အမ်ရှန်း၊ ဂျာဆိုင်းပန်
Ottimo power ကုမ္ပဏီလိမိတက်မှ ကိုယ်ပိုင်လုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရည်ရွှယ် ၍ TOSHIBA e-studio 2309A မိတ္တူကူးစက် အသစ်ကို မေ ၁၉ရက်က မိတ်ဆက်ခဲ့သည်။
အဆိုပါ မိတ္တူကူးစက်သည် စက်အရွယ်အစား ကျစ်လစ်ခြင်း လွယ်ကူစွာ အသုံးပြုနိုင်ခြင်း မြင့်မားသောလုပ်ဆောင်ချက်များ ပါရှိခြင်း နှင့် အချိန်ကုန်သက်သာခြင်း စသော စွမ်းဆောင်ချက်များပါရှိသည်ဟု TOSHIBA Senior Manager အာမတ်အီခရမ်က ပြောသည်။
မိတ္တူကူးစက်၏ တန်ဖိုးသည် ၁,၄၄၀,၀၀၀ကျပ် ဖြစ်ပြီး ၂ နှစ် အာမခံပါရှိမည် ဖြစ်သည်။ လက်ရှိ ရန်ကုန်၊ မန္တလေး ပုသိမ် နှင့်ပဲခူး စသောမြို့ကြီးများရှိ Ottimo power ကုမ္ပဏီလိမိတက်၏ ဆိုင်ခွဲများတွင် ဝန်ဆောင်မှုများပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
Ottimo power ကုမ္ပဏီလိမိတက် သည် 2014 ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ TOSHIBA Product၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သည်။
No comments:
Post a Comment