည်ထောင်ခဲ့ကြ သည်။ DKBAသည် ယခုအချိန်၌ အင်အား ၆၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ KNU မှ ခရစ်ယာန် ဘာသာဝင်အများစု၏ ဦးဆောင်မှုအပေါ် အမြင်မကြည်မလင် ဖြစ်လာသည့် DKBA တပ်ဖွဲ့ဝင်များသည် ခရစ်ယာန်ဘာသာဝင်များ နေထိုင်ရာ နေရာများကို ထိုင်းနိုင်ငံထဲအထိပင် လိုက်လံတိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် စစ်အစိုးရတပ်များနှင့် ပူးပေါင်းခဲ့ပြီး ၁၉၉၅ ၌ KNU ၏ မာနယ်ပလောဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲများ စတင်ချိန်၌ ဆရာတော်သည် ၄၉ လ တရားစခန်း ၀င်မည်ဟုဆိုကာ ထွက်ခွာသွားခဲ့သည်။ နိုင်ငံရေးတွင် ပါဝင်မိသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်တပါး၏ သွေးထွက်သံယိုမှုများမှ ခပ်ခွာခွာနေလိုသော အကျပ်အတည်းကို ပြသလိုက်ခြင်း ဖြစ်သည်ဟု မြင်ကြသည်။

ထိုအချိန်မှစ၍ DKBAသည် KNUကို တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်၏ လက်ကိုင်တုတ်အဖြစ် အသုံးပြုခံခဲ့ရသည်။ နှစ်ဘက်စလုံးက အရပ်သားပြည်သူ ကရင်လူမျိုးများအပေါ် သတ်ဖြတ်မှုများ၊ ရာဇ၀တ်မှုများ ကျူးလွန်သည်ဟု အပြန် အလှန် စွပ်စွဲနေကြဆဲလည်း ဖြစ်သည်။

သို့သော် ထိုကာလများအတွင်း ဆရာတော်နှင့် သူ၏ နောက်လိုက်တပည့်များသည် ပြည်သူလူထု တိုးတက်အောင် တဖြည်းဖြည်း စီမံဆောင်ရွက်နိုင်ခဲ့သည်။ လမ်းဖောက်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ကျန်းမာရေး ဆေးပေးခန်းများ တည်ထောင်ခြင်းနှင့် ရွာသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ အလုပ်သမား များကို သက်သတ်လွတ် အစားအစာဖြင့် ကျွေးမွေးသည်။ DKBA ၏ တပ်သားသစ် စုဆောင်းမှုပုံစံသည် မိမိဆန္ဒ အလျောက် တာဝန်ထမ်းဆောင်လိုသူများကိုသာ လက်ခံသည့် ပုံစံမျိုး အလုံးစုံ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သို့သော် ဆရာတော်ကို ထောက်ခံသူများ၏ အဆိုအရ အလုပ်သမားများကို မြန်မာစစ်တပ်က ပြုမူသကဲ့သို့ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ မရှိဟု သိရသည်။

ဆရာတော်သည် ငြိမ်းချမ်းသော၊ အကြမ်းဖက်တိုက်ခိုက်မှုများ မရှိသော “သာသနာ့ ၀တ္တက” နယ်မြေတခု ဖန်းတီး ထားသည်ဟု ထောက်ခံသူများက ပြောကြသည်။ ထိုနေရာသို့ မြန်မာစစ်တပ်က မ၀င်ရဲပေ။ ဆရာတော်သည် စစ် အစိုးရက ကြိုးကိုင်ထားသော သံဃာ့အဖွဲ့အစည်းက ကပ်လှူသည့် ဘွဲ့တံဆိပ်တော်များကိုလည်း လက်မခံဘဲ ငြင်းပယ် ခဲ့သည်။ ဆရာတော်၏ ခေါင်းဆောင်မှုနှင့် လုပ်နိုင်စွမ်းကို ရည်ညွှန်းကာ ကရင်လူမျိုး ဒါယကာများက ဆရာတော်ကို “အဘိုး သူတော်စင်” ဟု ခေါ်ကြသည်။

ဆရာတော်၏ သြဇာတိက္ကမ ကြီးမားသည့် လျှို့ဝှက်ချက်များအနက် တခုမှာ ပျောက်ဆုံးနေသော ကရင်စာဖြစ်သည့် “ကြက်ယက်စာ” ကို ပြန်လည် ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။ ရှေးခေတ်နိမိတ် ဆိုရိုးစကားများအရ “ထိုစာကို ပြန်လည် ဖော်ထုတ်နိုင် ပါက ပိုးနှင့် စကောကရင်တို့ ပြန်လည်ပေါင်းဖွဲ့ကြမည်။ ဇွဲကပင်တောင်ပေါ်တွင် ကြက်များတွန်ကြမည်၊ ကရင့် ဖားစည် သံလည်း ကြားရလိမ့်မည်”ဟု ဆိုခဲ့သည်။ တနည်းအားဖြင့်ဆိုသော် ဆရာတော်ဦးသုဇနက ပြည်သူများ ကို စောင့် ရှောက်လိမ့်မည်၊ ငြိမ်းချမ်းရေး တည်ဆောက်လိ့မ်မည်၊ ကရင်အားလုံး ညီညွတ်ကြရန် ဆော်သြလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကရင်ပြည်သူအများစု၏ စိတ်ကူးထဲတွင် ထိုအက္ခရာသည် ပျောက်ဆုံးသွားသော ကရင်ဉာဏ်ပညာ ဒဏ္ဍာရီစာအုပ်မှ ထွက်ပေါ်လာသော ဆရာတော်၏ ဘုန်းတန်ခိုးအာဏာကို ကိုယ်စားပြုသည်ဟု ထင်မှတ်ကြသည်။ ထိုစာအုပ်တွင် စကြ၀ဠာအရှင် က မြန်မာ၊ ထိုင်း၊ မွန်၊ ကရင် နှင့် နိုင်ငံခြားသားအားလုံးကို အသိပညာများ ပေးခဲ့သည်။ ကရင်လူမျိုးမှအပ ကျန်လူမျိုးများက ထိုအသိပညာကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

မကြာသေးမီက ဆရာတော်သည် အဆုတ်ရောဂါကြောင့် ဘန်ကောက်မြို့ရှိ ဆေးရုံတရုံတွင် ဆေးကုသမှု ခံယူခဲ့ရ သေးသည်။ ဆရာတော်သည် နောက်လိုက်တပည့်များနှင့် ယခုအချိန်အထိ အဆက်အသွယ်မပြတ် ရှိဆဲဟု သိရ သည်။ ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ဆရာတော်သည် KNU အရာရှိများနှင့် အစည်းအဝေးတခု ပြုလုပ်ကာ KNU နှင့် DKBA အကြား အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်ဟူ၍လည်း ပြောကြသည်။

ကရင်ပြည်နယ်သည် ဒုက္ခများ ဝေနေသော၊ တည်ငြိမ်မှု ကင်းမဲ့သော ပြည်နယ်တခု ဖြစ်နေဆဲဖြစ်သည်။ ထိုသို့သော အကျပ်အတည်းကာလတွင် စစ်အစိုးရက DKBA အား နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်လာစေရေး တောင်းဆိုနေချိန်၌ ကရင်လူမျိုးများ အရေးအတွက် အရေးကြီးသောနေရာတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သော၊ လူအများက ကြည်ညို လေးစားသည့် ဗုဒ္ဓဘာသာ ရဟန်းတပါးသည် ယခုအချိန်တွင် ကရင်လူမျိုးများအကြား ပြန်လည် ရင်ကြားစေ့ရေး အတွက် မည်သို့ ဆောင်ရွက်နိုင်မည်ကို လေ့လာစောင့်ကြည့်သူများက အကဲခတ်နေကြသည်။

The Monk in Command By Mikael Gravers ကိုဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Mikael Gravers သည် ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင်တဦးဖြစ်ပြီး ၁၉၇၀ ခုနှစ်မှစ၍ ကရင်လူမျိုးများအကြား ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့သူဖြစ်သည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,10th,2010

( 35 )ဂျင်မ်ဝက်ဘ်၏ ပြောဆိုမှုများသည် တကောင်ကြွက်အသံဖြစ်ဟု ဦးဝင်းတင် ပြောကြား

( 34 )Commission of inquiry inches closer to realization

( 33 )ခိုးကူးခွေ စီမံချက်ကြောင့် မူရင်းခွေ ရောင်းအားတက်

( 32 )US Burma policy 'frozen' by N Korea allegations

( 31 )ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သစ်ပင် ၂ သောင်းကျော် စိုက်မည်

( 30 )Private Gas Stations Open in Burma

( 29 )အမျိုးသား ဘောလုံး သူရဲကောင်းတို့ရဲ့ စီးချင်းထိုးပွဲများ (၃)

( 28 )UN Envoy Discusses Burma Issues in Singapore

( 27 )အမေရိကန် ၀န်ကြီးနှင့် မြန်မာ့အရေးလှုပ်ရှားသူများ တွေ့မည်

( 26 )NZ needs to press for basic union rights

( 25 )ယာယီနိုင်ငံကူးလက်မှတ်ရုံး ဖွင့်လှစ်ရေး ထိုင်းနှင့် မြန်မာဆွေးနွေး

( 24 )Myanmar to expand GSM coverage to Southeast Asian countries

( 23 )တက္ကစီမောင်းသူတဦး ဓားဒဏ်ရာများဖြင့် သေဆုံး

( 22 )Myanmar vows close cooperation with East Asian countries for regional development

( 21 )သာသနာရေး ၀န်ထမ်းများ အလုပ်မထွက်ရန် ၀န်ခံလက်မှတ်ထိုးရ

( 20 )Myanmar starts sending gas from Mottama offshore gas field to Yangon

( 19 )ဧရာဝတီမြစ်အတွင်း ငါးဖမ်းခွင့် တားမြစ်ထား

( 18 )နမ့်ခမ်းတွင် သျှမ်းပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

( 17 )Thai-Burma Relations through the Thaksin Prism

( 16 )ကုလ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် နီးစပ်လာ

( 15 )US to Appoint Special Envoy for Burma

( 14 )မြန်မာ့ ရွေးကောက်ပွဲ အောက်တိုဘာလ ၁၀ ရက်နေ့တွက် ကျင်းပဖွယ်ရှိကြောင်း ဂျင်မ်ဝက် ပြောကြား

( 13 )United States urged to appoint special Burma envoy

( 12 )Burma Ambassador Denies Nuclear Program

( 11 )၂၀၁၀ ခုနှစ် အတွင်း မြန်မာနိုင်ငံ ဈေးကြီးများ မီးလောင်မူ ဆုံးရှုံးတန်ဖိုးမှာ ကျပ်သန်းပေါင်း ၂၄၁၅၀ ရှိ

( 10 )Ex-VPDC Chairman and 8 Women Jailed for Prostitution

( 9 )Top UN official travels to Asia for talks on Myanmar

( 8 )စစ်အစိုးရ ကျူးလွန်မှုများ ကုလကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံမှုတိုး

( 7 )3 Arrested for Protesting Green ID Cards

( 6 )နျူကလီးယားကိစ္စ ရှင်းရှင်းလင်းလင်းသိမှ မြန်မာ့အရေး အမေရိကန် ရှေ့တိုးဆောင်ရွက်သင့်

( 5 )စစ်အစိုးရ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု စုံစမ်းရေး စလိုဗက်ကီးယား ထောက်ခံ

( 4 )Two the junta couldn’t silence

( 3 )အာဏာရှင် အုပ်ချုပ်ရေးနဲ့ တိုင်းပြည် မတိုးတက်နိုင်

( 2 )Myanmar elections on October 10

( 1 )မြန်မာပြည် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေး ILO ဆွေးနွေးမည်

Wednesday, June 9, 2010

ကရင်အပစ်ရပ်အဖွဲ့များအား နအဖ ခေါ်ယူသတိပေး

ရဲရင့် / ၀၉ ဇွန် ၂၀၁၀

ကရင်အပစ်ရပ်အဖွဲ့အချို့၏ လိုင်စင်မဲ့ ကားများ နှင့် တရားမ၀င် လက်နက် သယ်ဆောင်မှု များကို ထိန်းချုပ် နိုင်ရန်အတွက် ကရင်ပြည်နယ် အာဏာပိုင် များက ကရင်ငြိမ်း အဖွဲ့ တာဝန် ရှိသူများကို ဆင့်ခေါ်၍ စည်းကမ်း တင်းကျပ် မှုများ ပြုလုပ် ခဲ့သည်။

ယမန်နေ့က ဘားအံတွင် ပြည်နယ်ဥက္ကဋ္ဌနှင့် ထောက်လှမ်းရေး (စရဖ) က ကရင်အပစ်ရပ်အဖွဲ့များကို အစည်းအဝေးခေါ်ယူကာ လက်နက်အရောင်းအ၀ယ်ကိစ္စနှင့် အသယ်အပို့ကိစ္စတို့ကို သတိပေးပြောကြားခဲ့ကြောင်း ကရင်အပစ်ရပ် ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “ကရင်ငြိမ်းအဖွဲ့အချို့ထိုင်းဘက်က လက်နက်တွေဝယ်ပြီး လက်နက်အရောင်းအ၀ယ်တွေ လုပ်နေတယ်။ လက်နက်သယ်ကြတာလည်း အဖွဲ့အစည်းအမည်ခံထားတဲ့ ကားတွေဖြစ်တယ်။ နိုင်ငံတော်က အသုံးပြုခွင့်ပေးထားတဲ့ ကားတွေဟာ တရားမ၀င် အလုပ်တွေလုပ်ဖို့ မဟုတ်ဘူးဆိုပြီး လက်ရှိအသုံးပြုနေတဲ့ ကားစာရင်းတွေကို ဒီလထဲမှာပဲ စာရင်းအပြီးအပ်ရမယ်လို့ပြောတယ်” ဟု ဆိုသည်။

ကရင်ငြိမ်းအဖွဲ့များအသုံးပြုနေသည့် ကားများကို စာရင်းကောက်ယူရခြင်းမှာ မြ၀တီမြို့မှတဆင့် လက်နက်ခဲယမ်းမီး ကျောက်ပါသည့် ငြိမ်းအဖွဲ့တခုမှ ကားတစီးကို ယခင်လက ပဲခူးတိုင်း ရွှေကျင်မြို့တွင် ဖမ်းဆီးရရှိမှုနှင့်ဆက်စပ်ကြောင်း အဆိုပါအရာရှိက ပြောသည်။

နအဖက ကရင်ငြိမ်းအဖွဲ့များ အသုံးပြုရန် ခွင့်ပြုထားသည့် ကားအရေအတွက်မှာ တဖွဲ့လျှင် (၅) စီးမှ (၁၀) စီးအများဆုံး ဖြစ်သော်လည်း အဆိုပါအခွင့်အရေးကို အသုံးချ၍ မြ၀တီမှတဆင့် တရားမ၀င်ကားများကို မြန်မာပြည်အတွင်းပိုင်းအထိ ပို့ဆောင်ပေးခြင်းအပြင် တရားမ၀င်လက်နက် သယ်ဆောင်မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ကရင်ငြိမ်းအဖွဲ့များက လိုင်စင်မဲ့ကားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ခွင့်ပြုကားများ၏ စာရွက်စာတမ်းများကို မိတ္တူကူး၍ အသုံးပြုကြသည်ဟု ငြိမ်းအဖွဲ့တခု၏ ယာဉ်မောင်းတဦးက ပြောသည်။

ငြိမ်းအဖွဲ့တခု၏ တပ်မှူးတဦးက “သူတို့ ဘယ်လိုပဲ အမိန့်ထုတ်ထုတ် သူ့နည်းသူ့ဟန်နဲ့တော့ ဆက်ပြီးလှုပ်ရှားနေရဦးမှာပဲ။ ဗိုလ်ဌေးမောင်ရဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဆိုရင် အရင်လကစပြီး အစိုးရက သူတို့ကို ရိက္ခာဖြတ်လိုက်ပြီ။ ဘာအထောက်အပံ့မှ မပေးတော့ဘူး။ အခု ကားလိုင်းပါ ပိတ်ဖို့ ကန့်သတ်လာပြီဆိုတော့ အခြေအနေက မကောင်းတော့ဘူး။ မကြာဘူး သေနတ် ပေါက်တော့မယ်လို့ပဲ ပြောချင်တယ်” ဟု ဆိုသည်။

အစည်းအဝေး ဆုံးဖြတ်ချက်များအရ ကရင်ငြိမ်းအဖွဲ့များကို နားလည်မှုဖြင့် အသုံးပြုခွင့်ပေးထားသည့် လိုင်စဉ်မဲ့ ကားစာရင်းများကို မြ၀တီနှင့်ဘားအံမြို့အကြားရှိ စစ်ဆေးရေးဂိတ် အားလုံးတွင် မော်တော်ယာဉ် အထောက်အထား စာရွက်စာတမ်းများ ပေးထားရမည်ဖြစ်ပြီး လိုင်စဉ်မဲ့ကားသယ်ဆောင်ပါက ယာဉ်သိမ်းပြီး လူကို အရေးယူမည်ဟု ပါရှိသည်။

မြ၀တီမှတဆင့် မြန်မာပြည်အတွင်းပိုင်းသို့ တရားမ၀င် တင်ပို့နေသည် လိုင်စဉ်မဲ့ကားများမှာ ဂျပန်ကားဟောင်းများ အပါအ၀င် တလလျှင် အစီးရေ (၂၀၀) အထက်တွင် ရှိသည်ဟု ကားပွဲစားတဦးက ပြောသည်။

ယမန်နေ့ အစည်းအဝေးသို့ ဒီကေဘီအေ၊ ဟောင်သရောအဖွဲ့၊ ဘုရားကုန်းအဖွဲ့၊ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သံတောင်အထူးဒေသမှ အဖွဲ့ (၂) ဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

တစညနှင့် ကြံ့ဖွံ့ ကချင်ပြည်နယ်တွင် အမတ်လောင်းရှာ

လင်းနိုင်ဦး / ၀၉ ဇွန် ၂၀၁၀

ကချင်နိုင်ငံရေးပါတီများ စည်းရုံးခွင့် မရှိနိုင်သေးသည့် ကချင်ပြည်နယ်တွင် တစညပါတီနှင့် ကြံ့ဖွံ့ပါတီတို့က ရွေးကောက်ပွဲဝင်မည့် အမတ်လောင်း ရှာဖွေစည်းရုံးမှုများ လုပ်နေကြောင်း မြစ်ကြီးနားမြို့နေ ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။


၎င်းက “လက်ရှိ ကချင်ပြည်နယ်ထဲမှာ တစညရော ကြံ့ဖွံ့တို့ကပါ လူထု စည်းရုံးရေးထက် အမတ်လောင်း ရှာဖွေ စည်းရုံးရေးကို ပိုပြီး လုပ်နေကြတယ်။ ဒေသခံတွေက မဲပေး ရွေးချယ်နိုင်လောက်တဲ့ ကချင်လူမျိုး၊ ရှမ်းလူမျိုး သြဇာရှိသူတွေထံ ချဉ်းကပ်ပြီး သူတို့ပါတီတွေရဲ့ အမတ်လောင်းလုပ်ဖို့ စည်းရုံးကြတယ်။ နဂိုကတော့ ဒေသခံ ခေါင်းဆောင်တွေဟာ ကချင်ပါတီတွေမှာ ပါဝင်ဖို့၊ ကချင်ပါတီတခုခုရဲ့ အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ အားခဲထားကြတာ။ ဒါပေမယ့် စစ်အစိုးရက ကချင်ပါတီတွေကို ပါတီထူထောင်ခွင့်တောင် မပေးသေးတဲ့အောက်မှာ စိတ်ပျက်လာကြတယ်။ တချို့ ဒေသခေါင်းဆောင်တွေကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူထုကိုကိုယ် ဖြစ်တဲ့နည်းနဲ့ အကာအကွယ်ပေးရမယ်လို့ စဉ်းစားပြီး တစညနဲ့ ကြံ့ဖွံ့ပါတီက အမတ်လောင်းလုပ်ဖို့ ကမ်းလှမ်းတာကို လက်ခံလိုက်ကြတာတွေ ရှိလာတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အစိုးရ၏ လက်ကိုင်တုတ် ကြံ့ဖွံ့ပါတီမှာ နာမည်ပျက်နေပြီး အမတ်လောင်းစည်းရုံးရာတွင် တစည ပါတီက အသာစီးရနေကြောင်း၊ ကချင်ပြည်နယ် ဒေသခံများကလည်း ပါတီထက် လူပုဂ္ဂိုလ်ကိုကြည့်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်မည့် အနေအထား ရှိနေခြင်းကြောင့် အဆိုပါ ပါတီ (၂) ခု ယခုကဲ့သို့ အမတ်လောင်းရှာနေရခြင်းဖြစ်ကြောင်း ကချင်တိုင်းရင်းသားခေါင်းဆောင်က ပြောသည်။

ယခင် အန်ဒီအေ အဖွဲ့တွင် ခေါင်းဆောင်တာဝန်ယူခဲ့ပြီး ယခုအခါ ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ထူထောင်ရာတွင် ပါဝင်သူတဦးက “ကျနော်တို့ပါတီ နေပြည်တော်မှာ ဧပြီ (၃ဝ) ကတည်းက ပါတီတည်ထောင်ခွင့် သွားလျှောက်ထားတယ်။ အခု ဇွန် (၈) ရက်အထိ ဘာမှ အကြောင်းပြန်တာ မရှိသေးဘူး။ ပါတီ တည်ထောင်ခွင့်တောင် မရတော့ ဘာစည်းရုံးရေးမှလည်း မလုပ်နိုင်သေးဘူး” ဟု ပြောသည်။

ကေအိုင်အို၊ အန်ဒီအေနှင့် ကချင်အတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ သည်လည်း ဧပြီ (၅) ရက်နေ့ကတည်းက ပါတီတည်ထောင်ခွင့် လျှောက်ထားသော်လည်း ပါတီတည်ထောင်ခွင့် မရရှိသေးပေ။

အဆိုပါ ပါတီသည် ရွေးကောက်ပွဲကော်မရှင် မဖွဲ့ခင်ကတည်းက ကချင်ပြည်နယ်အတွင်း မြို့နယ်၊ ကျေးရွာ အတော်များများကို စည်းရုံးရေးဆင်းခဲ့ပြီး ပြည်သူလူထု ထောက်ခံမှု ရရှိထားသည့် ပါတီဖြစ်သည်။

ဒေသခံ ကချင်ခေါင်းဆောင် အတော်များများကလည်း အဆိုပါ ပါတီတွင် ပါဝင်ပူးပေါင်းကြရန် အားခဲထားကြသော်လည်း ကချင်ပါတီများ တည်ထောင်ခွင့်မရသေးသည့်အတွက် တစညနှင့် ကြံ့ဖွံ့ပါတီ အခွင့်အရေး ပိုရသွားသကဲ့သို့ ဖြစ်နေသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီကြီးတခုမှ ခေါင်းဆောင်တဦးက “ဒီ ပြည်မကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ၊ မင်းကိုနိုင်တို့ အပါအဝင် နိုင်ငံရေးသမား အတော်များများ ပါဝင်ခွင့် မရကြဘူး။ ကချင်ပြည်နယ်လို နေရာမျိုးမှာလည်း ကချင်တိုင်းရင်းသားတွေ ပါဝင်ခွင့် မရဘူးဆိုရင် ဒီ ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတ လွတ်လပ်တယ် ဆိုပြီး မပြောနိုင်ပါဘူး” ဟု ဝေဖန်ပြောဆိုသည်။

စစ်အစိုးရက ရွေးကောက်ပွဲရက်ကို ယခုတိုင်ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ ယခုအခါ ၂၀၁၀ နှစ်ဝက်ကျိုးလာပြီ ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် ပါတီအဖွဲ့အစည်းများအတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အချိန်လုံလောက်စွာ ရရှိလိမ့်မည်ဟု မထင်ကြောင်း ပြည်တွင်းမှ နိုင်ငံရေးအကဲခတ်တဦးက ပြောကြားသည်။

အမျိုးသမီးများကို မြန်မာစစ်သားတွေက ကျွန်ကဲ့သို့စေခိုင်း

နှောင်းလှိုင်

မြန်မာနိုင်ငံမှာ အတင်းအတမ္မ လုပ်အားပေးစေခိုင်းမှုများကို စစ်သားတွေကသာ အများစုလုပ်ဆောင်နေတာပါ။ စစ်သားတွေက အထမ်းသမားများကို ကျား၊မ မရွေး အသက်အရွယ် မရွေး အတင်းစေခိုင်းပါတယ်။

နှစ်ပေါင်း ၄၀ အတွင်း ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၆၂ အရွယ် နော်သားခုဟာ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်သားတွေရဲ့ အတင်းခိုင်းစေမှုကြောင့် ဆန်၊ဆီ စတဲ့ လေးလံတဲ့ စားနပ်ရိက္ခာတွေကို စစ်သားစခန်းတွေမှာ သယ်ပို့ပေးခဲ့ရပါတယ်။

“စစ်သားတွေက မြေမြုပ်မိုင်းဘေးကို ကြောက်လို့ ကျမတို့ကို အရှေ့ကနေ ဦးဆောင်ပြီးသွားခိုင်းတယ် ။ ဘာအစားအစာမှ မစားရခဲ့ပဲ လေးလံတဲ့ တပတ်စာရိက္ခာကို တနေ့လုံးလုံး ထမ်းသွားရတယ်”

မော်ချီးရွာတွေမှာ နှစ်တိုင်းလိုလို အထမ်းခံခဲ့ရပါတယ်လို့ နော်သားခုက ဆက်ပြောပါတယ်။

“ရန်သူဝင်တိုင်းဝင်တိုင်း သူတို့ ပေါ်တာ ခေါ်တယ် အမျိုးသမီး ဆယ်ကျော်သက်အရွယ်တွေပေါ့ မပါအောင် အဒေါ်က တဖက်တလမ်းကနေပြီးတော့ ရှေ့ကနေပြီးတော့ ကြိုးစားပေးတယ်။ သူတို့စိတ်ထားကတော့ သိတဲ့အတိုင်းပဲလေ မကောင်းဘူးပေါ့လေ ဒါတောင်မှ အဒေါ်တို့ အရွယ်တောင်မှ သိပ်စိတ်မချရဘူး အဲဒါကြောင့်မို့ အဲဒီလူငယ်တွေ အထူးသဖြင့်စိတ်ပူတာပေါ့ အမျိုးသမီးတွေ သိပ်စိတ်ပူတယ်”

ရွာဒါကား ကျေးရွာက ကလေး၂ ယောက် မိခင်ဖြစ်သူ နော်ကရီဖောဂေဟာ မြန်မာ့ စစ်သားရဲ့ အတင်းခိုင်းစေမှုကြောင့် ဆန်၊ ဆီ၊ သစ်သီး ၀လံ စတဲ့ ရိက္ခာများကို တပတ်စာအတွင်း အထမ်းသမားအဖြစ် ခိုင်းစေခြင်း ခံခဲ့ရပါတယ်။

“သူတို့ စစ်ဆေးမေးမြန်းတယ် သူ့တို့ စကားမပြောတတ်ရင် သူတို့ သေနတ်နဲ့ ချိန်တယ် သူတို့က ဗမာစကားတွေပဲပြောတယ် နားမလည်ဘူး ကရင်လိုပြောရင် နားလည်သေးတယ် ဗမာလိုပြောတော့ နားမလည်ဘူး”

ထိုဖြစ်ပျက်မှုသည် ကရင်နီ အမှတ် ၂ ခရိုင် တခုတည်း ဖြစ်ပျက်နေခြင်းမဟုတ်ပါ ဟု ကရင်နီ လူမှုကယ်ဆယ်ရေးအဖွဲ့ KSWDC မှ ဒါရိုက်တာ ခူးဖဲဘူးက ပြောပါသည်။

“ကရင်နီပြည်နယ်အ၀ိုက်မှာ အတင်းအတမ္မခိုင်းစေမှုများ အဖြစ်များကြတယ် အထူးသဖြင့် နအဖရဲ့ စီမံအုပ်ချုပ်မှု ဂွင်ရှိသမျှမှာ အကုန်လုံး ဖြစ်နေတယ်။ လူထုတိုင်း လူထုတိုင်း ခံစားနေရတယ် ၂၀၁၀ ခုနှစ်ကစပြီး မော်ချီးဂွင်တ၀ိုက်မှာ ရွာသားပေါင်း ၄ ၅၀၀ က ရွေးပြောင်းခြင်းခံရကြတယ်”

မော်ချီးကျေးရွာကို မြန်မာတပ်မတော်ခြေမြန်တပ်ရင်း အမှတ် ၇၂ က ပေါ်တာခေါ်ဆိုခြင်းကို များစွာ အသုံးပြုခဲ့တယ်လို့ နော်သားခုက ၂၀၀၉ နှစ်ကုန်ပိုင်းမှာ ပြောခဲ့ပါတယ်။

“ကျမ ဘာမှ ဆက်မလုပ်ပေးနိုင်တော့ဘူး ဘာလို့လဲဆိုတော့ ကျမတို့ ကိုယ်ပိုင်အလုပ်လဲ ရှိသေးတယ်လေ။ အဒေါ်ဆိုရင် ကျောင်းဆရာမကနေ သူတို့ ၀န်ဆောင်လုပ်ပေးခဲ့တယ်။ ရွာတွင်းမှာ လုံခြုံမှု မရှိတော့ဘူး အဲလိုပဲ စစ်သားတွေက အမြဲတမ်းလာပြီး ပေါ်တာ ခေါ်နေတယ်”

၂၀၀၉ ဒီဇင်ဘာလလောက်မှာ ရွာသူ၊ ရွာသား ၃၅၀ ကျော်လောက်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်စူရင်း ဒုက္ခသည်စခန်း အမှတ် ၂ ကို ထွက်ပြေးရောက်ရှိလာကြပါတယ်။ နော်သားခုဟာလည်း လမ်းခရီး ၁ လလောက် ခြေလျင်ဖြင့် ခရီးထွက်လာခဲ့ရပါတယ်။

ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသော နော်သားခုဟာ အထက ကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသော်လည်း အဆုတ်ရောဂါကြောင့် ကျန်းမာရေးအရ အလုပ်မှ ယာယီ ရပ်နားခဲ့ရပါတယ်။

“အဒေါ် ရွာကိုတော့ မပြန်ချင်ဘူး ဒီစခန်းထဲမှာ နေရတာ အဒေါ်အတွက်လုံခြုံမှုရှိတယ် ခုလောလောဆယ် အဒေါ်ဒီမှာပဲဆက်နေမယ်” လို့ နော်သားခုက ပြောပါသည်။


လူကုန်ကူးသူများ ထိုင်းအမှုခင်းရဲများမှ လိုက်လံဖမ်းဆီး

မိပကောင်းချမ်း ၊ ကောင်းဝါ

ထိုင်းနိုင်ငံ၊ရနောင်းမြို့နယ်၊ ခနွမ်ဒေသနေ လူကုန်ကူးသူပွဲစားများကို ထိုင်းအမှုခင်းရဲတပ်ဖွဲ့ များမှ လိုက်လံဖမ်းးဆီးနေသည်ဟု လူကုန်ကူးသူနှင့်ပတ်သက်နေသူတစ်ဦးမှ ပြောပြခဲ့ပါသည်။


ဇွန်လ(၅)ရက်နေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူကုန်ကူးပွဲစားမှတဆင့် ပြည်တွင်းမှခေါ်ဆောင်လာပြီး ထိုင်းနယ်စပ်တောထဲတွင်ပစ်ထားခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းခွင်နေရာ မရောက်ဘဲ အခကြေးငွေတောင်းခံသည့်အပေါ် လူကုန်ကူးခံရသူတွေက မခံမရပ်နိုင်ဖြစ်ပြီး ပိုက်ဆံ မပေးသည့်အတွက်ကြောင့် လူကုန်ကူးပွဲစားများနှင့် ခိုက်ရန်ဖြစ်ပွါးခဲ့ကြောင်း ရေးမြို့နယ် ဟံဂံရွာသား တစ်ဦးက ကောင်းဝါသတင်းဌါနကို ပြောပြသွားပါသည်။

“ယခု လူနှစ်ဦးပျောက်နေတယ်၊ တစ်ဦးကလက်ကျိုးပြီးဘယ်နေရာရောက်နေလဲဆိုတာ မသိ ရသေးဘူး၊ ထိုင်းပုလိပ်တွေကစုံစမ်းနေတုန်းပဲ၊ ဒါပေမယ့်ရှာလို့မတွေ့သေးဘူး၊ ကျွန်တော်တို့လည်း ကိုယ်လွတ်ရုန်း ပြေးနေ ရတဲ့အတွက်ကြောင့် နေရာအတိအကျ မသိဘူး။”

ရန်ဖြစ်ပြီးထွက်ပြေးနေသော အလုပ်သမားများမှာ တောထဲတွင်လမ်းပျောက်ပြီး ဒုက္ခရောက် နေသူများရှိသလို ထိခိုက်ဒါဏ်ရာရသူများလဲ ရှိခဲ့သည်ဟုဆိုသည်။ ပျောက်ဆုံးနေသော ကော့သောင်းမြို့သားတစ်ဦး၏ မိဘတွေက ထိုင်းပုလိပ်များကိုတိုင်ကြားခဲ့ပြီး ထိုင်းပုလိပ်တွေက လူကုန်ကူး သူများကို လိုက်လံဖမ်းဆီးနေသည်ဟု ခနွမ်ဒေသနေ မောင်လင်းမိုကပြောပြသွားပါသည်။

“ဒီခနွမ်ဒေသဘက်မှာဆိုရင် ပုလိပ်တွေက လူကုန်ကူးတွေကို အရမ်းဖမ်းလာကြတယ်၊ အခုကျွန်တော်သိသလောက်တော့ သူတို့ကလူသုံးဦးလောက်ဖမ်းမိထားတယ်၊ လူအတော်များများ ဖမ်းထားတယ်၊ ဒါပေမယ့်သေသေချာချာ စစ်ဆေးမေးမြန်းပြီးမှ လူကုန်ကူးမဟုတ်တဲ့သူတွေကို သူတို့ပြန်လွှတ် လိုက်တယ်၊ လူကုန်ကူးမဟုတ်တဲ့သူတွေကို တရားဝင်လက်မှတ် မရှိလည်း သူတို့မဖမ်းဘဲ ပြန်လွှတ်ပေးတယ်၊ လူကုန်ကူးတဲ့သူတွေဆိုရင် တံဆိပ်နီကပ်ပြီး ထောင်ထဲပို့တယ်၊ ငွေဘယ်လောက်ပေးပေးမလွှတ်ဘူး”

မြန်မာနိုင်ငံတွင်အသက်မွေးဝမ်းကြောင်းအခက်အခဲကြောင့် ကိုယ့်ဘဝ တိုးတက်ဖို့ အတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ သို့အလုပ် လာလုပ်ကြ တဲ့သူများ လာသော်လည်း ဘဝ အာမခံချက် မရှိသည့် အတွက်ကြောင့် လူကုန်ကူး ပွဲစားများ၏ အနိုင်ကျင့်ခံ ရောင်းစားခြင်း ခံရသည့်ဘဝရောက်ခဲ့ကြရသည်။

ထိုင်းနိုင်ငံတွင်မြန်မာပြောင်းရွှေ့အလုပ်သမားနှစ်သန်းနီးပါးရှိသည်ဟုထိုင်းအလုပ်သမားဝန်ကြီးဌါနကထုတ်ပြန်ထားပါသည်။

ကြံ့ဖွံ့ ပါတီကို နိုင်ငံရေးပါတီ အဖြစ် ခွင့်ပြု

နရီလင်းလက် Wednesday, June 09, 2010

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။

“သူ့ ပါတီနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်တွေ ဇွန်လထဲမှာ ထုတ်မယ် ဆိုပြီး USDP ပါတီက ပြည်တွင်း ဂျာနယ် တွေကိုတော့ တလောက ခေါ်ယူ ပြောဆိုခဲ့ ဖူးတယ်”ဟု ပြည်တွင်း အခြေစိုက် ဂျာနယ် သတင်းထောက် တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထားသော ပါတီပေါင်း ၄၂ ပါတီရှိပြီး ၄င်းတို့ အထဲကမှ ကော်မရှင်က ပါတီ တည်ထောင်ခွင့် ခွင့်ပြုချက် ချပေးလိုက်သော ပါတီပေါင်း ၃၃ ပါတီတွင် USDP ကို မှတ်ပုံ တင် အမှတ်စဉ် ၃၂ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဤအတောအတွင်း USDP ကိုမွေးဖွားပေးလိုက်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ဖွံ့)အသင်းသည် ရန်ကုန် တိုင်း ရှိ တချို့မြို့နယ် များတွင် ၎င်းတို့၏အသင်းဆိုင်းဘုတ် ဖြုတ်ချမှုများရှိခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အသင်းမှ ပါတီအသွင် လုံးဝ ပြောင်းလဲခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ကြန်လမ်းနှင့် စီ လမ်း
ထောင့် မြေကွက်အမှတ် ၅ တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားကြောင်းသိရသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အပေါင်းအပါ ၀န်ကြီးများ၊ အစိုးရ အရာရှိကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် USDPပါတီကို ဖွဲ့စည်းခဲ့သည်။

ထိုသို့ စစ်အစိုးရက နိုင်ငံရေးပါတီ ထူထောင်လိုက်ခြင်းအပေါ် လက်ရှိ အစိုးရ ရာထူးတာဝန်များကို မစွန့်လွှတ်ဘဲ ပါတီ ထောင်ခြင်းသည် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ ဝေဖန် ထောက်ပြမှုများ ထွက်ပေါ်ခဲ့သည်။

ခန္ဓာကိုယ်တွင်း ဟီးရိုးအင်းဝှက်၍ တရုတ်ပြည်ဝင်သည့် အမျိုးသမီးများ မိုင်းလားတပ်ဖွဲ့ဖမ်းမိ

သျှမ်းသံတော်ဆင့်

ခန္ဓာကိုယ်အတွင်း ဟီးရိုးအင်းဝှက်ထည့်ကာ တရုတ်ပြည်ထဲသို့ ခိုးဝင်သည့် အမျိုးသမီး အယောက် ၃၀ ထက် မနည်း ဖမ်းဆီးရမိကြောင်း မိုင်းလား မူးယစ်ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်း ကပြောပါသည်။

