Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Sunday, June 10, 2012

ရခိုင်ပြည်နယ် အရေးပေါ် အခြေအနေ ကျေညာပြီ


ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို ပုဒ်မ ၁၄၄ ဖြင့် ထိန်းသိမ်းနိုင်ခြင်း မရှိတော့သဖြင့် ယနေ့ ညနေပိုင်းတွင် မြန် မာ အစိုးရမှ အရေးပေါ် အခြေအနေ ကျေညာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ကျေညာလိုက်သော အရေးပေါ် အခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂


၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀

အရေးပေါ်အခြေအနေကြေငြာခြင်း

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည် ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်း ခဲ့ပါ သည်။

သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ် အ တွင်းအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင် ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူ များ၏ လုံခြုံ ရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေနိုင်ရေးကို အမြန်ဆုံးပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေငြာလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

ဤအမိန့်သည် ယနေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။

ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။



(ပုံ)

သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

NLDနှင့် တိုင်းရင်းသား ခေါင်းဆောင်များမှ ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်မူများနှင့် ပတ်သက်ပြီး ကျေညာချက် ထုတ်ပြန်

ရခိုင်ပြည်နယ် အတွင်း လတ်တလော ပေါ်ပေါက်နေသော အကြမ်းဖက် တိုက်ခိုက်မူများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NL D နှင့် တိုင်းရင်းသား ခေါင်းဆောင်များက ယနေ့ နေစွဲဖြင့် ကျေညာချက် တစ်စောင် ထုတ်ပြန်သည်။

ကျေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

Tuesday, November 8, 2011

“အစာငတ်ခံတောင်းဆိုသူများအရေး အမြန်ဆုံး ဥပဒေပါအတိုင်း ဖြေရှင်းပေးပါ”

အစာငတ်ခံတောင်းဆိုမှု အင်းစိန် အကျဉ်းထောင်မှာ နိင်ငံရေးအကျဉ်းသား(၁၅)ဦးကနေစတင်ပြီး ၂၆.၁၁.၂၀၁၁နေ့ကစလို့အကျဉ်း သားရပိုင်ခွင့် အခွင့်အရေး မညီမျှမှုတွေအတွက် ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်ကို အရင်းအနှီးလုပ်...ဥပဒေကို ယုံကြည်စွာ လက်ခံချင်တဲ့ နိင်ငံသားကောင်းဖြစ်ချင်တဲ့ နိင်ငံသားတွေ ပီသစွာ တောင်းဆိုကြတယ်လို့ကြားသိရတော့....ရင်ထဲမှာတစ်လှပ်လှပ်...ထောင်နံရံတွေ နောက်အကျဉ်းစံ ဘ၀ရောက်နေကြပေမဲ့ အမှန်တရားနဲ့ တရားဥပဒေ ခိုင်ခိုင်မာမာပီပီပြင်ပြင် ဖြစ်ပေါ်လာစေဖို့ သူတို့ရဲ့ စွန့်လွှတ်ဝံ့တဲ့ စိတ်နဲ့ တင်ပြရဲတဲ့ သတ္တိကို အလေးပြုမိတယ်။

အဲဒီနောက်...အတွေးစတွေဆက်ဖြန့်မေးခွန်းတစ်ချို့မေးမိတယ်။

(၁)သူတို့ရပ်တည်မှုဟာ အမှန်တရားလာ?

(၂)နိင်ငံသားတိုင်းရသင့်တဲ့ ဥပဒေပါ အခွင့်အရေးတွေလား?

(၃) သူတို့ဘာဖြစ်သွားကြမှာလဲ?

(၄)၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းလိုက်နာကျင့်သုံးရမယ်လို့ သက်မှတ်ပြဠာန်းထားတဲ့ သမ္မတနဲ့အစိုးရအဖွဲ့က ဘယ်လိုများ ဒီမိုကရေစီနည်းလမ်းကျ ကိုင်တွယ်ဖြေရှင်းမှာလဲ?

(၅)အခုရက်ပေါင်း(၁၄)ရက်အကြာမှာ ဘာတွေဖြစ်လာခဲ့ပြီလဲ?

မေးခွန်းတွေနောက်လိုက်ကြည့်ရင်း......လက်ရှိအခြေအနေတွေကို ချိန်ထိုး ကြည့်ရာမှာတော့...

(၁)သူတို့ရပ်တည်မှုဟာ အမှန်တရားလား?

ရိုးရိုးလေးပဲ တွေးမိတယ်။သူတို့ရပ်တည်မှု မမှန်ခဲ့ရင် ထောင်နံရံတွေနောက်ကနေ အသက်ပျောက်နိင်တဲ့ စွန့်စားမှုကို ဘယ်သူတွေ လုပ်နိင်မှာလဲလို့လေ....။

(၂)နိင်ငံသားတိုင်းရသင့်တဲ့ ဥပဒေပါအခွင့်အရေးတွေလား?

ဒါလဲတိကျသေချာတဲ့ ဥပဒေပါအခွင့်အရေးတွေဆိုတာကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ နိင်ငံတော် အခြေခံမူ များပါ...ဥပဒေပုဒ်မ(၂၁)၊ပုဒ်မခွဲ(က)အရ နိင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သက်မှတ် ပြဠာန်းထားသည့် တန်းတူ ညီမျှ အခွင့်အရေး၊လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ခံစားခွင့်ရှိသည်ဟု အတိအလင်းဖော်ပြ ပြဠာန်းပါရှိခြင်း၊ နိင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များအခန်းပါ… ဥပဒေပုဒ်မ(၃၄၇)အရ နိင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာ၌ တန်းတူညီမျှ အခွင့်အရေးရှိရမည်။ဥပဒေ၏ အကာကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ပြဠာန်းပါရှိနေသဖြင့် ဥပဒေပါအခွင့်အရေးများကို နိင်ငံသားတိုင်းရပိုင်ခွင့်ရှိသဖြင့်တောင်းဆိုခြင်း ဖြစ်သည်ကို ရိုးရှင်းစွာ မြင်ရပေသည်။

(၃)သူတို့ဘာဖြစ်သွားကြမှာလဲ?

ရပ်တည်မှု မှန်ကန်စွာနှင့် နိင်ငံသားတိုင်းရပိုင်ခွင့် အခွင့်အရေးများအား သတ္တိ ဗျတ္တိနှင့် ရဲဝံ့စွာတောင်းဆိုခဲ့ကြသော ယုံကြည်ချက်ကြောင့် အကျဉ်းစံနိင်ငံရေးသမားများ ဘာတွေဆက်ဖြစ်လာမှာလဲဟု နားစွင့် လေ့လာမိပြန်တော့...(၂၆)ရက်နေ့မှာ အစာငတ်ခံ အခွင့်အရေးတောင်းဆိုမိသူတွေကို (၂၇)ရက်နေ့မှာ ထောင်အာဏာပိုင်တွေက ရေစဖြတ်လိုက်ပြီဖြစ်ကြောင်း၊(၂၈)ရက်နေ့မှာ မိသားစုတွေကို ထောင်ဝင်စာ ၅.၁၁.၂၀၁၁ထိ ပိတ်ပင်ထားလိုက်ကြောင်း၊အစာငတ်ခံဆန္ဒပြသူများမှ နှစ်ဦးမှာ ထောင်ဆေးရုံသို့ ပို့လိုက်ရကြောင်း၊

နှစ်ဦးမှာ သပိတ်လှန်၍ ကျန်သူများမှ ၈ဦးမှာ တိုက်ပိတ်ခံရကြောင်း ကြားသိရပြန်တော့...အတွေးတွေကဝေး၀ါး ၀ိရောဓိဖြစ်စရာ...ဥပဒေအထက်မှာ ဘယ်သူတွေရှိနေကြတာပါလိမ့်.....

(၄)သမ္မတကြီးနှင့် ဖွဲ့စည်းပုံအခြေံဥပဒေခုံရုံး တာဝန်ရှိသူများနှင့် ဥပဒေ၀န်ထမ်းများသို့တင်ပြချင်သည်မှာ...

အကျဉ်းထောင်လက်စွဲဥပဒေမှာလဲ အကျဉ်းသားရပိုင်ခွင့်တွေကို အတိအလင်းဖော်ပြ ပါရှိပါလျှက်..
လျှို့ဝှက်အမိန့်အရလို့ ထပ်မံကြားသိရပြန်တော့...၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ စာမျက်နှာ (၇၃)ဥပဒေများ၏ အကျိုးသက်ရောက်မှု ဥပဒေပုဒ်မ(၁၉၈)၊ပုဒ်မခွဲ(က)တွင် ပြည်ထောင်စုလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်၊ပြည်နယ်လွှတ်တော်၊ကိုင်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကပြဠာန်းလိုက်သည့် ဥပဒေပါပြဒါန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊တည်ဆဲဥပဒေတစ်ရပ်ရပ်သည်လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဠာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်းလိုက်နာ ကျင့်သုံးရမည်ဟု အတိအလင်းပြဠာန်းထားသည်ကိုသိရှိနေကြမည်ဟု ယုံကြည် မျှော်လင့် မိပါသည်။ယခုအခါမူ...လျှို့ဝှက်အမိန်ဥပဒေဆိုသည်ကား ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ နိင်ငံတော်အခြေခံမူများ ဥပဒေပုဒ်မ(၂၁)ပုဒ်မခွဲ(က)ကိုလည်းကောင်း၊နိင်ငံသားများ၏ရပိုင်ခွင့်နှင့် တာဝန်များအခန်းပါ ဥပဒေပုဒ်မ(၃၄၇)ကိုလည်းကောင်းပြောင်ပြောင်ကြီးဆန့်ကျင်ရာ ရောက်နေသည်ဟု လေ့လာသုံးသပ်မိပေသည်။ယခုအခါ...ဥပဒေပုဒ်မ(၃၄၇)အရ နိင်ငံတော်သည်မည်သူ့ကိုမဆို ဥပဒေ အရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်။ထို့ပြင်ဥပဒေအကာအကွယ်ကိုလည်း တန်းတူညီမျှ ရပိုင်ခွင့် ပေးရမည် ဆိုသော ဥပဒေပါအခွင့်အရေးများအစား ထောင်ဝတ်စာပိတ်ခံရခြင်း၊တိုက်ပိတ်ခံရခြင်း၊မိသားစုများနှင့်တွေ့ဆုံခွင့်မရခြင်း၊ ထောင်တွင်း အစာငတ်ခံတောင်းဆိုသူများ၏ပကတိအခြေအနေမှန်ကို အချိန်နှင့်တစ်ပြေးညီ မိသားစုဝင်များမှ သိခွင့်မရခြင်းများသာ တွေ့ကြုံနေရသည် မှာ ဥပဒေ၏အားနည်းချက်ပေလော...ဥပဒေ၀န်ထမ်းများ၏ ဥပဒေအသိအားနည်းမှုပေလော....

မည်သို့ပင်ဆိုစေကာမူ ကောင်းမွန်သောပြောင်းလဲမှုများအား အချိန်မှီမဖော်ဆောင်နိင်ပါက မလိုလားအပ်သော အခြေအနေ များဖြစ်ပေါ် လာပေမည်ကို စိုးရိမ်မိပါသဖြင့် ဥပဒေပါအခွင့်အရေးများအား နိင်ငံသားများမှ မှန်ကန်စွာ ကျင့်သုံးလိုက်နာနိင်ရန် တာဝန်ရှိ လူကြီး မင်းများမှ ယခုစာကို ဖတ်သိကြားမြင်ချိန်မှစ၍ အမြန်ဆုံးဆန်းစစ်လေ့လာ သုံးသပ် ဆုံးဖြတ်စေလိုပါသည်။

သို့မှသာ ဒီမိုကရေစီနိင်ငံတော်သစ်တည်ဆောက်ရေးတွင် ဥပဒေအထက်တွင် မည်သူမျှ မရှိစေရဟူသော အနှစ်သာရနှင့်ဥပဒေအပေါ် ပြည်သူလူထု၏ တန်ဖိုးထားမှု စံနှုန်းများ မြင့်မားတိုးတက်လာ၍ နိင်ငံတော် တည်ဆောက်ရေးတွင် ဥပဒေ၏အခန်းကဏ္ဍ အမှန်တစ်ကယ် ကျယ်ပြန့်သက်ရောက်လာပေမည်ဟု မှတ်ယူမိပါသည်။

(၅)အခုရက်ပေါင်း(၁၄)ရက်အကြာမှာ ဘာတွေ ဖြစ်ပေါ်လာပြီလဲ?

ထောင်ဆေးရုံ နှစ်ယောက်တက်နေရတယ်။နှစ်ယောက် တောင်ဆိုမှုလမ်းက စွန့်လိုက်ကြတယ်၊(၈)ယောက်ကတိုက်ပိတ်ခံနေရတယ်။
၅.၁၁.၂၀၁၁မှာ မိသားစုတွေအနေနဲ့ ထောင်ဝင်စာပါဆယ်ပို့ခွင့်ရတယ်။ထောင်တွင်း တောင်ဆိုသူများ အခြေအနေ အတိ အကျ မသိရ သေးဆိုသည့်ဥပဒေပါအခွင့်အရေးနှင့် ဝေးကွာနေစဲအခြေအနေများသာ ကြားသိနေရပါသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများမှ အမြန်ဆုံး ဥပဒေပါအခွင့်အရေးများကို မှန်ကန်စွာ ရရှိနိင်ရန်ဆောင်ရွက်ပေးစေလိုပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

“၀လုံး” (ကျောင်းသားလူငယ်)

Thursday, May 19, 2011

အိတ်ပေါက်နဲ့ ဖားကောက်

အေးနှင်းညို

ရန်ကုန် ၊ မန္တလေးနဲ့ မြို့ကြီးတချို့မှာ ကြွပ်ကြွပ်အိတ် လို့ခေါ်တဲ့ ပလပ်စတစ်အိတ် အကြွပ်တွေ အသုံးပြုခွင့်တွေကို သက်ဆိုင်ရာ စည်ပင်သာယာဌာန ကနေ တရားဝင် အမိန့်ကြေညာစာတွေ ထုတ်ပြန်ပီး ပိတ်ပင်ထားပါတယ်။

လက်ရှိ အုပ်ချုပ်နေသူတွေရဲ့ ထုံးစံအတိုင်း ပိတ်ပင်တယ်၊ တားဆီးတယ်၊ အသုံးပြုရင် ဥပဒေအရ အရေးယူမယ် ဆိုတဲ့ စကားလုံးတွေပါတဲ့ အမိန့်တခုကိုသာ လွယ်လွယ်လေး ထုတ်ပြန်လိုက် ပါတယ်။ အမြဲတမ်းလိုလို တားမြစ်ချက်တွေ ထုတ်တိုင်း အဲဒီ အကြောင်းအရာတွေကို လွယ်လင့်တကူ သက်သက်သာသာနဲ့ ဘယ်လို ဖြေရှင်းပေးမယ် ဆိုတဲ့ နောက်ဆက်တွဲ ဖြေရှင်းချက်တွေ မတွေးတော မစဉ်းစားတတ်တာ မြန်မာနိုင်ငံက အမိန့်ထုတ်သူတွေရဲ့ ဓလေ့ လို့တောင် ပြောရမလို ဖြစ်နေပါပီ။

ကြွပ်ကြွပ်အိတ် သုံးစွဲတာက တကယ်ဘဲ အဲဒီလို အမိန့် ထုတ်လိုက်တာနဲ့ ရပ်ဆိုင်းသွားပီလား။

ရန်ကုန် နဲ့ မန္တလေးက အိမ်ရှင်မတွေနဲ့ စကားစမြည်ပြောကြည့်တော့ ရန်ကုန်က အိမ်ရှင်မ ဒေါ်ကြည်ခင်က“လက်တလော ထုတ်လိုက်တဲ့ ဥပဒေကြောင့် ဈေးတွေထဲမှာ ကြွပ်ကြွပ်အိတ် သုံးစွဲမှုတွေ သိသိသာသာ နည်းသွားတာကို တွေ့ရတယ်” လို့ ပြောပါတယ်။ ဒါပေမဲ့ တားမြစ်ချက် ဥပဒေ ထုတ်ထားတာ လအတော်အတန် ကြာပီဖြစ်တဲ့ မန္တလေးက အိမ်ရှင်မ မခင်မေ ဆီကတော့ “အခုဘဲ ဈေးကပြန်လာတာ ငါးစိမ်းသည်က ငါးကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးလိုက်သလို ပဲသည်ကလည်း အိတ်ထဲ ထဲ့ပေးလိုက်တာပါဘဲဟယ်” ဆိုတဲ့ စကားတွေ ပြန်ရခဲ့ပါတယ်။ အမိန့် ထုတ်ပြန်ထားသူတွေ သုံးစွဲစေချင်တဲ့ ပလတ်စတစ်အိတ် အပျော့ဈေးကို မေးကြည့်တော့ သုံးနေကျ ကြွပ်ကြွပ်အိတ်ဈေးထက် ၂ ဆခွဲ လောက် ဈေးကြီးနေပါတယ်။ ဥပမာ ၆x၁၂ ကြွပ်ကြွပ်အိတ် အလုံး ၅ဝ ပါ တထုပ်ကို ကျပ် ၂ဝဝ ဝန်းကျင်ပေးရပေမယ့် အဲဒီဆိုက် ပလတ်စတစ် အိတ်အပျော့ တထုပ်ကို ကျပ် ၅ဝဝ ကျော် ဈေးရှိနေပါတယ်။

ကြွပ်ကြွပ်အိတ်တွေ အသုံးများလာတာကို ပြန်ကြည့်မယ်ဆိုရင် လူနေမှုချို့တဲ့လာတာကနေ စခဲ့တယ်ပြောရင် ရနိုင်ပါတယ်။ အရင်က လက်ဖက်ရည်ဝယ်မယ်ဆိုရင် လက်ဖက်ရည်ချိုင့်လေးနဲ့၊ ဈေးသွားမယ်ဆိုရင်လည်း ဆွဲခြင်းလေး ဆွဲပီး သွားကြလာကြပါတယ်။ အဲဒီလို ရှိခဲ့တဲ့ လူနမှုကနေ အိမ်ရှိ လူကုန် အလုပ်လုပ် ၊ အလုပ်ကနေအပြန် ဈေးဝင် ဟင်းချက်စရာဝယ်ရတဲ့ လူတွေ များလာတော့ ဈေးခြင်းတောင်း နဲ့ ဈေးဝယ်သွားရမယ့် အချိန်ပါးရှား လာပါတယ်။ အဲဒီလို ဝယ်ရင်းနဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေကို အလွယ်တကူ ထည့်ဖို့ ထည့်စရာ ရှာရင်း ကြွပ်ကြွပ်အိတ်ခေတ်ကို ရောက်လာခဲ့တာပါ။

ဒါ့အပြင် ကြွပ်ကြွပ်အိတ်တွေ သုံးလာတယ် ဆိုတာက
ဈေးဝယ်သူ ဘက်က အလွယ်တကူ သယ်ယူလို့
ကောင်းတာရယ်၊ ဈေးသည်ဘက်ကလည်း အင်ဖက်၊ ငှက်ပျောဖက် ၊ ကြာဖက်တွေ ဝယ်ပီးသုံးမယ် ဆိုရင် ဈေးကြီးတယ်၊ မိုးတွင်းမှာ ဖက်ရွက်တွေက ရွှံတွေ ဗွက်တွေနဲ့ ညစ်ပတ်နေတာကြောင့် ဆေးကြော ပီးမှသာ အသုံးပြုနိုင်တယ်။ အဲဒီတော့ ဈေးသည်တွေကို အလုပ်ပိုစေတယ်။ ဒါကြောင့် ကြွပ်ကြွပ်အိတ်တွေကို ဖောဖောသီသီ အသုံးပြုလာခြင်း ဖြစ်ပါတယ်။ နောက်တချက်က ကြွပ်ကြွပ်အိတ်ဈေးက အလွန်ပေါတယ်။ ဒီလို အခြေခံအကြောင်းတရားတွေဟာ ကြွပ်ကြွပ်အိတ်တွေက ဈေးကွက်ထဲကို အလွယ်တကူ နေရာယူဖို့ စေ့ဆော်နေတာ မဟုတ်ပါလား။

သဘာဝ ပတ်ဝန်းကျင် ရှုဒေါင့်ကနေကြည့်မယ် ဆိုရင်တော့ အသုံးပြုပီးသား ကြွပ်ကြွပ်အိတ်တွေဟာ အလွယ်တကူ မြေဆွေး မဖြစ်နိုင်ဘူး။ နောက် အသေအချာ မသိမ်းဆည်းရင် ပတ်ဝန်းကျင်ကို ညစ်ပတ်စေတယ်။ ဒီဆိုးကျိုး သံသရာကို လက်ရှိကြွပ်ကြွပ်အိတ် သုံးစွဲနေသူတိုင်းလိုလို အခုချိန်မှာ ကောင်းကောင်းသိနေပါပီ။ ဒါပေမဲ့ ဘာကြောင့် အဲဒီကြွပ်ကြွပ်အိတ်တွေကို ဆက်လက် သုံးစွဲနေကြတာလဲ ဆိုတဲ့ အခြေအနေကို တားမြစ်ချက် ထုတ်တဲ့လူတွေ စဉ်းစားဖို့ ကောင်းမနေပေဘူးလား။ တားမြစ်ချက်ကို ထိရောက်ဖို့ဆိုရင် အစားထိုး အသုံးပြုပစ္စည်းတွေကို ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။

ဖွံဖြိုးပြီး နိုင်ငံတွေမှာတောင် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လုံးဝ ပပျောက်သွားသေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သုံးစွဲမှု နဲသထက် နဲလာအောင် ထပ်တလဲလဲ ပြန်လည် အသုံးပြုနိုင်တဲ့ အိတ်တွေကို ဈေးပေါပေါနဲ့ ရောင်းချပေးတယ်။
နောက်လူတိုင်း သုံးသမျှ အမှိုက်တွေကို နေ့စဉ်ရက်ဆက် လာသိမ်းတဲ့ အမှိုက်သိမ်းစနစ်နဲ့ လူထုကို မိတ်ဆက်ပေးထားခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နဲနိုင်သမျှနဲအောင် ပြုလုပ်နေကြတာပါ။

ဒီလိုနည်းလမ်းတွေကို မြို့တော်စည်ပင်သာဌာနကနေ ဆောင်ရွက်ခြင်းမရှိဘဲ အခုလည်း ရန်ကုန်မှာ ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပီး ကြွပ်ကြွပ်အိတ် သုံးစွဲမှု ရပ်ဆိုင်းရမယ်။ မရပ်ဆိုင်းရင် ကြွပ်ကြွပ်အိတ် ထုတ်လုပ်သူ နဲ့ သုံးစွဲသူတွေကို ထောင်ဒဏ်တွေ၊ ငွေဒဏ်တွေ ချမယ်ဆိုပီး သတင်းစာတွေကနေ တရားဝင် ထုတ်ပြန်ကြေညာနေပြန်ပါပြီ။ အဲဒီလို အပြစ်ပေးမယ်ဆိုတာမျိုးနဲ့ သဘာဝပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထိန်းသိမ်းလို့ရနိုင်ပါ့မလား။

ကိုယ်ထုတ်တဲ့ အမိန့်စာတည်ဖို့ဆိုတာ အဲဒီ အမိန့်ကို တည်စေတဲ့ အကြောင်းအရာတွေကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ပေးသမျှ ထုတ်ပြန်သမျှ အမိန့်တွေဟာ ပိန်းကြာဖက်ပေါ် ရေမတင် ဆိုသလိုမျိုး ဘယ်တော့မှ အရာထင်မှာ မဟုတ်ဘူးဆိုတာ သိသင့်နေပါပြီ။

Thursday, January 14, 2010

(မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး)



ဒကာ ဒကာမအပေါင်းတို့

ဦးပဉ္ဖင်းတို့၏ ကြေညာချက် အမှတ် ၁/၂၀၁၀ ကို မေတ္တာရှေ့ထား၍ ပေးပို့လိုက်ပါသည်။

မေတ္တာဖြင့်
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

Friday, May 15, 2009

အထွေထွေသပိတ်ဆင်နွဲမည်အားလုံးအသင့်ပြင်ထားကြ

ယနေ့ မြန်မာ နိုင်ငံသည် အားလုံး တက်ညီလက်ညီဖြင့် အထွေထွေ သပိတ် ဆင်နွဲရမည့် အချိန်ရောက် နေပါပြီ။ န.အ.ဖ စစ်မိစ္ဆာ များ သည် တနေ့ တချား ပိုမို ဆိုးရွား ယုတ်မာလာ ပါသည်။ ပြည်သူ လူထူကြီး တရပ်လုံး ရှိခိုး ပူဇော်ရာ ဖြစ်သော သံဃာတော် များကိုပင် စစ်ဖိ နပ်နဲ့ ကန် ကျောက်၊ ၀ါးရင်းထုတ်နဲ့ ရိုက်သတ်၊ သေနတ်နဲ့ ပစ်သတ်ကာ ယုတ်မာချင်တိုင်း ယုတ်မာနေ ကြပါသည်။ ယခုထိ သံဃာ တော် အများ အပြား န.အ.ဖ အကျဉ်းထောင် ထဲတွင် အနှိပ်စက်ခံ အညှင်းဆဲခံ နေကြရ ဆဲဖြစ်ပါသည်။

ယခုအခါ အပြစ်မရှိဘဲ ဖမ်းဆီးထား သော အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား မေလ ၃၀ရက်နေ့တွင် မဖြစ်မနေ လွတ်ရ မည်ဖြစ်သော ကြောင့် မလွှတ်ချင်သည့် အတွက်အကောက်ကြံကာ ၄င်းတို့ ယူထားသော လုံခြုံရေး မိမိမှာ တာဝန်ရှိ တာကို တခြား လွဲချကာ အကောက်ဥာဏ် ဆင်၍ ဒေါ်အောင်ဆန်း စုကြည်အား အင်းစိန် ထောင်သို့ ပို့ချင်းသည် ငါတို့ကြိုက်တာ လုပ်မည် ဘယ်သူမှ ဂရုစိုက်စရာ မလိုဟု ပြည်သူ တစ်ရပ်လုံး ကိုစော်ကားရာ စိန်ခေါ်ရာ ရောက်နေ ပါသည်။

သို့ပါ၍ ယခု န.အ.ဖ စစ်အစိုးရ၏ ရိုင်းပြစော်ကား မှုများသည် အလွန်ဆိုးရွား နေပါသောကြောင့် လာမည့် မေလ၃၀ရက်နေ့ ကိုနောက် ဆုံးထားကာ ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ အကျဉ်းသားများ အားလုံး ကိုချွင်းချက် မရှိ အမြန်ဆုံး လွှတ်ပါ။ ယခု တောင်းဆို ထား သော အချက်ကို မလိုက်နာပါက မေလ၃၁ရက် တနင်္ဂနွေနေ့မှ စတင်ကာ တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် အထွေထွေ သပိတ် ဆင်နွဲမည် အားလုံး အသင့်ပြင်ထား ကြပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့




Thursday, May 14, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်

ကြာသပတေးနေ့၊ မေလ 14 2009 14:28 - မြန်မာစံတော်ချိန်


နိုင်ငံ တော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့် မြန်မာ စစ်အစိုးရ က ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ယနေ့ တရားစွဲ ဆိုသည့်အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက် ကြောင်း ထုတ်ပြန်သည့် ကြေညာချက်ကို တင်ပြ လိုက်ပါသည်။

ကြေညာချက်ကို ဦးအုန်းကြိုင် (ဗဟို သုတေသနအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြေညာချက်။ ၈/၀၅/၀၉


ရက်စွဲ - ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပါသည်။ ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူလကနဦး စတင်ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာရေးကို အစဉ်တစိုက် ကြိုးပမ်းနေသူ ဖြစ်ပါသည်။ နိုင်ငံရေးအရ အပေးအယူပြုလုပ်သည့် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူ ဖြစ်ပါသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များက မြန်မာ နိုင်ငံ အသွင်ကူး ပြောင်းရေး လုပ်ငန်း စဉ်များတွင် သက်ဆိုင် သူများ အားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် တွေ့ဆုံ ဆွေးနွေးရေး မှတဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်ရန် အတွက် တိုက် တွန်း နှိုးဆော်လျက် ရှိပါသည်။

သို့ပါလျက် အာဏာပိုင်တို့က နေအိမ် အတွင်း ထိန်းသိမ်း ထားခြင်းမှ အပြီးအပြတ် လွတ်ရက်စေ့ ခါနီး နေသော ဒေါ်အောင်ဆန်း စုကြည် အား မည်သည့်ပြစ်မှု ကိုမျှ ကျူးလွန်ရခြင်း မရှိပါဘဲ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့် ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ နောက်ဆုံး အင်းစိန်ထောင် အတွင်းရှိ လုံးချင်း အိမ်တအိမ်၌ ထားရှိ သည်ဟု ကြား သိရပါ သည်။

ယင်းအမှုကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ပါသည်။

ထို့ကဲ့သို့ တရားစွဲဆိုခြင်းမှာ မလုပ်သင့်၊ မလုပ်ထိုက်သောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာ လိုက်သည်။

၁၄ ရက်၊ မေလ ၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ -

(ဗဟိုအလုပ်အမှုဆောင်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်