Friday, January 29, 2016

နိုင်ငံအကြီးအကဲအာဏာလွှဲပြောင်းရေးအတွက်ထပ်မံဆွေးနွေး

မဇ္ဈိမ

လက်ရှိအစိုးရမှ ရွေးကောက်ပွဲအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ နိုင်ငံတော်အကြီးအကဲအာ ဏာ လွှဲပြောင်းပေးနိုင်ရေး အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ဖက်မှ ဗဟိုအလုပ်အမှူဆောင်များဖြစ်သည့် ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာ အောင်သူတို့တက် ရောက်ပြီး အစိုးရဖက်မှ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံးညွှန်ကြားရေး မှူး ဦးဇော်ဌေး အပါအ၀င် ၅ဦးတို့က ဆွေးနွေးခဲ့ကြသည်။


အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲအာဏာလွှဲပြောင်းခြင်းအပြင်၊ ၀န်ကြီးဌာနများ၏ ဆောင်ရွက်ဆဲလုပ်ငန်းများအကြောင်းကို နှစ်ဖက်ဆွေးနွေးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ လူမှုကွန်ယက်စာမျက်နှာမှသိရသည်။ နိုင်ငံတော်အကြီးအကဲအာဏာလွှဲပြောင်းခြင်းအစည်းအဝေးကို လာမည့်ဖေဖော်ဝါရီလတွင် ထပ်မံပြုလုပ်ရန်လည်း နှစ်ဖက်သဘောတူခဲ့ကြသည်ဟု သိရသည်။

No comments: