မျိုးသူအောင်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးသင့်ကြောင်း ကော်မတီဝင်ဟောင်း ဦးခင်လှိုင်က အကြံပြု ပြောကြားလိုက်သည်။ ယခင် အစိုးရလက်ထက်က ရွေးချယ်ခန့်အပ်ထားသည့် ကော်မတီဝင်များအား တာဝန်မှ အနားပေးလိုက်ပြီ ဖြစ်သည့်အတွက် လက်ရှိတွင် ခရိုင်/ မြို့နယ်အဆင့်ဆင့်ရှိကော်မတီဝင်များ လစ်လပ်နေခြင်းဖြစ်သည်။
"ရွေးကောက်ပွဲကို မြန်မြန်လုပ်ပါ။ ခန့်အပ် ကော်မတီဝင် တွေမြန်မြန်ခန့်ပါ။ ကျွန်တော်တို့ ဒါပဲ တောင်းဆိုနေတာပါ"ဟု ဦးခင်လှိုင်ကပြောသည်။ ဦးခင်လှိုင်အပါအဝင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များအား မေလ ၁၈ရက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်မှတ်ထိုး၍ အနားပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခန့်အပ်မည့် ကော်မတီဝင်များလျာထားချက်ကို ၎င်းအနေဖြင့် သတင်းကြားထားပြီး အဆိုပါလျာထားခံရသူများအနေဖြင့် စည်ပင်လုပ်ငန်းစဉ်များကျွမ်းကျင်စွာ လုပ်ကိုင်နိုင်မည်ဆိုပါက ရွေးကောက်ပွဲဝင်ပြိုင်တော့မည်မဟုတ်ကြောင်း ဦးခင်လှိုင်ကဆိုသည်။
No comments:
Post a Comment