Friday, May 20, 2016

ဆိုင်ကလုန်း ရွန်နူကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် လိမ္မော်ရောင်အဆင့်သတ်မှတ်ထား

မိုင်စာရာထွေး

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) သည် အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် (၁၀)မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပြီး ယနေ့ ညနေပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိမည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။ အဆိုပါ မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မုန်တိုင်း၏ သက်ရောက်မှု အန္တရာယ်ကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားရသည်။

 ယင်းဒေသများတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀နှုန်းဖြင့် တိုက်ခတ်နိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။ ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောနှင့် စစ်တွေခရိုင် ကမ်းခြေဒေသများတွင် (၁၀)ပေမှ (၁၂)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်းသိရသည်။

 မေလ(၂၀)မှ (၂၆)ရက်အထိ မြန်မာနိုင်ငံတဝှမ်းလုံး အပူချိန်တွေလျော့ကျပြီး မိုးတွေ တိုးလာဖို့ရှိနေကြောင်း၊မုတ်သုံအရှိန်ကြောင့် တပြည်လုံး မိုးရွာသွန်ပြီး အပူချိန်တွေ လျော့ကျနိုင်ကြောင်းနှင့် မုန်တိုင်းအန္တရာယ်မှာ ယအခုအချိန်အထိ ကင်းဝေြးောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းရရှိသည်။

No comments: