သူဇာလင်း
တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့တွေစုပေါင်းပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှုတ်ထွက်ပေးဖို့ ပြည်သူတွေရဲ့ ထောက်ခံချက်တွေရယူတဲ့ စည်းရုံးလှုပ်ရှားမှုကို ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့ ကစပြီးလုပ်ဆောင်နေပါတယ် ။
အဲဒီလှုပ်ရှားမှုကို ညနေ ၃ နာရီအချိန်ကစပြီး ကမာရွတ်မြို့နယ်က လှည်းတန်း စင်တာမှာ စတင်ခဲ့တာဖြစ်ပါတယ်။
သူတို့အနေနဲ့ လူ့အခွင့်အရေး ကော်မရှင် မနှုတ်ထွက်မချင်းဒီလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
လာမယ့် တနင်္လာနေ့ မှာလည်း ပြည်လမ်း ၆မိုင်ခွဲမှာရှိတဲ့ လူ့အခွင့်အရေးကော်မရှင် ရုံးရှေ့ကို သွားရောက်ပြီး ဆက်လက်တောင်းဆိုသွားမယ်လို့ သိရပါတယ်။

No comments:
Post a Comment