နိရဉ္စရာ၊
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်တွင် မေလ ၂၀ ရက်နေ့က ဗုဒ္ဓနေ့ Budda Day အခန်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးချုပ် ဘန်ကီးမွန် (Ban Ki-moon) တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားသွားခဲ့သည်။
နိုင်ငံပေါင်းစုံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် မယ်သီလရှင်များ အပါအ၀င် သံတမန်များကလည်း တက်ရောက်ခဲ့ကြသည်။
ဗုဒ္ဓနေ့အခန်းအနားသို့ မြန်မာနိုင်ငံမှ အလိုတော်ပြည့် ဓမ္မာစရိယ တက္ကသိုလ် နာယကချုပ် ဆရာတော် အရှင်သုစိတ္တဘိဝံသလည်း တက်ရောက်ခဲ့ရာ ဗုဒ္ဓနေ့နှင့် ပတ်သက်၍ မေးမြန်း လျောက်ထားခဲ့ရာ ဆရာတော်က “ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်က ပွင့်တော်မူခဲ့တဲ့ ဂေါတမဗုဒ္ဓဟာ ဘုရားဖြစ်ဖို့အတွက် လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဒီဘင်္ခရာမြတ်စွာ ဘုရားခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့တဲ့ နေ့ဟာလည်း ဒီကဆန် လပြည့်နေ့ပဲ၊ မယ်တော်မာယာ ၀မ်းကြာတိုက်မှာ ၁၀ လ ပဌိသန္ဓေနေပြီးတော့ လုံမနီ ဥယဉ်မှာ မီးရှုးသန့်ဇင် ဖွါးမြင်တော်မူတဲ့နေ့ဟာလည်း ကဆုန် လပြည့်နေ့ပဲ၊ တဖန် သက်တော် ၃၅ နှစ်မှာ ယခု ဗုဒ္ဓဂါယာခေါ်တဲ့ မဟာဗောဓိပင်အောက်မှာ အရဟတ္ထမိဥာဏ် သမ္ဗုဒ္ဓဥာဏ်ကိုရလို့ ဘုရားဖြစ်တဲ့ နေ့ဟာလည်း ကဆန်လပြည့်နေ့ပဲ၊ မဟာသက္ကရာဇ် ၁၄၈-ခုမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော် မူတဲ့ နေ့ဟာလည်း ကဆုန် လပြည့်နေ့ပဲဖြစ်တယ်။ ဒီအခါကြီး ၄-ခုတိုက်ဆိုင်နေတာကြောင့် ဒီကဆုံလပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ရတာဖြစ် တယ်” ဟု ဆရာတော်မှ မိန့်ကြားခဲ့သည်။
အမေရိကန်အခြေစိုက် ဗုဒ္ဓသာသနာပြုအဖွဲ့ (နယူးယောက်)Buddhist Council of New York, Vice President ဆရာတော် ဒေါက်တာ အရှင်နာယကမှလဲ ဗုဒ္ဓနေ့ အခန်းအနားနှင့်ပတ်သက်၍ “ Vesak Day လို့ ခေါ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို နိုင်ငံတကာမှာ ကျင်း ပနေတာ အခု ဆိုရင် ပိုမိုကျယ်ပြန့်လာတာ တွေ့မြင်ရပါတယ်၊ ကမ္ဘာ့အရပ်ရပ်က ဗုဒ္ဓဘာသာနိုင်ငံ သံတမန်ကိုယ် စားလှယ်များအပြင် တစ်ချိန် တစ်ခါက ဗုဒ္ဓသာသနာ အလွန်ထွန်း ကားခဲ့ကြတဲ့ တောင်အာရှ အင်ဒိုချိုင်းနားကျွန်းဆွယ်နဲ့ အာရှအလယ်ပိုင်းက နိုင်ငံများ (ဘင်္ဂလားဒေးခ်ျ၊ အိန္ဒီယ၊ နီပေါ်၊ ပါကစ္စတန်၊အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလပိုင်၊ အာဖဂန်နစ္စတန်၊ ရုရှ စဆဲ့ နိုင်ငံတွေက (UN)သံတမန်ကိုယ်စားလှည် တွေလည်းတတ်ရောက်ကြပြီး သူတို့နိုင်ငံမှာ ဗုဒ္ဓဘာသာ တစ်ချိန်တခါက ဘယ်လိုထွန်းကားခဲ့ကြောင်းနဲ့ ယင်းဗုဒ္ဓဘာသာ ယာဉ်ကျေးမူများကို ထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြောင်းကို ရုပ်သံဗွီဒီယိုတွေနဲ့ ကုလသမဂ္ဂအထွေထွေခန်းမကြီးမှာ ပြသဟောပြော ခဲ့ကြတာဟာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်၊ နောက်ပြီး အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း ပထမဆုံးအကြိမ် ကဆုန်လပြည့်နေ့နဲပါတ်သတ်ပြီး Statement ထုတ်ပြီး ဂုဏ်ပြုထားတာတွေ တွေ့ရတယ် “ဟုမိန့်ကြားခဲ့သည်။
၁၉၅ဝ ခုနှစ်က သီရိလင်္ကာနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံတွင် ကဆုန်ုလပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
ကမ္ဘာ့ကုလသမဂ္ဂဌာနမှလဲ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၏ ဆုံးဖြတ်ချက် အမှတ် ၁၇၄ အရ ကဆုန်လပြည်နေ့ကို Vesak Universal Holiday ဗုဒ္ဓနေ့ဟု သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment