Tuesday, March 3, 2009

စစ်ဖိနပ်အောက်မှ မြန်မာရိုဘော့


RFA သတင်းပါ ရဲဘက်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသမားနှင့် အင်တာဗျူးကို နားထောင်မိသည်။ အင်တာဗျူးသူက “အခု ဘာဆက်လုပ်မလဲ ခင်ဗျ”၊ လွတ်မြောက်လာသူက - “ကျနော် မပြောတတ်ဘူး။ ခံစားချက် မဲ့နေတယ်” ဟု ဖြေ၏။

သည်စကားက တော်တော် သရုပ်ပါသည်။ ၎င်းအတွက်မှမဟုတ်၊ မြန်မာလူထု တရပ်လုံးအတွက်ပါ ပုံဖော်နေသကဲ့သို့ ရှိ၏။ လက်ရှိ မြန်မာလူထု လူတန်းစားအသီးသီး၏ အခြေအနေကို ရှင်းပြချင်သည်။ အလုပ်ခွင်ဝင် လူတန်းစားအကြောင်းကို စပြောပါမည်။ ၎င်းတို့အတွက် မိုးလင်းမှမိုးချုပ် သွားရလာရနှင့် အချိန်ကုန်ပြီး၊ လခက မလောက်၊ ထို့ကြောင့် ဘေးပေါက်က ရှာရသေးသည်။

ခြုံ၍ပြောသော် ၎င်းတို့တွင် အချိန်ပိုမရှိ။ ရလာသည့် အချိန်ပိုကလေးအတွင်း မိမိ၏ ဗာဟီရ၊ သာရေးနာရေးတို့နှင့် အချိန်ပြည့်သွားသည်။ သည်တော့ သူတို့အာရုံက အပြင်လောကနှင့် ဆက်စပ်နိုင်လောက်အောင်ပင် အချိန်မပေးနိုင်။ ခေါက်ရိုးကျိုးနေသော ဘ၀ပုံစံများ ဖြစ်သည်။ တိုင်းပြည်အတွင်း ဖြစ်ပျက်နေသည်တို့ကို အာရုံမသွင်းနိုင် ဖြစ်ရသည်။ ကိုယ်တိုင် ဘာမှဝင်မစွက်နိုင်။ စွက်နိုင်အောင်လည်း အချိန်ကမရ။ မလွှဲသာမရှောင်သာ မြင်ရကြားရသည်များကလည်း ၎င်းတို့အတွက် အားတက်စရာမရှိသည့် သတင်းဆိုးများ။ အနိုင်မခံသူတို့ကို ရက်ရက်စက်စက် နှိပ်ကွပ်သည့် သတင်းဆိုးများ၊ သည်တော့ မလုပ်၊ မရှုပ်၊ မပြုတ် မူဖြင့် ရှင်သန်နေရတော့သည်။

စစ်တပ်ကလည်း သည်လို စားဝတ်နေရေးပြဿနာ၊ အလုပ်ခွင် ပြဿနာ၊ သူတို့စစ်တပ်၏ လက်ရှိ အရေးပါ အရာရောက်သော အနေအထားတို့ကို ပေါ်လွင်အောင် လုပ်နေသော ပြကွက်များ၊ ထောင်တွင်းငရဲခန်းများ၊ ဥပဒေမဲ့ လုပ်ရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် လူထုကို မလှုပ်ရဲအောင် မြင်ပါလျက် မတို့နိုင်၊ ကြားပါလျက် မအော်နိုင်၊ သိပါလျက် မပွင့်နိုင်မအံနိုင်အောင် ဇက်ကြိုးဆွဲထားကြသည်။ ဤသည်က စစ်တပ်၏ မဟာဗျူဟာမြောက် စစ်ဆင်ရေး အခင်းအကျင်း ဦးတည်ချက် ရည်မှန်းချက် ဖြစ်တော့သည်။

ကြာတော့ သည်အလုပ်ခွင်ဝင် လူတန်းစားမှာ လူသားစင်စစ်က ခံစားချက်ကို မဖော်ပြနိုင်တော့သော စက်ရုပ်များ ဖြစ်သွားကြသည်။ ပရိယေသန ၀မ်းစာအတွက် အမောမှ မပြေနိုင်ရသည့်အထဲ စစ်တပ်၏ ဥပဒေမဲ့ရက်စက်မှုကို ထပ်ပြီး ရင်မဆိုင်ချင်တော့။ သည်တော့ သူတို့အလုပ်ခွင်ပြင်ပမှာ ဘာတွေပဲဖြစ်နေနေ အာရုံမစိုက်နိုင်တော့။ ဒီမိုကရေစီကိုတော့ အမှန်လိုချင်သည်။ သို့သော် အရင်းစိုက်ဖို့ ခွန်အားကား လက်ထဲမရှိဖြစ်နေသည်။

ကျန်အလုပ်ခွင် မ၀င်ရသေးသော ကျောင်းသားများ၊ ဘွဲ့ရအလုပ်လက်မဲ့များနှင့် အကြောင်းကြောင်းကြောင့် အလုပ်မရှိ သောလူများမှာလည်း အခြားသော အခက်အခဲများ ရှိနေသည်။ မျက်မြင်အခြေအနေများကို နားလည်သူ၊ လေ့လာသူတို့ ရှိနေသော်လည်း ၎င်းတို့မှာ ကြံစည်ခွင့်မရ၊ အားထုတ်ခွင့်မရ ဖြစ်နေသည်။ ကျောင်းသားလူငယ်များမှာမူ အနာဂတ်ကို မျှော်လင့်ချက်အပြည့်။ ထို့ကြောင့် မသေချာသော စွန့်စားမှုတို့နှင့် အင်အားမဖြုန်းတီးချင်။ အချို့သောလူငယ်များသာ ရသမျှ အခွင့်အရေးတို့ကို အသုံးချပြီး အစွမ်းရှိသလောက် ပုံဖော်ကြသည်။ သို့သော် သူတို့ ရင်ဆိုင်သွားသည်က ထောင်နှင့် နှိပ်စက်မှု၊ ဥပဒေမဲ့ စီရင်မှုတို့ ဖြစ်သည်။

ပြီးတော့ လူတွေကလည်း အရောင်အမျိုးမျိုးဆိုတော့ အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်ဖို့ ခက်လာသည်။ တလောက အင်တာနက်ဝန်ဆောင်မှု လုပ်ကိုင်နေသော ကျောင်းသားတဦးနှင့် စကားပြောရသည်။

သူက “ကျနော် တကယ်ယုံကြည်ပါတယ်၊ စိတ်ဓာတ်လည်း ရှိပါတယ်၊ ဒါပေမဲ့ ဘယ်သူနဲ့ ဘယ်လိုပူးပေါင်းရမယ် ဆိုတာကိုတော့ ဘယ်လိုမှ စဉ်းစားမရဘူး၊ ကိုယ်ဖွင့်ပြောနိုင်မယ့် လူကို မတွေ့နိုင်ဘူးဖြစ်နေတယ်။ ဒီမှာကလည်း သတင်းအမျိုးမျိုးတွေနဲ့ဆိုတော့ ဘယ်သူ့ကို ဘယ်လို ယုံကြည်နိုင်ရမလဲ”။ မှန်ပါသည်။ တယောက်နှင့်တယောက် စိတ်မချရအောင် ဖန်တီးထားသော စစ်တပ်၏ မဟာဗျူဟာမြောက် စိတ်ဓာတ်စစ်ဆင်ရေး၊ ပြီးတော့ လူထုအတွက်က ကျောထောက်နောက်ခံ အားကိုးလောက်သည့် ဥပဒေနှင့် လူ့အခွင့်အရေးကမရှိ။ သည်တော့ ကိုယ့်နောက်မှာ ဆုတ်ခံခံပြီး အားပြုရမည့် ခံတပ်မရှိ။

နောက် အလုပ်ခွင်ဝင်ကာစ ဘွဲ့ရ အမျိုးသမီးငယ်တဦးက “စိတ်ရှိတာပေါ့ဦးရာ။ ဒါပေမဲ့ တပတ်မှာက တရက်ပဲ နားရတာ။ နားတဲ့ရက်မှာ ရှေ့လာမယ့် တပတ်စာအတွက် အ၀တ်လျှော်၊ မီးပူတိုက်၊ ပြီးတာနဲ့ ကိုယ့်ဘ၀ တက်လမ်းအတွက် မျက်စိဖွင့် နားစွင့်ရသေးတော့ ဒီဘက်ကို အာရုံမစိုက်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ သမီးယုံတာက တကယ်ဖြစ်လာရင်တော့ ဘယ်သူမှ မနေပါဘူး။ အခုဟာက စားဝတ်နေရေး တခုတည်းကြောင့် မဟုတ်ဘူး။ အင်အားစုနိုင်လောက်အောင်ကို အချိန်မရတာ မပေးနိုင်တာဖြစ်နေတယ်” ဟု ဆိုသည်။ မှန်ပါသည်။

လူထုက ဖြစ်လာလျှင်တော့ လက်ပိုက်ကြည့်နေမည်မဟုတ် သို့သော် လက်ရှိအနေအထားတွင်မူ ခံစားချက်မဲ့နေသည်က ကျောပူရင်ပူစိတ်ပူရသော ဘ၀မျိုးတွင် ရှင်သန်နိုင်ဖို့ ပိုပြီး အခွင့်အရေး ရှိနိုင်သည်။

နောက်တမျိုးက ပုဂ္ဂလိက လုပ်ငန်းသမားများ (ကွမ်းယာဆိုင်၊ အရက်ဆိုင်၊ အကြော်ဆိုင်ကအစ အရင်းအနှီးကြီးမားသော လုပ်ငန်းမျိုးစုံအထိ) မှာလည်း စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် အသက်မွေးဝမ်းကျောင်း နေရသည်မို့ အလုပ်ကို အထိခိုက်မခံနိုင်၊ ပတ်သက်မိလျှင် စစ်တပ်က ဥပဒေကို လိုက်နာသည့် အဖွဲ့အစည်းမဟုတ်။

တလောက စည်ပင်မှ အမျိုးသမီးအရာရှိတဦးနှင့် ပြောသည်။ သူ့ပိုင်နက်ထဲက မြေယာပြဿနာများ၊ အဆောက်အဦး ပြဿနာများတွင် NLD အဖွဲ့ဝင်များနှင့် အခြားမည်သူမဆို နှစ်ဖက်ပြဿနာဖြစ်ပါက NLD ကို အနိုင်မပေးရဟု အထက်က မှာထားသည်ဆို၏။ သည်တော့ ကျနော်က “မှန်မှန်မှားမှားပေါ့” ဟု မေးမိသည်။ သူက NLD ဆိုရင် ပညာပေးရမယ်လို့ကို မှာထားတယ်” ဟူ၏။

သည်လို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင်လည်း စစ်တပ်က အရက်ဆိုင်၊ ကွမ်းယာဆိုင်မှအစ ကုမ္ဗဏီကြီးများအထိ မလှုပ်နိုင်အောင် ချုပ်ကိုင်ထားသည်။ ပြည်တွင်းမှာက ဥပဒေပြင်ပက အသက်မွေးဝမ်းကျောင်းများကလည်း ခိုင်ခိုင်မာမာ ရှိနေကြသည်ဆိုတော့ ၎င်းလုပ်ငန်းရှင်တို့မှာ စစ်တပ်က ငြူစူမည့် မည်သည့်အလုပ်မှ လုပ်၍မဖြစ်။ လိုင်စင်မဲ့အရက်ဆိုင်၊ လောင်းကစားများ၊ ပြည့်တန်ဆာ လုပ်ငန်းများမှအစ တရားမ၀င် လုပ်ငန်းပေါင်းများစွာနှင့် ပတ်သက်နေသော သူများနှင့် ၎င်းတို့၏ မိသားစုများပါ တနွယ်ငင်တစင်ပါဖြစ်ပြီး မိသားစုထိခိုက်နိုင်သည့် စစ်တပ်ငြိုငြင်မည့် လှုပ်ရှားမှုများကို မလုပ်သာတော့။ ၎င်းတို့လည်း ခံစားမှုကို မပြရဲတော့သော ရိုဘော့များ ဖြစ်လာတော့သည်။

ယခုတော့ သည်လိုစီးပွားရေးနယ်ပယ်သာ မဟုတ်တော့။ ခံစားမှုနှင့် ဖန်တီးရသော အနုပညာနယ်ပယ်တွင်ပါ ၀င်ရောက်စွက်ဖက်လာလေပြီ။ စာပေ၊ ရုပ်ရှင်၊ ဂီတ အစရှိသော နယ်ပယ်အသီးသီးတွင်လည်း နားလည်နိုင်ဖို့ မလွယ်ကူသည့် ကန့်သတ်ချက်များကို အာဏာသုံး၍ ပြဋ္ဌာန်းနေသည်။ စာပေ၊ စာနယ်ဇင်းနယ်ပယ်တွင်မူ စစ်တပ်၏ ၀ါဒဖြန့်ဖို့အတွက် သက်သက်မျှလောက်သာ ဖွင့်ပေးထားပြီး ဖြစ်သည်ကို ယနေ့ခေတ် စာစောင်များက သက်သေပြနေလေသည်။ အခုရုပ်ရှင်တွင်လည်း ၎င်းတို့ မြင်စေချင်သည့် မြင်ခွင့်ပြုသည့် အရုပ်အသံမှတပါး ကြည့်ခွင့်မရနိုင်တော့။ သူတို့ကန့်သတ်ချက်ကလည်း သာမန်အတွေးဖြင့် ကြည့်လျှင်ပင် လက်ခံနိုင်ဖွယ်မရှိ။

ဇာတ်လမ်းတွင် လူဆိုးက ရဲကို မနိုင်ရ၊ မထိုးရ၊ ဇာတ်လမ်းတွင် ရဲသည် မသောက်မစားရ၊ အဂတိမလိုက်စားရ၊ လာဘ်မယူရ (အပြင်က ရဲနှင့်တော့ ကွာပါ့၊ တစက်ကလေးမှမတူ) အခုလည်း ဆင်းရဲသားခန်း မရိုက်ရဆိုသည်။ ဤသို့ဆိုလျှင် လှုပ်ရှားသက်ဝင် မြန်မာ့ရုပ်ရှင်သည် မြန်မာ့ရုပ်သေ ဖြစ်သွားနိုင်သည်။ သဘာဝကျဖို့အသာထား၊ ဇာတ်ကွက်ဆင်ဖို့အသာထား ဇာတ်လမ်းကျောရိုးပင် ဖန်တီးဖို့ခက်သွားသည်။ ပြဿနာက စစ်တပ်ကို ကလန်ကဆန် လုပ်မိလျှင် အနုပညာမြင်ကွင်းမှ ပျောက်သွားနိုင်သည်။ သည်တော့ ၀ါသနာကိုမှ လုပ်ခွင့်မရ၊ ဖန်တီးခွင့်မရလျှင် မရှင်သန်နိုင်သော အနုပညာသည်များမှာ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဖန်တီးခွင့် အဆုံးရှုံးခံပြီး စစ်တပ်၏ အာဘော်ကိုသာ ဖော်ကျူးနေရချင်းဖြင့် အာသာဖြေနေရတော့သည်။

ဟိုတလောက ရုပ်ရှင်ဒါရိုက်တာ လုပ်နေသော ကျောင်းသားခေါင်းဆောင်ဟောင်း တဦးနှင့် စကားပြောရသည်။ သူက “ကိုယ်တယောက်တည်း မဟုတ်ဘူး။ နောက်က မိသားစုကော၊ ကိုယ့်ကိုထမင်းကျွေးနေတဲ့ ထုတ်လုပ်သူရော၊ ကိုယ့်တပည့်တွေ မင်းသားမင်းသမီးတွေ ကျန်တဲ့ သရုပ်ဆောင်တွေအတွက်ပါ ထည့်စဉ်းစားနေရတာ။ ပြန်ပြီး ခံစားချက်နဲ့ ခံယူချက်နဲ့သွားလုပ်လိုက် ရင်အကုန်လုံးထိမှာ“ ဆို၏။

သူက ဆက်လက်ပြီး “ရုပ်ရှင်၊ ဗီဒီယိုဆိုပြီး လှုပ်လှုပ်ရှားရှား ရိုက်နေရတယ် မထင်ပါနဲ့။ အကုန်လုံးက အသေကြီးတွေချည်းပဲ လုပ်နေရတာ။ အသက်သွင်းဖို့ အသာထား၊ အရုပ်သေတွေတောင် ပိတ်ကားပေါ်က မပျောက်အောင် မနည်းလုပ်နေရတာ“ ဟု ဆို၏။

မြန်မာ့ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတို့သည်လည်း အသက်မ၀င်နိုင်တော့သော ရိုဘော့များ ဖြစ်ကုန်ကြလေပြီ။

သည်တော့ မြန်မာ့ရုပ်ရှင်မှာ ဘယ်သို့ ခရီးဆက်မည်နည်း။ မြန်မာ့ရုပ်သေဘ၀ကြီးဖြင့် ဘယ်ထိ စခန်းသွားရမည်နည်း။

စာပေကိုတော့ အထူးမပြောတော့ပါ။ ဤဆောင်းပါးကိုပင် ပြည်ပသို့ တင်ပို့နေရသည်ကို ကြည့်ပါတော့။ အမှန်မှာက ပြည်တွင်းက လူတွေအကြောင်း ရေးထားသည်ကို ပြည်တွင်းကလူတွေ ဖတ်ခွင့်မရအောင် ဖြစ်နေသော အခြေအနေ၊ သတင်း လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ဆိုသည်တို့ကိုမူ အကျယ် မဖွင့်ဆိုလိုတော့ပြီ။ ဤစာတွေကို မြန်မာပြည်သားတွေ လွတ်လွတ်လပ်လပ် ဖတ်ရှုနိုင်ခွင့်ရမည့်နေ့၊ ရမည့်အချိန်ထိ အသက်ရှင်ဖို့က မသေချာ။ ကိုယ်ကိုယ်တိုင်ကလည်း ဒီထဲမှာ ရိုဘော့ စက်ရုပ်တရုပ်ပင်။ အင်တာဗျူးခံရသည့် လွတ်မြောက်အကျဉ်းသားလိုပင် ခံစားချက်မဲ့နေသည်။

သည်တော့ သည်ကရိုဘော့တွေ ဘာဆက်လုပ်ကြမည်နည်း။ မပြောရ၊ မကြည့်ရ၊ မလုပ်ရ၊ မတွေးရ၊ မခံစားရ၊ သည်လောက်အထိ ဖိလာကြသည်။ ဤသည်တို့ကို “ကံတရားဟု” “ဖန်ဆင်းရှင်အလိုကျဟု” လက်ခံကြမည်လော။

မိမိကိုယ်တိုင် မိမိကံကြမ္မာကို ဖန်တီးခွင့်ရှိကြောင်း ယုံကြည်ကြပါသလော။ ထို့အတွက် အားထုတ်ကြပါသလော။

ထိုင်ရင်း၊ အိပ်ရင်း၊ လဲလျောင်းရင်းဖြင့် မိုးပေါ်က ကျလာမည့် ဒီမိုကရေစီကို အိပ်မက်ထဲတွင် အသက်သွင်းကြမည်လော။

မနက်ဖြန်၏ လွတ်လပ်ရေးအတွက် ယခုကစ၍ ငရဲလမ်းကို ရင်ဆိုင် ဖြတ်သန်းကြမည်လော။

Freedom from fear!
ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ကြပါကုန်။

'လူ့အခွင့်အရေး'' တောင်းသူ တိုက်ပိတ်ခံရ (အင်တာဗျူး)

ဖနိဒါ

ချင်းမိုင်(မဇ္ဈိမ)။ ။ ''လူ့အခွင့်အရေး ရရှိရေး - ဒို့အရေး'' ဆိုပြီး အင်းစိန် ထောင်ထဲတွင် အော်ဟစ်ကြွေးကြော်သဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်စည်း ဦးတင်ယုသည် အင်းစိန်ထောင်ထဲ၌ ဆက်လက်၍ တရားစွဲဆိုခံနေရသည်။

ပြစ်ဒဏ် ၇ နှစ် ကျခံနေရသည့် အသက် ၅၂ နှစ်အရွယ် သူ့အား ယခုလို ကြွေးကြော်သဖြင့် ထောင်အာဏာပိုင်များက တိုက်ပိတ်ထား သည်မှာလည်း ၃ ခန့် ကြာမြင့်နေပြီဖြစ်သည်။

သူက ၂ဝဝ၇ ခုနှစ် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲသို့ သွားသဖြင့် ၄၃ ရက်ကြာ စစ်ကြောထိန်းသိမ်းခံရာမှ ပြန်လွတ်လာခဲ့သည်။

ထို့နောက် သြဂုတ်လ ၂၈ ရက်နေ့တွင် အာဏာပိုင်များက လာရောက်ဖမ်းဆီးကာ၊ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေး မကောင်းသည့်အပြင် တိုက်ပိတ်ခံနေရသဖြင့် မိသားစု စိုးရိမ်သောက ဖြစ်နေကြရသည်။

အခြေအနေ အသေးစိတ်ကို မဇ္ဈိမသတင်းထောက် ဖနိဒါက ဦးတင်ယု၏ သမီးဖြစ်သူ မသင်းသင်းယုကို ဆက်သွယ်မေးမြန်းထားပါသည်။


ဦးတင်ယု တိုက်ပိတ်ခံရတယ်လို့ ကြားတယ်၊ အဲဒါ ဟုတ်ပါသလားရှင်။

ဟုတ်ပါတယ်၊ ကြာပြီ။ သူတို့ကို နောက်ပိတ်ဆုံး အမိန့်ချမယ့် နေ့ပေါ့။ ၁၃ ရက် ၁၁ လ ၂ဝဝ၈ ခုနှစ်ကနေ ပိတ်တာ။ အခုထိ ပိတ်ထားရတယ်။ နောက်တော့လည်း တနေကုန်မှ လမ်းလျှောက်ခွင့် ၄၅ မိနစ်ပဲ ပေးတယ်။ ကျန်းမာရေး မကောင်းဘူး။ အခုလည်း တိုက်ပိတ်တုန်း။

ဘာကြောင့်မလို့ တိုက်ပိတ်တယ်ဆိုတာ ပြောပြပါလားရှင်။

ဘာဖြစ်လို့လဲဆိုတော့ အဖေတို့ တိုက်ကနေ အင်းစိန်ထောင်ထဲမှာပဲ ရုံးထုတ်တာပေါ့နော်။ အဲဒါကို သူတို့ ၁ဝ ယောက်ထဲက ၃ ယောက် ကိုရန်နိုင်ထွန်း၊ အောင်မင်းနိုင် ခေါ် မီးသွေး၊ မျိုးကျော်ဇင်တို့က ထောင်ထဲမှာပဲ ထုတ်တာ။ ''ခြေချင်း မခတ်ပါနဲ့'' လို့ ပြောတာကို ထောင်ထဲက အရာရှိ တယောက်က ''မခတ်လို့ မဖြစ်ဘူး၊ ခတ်ရမယ်'' ဆိုပြီး အတင်းအဓမ္မ ရုံးထုတ်လိုက်တယ်။ အဲဒီမှာ အဖေက ''လူ့အခွင့်အရေး ရရှိရေး - ဒို့အရေး'' ဆိုပြီး ထအော်တယ်တဲ့။ ရုံးထုတ်ပြီး ပြန်လာတဲ့အချိန်မှာ တိုက်ပိတ်လိုက်တာတဲ့။

