Wednesday, November 2, 2011

အင်မောက်မိုင်းပေါက်ကွဲမှု တွင် ရွာသားတစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ

KNG


အောက်တိုဘာ ၂၈ ရက်က ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)နှင့် ခ၀မ်ဘန် (ကျောက်စခန်း) လမ်းမကြား မိုင်းတစ်လုံးပေါက်ကွဲမှုတွင် အပြစ်မဲ့ ကချင်ပြည်သူတစ်ဦး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူ လူငယ် ဒမောင်ဘရန်ဒီး၊ အသက် (၁၇)နှစ်သည် နမ်ဖတ်ခရွာ (Nam Hpak Hka)မှ ဖြစ်ပြီး ဒဏ်ရာရရှိသူ အသက် ၁၄ နှစ်အရွယ် ဇော်လီ မှာ ခ၀မ်ဘန်ရွာမှ ဖြစ်သည်ဟု ၎င်း၏ဆွေမျိုးများပြောသည်။

ဘရန်ဒီးသည် မိုင်းပေါက်ကွဲသည့်နေရာတွင် ခြေထောက်နှစ်ဖက်စလုံးကြိုးကာ သေဆုံးခြင်းဖြစ်သည်ဟု ဆွေးမျိုးများဆိုသည်။

လက်တစ်ဖက်ကြိုးပြီး ပေါင်တွင်ဒဏ်ရာရရှိသွားသော ဇော်လီမှာ ယခုချိန် အင်မောက် ဆေးရုံတွင် ရောက်ရှိနေသည်ဟု အင်မောက် ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့ နှစ်ဦးသည် အင်မောက်မြို့ ဒုက္ခသည်စခန်းတွင် နေထိုင်သူဖြစ်ကာ အင်မောက်မှ ဆိုင်ကယ်တစ်စီးငှားယူပြီး ဒဂေါ်ရွာ (Dagaw)သို့ သစ်ခွပန်း ရှာထွက်သွားစဉ် ဒေသစံတော်ချိန် ၁၂ နာရီတွင် လမ်းမိုင်းမိခြင်းဖြစ်သည်။

ထောင်ထားသော မိုင်းသည် KIA နှင့် မြန်မာစစ်တပ် မည်သည့်အဖွဲ့မှဖြစ်ကြောင်းကို မသိရသေးပါ။

သို့သော် မိုင်းပေါက်ကွဲရာ နေရာသည် အစိုးရစစ်သားများ တပ်ချထားသည့်နေရာဖြစ်ပြီး ပတ်ဝန်းကျင်မှ လယ်သမားတစ်ဦးကိုလည်း ၎င်းပတ်ဝန်းကျင်တွင် မိုင်းထောင်ထားသည်ဟု မြန်မာစစ်သားတစ်ဦး အစောပိုင်းက အသိပေးခဲ့ကြောင်း လယ်သမားနှင့် နီးစပ်သူများပြောသည်။

“ကချင်ပြည်နယ် အစိုးရ၏ လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာ က ခ၀မ်ဘန် (ကျောက်စခန်း) ကျေးရွာသို့ သွားရောက်စစ်ဆေးမည့်ခရီးစဉ်အား ဟန့်တားရန် ရည်ရွယ်ချက်ဖြင့် အပြစ်မဲ့ပြည်သူများကို မိုင်းထောင် သတ်ဖြတ်ခြင်းလုပ်ရပ်အား မြန်မာစစ်သားများ ကိုယ်တိုင် ဖန်တီးပြုလုပ်ခြင်းဖြစ်နိုင်သည်” ဟု ဒေသခံများ သုံးသပ်နေကြသည်။

အစိုးရစစ်တပ်နှင့် KIA ကြား စစ်ဖြစ်နေချိန် “ခ၀မ်ဘန်ကျေးရွာတွင် အစိုးရစစ်သားများက ရွာသားများ၏ ပိုင်ဆိုင်သည့်ပစ္စည်းများကို ကြိုက်သလို လုယက် ခိုးယူခြင်း၊ ရွာသားများအား ဖမ်းဆီးနိပ်စက်ခြင်းနှင့် နေအိမ်များ မီးရှုဖျက်ဆီးခြင်းများ ပြုလုပ်သည့်သတင်းများ ထွက်ပေါ်လာခြင်းကြောင့်” ဒေါ်ဘောက်ဂျာ က ၎င်းရွာသို့ သွားရောက်ကြည့်ရှုရန် စီစဉ်ခဲ့သည်ဟု သူမနှင့် နီးစပ်သူများဆိုသည်။

အောက်တိုဘာ ၂၈ က ဒေါ်ဘောက်ဂျာ သည် သူ့မ၏ ခ၀မ်ဘန် ခရီးစဉ်ကို ဖျက်သိမ်းပြီး စစ်ပြေးဒုက္ခသည် သစ် ၂၀၀၀ ကျော် ရောက်ရှိနေသော အင်မောက်မြို့မှ ပြန်ခေါက်သွားခဲ့သည်ဟု သူမနှင့် နီးစပ်သူများ ဆက်ဆိုသည်။

ဒေါ်ဘောက်ဂျာ အင်မောက်မှ မန်မော် သို့ ပြန်ခေါက်သွားပြီးနောက် နာရီပိုင်းအတွင်းတွင် မိုင်းကွဲခြင်း ဖြစ်သည်ဟု အင်မောက် ဒေသခံများဆိုသည်။

အတိုက်အခံတွေ ပြည်ပထွက်ပါ

ဧရာဝတီ

အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ မြန်မာပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ အမြန်ဆုံး အကောင်အထည် ဖော်ရာ၌ မလိုလားအပ်သည်များကို ဖယ်ရှားရန်အတွက် ဤ အယ်ဒီတာ့အာဘော်ကို ရေးသားခြင်းဖြစ်သည်။

မြန်မာပြည်သည် နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် ဒေသတွင်းရှိ တခြားနိုင်ငံများထက် များစွာ နောက်ကျကျန်ရစ်ခဲ့ပြီ၊ ယခင်က အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံတို့ထက်ပင် စီးပွားရေး၊ လူမှုရေး အဘက်ဘက်က နောက်ကျ ကျန်ရစ်ခဲ့သည်ကို မငြင်းနိုင်ပေ။

ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးအကြိုကာလတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက စစ်ဒဏ်ကြောင့် ပြာပုံဘဝ ရောက်နေသည့် အနောက်အင်အားကြီး နိုင်ငံတို့နှင့် ယှဉ်၍ အမီလိုက်နိုင်ရန် အလုပ်ကို ကုန်းရုန်းလုပ်ရမည်ဟု တိုက်တွန်းခဲ့ကြောင်း သတိရမိပါသည်။

ယခုလက်ရှိ မြန်မာပြည် ပြန်လည်ထူထောင်ရေးတွင် အိမ်နီးချင်းနိုင်ငံများကိုပင် မီအောင် ပြန်လိုက်ရမည့် အနေအထား၌ လူသားအရင်းအမြစ် ရှားပါး ခမ်းခြောက်နေရခြင်းက အဓိက စိုးရိမ်စရာ ဖြစ်နေသည်။

လူသားအရင်းအမြစ် ရှားပါးလာရခြင်းကို ဆန်းစစ်လျှင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်၏ ညံ့ဖျင်း မှုကြောင့်ဟု ဆိုရပေမည်။

အစိုးရအဆက်ဆက်တို့မှာ တိုင်းပြည်တွင်းမှ သယံဇာတများကို ထုတ်ယူရောင်းချခဲ့သော်လည်း ရရှိလာသော အမြတ်များမှာ ပြည်တွင်းစစ်အပါအဝင် ယိုယွင်းခြစားနေသော အစိုးရယန္တယားအတွင်း ပျောက်ပျက် ကုန်ဆုံးခဲ့ရသည်။

တိုင်းပြည်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၌ အဓိကကျသော ပညာရေးစနစ်အတွက်မူ အနည်းငယ် မဆိုစလောက်သာ အသုံးပြုခဲ့သည်ကို တွေ့ရသည်။

မြန်မာပြည်တွင် ခေတ်အဆက်ဆက် လူတော် လူတတ်များ ရှိခဲ့သော်လည်း တိုင်းပြည်တွင်း နေရာပေးခြင်း မခံရသောကြောင့် အများစုမှာ နိုင်ငံကို စွန့်ခွာသွားကြရသည်။ နိုင်ငံတွင်း ကျန်ရှိနေသည့် ပညာရှင်များမှာလည်း ၎င်းတို့ တက်မြောက်ထားသည့် ပညာရပ်များကို နေရာမှန်၊ နည်းမှန်၊ လမ်းမှန် အသုံးချခွင့် မရကြသည့်အတွက် ပညာရှင်များမှာ မသွေးဘဲထားသော ဓားများကဲ့သို့ တုံးသွားရသည်ချည်း ဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပြိုကျပျက်စီးသွားသော ပညာရေးစနစ်ကြောင့် မျိုးဆက်သစ် လူငယ်များမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်၍ ကိုယ့်အရည်အသွေးကို ကိုယ့်ဘာသာ မြှင့်တင်ကြရသည်။

တချို့သော လူငယ်များက နိုင်ငံရပ်ခြားသို့ ထွက်ခွာ၍လည်းကောင်း၊ တချို့က ပြည်တွင်း၌ပင် ရသည့်နည်းလမ်းကို အသုံးပြု၍ လည်းကောင်း ၎င်းတို့၏ ပညာဆာငတ်မှုကို ဖြစ်သလို ဖြေရှင်းကြရသည်။

ထိုကဲ့သို့ ပညာငတ်မွတ်ပြီး အရည်အသွေးမြှင့်တင်လိုသည့် လူငယ်များကို အကြောင်းပြုကာ တတိယအင်အားစု ဟု ခေါ်တွင်သည့် ခေတ်ပညာတတ် လူတွင်ကျယ်များ ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့သည် လူမှုဖွံ့ဖြိုးရေး အမည်ခံသော်လည်း တိုင်းပြည်ကို ကုစားရေးအတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်လာနေသည်၊တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခြင်းထက် ခြစားကာ အပေါက် ဗရပွဖြစ်နေသော အစိုးရယန္တယားကို လိုက်လံ ဖာထေးရင်း ဗျူရိုကရက်များ မွေးထုတ်ရေးကိုသာ ဦးတည်လာသည်။

အဆိုးရွားဆုံးမှာ ဒီမိုကရေစီအရေးအတွက် ဘဝများရင်းထားရသည့် နိုင်ငံရေးအကျဉ်းသားများ၊ မိဝေး၊ ဘဝေး၊ တိုင်းပြည်နှင့် ဝေးကွာသည့်အရပ်တွင် နေနေရသည့် ဒုက္ခသည်များ၊ ပြည်ပရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ အနေအထားကို လျစ်လျူရှုနေခြင်းပင်။ ထိုအချက်က အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆူးညှောင့်ခလုတ် ဖြစ်နေပေသည်။

ဖွံ့ဖြိုးရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် စသည်ဖြင့် NGO အမည်အမျိုးမျိုး တပ်ကာ နိုင်ငံရေးကိစ္စများတွင် ဝင်ရောက် မွှေနှောက် နေကြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ရှိသည့် အနောက်နိုင်ငံ သံတမန်အသိုင်းအဝန်းများ ကြားတွင်လည်း ၎င်း တတိယ အင်အားစုများက ဝင်ရောက် ချယ်လှယ်လျက် ရှိသည်။

ထိုကဲ့သို့သော အရေးကိစ္စများကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီ အရေးကို အမှန်တကယ် လိုလားသူများ၊ တိုင်းပြည်အတွက် အမှန်တကယ် စေတနာရှိသူများ သိရန်လိုအပ်သည်။

ရှေ့တန်းရောက် နိုင်ငံရေးသမားကြီးများ အနေဖြင့် ပြည်တွင်း နိုင်ငံရေးတိုးတက်မှုများအတွက် စေတနာထား အာရုံစိုက်ကာ ဇောင်းပေး လုပ်ကိုင်နေရသည်ကို အပြည့်အဝ နားလည်ပါသည်။

သို့သော် ဧရာဝတီအနေဖြင့် နှိုးဆော်လိုသည်မှာ လူထုအကျိုးကို ကိုယ်ကျိုးမဖက် ဆောင်ရွက်နေသည့် နိုင်ငံရေးသမား၊ လူမှုရေး လုပ်ဆောင်နေသူများ အနေဖြင့် ပြည်တွင်းတွင်သာ မနေဘဲ ပြည်ပသို့ထွက်ကာ လေ့လာစေချင်သည်၊ ပြည်ပ နိုင်ငံ များတွင် မြန်မာပြည်အခြေအနေမှန်ကို လူသိများလာရန် လှုံ့ဆော် စေချင်သည်၊ ပြည်တွင်းကွန်ယက်သာ မကဘဲ ပြည်ပရှိ ကွန်ယက်များနှင့် ချိတ်ဆက်၍ အားယူစေချင်သည်၊ မိမိတို့၏ ကျိုးစားအားထုတ်မှုများကို နိုင်ငံတကာ သံတမန် အသိုင်းအဝန်း က သိရှိစေရန် ချပြစေချင်သည်။

အစိုးရအနေဖြင့်လည်း အတိုက်အခံများအား ပြည်ပခရီး သွားလာခွင့် ကန့်သတ်ထားသည်ကို ပယ်ဖျက်ပေးစေလိုသည်။

ပြည်တွင်းရှိ အတိုက်အခံများ အနေနှင့် ပြည်ပသို့ထွက်လာမည် ဆိုလျှင်လည်း နိုင်ငံတကာ အခင်းအကျင်းကို နားလည်ပြီး မိမိ တင်ပြဆွေးနွေးမည့် အကြောင်းအရာကို တဘက်က လေးစား လက်ခံလာစေရန် ပြောဆိုနိုင်သူများ ဖြစ်ရမည်။ လူကြီး များသာမကဘဲ ပြောရေးဆိုခွင့်ပြုနိုင်မည့် အခြေအနေ ရှိသော လူငယ်မျိုးဆက်သစ်များကို မွေးထုတ်ကာ အရည်အသွေးများ မြှင့်တင်ပေးသင့်သည်။

အဆိုပါ ကိစ္စရပ်များကို အရေးပေါ်ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်သည်။ ထိုသို့မဟုတ်ပါက မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှု ခါးပြတ်ချိနဲ့ သွားလိမ့်မည် ဟူ၍သာ ဧရာဝတီက တင်ပြလိုပါသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,2nd,2011

( 43 )ထိုင်း ရေဘေးဒုက္ခကြုံ မြန်မာအလုပ်သမားများကို သံရုံးကူညီ

( 42 )Burmese soldiers target Christians in recent attacks

( 41 )IMF ကိုယ်စားလှယ် အဖွဲ့ မြန်မာ ခရီးစဉ်ပြီးဆုံး

( 40 )Significance of Pictures in Burmese Politics

( 39 )နောက်ချန် သီးလေးသီး အဖွဲ့သားများ ပြန်ရက်သတ်မှတ်

( 38 )Trapped Burmese face arrest, extortion to flee Thai floods

( 37 )အစိုးရဓာတ်ဆီဈေး သတ်မှတ်ဈေးထက် နှစ်ဆနီးပါး မြင့်နေ

( 36 )Signs Of Change In Myanmar

( 35 )အချက်သုံးချက်အပေါ်ကြည့်ပြီး မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှု လျှော့ချသွားမည်ဟု အမေရိကန်ပြော

( 34 )15-foot python devours 76-pound deer: Is that normal?

( 33 )Burma’s Chances For ASEAN Chairmanship Brighten

( 32 )ကုလအတွင်းရေးမှူးချုပ် မကြာခင် မြန်မာပြည်သွားမည်

( 31 )Back Stage

( 30 )အမေရိကန် လက်ထောက်ဝန်ကြီး နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေး

( 29 )Burma asks for help with green technologies

( 28 )နိုင်ငံရေးအကျဉ်းသားတွေ မကြာခင်လွတ်မယ်လို့ ဇာဂနာပြော

( 27 )Burma may import onions to prevent prices from rising

( 26 )ရေဘေးအကူအညီတွေ လိုအပ်နေဆဲ

( 25 )Border Security Force likely to replace Assam Rifles on Indo-Burma border

( 24 )ကုလ ကိုယ်စားလှယ် ဝန်းကျင် နှီးနှောပွဲတက်

( 23 )Myanmar seeks outside help to build 'green economy'

( 22 )သမဝါယမနှင့် တောင်သူများ အပြန်အလှန် တရားစွဲ

( 21 )Tiong Woon secures deals in M'sia and Myanmar

( 20 )ကြက်သွန်ဈေး မတက်ဖို့ ပြည်ပမှ တင်သွင်းမည်ဟု ဆို

( 19 )Monk Gambira in ‘mental, physical decline’

( 18 )မြန်မာနယ်စပ် အိန္ဒိယတပ်များ တိုးချဲ့ပြောင်းလဲရန်ရှိ

( 17 )Fleeing migrants lacking food, water

( 16 )ရေ​ဘေး​အကူအညီ ​နှောင့်​ယှက်ခံရ

( 15 )Mekong joint security agreement reached

( 14 )ပြည်ထောင်စု လွှတ်တော်ဆုံးဖြတ်ချက် ပြည်သူ့လွှတ်တော် ကန့်ကွက်

( 13 )Myanmar gets support to lead ASEAN

( 12 )နေမျိုး​ဇင်ကို အင်း​စိန်​ထောင်​ဆေး​ရုံတွင် ခွဲစိတ်ကုသရန် စီစဉ်

( 11 )Burma: Local Authorities In Kachin State Issue New Order Regulating Bible Study, Sunday School, Fasting And Prayer

( 10 )ဒေါ်စု အမေရိကန်အရာရှိ ၂ ဦးကို တချိန်တည်း တွေ့မည်

( 9 )China, Laos, Myanmar, Thailand agree to secure Mekong River shipping after deadly boat raid

( 8 )အစာငတ်ခံ ဆန္ဒြ့ပသူ နိုင်ငံရေး အကျဉ်းသား ၂ ဦး ဆေးရုံတင်လိုက်ရ

( 7 )Senior UN official arrives in Myanmar for 5 day visit

( 6 )အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာနိုင်ငံခရီးစဉ် စတင်

( 5 )Thai Floods Batter Burmese Migrants

( 4 )အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်

( 3 )US-Burma Detente Efforts Quietly Gather Speed

( 2 )ကုလအတွင်းရေးမှူးချုပ် အကြံပေး မြန်မာပြည်ရောက်

( 1 )UN, US Envoys Converge on Burma

Tuesday, November 1, 2011

တရုတ်နယ်စပ်တွင် သျှမ်းပြည်နယ် အစိုးရ အခွန်ကောက်ခံမှု စတင်

သျှမ်းသံတော်ဆင့်


သျှမ်းပြည်နယ်အစိုးရ အတွက် တရားဝင်အခွန် ကောက် ခံခြင်းကို တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် မူစယ် - ကျယ်ဂေါင် အဝင်အထွက်ဂိတ်တစ်ခုဖြစ်သည့် ဆင်ဖြူ ဂိတ်တွင်နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ကစတင် လိုက် ကြောင်း သိရသည်။

ရဲ ၊ စည်ပင်သာယာ ၊ စိုက်ပျိုးရေး ၊ အကောက်အခွန်နှင့် လဝက စသည့် ဋ္ဌာနစုံပါဝင်သည့် ၀န်ထမ်းများက ကုန် ပစ္စည်း တန်ဖိုး၏ ၃ ရာခိုင်နှုန်းကို ပြည်နယ်အစိုးရ အခွန်ငွေအဖြစ် ကောက်ယူကြောင်း မူစယ်မြို့ အုပ်ချုပ်ရေး ဝန်ထမ်း အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီနေ့မနက်ပိုင်းမှာ စကောက်နေပြီ အခွန်ကတော့ ပစ္စည်းတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်း ကောက်မယ် ” ဟု မူစယ်မြို့ အုပ်ချုပ် ရေးဝန်ထမ်းတစ်ဦးကဆိုသည်။

ယခင်မူစယ်မြို့နယ် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ ရံပုံငွေအတွက် အခွန်ကောက်ခံနေသော ဆင်ဖြူဂိတ်တာဝန်ကျ ဝန်ထမ်း များနှင့် ပြည်နယ်အစိုးရအတွက် အခွန်ကောက်ယူမည့် ၀န်ထမ်းများအကြားယနေ့နံနက်ပိုင်းကပြဿနာ ဖြစ်ပွားခဲ့ သေး ကြောင်း သိရသည်။

“အရင်အဖွဲ့တွေက အခုအဖွဲ့တွေကို အခွန်မကောက်ခိုင်းလို့ဆိုပြီး ဒီမနက် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပြဿနာ သွား ရှင်းရသေးတယ်။ ရဲတွေလည်း သေနတ်တွေနဲ့စောင့်နေရတယ် အခုပြည်နယ်အစိုးရ က အခွန်ကောက် တယ်။ ဒါပေမဲ့အရင်အဖွဲ့တွေလည်း ဆက်ရှိနေတာပဲ။ ရှုပ်တော့ရူပ်တယ်” - ဟု သူကဆက်ပြော သည်။

လာမည့်နှစ် ဧပြီလပိုင်းမှစ၍ သျှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ဝန်ထမ်းများမှအပအရပ်ဘက်ဝန်ထမ်းအားလုံး ကို ပြည် နယ် အစိုးရအစီအစဉ်ဖြင့် လစာငွေထုတ်ပေးရန်ရှိပြီး ၃လ စမ်းသပ်ကာလအဖြစ် ဗဟိုအစိုးရနှင့်ပူးပေါင်း ဆောင် ရွက်မည် ဟု အုပ်ချုပ်ရေးအသိုင်းအဝိုင်းက ဆိုသည်။

ပြုပြင်ပြောင်းလဲမှုအရှိန်မြှင့်လျှင် အာဆီယံဥက္ကဋ္ဌရာထူး သေချာ

စောရန်နိုင် on November 1, 2011

မြန်မာနိုင်ငံအား၂၀၁၄ အာဆီယံဥက္ကဋ္ဌရာထူး မပေးမီ နိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း အကဲခတ်များက တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ သွားရောက်ပြီးနောက်တွင် မြန်မာနိုင်ငံ အသင်းဥက္ကဋ္ဌရာထူး ရဖွယ်ရှိသည်ဟု အကဲခတ် အများအပြားက ဧရာဝတီကို ပြောသည်။

ခရီးစဉ်အပြီးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Natalegawa က မြန်မာပြည်အတွင်း ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပွားနေသည်ဟု ယူဆကြောင်း ပြောဆိုခဲ့သည်။ သူက ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး အစိုးရက အပြောင်းအလဲများ ထပ်မံပြုလုပ်ပါက မြန်မာပြည်အာဆီယံဥက္ကဋ္ဌဖြစ်ရေးကို ထောက်ခံမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရေး၊ တိုင်းရင်းသားဒေသ အပစ်ရပ်စဲရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ဆိုင်းရေး တို့ကို သမ္မတ ဦးသိန်းစိန်က မဖြစ်မနေ အကောင်အထည်ဖော်ရမည်ဟု ထိုင်းအခြေစိုက် NDD ခေါ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုမှ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောသည်။

စက်တင်ဘာလတွင် Mr. Natalegawa က မြန်မာပြည်ခရီးစဉ်အတွင်း လူထုအခြေပြုလူမှုအဖွဲ့အစည်းတို့၏အသံကို နားထောင်မည်ဟု ကြေညာခဲ့ဖူးသည်။ သို့သော်လည်း သူ၏ မြန်မာပြည် ၃ ရက် ခရီးစဉ်အတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မကြာသေးမီက လွတ်မြောက်လာသော နိုင်ငံရေးလှုပ်ရှားသူများနှင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း ဒေါ်ခင်ဥမ္မာက ထောက်ပြသည်။

Mr. Natalegawa သည် ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတဦးသိန်းစိန် နှင့် အစိုးရ အရာရှိကြီးများကိုလည်း တွေ့ဆုံခဲ့သည်။ သူ၏ မြန်မာပြည်ခရီးစဉ် တွေ့ရှိချက်များအား အာဆီယံဒေသ နိုင်ငံခြားရေးဝန်ကြီးများကို ပြောပြရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသံသည် မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌတာဝန် ပေးအပ်ရန် သင့်မသင့် ဆုံးဖြတ်ရာတွင် အရေးပါဖွယ်ရှိသည်ဟု ဘန်ကောက်အခြေစိုက် မြန်မာ့အရေး စောင့်ကြည့်သူ စာနယ်ဇင်းသမား Mr. Larry Jagan က သုံးသပ်သည်။

“Mr. Natalegawa က သူကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး အင်မတန် အထင်ကြီးနေပုံရပါတယ်” ဟု Mr. Larry Jagan က ဧရာဝတီကို ပြောသည်။

Mr. Natalegawa နှင့် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ အာဆီယံဥက္ကဋ္ဌရာထူးနှင့် ပတ်သက်၍ ကန့်ကွက်သံ ထွက်မလာဘဲ အကောင်းမြင်သည့် ကောက်ချက်သာ ထွက်လာသဖြင့် မြန်မာပြည် အာဆီယံဥက္ကဋ္ဌရာထူး ရဖွယ်ရှိသည်ဟု ရန်ကုန်မှ စာနယ်ဇင်းသမားတဦးက ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ပေးပြီး တိုင်းရင်းသားဒေသ လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးယူသင့်သည်ဟု ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ဧရာဝတီကို ပြောသည်။ ၂၀၁၄ မတိုင်မီ နယ်စပ်ဒေသ တိုက်ပွဲများကို အဆုံးသတ်ရမည်ဟု သူက ပြောသည်။

“တိုင်းရင်းသားဒေသတွေမှာ သေနတ်သံ ကြားနေရတုန်းပဲ၊ အဲဒီက အခြေအနေတွေက ကျနော်တို့ သိထားတာထက် ပိုဆိုးနေပုံ ရတယ်။ ပစ်တာခတ်တာတွေ ရပ်ဖို့က အင်မတန် အရေးကြီးပါတယ်” ဟု ပူကျင့်ရှင်းထန်က ပြောသည်။

တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် တနာရီခန့်ကြာ တွေ့ဆုံခဲ့သည်။ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု၊ လွတ်ငြိမ်းချမ်းသာခွင့် စသည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အစိုးရတပ်များက ဆက်လက် တိုက်ခိုက်နေလျှင် အာဆီယံက မြန်မာနိုင်ငံအား ဥက္ကဋ္ဌတာဝန် မပေးအပ်သင့်ကြောင်း KNU ခေါ် ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

အစိုးရက အပစ်အခတ်ရပ်စဲရေး ကြေညာပြီး ငြိမ်းချမ်းရေး ဆွေးနွေးကာ တိုင်းရင်းသားဒေသတွင် ရောက်နေသော တပ်များကိုလည်း ဆုတ်ခွာပေးသင့်သည်ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစိုးရနှင့် ပဋိပက္ခဖြစ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။

တိုင်းရင်းသားဒေသ ပဋိပက္ခဖြေရှင်းရာတွင် အစိုးရက အင်ဒိုနီးရှားပုံစံကို နမူနာယူသင့်သည်ဟု အကဲခတ်များက ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသတွင် စစ်ပွဲများ ၂၉ နှစ်ကြာ ဖြစ်ပွားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခဲ့သည်။

အင်ဒိုနီးရှား၏ သင်ခန်းစာများကို မြန်မာတို့ လေ့လာသင့်သည်ဟု အင်ဒိုနီးရှားနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့အစည်းတခု ဖြစ်သော Peace Building Institute ၏ ညွှန်ကြားရေးမှူးချုပ် Mr. Mohammad Miqdad က ဧရာဝတီကို ပြောသည်။

“လူနည်းစုနဲ့ လူများစု တိုင်းရင်းသားမျိုးနွယ်စုများအကြား တွေ့ဆုံညှိနှိုင်းတာတွေ ပေါ်ပေါက်လာဖို့အတွက် စီစဉ်သင့်တယ်။ အဲဒါဆိုရင် မြန်မာပြည်ရဲ့ အနာဂတ်ကလည်း (အင်ဒိုနီးရှားမှာလိုပဲ) ရလဒ်တွေ ဖြစ်ပေါ်လာမှာပေါ့” ဟု Mr. Mohammad Miqdad က ပြောသည်။

အင်ဒိုနီးရှား၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ အစိုးရက အာချေး၊ ပါပူဝါ ဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသများအဖြစ် သတ်မှတ်လိုက်သည်။ အာချေးဒေသ ငြိမ်းချမ်းမှု ဖော်ဆောင်ရန်အတွက် အစိုးရက တွေ့ဆုံညှိနှိုင်းရန် သဘောတူခဲ့သည်ဟု Mr. Mohammad Miqdad က ရှင်းပြသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရန်မှာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား တွေ့ဆုံ ဆွေးနွေးရုံသာမဟုတ်ဘဲ အလွှာအသီးသီးတွင်လည်း တာဝန်ရှိသည်ဟု သူက ပြောသည်။

၁၉၉၉ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ လူထု လှုပ်ရှားမှုကို မြန်မာပြည်သူများ လေ့လာပြီး နိုးကြားမှု ရှိသင့်သည်ဟု သူက သုံးသပ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Natalegawa က မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ထင်ထင်ရှားရှား တွေ့မြင်နေရပြီး အပြောင်းအလဲများ ထပ်မံ ပေါ်ပေါက်မည်ဟု ယုံကြည်ကြောင်း ပြောလိုက်သည်။

သူက နိုင်ငံရေးအကျဉ်းသားများ ထပ်မံ လွှတ်ပေးရေး၊ တိုင်းရင်းသားအင်အားစုများနှင့် ရင်ကြားစေ့ရေး တို့ကို ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။ မြန်မာပြည် အာဆီယံဥက္ကဋ္ဌရာထူး မယူမီ ဖြစ်ထွန်းတိုးတက်မှုများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံဥက္ကဋ္ဌရာထူးအတွက် အလှည့်ကျခဲ့သော်လည်း အနောက်နိုင်ငံတို့၏ ဖိအားပေးမှုကြောင့် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့သည်။

ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန် ပေးရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ဖွယ်ရှိသည်။

လူ့အခွင့်အရေးချိုးဖောက်မှုနှင့် တိုက်ပွဲများအကြောင်း မီးမောင်းထိုး ပြောကြား

ထွန်းထွန်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၁ ရက် ၂၀၁၁

ချင်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကို အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ပေါ်စနာအား ပြောဆိုခဲ့ သည်ဟု ရွေးကောက်ပွဲဝင် ချင်းအမျိုးသား ပါတီ - CNP က ပြောသည်။

“ကျနော်တို့ ပြည်နယ်မှာဆိုရင် အခုထိ Human Rights Violations နဲ့ပတ်သက်တာပေါ့နော်။ လူ့ အခွင့်အရေးနဲ့ ပတ်သက်လို့ ထိပါးတဲ့ ကိစ္စတွေက အခုထပ်ထိ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ အချိန်အခါမှာ ပြောင်းလဲပါတယ် လို့ ပြောရမှာ ခက်ပါတယ်လို့ ကျနော် ပြောပါတယ်” ဟု CNP ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် တွေ့ဆုံစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ကန်ပက်လက်မြို့ရှိ ဒေသခံများ စိုက်ထူထားသည့် လက်ဝါးကပ်တိုင်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းအား နမူနာပေး ပြောဆို ခဲ့သည်ဟု ဆိုသည်။

နံနက် ၁၁ နာရီ ၄၅ မိနစ်မှ နှစ်နာရီကြာမြင့်သည့် တွေ့ဆုံမှုတွင် အခြားတိုင်းရင်းသား ပါတီများ ဖြစ်သည့် ရှမ်း အမျိုးသား ဒီမိုကရက် တစ် ပါတီ SNDP၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီတို့လည်း ပါဝင်သည်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး မိုက်ကယ်ပေါ်စနာက လက်ရှိနိုင်ငံရေး အခြေအနေ၊ ပြည်နယ် အခြေအနေများနှင့် ပါတီ အခြေအနေများကိုသာ မေးမြန်းခဲ့သည်ဟု သိရသည်။

ယခုခရီးစဉ်မှာ ၎င်း၏ ပထမဆုံး ခရီးစဉ်ဖြစ်ကာ လေးရက်ကြာမြင့်ပြီ ဖြစ်ပြီး အစိုးရ အာဏာပိုင်များနှင့်လည်းတွေ့ဆုံရန် ရှိသည်။

တွေ့ဆုံစဉ်အတွင်း တိုင်းရင်းသားပါတီများဘက်မှ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက် ၍ ဒေသခံများမှာ ငြိမ်းချမ်းရေး လိုချင်နေကြောင်းနှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် လိုအပ်နေကြောင်း တင်ပြခဲ့သည်။

“သူတို့အနေနဲ့ ငြိမ်းချမ်းရေးရဖို့ တကယ် စိတ်ဆန္ဒမှ ရှိကြရဲ့လားလို့ သူတို့ သံသယ ဖြစ်နေကြပါတယ်လို့။ တကယ် တမ်း ငြိမ်းချမ်းရေး ယူချင်တယ်ဆိုတာ ထာဝရ ငြိမ်းချမ်းရေးမှ ဟုတ်ရဲ့လား။ တဒင်္ဂ အတိုက်အခိုက် ရပ်စဲဖို့ ကိစ္စလောက်ပဲလားဆိုတာ ကချင်ပြည်သူတွေရဲ့ တကယ့်ရင်ထဲမှာ ခံစားနေရတဲ့ကိစ္စ ဖြစ်နေပါတယ်။ အဲဒါကြောင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ကြိုးစားကြဖို့ လုံးပန်းကြဖို့ အရေးကြီးပါလိမ့်မယ်” ဟု ပြောဆိုခဲ့ကြောင်း ဦးဇိုဇမ်က ဆိုသည်။

အစိုးရအနေဖြင့် တန်းတူအခွင့်အရေး သွားနေပြီဟု ဆိုသော်ငြားလည်း အစိုးရအဖွဲ့ ပြည်ထောင်စု ဝန်ကြီး ရာထူးများ တွင် တိုင်းရင်း သားများ မပါဝင်သေးကြောင်းနှင့် ပါဝင်ခွင့် ရရှိရန်အတွက် မြန်မာအစိုးရအား ပြောကြားရန် အတွက် လည်း တိုက်တွန်း ခဲ့သည်ဟု သိရသည်။

မိုက်ကယ်ပေါ်စနာမှာ နိုဝင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ကာ အစိုးရ တာဝန် ရှိသူများနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

ယခုခရီးစဉ်မှာ မိုက်ကယ်ပေါ့စနာ၏ ပထမဆုံး မြန်မာပြည်ခရီးစဉ်ဖြစ်ကာ နံနက် ၁၁ နာရီကလည်း ဒီမိုကရက်တစ် ခုနှစ်ပါတီနှင့်လည်း နာရီဝက်ကြာ တွေ့ဆုံခဲ့သေးသည်။

အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ - NDF ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ - တစည၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) – DPM၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ - UDP၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်သည်။

DPM ပါတီအနေဖြင့်မူ လက်ရှိတွင် ပြည်တွင်းစစ်ဖြစ်နေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ရှိနေသေးကြောင်း၊ သို့သော် တိုးတက်ပြောင်းလဲလာမှု ရှိနေပြီဟု ယူဆကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နောက် လူမှုရေး ကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့နိုင်ငံမှာ Serious Problem ဖြစ်လာတာ ကြာပြီပေါ့နော်။ အဲဒါအပြင်ကို ပြည်တွင်းစစ် ခေါ်ခေါ်ပေါ့ဗျာလို့။ အဲဒါ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတာ အတွက်ကြောင့်မို့လို့ အဲဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်။ပြည်သူလူထုတွေ အများကြီး ဒုက္ခရောက်ပါတယ်လို့” ဟု DPM ပါတီဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။

ယင်းတွေ့ဆုံမှုအတွင်း အဓိကအားဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေးနှင့်မြန်မာနိုင်ငံတွင်း တာဝန်ခံမှု လွတ်လပ်မှု ဖြစ်ထွန်းရေး၊ စီးပွားရေးတွင် တန်းတူ အခွင့်အရေး ရရှိရေးနှင့် ညီညွတ်မှုဖြစ်တည်ရေး အတွက် ဆောင်ရွက်ရန် အကောင်းဆုံးအချိန် ဖြစ်ကြောင်း ခုနှစ်ပါတီက တင်ပြခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ကူညီရန်၊ ကမ္ဘာ့ ဘဏ်များမှ ငွေကြေးနှင့် နည်းပညာ အကူအညီများ ရရှိနိုင်ရန်အတွက် ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

“တရုတ်မှာကျတော့ လူ့အခွင့်အရေး ချိုးဖောက်တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အတိုင်းအတာ တခုအနေနဲ့ ဆောင်ရွက်တာ မရှိဘဲနဲ့ မြန်မာနိုင်ငံလို နိုင်ငံငယ်လေးကိုမှ လာပြီး လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကိုင်တွယ်တာဖြင့် တော်တော်လေး ဆိုးတယ်ဆိုတဲ့ သဘောမျိုးလေး တွေပေါ့” ဟုတွေ့ဆုံမှုတွင် ပါဝင်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်အမတ် ဦးကျော်က မဇ္ဈိမကို ပြောသည်။

မိုက်ကယ်ပေါ့စနာက စီးပွားရေးပိတ်ဆို့မှုမှာ လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းထားခြင်း ဖြစ်သည့် အတွက် အစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ ဖြေလျော့ပေးရန်မှာ အချက်သုံးချက်အပေါ် မူတည်နေကြောင်းလည်း တုံ့ပြန် ခဲ့သည်ဟု သိရသည်။

“သူတို့ရဲ့ အဓိကထားတဲ့ အချက်သုံးချက်ရှိတယ်လို့ ပြောတယ်။ အဲဒီအချက်သုံးချက်ကတော့ နံပါတ် (၁) ကတော့ နိုင်ငံရေးဘောင်ဟာ ဘယ်လောက်ထိ ကျယ်ပြန့်လာသလဲ၊ အဲဒီကျယ်ပြန့်မှုကို သူတို့ သိချင်တယ်။နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတဲ့ ကိစ္စပေါ့နော်။ လွှတ်ပေးတဲ့ ကိစ္စကိုလည်း ပြည့်ပြည့်စုံစုံ လွှတ်ပေးစေ ချင်တယ်ပေါ့နော်။ နောက်တခုကတော့ ငြိမ်းချမ်းရေးပေါ့နော်။ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင်” ဟု ဦးသုဝေက ဆိုသည်။

မြစ်ဆုံဆည်မှ တရုတ်အလုပ်သမားများ နေရပ်ပြန်ပြီ

သန်းထိုက်ဦး on November 1, 2011

ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည် စီမံကိန်းကို ရပ်တံ့မည်ဟု သမ္မတဦးသိန်းစိန်က ပြောခဲ့ပြီး တလခန့်အကြာတွင် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး ၀န်ထမ်းများ နေရပ်သို့ ပြန်နေကြ သည်ဟု သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းမှ တရုတ် အလုပ်သမားအများစု ပြန်သွားကြပြီး ဆောက်လုပ်ရေး ယန္တရား အတွက် လုံခြုံရေးနှင့် အဆောက်အဦ ရုံဝန်ထမ်း တချို့သာ ကျန်ရှိသည်ဟု ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တွဲဖက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“တချို့ အလုပ်သမားတွေ ပြန်ကုန်ကြပြီ၊ နောက်ပြီးတော့ အဲဒီမှာ သုံးလို့မကုန်ဘဲ ကျန်ခဲ့တဲ့ ဘိလပ်မြေနဲ့ လောင်စာဆီတွေကို ထုတ် ရောင်းနေကြတယ်” ဟု ၎င်းက ဆိုသည်။

ထိုဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ဒေသခံ စီးပွားရေးသမားများက ဝယ်ယူကြောင်း သိရသည်။

အဲဒီ မြစ်ဆုံ ဒေသက လာတဲ့လူတွေ ပြောပြတာ ခါတိုင်းလိုတော့ မဟုတ်ဘူး။ လူတွေ တော်တော်လျော့သွားတယ်လို့ ပြော တယ်” ဟု ဦးလနန်က ဆက်ပြောသည်။

ပြီးခဲ့သည့်လက ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်တွင်းအခြေစိုက် Weekly Eleven News တွင် ရေးသားထားသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် သင့်လျော်သော အဖြေတခုရရှိရန် တရုတ်နှင့် ပူးပေါင်းသွားမည်ဟု ဦးတင်အောင်မြင့်ဦးက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းစာများက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အခြေစိုက် People’s Daily သတင်းစာတွင် နှစ်နိုင်ငံချုပ်ဆိုထားသည့် ကတိကဝတ်များအား လိုက်နာရန်နှင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသည် စီမံကိန်းများကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ဦးတင်အောင်မြင့်ဦးအား တိုက်တွန်းလိုက်ကြောင်း ရေးသားထားသည်။

“တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်နေတဲ့ အရေးကြီး စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင် ရေးဟာ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေပါတယ်” ဟု တရုတ်ဝန်ကြီးချုပ်က ဦးတင်အောင်မြင့်ဦးကို ပြောဆိုခဲ့သည်။

ဦးတင်အောင်မြင့်ဦးကလည်း တရုတ် – မြန်မာ နှစ်နိုင်ငံအရေးကို အလေးပေးကြောင်း၊ ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအား ဖြေရှင်းနိုင်ရေးအတွက် တက်ကြွစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား အလွှာအသီးသီးက ကန့်ကွက်တောင်းဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးများမှ တဆင့် သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို လက်ရှိအစိုးရသက်တမ်းအတွင်း ဆက်လက် အကောင်အထည်ဖော်ခြင်း မပြုဘဲ ဆိုင်းငံ့မည်ဟု ကြေညာခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်း အတွက် ၂၀၀၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများအား တရုတ် အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီက ဦးဆောင်၍ စတင် တည်ဆောက်ခဲ့သည်။

မြစ်ဆုံဆည် စီမံကိန်းအတွက် ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမှ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမည်ဖြစ်ကာ အများစုကို တရုတ်နိုင်က ရယူမည် ဖြစ်သည်။

အမေရိကန် ကိုယ်စားလှယ် မြန်မာပြည် တတိယအကြိမ် လာမည်

ခင်ဦးသာ on November 1, 2011

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် မနက်ဖြန်ရောက်ရှိမည် ဖြစ်သည်။

ခရီးစဉ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူများနှင့်နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်ပြီး မြန်မာပြည်တွင်းရှိ နိုင်ငံတကာ အဖွဲ့ အစည်း များ၊ လူမှုရေးအဖွဲ့အစည်းများ၊ အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေ အနေ များနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။

ဒဲရက် မစ်ချယ်၏ ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်သူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေး ဆိုင်ရာ အမေရိကန် လက် ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ သည် မြန်မာနိုင်ငံသို့ ယနေ့ ကြိုတင်ရောက်လာမည်ဖြစ်ကြောင်း အမေရိကန်ပြန် ကြားရေးဌာန က ထုတ်ပြန်ထားသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲသည် မကြာခဏလာရောက်ရန်ရှိပြီး နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေးကိစ္စ၊တိုင်းရင်း သားဒေသများ၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ပပျောက် ရေး ဆိုင်ရာကိစ္စများ အတွက် မြန်မာအစိုးရကို ဆက်လက် တိုက်တွန်းမည် ဖြစ်သည်။

မစ္စတာ မစ်ချယ်သည် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံရပြီး မြန်မာနိုင်ငံသို့ ၃ ကြိမ်မြောက်လာရောက်ခြင်း ဖြစ် သည်။ ခရီးစဉ်တိုင်းတွင် အစိုးရတာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့များနှင့်တွေ့ဆုံ၍ စီးပွားရေး ပိတ်ဆို့မှုနှင့် နိုင်ငံရေး ကိစ္စများ ကို ဆွေးနွေးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ထုတ်ပြန်ထားသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းနှင့်ပတ်သက်၍ သတင်းစာဆရာ မောင်ဝံသက“ခရီးစဉ်တွေက ပုံမှန်လည်ပတ်မှု ထက်ပိုနေတဲ့အတွက် လုပ်စရာတွေကို ခပ်သွက်သွက် လုပ်သွားချင်တဲ့သဘောပါ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိစ္စတွေ၊ အဓိ က တော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေကို မြန်မြန် လုပ်စေချင်တဲ့ သဘောလို့ထင် တယ်”ဟု ဆိုသည်။

လတ်တလော အခြအနေအရ မြန်မာနိုင်ငံ၌ အပြောင်းအလဲ ဖြစ်ပေါ်နေသည်ဟု ပြည်တွင်း၊ ပြည်ပက မြင်နေကြကြောင်း၊ထို အပြောင်းအလဲသည် အနှစ်သာရပြည့်ဝသော အပြောင်းအလဲ ဟုတ်မဟုတ်ကို အမေရိကန်အစိုးရ အနေဖြင့် အတွင်းကျကျ
လေ့လာနေခြင်း ဖြစ်နိုင်သည် ဟု နိုင်ငံရေးအကဲခတ် တချို့က ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က“တကယ်ပဲ ပြောင်းလဲနေပြီလား၊ အပြောင်းအလဲတွေနဲ့အတူ နိုင်ငံရေးအရ ဘယ်လိုဆက်ဆံမလဲ ဆိုတဲ့ရည်ရွယ်ချက်တွေကို အဘက်ဘက်က အတွင်းကျကျသိ အောင် လုပ်ချင်တဲ့ သဘောတွေပါနေတယ်လို့ သုံးသပ်လို့ရတယ်”ဟု ဆိုသည်။

ဒဲရက် မစ်ချယ်သည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်တာဝန် ထမ်း ဆောင်ခဲ့ပြီး စက်တင်ဘာ နှင့် အောက်တိုဘာ လများတွင် မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်၊ ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှု၊ နိုင်ငံရေးအကျဉ်းသား တချို့လွှတ်ပေး
ခြင်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စများသည် အမေရိကန်ကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် နောက်ဆက် တွဲ ဖြစ်ပေါ်ပြောင်းလဲမှုများဟု နိုင်ငံရေးသမား တချို့ က သုံးသပ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး ကိစ္စများ တိုးတက်ပြောင်းလဲနေမှုများကို အမေရိကန်အစိုးရ
အနေဖြင့် ကူညီနိုင်ရေးနှင့် တိကျသော လုပ်ငန်းစဉ်များကို လက်တွေ့ဆောင်ရွက်သွားရန် လုပ်ဆောင်နေကြောင်း မြန်မာ့အရေး
လေ့လာသူ ဒေါက်တာဇော်ဦးက ပြောသည်။

“ကိုယ်စားလှယ်ခန့်တာကို က အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် အလေးထားလာတဲ့သဘောပါ၊ အခု ခရီးစဉ်မှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပါလာတဲ့အတွက် တိုက်ရိုက် ကူညီမှုတွေ ဖြစ်ဖို့ ပိုမိုနီးစပ်လာပြီလို့ ပြောလို့ရတယ်”ဟု ၎င်း က ဆက်ပြောသည်။

အမေရိကန်အစိုးရနှင့် မြန်မာအစိုးရကြား ဆက်ဆံရေးကောင်းမွန်လာခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ထိခိုက်မှုမဖြစ်ပေါ်နိုင်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေးတိုးမြှင့်နေကြောင်း၊ နိုင်ငံတကာ သံတမန်များ၏
မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုသည် မြန်မာ့အပြောင်းအလဲအတွက် ကောင်းမွန်သည့်အခြေအနေဟု ဒေါက်တာ ဇော်ဦးက ဆို သည်။

အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားခြင်းသည် တရုတ်နိုင်ငံအပေါ် မြန်မာအစိုးရ၏ မှီခိုအား ထားမှုကို ပိုမိုဖြစ်စေကြောင်း မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူများကလည်း သုံးသပ်လေ့ရှိသည်။

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ ပြောင်းလဲတိုးတက်မှုမရှိဟုဆိုကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဥပဒေတရပ်ကို၂၀၀၃ ခုနှစ်က ပြဌာန်းခဲ့ပြီး နှစ်စဉ် သက်တမ်းတိုးမြှင့်ခဲ့သည်။

စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုသည် မြန်မာပြည်သူလူထုအတွက် အကျိုးမရှိသောကြောင့် သမ္မတ အိုဘားမားအစိုးရက ၂၀၀၉ ခုနှစ် တွင် ပိတ်ဆို့မှုနှင့် ထိတွေ့ဆက်ဆံမှု ဟူသော ပေါ်လစီ ၂ ရပ်စလုံးကို ပြောင်းလဲ ကျင့်သုံးလာခဲ့သည်။

မာန်အောင်မြို့နယ်တွင် ဥယျဉ်ခြံမြေများ ဈေးကောင်းကောင်းဖြင့် အရောင်းအ၀ယ်ဖြစ်နေ

ခိုင်သဇင်

ရခိုင် ပြည်နယ် မာန်အောင်မြို့နယ်တွင် ခြံမြေများကို ယခုအခါ ၀ယ်ယူမူ များပြားနေသဖြင့် ဈေးကောင်းကောင်း ရရှိ နေကြောင်း သတင်း ရရှိသည်။

မာန်အောင်မြို့နယ် ကအီး ကျေးရွာတွင် စတင်ဘာလ မှစ၍ ဥယျဉ်ခြံမြေများကို ဈေးကောင်း ပေး၍ ၀ယ်ယူနေကြောင်းကို ခြံပိုင်ရှင် ဖြစ်သူ မအေးအေးလှိုင် မှပြောသည်။

" ဟုတ်ပါတယ် ကျမတို့ ဥယျဉ်ခြံထဲမှာဆို အုန်းပင် အများအပြားရှိပါတယ်။ အရင်ကဆို အုန်းခင်းတွေကို တစ်သိန်း နဲ့ ပေးဝယ်မယ့် သူမရှိသလောက် ရှားပါးခဲ့တယ်၊ အခုဆိုရင် ခြံတစ်ခြံက သိန်း နှစ်ဆယ် အထက်မှာရှိတယ်။ အုန်းခင်ပင်တွေ မရှိတဲ့ ဥယျဉ်ခြံမြေ တွေလည်း ဈေးကောင်းရတယ်။ ကျွန်မတို့ ကအီးရွာ အုန်းခင်တွေမှ မဟုတ်ဘူး အနီးအနားရွာ က အုန်းပင်တွေ မရှိတဲ့ မြေကွက်လပ် တွေကိုလည်း ဈေးကြီး ပေးပြီးတော့ ၀ယ်နေကြ ပါတယ်" ဟု ပြောသည်။

မာန်အောင်မြို့ မှ ငွေကြေးချမ်းသာ သူများသာမက တခြားမြို့များမှ လူအများအပြားလည်း ဥယျာဉ်ခြံမြေများကို လာရောက် ၀ယ်ယူနေကြသည်။ လက်ရှိ ဥယျာဉ် ခြံမြေ ၀ယ်ယူနေသူ တစ်ဦးမှ ၀ယ်ယူရခြင်း ရည်ရွယ်ချက်ကို အခုလို ပြောပြသည်။

" ကအီး ကမ်းခြေက အရမ်း သာယာလှပတယ်။ နောက်နှစ်တွေမှာ ငပလီ ကမ်းခြေလိုမျိုး နိင်ငံခြားသားတွေနဲ့ မြန်မာနိင်ငံသားများ လာရောက် အပန်းဖြေလာရောက်ကြမယ်။ နောက်ပြီး ကအီးကျေးရွာက ရေနံထွက်တဲ့ နဂါးတောင် နဲ့လည်း နီးတယ်။ ရေနံ အများအပြား ထွက်လို့ရှိရင် တရုတ်တွေလာကြမှာပဲ။ ကျနော်တို့က အဲလို မျှော်လင့်ချက်နဲ့ ၀ယ်ယူတာ ဖြစ်ပါတယ်။ အဓိကတော့ နိင်ငံခြားသားတွေ လာရောက်ရင် နေရာတွေက အနာဂတ်မှာ မြေဈေးတွေ တက်လာနိုင်ပါတယ်။ ဒါကြောင့် ၀ယ်ယူတာ ဖြစ်ပါတယ်" ဟု ပြောသည်။

မာန်အောင်ကျွန်းကို ပတ်ပြီး ဖေါက်လုပ်ထားသော ၅၂ မိုင်ရှည် ကျွန်းပတ်လမ်းကို ၂၀၁၀ ဖော်ဖေါ်ဝါရီလ ၆ ရက်နေ့က စတင်ဖွင့် လှစ်ခဲ့ပြီးနောက် သွားလာရေး လွယ်ကူလာသဖြင့် မာန်အောင်ဒေသမှာ အနာဂတ်တွင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများ ရှိနေကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၀၈ ရွာရှိပြီး အများစုမှာ ပင်လယ် ကမ်းခြေတွင် တည်ရှိကာ အလွန်နေချင် စဖွယ်ကောင်းကြောင်း ရောက်ဖူးသူများက ပြောသည်။

ကအီး ကမ်းခြေမှာ မာန်အောင်မြို့နယ်တွင် အလှဆုံး ပင်လယ်ကမ်းခြေ ဖြစ်ပြီး အုန်းပင်များနှင့် သဘာဝ အလျှောက် ပေါက်ရောက် နေသော နှစ်ရှည် အပင်များတည်ရှိသဖြင့် မာန်အောင်ကျွန်းမှ လူများသာမက တခြားမြို့နယ်များမှ လူများလည်း ကအီသို့ အလည် အပတ် သွားရောက်ကြသည်ဟု သိရသည်။

ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်​ကြော​ရေး​လုပ်ခဲ့​ဟု ကိုဖိုး​ဖြူ ​ပြော

ရွှေအောင်

သက်ဆိုင်ရာက ဖမ်း​ပြီး​ စစ်​ဆေး​တဲ့​အချိန်မှာ ​ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်ခဲ့​ကြတယ်လို့​ ​လယ်သမား​အ​ရေး​ဆောင်ရွက်​နေတဲ့​ ​ရှေ့​နေကိုဖိုး​ဖြူက ​ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်​နေ့​က ရန်ကုန်မြို့​ ဗိုလ်ချုပ်လမ်း​ပေါ်က အိုး​အိမ်ဦး​စီး​ဌာန​ရှေ့​မှာ ​ရှေ့​နေကိုဖိုး​ဖြူနဲ့​ လယ်သမား​တွေ ဆန္ဒပြတာကို သက်ဆိုင်ရာက လာ​ရောက်တား​မြစ်ပြီး​တဲ့​နောက် ကိုဖိုး​ဖြူနဲ့​ လယ်သမား​ငါး​ဦး​တို့​ အဖမ်း​ခံခဲ့​ကြရပါတယ်။

အဲ့​ဒီ​နောက် ကိုဖိုး​ဖြူကို ရန်ကုန်မြို့​ ပြည်လမ်း​ပေါ်မှာရှိတဲ့​ အရင်လွှတ်​တော်အ​ဆောက်အဦထဲက ရန်ကုန်တိုင်း​ ရဲသတင်း​တပ်ဖွဲ့​ ရုံး​ခန်း​ကို​ခေါ်သွား​ပြီး​ စစ်​ကြော​ရေး​လုပ်ရင်း​ ​ရေဆာလို့​ ​ရေ​တောင်း​သောက်တဲ့​ အချိန်မှာ တိုက်ခဲ့​တာဖြစ်တယ်လို့​ ကာယကံရှင်ဖြစ်တဲ့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

“ဖမ်း​လာတဲ့​အချိန်မှာ မျက်နှာကို အုပ်တယ်၊​ အဝတ်နဲ့​ အုပ်တယ်။ ပြီး​တော့​ အသက်ရှူ​ပေါက်​ပေး​ထား​တယ်၊​ ပြီး​တဲ့​အခါမှာတာ့​ အနံ့​အရသာ ရှိ​နေတဲ့​ ​ရေကိုတိုက်တယ်။ ​ရေဆိုတာ သဘာဝအား​ဖြင့်​ အနံ့​အရသာ မရှိရဘူး​။ ကျ​နော့်​ကို စစ်​ကြော​ရေး​ပြုလုပ်​နေတဲ့​ အချိန်မှာ​တော့​ အနံ့​လည်း​ ရှိ​နေတယ်၊​ အရသာ တမျိုး​လို့​လည်း​ ခံစား​နေရတယ် ပြီး​တော့​ မူး​လာတယ်။ ဒီလို ပြုလုပ်တာက​တော့​ဖြင့်​ ရဲတပ်ဖွဲ့​ဝင်များ​ စည်း​ကမ်း​ထိန်း​သိမ်း​ရေး​ဥပ​ဒေနဲ့​ ညီညွတ်ခြင်း​ မရှိဘူး​။ ဒါ တည်ဆဲ ဥပ​ဒေအရဆိုရင် နိုင်ငံတကာ ဥပ​ဒေအရ ​ပြောမယ်ဆိုရင် ကုလသမဂ္ဂက ချမှတ်ထား​တဲ့​ အထိန်း​သိမ်း​ခံထား​ရသူ​တွေကို အ​ခြေခံထား​ရှိရမယ့်​ အဆင့်​အတန်း​ နှုန်း​စံ​တွေနဲ့​လည်း​ ညီညွတ်ခြင်း​ မရှိပါဘူး​။ ဒါ စိတ်ပိုင်း​ဆိုင်ရာကို နာရီနဲ့​အမျှ ကြာ​အောင် ညှဉ်း​ပန်း​ခဲ့​ရာ ​ရောက်တယ်လို့​ ကျ​နော် ​ပြောချင်ပါတယ်။”

ရေ​သောက်ပြီး​တဲ့​နောက် သူခံစား​ရပုံကိုလည်း​ ကိုဖိုး​ဖြူက “​သောက်ပြီး​ပြီး​ချင်း​ မသိသာဘူး​။ ၁ မိနစ်၊​ ၂ မိနစ်အတွင်း​မှာ နှလုံး​တွေတုန်လာတယ်။ အသက်ရှူရတာ ကျပ်လာတယ်။ အရမ်း​မောလာတယ်။ လူကနုံး​ခွေပြီး​ အရမ်း​စိတ်ကျသွား​တယ်။ ဒါမျိုး​တွေခံစား​ရပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြတဲ့​ လယ်သမား​တွေကို ကိုဖိုး​ဖြူက ​ခေါင်း​ဆောင်တယ်ဆိုပြီး​ ဖမ်း​သွား​တဲ့​မနက်ကတည်း​က ညပိုင်း​အထိ အဆိုပါ​နေရာမှာ တ​နေကုန်စစ်​ဆေး​ပြီး​ ညကျမှ ဗိုလ်တ​ထောင်ရဲစခန်း​ကို ပြန်ပို့​တယ်လို့​ ဆိုပါတယ်။

လယ်သမား​တွေကို သူ​ခေါင်း​ဆောင်တာလည်း​ မဟုတ်ဘဲ လယ်သမား​တွေက သူတို့​ရဲ့​ လယ်​တွေ ပြန်​ပေး​ဖို့​ ​တောင်း​ဆိုကြတာ ဖြစ်တယ်လို့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဗိုလ်တ​ထောင်ရဲစခန်း​မှာ​တော့​ စခန်း​မှူး​အပါအဝင် သက်ဆိုင်ရာရဲ​တွေက မိသား​စုလို ဆက်ဆံတယ်လို့​ သိရပါတယ်။

ကိုဖိုး​ဖြူပါ လယ်သမား​ခြောက်ဦး​ကို ပြစ်မှုဥပ​ဒေ ပုဒ်မ၁၄၃ တရား​မဝင်လူစုလူ​ဝေး​မှာပါဝင်မှုနဲ့​ ပုဒ်မ၁၄၅ တရား​မဝင်လူစုလူ​ဝေး​ကို ဖြိုခွဲတဲ့​အခါဖီဆန်တယ်ဆိုတဲ့​အမှု စတဲ့​ နှစ်မှုနဲ့​ ဗိုလ်တ​ထောင်တရား​ရုံး​က တရား​စွဲဆိုထား​ပြီး​ စ​နေ​နေ့​က အာမခံနဲ့​ ပြန်လွှတ်​ပေး​ထား​တယ်လို့​ သိရပါတယ်။

လာမယ့်​ နိုဝင်ဘာ ၁၁ ရက်​နေ့​ ရုံး​ချိန်း​ရှိပြီး​ အစိုး​ရသစ်လက်ထက် ငြိမ်း​ချမ်း​စွာ ဆန္ဒပြသူ​တွေကို ပထမဆုံး​အကြိမ် တရား​စွဲဆိုတာလည်း​ ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်ခြင်း​ တနှစ်ပြည့်​ မီဒီယာ​တွေ့​ဆုံပွဲလုပ်မည်

ရွှေအောင်

ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်တာ တနှစ်ပြည့်​အထိမ်း​အမှတ်အ​နေနဲ့​ ပြည်တွင်း​ပြည်ပမီဒီယာ​တွေကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဖိတ်ကြား​လိုက်ပါတယ်။

အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က “တနှစ်ပြည့်​တဲ့​ အထိမ်း​အမှတ်နဲ့​ ပြည်တွင်း​ပြည်ပ သတင်း​စာဆရာများ​ အား​လုံး​ကို သတင်း​စာရှင်း​လင်း​ပွဲတခု ပြုလုပ်ပါ့​မယ်။ ပြည်တွင်း​ဂျာနယ်အသီး​သီး​က သတင်း​ထောက်များ​အာလုံး​၊​ ထို့​အတူပဲ မြန်မာနိုင်ငံအ​ခြေစိုက် ပြည်ပမီဒီယာများ​က သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်ကြား​ပါတယ်။ ဖိတ်ကြား​မှုလည်း​ လုပ်ပါ့​မယ်။ အခုကတည်း​က တခါတည်း​ ဖိတ်လိုက်ပါရ​စေ။ အဲဒီ​နောက်ပိုင်း​ အလွန်အလုပ်များ​တဲ့​အတွက်​ကြောင့်​ အခြား​အ​ရေး​ကြီး​တဲ့​ လုပ်ငန်း​တာဝန်​တွေလည်း​ ထမ်း​ဆောင်ရမှာ ဖြစ်တဲ့​အတွက်​ကြောင့်​ ​ပြောရမယ်ဆိုရင် ၂၀၁၁ ခုနှစ် အတွင်း​မှာ​တော့​ဖြစ်ရင် ​နောက်ထပ် သတင်း​စာရှင်း​လင်း​ပွဲ​တွေ လုပ်နိုင်မှာမဟုတ်ပါဘူး​။

အ​ထွေ​ထွေအတွင်း​ရေး​မှူး​ အ​နေနဲ့​ လုပ်နိုင်ဖို့​အခွင့်​အလမ်း​ အချိန်သိပ်​ပေး​နိုင်မှာ မဟုတ်​တော့​ပါဘူး​။ ဒါ​ကြောင့်​မို့​လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ချင်တယ်ဆိုတဲ့​ ပြည်တွင်း​ပြည်ပ သတင်း​ထောက်များ​အား​လုံး​လည်း​ အဲဒီ​နေ့​ တ​ပေါင်း​တည်း​ ကြွကြပါလို့​ ဖိတ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

လာမယ့်​ နိုဝင်ဘာ ၁၄ ရက်​နေ့​ ရန်ကုန် ​ရွှေဂုံတိုင် အဖွဲ့​ချုပ်ရုံး​မှာ မီဒီယာ​တွေ့​ဆုံပွဲ လုပ်မှာဖြစ်ပြီး​ အန်အယ်လ်ဒီ မှတ်ပုံတင်မတင် ​ကြေညာမယ့်​ပွဲလို့​ ​ပြောဆို​နေတာ​တွေဟာ မမှန်ဘူး​လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

မြ၀တီမှာ အဓမ္မ ငွေတောင်းသူများကို အရေးယူပြီ

ဧရာဝတီ on November 1, 2011

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ပြန်ပို့ခြင်းခံရသည့် မြန်မာအလုပ်သမားများထံမှ ကရင် နယ်ခြားစောင့် တပ်နှင့်လူပွဲစားများ၏ တရားမ၀င် ငွေတောင်းခံ နေသည့် လုပ်ရပ်များကို စနေနေ့က စတင်၍ မြ၀တီ ခရိုင် အာဏာပိုင်များက ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

ထို့ကြောင့် အလုပ် သမားများကို ငွေတောင်း ခံသည့် မြ၀တီမြို့ အမှတ် ၅ ရပ်ကွက်ရှိ အမှတ် ၁၀ ဂိတ်မှ လူပွဲစားများ တနင်္ဂနွေ နေ့ က စတင်ကာ ထိုင်းနိုင်ငံ မဲဆောက် ဘက်သို့ တိမ်းရှောင် လျက် ရှိသည်။

အမှတ် ၁၀ ဂိတ်တွင်နေထိုင်သည့် ကုန်သည်တဦးက“နေပြည်တော် အမိန့်နဲ့ လူပွဲစားတွေနဲ့ ကရင်နယ်ခြားစောင့် တပ်ဖွဲ့တွေကို မြ၀တီ အာဏာပိုင်တွေက ထိန်းချုပ်လိုက်တယ်။ လက်ရှိအမှတ် ၁၀ ဂိတ်ကို စစ်တပ်နဲ့ ရဲတွေက ထိုင်ပြီ၊ ထိုင်းဘက်က ပြန် လာတဲ့ လူတွေ ဆီက ငွေတောင်းတာ မရှိတော့ဘူး၊ ပိုက်ဆံမပါဘဲ ပြန်လာတဲ့ အလုပ်သမားတွေကိုလည်း ဘားအံ မြို့အထိ အခမဲ့ပို့ဆောင် ပေးတာတွေ ရှိတယ်၊ အရင်ကငွေ တောင်းတဲ့ လူပွဲစားတွေကိုလည်း လိုက်ဖမ်းနေတယ်”ဟု ပြောသည်။


ကရင် နယ်ခြားစောင့် တပ်နှင့် လူပွဲစားများက အလုပ်သမား တဦးလျှင် ထိုင်းဘတ်၂၅၀၀ တောင်းခံခဲ့ခြင်း ဖြစ်သည်။

ယခုလဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် အယုဒ္ဓယ ခရိုင်၊ ဘန်ကောက်မြို့အနီး ပထုံဌာနီနှင့် စက်မှုဇုန်ကြီး များရှိ စက်ရုံအလုပ်ရုံများပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမားများကို မြ၀တီမြို့တွင် လူပွဲစားများက နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့်ပေါင်း၍ အဓမ္မ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ ပြန်လာသူများမှာ အောက် တိုဘာ ၁၅ ရက်ခန့်မှ စတင်၍ လူ ရာဂဏန်းမှ ထောင်ဂဏန်း ၀န်းကျင်ရှိသည်။

အဓမ္မ ငွေတောင်းခံရသူ အများစုမှာ ထိုင်းဘက်မှ အဖမ်းခံရပြီး ပြန်လာသော မြန်မာ အလုပ်သမားများ ဖြစ်ကြောင်း သိရ သည်။

ထိုင်းနိုင်ငံတွင် အဖမ်းခံရပြီး မြ၀တီဘက် ပြန်ရောက်လာသည့် မြန်မာအလုပ်သမားများကို လူပွဲစားများကမတရားငွေတောင်း သည့် ဖြစ်ရပ် များကို ပြည်ပ သတင်းဌာနများက သတင်း ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု မြ၀တီမြို့မှ ကုန်သည်ကြီး တဦး က ပြောသည်။

၎င်းက“ဒီလဆန်းကစပြီး ဘန်ကောက်မှာရေကြီးတော့ စက်ရုံအလုပ်ရုံတွေပိတ်လိုက်ရတယ်၊ သောင်းနဲ့ချီတဲ့မြန်မာအလုပ် သမားတွေ ဒီလလယ်နောက်ပိုင်း မြ၀တီလမ်းက နေရပ်ပြန်ကြတာ တရက်ကိုလူ ၃၀၀၀ ထောင်နီးပါးရှိတယ်၊ အဲဒီအထဲက ၂၀၀၀ လောက်က တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံရပြီးပြန်လာကြတဲ့လူတွေ၊ သူတို့ကိုအမှတ် ၁၀ ဂိတ် (၉၉၉ ဂိတ်)မှာ တ ယောက်ကိုဘတ်၂၅၀၀ တောင်း တယ်၊ ပြန်လာကြတဲ့လူတွေ အတော့်ကိုဒုက္ခရောက်ကြတယ်၊ ဘယ်သူမှမပြောရဲမဆိုရဲဖြစ် နေ တာ၊ အခုမှ ဒီပြဿနာ ပြီးသွားတော့တယ်၊ ဒါက ပြည်ပသတင်းဌာနတွေကြောင့် ဖြစ်သွားတာ”ဟုလည်း ဆိုသည်။

ကရင်ပြည်နယ် ဘားအံမြို့သို့ ပြန်ရောက်သွားသည့် အလုပ်သမတဦးကလည်း ငွေတောင်းခံမှုမရှိတော့သော်လည်း အာဏာ ပိုင် များ၏ စစ်ဆေးမေးမြန်းမှုများကို အချိန်ကြာမြင့်စွာကြုံတွေ့ခဲ့ရသည့် အတွက် အလုပ်သမားများသည် တရက်ခြား ယာဉ် တန်း မမီဘဲ မြ၀တီတွင် အများအပြား သောင်တင်ခဲ့ကြရသည်ဟု ပြောပြသည်။

“ကျမတို့ ဘန်ကောက်မှာအဖမ်းခံရပြီး မဲဆောက်ကထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးကိုရောက်တော့ တယောက်မကျန် ကိုယ်ရေး ရာဇ၀င်ဖြည့်ကြရတယ်၊ လက်ဗွေနှိပ်ရတယ်၊ နေရပ်လိပ်စာ မိဘအမည်နဲ့ မှတ်တမ်းဓာတ်ပုံတွေ အရိုက်ခံရသလို မြ၀တီ ဘက်ပြန်ရောက် တော့လည်း နေရပ်လိပ်စာ မိဘအမည်တွေကောက်ပြီး အုပ်စုလိုက် ဓာတ်ပုံအရိုက်ခံရတာတွေ ရှိတယ်။ တကယ် ပိုက်ဆံမ ရှိတဲ့ လူတွေ ကိုကျတော့ အိမ်ပြန်ဖို့ ကားကြုံနဲ့ထည့်ပေးတာတော့ ရှိတယ်၊ မြ၀တီခရိုင် အာဏာပိုင်တွေက အလုပ်သမား တယောက်ကို ကျပ် ၁ သောင်း စီ ပေးတယ်ဆိုတဲ့ သတင်းကတော့ လုံးဝမဟုတ်ဘူး”ဟု ဘားအံ ပြန်ရောက် သွားသော အလုပ်သမက ပြောသည်။

မြန်မာလူပွဲစား တဦး၏ အဆိုအရ အမှတ် ၁၀ ဂိတ် တွင် ထိုင်းနိုင်ငံမှပြန်လာကြသည့် မြန်မာများကိုငွေကြေးကောက်ခံ လာ သည်မှာ ၁၀ ကျော်ရှိပြီဖြစ်ကြောင်း၊ လူပွဲစားများနှင့် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အထူးတပ်ရင်း ၉၉၉ တို့ပူးပေါင်း၍ ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နှစ်က DKBA အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားပြီးနောက်တွင် လူပွဲစားများမှာ ကရင်နယ်ခြားစောင့် တပ်များနှင့် လက်ရှိအချိန်အထိ ပုံမှန်လုပ်ကိုင်လျက်ရှိပြီး ရရှိလာသည့်ငွေကြေးများကို လူပွဲစားများ၊ နယ်ခြားစောင့် တပ်၊ ထိုင်း လ၀က အဖွဲ့နှင့် အချိုးကျခွဲဝေကြရကြောင်း၊ ဝေစုအများစုကို လက်ရှိတွင် နယ်ခြားစောင့်တပ်က ရရှိကြောင်း၊ နယ်ခြားစောင့်တပ်မှရရှိသည့်ငွေကြေးတချို့ကို မြ၀တီခရိုင် အာဏာပိုင်တချို့ကိုခွဲဝေပေးရ သေးကြောင်းလည်း ၎င်း လူပွဲစားက ဆို သည်။

နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာအလုပ်သမားများထံမှ တရားမ၀င်ငွေကြေးကောက်ခံသည့် အမှတ် ၁၀ ဂိတ်မှ တိမ်းရှောင် နေသည့် လူပွဲစားများကို တဦးတယောက်မျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အပြင် တခြားပါဝင် ပတ်သက်သူများကို လည်း တစုံတရာ အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။


မဟာသီယာ ရင်းနှီးမြှပ်နှံမှု စာချုပ် ချုပ်ဆိုမည်

မျိုးသန့် | အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၁ ရက် ၂၀၁၁

မလေးရှား ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် (Mahathir Mohamad) ၏ ဗုဒ္ဓဟူး နေ့တွင် စတင် သွားရောက်မည့် မြန်မာ နိုင်ငံ ခရီး စဉ်တွင် စီးပွားရေး ရင်းနှီး မြှပ်နှံမှု စာချွန် လွှာများ လက်မှတ် ရေးထိုးရန် ရှိကြောင်း မြန်မာ နိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) အထွေထွေ အတွင်း ရေးမှူး ဦးစိန်ဝင်းလှိုင်က ပြောသည်။

UMFCCI ၏ ဖိတ်ကြား ချက်ဖြင့် မြန်မာ နိုင်ငံသို့ သုံးရက်ကြာ လာရောက်မည့် မလေးရှား ဝန်ကြီးချုပ် ဟောင်းသည် ဗုဒ္ဓဟူးနေ့ နေ့လည် တနာရီ ခွဲမှ ညနေ လေးနာရီ ခွဲအထိ ရန်ကုန်မြို့ ကုန်သည် ကြီးများ ဟိုတယ်တွင် ကျင်းပမည့်မြန်မာ- မလေးရှား စီးပွားရေး ရင်းနှီး မြှပ်နှံမှု ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိသည် ဟုလည်း သိရသည်။

"UMFCCI ကနေ ကမကထ လုပ်တဲ့ Business Trip (စီးပွားရေး ခရီးစဉ်) ပေါ့၊ အဓိက ကတော့ MOU (နားလည်မှု စာချွန်လွှာ) ထိုးဖို့ကိစ္စရှိပါတယ်။" ဟု ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

၂၀၀၃ ခုနှစ်တွင် အနား ယူခဲ့သည့် ၂၂ နှစ်ကြာ ဝန်ကြီး ချုပ်ဖြစ်ခဲ့သူ မစ္စတာ မဟာသီယာသည် မလေးရှား နိုင်ငံကို အာရှ စီးပွားရေး ကျားတကောင်ဖြစ်လာအောင် ပြောင်းလဲ ပေးခဲ့သူ ဖြစ်သကဲ့သို့ တဘက် တွင်လည်း တင်းတင်း ကြပ် ကြပ် အုပ်ချုပ်မှုကို ကျင့်သုံးကာ သူ၏ အာဏာကို ခြိမ်းခြောက် လာသူ များအား ပြင်းပြင် ထန်ထန် နှိပ်ကွပ် လေ့ရှိ သူဟု နာမည်ဆိုး ထွက်ခဲ့သည်။

ဒေါက်တာ မဟာသီယာသည် မလေးရှား နိုင်ငံကို ၂၀၂၀ ပြည့် နှစ်တွင် စက်မှုနှင့် စီးပွားရေး လုပ်ငန်းများ သတင်းနှင့် နည်းပညာ ကဏ္ဍတို့ကို ကမ္ဘာ့ အဆင့် မီဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ချမှတ်ကာ ၁၉၉၁ ခုနှစ်တွင် စတင် အကောင် အထည် ဖေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဘာသာ ရေး လွတ်လပ်ခွင့်ရှိမရှိစစ် ဆေးရန် CSW တောင်းဆို

KNG


လွတ်လပ်စွာ ဘာသာရေး ကိုးကွယ် ခွင့်နှင့် ယုံကြည်ခွင့် အတွက် မြန်မာ အစိုးရအား ကုလသမဂ္ဂ အထူး ကိုယ်စား လှယ်ခေါ် ဖိတ်ကာ လွတ်လပ်စွာ စုံစမ်းခွင့် ပြုရန် လန်ဒန် အခြေစိုက် ကမ္ဘာ့ ခရစ်ယာန်ဝံဿနု (Christian Solidarity Worldwide) အသင်းက တောင်းဆို လိုက်သည်။

ကချင် ပြည်နယ် အနောက်ဘက် ကျောက်စိမ်း ထွက်ရှိ ရာဒေသ ဖားကန့်မြို့ နယ်တွင် ခရစ်ယာန် ဘာသာရေးလှုပ်ရှား မှုများအား မြန်မာ အစိုးရ အုပ်ချုပ်ရေး အရာရှိ များက ကန့်သတ်မှု သစ်များ ပြုလုပ် လာသည်ဟု CSW ကဆိုသည်။

ဓမ္မပညာ ဋ္ဌာနရက် တိုသင်တန်း၊ ကျမ်းစာ သင်တန်း၊ တနင်္ဂနွေ ဥပုသ် စာဖြေ စခန်း သွင်းခြင်း၊ ကျမ်းစာ ဖတ်ခြင်း၊ ဥပုသ်စောင့် ဆုတောင်းခြင်း၊ မုတ်သုန် ကျမ်းစာ လေ့လာခြင်းနှင့် မယ်တော် မာရီယာ၏ အပြစ်မဲ့ သန္ဓေယူခြင်း တို့အား ကျင်းပပြုလုပ် မည်ဆိုပါက သက်ဆိုင်ရာ ဌာန အသီးသီး၏ ထောက်ခံချက် ခံဝန် ကတိနှင့် အတူ ပြည့်စုံစွာဖြင့် (၁၅) ရက်ကြို တင်၍ မြို့နယ် အုပ်ချုပ်ရေး မှူးရုံး(ဖားကန့်) သို့တင်ပြ၍ ခွင့်ပြုချက်ရ ယူပြီးမှ ကျင်းပပြုလုပ် သွားရန် မော်ဝမ်း ရပ်ကွက် အုပ်ချုပ်ရေး မှူးက ၎င်းတို့ ရပ်ကွက် ထဲရှိ ခရစ်ယာန် အသင်း တော်များထံ ပေးပို့သည့် အောက်တိုဘာလ ၁၄ ရက်က စာကို သက်သေအဖြစ် CSW က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် အထူးသဖြင့် ခရစ်ယာန်ဘာသာနှင့် မွတ်စလင်ဘာသာတို့ ပစ်မှတ်ထားဖိနှိပ်ခံရသည်ဟု CSW ၏ အရှေ့အာရှအဖွဲ့ခေါင်းဆောင် Benedict Rogers ကပြောဆိုသွားသည်။

နေပြည်တော်အစိုးရ ငြိမ်းချမ်းရေးအပေါ် ဒုဗိုလ်ချုပ်ကြီးယွက်စစ်အမြင်

သျှမ်းသံတော်ဆင့်

ငြိမ်းချမ်း ရေး ဆွေးနွေး ချင်ရင် ပဏာမ အဆင့် ကနေ စတင် ဆွေးနွေး လို့ရပြီ လို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေကို အစိုးရ သစ် လက်ကမ်း ထားတဲ့ အတိုင်း ထိုင်းနယ်စပ် ဘက်မှာ အခြေစိုက် ထားတဲ့ သျှမ်းမတော် ကလဲ ဆွေးနွေးဖို့ သျှမ်းပြည်ပြန် လည် ထူထောင် ရေးကောင်စီ ဝင်တွေနဲ့ သျှမ်း လူထု ရဲ့ ဆန္ဒတွေ သဘောထာွးေ မေးမြန်းတဲ့ ထုတ်ပြန် ကျေငြာ ချက်ထုတ်ပြန် ခဲ့ပါတယ်။ အမှန်တကယ် ဆွေးနွေး ဖြစ်မယ် ဆိုရင် ဘာတွေ ဆွေးနွေးမှာ လဲ။ ဒီ ဆွေးနွေးပွဲ သတင်းကြောင့် တခြား တိုင်းရင်း သားလက်နက် ကိုင်တပ်ဖွဲ့ တွေ အပေါ် ဘယ် လိုကယက် ရိုက်မှု ရှိလာသလဲ - ဆိုတာ သျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့လို့ လူသိ များတဲ့ RCSS/SSA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကို သျှမ်းသံတော်ဆင့်က ဆိုင်ချိုဖ ဆက်သွယ် မေးမြန်း ထားပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြန်မာအစိုးရတို့ရဲ့ ငြိမ်း ချမ်းရေး ဆွေးနွေး မှု ကိစ္စ နောက်ဆုံးအခြေအနေဘယ်လိုရှိပါသလဲ။ ဘယ်လောက်ထိတိုးတက်မှုရှိနေပြီလဲ။

“အခုချိန်ထိတော့ ဘာတိုးတက်မှုမှမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ မြန်မာအစိုးရဘက်က အခုချိန်ထိ ကျနော်တို့ရဲ့ ပေးစာနဲ့ပက်သက်ပြီး ဘာမှအကြောင်း မပြန်ကြားသေးလို့ပါပဲ”

RCSS အနေနဲ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက်ဘာများ စီစဉ်ထားပါသလဲ။

“RCSS အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲတမ်းတံခါးဖွင့်ထားပါတယ်။ မြန်မာအစိုးရ ဦးသိန်းစိန် အနေနဲ့ ပြဿနာကို စစ်ရေးထက် ငြိမ်းချမ်းရေးနည်းနဲ့ဖြေရှင်းဖို့ ဆန္ဒရှိတယ်ဆိုရင် RCSS အနေနဲ့ ဆွေးနွေးဖို့ အမြဲအဆင့်သင့် ဖြစ်နေပါတယ်။ မကြာ သေးခင်က ဦးသိန်းစိန်ရဲ့ ကြေငြာချက်အတိုင်း အစိုးရအနေနဲ့ အဖွဲ့အစည်း တိုင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ချင်တယ် ဆိုတဲ့ကိစ္စအပေါ်ကိုလဲ RCSS အနေနဲ့ ကြိုဆိုပါတယ်။ အဲဒါကြောင့်လဲ အဲဒီလိုကြေငြာပြီးတဲ့နောက်ပိုင်း ကျနော်တို့ဘက်က ဆွေးနွေးမှုလုပ်ဖို့ သူတို့အစိုးရကိုအကြောင်း ကြားထားပါတယ်။ ဒါပေမဲ့ ခုနကပြောသွားသလိုပဲ မြန်မာအစိုးရဘက်ကအခုထိဘာမှ မတုံ့ပြန် လာသေးပါဘူး။ အဲဒါကြောင့်ကျနော်တို့ ဘက် ဘာတွေဘယ်လိုစီစဉ်နေပြီဆိုတဲ့ အဖြေပေးဖို့က အရမ်းခက် ပါတယ်။”

ဆွေးနွေးမှုလုပ်ဖို့အတွက် အစိုးရဘက်ကစပြီး အရင်ကမ်းလှမ်းလာဖို့စောင့်မှာလား RCSS/SSA ဘက်ကစပြီး ကမ်းလှမ်းသွားဖို့ ကော အစီအစဉ်မရှိဘူးလား။

“အစိုးရက ကြေငြာချက်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ကျနော်တို့ RCSS အနေနဲ့လဲ နိုင်ငံရေးကို နိုင်ငံရေးနည်း နဲ့ပဲဖြေရှင်းလိုတယ် ဆိုတဲ့ ဆန္ဒရှိကြောင်း သူတို့ကို စာရေးအကြောင်းကြားပေးခဲ့ပြီးပါပြီး။ ကျနော်တို့စေတနာ ကိုထုတ်ပြပေးခဲ့ပြီးပါပြီ။ ဒါမဲ့ အခုထိ ကျနော်တို့အကြောင်းပြန်စာမရသေးပါဘူး”

ဆွေးနွေးမှု တကယ်လုပ်ဖြစ်မယ်ဆိုရင် ဘယ်မှာလုပ်ဖို့စီစဉ်ထားလဲ ဘယ်အချိန်လဲ။ နောက်ပြီးတော့ ဘာတွေ သွားဆွေးနွေးဖို့ စီစဉ်ထားပါသလဲ။

“အခုလောလောဆယ်မှာတော့ အစိုးရဘက်က ဆက်သွယ်မှုနဲ့ ဘယ်လိုဘယ်ပုံဆွေးနွေးမှုလုပ် ချင်တယ်ဆိုတဲ့ဟာ ကိုပဲ စော့င်ကြည့် ရမှာပဲ။ အစိုးရရဲ့ စေတနာဘယ်လိုရှိသလဲဆိုတာ ကြည့်ရအုံးမယ်။ အဲဒီအခါကျမှ ကျနော်တို့ ဘာတွေဆွေးနွေးရမှာလဲဆိုတာ ထွက်လာမယ် ။ အခုထိတော့ဘာမှအစီအစဉ်မရှိသေးဘူး။ တခုခုသွားတောင်းဆို ဖို့လဲမရှိသေးဘူး”

ဆွေးနွေးမှုလုပ်ဖို့နေရာကော RCSS အနေနဲ့ ဘယ်နေရာဘယ်ဒေသမှလုပ်မယ်ဆိုတဲ့ သတ်မှတ်မှုတွေကော ရှိပါသလား။

“မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့အခြေအနေကြည့်ရပါတယ်။ ကျနော်တို့အတွက်ဘယ်လောက်ထိ လုံခြုံမှုရှိစေ လဲ။ နောက်ပြီးတော့ မြန်မာအစိုးရက ကျနော်တို့အပေါ်ကိုဘယ်လောက်အထိယုံကြည်မလဲ။ ကျနော်တို့ကိုလဲယုံကြည်နိုင် အောင် သူတို့ဘယ်လို သက် သေပြနိုင်မလဲဆိုတဲ့အခြေအနေပေါ်မူတည်ပါတယ်”

ဆွေးနွေးမယ်ဆိုရင် ဘယ်လိုအဆင့်နဲ့မှ ဆွေးနွေးမယ်ဆိုတာမျိုးကောရှိလား။

“အဲဒီလိုအဆင့်သတ်မှတ်တာမျိုးလဲမရှိပါဘူး။ ဒါမဲ့ ဆွေးနွေးမှုလုပ်လာလုပ်မဲ့လူတိုင်းမှာ အစိုးရကတရားဝင်တာဝန် ပေးခဲ့တဲ့ သက် သေ စာရွက်စာတမ်းရှိရပါမယ်။ အဲဒီလိုသက်သေရှိမယ်ဆိုရင် ဘယ်အဆင့်ပဲလာလာကျနော်တို့ကြို ဆိုပါတယ်”

နောက်အခု ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ဖို့ကိစ္စနဲ့ပက်သက်ပြီး RCSS/SSA က သတ်သတ်ဆွေးနွေးမယ် SSA/ SSPP ကသတ်သတ် လုပ်မယ်ဖြစ်နေတယ် ဘာလို့အတူတူမဆွေးနွေးတာလဲ အက်စ်အက်စ်အေက တခုတည်းဖြစ်သွား ပြီမဟုတ်လား။

“ဒါကတော့ မြန်မာအစိုးရဆီမှာမူတည်တာပါ။ SSA တောင်ပိုင်း၊ မြောက်ပိုင်းဆိုတာမရှိတော့ဘူး SSA တပ်ဖွဲ့ ဆိုတာ တခုပဲရှိ တော့တယ်။ အဲဒါကြောင့် တပ်ဖွဲ့အနေနဲ့ဆွေးမယ်ဆိုရင် ကျနော်တို့ဆွေးနွေးတယ်ဆိုရင်လဲ သျှမ်းမြောက်ကိုကိုယ်စားပြုတာပဲ။ သျှမ်းမြောက်က သွားဆွေးနွေးရင်လဲ ကျနော်တို့ကိုကိုယ်စားပြုတာပဲ။ကျနော် တို့က တခုတည်းဆိုတာ ကျနော်တို့ကြေငြာပြီးပြီ”

ဒါဆိုရင် ရှေ့ဆက် RCSS ကသွားဆွေးနွေးမယ်ဆိုရင်လဲ ၀မ့်ဟိုင်းအဖွဲ့ကို ကိုယ်စားပြုထားပြီးသားလို့ ဆိုလိုတဲ့ သဘောလားရှင့်။

“ကိုယ်စားပြုတယ်လို့ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုတော့ကျနော်တို့ တပ်ဖွဲ့ ၂ ခု တစ်ခုတည်းဖြစ်သွားပြီ ဆိုတာကို ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကတည်းက တရားဝင်ကြေငြာထားခဲ့ပြီပဲ”


အခုက SSA/SSPP ၀မ့်ဟိုင်းအဖွဲ့က ပြောထားတာက နိုင်ငံရေးနဲ့ပက်သက်လာရင် UNFC နဲ့သာဆွေးနွေးမယ် လို့ပြောတယ်။ ဒါမဲ့တဖက်ကလဲ RCSS အနေနဲ့က UNFC ရဲ့ အဖွဲ့ဝင်လဲမဖြစ်ထားဘူး။ အဲဒါ ဘယ်လိုသဘော ဆောင်နေတာလဲရှင့်

“အဲဒါကတော့ နိုင်ငံရေးအပိုင်းပေါ့။ SSA/SSPP က UNFC အဖွဲ့ဝင်ဆိုတော့ သူက UNFC အတိုင်းသွားရမှာ ပေါ့ ။ ကျနော်တို့ RCSS က အဖွဲ့ဝင်မဟုတ်တော့ ကျနော်တို့ ဘာသာ ကျနော်တို့ ဆွေးနွေးညှိနှိုင်းမယ်။ နိုင်ငံရေးနဲ့ ပက်သက် ရင်တော့ သတ်သတ်စီဖြစ်သွားမှာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးဆိုတာ ဆွေးနွေးမယ်ဆိုရင် ဘယ်အဖွဲ့အစည်းပဲ ဆွေးနွေး ဆွေးနွေး၊ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေ ရှင်း ဖို့က အဖွဲ့အစည်းတခုတည်းနဲ့ ဆွေးနွေးလို့မပြီးပါဘူး။ အဖွဲ့အစည်းတိုင်း တစုတစည်းတည်းနဲ့ ဆွေးနွေး မှဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ စစ်ရေး အရတော့ သီးခြားစီဆွေးနွေးမှ ဖြစ်မှာ။ နိုင်ငံရေးတော့ စုပေါင်းပြီးမှ ဖြေရှင်းရမှာဖြစ်ပါတယ်”


ဒါဆိုရင် ရှေ့ဆက် နိုင်ငံရေးပိုင်းနဲ့ ပက်သက်လာမယ်ဆိုရင် RCSS အနေနဲ့ ဘယ်လိုလုပ်မလဲ။ တခြားအဖွဲ့ အစည်းနဲ့ ပူးပေါင်းပြီး တစုတစည်းတည်း တနေရာတည်းမှာ ဆောင်ရွက်သွားမယ်ဆိုတဲ့သဘောလားရှင့်။

“အခုချိန်တော့ အစိုးရရဲ့ စေတနာသဘောထားအကိုအရင်ကြည့်ရမှာပဲ။ နိုင်ငံရေးနဲ့ပက်သက်ပြီး သူတို့ အနေနဲ့ ဘယ်လိုလုပ်ဆောင် ချင်သလဲ ဘယ်လိုဖြေရှင်းချင်သလဲဆိုတာ မသိရသေးဘဲနဲ့ ကျနော်တို့ ကြိုတင် ပြင်ဆင်ထား လဲဘာမှထူးလာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပြောဖို့ ခက်ပါတယ်။ ကျနော်တို့ရည်ရွယ်ချက် က တော့ ဆွေးနွေးမှု လုပ်ဖို့ဆိုရင် ပထမအဆင့်အနေနဲ့ အပစ်ခတ်ရပ်စဲရေးအရင်လုပ်ရမယ်။ အဲသလို အပစ် ခတ်ရပ်စဲဖို့ မြန်မာအစိုးရ အနေနဲ့ ကျနော်တို့အဖွဲ့အစည်းကိုပဲဖြစ်ဖြစ် တခြားအဖွဲ့အစည်းကိုပဲဖြစ်ဖြစ် သူတို့ ကို ယုံကြည်နိုင်တဲ့ အပြုအမှု တွေလုပ်ဆောင်ပြရမယ်။ အဖွဲ့အစည်းတိုင်း ယုံကြည်မှုရှိဖို့ တည်ဆောက်ပြရ မယ်။ အဲဒီလို နှစ်ဖက်ကြားမှာ ယုံကြည်မှုရှိမှ ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးဆွေးနွေးမှုလုပ်ဖို့ လုပ်ဆောင် နိုင်မယ်။ အပစ်အခတ်ရပ်စဲတာမရှိပဲနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုတာ ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ဘူး”

SSA/RCSS နဲ့ မြန်မာအစိုးရစစ်တပ်အကြား တိုက်ပွဲအခြေအနေဘယ်လိုရှိပါသလဲ။ ပစ်ခတ်မှုတွေရှိနေသေး လားရှင့်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလိုရှိနေဆဲပါ။ မြန်မာအစိုးရစစ်တပ်နဲ့ ကျနော်တို့ကြားမှာ တိုက်ပွဲမဖြစ်တဲ့ရက် ဆိုတာ တရက်မှမရှိ သေးဘူး။ ခြုံခိုတိုက်ခိုက်မယ်၊ စောင့်တိုက်မယ် တခါတလေလဲ ထိပ်တိုက်ရင်ဆိုင်မိပြီး တိုက်မယ်။ နေ့တိုင်းလိုလိုပါ။ မနေ့တနေ့ ကအထိ တိုက်နေပါတယ် မိုင်းကိုင်လဲချားမြို့နယ်တွေဘက်မှာ”

ဒီနှစ်အတွင်းမှာပဲဖြစ်တဲ့တိုက်ပွဲပေါင်းဘယ်လောက်ရှိပြီလဲ။

“၁၀၀ ကျော် ၂၀၀ လောက်ရှိပါပြီ”

အခု RCSS/SSA တပ်ဖွဲ့တွေ ဘယ်မြို့နယ်တွေမှာ လှုပ်ရှားနေပါသလဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရနဲ့ SSA/SSPP တို့ အကြား ပစ်ခတ်မှုတွေရှိလာခဲ့တဲ့နောက်ပိုင်း RCSS အနေနဲ့ နယ်မြေတွေ ချဲ့ထွင်ပြီး လှုပ်ရှားနေ တယ်လို့သိရပါတယ်။ အဲဒါ ဘယ်နယ်တွေမှာလှုပ်ရှားနေပါသလဲ။

“ကျနော်တို့တပ်ဖွဲ့တွေ သျှမ်းပြည်တပြည်လုံးမှာရှိနေပါတယ်။ သံလွင်အရှေ့ပိုင်း အနောက်ပိုင်း ဟိုး သီပေါ၊ နမ့်ဆန်မြို့နယ်တွေ ဘက်ထိရှိပါတယ်”

အပစ်ရပ်ရေးအတွက် အစိုးရအဖွဲ့နှင့် ဒီကေဘီအေ တွေ့ဆုံခဲ့

စောသိန်းမြင့် (ကေအိုင်စီ)


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)သည် အစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ဝန်ကြီးရုံးတွင် ပြီးခဲ့သည့်အပတ်က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒီကေဘီအေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေး ဦးဆောင်သောအဖွဲ့နှင့် အစိုးရဘက်က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သည့်အဖွဲ့တို့သည် အောက်တိုဘာလ ၂၆ရက်နေ့က အပစ်အခတ်ရပ်စဲရေးနှင့် ပတ် သက်ပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်းသာဖြစ်သည်ဟု ဒီကေဘီအေတပ်ဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က ပြောသည်။

ဗိုလ်မှူးဆန်းအောင်က “လက်ရှိ နိုင်ငံတော်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ အရာရှိတွေနဲ့ ကျနော်တို့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြည်သူ လူထုတွေ လိုလားတဲ့ ငြိမ်းချမ်းရေးအပေါ်မှာ မူတည်ပြီးတော့ တကယ်စေတနာအမှန်နဲ့ ကျနော်တို့ကို ချပြတယ်။ ဆွေးနွေးတယ်။ အပစ်အ ခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှု အရင် တည်ဆောက်တယ်။ အဲဒီအဖြေပဲ ရခဲ့တယ်။”ဟု ပြောသည်။

ယခု တွေ့ဆုံမှုတွင် ဒီကေဘီအေဘက်မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေး၊ ဗိုလ်မှူးစိန်ဝင်းနှင့် ဗိုလ်ကြီးပီးလာတို့ တက်ရောက်ကြပြီး အစိုးရ ဘက်မှ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဌ ဦးသိန်းဇော်၊ ဦးမောင်မောင်သိန်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ မွန်ပြည်နယ်ဝန်ကြီး ဦးအုန်းမြင့်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းအောင်လှိုင်တို့ တက် ရောက်ခဲ့သည်ဟု သိရသည်။

အစိုးရ၏ ကမ်းလှမ်းလာမှုအရ ပြုလုပ်ခဲ့သည့် ယခု တွေ့ဆုံဆွေးနွေးမှုတွင် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခြင်း မရှိခဲ့သော်လည်း ထပ်မံ တွေ့ဆုံဆွေးနွေးရန် ရှိသေးကြောင်းလည်း ဗိုလ်မှူးဆန်းအောင်က ဆက်ပြောသည်။

ဒီကေဘီအေနှင့် အစိုးရတို့ တွေ့ဆုံမှုအပေါ် ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “တစ်ဖွဲ့ချင်း သွားတာကတော့ သွားတာပေါ့ လေ။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်က မှားနေတယ်။ ဒီလိုတစ်ဖွဲ့ချင်း ခွဲတွေ့နေလို့ကတော့ သိပ်ထူးမှာ မဟုတ်ဘူးလေ။ တိုင်းရင်းသား မဟာမိတ်အစုအဖွဲ့နဲ့ ဆွေးနွေးမှပဲ အလုပ်ဖြစ်မယ် ထင်တယ်။”ဟု သုံးသပ်ပြောဆိုသည်။

အဆိုပါတွေ့ဆုံမှုကို အချို့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်းကောင်း၊ မုတ္တမတွင်လည်းကောင်း ပြောဆိုနေကြသော်လည်း ဗိုလ်မှူး ဆန်းအောင်မှ တိကျရေရာသည့် အတည်ပြုမှုကို မပေးနိုင်ကြောင်း ထပ်မံ ပြောဆိုခဲ့သည်။

ဒီကေဘီအေနှင့် အစိုးရတို့ကြား အပစ်ရပ်စဲရေးနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အစိုးရစစ်တပ်မှ ဒီကေဘီအေတပ်ဖွဲ့၏ လှုပ်ရှားနယ်မြေအတွင်းသို့ အကြောင်းကြားခြင်းမရှိဘဲ ၀င်ထွက်သွားလာနေပါက မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ခုခံပစ်ခတ်ရမည် ဖြစ်ကြောင်း ဒီကေဘီအေက ပြောသည်။

၁၉၉၄ခုနှစ်က ကေအဲန်ယူမှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ပူးပေါင်းခဲ့သည့် ဒီကေဘီအေတပ်ဖွဲ့ အများစုမှာ ၂၀၁၀ခုနှစ်က နယ်ခြားစောင့် တပ်အဖြစ်သို့ အသွင်ပြောင်းခဲ့သော်လည်း ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေ ကလို့ထူးဘောဗျူဟာကမူ ရွေးကောက်ပွဲ ကို ဆန့်ကျင်ကာ စစ်အစိုးရကို ပြန်လည် ခုခံတော်လှန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရ အဆက်ဆက်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် ပြု လုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု မလုပ်ဆောင်နိုင်သည့်အပြင် ပြည်တွင်း စစ်အခြေအနေ ပို၍ ဆိုးရွား လာလျှက် ရှိသည် ဟု ပြည် တွင်း၊ ပြည်ပရှိ နိုင်ငံရေး၊ စစ်ရေး အကဲခတ်သူများက ပြောသည်။

ကျောင်းသားတပ်မတော် ဋ္ဌာနချုပ် ဖွင့်ပွဲ နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပမည်

သျှမ်းသံတော်ဆင့်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (မြန်မာပြည်မြောက်ပိုင်း)၏ ဋ္ဌာနချုပ် ဖွင့်ပွဲ အခမ်းအနားအား ၂၃ နှစ်မြောက်ကျောင်းသား တပ်မတော်မွေးနေ့ ကျရောက်မည့် လာမည့်နိုဝင် ဘာ ၁ ရက် နေ့တွင် KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီး တောတွင်းတစ်နေရာ၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည် ။

ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဋ္ဌာနချုပ်ဖွင့်ပွဲအား ၂၃ နှစ်မြောက် ကျောင်းသားတပ်မတော်မွေးနေ့ နှင့် အတူကျင်းပသွားမည်ဟု အမည်မဖေါ်လိုသည့် မကဒတ(မပ) အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်

“နိုဝင်ဘာ ၁ ရက်နေ့ မနက် ၈ နာရီကနေစပြီး အခမ်းအနားတွေ ကျင်းပသွားမှာပေါ့။ သမိုင်းဝင် ခွပ်ဒေါင်း အလံ ပြန်လည် စိုက်ထူခွင့်ရတယ်။ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်” ဟု ၄င်းအရာရှိကဆိုသည်။

၁၉၉၄ ခုနှစ်က KIOနှင့် SLROC နဝတ စစ်အစိုးရတို့ နှစ်ဘက် အပစ်အခတ်ရပ်ဆဲခဲ့ရာ တိုက်ခိုက်ရေးအင်အား ၃၀၀ ကျော်ခန့်ရှိ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) အဖွဲ့သည် ကချင်ပြည်နယ်အတွင်းမှ ထွက်ခွာခဲ့ရပြီးယခုနှစ် ဇွန်လဆန်း ပိုင်းတွင် KIO နှင့် စစ်အစိုးရတပ်များ နှစ်ဘက်စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာအဆိုပါ ကျောင်းသား တပ်မတော်သည် ကချင်ပြည်နယ်အတွင်း ပြန်လည်အခြေစိုက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

မဲခေါင်မြစ် လူသတ်မှုနောက်ဆက်တွဲ အရေးယူရန် တရုတ်လိုလား

သန်းထိုက်ဦး

ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္သား ၁၃ ဦး ယခုလဆန်းပိုင်းက အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာ၊ ထိုင်း နှင့် လာအို နိုင်ငံများပူးပေါင်း၍ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် တရုတ် အာဏာပိုင်များက ပြောဆို လိုက်သည်။

မဲခေါင်မြစ်အတွင်း လုံခြုံရေးအတွက် အဆိုပါ ၃ နိုင်ငံက ပူးပေါင်းတာဝန်ယူရန်နှင့် ထောက်လှမ်းရေး သတင်း အချက်အလက် များ ဖလှယ်ကြရန်လည်း တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီး Meng Jianzhu က ပြောကြားခဲ့သည်ဟု AP သတင်း၌ ယနေ့ ရေး သား ထားသည်။

တရုတ်သဘောင်္သား ၁၃ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်း စစ်သား ၉ ဦးသည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန် မြို့နယ် ရဲ ဌာနတွင် သောကြာနေ့က လာရောက် အဖမ်းခံခဲ့ကြောင်း ထိုင်း သတင်းများကလည်း ဖော်ပြသည်။

အဆိုပါ တရုတ်သဘောင်္သား ၁၃ ဦး ၏ ရုပ်အလောင်းများကို ချင်းစန်မြို့နယ်အတွင်း အောက်တိုဘာ ၅ ရက်နှင့် ၈ ရက်နေ့များ က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၉ ဦး ၏ ရုပ်အလောင်များတွင် လက်ကိုကြိုးတုပ်၍ မျက်စိကို ပိတ်စည်းထားသည်များကိုတွေ့ရှိရကြောင်း၊ အားလုံး ၁၃ ဦးဖြစ်ပြီး ကျန်တဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ထိုင်းစစ်တပ်က ပြောဆိုထားသည်။

အသတ်ခံရသည့် သင်္ဘောသားများသည် Hua Ping နှင့် Yu Xing 8 Hao အမည်ရှိ ကုန်တင်သဘောင်္များမှ ဖြစ်ပြီး ထိုသဘောင်္၂ စီးကို ထိုင်းစစ်တပ်ကတားဆီးရာ မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် Hua Ping သင်္ဘောပေါ်မှ စိတ်ကြွဆေးပြား ၅ သိန်း၂ သောင်းနှင့် Yu Xing 8 Hao မှ ၄ သိန်း ကို ထိုင်း စစ်တပ်က သိမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် တရုတ်သဘောင်္သားများ အသတ်ခံရမှုသည် မူးယစ်ဆေးဝါးများ၊ တရားမ၀င် မှောင်ခိုပစ္စည်း သယ်ဆောင်မှုများ နှင့် ပတ်သက်နိုင်ကြောင်း ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်ရပ်သည် ရှမ်း မူးယစ်ရာဇာ နော်ခမ်း၏ လက်ချက်ဖြစ်ကြောင်း စောစောပိုင်းတွင် ထိုင်းနှင့် မြန်မာ အာဏာပိုင်များ၏
စွပ်စွဲမှုများလည်း ရှိသည်။

ထိုင်း ဒု ၀န်ကြီးချုပ် Mr Chalerm က ရဲ တပ်ဖွဲ့၌ သက်သေ အခိုင်အလုံရရှိထားကြောင်း၊ သေဆုံးသွားသော တရုတ်အမျိုးသား ၁၃ ဦး၏ နောက်ခံအကြောင်းများကို စုံစမ်းချက် အရ မူးယစ်းဆေးဝါး ရောင်းဝယ်ရေးတွင် ပါဝင်ပတ်သက်သူများ မဟုတ်နိုင်ကြောင်း၊ ရိုးရိုး သင်္ဘောသားများသာ ဖြစ်ကြောင်း ယမန်နေ့က နေးရှင်းသတင်းစာသို့ ပြောကြားထားသည်။

ထိုသို့ တရုတ်သင်္ဘောသားများ အသတ်ခံရမှုကြောင့် မဲခေါင်မြစ်အတွင်း သွားလာနေသည့် တရုတ်ကုန်တင် သင်္ဘောများကို အောက်တိုဘာ လလယ်ပိုင်းက စတင်၍ ရပ်ဆိုင်း ထားခဲ့သည်။ ယင်း ကုန်တင်သင်္ဘောများသည် ထိုင်းနိုင်ငံ ချင်းစန်မြို့နယ်မှ တရုတ်နိုင်ငံ ယူနန် ပြည်နယ်အထိ ကုန်များကို အပြန်အလှန် သယ်ယူပို့ဆောင်ကြောင်း သိရသည်။

တရုတ်သင်္ဘောသားများ အသတ်ခံရမှုကြောင့် မဲခေါင်မြစ်အတွင်း လုံခြုံရေးနှင့် ပတ်သက်ပြီး မြန်မာ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တရုတ် ပြည်သူ့လုံခြုံရေး ၀န်ကြီး Meng Jianzhu နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာအစိုးရအနေဖြင့် မဲခေါင်မြစ်အတွင်း လုံခြုံရေး၊ နယ်စပ် ဖြတ်ကျော် မှုခင်းများ၊ နိုင်ငံတကာ ရေကြောင်း သွားလာမှု လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အလေးထား၍ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေး ခဲ့သည်ဟု သိရသည်။

ဥက္ကဌကို ဖြုတ်ရန် ဖလုံ-စဝေါ်ပါတီ အရေးပေါ် အစည်းအဝေးပြုလုပ်

စောခါးစူးညား (ကေအိုင်စီ)


ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ၏ လက်ရှိ ဥက္ကဌ စောသန်းကျော်ဦးကို ပါတီစည်းကမ်း ဖောက်ဖျက်မှုဟူ၍ ပါတီအဖွဲ့ ၀င်များက ဖြုတ်ချရန် ကြိုးပမ်းသည့်အနေဖြင့် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဖလုံ-စဝေါ်ပါတီရုံးတွင် ယနေ့မနက်က အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။

ဖလုံ-စဝေါ်ပါတီအဖွဲ့ဝင်တဦးသည် ပုဂ္ဂိုလ်ရေး အကျိုးစီးပွားလုပ်ခွင့် မရှိကြောင်း ချမှတ်ထားသည်ကို စောသန်းကျော်ဦးက ချိုး ဖောက်ခဲ့သည့်အပေါ် ပါတီအဖွဲ့ဝင်များမှ ဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းပါတီနှင့် နီးစပ်သည့်သူတဦးက ကေအိုင်စီ ကို ပြောသည်။

“သူ(စောသန်းကျော်ဦး)ဟာ ခနောက်စိမ်းထုတ်လုပ်တဲ့ သံလွင်သီဟ ကုမ္ပဏီရဲ့ ပိုင်ရှင်နဲ့ စီးပွားရေး အစုရှယ်ယာလုပ်ကြတာ ၂လလောက်ရှိပြီ။ နောက် ပါတီရဲ့ ခွင့်ပြုချက်မယူဘဲ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတွေ လိုက်လုပ်ထားတာလည်း ရှိတော့ ပါတီက မကြိုက်လို့ အစည်းအဝေးမှာပဲ ဆုံးဖြတ်သွားဖို့ အခုလို အစည်းအဝေးလုပ်လိုက်တာ။”ဟု ပြောဆိုသည်။

အစည်းအဝေးကို ဖလုံ-စဝေါ်ပါတီ၏ ဥက္ကဌနှင့် လွှတ်တော်အမတ်များဖြစ်သည့် နန်းစေအွာ၊ စောမင်းအောင်လင်း၊ စောကျော် နိုင်၊ စောရှားထွန့်ဖောင်၊ ပါတီ၏ အမျိုးသမီးအဖွဲ့ ဥက္ကဌ နော်ယုဇန၀ါနှင့် လူငယ်အဖွဲ့ ဥက္ကဌ စောခင်ကျော်ဦးတို့ အပါအ၀င် စုစုပေါင်း လူ ၆၀ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

မနက် ၁၀နာရီမှ မွန်းလွဲ ၁နာရီ ကြာမြင့်သည် ထိုအစည်းအဝေးတွင် ဥက္ကဌကို ဖယ်ရှားခြင်း မဖယ်ရှားခြင်း နှစ်ဖွဲ့ကြား အခြေအ တင် ငြင်းခုံမှုများရှိသော်လည်း ကိုယ်ထိလက်ရောက် ဖြစ်ကြသည်အထိမူ မရှိခဲ့ပေ။

၎င်းအစည်းအဝေးတွင် စောသန်းကျော်ဦး စည်းရုံးထားသည့် နယ်ခံစည်းရုံးရေးမှူးအချို့မှတပါး ဖလုံ-စဝေါ်ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်အမတ်များ အားလုံးနှင့် အဖွဲ့ဝင်များအားလုံးက ဥက္ကဌအနေဖြင့် လတ်တလောရာထူး နှုတ်ထွက်ပေးရန် လက် မှတ်ထိုးကာ တောင်းဆိုခဲ့ကြသည်ဟု ဖလုံ-စဝေါ်ပါတီက ပြောသည်။

သို့သော် ၎င်းက ရာထူးမှ နှုတ်ထွက်ရန် ငြင်းဆိုခဲ့သည့်အတွက် ယင်းပြဿနာကို လာမည့် ဒီဇင်ဘာလ PSDP ပါတီနှစ်ပတ် လည်နေ့၌ ထပ်မံ ဖြေရှင်းသွားမည်ဟုလည်း သိရသည်။

ယခုလ ၂၄ရက်နေ့ကလည်း ဖလုံ-စဝေါ်ပါတီ ဥက္ကဌ စောသန်းကျော်ဦးသည် ပါတီ၏ အမျိုးသမီးအဖွဲ့ ဥက္ကဌ နော်ယုဇန၀ါကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟုလည်း ပါတီနှင့် နီးစပ်သူ အဆိုပါပုဂ္ဂိုလ်က ပြောသည်။

၎င်းက “ငါက ဒီကေဘီအေ လုပ်ခဲ့ဖူးတယ်။ နင့်ကို ငါ သတ်ပစ်လိုက်မယ်။ အဲလို ပြောလိုက်တာ။ နော်ယုဇန၀ါဆိုရင် မျက်ရည် တောင် ကျတယ်။”ဟု ကေအိုင်စီသို့ ပြောဆို့သည်။

ယနေ့ အရေးပေါ်အစည်းအဝေးနှင့် ပတ်သက်၍ ကိုယ်တိုင်အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဖားအံမဲဆန္ဒနယ် အမှတ်-၁ ဖလုံ-စဝေါ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာကို ကေအိုင်စီက မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခြင်းမပြုဘဲ ဖုန်းချသွားခဲ့သည်။

ဖလုံ-စဝေါ်ပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၈ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ် ၂နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမတ် ၃နေရာနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမတ် ၄နေရာ ရရှိခဲ့သည်။

စောသန်းကျော်ဦးသည် ယခု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ယခင် ဖလုံ-စဝေါ်ပါတီ၏ ဥက္ကဌ စောခင် မောင်မြင့်၏ နေရာတွင် အစားထိုး အရွေးခံရသူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကျိုက်မရောမြို့နယ် အမှတ်(၁)တွင် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံခဲ့ရာ မဲရှုံးနိမ့်ခဲ့သည်။

အလွဲများနဲ့ မျဉ်းပြိုင် (အပိုင်း ၁)

မိုင်အဲမလီ

မျဉ်းပြိုင်က ချော်ထွက်သွားတာလား အလွဲတွေက ၀င်တိုက်သွားတာလား ..။ အလုပ်ကြီး အကိုင်ကြီးရဖို့ ထိုင်းနိုင်ငံကို အိုးနင်း ခွက်နင်း ရောက်လာခဲ့ပါတယ်၊အသိပညာ မစုံ့တစုံနဲ့၊ ဘွဲ့ရပြီးသော်လည်း ပညာတွေက ခေါင်းထဲ ဗလာကျင်းနဲ့ပေါ့။ ဇာတ် တိုက်မထားပေမယ့် ဇာတ်လမ်းက ဒီမှာ ချပြရတော့မှာ။ ရန်ကုန်မှာ ကြီးပြင်းခဲ့တဲ့ကျမ ပြည်နဲ့ ရန်ကုန်က လွဲရင် ဘယ်မှ မရောက်ဖူးဘူး၊ ဘယ်ကိုမှလည်း မသွားချင်။ ဟော .. ရောက်မယ့် ရောက်တော့လည်း ထိုင်းနိုင်ငံထဲ ဗြုန်းစားကြီးကို ရောက်လာတော့တာ။ ၁၀ နှစ်ကြာ ခွဲခွာနေရတဲ့ အစ်မက လှမ်းဆက်သွယ်တယ် .. အလုပ် လုပ်ရမယ်၊ ဒီကိုလာခဲ့ပါ ဆိုတော့ ပျော်တာပေါ့၊ ဘာပြောကောင်းမလဲ၊ ကျမက အလုပ် လုပ်ချင်နေတာ ကြာလှပေါ့။

အဲဒီစိတ်ကူးတွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အစ်မအိမ်လည်း ရောက်ရော ကမောက်ကမ ဖြစ်တော့တာပဲ။ ထုံးစံအတိုင်း ရောက်ရောက်ချင်းတော့ အလုပ်အကြောင်း မရှင်းပြသေးဘူးပေါ့။ ကျမရဲ့ ရူပါရုပ်ကို ကြည့်ပြီး အစ်မက ပြောလာပါတယ်။ lotion လေး၊ ဘာလေး လူးစမ်း၊ နင့်အသားအရေကြီးက အပျိုလေးဖြစ်ပြီး သွေးဆုံးကိုင်နေသလား မှတ်ရတယ်၊ မျက်နှာကိုလည်း မှဲ့ခြောက်နဲ့ တင်းတိတ်တို့က ကန်ထရိုက် ဆွဲထားရော့လား၊ နင့်ရုပ်ကို ကြည့်ပြီး ငါ့ညီမလို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး၊ နင့်ကို ငါ့အစ်မကြီးလို့ပဲ ထင်ကြမှာ တဲ့။

ပြောသေးတယ် .. ဒီပုံစံကြီးနဲ့ဆို နင့်ကို ထိုင်းရဲက မြင်ရင် ဖမ်းလိမ့်မယ် သိလား၊ နင့်ရုပ်က တကယ့် ဗမာမှ ဗမာရုပ်အစစ် တဲ့။ ပြောလိုက်တဲ့စကား အလုံးလိုက် အတစ်လိုက်ပဲ။ သူပြောမှပဲ မြန်မာမိန်းကလေးနဲ့ ထိုင်းမိန်းကလေး ဒီလောက် ကွာခြားနေတော့တာကလား။ ဟောဒီက ကျမကလည်း ရန်ကုန်မှာဆို အလန်းဇယားဝင်တဲ့၊ စိုင်းစိုင်းခမ်းလှိုင်ထက် သာတဲ့ မြို့ဂေါ်လီပါနော်။ စိုင်းစိုင်းကတောင် တောဂေါ်လီပဲ ဖြစ်ရတာ။ ကျမတို့က မြို့ ၊မြို့။ မသိရင် မှတ်ထားဦး။ အသားအရေကတော့ ဒီက ထိုင်းမလေးတွေလောက် ဘယ် ပျော့ပျောင်း၊ ၀င်း၊ ညက်နိုင်ပါ့မလဲ။ မျက်နှာကလည်း သူပြောသလောက်ကြီး မဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီးသား။ ဘာဖြစ်ဖြစ် အပေါ်ယံအရေပြားတွေက ပြုပြင်လို့ ရပါတယ်လေ။ အဓိကက အလုပ် လုပ်ရဖို့ပဲ။ ဟုတ်တယ်၊ ဘယ်မှာလဲ ကျမအတွက် အလုပ်၊ အခု ပေးတော့။

လာပြီ .. အလွဲတွေရယ်။ အလုပ်အကြောင်းလည်း ပြောရော ချစ်မမကြီးက ဘာပြောတယ်မှတ်လဲ၊ ငါ့ညီမ .. ထိုင်းနိုင်ငံမှာက စားရ သောက်ရတာ၊ ၀ယ်ရခြမ်းရတာ အဆင်ပြေတယ် ဆိုပေမယ့် အလုပ်က ထင်သလောက် မရှိဘူး တဲ့လေ။ ရှားတယ် .. တဲ့။

ဒီတော့ကာ .. နင် အိမ်ဖော်လုပ်ချင်လား။ ဟာ .. ဒါတော့ မလုပ်၊ မလုပ်။

အေး.. ဒါဆို နင်ပန်းရံလုပ်မလား။ အမ်.. ကျမရဲ့ကျဉ်းနေတဲ့ မျက်လုံးတွေ အလိုလို ကျယ်သွားတယ်။ ကျယ်သွားတယ် ဆိုတာထက် ပြူးသွားတယ်ဆိုရင် ပိုမှန်လိမ့်မယ်။

ဘယ်နှယ့်ကွာ .. အလုပ်ရမယ် လာခဲ့ပါ။ ငါလည်း တလ တလ နင့်ချည်း ပို့ပို့နေရတာ မခံနိုင်တော့ဘူး။ ဒီမှာ ငါအလုပ်ရှာထားတယ်၊ အဆင်သင့်ပဲ၊ နင်သာ ကဆုန်စိုင်းပြီးလာခဲ့ ဆိုလို့ ကျမ လာပြီကော။ ခုတော့ အဆင်သင့် ရှာထားပေးတဲ့ အလုပ်တွေက အိမ်ဖော်လားဟဲ့၊ ပန်းရံလားဟဲ့၊ ဘုရား .. ဘုရား၊ ဒီအလုပ်တွေကို လုပ်ရလိမ့်မယ်လို့ တခါမှဖြင့် မတွေးမိပေါင်။ လုပ်လည်း မလုပ်ချင်။ ကျမ သိထား၊ ကြားထားတာက အလုပ်ကြီး အကိုင်ကြီး တဲ့။ ဘာရယ်လို့တော့ မယ်မယ်ရရ မသိဘူး၊ အလုပ်ကြီး အကိုင်ကြီး ဆိုတာပဲ သိတယ်။

ကျမ ပျာပြီ၊ ပျာယာခတ်နေပြီ။ လုပ်ချင်လွန်းလို့ ပျာတာလား၊ မလုပ်ချင်လို့ ပျာတာလား ဆိုတာ သူက အသေအချာကြီး အကဲခတ်နေသေးတာ။ အမယ်လေးလေးနော်..၊ ကျမ မလုပ်ချင်တာ သေချာပြီလို့ သူထင်တော့မှပဲ။

နောက်အလုပ် တမျိုးကို ထပ်ပြောလာပြန်ပါတယ်။

ဒီမှာ ငါ့ညီမ .. ဒီနိုင်ငံမှာ နင့်လို ပတ်စ်ပို့နဲ့ နေတဲ့လူတွေ ဆိုရင် အလုပ် ကောင်းကောင်း ရနိုင်မှ အဆင်ပြေမယ်။ မဟုတ်လို့ကတော့ ဗီဇာသက်တမ်း တိုးဖို့ တော်တော်လေး စိတ်ပင်ပန်းရတယ်။ ဘယ်မှာလဲ ပိုက်ဆံ ၊ ဘယ်မှာလဲ ခရီးထွက်ဖို့ စရိတ်။ ဒီလို အခက်အခဲမျိုးတွေရှိလို့ တော်တော်များများက ဒီကို ရောက်လာရင် ပတ်စ်ပို့ကို အသေခံလိုက်တာများတယ်။ အဲဒီတော့..။

တြော်ပီ .. တော်ပြီ .. ၊ ကျမ ကြားဖြတ် တားလိုက်တော့တယ်။ ဆက်ပြောမနေနဲ့တော့။ ကျမ ပြန်မယ် အခု။ ပြည်တော်ပြန်မယ်။ ရန်ကုန်ကို ပြန်မယ်၊ ခုချက်ခြင်း။

တရပ်ကွက်လုံးမှာ ကျမတို့ ညီမ နှစ်ယောက်တည်း ရှိနေသလား မှတ်ရတယ်။ သူ့ဘက်က ဖြေးဖြေးချင်း စည်းရုံးနားချ နေပေသော်လည်း ကျမကတော့ ဘယ်နည်းနဲ့မှ ပတ်စ်ပို့ကို အသေမခံနိုင်။ အလုပ် မရရင် နေပါစေ၊ ပြန်ဖို့ပဲ တွေးတော့တယ်။

အစ်မကလည်း လေကြောက ခပ်ရှည်ရှည်၊ ကွမ်းကို အဆက်မပြတ် ၀ါးသေးတာ။ ထိုင်းမှာ အနေကြာလို့ သူ ၀တ်စားဆင်ယင်တာ၊ ထိုင်းစကား ပြောတတ်တာကအစ တော်တော်လေး ထိုင်းပုံ ပေါက်နေပေမယ့် ကွမ်းစားထားလို့ သွားကတော့ တော်တော်လေး နီကျင့်ကျင့် ဖြစ်နေပြီ။

ကျမလည်း ထိုင်းရောက်တာ တလ ပြည့်သွားပြီ။ ဒီနေ့တော့ အလုပ်အကြောင်း ကောင်းကောင်း ပြောဖြစ်နေကြပြီ။

ကျမရဲ့ မနှစ်မြို့တဲ့ အမူအယာတွေ၊ ဒေါသစိတ်တွေကို ကျမ အစ်မ ရိပ်မိမှာပါ။ ဒီတော့လည်း သူ့ရဲ့ နောက်ဆုံးပြောဖို့ ကျန်နေတဲ့ အလုပ်ကို မဆိုင်းမတွ ရွတ်ပြတယ်။ နင် သတင်းထောက် လုပ်မလား.. တဲ့။

သတင်းထောက် …. ဟုတ်လား … ကျမ ချက်ခြင်း ပြန်မေးမိလိုက်တယ်။

ဟုတ်တယ် .. သတင်းထောက်၊ ဒီနိုင်ငံမှာက မြန်မာတွေလည်း ပေါတယ်၊ မြန်မာသတင်းဌာနတွေလည်း ပေါမှပေါ။ ပြည်တွင်းကလာတဲ့သူတွေ သတင်းဌာနတွေမှာ အလုပ်တွေ လျှောက်နေကြတာ။ လစာတွေကလည်း အပြင်မှာရတဲ့လစာနဲ့ ဘာမှမ ဆိုင်ဘူး။ အရမ်း ကွာတယ်။ တလကို အနည်းဆုံး ဘတ်ရှစ်ထောင်၊ တသောင်းက ပြေးမလွတ်ဘူး။ အဲဒီတော့ ငါပြောတဲ့ အလုပ်ကြီးအကိုင်ကြီးဆိုတာ ဒါပဲ။ အဲဒီသတင်းဌာနတွေမှာ အလုပ်ရမယ်ဆိုရင် နင့်ပတ်စ်ပို့လည်း ဆက်ပြီး အသက်ရှင်နေနိုင်မယ်။ လစာလည်း ကောင်းမယ်။ နင့်အတွက်လည်း ရေရှည် ခိုင်တာပေါ့။

အဲဒီလို အဆီ တ၀င်းဝင်းနဲ့ သူ့ဘက်က ပြောလိုက်တော့လည်း ဟုတ်မလိုလိုပဲ။ ဒါပေမယ့် သတင်းထောက်ဖြစ်ဖို့ ဘာတွေ လိုသလဲ၊ ဘယ်အရာတွေ တတ်ထားရသလဲ။ သတင်းဌာန ၀က်ဆိုက်တွေကို အင်တာနက်မှာ ရှာဖတ်ဖို့ အရင်ဆုံး ရိုက်ထည့်ရမယ့် လိပ်စာမှာ ဒဗလျူ (W) သုံးလုံးလား၊ လေးသုံးလားတောင် မသဲကွဲသေးတာ။

အင်တာနက်အကြောင်း ပြောရရင် မြန်မာပြည်မှာနေတုန်းက ကိုယ်ပိုင် အကောင့်လေးတခု သွားဖွင့်တယ်၊ သူငယ်ချင်းတွေကလည်း ကိုယ်ပိုင် အကောင့်လေးတွေနဲ့ အလုပ်ဖြစ်နေတော့ ကိုယ်တွေလည်း ကိုယ်ပိုင် အကောင့်လေးတခု ဖွင့်မှ ခေတ်မီတော့မပေါ့။ ဒီတော့လည်း အင်တာနက်ဆိုင်ကို သွား၊ အကောင့်လေး ဖွင့်၊ စာအုပ်ထဲမှာ ရေးမှတ်ထားသမျှ သူငယ်ချင်းအကောင့်လေးတွေကို အင်ဗိုက်လုပ်။ အီးမေးလ်အကောင့် ရှိပြီ ဆိုတော့ အင်တာနက်ဆိုင်မှာ ရှိနေတဲ့ လူ ၁၅ ယောက်၊ အယောက် ၂၀ ဆီက အကောင့်တွေ အတင်းတောင်း၊ ကိုယ့်အကောင့်ထဲ ထည့်။ အဲဒီတုန်းက မြန်မာစာ မရိုက်တတ်သေးဘူး၊ အင်္ဂလိပ်လိုလည်း သိပ် မပေါက်။ ဘယ်ရမလဲ အင်္ဂလိပ်-မြန်မာ ၂ မျိုးစပ်ကွ ဘားဂလိစ်နဲ့ မိတ်ဆက်လိုက်တာပဲ။ အံမယ် Gmail, Gtalk ပိုးက ကူးလွယ်သား။ တရက်တည်းနဲ့တင် ဆိုင်ကနေကို မခွာချင်တော့ဘူး။ နောက်နေ့ ပြန်ုလာ chat ဦးမယ်ပေါ့။ အားခဲထားပေမယ့် နောက်နေ့ကျတော့ password လုံးလုံး မေ့ပါလေရော့။ အလွဲလေးတွေ ပြောပါတယ်။

စောစောက စကား ပြန်ဆက်ရရင် အင်း .. သတင်းထောက်အလုပ် ဆိုတော့ မှန်တာပြောရရင် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လစာကောင်းတယ် ဆိုတော့ စိတ်ဝင်စားတယ်။ လုပ်ကြည့်ချင်တယ်။ ကြိုးစားကြည့်ချင်တယ်ပေါ့။

ခက်တော့ မခက်လှဘူး ဆိုရမယ်။ ကျမခဲအိုက ဒီဗွီဘီ သတင်းထောက်ကြီးပါ။ အစ်ကိုကလဲ ဧရာဝတီမှာ အလုပ် လုပ်နေတယ်လို့ ပြောတယ်။ ဘာအလုပ်ရယ် မသိဘူး။ သတင်းထောက်လား၊ စက်ပြင်လား မသဲကွဲ။ ဘာဖြစ်ဖြစ် မီဒီယာ အသိုင်းအ၀န်းကဆိုတော့ သူတို့မျက်နှာရှိတယ်ပေါ့။ ကံကောင်းပါစေ၊ ဒီဗွီဘီ ဖြစ်ဖြစ် ၊ ဧရာဝတီဖြစ်ဖြစ် တခုခုတော့ ချိတ်မိရင် မဆိုးလှဘူးရယ်။

ဒီအတွေးနဲ့ ဒီဗွီဘီမှာ မျက်နှာသွားပြ၊ ခဲအိုဖြစ်သူက ရုံးကို အလုပ်လျှောက်စာ တင်ပေး။ မျှော်လင့်တာ .. မျှော်လင့်တာ။ ဧရာဝတီမှာ အစ်ကိုနဲ့ လိုက်သွားပြီး ကိုယ်တိုင် အလုပ်သင် ၀င်ကြည့်ဖို့ အားခဲကြည့်တာ အစ်ကိုက မျက်နှာပူတယ်ဆိုပဲ။ နောက်ဆုံးတော့လည်း ကျမမျှော်လင့်ချက်တွေ အကောင်အထည် ဖော်လိုက်နိုင်ပါတယ်။ ဘ၀ဆိုတဲ့ ပေတရာလမ်းကြီးက မိုးရွာရင် ဗွက်ထသလောက် နေပူရင် ဖုံထူနေပြန်တယ်။ ကျမ မဇ္ဈိမသတင်းဌာနရဲ့ တဦးတည်းသော ရုပ်ပြ သတင်း တင်ဆက်သူ (presenter) ဖြစ်လာပါတော့တယ်။ ထိုင်းနိုင်ငံရဲ့ ပထ၀ီမြေသားပေါ်မှာ တရားဝင် ခြေချနေနိုင်ခွင့် ရဖို့ စီစဉ်နေရာက မထင်မှတ်ဘဲ ကျမ သတင်းထောက်ဘ၀နဲ့ သတင်းလောကထဲကို ၀င်ရောက်ခဲ့ချိန်မှာတော့ သတင်းထောက် တယောက်ရဲ့ အရည်အချင်း၊ အတတ်ပညာ ဗလာ ဗလာတွေနဲ့ ၀ါရင့် သဘာရင့်တွေကို မျက်နှာချင်းဆိုင် ဆုံတွေ့ရပြီဆိုရင်ပဲ မျဉ်းပြိုင်က ချော်ထွက်သွားတာလား၊ အလွဲတွေက ၀င်တိုက်သွားတာလား ….။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,1st,2011

( 26 )ဧရာဝတီမြစ်အတွင်း​ ​ရွှေရှာ​ဖွေမှု​ကြောင့်​ ​ဒေသအတွင်း​ ဆိုး​ဆိုး​ဝါး​ဝါး​ ထိခိုက်

( 25 )ထက်ထက်မိုးဦးကို ကြားနာစစ်ဆေးမှု အဆုံးသတ်

( 24 )Two top U.S. officials visit Burma for meetings

( 23 )ဖမ်းထားသည့် မြန်မာအလုပ်သမားများကို အစာရေစာ မပေး

( 22 )Maldives gives cautious welcome to Burmese reform

( 21 )ဦးဂမ္ဘီရ စိတ်ကျန်းမာရေး စိုးရိမ်ကြောင်း မိခင်ပြော

( 20 )Burma must make a Judgment to end civil war immediately

( 19 )သွေးမုန်တိုင်း စစ်ဆင်ရေး ဆင်နွှဲမည်ဟု စွမ်းအားမြှင့်ပြော

( 18 )BURMA: Draft land law denies basic rights to farmers

( 17 )ချောင်းရေစီး သန်မှုကြောင့် စက်လှေမှောက်၍ မြောက်ဦးတွင် အမျိုးသမီးငယ်တဦး သေဆုံး

( 16 )Burma-China: Another dam puzzle (part 1)

( 15 )ဖမ်းထားသည့် မြန်မာအလုပ်သမားများကို အစာရေစာ မပေး

( 14 )Christians Now Need Permission to Read the Bible as Burma Persecution Intensifies

( 13 )ကုလအတွင်းရေးမှူးချုပ် အကြံပေး မြန်မာပြည်ရောက်

( 12 )Assistant Secretary for Democracy, Human Rights and Labor Michael Posner and Special Representative and Policy Coordinator for Burma Derek Mitchell Travel to Burma

( 11 )ဗေဒါကျောင်း သင်တန်းဆင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

( 10 )Burmese hungry

( 9 )ပခုက္ကူ ​ရေ​ဘေး​ဒုက္ခသည်များ​ အကူအညီ လိုအပ်

( 8 )Local Authorities In Kachin State Issue New Order Regulating Bible Study, Sunday School, Fasting And Prayer

( 7 )ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ရှိ

( 6 )KNU, DKBA in separate peace talks: no progress

( 5 )မြန်မာအပြောင်းအလဲ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ သဘောမရှိလို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးမြင်

( 4 )Govt Holds Peace Talks with DKBA

( 3 )ဒီကေဘီအေ အပစ်ရပ်စဲရေး စတင်ဆွေးနွေး

( 2 )Burma's Asean Chair Possible with Further Reform

( 1 )ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံတွေ့ဆုံ

Monday, October 31, 2011

အဓိက တပ်စခန်း ၄ ခု ရုပ်သိမ်းပေးရန် နေပြီတော်အား ဝမ့်ဟိုင်းတပ်ဖွဲ့ဆွေးနွေး

သျှမ်းသံတော်ဆင့်


သျှမ်းပြည်တပ်မတော်မြောက်ပိုင်း ဟု လူသိများသည့် SSPP/SSA နှင့် မြန်မာစစ်တပ်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး ခဲ့ရာကျေးသီးမြို့နယ်ဝမ့်ဟိုင်းဌာန ချုပ် အနီး အခြေစိုက်သည့် မြန်မာတပ်စခန်း ၄ ခုဆုတ် ပေးရန် တောင်းဆိုလိုက်သည် ဟု ပြည်တွင်းသတင်း ရပ်ကွက်က ဆိုပါသည်။

“ငြိမ်းချမ်းရေးအတွက် ပဏာမ ဆွေးနွေးဖို့ စဝ်နော်လိတ်ခေါင်းဆောင်တဲ့ ဝမ့်ဟိုင်းကိုယ်စားလှယ်အဖွဲ့ဝင် နှစ်ဦး နေပြည် တော်ကို ပြီးခဲ့တဲ့အပတ်ထဲမှာရောက်တယ်။ အောက်တိုဘာလ ၂၉ ရက်မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတယ်လို့ ကြားရတယ်။ ဝမ့်ဟိုင်းဌာနချုပ်နားက အဓိက ၄ နေရာမှာအခြေချတဲ့ အစိုးရတပ်တွေကို ရုပ်သိမ်း ပေးဖို့ SSPP ဖက်က တင်ပြတာကို ဦးသိန်းဇော်တို့ဘက်က အမြန်ဆုံး ရုပ်သိမ်းပေးနိုင်ဖို့ဆောင်ရွက် ပေးမယ်လို့ ကတိပေးတယ်” ဟု နီးစပ် သည့်အသိုင်းအဝိုင်းကပြောပါသည်။

ပြည်သူ့စစ်ခေါင်းဆောင် စဝ်ကိုင်ဖ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဝမ့်ဟိုင်းဌာနချုပ်ကိုယ်စားလှယ် စဝ်နော်လိတ် ခေါ် စိုင်းထွေး ဦးဆောင်သော အဖွဲ့ နှင့် နေပြည်တော်အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဉက္ကဌ ဦးသိန်းဇော် တို့ အောက်တိုဘာလ ၂၉ ရက် စနေနေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုလ ၁၂ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်မှ လွှတ်မြောက်လာသည့် ဗိုလ်ချုပ်ဆေထဲန့်မှာ ထိုအစည်းအဝေးတွင် ပါဝင် မပါဝင် မသိရသော်လည်း ထိုနေ့ ညစာစားပွဲတွင်မူတွေ့ရကြောင်း ကျားဖြူပါတီဝင်များသတင်းရပ်ကွက်က ဆိုပါသည်။

သို့သော် အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ဖက်ကမူ အတည်ပြုဖြေကြားပေးခြင်းမရှိသေးဘဲ မိမိတို့ ဘာမျှမကြားသိရသေးကြောင်းသာ ပြောခွင့်ရပုဂ္ဂိုလ်က ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အားပြောကြား ပါသည်။

“ ဝမ့်ဟိုင်းဌာနချုပ်နားက အဓိက ၄ နေရာဆိုတာ နမ့်ပုတ်၊ ဝမ့်မိတ်၊ ခီ့ခပ်၊ ကျိန်းလိန် နဲ့ပါခီးတပ်စခန်းတွေဖြစ်နိုင် တယ်။ အဲ့ဒီတပ်စခန်းတွေ အခြေချထားတဲ့လမ်းက ဝမ့်ဟိုင်း အဝင်အထွက် အဓိက ကျတဲ့လမ်းကိုး” ဟုသျှမ်းပြည် တပ်မတော် ကေဒါဟောင်းတဦးကလည်းပြောပါသည်။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့သည် နာဂစ်ဖွဲ့စည်းပုံအရ ဌာနေပြည်သူ့စစ်အသွင်ပြောင်းရန် စစ်အစိုးရ ဖိအား ပေးခဲ့ပြီး နောက်ပိုင်း ၂၀၁၀ နှစ်လည်ပိုင်းက နှစ်ခြမ်းကွဲသွားခဲ့သည်။ ဦးလွယ်မောဝ်၊ ဦးကိုင်ဖက ဌာနေပြည်သူ့ စစ်အဖြစ် အသွင်ပြောင်းသွားပြီး၊ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ အမှတ် ၁ ဝမ့်ဟိုင်း က အသွင်ပြောင်း ခြင်း လက်မခံသော ကြောင့် ၂၀၁၁ မတ်ခ်ျ ၁၃ ရက်က စပြီး မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ SSPP/SSA ၏စစ်တမ်းအရ ဩဂတ်စ် လကုန်အထိ မြန်မာစစ်တပ်နှင့် တိုက်ပွဲပေါင်း ၃၀၈ ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရတပ် ၅၃၇ သေ၊ ၆၄၉ ယောက်ဒဏ်ရာ ရကာ သျှမ်းတပ်ဘက်ကမူ ၃၃ ယောက်သေ၊ ၄၄ ယောက် ဒဏ်ရာ ရခဲ့သည်ဟုဆို၏။ အပြစ်မဲ့လူထု ဆယ်ဂဏန်း သတ်ဖြတ် ခံရကာ သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်( SWAN အစီရင်ခံစာမှ) ။

ကေအိုင်​အေနှင့်​အစိုး​ရတပ် တလအတွင်း​ တိုက်ပွဲ​ပေါင်း​ ၁၆၀ ​ကျော်ဖြစ်ပွား

ဒီဗွီဘီ

ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်)နဲ့​ မြန်မာအစိုး​ရ စစ်တပ်တို့​ တိုက်ပွဲ​တွေ ဆက်ဖြစ်​နေပြီး​ ​အောက်တိုဘာလအတွင်း​ တိုက်ပွဲ​ပေါင်း​ အနည်း​ဆုံး​ အကြိမ် ၁၆၀ ​ကျော် ဖြစ်ပွား​ခဲ့​ပါတယ်။

စက်တင်ဘာ – နိုဝင်ဘာ ၂ လအတွင်း​ တိုက်ပွဲဖြစ်ပွား​မှု အ​ခြေအ​နေကို ​ကေအိုင်အို(ကချင်လွတ်လပ်​ရေး​အဖွဲ) ​ပြောခွင့်​ရပုဂ္ဂိုလ် ဦး​လနန်း​က ခုလို ​ပြောပြပါတယ်။

“စက်တင်ဘာလ တလထဲကိုမှ ၈၆ ကြိမ်ဖြစ်တယ်။ ​အောက်တိုဘာလထဲမှာ ၁၆၀ ဆို​တော့​ အဲဒီမှာကို ၂၀၀ ​ကျော်သွား​ပြီ။ ဇွန်၊​ ဇူလိုင်၊​ ဩဂုတ်လ​တွေမှာ တိုက်ပွဲ​ပေါင်း​ ရာချီရှိမယ်လို့​ ခန့်​မှန်း​လို့​ရတယ်။ ဒါ​ပေမယ့်​ အလှမ်း​ဝေး​တဲ့​နေရာ​ဒေသ ​ရှေ့​တန်း​နေရာတချို့​က​နေ အချိန်မီ​ပေး​ပို့​နိုင်တာမျိုး​ မရှိတဲ့​အတွက်​ကြောင့်​ ဒီတိုက်ပွဲအ​ရေအတွက်က​တော့​ အနည်း​ဆုံး​ဖြစ်ပါလိမ့်​မယ်။ ဒီထက်များ​ပါတယ်။”

ဒီတိုက်ပွဲ​တွေအတွင်း​ ​ကေအိုင်​အေ ဘက်က ထိခိုက်မှုနည်း​ပြီး​ အစိုး​ရတပ်ဘက်က ထိခိုက်မှုများ​ကြောင်း​၊​ ဒါ​ပေမယ့်​ စာရင်း​အတိအကျ မရနိုင်​ကြောင်း​လည်း​ ဦး​လနန်း​က ရှင်း​ပြပါတယ်။

“ဟိုဘက်ဒီဘက် ဘယ်​လောက်ထိ အကျအဆုံး​ရှိတယ်ဆိုတာ သိပ်မ​ပြောချင်ဘူး​။ ဒါ​ပေမယ့်​ ​သေချာတာ​တော့​ ပြီး​ခဲ့​တဲ့​အချိန်မှာ သူတို့​အထိအခိုက်များ​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​ရှေ့​တန်း​မှာတက်လာတဲ့​ သူတို့​ရဲ​ဘော်​တွေက က​လေး​စစ်သား​တွေ ​တော်​တော်များ​များ​ ​ရောပါလာတယ်။ နယ်​မြေအရ ကျွမ်း​ကျင်မှုမရှိဘူး​။ စိတ်ဓာတ်​ရေး​ရာကလည်း​ အမိန့်​အရပဲ လုပ်​ဆောင်ရတဲ့​ကိစ္စဖြစ်​နေ​တော့​ အဲဒီမှာ အထိအခိုက်များ​တယ်။”

မြန်မာအစိုး​ရဘက်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု ​လော​လောဆယ်မှာ မရှိ​သေး​ဘူး​လို့​လည်း​ ဆိုပါတယ်။

အစိုး​ရဘက်က ကိုယ်စား​လှယ်​တွေနဲ့​ ပြီး​ခဲ့​တဲ့​ ဇွန်လမှာ တကြိမ်၊​ ဩဂုတ်လမှာ တကြိမ် ​တွေ့​ဆုံခဲ့​ရာမှာ​တော့​ ဘာအ​ဖြေရလဒ်မှ ထွက်​ပေါ်မလာခဲ့​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။

ကေအိုင်အို – ​ကေအိုင်​အေဟာ ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ) အဖွဲ့​ဝင်ဖြစ်ပြီး​ အစိုး​ရဘက်နဲ့​ ​ဆွေး​နွေး​ရာမှာ ရပ်တည်တဲ့​ သ​ဘောထား​ကိုလည်း​ ဦး​လနန်း​က ရှင်း​ပြသွား​ပါတယ်။

“သူတို့​ဘက်ကသာ ​တွေ့​ဖို့​လာမယ်ဆိုရင်​တော့​ ကျ​နော်တို့​က ​တွေ့​ဖို့​အဆင်သင့်​ပါ။ ဒါ​ပေမယ့်​ ​တွေ့​ဆုံတဲ့​အခါမှာလည်း​ ယူအန်အက်ဖ်စီရဲ့​ သ​ဘောထား​အတိုင်း​ပဲ။ ​တွေ့​တဲ့​အခါမှာ ကျ​နော်တို့​ရဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် အင်အား​စု​တွေ သ​ဘောထား​ကို ​ပြောပြဖို့​ပဲရှိတယ်။ ရှင်း​ပြဖို့​ပဲ ရှိတယ်။ ဒါ​ပေမယ့်​ အ​ရေး​ကြီး​တဲ့​ ဆုံး​ဖြတ်ချက်​တွေ ချမှတ်​တော့​မယ်ဆိုရင်​တော့​ ယူအန်အက်ဖ်စီက​နေ တဆင့်​ပဲ လုပ်ရမယ့်​ကိစ္စ​တွေပါ။ ယူအန်အက်ဖ်စီမှာ သ​ဘောတူညီချက် ရယူပြီး​မှပဲ ဆက်လုပ်နိုင်မယ်ခင်ဗျ။”

ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​တုန်း​က ​ကေအိုင်အိုဌာနချုပ် လိုင်ဇာနဲ့​ မြစ်ကြီး​နား​မြို့​အကြား​ ဝိုင်း​မော်မြို့​နယ်၊​ ဂါး​ဒါယန်​ကျေး​ရွာက ​ကေအိုင်​အေတပ်ကို အစိုး​ရစစ်တပ်ဘက်က အ​မြောက်​တွေနဲ့​ ပစ်ခတ်ရာမှာ ဓာတု​ဗေဒလက်နက် ပါဝင်တယ်ဆိုတဲ့​ ကိစ္စနဲ့​ ပတ်သက်လို့​တော့​ ​ကေအိုင်အိုက စုံစမ်း​ဖော်ထုတ်ဖို့​ ကြိုး​စား​နေတုန်း​ပဲလို့​လည်း​ သိရပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရတို့​ အပစ်အခတ် ရပ်စဲထား​ခဲ့​မှု ပြီး​ခဲ့​တဲ့​ဇွန်လမှာ ပျက်ပြား​ခဲ့​ပြီး​နောက် တိုက်ပွဲ​တွေဖြစ်ပွား​နေပြီး​ တနင်္ဂ​နွေ​နေ့​ကလည်း​ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား​ခဲ့​ပါတယ်။

NLD မှတ်ပုံတင်ရေး မတင်ရေး ရက်ပိုင်းအတွင်း ကြေညာဖွယ်ရှိ

ခင်ဦးသာ on October 31, 2011


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မဟာမိတ်ပါတီများက နိုင်ငံရေး ပါတီများ အဖြစ် မှတ်ပုံ တင်ရေး၊ မတင်ရေး နှင့် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေး ကိစ္စ များကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ကြေညာ သွားဖွယ် ရှိကြောင်း သိရသည်။

ထိုနေ့တွင် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အပြင် အတိုက်အခံနိုင်ငံရေးအဖွဲ့များနှင့်စုစည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကလည်း ထိုကိစ္စများကို အပြီးသတ် ဆွေးနွေးကြမည်ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“CRPP အစည်းအဝေးမှာ ပါတီမှတ်ပုံရေး ကိစ္စတွေ အားလုံး ဆွေးနွေးသုံးသပ်ကြမယ်၊ ကြေညာချက်ထုတ်မယ်၊ ဆုံးဖြတ်ချက်တခုပေးမယ်၊ CRPP ဆုံးဖြတ်ချက်ကို NLD ကလည်းပဲ သဘောတူပြီးပါပြီ၊ NLD စီအီးစီ အစည်းအဝေးလည်း အဲဒီနေ့မှာ လုပ်မယ်လို့ ကြားသိရပါတယ်” ဟု ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

“ဖြစ်ပေါ် တိုးတက်မှုတွေကို အခြေခံပြီးတော့ ကျနော်တို့ အနေနဲ့ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ရပ်နေလို့တော့ မရဘူးပေါ့” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်း ထွက်ပေါ်ပြီးနောက် NLD ပါတီမှတ်ပုံတင်ရေးကိစ္စအပေါ် အမြင် အမျိုးမျိုးထွက်ပေါ်နေသည်။ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်လာပြီး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ပြီးမှသာ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်သင့်ကြောင်း အတိုက်အခံ တချို့က ယူဆကြသည်။

ပြည်ပရောက် ဒီမိုကရေစီအရေးလှုပ်ရှားနေသူ မခင်ဥမ္မာက NLDသည် ပြည်သူ တရပ်လုံးအား ကိုယ်စားပြုထားသည့် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော ပါတီတခုဖြစ်၍ သေချာ စဉ်းစား ဆုံးဖြတ်သင့်ကြောင်း ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့သည့် အတွက်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှု၊ ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှုတို့ ဖြစ်ပေါ်လာရကြောင်း၊ အကယ်၍ ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည် ဆိုပါက တခြားပါတီများကဲ့သို့ ရပ်တည် ဆောင်ရွက်ရတော့မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မခင်ဥမ္မာက သုံးသပ်လိုက်သည်။

“၂၀၁၀ ရွေးကောက်ပွဲတုန်းကသာ ပါဝင်ခဲ့ရင် အခုလိုမျိုး သမ္မတက သီးသန့် တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး၊ ပြောစရာရှိရင် လွှတ်တော်ထဲကပြော လို့ပဲ ပြောတော့မှာပေါ့၊ လွှတ်တော်ထဲမှာလည်းပဲ ကြံ့ဖွံ့နဲ့စစ်တပ်က လွှမ်းမိုးနေတော့ ပြောဆို တင်ပြသမျှ ပယ်ချခံနေရဦးမှာပဲ” ဟု မခင်ဥမ္မာက ဆိုသည်။

မခင်ဥမ္မာက အစိုးရ၏ ခြေလှမ်းများကို သံသယ ရှိသော်လည်း မကြာသေးမီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၏ အချက်တချို့အား ပြင်ဆင်လိုက်ခြင်းကို ကြိုဆိုလိုက်သည်။

ပြင်ဆင်ထားသည့် ဥပဒေကြမ်းအား လွှတ်တော် နှစ်ရပ်လုံးက အောက်တိုဘာ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့ကြပြီး သမ္မတ လက်မှတ်ရေးထိုးရန်သာ လိုတော့သည်။

ထိုသို့ ပြင်ဆင်ချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမည် ဟူသော စကားရပ်အစား လေးစားလိုက်နာရမည်ဟု ပြောင်းလဲ ရေးသားချက် ပါဝင်သည်။ အကျဉ်းကျခံဖူးသူများ ပါတီ တည်ထောင်ခွင့်၊ အကျဉ်းကျနေသူများ ပါတီဝင်အဖြစ် သတ်မှတ်ပိုင်ခွင့် စသည့် အချက်များလည်း ပါဝင်သည်။

NLD ပါတီသည် မှတ်ပုံတင်ပါက ကြားဖြတ်ရွေးကောက်ပွဲ၌ အနည်းဆုံး ကိုယ်စားလှယ် ၃ နေရာ ၀င်ရောက် အရွေးခံရမည်ဖြစ်သည်။ လစ်လပ်နေသော မဲဆန္ဒနယ် ၅၀ ၀န်းကျင် အတွက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကို အစိုးရက ကြေညာခြင်း မရှိသေးပေ။

“NLD ပါတီနဲ့ ပတ်သက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲကို မ၀င်ဘဲ ၂၀၁၅ (ရွေးကောက်ပွဲ) မှာပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ဝင်စေ ချင်နေကြတာ ရှိသလို ရသလောက်ကို ၀င်ပြိုင်ပြီးတော့ လွှတ်တော်ထဲက ပြောဆိုစေချင်သူတွေလည်း ကြားနေရပါတယ်၊ ကျနော်ကတော့ ပြည်သူအားလုံး အကျိုးရှိမယ့် ကိစ္စဆိုရင် အားလုံးက ပူးပေါင်းသင့်တယ် ထင်တယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ဤအတောအတွင်း ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး စသည့် ထင်ရှားသူများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာတော့မည်ဟု ကြားသိရကြောင်း ဦးအေးသာအောင်က ပြောသည်။ ထိုသတင်းနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။

NLD ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ရေးကို အပြည့်အ၀ ထောက်ခံသူများထဲတွင် NDF ပါတီ ခေါ် အမျိုးသားဒီမိုကရေစီ အင်အားစုလည်း ပါဝင်သည်။

“ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်ထဲက ပြောချင်တယ် ဆိုရင်တော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တာ အကောင်းဆုံးပါ၊ လွှတ်တော်နိုင်ငံရေးကသာ အာဏာရှင်အစိုးရကို ပယ်ဖျက်နိုင်မယ်လို့ ယူဆတယ်” ဟု NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုသည်။

ယူနန် တရုတ်အသင်းတော် များလိုင်ဇာကချင်ဒုက္ခသည်များ ကိုကူညီ

KNG


တရုတ်နိုင်ငံ ယူနန်ပြည် နယ်မှ ခရစ်ယာန် အသင်းတော် တချို့က အိမ်နီးချင်း KIO ဗဟို ဌာနချုပ် လိုင်ဇာ ကချင် ဒုက္ခသည် စခန်းသို့ အောက်တိုဘာ ၂၇ ရက်တွင် လာရောက် အကူညီ ပစ္စည်းများ ပေးခဲ့သည်။

၎င်းတို့၏ အကူညီ ပစ္စည်း များတွင် ဆန်အိတ် (၂၄၀)၊ ဆီဗူး (၁၂၀)နှင့် ဆေးဝါးများ ပါဝင်သည်ဟု KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ အတွင်း ရေးမူး ဗိုလ်မှူး ကရန်နော်အောန် (Kareng Naw Awn) ဆိုသည်။

ယခုလို ကူညီ မှုအား ကူမင်း (Kunming)၊ ယင်ကျန်းနှင့် ရွှေလီ စသည့်မြို့ များမှ တရုတ် အသင်း တော်များ ပြုလုပ်ခြင်ြး ဖစ်သည်။

အကူညီ ပစ္စည်း များကို အသင်းတော် ခေါင်းဆာင် (၇) ဦးက ၎င်းတို့ ကိုယ်တိုင် လိုင်ဇာမြို့ တွင်းရှိ ဒုက္ခသည် စခန်းများ နှင့် မြို့ပြင်မှ ဂျေယန်ခ (Je Yang Hka) နှင့် ဖုန်လုံယန် (Hpunlum Yang) စခန်း များသို့ သွားရောက်ပြီး ပေးအပ် ခဲ့သည်ဟု ဖုန်လုံယန် စခန်းမှ တာ ၀န်ရှိသူ KIA အရာရှိ ၀မ်ဒေဆိုင်းဂျတ်ဒူ (Wangde Seng Jat Du) ပြောသည်။

လိုင်ဇာသို့ နေ့စဉ် လိုလို ရောက်ရှိ လာနေသည့် ဒုက္ခသည် သစ်များကို ဂျေယန်ခနှင့် ဖုန်လုံယန် စခန်း နှစ်ခုသို့ အဓိက နေရာ ချပေး နေသည် ဟု KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ကဆိုသည်။

ယခုချိန် မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ် ပိုမိုပြင်းထန်လာခြင်းကြောင့် ဒုက္ခသည်များ တရုတ်နယ်စပ် လိုင်ဇာသို့ ထွက်ပြေးခိုလုံလာခြင်းဖြစ်သည်။