“ဒီနှစ်ထဲမှာ အမျိုးသမီးအများစု ဘိန်းဖြူကို စအိုထဲ မွေးလမ်းကြောင်းထဲတွတ်ထည့်ပြီးတော့ တရုတ်ပြည်ထဲ မှောင်ခိုပို့ တယ်။ ယိုးဒယားလုပ်ကွန်ဒုံးထဲကို ဟီးရိုးအင်း ကီလိုဝက်ကနေ တကီလိုအထိထည့်နိုင်တယ်တဲ့”- ဟု အမည်မဖေါ်လိုသည့် မိုင်းလားရဲတပ်ဖွဲ့ အရာရှိငယ်တဦးကပြောပါသည်။

၂၀၁၀ ဖေဖေါ်ဝါရီမှစ၍ ယခုလဆန်းပိုင်းအထိ မိုင်းလားအထူးဒေသ ၄ မှ တဆင့် နယ်စပ်ဖြတ်ကျော်ပြီး တရုတ် ပြည်ထဲသို့ မူးယစ်မှောင်ခို ကုန်ကူးသည့် အမျိုးသမီး ၃၅ ယောက်ဖမ်းဆီးရမိကြောင်း၊ အများစုမှာ စအိုလမ်းကြောင်း မွေးလမ်း ကြောင်း ထဲ ဘိန်းဖြူလျှို့ဝှက်သယ်ဆောင်ကြကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောပါသည်။

၂၀၀၀ ပြည့်နှစ်မှစ၍ ယနေ့ထိ ဟီးရိုးအင်းခေါ် ဘိန်းဖြူမှောင်ခိုကူးသူများ နည်းလမ်းပေါင်းစုံ အသုံးပြုကာတရုတ် ပြည်သို့ သယ်ယူရောင်းချ နေသည်ဟု သျှမ်းပြည်မူးယစ် စောင့်ကြည့်ရေး အသိုင်းအ၀ိုင်းကပြောပါသည်။

“တရုတ်ပြည်ကို နိုင်ငံတကာက Black hole for Heroin လို့ခေါ်ကြတယ်။ ဟီးရိုးအင်းတွေ ဘယ်လောက်များများ တရုတ်ပြည်ပို့တာ ဘယ်တော့မှမလောက်ဘူး။”- ဟုသျှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်ဦးခွန်စိုင်း ကပြောပါသည်။

တရုတ်ပြည်ပို့မည့် ဟီးရိုးအင်းများကို ဖရဲသီးအတွင်းသို့လည်းကောင်း၊ မြစ်ချဉ်အိုးထဲလည်းကောင်း၊ သံတိုသံစများကြား နှင့်မီးသွေးအိပ်များကြား၊ ထိုမျှမက သစ်လုံးကြီးများအားထွင်းဖေါက်၍ထည့်ခြင်း၊ လက်ဖက်ခြောက်အိပ်အတွင်း ထည့်ခြင်းတို့အပြင် မွေးကင်းစကလေးငယ်များ၏ ၀မ်းပိုက်အတွင်းပါမကျန် လူ့ခန္ဓာကိုယ်အတွင်း သွတ်သွင်း၍ မှောင်ခိုကူးကြသည်ဟု ဆက်၍ပြောပြ၏။

“အထက်ဖေါ်ပြတဲ့နည်းလမ်းတွေသုံးလဲ အာဏာပိုင်တွေကသိတာဘဲ၊ ဒီနှစ်ထဲ ဟီးရိုးအင်းသယ်နည်းအသစ်ထပ်ရှိ နေပြီပြောတယ်၊ ဒါပေမယ့် ဖမ်းဆီးမှုမရှိသေးလို့ ပြောပြလို့မရဘူးလို့ အဲဒီအသိုင်းအ၀ိုင်းကပြောတယ်”

၂၀၀၈-၂၀၀၉ မူးယစ်မှောင်ခိုများသည် ချို့တဲ့သူများ၏ မွေးကင်းစကလေး တယောက် တရုတ်ငွေ ယွမ် ၅၀၀၀ - ၆၀၀၀ (ဒေါ်လာ ၁၀၀၀ ခန့်) ၀ယ်ယူကြပြီး ကလေး၏ရင်ကိုခွဲ၍ ဟီးရိုးအင်းထည့်ကာ မှောင်ခိုသယ်ကြောင်း၊ မပုတ်သိုးအောင် ဆေးထိုးထားသည့် ကလေးသူငယ်အလောင်းအား မူးယစ်မှောင်ခိုများက မိခင်သဖွယ် ယုယ ပွေ့ဖက်ပြီးခရီးထွက်ကြ ကြောင်း ဦးခွန်စိုင်းက ဆက်၍ပြောပြပါသည်။


ဝ နယ်အတွင်း ကျွံဝင်ထောက်လှမ်းသည့် နအဖ ပုလိပ် အဖမ်းခံရ

သျှမ်းသံတော်ဆင့်

ဝ နယ်အတွင်း ၀င်ရောက်ထောက်လှမ်းသည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းအခြေစိုက်ပုလိပ်အား ၀ အာဏာပိုင်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“အဲဒီလူတွေကိုမသင်္ကာဘူး၊ ၀ တပ်စခန်းတွေကိုလိုက်မေးတယ်၊ ဟိုစပ်စုဒီစပ်စုလုပ်တော့ ရပ်ကွက်၊ ကျေးရွာ ၀ အာဏာပိုင် တွေက ဖမ်းဆီးပြီးစစ်ဆေးတယ်၊ မိုင်းယန်းကပုလိပ်မှန်းသေချာတော့ ၀ စစ်တပ်ဆီကို ပြီးခဲ့တဲ့အပတ် က အပ်နှံလိုက်ပြီလို့သိရတယ်” - ဟု တရုတ်နယ်စပ်နေထိုင်သူ သျှမ်းအမျိုးသား တဦးကပြောပါသည်။

ဝ အာဏာပိုင်က ဖမ်းဆီးချုပ်နှောင်သည့် ရဲတပ်သား ၂ ဦးအနက် တဦးမှာ ကျိုင်းတုံဇာတိ သျှမ်းအမျိုးသားဖြစ် ပြီး ကျန်တဦးမှာ စိုင်းကျော်အမည်ရှိ ၀ အမျိုးသားတဦးဖြစ်သည်ဟု မိုင်းဖျဲန်ဒေသခံတဦးကပြောပါသည်။

ဝ တပ်ဖွဲ့ စစ်ဆေးမေးမြန်းချက်အရ အဆိုပါ ရဲသားနှစ်ဦးသည် နအဖ စစ်တပ်စေခိုင်းချက်အရ ၀ တပ်ဖွဲ့တပ် စခန်း တည်နေရာ၊ အင်အားတိုးချဲ့ ပြင်ဆင်မှုအခြေအနေ နှင့် ၂၀၀၉ နှစ်လည်ပိုင်းက ၀ နယ်အတွင်းပျောက်သွား သည့် ဗမာ့တပ်မတော်သား ၂ ဦး၏သတင်း လိုက်လံစုံစမ်းရန် ၀ နယ်အတွင်းဝင်ရောက်ခြင်းဖြစ်သည်ဟု ထွက်ဆို ခဲ့ကြောင်း အဆိုပါဒေသခံကပြောပါသည်။

“အခုသူတို့ ၂ ယောက်ကို မိုင်းပေါက် ၀ တပ်ဖွဲ့က ထိန်းချုပ်ထားတယ်။ ဌာနချုပ်ကို ပို့မလား၊ ဘာလုပ်မလဲတော့မသိဘူး” - ၀ အာဏာပိုင် နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောပါသည်။

၂၀၀၉ နှစ်ကုန်ပိုင်းကလည်း မိုင်းခတ်အခြေစိုက် ခမရ ၃၂၇ မှ လက်နက်အပြည့်တပ်ဆင်ထားသည့် အင်အား ၆ယောက် ပါအဖွဲ့ တဖွဲ့ ၀ ထိန်းချုပ် နယ်မြေသို့ ကျွံဝင်ခဲ့သော်လည်း ၀ တပ်ဖွဲ့က တစုံတရာအရေးမယူဘဲ ပြန်လွှတ်ပေးလိုက် သည်။

၂၀၁၀ မေလဆန်းပိုင်း လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ၀ တပ်ဖွဲ့ဥက္ကဌပေါက်ယူချမ်းအားတွေ့ဆုံရန်ဖိတ်ခေါ် ခဲ့သော်လည်း ၀ တပ်ဖွဲ့ငြင်းဆန်ခဲ့သည့်နောက်ပိုင်း ကနေ့တိုင် ထပ်မံကမ်းလှမ်းခြင်း တစုံတရာမရှိခဲ့ပေ။

“အခုလိုမျိုး နအဖနဲ့အေးအေးကျဲကျဲမနေဖို့၊ ကချင် တပ်ဖွဲ့လို မကြာခဏ၀င်ထွက်ဆွေးဖို့လိုတယ်၊ အပေါင်းလက္ခဏာ ဆောင်တာ မဆောင်တာအပထား နှစ်ဘက်စလုံးသွားလာဝင်ထွက်ဖို့အရေးကြီးတယ်” - ဟု တရုတ်အာဏာပိုင် များက ပြောဆိုတိုက်တွန်းထားကြောင်း နယ်စပ်နေအဆိုပါသျှမ်းအမျိုးသားက ပြောပါသည်။


အစိုးရက အကြမ်းဖက်ခွင့် ရနေသော မြန်မာနိုင်ငံ

ဧရာဝတီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ရပ်ဆိုင်း လိုက်ရခြင်းသည် ပါတီက ၂၂ နှစ်ကြာ ရုန်းကန် လျှောက်လှမ်း ခဲ့ရသော ဒီမိုကရေစီ ဖော်ဆောင်ရေး အကြမ်းမဖက် လှုပ်ရှားမှု အဆုံးသတ် ဖြစ်သည် ဟုလည်း ဆိုနိုင်သည်။


တဘက်က ကြည့်ပြန်လျှင်လည်း အစိုးရကိုယ်တိုင် အကြမ်းဖက်မှုများကို ဆောင်ရွက်နေခြင်းသည် ဒီမိုကရေစီရေး အတွက် အကြမ်းမဖက် အနုနည်းဖြင့် ဆောင်ရွက်နေမှုအပေါ် အောင်ပွဲခံလိုက်ခြင်းဟု ဆိုရပေတော့မည်။

အကြမ်းဖက်ခြင်း လမ်းစဉ်က အကြမ်းမဖက်ခြင်း လမ်းစဉ်အပေါ် အနိုင်ရလိုက်ခြင်းသည် မြန်မာပြည်သူတို့ အတွက် ဆုံးရှုံးခြင်းတခု ဖြစ်သလို အကြမ်းဖက်ခြင်းကို လုံးဝ သည်းခံလိမ့်မည် မဟုတ်ဟု ဆိုနေသော ယနေ့ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်း အတွက်လည်း စိန်ခေါ်ချက် တရပ်ပင် ဖြစ်တော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းက ရာဇဝတ်မှုဟု သတ်မှတ်ထား ချက်များ အားလုံးကို မြန်မာ စစ်အစိုးရက ချိုးဖောက်ခဲ့သည်။ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်တပ်စခန်းများ ရဲစခန်းများတွင် ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူများကို မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခြင်း၊ နိုင်ငံသားတို့၏ လူနေမှု ဘဝများကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသား နယ်မြေ ဒေသများအတွင်း ကျေးရွာများ နေရာ ပြောင်းရွှေ့ပစ်ခြင်း၊ တိုင်းရင်းသူများအား အဓမ္မကျင့်ကြံမှုကို လက်နက်သဖွယ် အသုံးချခြင်း စသဖြင့် အမျိုး စုံလှသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက အထက်ပါ ဖြစ်ရပ်များကို တိတိကျကျ အထောက် အထားများဖြင့် မှတ်တမ်း တင်နိုင်ခဲ့သည်။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကိုယ်ပိုင် တရားစီရင်ရေးစနစ်ကို ကျင့်သုံးလျက်ရှိသည့် စစ်အစိုးရက ၎င်းတို့သည် တည်ဆဲ ဥပဒေများအရ ဆောင်ရွက်နေပါသည်ဟု ဆိုလေသည်။

အကြမ်းမဖက် ဆောင်ရွက်နေသည့် နိုင်ငံရေး လှုပ်ရှားသူများ အပါအဝင် ပြည်သူများအပေါ် စစ်အစိုးရ ကိုယ်တိုင် ကျူးလွန်နေသော အကြမ်းဖက်မှုများကို နိုင်ငံတကာ လူ့ အဖွဲ့အစည်းက တားဆီး ဟန့်တားရန် ပျက်ကွက်ခဲ့သည်ကိုလည်း တွေ့ရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း တုန်လှုပ်ဖွယ် အစုလိုက်အပြုံလိုက် လူသတ်မှုကြီး ၃ ခု ဖြစ်ပွားခဲ့သည်။ ပထမဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ဒီမိုကရေစီရေး အတွက် တောင်းဆို ဆန္ဒပြခဲ့သူများအား အစိုးရက ရက်ရက် စက်စက် ချေမှုန်းခဲ့သည်။ ဆန္ဒပြသူများ အနက် လူပေါင်း ၃ဝဝဝ ခန့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရန်ကုန်ရှိ နိုင်ငံခြား သံရုံးများ ကိုယ်တိုင် ထိုသတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ကြသည်။ ထိုအထဲမှ ပစ်ခတ် သတ်ဖြတ်မှု တခုသည် အမေရိကန်သံရုံး ရှေ့တည့်တည့်တွင် ဖြစ်ပွားခဲ့သည်။

ဒုတိယအကြိမ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးက အထက်မြန်မာပြည်တွင် ၂ဝဝ၃ ခုနှစ်က ဖြစ်ပွားခဲ့သည်။ နယ်သို့ စည်းရုံးရေးခရီးစဉ် ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ချုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဒီပဲယင်း လူသတ်မှုကြီးဟု လူသိများသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသက်ဘေးမှ သီသီလေး လွတ်ခဲ့သည်။ ထို တိုက်ခိုက်မှုအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းမှ အသင်းဝင်များ၊ စွမ်းအားရှင်အုပ်စုမှ အဖွဲ့ဝင်များကို အသုံးပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် အတူ လိုက်ပါလာသော သူ့အား ထောက်ခံသူများ အနက် အနည်းဆုံး ၁ဝဝ ခန့် သတ်ဖြတ်ခံခဲ့ရသည်။

တတိယအကြိမ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးမှာ သံဃာများ ဦးဆောင်ခဲ့သည့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားကြီးကို နှိမ်နင်းရာမှ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူ လေးငါးဆယ်ထက် မနည်း သတ်ဖြတ်ခံခဲ့ရ၍ ရာပေါင်း များစွာ ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

မြန်မာပြည်၌ ဖြစ်ပွားခဲ့သော ရွှေဝါရောင် လှုပ်ရှားမှုကြီးသည် ငြိမ်းချမ်းသော၊ လုံးဝ အကြမ်း မဖက်သော လှုပ်ရှားမှုကြီး ဖြစ်သည်။ ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ၌ ဖြစ်ပွားလေ့ ရှိသော လူထု ဆန္ဒပြပွဲများကဲ့သို့ အကြမ်းဖက်မှုများဖြင့် ရောထွေးနေသော လှုပ်ရှားမှုမျိုး မဟုတ်ပေ။

မြန်မာ စစ်အစိုးရ၏ အဆိုပါ ရာဇဝတ်ပြစ်မှုများ အတွက် နိုင်ငံအတွင်းမှ ဖြစ်စေ နိုင်ငံတကာက ဖြစ်စေ ထိုကျူးလွန်ဖောက်ဖျက်ခဲ့သူများကို တရား ဥပဒေအတိုင်း အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိခဲ့။

နိုင်ငံတကာ မိသားစုက မြန်မာ စစ်အစိုးရ၏ အကြမ်းဖက်မှုများကို တုံ့ပြန်မှုသည် လွန်စွာမှ နိုင်ငံရေး ဆန်လှသည်။ စစ်အစိုးရ အကြီးတန်း ခေါင်းဆောင်များကို အနောက်နိုင်ငံများက ဗီဇာ ပိတ်ခြင်း၊ လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း၊ စီးပွားရေး ပိတ်ဆို့ခြင်း စသည့် တုံ့ပြန်မှုများလောက်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုပိတ်ဆို့ခြင်းများသည် လက်တွေ့တွင် အလုပ်ဖြစ်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခြင်းများကို ကျူးလွန်ခဲ့မှုများ အတွက် မည်သည့် နိုင်ငံတကာ ခုံရုံးတွင်မှ ကျူးလွန်သူများကို အရေးယူရန် စီစဉ် ဆောင်ရွက်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်သည် ၎င်းတို့ ပျက်ကွက်ခဲ့မှုများကို ဖုံးကွယ်ရေး အတွက် ပိတ်ဆို့မှု နည်းနာကို ဆက်လက် ကျင့်သုံးကာ မြန်မာ စစ်အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်မည့် နည်းလမ်းများကို ရှာဖွေနေသည်။ အနောက်နိုင်ငံများ၏ နည်းဗျူဟာသစ်ကို မြန်မာ စစ်ဗိုလ်ချုပ်များက ရှိသည် ဟူ၍ပင် မသတ်မှတ်ပါ။ ဂရုမစိုက်ပါ။

ဤအတောအတွင်း အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ် ဦးဆောင်သော အဖွဲ့သည် နေပြည်တော်တွင် စစ်အစိုးရနှင့် တွေ့ဆုံကာ နည်းဗျူဟာ အသစ်နှင့် ပတ်သက်၍ ဆွေးနွေးနေသည်။

လက်ရှိ အနေအထားတွင် နိုင်ငံရေးအရ တိုးတက်မှုဟု ဗိုလ်ချုပ်များ ပြောဆိုနိုင်သည့်အရာမှာ မတရားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကြောင့် NLD နိတ္ထိတံပြီ ဟူသော အကြောင်း တခုသာ ရှိလေသည်။

ထို့အပြင် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်နေသော မြန်မာပြည် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးဆိုသည့် လုပ်ငန်းစဉ်သည် အမြင် မတော်လောက်အောင်ပင် ချိနဲ့နေဆဲ ဖြစ်သည်။

မြန်မာပြည်တွင် အကြမ်းမဖက် လှုပ်ရှားမှု ဘာကြောင့် မအောင်မြင်ရသနည်း ဆိုသည်ကို ပြန်လည် သုံးသပ်သင့်သည်။ အမေရိကန် အပါအဝင် နိုင်ငံတကာ မိသားစုသည် မြန်မာပြည်နှင့် ပတ်သက်သော ၎င်းတို့၏ ပေါ်လစီများကို ပြန်လည် သုံးသပ်သင့်သည်။ တချိန်တည်းတွင်လည်း ရာဇဝတ်မှုများ ချိုးဖောက်ခဲ့ ချိုးဖောက်ဆဲ ဖြစ်သော စစ်အစိုးရကို နိုင်ငံတကာ စံသတ်မှတ်ထားသည့် တရား ဥပဒေဘောင် အတွင်းမှ မည်သို့ မည်ပုံ အရေးယူမည် ဆိုသည်ကို လေးလေး နက်နက် စဉ်းစားသင့်ပေသည်။

State Violence is Allowed to Win in Burma ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။

နျူကလီးယားသတင်းပျံ့မှုကြောင့် ကျောက်မဲမြို့၌ နအဖ ထောက်လှမ်းရေးတိုးချ

သျှမ်းသံတော်ဆင့်

နအဖ စစ်အုပ်စု၏ နျူကလီးယား စီမံကိန်း သတင်း ထုတ်ဖေါ်သူ ဗိုလ်မှူး စိုင်းသိန်းဝင်း ၏ ဇာတိ ကျောက်မဲမြို့ ၌စစ်ထောက် လှမ်းရေး အများအပြား တိုးချဲ့ ချထားကြောင်း မြို့ခံ များက ပြောပါသည်။

အစ တုန်းကတော့ စိုင်းသိန်းဝင်း သတင်း ဘယ်သူမှ မသိဘူး၊ DVB နဲ့ အယ်လ်ဂျာဇီးယား ရုပ်သံ သတင်းဌာန တို့ဆက်တိုက် ထုတ်လွင့် နေတော့ သတင်းကြီး ဖြစ်သွားတာ။ အဲဒီ့ ကစပြီး တော့ပေါ့ ကျောက်မဲမှာ မြင်နေကျ ထောက်လှမ်းရေး တွေအပြင် ထောက်လှမ်းရေး လို့ယူဆရတဲ့ တခြား မျက်နှာစိမ်း တွေလဲ အများအပြား ရောက် လာတာတွေ့ရတယ်” - ဟုကျောက်မဲမြို့ သားတဦးက ပြောပါသည်။

ယခင်အပတ်ကစ၍ နအဖ စစ်အုပ်စု၏ နျူကလီးယား စီမံကိန်းအကြောင်း နိုင်ငံခြားအခြေစိုက် သတင်းဌာနများ သို့ ဗိုလ်မှူးစိုင်းသိန်းဝင်း စတင်ဖွင့်ဟထုတ်ဖေါ်ခဲ့သည့်နောက်ပိုင်း မိခင်ဖြစ်သူအပါအ၀င် အစ်ကို အစ်မများ အားလုံး စရဖက ခေါ်ယူစစ်ဆေးခဲ့သော်လည်း ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဟု ရန်ကုန်ရောက် သျှမ်းအမျိုးသား တဦးကဤကဲ့သို့ဆက်ပြော ပါသည်။

“စိုင်းသိန်းဝင်းက ဖခင်မရှိတော့ဘူး၊ မောင်နှမ ၄ ယောက်ရှိတယ်။ သူက အငယ်ဆုံး၊ စာအရမ်းတော်တယ်၊အထက် တန်းကို ဂုဏ်ထူးအများကြီးနဲ့ ၁၉၉၃ က အောင်တယ်၊ အခုကိစ္စအပေါ် သူ့မိသားစုကို ဖမ်းဆီးချုပ် နှောင်တာအခုထိ မရှိသေးဘူး၊ သူ့အိမ်ဝန်းကျင်မှာတော့ ထောက်လှမ်းရေးတွေအချိန်ပြည့်ဘဲ”

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲဇာတိ ဗိုလ်မှူးစိုင်းသိန်းဝင်းသည် တပ်မတော် နည်းပညာသက္ကသိုလ်ကျောင်းပြီး သည့်အပြင် ရုရှားမှ ဒုံးပျံ အင်ဂျင်ဆိုင်ရာဘွဲ့လည်းရရှိခဲ့သည်။ မကွေးတိုင်း မြိုင်မြို့နယ် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ ဒု စက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ စစ်သက် ၁၅ နှစ်တာဝန်ထမ်းကာ ယခုနှစ် ဖေဖေါ်ဝါရီလက ထိပ်တန်း လျှို့ဝှက် စာတမ်းနှင့် အတူ နျူကလီးယားလက်နက်တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ သက်သေ ပစ္စည်းများယူဆောင်၍ ပြည်ပသို့ တိမ်းရှောင်ခိုလှုံခဲ့သည်။

နျူကလီးယား ကကြီး ခခွေး

ဂါမဏိ

အခုအခါ ဖက်ဆစ် စစ်ဝါဒီတွေဖြစ်တဲ့ နအဖစစ်အုပ်စုဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားနေတာကို ပြည်တွင်းပြည်ပမှာ သိနေကြပါပြီ။ ဒါကြောင့် အောက်ခြေတပ်မတော်သားတွေအပါအဝင် မြန်မာပြည်သူတွေအနေနဲ့ နျူကလီးယားနည်းပညာကို တစုံတရာ သိနားလည်လာဖို့ လိုအပ်နေပါတယ်။ အခုဆောင်းပါးက အဲဒီကွက်လပ်ကို ဖြည့်ဖို့ ရည်ရွယ်ပါတယ်။

၁။ သတ္တုတူးဖော်ခြင်း

အရပ်ဘက်နျူကလီးယားဖြစ်စေ၊ စစ်ဘက်နျူကလီးယားဖြစ်စေ အခြေခံကုန်ကြမ်းက ယူရေနီယမ် ဖြစ်ပါတယ်။ ဒီ ယူရေနီယမ် သတ္တုကို မြေကြီးထဲက တူးယူရပါတယ်။ ကမ္ဘာမှာ ယူရေနီယမ် အဓိကထွက်တဲ့ နိုင်ငံတွေက သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ နမီးဘီးယား၊ နိုင်ဂျာ၊ ရုရှား၊ ဥဇဘက်ကစ္စတန်တို့ဖြစ်ပြီး မြန်မာပြည်မှာတော့ ပင်းပက်၊ သပိတ်ကျဉ်း၊ ပုံတောင်ပုံညာ၊ ဖားကန့်၊ တနိုင်း၊ မိုးမိတ်တို့မှာ ထွက်ပါတယ်။

ယူရေနီယမ် အနုမြူတချို့ကို ဆက်တိုက်ခွဲစိတ်တဲ့အခါ စွမ်းအင် ထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို နျူကလီးယား ခွဲစိတ်မှု nuclear fission လို့ ခေါ်ပါတယ်။ နျူကလီးယားဓာတ်အားပေးစက်ရုံ (ဓာတ်ပေါင်းဖို) မှာ ခွဲစိတ်မှုက ဖြည်းဖြည်းလေးဖြစ်ပျက်နေပြီး နျူကလီးယားလက်နက်မှာတော့ တဟုန်ထိုးမြန်မြန်ဆန်ဆန် ဖြစ်ပျက်ပါတယ်။ နှစ်မျိုးစလုံးမှာတော့ ဒီခွဲစိတ်မှုကို သေသေချာချာဂရုတစိုက် ထိန်းချုပ်ဖို့လိုပါတယ်။

နျူကလီးယားခွဲစိတ်မှုအတွက် ယူရေနီယမ် (၂၃၅) လို့ခေါ်တဲ့ ယူရေနီယမ်အိုင်ဆိုတုပ်ကိုသုံးရင် အကောင်းဆုံးဖြစ်ပါတယ်။ (အိုင်ဆိုတုပ် ဆိုတာ ပရိုတွန် အရေအတွက်တူပြီး နျူထရွန် အရေအတွက်မတူတဲ့ မျိုးတူဒြပ်စင် ဖြစ်ပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ ယူရေနီယမ်က ယူရေနီယမ် (၂၃၈) ဖြစ်ပါတယ်။) ယူရေနီယမ် (၂၃၅) အစား ပလူတိုနီယမ် (၂၃၉) ကို သုံးရင်လည်း ထိရောက်မှုကောင်းပါတယ်။ ယူရေနီယမ် ၂၃၅ (ယူ-၂၃၅) ဟာ ဆက်တိုက် ဆင့်ကဲ ဆင့်ကဲ ခွဲစိတ်မှုဖြစ်တတ်ပြီး စွမ်းအင်အဖြစ် အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။

ယူရေနီယမ် (၂၃၅) အနုမြူ ကွဲထွက်တဲ့အခါ နျူထရွန် (၂) လုံး (၃) လုံး လွှတ်ထုတ်ပါတယ်။ ဘေးမှာ တခြားယူ-၂၃၅ အနုမြူတွေရှိနေရင် အဲဒီနျူထရွန်တွေက ဝင်တိုက်ပြီး အတိုက်ခံရတဲ့ အနုမြူတွေကို ကွဲထွက်စေပါတယ်။ ဒါကြောင့် နျူထရွန်တွေ ပိုများများ ထပ်ထွက်လာပါတယ်။ အခုလိုမျိုး သူ့ဖာသာသူ ကွင်းဆက်ဓာတ်ပြုနိုင်ဖို့ ယူ-၂၃၅ အနုမြူ အလုံအလောက်ရှိနေရင် နျူကလီးယားတုံ့ပြန်မှု ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ အနုမြူ အရေအတွက်ကို “အခြေပြောင်းဒြပ်ထု” critical mass လို့ခေါ်ပါတယ်။

ဒါပေမယ့် သဘာဝအတိုင်းတွေ့ရတဲ့ အနုမြူဒြပ်စင်မှာ အနုမြူ အလုံး (၁,၀၀၀) မှာ ယူ-၂၃၅ က (၇) လုံးပဲပါပြီး ကျန်တဲ့ အနုမြူ (၉၉၃) လုံးက ယူ-၂၃၈ ဖြစ်နေပါတယ်။

၂။ ဓာတ်ပြောင်းခြင်း

ယူရေနီယမ်သတ္တုရိုင်းကို တူးယူပြီးရင် စက်နဲ့ အမှုန့်ကြိတ်ပစ်ရပါတယ်။ ဒီအမှုန့်တွေကို ဓာတုဗေဒနည်းနဲ့ သန့်စင်ပစ်ပြီး “အဝါရောင်ကိတ်မုန့်” yellow cake လို့ခေါ်တဲ့ ယူရေနီယမ်အခဲ ပြန်လုပ်ရပါတယ်။ ဒီအဝါရောင်ကိတ်မုန့်မှာ ယူရေနီယမ် (၆၀-၇၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဒီယိုသတ္တိကြွအန္တရာယ်ရှိနေပါပြီ။

ဒီနေရာမှာ နျူကလီးယားပညာရှင်တွေရဲ့ အဓိကအလုပ်က ရထားတဲ့ယူရေနီယမ်ထုထဲမှာ ယူ-၂၃၅ အနုမြူ ပမာဏတိုးလာအောင် လုပ်ဖို့ဖြစ်ပါတယ်။ ဒါကို ယူရေနီယမ်သန့်စင်မှု enrichment လို့ခေါ်ပါတယ်။ သန့်စင်ဖို့အတွက် အဝါရောင်ကိတ်မုန့်ကို နိုက်ထရစ်အက်ဆစ်နဲ့ ဖျော်ပြီး ဓာတုဗေဒနည်းနဲ့ ပြုပြင်ရပါတယ်။ ဒီ့နောက်မှာ အပူပေးပြီး ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ် ဓာတ်ငွေ့ဖြစ်လာစေပါတယ်။

ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ဟာ ထိတဲ့ပစ္စည်းတွေကို လောင်တတ် စားတတ်တဲ့အတွက် အင်မတန် သတိထားကိုင်တွယ်ရပါတယ်။ ဒီဓာတ်ငွေ့ထုတ်လုပ်တဲ့စက်ရုံက ပိုက်လိုင်းတွေ မော်တာစက်တွေကို ခံနိုင်ရည်ရှိတဲ့ အလျူမီနီယမ်-နီကယ်သတ္တုစပ်တွေနဲ့ အထူးတည်ဆောက်ရပါတယ်။ ဒါ့အပြင် ဒီဓာတ်ငွေ့ကို ဆီအမျိုးမျိုး၊ အမဲဆီ၊ အင်ဂျင်ဝိုင် စတာတွေနဲ့ မထိတွေ့အောင်လည်း ထားရပါတယ်။ နို့မဟုတ်ရင် မတော်တဆ ဓာတုတုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။

၃။ သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုမှာသုံးမယ့် ယူရေနီယမ်ကို ယူ-၂၃၅ (၂-၃) ရာခိုင်နှုန်းပါအောင် သန့်စင်ယူရပါတယ်။ လက်နက်အတွက်ဆိုရင်တော့ ယူ-၂၃၅ (၉၀) ရာခိုင်နှုန်းပါတဲ့အထိ သန့်စင်ပစ်ဖို့လိုပါတယ်။

အများဆုံးသုံးတဲ့ သန့်စင်နည်းကတော့ gas centrifuge ဓာတ်ငွေ့ ဗဟိုခွာအားနည်းဖြစ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ကို ပြွန်လုံးရှည်ထဲထည့်ပြီး အရှိန်မြင့်လှည့်ပေးတဲ့အခါ ပိုလေးတဲ့ ယူ-၂၃၈ အိုင်ဆိုတုပ်က ဘေးမှာလာစုပါတယ်။ ဒီ ယူ-၂၃၈ ကို ပြွန်အောက်ဘက်ကနေ ထုတ်ယူပြီး အလယ်မှာစုနေတဲ့ ယူ-၂၃၅ များတဲ့ ဓာတ်ငွေ့ကို သီးသန့်ထုတ်ယူပါတယ်။ ဒီ ယူ-၂၃၅ ဓာတ်ငွေ့ကို နောက်ထပ်ဗဟိုခွာအားစက်ထဲပို့ပြီး ထပ်'ကျင်' ရပါတယ်။ ဒီလို ထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင်ထားရပါတယ်။ ရေဒီယိုသတ္တိကြွမှု နည်းနည်းရှိတဲ့ လက်ကျန် ယူ-၂၃၈ တွေကိုတော့ အားပျော့ယူရေနီယမ် depleted uranium လို့ခေါ်ပြီး သံချပ်ကာဖောက် အမြောက်ဆန်တွေ၊ ကျည်ဆန်တွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

နောက်ထပ်သန့်စင်နည်းကတော့ စိမ့်ထွက်နည်း diffusion လို့ခေါ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာ ဖလိုရိုက်ဒ်ဓာတ်ငွေ့ကို အမှေးပါးတခုကို ဖြတ်သန်းခိုင်းတဲ့အခါ ပိုပေါ့တဲ့ ယူ-၂၃၅ က အမှေးပါးဇကာကို ပိုမြန်မြန်ဖြတ် နိုင်တဲ့အတွက် ခွဲထုတ်ယူလို့ရပါတယ်။ ဗဟိုခွာအားနည်းလိုပဲ ဒီနည်းမှာလည်း အမှေးပါးဖြတ်တာကို ထပ်တလဲလဲ လုပ်ရပါတယ်။


၎။ ဓာတ်ပေါင်းဖိုရလာတဲ့ ယူ-၂၃၅ ကို နျူကလီးယားဓာတ်ပေါင်းဖိုမှာဖြစ်စေ၊ နျူကလီးယားလက်နက်မှာဖြစ်စေ သုံးနိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာ နျူကလီးယားခွဲစိတ်ခြင်းက ထွက်လာတဲ့အပူဓာတ်ကို ထိန်းချုပ်ပြီး ရေနွေးငွေ့ထွက်အောင်လုပ်၊ တာဘိုင်တွေကိုလည်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ပါတယ်။
သာမန်နျူကလီးယားဓာတ်ပေါင်းဖိုမှာ (၂-၃) ရာခိုင်နှုန်းသန့်စင်ပြီး ယူရေနီယမ်ကို လောင်စာအခဲလေးတွေပုံစံနဲ့ သုံးပါတယ်။ ဒီအခဲလေးတွေက ကျပ်လုံးလောက်ရှိပြီး တလက်မရှည်ပါတယ်။ ဒါလေးတွေကို အချောင်းရှည်တွေဖြစ်အောင် စုထပ်ပြီး အပူကာနံရံထူတဲ့ အလုံပိတ်အခန်းထဲ ထည့်ထားပါတယ်။ ဓာတ်ပေါင်းဖို တော်တော်များများမှာ လောင်စာချောင်းအထုပ်တွေကို အေးအောင်လို့ ရေအောက်မှာမြှုပ်ထားပါတယ်။ တချို့ဓာတ်ပေါင်းဖိုတွေမှာတော့ အေးအောင် ကာဘွန်ဒိုင်အောက်ဆိုက် သို့မဟုတ် သတ္တုအရည် သုံးပါတယ်။

ခွဲစိတ်တုံ့ပြန်မှုနဲ့ အပူထွက်နိုင်ဖို့အတွက် ယူရေနီယမ်လောင်စာအနှစ်သားဟာ 'အခြေပြောင်း' အနေအထားမှာ ရှိရပါမယ်။ ဆိုလိုတာက ယူရေနီယမ်ဟာ ကိုယ့်ဖာသာကိုယ် ကွင်းဆက်တုံ့ပြန်မှု ဖြစ်နိုင်မယ့် အလုံအလောက် သန့်စင်မှု ရှိရပါမယ်။

နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ထိန်းချုပ်တံတွေကို ဓာတ်ပေါင်းဖိုအခန်းထဲ မြှုပ် သွင်းထားပါတယ်။ ဒီထိန်းချုပ်တံတွေကို နျူထရွန်တွေစုပ်ယူနိုင်တဲ့ ဓာတ်ပစ္စည်း၊ ဥပမာ ကက်ဒ်မီယမ်နဲ့ လုပ်ထားပါတယ်။ နျူထရွန်တွေကို စုပ်ယူလိုက်လို့ နျူထရွန်အရေအတွက်နည်းသွားရင် ကွင်းဆက်တုံ့ပြန်မှု နည်းသွားတဲ့အတွက် ခွဲစိတ်မှုဖြစ်စဉ် နှေးကွေးသွားပါတယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ နျူကလီးယားဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ (၁၇) ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပါတယ်။ ဒါတင်မက နျူကလီးယားဓာတ်ပေါင်းဖိုသုံးပြီးသွားတဲ့ သင်္ဘောနဲ့ ရေငုပ်သင်္ဘော တွေလည်း ရှိနေပါတယ်။

၅။ ယူရေနီယမ် နျူကလီးယားဗုံး

နျူကလီးယားဗုံးထုတ်လုပ်တဲ့အခါ ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်စေပြီး အပူဓာတ်အများကြီး ဒလကြမ်းထုတ်လွှတ်မယ့် မဟာ့မဟာအခြေပြောင်းဒြပ်ထု ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ရပါတယ်။ အလွယ်ဆုံးပုံစံတခုက 'သေနတ်' ပုံစံလို့ ခေါ်တဲ့ဟာဖြစ်ပါတယ်။ ဒီပုံစံမှာ အခြေပြောင်းရောက်ခါနီး ယူရေနီယမ်ဒြပ်ထု အလုံးငယ်တခုကို ယူရေနီယမ်ဒြပ်ထု အလုံးကြီးတခုဆီ ပြေးဆောင့်ခိုင်းတဲ့အခါ အလုံးနှစ်ခုပေါင်းပြီး မဟာ့မဟာအခြေပြောင်းအဆင့် ရောက်သွားတဲ့အတွက် နျူကလီးယားပေါက်ကွဲမှု ဖြစ်သွားပါတယ်။ ဒီလိုဖြစ်ဖို့အချိန်က တစက္ကန့်တောင်မရှိပါဘူး။

အလွန်အမင်းသန့်စင်ထားတဲ့ (၉၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့) ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ကို ယူရေနီယမ်အောက် ဆိုက်အဖြစ် အရင်ဓာတ်ပြောင်းပြီးနောက် ယူရေနီယမ်သတ္တုတုံးတွေအဖြစ် ပုံသွင်းလိုက်ရင် ယူရေနီယမ်အနုမြူဗုံးအတွက် လိုအပ်တဲ့လောင်စာ ရပါတယ်။ ဒီလုပ်ငန်းကို အတော်လေးလွယ်ကူတဲ့ ဓာတုဗေဒနည်း၊ အတော်လေး လွယ်ကူတဲ့ အင်ဂျင်နီယာနည်းတွေနဲ့ လုပ်နိုင်ပါတယ်။

အင်အားအကောင်းဆုံး အခြေခံနျူကလီးယားခွဲစိတ်လက်နက် သို့မဟုတ် အနုမြူဗုံးဟာ ပေါက်ကွဲအား ကီလိုတန် (၅၀) ရှိပါတယ်။ ဒီပေါက်ကွဲအားကို နျူကလီးယားပေါင်းစည်းမှု nuclear fusion သတ္တိ အသုံးချပြီး တိုးမြှင့်ပေးနိုင်ပါတယ်။ ပေါင်းစည်းမှုဆိုတာက ဟိုက်ဒြိုဂျင်အနုမြူအိုက်ဆိုတုပ်ရဲ့ နျူးကလီးယပ်စ်တွေကို ပေါင်းစည်းပေးပြီး ဟီလီယမ်နျူးကလီးယပ်စ် ဖြစ်အောင် လုပ်တာဖြစ်တယ်။ ဒီလိုဖြစ်ဖို့ ဟိုက်ဒြိုဂျင်နျူးကလီးယပ်စ်တွေကို အင်မတန် မြင့်မားတဲ့ အပူချိန်နဲ့ဖိအား ပေးရတယ်။ ဒီလို အပူချိန်နဲ့ဖိအား အများကြီးရဖို့ အနုမြူဗုံးကနေ ယူရပါတယ်။

နျူကလီးယားပေါင်းစည်းမှုကနေ ခွဲစိတ်တုံ့ပြန်မှုထဲကို ပိုအားပြင်းတဲ့ နျူထရွန်တွေ သွင်းပေးတဲ့အတွက် ပေါက်ကွဲအား ပိုကြီးသွားစေပါတယ်။ အဲသလို ခွဲစိတ်-ပေါင်းစည်းကိရိယာတွေကို ဟိုက်ဒြိုဂျင်ဗုံး သို့မဟုတ် သာမို နျူကလီးယားလက်နက်လို့ ခေါ်ကြပါတယ်။

၆။ တကျော့ပြန်သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုကထွက်တဲ့ အညစ်အကြေးတွေကနေ ဓာတုဗေဒနည်းနဲ့ အသုံးဝင်တဲ့လောင်စာ ခွဲထုတ် ရီဆိုင်ကယ်လုပ် ပြန်အသုံးချတာကို တကျော့ပြန်သန့်စင်မှု reprocessing လို့ခေါ်ပါတယ်။ သုံးပြီးသား လောင်စာချောင်းတွေကို အပြင်ကသတ္တုအခွံခွာပြီးတော့ အပူပေးထားတဲ့ နိုက်ထရစ်အက်ဆစ်ထဲမှာ ဖျော်ပစ်လိုက်ရင် ဓာတ်ပေါင်းဖိုမှာ ပြန်သုံးနိုင်တဲ့ ယူရေနီယမ်က (၉၆) ရာခိုင်နှုန်း၊ အလွန်အမင်းရေဒီယိုဓာတ်ကြွအညစ်အကြေးက (၃) ရာခိုင်နှုန်း၊ ပလူတိုနီယမ်က (၁) ရာခိုင်နှုန်း ရပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုအားလုံးက ပလူတိုနီယမ်ထွက်ပါတယ်။ ဒါပေမယ့် စစ်ရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေက ပိုပြီး ထိထိရောက်ရောက်ထုတ်လုပ်နိုင်ပါတယ်။

ပလူတိုနီယမ်ထုတ်လုပ်ဖို့အတွက် နျူကလီးယားဓာတ်ပေါင်းဖိုတခုနဲ့ တကျော့ပြန်သန့်စင်စက်ကို သာမန် အဆောက်အဦတခုတည်းမှာပဲ လူမသိသူမသိ တပ်ဆင်ထားလို့ရပါတယ်။ ဒါကြောင့် လျှို့ဝှက်လက်နက်လုပ်ငန်း လုပ်ချင်တဲ့ နိုင်ငံတွေအတွက် အခုလို တကျော့ပြန်သန့်စင်နည်းနဲ့ ပလူတိုနီယမ်ထုတ်ရတာက တွက်ခြေကိုက်ပြီး ဖုံးကွယ်နိုင်မှုလည်းရှိလို့ သဘောကျကြပါတယ်။

၇။ ပလူတိုနီယမ် နျူကလီးယားဗုံး

နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ ပလူတိုနီယမ်နဲ့ လုပ်တာက ယူရေနီယမ်နဲ့လုပ်တာထက် အားသာချက်တွေ အတော်များများရှိပါတယ်။ သာလွန်ချက်တခုက ပလူတိုနီယမ်က ပမာဏနည်းနည်းနဲ့ ပိုအားပြင်းတဲ့ဗုံး လုပ်လို့ ရတာဖြစ်ပါတယ်။ ကီလိုတန် (၂၀) ပေါက်ကွဲအားရှိတဲ့ဗုံး လုပ်ဖို့ ပလူတိုနီယမ် (၄) ကီလိုပဲလိုပါတယ်။ တနှစ်ကို ပလူတိုနီယမ် (၁၂) ကီလို ထုတ်လုပ်နိုင်ဖို့အတွက် တကျော့ပြန်သန့်စင်ရေးစက်ရုံ ခတ်သေးသေးရှိရင်ရပါတယ်။

ပလူတိုနီယမ်ဗုံးတခုမှာ ပလူတိုနီယမ်အလုံးတလုံးကို ဘယ်ရီလီယမ်အခွံနဲ့ ဖုံးထားပါတယ်။ ဒီအခွံက နျူထရွန်တွေကို ခွဲစိတ်ဖြစ်စဉ်ထဲ ပြန်ရိုက်ခတ်စေဖို့ဖြစ်ပါတယ်။ ဒါကြောင့် အခြေပြောင်းဒြပ်ထု ဖြစ်လာပြီး ကိုယ့်ဖာသာ ဆက်တိုက် ခွဲစိတ်တုံ့ပြန်မှုဖြစ်ဖို့ ပလူတိုနီယမ်ပမာဏ နည်းနည်းပဲလိုတာဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့တဖွဲ့ ဒါမှမဟုတ် ဆိုးသွမ်းနိုင်ငံတခုဟာ နျူကလီးယားဗုံးလုပ်ဖို့အတွက် ယူရေနီယမ်ကို သန့်စင် ပြီးလုပ်တာထက် ကမ္ဘာအနှံ့က အရပ်ဘက်သုံးနျူကလီးယားဓာတ်ပေါင်းဖိုတွေကနေ ပလူတိုနီယမ် ရယူလုပ်တာက ပိုလွယ်နိုင်ပါတယ်။

ပလူတိုနီယမ်ဗုံး အကြမ်းစားတခုကို အကြမ်းဖက်သမားတွေ လုပ်နိုင်ဖို့ဆိုတာ အရင်တခါ ဂျပန်မှာ အဆိပ်ငွေ့နဲ့ အကြမ်းဖက်သွားတဲ့ ဥုံ ဂိုဏ်း အဆင့်လောက်ကတတ်တဲ့ ကျွမ်းကျင်မှုအရည်အချင်းနဲ့ တည်ဆောက်နိုင်တယ်လို့ ပါရဂူ တွေကဆိုပါတယ်။ အဲသလို နျူကလီးယားဗုံးဟာ ပေါက်ကွဲအား တီအင်တီယမ်းတန်ချိန် (၁၀၀) နဲ့ ညီမျှပါလိမ့်မယ်။

၈။ ဓာတ်ရောင်ခြည်သင့်ရောဂါ

ရေဒီယိုသတ္တိကြွပစ္စည်းတွေဖြစ်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်တွေကို ကိုင်တွယ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ တပ်မတော်သားတွေဟာ နျူကလီးယားဓာတ်ရောင်ခြည်သင့်မှု အန္တရာယ် ကျရောက်နေပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါ လက္ခဏာတွေကတော့ ဓာတ်ရောင်ခြည်ပမာဏပေါ်မူတည်ပြီး ပြင်းထန်မှုရှိပါတယ်။ အများဆုံး (၆) နာရီကြာမှ စပေါ်တာရှိသလို များရင်တော့ ချက်ချင်းလက္ခဏာပြပါတယ်။

ဖြစ်တတ်တာတွေက ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အဖျားတက်ခြင်း၊ အရေပြား ရောင်ရမ်းပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အကြောဆွဲခြင်း၊ အားနည်းခြင်း၊ ခြေတုန် လက်တုန်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျ သွေးလန့်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ အင်္ဂါမစုံ ကလေးမွေးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ရောဂါပိုးအမျိုးမျိုးဝင်ခြင်း၊ သွေးကင်ဆာနဲ့ တခြားကင်ဆာများဖြစ်ခြင်း၊ သေဆုံးခြင်း တို့ဖြစ်တတ်ပါတယ်။

အရင်က ရုရှနိုင်ငံမှာ ချာနိုဘိုင်း နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ကြောင့် လူ (၃၁) ယောက် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။ အခုလည်း မြန်မာနိုင်ငံမှာ အရည်အချင်းညံ့ဖျင်းပြီး ဖြစ်ကတတ်ဆန်းနဲ့ လဘော်သရေကျလှတဲ့ နအဖစစ်တပ်ရဲ့ လျှို့ဝှက်နျူကလီးယားစီမံကိန်းကြောင့် အရပ်သားပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ တပ်မတော်သားတွေ ဓာတ်ရောင်ခြည်သင့်ရောဂါရပြီး ဆေးရုံတက်ရတဲ့သတင်းတွေ ကြားနေရပါပြီ။

ဓာတ်ရောင်ခြည်သင့်မှုကနေ ကာကွယ်ဖို့ဆိုရင် အချိန်ကြာထိတွေ့မှု မပြုဖို့၊ အနီးကပ် မကိုင်တွယ်ဘဲ ညှပ်ရှည်ရှည်တွေသုံး ကိုင်တွယ်ဖို့၊ ခဲသုတ်ထားတဲ့ဝတ်ရုံတွေ ဝတ်ဖို့လိုပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါအတွက် ဆေးမရှိပါ။ သက်သာရုံပဲ တတ်နိုင်ပါတယ်။



ယနေ့ မြန်မာ့ရေးရာ သတင်းများ June,9th,2010

( 40 )Burma to fix gas prices

( 39 )ရယက ဥက္ကဟောင်း တစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးကို ပြည်တန်ဆာ အမှုဖြင့် ထောင်ဒဏ် စီရင်

( 38 )Burmese HIV rates growing

( 37 )ထိုင်းနှင့်မြန်မာ ကျောင်းသားများ ပူးပေါင်း သစ်ပင်စိုက်ပျိုး

( 36 )South Korea to train Myanmar agricultural experts

( 35 )မြ၀တီတွင် ဗုံးတစ်လုံးပေါက်ကွဲ

( 34 )ရန်ကုန်တိုင်းတွင်း လယ်သမားများကို ငွေထုတ်ချေးမည်

( 33 )PM's Party Granted Registration

( 32 )မြောက်ကိုရီးယားနှင့် ပတ်သက်ပြီး အမေရိကန် အစိုးရ သတင်းထုတ်ပြန်

( 31 )US Talking to Burma about North Korea

( 30 )စက်ရေတွင်း တူးရာ ရေချို မထွက်ပဲ ရေငံများထွက်၍ အခက်ကြုံ

( 29 )What if Burma goes nuclear?

( 28 )ကမ္ဘာ့ဖလား တိုက်ရိုက် လွှင့်သောကြောင့် စလောင်း ရောင်းအားကျဆင်း

( 27 )Deepened Sino-Myanmar relations contribute to regional development

( 26 )အမျိုးသား ဘောလုံး သူရဲကောင်းတို့ရဲ့ စီးချင်းထိုးပွဲများ (အပိုင်း - ၂)

( 25 )Myanmar leader meets Chinese PLA delegation

( 24 )မဲဆောက်မှ ပြန်သွားသည့် သံဃာတော်တပါး အဖမ်းခံရ

( 23 )China, Myanmar celebrate 60th anniversary of diplomatic ties

( 22 )မြန်မာနိုင်ငံ၌ နျူကလီးယားလက်နက် မလိုအပ်ဟု NLD ပြော

( 21 )Burma elections ‘similar to Singapore’

( 20 )ရခိုင် မြို့နယ်တချို့ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး

( 19 ) Shan Drug Watch: Burma’s 15 year drug effort still missing its targets

( 18 )မယ်လဒုက္ခသည်စခန်းတွင် ၀မ်းရောဂါဖြစ်ပွားမှု စိုးရိမ်စရာရှိ

( 17 )US Talking to Burma about North Korea

( 16 )မြန်မာ နျူကလီးယားအရေး စုံစမ်းပေးဖို့ အမေရိကန် အမတ် တောင်းဆို

( 15 )Family of Burmese defector questioned over nuclear allegations

( 14 )Tokyo court gives refugee status to woman from Myanmar ethnic minority

( 13 )နိုင်ငံရေး ပါတီများ အာဏာပိုင် အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့်သာ လှုပ်ရှားနေရ

( 12 )Two men the junta could not silence

( 11 )နျူကလီးယား သတင်းပေါက်ကြားမှု စစ်အစိုးရ စုံစမ်းစစ်ဆေး

( 10 )Inside Burma's black box

( 9 )မင်းကင်း မြို့နယ် အတွင်း ကားလမ်းဖောက်ရာတွင် ဒေသခံများကို ခေါ်ခိုင်းနေ

( 8 )Burma’s 2010 Elections: Challenges and Opportunities

( 7 )IAEA Reviewing Myanmar Nuclear Claim

( 6 )ထားဝယ် ခရိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေး လူနာ ၅၀ ခန့် ဆေးရုံတင်ရ

( 5 )Burma Building Nuclear Weapon

( 4 )စီးပွားရေးလုပ်ပိုင်ခွင့် စည်းမျဉ်းသစ် စစ်အစိုးရ ထုတ်ပြန်

( 3 )Media Advisory - Burma Night

( 2 )မြန်မာနျူကလီးယားအရေး IAEA စုံစမ်းမည်

( 1 )Burma: Alarm Bells Ring Over New Nuclear Evidence

Tuesday, June 8, 2010

မောင်တောမြို့နယ်တွင် ရယက ဥက္ကဌ တဦးမှ ယူအန်မှ ကျောင်းဆရာမ တဦးကို မုဒိမ်းကျင့်

Narinjara News

မောင်တောမြို့နယ်တွင် ရယက ဥက္ကဌ တဦးမှ ယူအန် ပညာရေး အစီအစဉ်တွင် တာဝန် ထမ်းဆောင်နေသော ကျောင်းဆရာမ တဦးကို ဗလက်ကာရ ပြုကျင့်ခဲ့သဖြင့် ပြဿနာ ဖြစ်ပွားနေကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။

မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူ မူဆလင် အမျိုးသမီး ကျောင်းဆရာမ ( ၂၈ နှစ်)အား အဆိုပါ ကျေးရွာမှ ရယက ဥက္ကဌ ဇီယာဘူ ရာမန်က မုဒိမ်းကျင့်သည့် ဖြစ်စဉ် တခု ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ကျေးရွာသားများ အဆိုအရ အဆိုပါ ဆရာမမှာ ဘူးသီးတောင်မြို့မှ ဖြစ်ပြီး တခြား ရခိုင်အမျိုးသမီး ဆရာမ တဦးနှင့် ကညင်တန်း ကျေးရွာ ရယက ဥက္ကဌဟောင်း အိုလီအာမတ် နေအိမ်တွင် နေထိုင်နေကြကြောင်း၊ ဇွန်လ ၄ ရက်နေ့က ရခိုင်အမျိုးသမီး ဆရာမမှာ သူမ၏ ကျေးရွာ ဖြစ်သော မောရ၀တီ ကျေးရွာသို့ ပြန်သွားသဖြင့် အဆိုပါ ဆရာမမှာ တဦးတည်း ကျန်နေခဲ့ကြောင်း၊ ညနေ ၈ နာရီခွဲခန့်တွင် ရယက ဥက္ကဌ ဇီယာသည် အိမ်ထဲသို့ ၀င်လာပြီး ဆရာမကို မုဒိမ်းကျင့်ကြောင်း၊ ဆရာမမှာ အော်ဟစ် အကူအညီတောင်းခံသဖြင့် ကျေးရွာသားများ ၀ိုင်းလိုက်လာပြီး ရယက ဥက္ကဌ အား ဖမ်းဆီးပြီး အမှတ် (၇) နစက နယ်မြေ ဌာနချုပ်သို့ သွားရောက် အပ်နှံခဲ့ကြောင်း သိရသည်။

သို့သော်လည်း မုဒိမ်းမူ မြောက် မမြောက်ကို မိမိတို့ မသိရှိကြောင်း ကျေးရွာသားများက ပြောသည်။

ဇွန်လ ၆ ရက်နေ့ ညနေက နစက အမှတ် (၇) နယ်မြေ နယ်မြေမှူး ဗိုလ်မှူး နေမျိုးမှ ရယက ဥက္ကဌထံမှ သိန်း ၄၀ လာဒ်ငွေ ယူဆောင်ပြီး ကျေးရွာ ရယက ဥက္ကဌ ဇီယာကို ခံဝန်ကတိဖြင့် ပြန်လည် လွတ်ပေးခဲ့သည်ဟု သိရသည်။

သို့သော်လည်း ယခုအခါ အဆိုပါ ဖြစ်စဉ်မှာ အထက်သို့ ပေါက်ကြားသွားသဖြင့် အမှတ် (၇) နယ်မြေမှ နစက အရာရှိများက အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျေးရွာသားများကို မှန်မမှန်ကို စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။ ယခုအချိန်ထိ ဇီယာကို ဖမ်းဆီး အရေးယူခြင်း မရှိသေးကြောင်း သိရသည်။


ငွေထုတ်စက်သဖွယ် ငွေညှစ်ခံနေရသည့် ရွှေ့ပြောင်းအလုပ်သမားများ

မြတ်ခိုင်ဦး / ၀၈ ဇွန် ၂၀၁၀

ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင် (၇၆) ခုမှ ဒေသ အသီးသီး တွင် အာဏာပိုင် ရဲများက ရွှေ့ပြောင်း အလုပ်သမား များအား အမြဲလိုလို တနည်း မဟုတ် တနည်း ခြိမ်းခြောက် ငွေညှစ်နေ သည့် အတွက် ၎င်းတို့မှာ ထိုင်းရဲများ အတွက် လမ်းလျှောက် နေသော ငွေထုတ်စက် (Walking ATM) သဖွယ်ဖြစ် နေသည်ဟု အလုပ် သမားများက ပြောဆိုသည်။

အခြား ဒေသများ နှင့်စာလျှင် မဟာချိုင်နှင့်မဲဆောက် ဒေသ များရှိ ရဲများသည် နည်းလမ်း ပေါင်းစုံ သုံး၍ ရွှေ့ပြောင်း အလုပ်သမား များထံမှ ခြိမ်းခြောက် ငွေညှစ် တောင်းခံ မှုများ ပြုလုပ် နေကြောင်း၊ သို့သော် အဆိုပါရဲ များအား မည်သည့် အစိုးရ အဖွဲ့အစည်း ကမှ အရေး ယူခြင်း မရှိကြောင်း ငွေညှစ် ခံရသော အလုပ်သမား များက ပြောသည်။

မဟာချိုင်တွင် အလုပ်လုပ်ကိုင်စားသောက်နေကြသော ရွှေ့ပြောင်းအလုပ်သမားများ၏ အိမ်ခန်းများသို့ ဒေသခံရဲများသည် ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဈေးဝယ်စာရင်းများ၊ အခြားဂဏန်းနံပါတ်များ ရေးမှတ်ထားလေ့ရှိသူများအား တရားမဝင်ထီ (ချဲ) ထိုးသည်ဟု အတင်းအဓမ္မ စွပ်စွဲခြိမ်းခြောက် ငွေတောင်းခံမှုများ ပြုလုပ်နေကြသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲများ၏ မတရားငွေတောင်းခံမှုကို ရင်ဆိုင်ခဲ့ရသော ကိုထွေးက “သူတို့ နေ့ခင်းဘက် အခန်းထဲကို ဝင်လာတယ်၊ အခန်းကိုမွှေလို့ ဘာမှမတွေ့တော့ စာအုပ်မှာရေးထားတဲ့ အသင်းနံပါတ် ဂဏန်း (၅) လုံးကို ချဲလုပ်ပစ်လိုက်ရော။ ပြီးတော့ မြန်မာပြည်က ဂျာနယ်တွေကို ဒါဘောလုံးဒိုင် ကိုင်တယ်၊ လောင်းကစားလုပ်တယ် ဆိုပြီးပြောတယ်။ ကျနော် ဘတ် (၁၀,၀၀၀) ပေးလိုက်ရတယ်” ဟု ပြောသည်။

မဟာချိုင်ဒေသတွင်နေထိုင်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသော ဦးမောင်မောင်က “အထူးသဖြင့် KL ဘက်နဲ့ ထိုင်းယူနီယံဘက် ဒေသတွေမှာဖြစ်နေတာ။ နေ့ခင်းပိုင်းတွေမှာ ဝင်မွှေတာ၊ ဘတ်စစ်၊ အခန်းကိုမွှေပြီးရင် အဲဒီလို အခန်းမှာ ဂဏန်းနံပါတ်တွေ့ရင် ဆွဲသွားရော၊ နောက် ပိုက်ဆံ ဘယ်လောက်နဲ့ရွေး အဲဒီလိုလုပ်တာ” ဟု ဆိုသည်။

ထိုကဲ့သို့ ထိုင်းရဲများက မတရားငွေညှစ်တောင်းခံမှုများသည် မဟာချိုင်ဒေသတွင် တလလျှင် (၂) ကြိမ်ခန့် ပုံမှန်ဖြစ်ပွားလေ့ ရှိနေသည်။

အလားတူ မဲဆောက်ဒေသတွင်လည်း မိမိတို့၏သာရေးနာရေးအတွက် ခရီးရှည်သွားလာရသော ယာယီပတ်စပို့စ် လက်ဝယ်ကိုင်ဆောင်ထားရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအားလည်း နည်းမျိုးစုံခြိမ်းခြောက် ငွေတောင်းခံမှုများ လုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့ ညနေ (၆) နာရီခန့်တွင် မဲဆောက်မှဘန်ကောက်သို့ ထွက်ခွာမည့်ကားကို စောင့်ဆိုင်းနေသော ဘန်ကောက်မြို့ ချည်စက်ရုံတခုတွင် အလုပ်လုပ်ကိုင်နေသော အသက် (၄၀) အရွယ် စုံတွဲတတွဲနှင့် တူမတဦးထံမှ လည်းကောင်း၊ အသက် (၃၀) အရွယ် အမျိုးသား (၃) ဦး အမျိုးသမီး (၂) ဦးတို့ထံမှလည်းကောင်း ဒေသခံရဲ (၂) ဦးက ဘတ်ငွေ (၁,၀၀၀) စီ တောင်းယူခဲ့ကြောင်း မျက်မြင်တဦးက ပြောသည်။

မျက်မြင်ဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုကျော်ကျော်က “ကျနော်လည်း ကားစောင့်ရင်း ဆေးလိပ်သောက်နေတာ ကျနော့်တော့ လာမမေးဘူး။ ဟိုလူတွေက စိုးရိမ်တတ်တဲ့ သူတွေဆိုတော့ အမျိုးမျိုးရစ်ပြီး တယောက်ငွေ (၁,၀၀၀) စီ တောင်းသွားတယ်” ဟု ဆိုသည်။

ယခုအခါတွင် ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း လွပ်လပ်စွာသွားလာခွင့်ရှိပြီး မတရားငွေညှစ် တောင်းခံရမှုများရှိပါက ဓာတ်ပုံမှတ်တမ်းတင်၍ရခဲ့လျှင် သော်လည်းကောင်း၊ အဆိုပါရဲများ၏ ဦးထုတ်နံပါတ်နှင့် နေရာအချိန်တို့ကို မှတ်သားကာ အလုပ်သမားအရေး၊ လူ့အခွင့်ရေး လုပ်ဆောင်နေသော အဖွဲ့များမှတဆင့် အရေးယူဆောင်ရွက်၍ရကြောင်း အလုပ်သမားအဖွဲ့များက အကြံပြုထားသည်။

အဆိုပါငွေတောင်းခံခြင်း၊ ငွေညှစ်ခြင်းများနှင့်ပတ်သက်၍ အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများက ထိုင်းအစိုးရအား အစဉ်တစိုက်တင်ပြ လှုံ့ဆော်မှုများရှိသော်လည်း ထိရောက်သော အပြောင်းအလဲများ မတွေ့ရှိရသေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။