Thursday, January 28, 2016

ဖားကန့်၌ စွန့်​ပစ်​မြေစာပုံ ထပ်​မံပြိုကျ

မျိုးသူ​အောင်

ကချင်​ပြည်​ ဖားကန့်ဒေသ စွန့်ပစ်မြေဇာပြိုကျမှု တစ်ခု ဇန်​န၀ါရီလ ၂၅ရက်​နေ့ ညနေ ၃:၁၀ အချိန်က ထပ်​မံဖြစ်​ပွားခဲ့​ကြောင်း ​သိရသည်​။

ဆိပ်မူ (ဆိုင်းတောင် ) ကျေးရွာအုပ်စု ဥရုချောင်းအနောက်ဘက်ကမ်းရှိ ဆွတ်အောင်ကျေးရွာနှင့် ရှမ်းစုကျေးရွာကြားရှိ တစ်သုံးလုံး ကုမ္ပဏီနှင့်​ ​အောင်​ဟိန်းမင်း ကုမ္မဏီစွန်ပစ်မြေဇာပုံပြိုကျ ခဲ့ခြင်းဖြစ်​​ကြောင်း ​ဒေသခံများထံမှ သိရသည်​။ အဆိုပါ ​မြေစာပုံ ပြိုကျမှု​ကြောင့်​ လူပေါင်း(၁၀၀)နီးပါးသေဆုံးနိုင်သည်ဟု လွတ်မြောက်လာသူ ဟင်းတင့်ရွာသားတစ်ဦးက ပြောသည်။


“ မြေဇာက နှစ်ပုံပြိုသလိုဖြစ်သွားတာဗျ ။ တစ်သုံးလုံးကမြေဇာက ပြိုကျပြီး အောင်ဟိန်းမင်း မြေဇာပုံကို ခါးဖြတ်ရိုက်သလိုဖြစ်ပြီး အောင်းဟိန်းမင်းမြေဇာပုံလည်းထပ်ပြိုကျပြီး နှစ်ပုံပေါင်း လူတစ်ရာလောက်ပါ မယ်ဗျ "ဟု ​ဖားကန့်​​ဒေသခံ ဟင်းတင့်​ရွာသား ကို​ဇော်​ထိုက်​က​ ပြောသည်​။ ယင်း​မြေစာပုံ ပြိုကျရာတွင်​ ဟင်းတင့်ကျေးရွာမှ ရှမ်းအမျိုးသား(၃) ဦးပါသွားသည်ဟု ဟင်းတင့်ကျေးရွာသားများ က ပြောဆိုနေကြ သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေး​ကြောင်း ၎င်းက ဆိုသည်​။

 မြေဇာပုံပြိုကျရာသို့ မည်သည့်အဖွဲ့အစည်းမှကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခြင်းများ မရှိသေး​ကြောင်းလည်း သိရသည်​။

No comments: