စည်သူမောင်မောင်
ဧရာဝတီတိုင်းအတွင်း ဌာနဆိုင်ရာများအား အဂတိတရားကင်းရှင်းရေး လုပ်ဆောင်ရန် တိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီက သတိပေးလိုက်သည်။
ပုသိမ်မြို့တော်ခန်းမတွင် မေ ၁၉ရက်က ပြုလုပ်သည့် ဝန်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းဆိုင်ရာရှင်းလင်းပွဲတွင်
ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
"နိုင်ငံဝန်ထမ်းအားလုံး အဂတိတရားလေးပါးဖြစ်တဲ့ ဆန္ဒဂတိ၊ ဘရာဂတိ၊ ဒေါသဂတိ၊ မောဟဂတိ ကင်းရှင်းအောင်
ကြိုးစားဆောင်ရွက်ဖို့ ကြိုးစားဆောင်ရွက်ဖို့ ကြုံကြိုက်တုန်း မှာကြားလိုပါတယ်။"ဟု ဝန်ကြီးချုပ်ကသည်။
တိုင်းဒေသကြီးအစိုးရအနေဖြင့် မိမိတိုင်းအတွင်း အကျင့်ပျက်ခြစားမှုများကို ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားသည်။
"တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်းသာယာရေးကို အထောက်အကူပြုစေနိုင်တဲ့ ဝန်ဆောင်မှုကို ရှေးရှုသောရဲလုပ်
ငန်းစဉ်များကို ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အဆင့်အတန်အားလုံးကို ကြိုးစားဆောင်ရွက်သွားပါလို့ မှာကြားလိုပါတယ်။"ဟု ရဲတပ်ဖွဲ့ဝင်များအား ဝန်ကြီးချုပ်ဦးမန်းဂျော်နီက မှာကြားသည်။
မေလ၁၉ရက်နေ့က ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းဆိုင်ရာရှင်းလင်းပွဲသို့ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးဌာန ဝန်ထမ်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။
No comments:
Post a Comment