တိုက်ပိတ်ခံရတယ်ဆိုတာကို အမတို့က ဘယ်လို သိခဲ့ရသလဲရှင်။

အမတို့က ထောင်ဝင်စာ သွားတွေ့လို့ ရတယ်။ ရုံးမထုတ်ခင်မှာတော့ တပတ်တခါ သွားတွေ့တယ်။ တပတ်တခါ တွေ့တယ်။ အရင် တပတ် စနေနေ့က သွားတွေ့ခဲ့တယ်။

တိုက်ပိတ်ခံရတာက ဘယ်နှစ်ယောက်လဲ။ သူတို့ ၁၁ ယောက် တဖွဲ့လုံးလားရှင့်။

သူတို့အဖွဲ့ ၁၁ ယောက်ကနေ မိန်းကလေးတယောက်ကိုတော့ မြင်းခြံထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်။

ဦးလေးကို ဘယ်နှနှစ် ထောင်ချခဲ့ပြီး၊ ဘယ်လို အမှုတွေနဲ့ တရား ထပ်စွဲသေးလဲရှင့်။

အဖေက ''လူ့အခွင့်အရေး ရရှိရေး ဒို့အရေး'' ဆိုပြီးတော့ အော်တယ်ဆိုပြီး အခု အဲဒီလို အော်တဲ့အမှုကို ကျမ အဖေကို အမှု ထပ်စွဲလိုက်တယ်။ ဟိုတပတ်က အင်းစိန် ခရိုင်ရုံးကို ရုံးထုတ်မယ်၊ ရုံးထုတ်တယ်ပေါ့။ ပထမစွဲထားတဲ့ အမှုက ၇ နှစ်ခွဲ ကျပြီးပြီ။ အမတို့ အသိတယောက်က ဖုန်းဆက်လာတယ်။ အဖေ့ကို ရုံးထုတ်မယ်လို့ ပြောတယ်ပေါ့။ ကျမ သွားလိုက်တော့ ကျမ အဖေကို ပြန်သွင်းလိုက်တယ်လေ။ အခု မတ် ၃ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်တယ်တဲ့။ ဘာပုဒ်မလဲ ဆိုတာတော့ ကျမ မသိသေးဘူး။ ပထမ ပြောထားတာက ဝတ္တတရား နှောင့်ယှက်မှုနဲ့ စွဲထားတယ်လို့တော့ ပြောတယ်လေ။ ရုံးထုတ်တာတောင် ကျမတို့ကို ပြောတာ မဟုတ်ဘူး။

နှိပ်စက်ခံနေရတယ်လို့ ပြောတာ ကြားရတယ်။ အဲဒါ ဟုတ်ပါသလားရှင်။

နှိပ်စက်ခံရတယ် ဆိုတာကတော့ တိုက်ပိတ်ထားတယ်။ တနေကုန်မှ ၄၅ မိနစ်ပဲ လမ်းလျှောက်ခွင့် ရတယ်။ တိုက်ပိတ်တယ်ဆိုတော့ တိုက်က အေးတယ်။ သမံတလင်းနဲ့ နေရတယ်ဆိုတော့ ကျန်းမာရေး မကောင်းဘူး။

ထောင်ဝင်စာရော ပုံမှန်တွေ့ခွင့်ရလား။ ပြီးတော့ ဘယ်လိုပုံနဲ့ တွေ့ရလဲ။ ဘယ်လောက်ကြာကြာ စကားပြောခွင့် ရလဲ။

အဖေနဲ့က နာရီဝက်ပေါ့နော်။ တခါတလေ မိနစ် ၂ဝ တွေ့လို့ ရတယ်။ အဖေ ပြောတယ်။ ''သမီး ပိုက်ဆံ မရှိတော့ဘူး'' တဲ့။ ကျမ စုထားတဲ့ ပိုက်ဆံ ၃ သောင်း ပေးထားတာ။ ''ဘာလို့ ကုန်တာလဲ'' လို့ မေးလိုက်တော့ ''အဖေ့မျက်လုံးကို အပြင်ဆေးခန်း ပြရတယ်'' တဲ့။ ''အဖေ့ပိုက်ဆံပဲ သုံးရတယ်၊ အခု ၂ ထောင်ပဲ ကျန်တော့တယ်'' လို့ ပြောတယ်လေ။ ''ကျမ ဒီတပတ်တော့ မပါခဲ့ဘူး။ နောက်တပတ်မှ ပေးမယ်'' လို့ ပြောတယ်လေ။ နက်ဖြန်ဆိုရင် ထောင်ဝင်စာ သွားတွေ့ရင်း ပိုက်ဆံ သွားပို့ရမယ်။

အဖေက ဘာဖြစ်လို့ ဖမ်းခံရတာလဲ။ ဘယ်ပုဒ်မတွေနဲ့ ထောင်ချခဲ့တာလဲ။

၂ဝဝ၇ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရယ်၊ အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲတက်ဖို့ လှိုင်သာယာက အထက ၃ ကျောင်း ရှေ့ကနေပြီးတော့ သူ့ဘာသာသူ အေးဆေး ပုတီးကိုင်ပြီးတော့ အေးအေးဆေးဆေး လမ်းလျှောက်တယ်။ ပြီးတော့ တံတားဖြူ မှတ်တိုင်ကြားမှာ အဖေ့ကို ဖမ်းလိုက်တယ်။ သူတို့ ရဲတွေက အကြမ်းဖက်ပြီးတော့ ဆွဲသွားတယ်။ အဲဒီတုန်းက အဖေက ကျောက်တန်း တပ်ရင်း ၇ မှာ ၄၃ ရက် နေခဲ့ရတာပေါ့နော်။ ၆ လပိုင်း သတင်းစာထဲမှာတောင် အတိအလင်း ကြေညာပါတယ်။

အဲဒီကိစ္စနဲ့ ၂ဝဝ၈ ခုနှစ် ၈ လပိုင်း ၂၈ ရက်နေ့ ညဘက် တနာရီကျော်၊ ၂ နာရီလောက်မှ လာဆွဲတယ်။ ''အထက်က ခိုင်းလို့ မနှစ်က ကိစ္စကို တရားစွဲခိုင်းလို့ ကျနော်တို့ လာခေါ်တာပါ'' တဲ့။ အဖေက ပြန်ပြောလိုက်တယ်၊ ''ကျောက်တန်း တပ်ရင်း ၇ မှာ ၄၃ ရက် နေခဲ့ရပါတယ်။ သတင်းစာမှာလည်း တရားဝင် လွတ်ပါတယ်''။ ''မှန်ပါတယ် အထက်က ခိုင်းလို့ လာခေါ်တာပါ'' လို့ ပြောတယ်လေ။ နောက်နေ့ မနက် ၁ဝ နာရီကျတော့ အဖေ့ကို တရားရုံးပေါ်တင်ပြီးတော့ တရားစွဲလိုက်တယ်။

ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။

ကျန်းမာရေး မကောင်းဘူး။ အရင်က အရိုက်ခံရတယ်လေ။ မျက်လုံးတဖက်နဲ့ ကိုယ်လက်တခြမ်း ကိုက်ခဲပြီးတော့ ထုံကျဉ်နေတယ်လို့ ပြောတယ်လေ။ အဲဒီ အရိုက်ခံရတဲ့ မျက်လုံးဒဏ်ကြောင့် ကျီးပေါင်းက ဖြစ်နေတာ။ အခုခွဲထုတ်လို့လည်း မရတော့ဘူး။ ခြစ်ထုတ်လို့လည်း မရတော့ဘူးတဲ့လေ။ အရွတ် သွယ်သွားတယ်လို့ ဆရာဝန်က ပြောတယ်လေ။ တနေ့က လူကြုံနဲ့ မှာလိုက်တယ်။ ဆေးဝါးဝယ်ခဲ့ဖို့ မှာလိုက်တယ်။ အဖေက လေရောဂါလည်း ရှိတယ်။ သွေးတိုးရောဂါလည်း ရှိတယ်။ ကျီးပေါင်းပါ တက်လာတယ်။

အဖေက မနှစ်က ၄ လပိုင်း ၄ ရက်နေ့မှာ ဘယ်သူမှန်း မသိတဲ့လူတွေက ခေါင်းမှာ ရိုက်တာ။ တံတားဖြူမှတ်တိုင်မှာလေ။ အဲဒီမှာ ချောင်းရိုက်ခံရတာ။ ကျမအဖေ ခေါင်းက ၂၃ ချက် ချုပ်ရတယ်။ အဲဒီဒဏ်ကြောင့် မျက်စိထိသွားတာလေ။

အမအနေနဲ့ အဖေကို တိုက်ပိတ်ထားတဲ့အပေါ် ဘာများ ပြောချင်ပါသလဲ။

ကျမက အဖေအတွက် စိတ်မကောင်းဘူး။ ကျန်းမာရေးအတွက် မကောင်းဘူး။ လေရောဂါ၊ သွေးတိုး၊ ကျီးပေါင်းရောဂါတွေ ရှိတယ်ဆိုတော့ ထောင်ဝင်စာ တပတ်တကြိမ် တွေ့တာ။ အမေ့မျက်နှာကို ကြည့်ပြီးတော့ စိတ်မကောင်းဘူး။

မနေ့က ကျမအမေက သထုံထောင်ကနေ ပြန်လာတယ်လေ။ ကျမ အကိုကို သွားတွေ့တယ်။ ကိုသန်းဇော်မြင့်ပေါ့နော်။ ခါးမကောင်းဘူး ပြောတယ်။ ခါးနာနေတယ်တဲ့။ အဖေရော၊ သားရောဆိုတော့ တနေ့ တနေ့ စိတ်မကောင်းပြီးတော့ နေမကောင်း ဖြစ်နေတယ်လေ။ အကိုတော့ ၁၄၃၊ ၁၄၅၊ ၁၅၂ နဲ့ စွဲပြီး ၉ နှစ်ခွဲ ချထားတယ်လေ။ သူ တနှစ်ပြည့်တဲ့နေ့ အဖေ့ကို လာခေါ်သွားတာ။ ၂ဝဝ၇ ၂၈ ရက် ၈ လပိုင်း ဖမ်းသွားတာ။ ဘုန်းကြီး အရေးအခင်းတုန်းကလေ။ တလအကြိုမှာ ဖမ်းသွားတာ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Mar,3rd,2009

( 42 )Family list and economic information collected in preparation for 2010 election

( 41 )Mon bilingual education program in Thailand featured at SEAMEO meeting

( 40 )Government auction goes poorly as buyers mistrust army-issued licenses

( 39 )Farmers forget Farmers Day

( 38 )The Death of Justice for Rohingyas

( 37 )Eight Burmese families flee to Bangladesh to escape persecution

( 36 )သံဃာ့ နာယက အဖွဲ့ကို ပီနန်ဆရာတော်ကြီး ဝေဖန်

( 35 )Two activists sentenced to 5 and 8 years

( 34 )နာဂစ်ဒုက္ခသည်များ သောက်သုံးရေ အရေးပေါ် လိုအပ်

( 33 )ထိုင်း-မြန်မာ နယ်စပ် ကျောင်းများ ရံပုံငွေ ပြတ်လပ်မှု ရင်ဆိုင်နေရ

( 32 )Chinese Traders Scooping Up Mandalay Gems, Precious Stones

( 31 )မြန်မာ့ကျောက်စိမ်းကို တရုတ်ကုန်သည်များက အောက်ဈေးပေး ၀ယ်ယူ

( 30 )တောင်သူများ၏ အခက်အခဲများ လျစ်လျူရှုခံရ

( 29 )CPB Urges Search for Moderates within the Tatmadaw

( 28 )Troops Closing In on Shan Drug Lord

( 27 )Junta authorities collect extra tax from stevedores

( 26 )လောပိတ-တောင်ငူ မဟာဓါတ်အားလိုင်းအား ယခုနှစ်အတွင်းဖောက်ခွဲမှုမရှိ

( 25 )Northern commander amasses wealth fleecing drug smugglers

( 24 )ကြက်အသေနှုန်း များပြားသည့်သတင်းကို အာဏာပိုင်များက ပိတ်ပင်ထား

( 23 )Drug-producing machine to be smuggled into Burma seized by Thai Army

( 22 )ဆေးတပ်နှင့် သစ်တော ရန်ပွဲဖြင့် အဆုံးသတ်

( 21 )မြန်မာငွေတန်ဖိုးမြင့်ထိုင်း-မြန်မာနယ်စပ်ဖြတ်ခ တိုးကောက်

( 20 )People Forced to Transport Army Rations

( 19 )လှေစီးပြီး အလုပ်ရှာဖွေရန် မလေးရှားသို့ သွားသူ ဘင်္ဂလီ ၄၉ ဦးကို အိန္ဒိယမှ ဘင်္ဂလာဒေခ်ျ့သို့ လွဲပြောင်း

( 18 )Burma-Bangladesh Border Reopens After Three-Day Closure

( 17 )မြန်ပြည်ထဲသွင်းမည့် စိတ်ကြွဆေးထုတ်စက် ထိုင်းမှာ ဖမ်းမိ

( 16 )Independent candidates establish network to contest 2010 elections

( 15 )More hi-tech gimmicks for the Army

( 14 )တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ရည်ရွယ်သူများ ကွန်ယက်ဖွဲ့

( 13 )ရန်ကုန်လက်ဝှေ့ပွဲ ဆူပူမှုဖြစ် ပြိုင်ပွဲမီးမှောင်ချပြီး ၀န်ကြီးကို ကာကွယ်ပေးရ

( 12 )Myanmar to allow refugees

( 11 )မျိုးဆက်သစ် လူငယ်များ အစည်းအရုံးဝင် ၂ ဦးကို ထောင်ချ

( 10 )ညစောင့် ကင်းသမားတွေ အိပ်ရေးပျက်လို့ လူကိုရိုက်

( 9 )အာဆီယံ ရည်မှန်းချက် လူ့အခွင့်အရေးဘောင်ကို မကျော်နိုင်သေး

( 8 )Wean Burma off drugs

( 7 )An Awakened Asean, An Awakening People

( 6 )မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အချိန်အခါကောင်းကို လက်လွတ်မခံဖို့ အာဆီယံအတွင်းရေးမှူးချုပ် တိုက်တွန်း

( 5 )Burmese Anna Lindh-Prize Recipient Barred from ASEAN Summit

( 4 )The Death of Justice for Rohingyas

( 3 )နာဂစ်မုန်တိုင်းသင့်ဒေသ လယ်သမားများ နာလန်မထူနိုင်သေး

( 2 )Colonel Tom Carew

( 1 )Burmese challenge minister over name

Monday, March 2, 2009

အပစ်ခတ်ရပ်ဒေသများအတွင်း မှတ်ပုံတင် ထုတ်ပေး

သတင်းနှင့်မီဒီယာ ကွန်ယက် မတ်လ (၂) ရက်၊ ၂၀၀၉ ခုနှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ အပစ်ခတ်ရပ်အဖွဲ့ ဒေသများတွင် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ယာယီသက်သေခံလက်မှတ် များအား သိမ်းယူပြီး နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ထုတ်ပေးနေသည်။

လူထုဆန္ဒခံယူပွဲ မဲထည့်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်၊ မေလအတွင်းက နေ့ချင်းပြီး ထုတ်ထားပေးသည့် အဖြူ ရောင် ယာယီ သက်သေ ခံလက်မှတ်များကို သိမ်းယူနေကာ ပန်းရောင် နိုင်ငံသား စိစစ်ရေးကဒ်များ ထုတ်ပေး ဖို့လုပ်နေသည့်အကြောင်း ရှမ်းပြည်အရှေ့ ပိုင်း၊ အထူးဒေသ(၄)၊ မိုင်းလား ဒေသခံတဦးက ပြောသည်။

“ ပြီးခဲ့တဲ့(၂၆)ရက်နေ့ကတည်းက အရင်ထုတ်ထားပေးတဲ့ဟာတွေ ပြန်ယူသွားတယ်။ မှတ်ပုံတင် ထုတ်ပေးမှာလို့ ပြောတယ်။ ချက်ချင်းမရဘူး။ ရက်ပိုင်းအတွင်းရမှာလို့ ပြောတယ်။ ကျိုင်းတုံက လ၀ကတွေ ရောက်နေတယ်။ သူတို့တွေ လုပ်ပေးနေတာ။ ”

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ လိုင်ဇာမြို့တွင်လည်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ၀န်ထမ်း(၁၀)ဦး ကျော်ရောက်ရှိနေပြီး ကေအိုင်အို တပ်ဖွဲ့ဝင်များနှင့်ပူးတွဲပြီး လိုင်ဇာခန်းမတွင် မှတ်ပုံတင် လှဲလှယ်ထုတ်ပေးဖို့ ပြုလုပ်နေကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။

“ တလလောက် ဒီမှာထိုင်ပြီး လုပ်မယ်လို့ပြောတယ်။ ဒီအနီးနားက ရွာတွေကလည်း ဒီမှာ လာလုပ်ဖို့ ရှိတယ်။ အခုက အရင် ယာယီအဖြူကဒ်တွေ သူတို့ဆီ ပြန်အပ်ရတယ်။ အဖိုး၊အဖွား၊ မိဘနာမည် တွေ ၊ မှတ်ပုံတင်နံပတ်တွေ၊ ပုံစံ(၁၀)အချက်အလက်ကို ပေးရတယ်။ အရင် ယာယီကဒ်တွေ ပေးတုန်း က တော့ ခဏဘဲ။ သိပ်မလိုဘူး။ အခုက အရပ်အမြင့်တို့၊ သွေးအမျိုးအစားတို့ အဲဒါတွေ ပိုလာတယ်။ ”

ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသဖြစ်သည့် လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်နှင့် (၀)ဒေသတို့တွင် အလားတူ မှတ်ပုံတင်များထုတ်ပေးနေသည်ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ အသစ်ထုတ်ပေးနေခြင်းသည် လာမည့် ၂၀၁၀တွင် ကျင်းပ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်နေသည်။

ဝန်ကြီးဌာနများမှ အကြီးအကဲများအားကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အရွေးခံဖို့လျာထား

NEJ /၂ မတ် ၂၀၀၉

ဝန်ကြီးဌာနပေါင်းစုံမှ ပင်စင်ယူကာနီး ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များအား ကြံ့ဖွံ့ပါတီ အတွက် လွှတ်တော်ကိုယ်စားလှယ် အရွေးခံရန် လျာထားပြီး ဖြစ်သည့်အတွက် ၄င်းတို့၏ သက်ဆိုင်ရာ ဇာတိမြေ၊ မြို့နယ်များသို့ စည်းရုံးရေး ဆင်းခိုင်းနေပြီ ဖြစ်သည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ပင်စင်ယူတော့မည့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များအား ၂၀၁၀ ရွေးကောက်ပွဲအတွက် မည်သည့်မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရမည်ဆိုသည်ကို သတ်မှတ်ထားပြီး ဖြစ်ကြောင်း ၀န်ကြီးဌာန အကြီးအကဲတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ရွေးကောက်ပွဲ ဥပဒေ မထုတ်ပြန်သေးသဖြင့် ကြံ့ဖွံ့ပါတီကို တရားဝင် နိုင်ငံရေးပါတီ ပြောင်းကြောင်း မကြေငြာသေးသော်လည်း ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေး လုပ်ငန်းများကိုမူ သက်ဆိုင်ရာ ၀န်ကြီးများက တိုင်းအလိုက် စည်းရုံးရေး ဆင်းနေသည်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်သည်။ သဘောမှာ ရွေးကောက်ပွဲနီးမှ ကပ်ပြီး ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သည့်အခ်ျိန် အခြားပါတီများ စည်းရုံးရေးစဖို့ ပြင်နေချိန်တွင် ကြံ့ဖွံ့ပါတီက တနိုင်ငံလုံး စည်းရုံးထားပြီး ဖြစ်နေအောင် ကြိုတင်လျို့ဝှက် အကွက်ရိုက်ထားသည် ဆိုသည့် သဘော ဖြစ်သည်ဟုပါ အဆိုပါ အရာရှိက ပြောသည်။

အချို့မြို့နယ် အတော်များများရှိ နယ်မြေခံ ချမ်းသာသည့် ကြံ့ဖွံ့ တာဝန်ခံများကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ကြံ့ဖွံ့ ပါတီကိုယ်စားလှယ် အရွေးခံနိုင်ရန် မျှော်လင့်ထားရာ ယခုကဲ့သို့ အရွေးခံမည့် ၀န်ကြီးဌာန အကြီးအကဲများနှင့် ထိပ်တိုက် ပြဿနာဖြစ်မည့် အလားအလာများ လည်း ရှိနေသည်ဟု နေပြည်တော် ၀န်ကြီးဌာနများကြား ခန့်မှန်းပြောဆိုနေကြသည်။

ကြံ့ဖွံ့ပါတီအတွက် အရွေးခံမည့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များသည် လောလောဆည် တာဝန်ထမ်းဆောင်နေသည့်အတွက် ၄င်းတို့၏ ဌာနဆိုင်ရာ ငွေကြေးသုံးစွဲခွင့် လုပ်ပိုင်ခွင့်များကို အသုံးချပြီး ကြံ့ဖွံ့အတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အရာရှိတဦးက လည်း ပြောသည်။

မန္တလေးတိုင်း ကြံ့ဖွံ့တာဝန်ခံ ၀န်ကြီးဦးအောင်သောင်းဆိုလျင် ၂၀၀၈ ခုမှစ၍ အပတ်စဉ် ကြာသာပတေးနေ့ နေပြည်တော် ကက်ဘိနက် အစည်းအဝေးပြီးတိုင်း မန္တလေးတိုင်းသို့ စည်းရုံးရေး ဆင်းလေ့ရှိသည်ဟု စုံစမ်းသိရသည်။

ထိုအတောအတွင်း အချို့တက္ကသိုလ်နှင့် ကောလိပ်များမှ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ ကိုလည်း ကြံ့ဖွံ့ပါတီအတွက် လုပ်ကိုင်စည်းရုံးပေးရန် အာဏာပိုင်များက ကမ်းလှမ်းထားသည် ဟု ရန်ကုန် စာနယ်ဇင်းသမားတဦးက ပြောသည်။

တောင်သူလယ်သမားနေ့ အထူးကြေညာချက်

တောင်သူလယ်သမားနေ့ အထူးကြေညာချက်

လက်ချင်းချည်ကာ ညီတဲ့အာဆီယံ

ဟန်လေး

သိချင်လို့ပါ

သိချင်လို့ပါ

မြန်မာနိုင်ငံမှာမက်တာအဖက်တမင်း စိတ်ကြွဆေးပြား အများဆုံးထုတ်

NEJ /၂ မတ် ၂၀၀၉


မြန်မာနိုင်ငံသည် မက်တာအဖက်တမင်း စိတ်ကြွဆေးပြား အများဆုံးထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး မူးယစ်ဆေး ထုတ်လုပ်မှု မှောင်ခိုရောင်း ချမှု လုပ်ငန်းကို အမေရိကန်အစိုးရ အလိုရှိနေသည့် ရာဇ၀တ်ကောင်များ ဦးဆောင်သည့် UWSA ၀သွေးစည်းညီညွတ်ရေးအဖွဲ့က လုပ်ကိုင်နေသည်ဟု လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူးယစ် ၂၀၀၉ အစီရင်ခံစာမှာ ဖော်ပြထားသည်။

မြန်မာ စစ်အစိုးရသည် UWSA ၀သွေးစည်းညီညွတ်ရေးအဖွဲ့အား အရေးယူနိုင်ရန်အတွက် လိုက်လျောညီထွေရှိမည့် မူးယစ်ဆေးနှိမ်နင်းရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသည့်ပြင် UWSA အဖွဲ့အား မက်တာအဖက်တမင်း စိတ်ကြွဆေးပြားများ ဆက်လက်ထုတ်လုပ် မှောင်ခိုရောင်းချနိုင်ရန် ခွင့်ပြုထားသည်ဟုပါ အဆိုပါ အစီရင်ခံစာ၌ အတိအကျ စွပ်စွဲထားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် မူးယစ်ဆေးကို တဆင့်ခံဖြတ်သန်း သယ်ဆောင်ရာ နိုင်ငံ (၂၀) တွင် ပါဝင်သည့်ပြင် မြန်မာနိုင်ငံသည် လွန်ခဲ့သည့် (၁၂) လအတွင်း နိုင်ငံတကာမူးယစ်ဆေး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်ဟု အမေရိကန် သမ္မတက သတ်မှတ်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူးယစ် ၂၀၀၉ အစီရင်ခံစာပါ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းမှ ရငွေများကို ငွေဖြူဖြစ်အောင် ခ၀ါချသည့် နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြထားသည်။

၂၀၀၈ ခု အမေရိကန်သမ္မတ ဘွတ်ရှ်လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာမှာလည်း မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာ သန်း (၂,၀၀၀) ကြားရှိသည့်ပြင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာ၌ ဘိန်းကိုသာ အထွက်လျော့အောင်လုပ်ပေးလျင် ၀တွေ မက်တာအဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ထုတ်လုပ်ခွင့် ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။

၁၉၉၈ ခုမှစပြီး မြန်မာနိုင်ငံတွင်း ဘိန်းထုတ်လုပ်မှု ကျဆင်းလာသည့် အချိန်တည်းမှာပင် စိတ်ကြွဆေး ထုတ်လုပ်တင်ပို့မှုက သိသိသာသာ တိုးတက်လာသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင်းမှ ပုံဆောင်ခဲ မက်တာအဖက်တမင်း ခေါ် အိုက်စ် စိတ်ကြွဆေး ထုတ်လုပ်သည့် အုပ်စုများ တိုးတက်လာသည်ဟု အစီရင်ခံစာက သုံးသပ်သည်။

ကျေးရွာအဆင့် ဘိန်းဈေးမှာ ၂၀၀၄ ခုနှစ်က တကီလိုကို (၁၅၃) ဒေါ်လာရှိရာမှ ၂၀၀၅ ခုနှစ်တွင် တကီလိုကို (၁၈၇) ဒေါ်လာ၊ ၂၀၀၆ ခုတွင် (၂၃၀) ဒေါ်လာနှင့် ၂၀၀၈ ခုတွင် (၂၆၅) ဒေါ်လာထိ ထိုးတက်လာသည်။ ရှမ်းပြည်နယ် ဘိန်းစိုက် တောင်သူမိသားစုတဦး၏ (၅၀၁) ဒေါ်လာနှင့် ညီမျှသည့် ၂၀၀၇ ခုနှစ် ပျမ်းမျှဝင်ငွေ၏ (၄၅) ရာခိုင်နှုန်းမှာ ဘိန်းရောင်းရာမှ ရသည့်ဝင်ငွေဖြစ်သည်။

၂၀၀၅ ခုနှစ် ဇွန်လတွင် ၀နယ်ကို ဘိန်းကင်းစင်သည့် နယ်မြေအဖြစ် UWSA ၀သွေးစည်းညီညွတ်ရေးအဖွဲ့က ကြေငြာခဲ့သည်။ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်အတွင်း ၀နယ်မှာ ဘိန်းအထွက် ကျဆင်းလာသော်လည်း UNODC ကုလမူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာအဖွဲ့နှင့် အမေရိကန်၏ ကွင်းဆင်းလေ့လာချက်များအရ ၀ခေါင်းဆောင်များက ၄င်းတို့နယ်မြေအတွင်း ဘိန်းအစား အေတီအက်စ် ခေါ် မက်တာအဖက်တမင်းနှင့် အလားတူ စိတ်ကြွဆေးပြားများနှင့် အိုက်စ် စိတ်ကြွဆေးပြားများ တိုးထုတ်လာခြင်းဖြစ်သည်ကို တွေ့ရသည်ဟု ထောက်ပြထားသည်။

မြန်မာနိုင်ငံတွင်း မူးယစ်ဆေးစွဲသူ (၆၅,၀၀၀) ရှိသည်ဟု စစ်အစိုးရ ထုတ်ပြန်ထားသော်လည်း UNODC နှင့် အခြားအဖွဲ့များ၏ ကွင်းဆင်းလေ့လာချက်အရ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးစွဲသူ (၃၀၀,၀၀၀) ရှိပြီး ဘိန်းစွဲသူနှုန်းက တနှစ်ကို (၀.၇၅) ရာခိုင်နှုန်း ရှိသည်။

ကြွေးနွံ နစ်နေတဲ့ လယ်သမားတွေ

ကြည်ဝေ

ဆောင်း နှောင်းရာသီရဲ့ မွန်းတည့်နေက လွန်စွာ ပူပြင်းလို့ နေတယ်။ လယ်ကွင်းရိုး ပြတ်တွေကြားက မြေကြီး တွေကတော့ နေရဲ့ အပူရှိန်ကို မခံရပ်နိုင်လို့ ပက်ကြား အက်လျက်ရှိတယ်။

ပက်ကြားအက် မြေသားတွေထဲက စိမ့်ညို့ညို့ စပါးပင်တွေ ခေါင်းထောင်ပြီး ထလာကြသလို၊ အငွေ့တွေ ထောင်းထောင်း ထအောင် ပူနေတဲ့ကြားမှာ လယ်ကွင်းထဲ ခမောက်တွေဆောင်း၊ ပုဆိုးတွေနဲ့ ခေါင်းပေါင်းပြီး တကုတ်ကုတ်နဲ့ လယ်အလုပ် လုပ်နေကြသူတွေ ရှိသလို၊ ခေါင်းအဆောင်းပင် မပါဘဲ အလုပ်လုပ်နေကြသူ တွေလည်းရှိတယ်။

အဲသည့် လယ်လုပ်သူတွေ အားလုံးရဲ့ မျှော်လင့်ချက်ကတော့ ဒီနှစ်အကြွေး အားလုံးကျေအောင် ဆပ်နိုင်ရေးပဲ ဖြစ်တယ်လို့ လယ်သမားကြီး ဦးမြင့်ဆောင်က ပြောပါတယ်။

ကမ္ဘာ့ဆန်ဈေးနှုန်းတွေ ကျဆင်းနေတာနဲ့အတူ ပြည်တွင်း စပါးဈေးတွေကလည်း စပါးတင်း တရာကို ကျပ် ၃ သိန်း နဲ့ အထက်မှ၂ သိန်းအောက်အထိ ကျဆင်းခဲ့တဲ့ အတွက် စပါးစိုက်တောင်သူ အားလုံးနီးပါး စိုက်စရိတ် မကြေဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရကြောင်း လယ်သမားကြီး ဦးမြင့်ဆောင်က ဆိုပါတယ်။

“အခုတောင်သူတွေမှာ မိုးစပါးစိုက်တုန်းက ကြွေးတွေ မဆပ်နိုင်တဲ့အပြင်၊ နွေစပါးစိုက်ဖို့ အတွက်လည်း စိုက်စရိတ် မရှိတော့ စပါးပေးစနစ်နဲ့ အသစ်ထပ်ယူကြရတယ်၊ အဲဒါလည်း ဒီနွေစပါးပေါ်ရင် ထွက်သမျှစပါး အားလုံး ထိုး ပ်ရမယ့်သူတွေတောင် ရှိနေတယ်၊ လယ်သမားတွေ မကိုက်ပါဘူး၊ မိရိုးဖလာ လုပ်စားနေကြလို့သာ ကြွေးတင်ခံပြီး လုပ်နေကြတာပဲ၊ အခုဆို လယ်သမားတွေမှာ ကြွေးလည်ပင်း ခိုက်နေကြပြီ”လို့ သူက လယ်ကန်သင်းတွေ ပေါ်ကနေ ဖြတ်လျှောက်ရင်း ပြောပြခဲ့တယ်။

မြန်မာနိုင်ငံက စပါးစိုက်သူတွေ အနေနဲ့ စိုက်ပျိုးရာသီတခုပြီးတခု အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီး တခုကတော့ စိုက်စရိတ် ပြသာနာပဲဖြစ်ပြီး အဲဒီသံသရာထဲကနေ ကြွေးကင်းစွာနဲ့ လွတ်မြောက် လိုကြတာကလည်း ခေတ်အဆက်ဆက်က တောင်သူတွေရဲ့ မျှော်လင့်ချက်တွေပဲ ဖြစ်တယ်လို့ သူက လေးလေးနက်နက် ပြောပါတယ်။

လယ်ကွင်းတွေထဲက ၀ါးထရံကာ၊ ဓနိမိုးပြီး ခနော်ခနဲ့ ဆောက်ထားတဲ့ လယ်စောင့်တဲလေး တခုနား အရောက်မှာ “လူမွဲတွေက မနှေးခေတ်မီ၊ သူဌေးဖြစ်တော့မည် တို့နဂါးနီ”လို့ ဆိုနေတဲ့ နဂါးနီ သီးချင်းသံကို ပီပီသသကြီး ကြားနေရတယ်။

ဒီလိုပူးပြင်ခြောက်သွေ့တဲ့ နေ့လယ်ခင်းအချိန်မှာပင် လယ်သမားတွေဟာ လယ်စောင့်တဲတွေထဲမှာ တခဏမျှ အနားမယူနိုင်လောက်အောင် သူတို့ရဲ့ ပူပန်မှုတွေက သူတို့ကို စေခိုင်းနေကြခြင်းဖြစ်ပါတယ်။

တကယ်တော့ လယ်ယာလုပ်ငန်းခွင်ရဲ့ထုံးစံအရ လယ်သမားတွေဟာ မနက် ၆ နာရီ လောက်ကတည်းက လယ် ထဲဆင်းပြီး လယ်အလုပ်လုပ်ရင်း မနက်ခင်း ၁၀ နာရီခွဲ ၁၁ နာရီဆိုရင်ပဲ နားကြပြီ၊ နေကျသွားတဲ့ ညနေ ၃နာရီခွဲ ၄နာရီမှ ကွင်းထဲပြန်ဆင်းကြတာ အလေ့အထလို ဖြစ်နေပါပြီ။

“ပြီးခဲ့တဲ့ မိုးစပါးတုန်းက ခွက်ခွက်လန်အောင်ရှုံးလို့ စိုက်စရိတ်တောင်ပြန်မရကြဘူး၊ ဒီနှစ်တော့ ဘယ်လိုမှ ရှုံးလို့ မဖြစ်တော့ဘူးဆိုပြီး အရင်ထက်ကို နှစ်ဆသုံးဆလောက် ဂရုစိုက်ရတာပဲ၊ဒါတောင် လယ်ထဲမှာပိုးကျနေလို့ မနက် ကတည်းကဆေးဖြန်းထားရတယ်၊ ဆေးကလည်း သိပ်စိတ်မချရဘူး”လို့ အသက် ၄၀ ၀န်းကျင်ရှိ ကိုထွန်းရွှေ က စိတ်ပျက်လက်ပျက် လေသံမျိုးနဲ့ ပြောပါတယ်။

ကိုထွန်းရွှေရဲ့လယ်စောင့်တဲကလေးက ပူပြင်းလှတဲ့နေကွန်ယက်ထဲမှာတော့ ခေတ္တနားခိုစရာနေရာ လေးတခုပါပဲ၊ ဒါပေမယ့် တဲထဲတချီတချီဝင်တိုးတတ်တဲ့လေကလည်း လေနုအေးမဟုတ်ဘဲ၊ လေပူပူကြီးဖြစ်နေတယ်။

“စပါးဈေးကျလို့ဆိုပြီး ကျုပ်တို့ဆီမှာစပါးလာဝယ်တဲ့သူမရှိလို့ ကျုပ်တို့ရွာကလူတွေအားလုံး ဆန်ခွဲပြီး ပွဲရုံ အရောက် သွားရောင်းရတယ်၊ ဆန်တအိတ်မှ ကျပ် ၉၀၀၀ နှုန်းနဲ့ရောင်းခဲ့ရတယ်၊ အဲဒီငွေကလည်း ကြွေးဆပ် လို့တောင် မစုံစေ့ပါဘူး”လို့ ကိုထွန်းရွှေက ဆက်ပြောပါတယ်။

ကြွေးတွေပိနေတဲ့ တောင်သူလယ်သမားတွေရဲ့ အိမ်သူတွေနဲ့ သားသမီးတွေဟာလည်းလယ်ယာလုပ်ငန်းတခု တည်းနဲ့အဆင်မပြေကြတော့တဲ့အတွက် ကြုံရာအလုပ်ကို ကြုံသလိုလုပ်ပါမှ ၀မ်းဝကြတဲ့အနေအထားဖြစ်နေပြီလို့ လယ်သမားကြီး ဦးမြင့်ဆောင်က ပြောပါတယ်။

“လယ်သမားတွေလယ်စိုက်ရုံနဲ့ ရပ်တည်လို့မရတော့ဘူး၊ ကြုံရာလုပ်စားနေရတာပဲ၊ ကျနော့် အမျိုးသမီးဆိုရင် အိမ်မှာ ကြက်တွေ၊ ဘဲတွေ၊ ၀က်တွေ မွေးထားတယ်၊ ဒီနှစ် စိုက်စရိတ်ကြွေးကို အဲဒီအကောင်တွေ ရောင်းပြီး ဆပ်ရတာပဲ၊ နို့မို့ဆိုရင် အိမ်ရောင်းဆပ်ရမယ့် ပုံရှိတယ်”လို့ သူက ဆိုပါတယ်။

လယ်သမားကိုထွန်းရွှေရဲ့မိန်းမဆိုရင်လည်း ရန်ကုန် သိရီမင်္ဂလာဈေးမှာ ကုန်စိမ်းသွင်းတဲ့အလုပ်ကို လုပ်ပါ တယ်။ ခုနေခါမှာတော့ ဇနီးသည်ဆီက ရတဲ့ ကုန်စိမ်းအမြတ်ဟာ သူများကို အတိုးပေးရတဲ့ အတိုးငွေ ဖြစ်သွားပြီ လို့ ကိုထွန်းရွှေက ညည်းပြောပြောပါတယ်။

အခုလို နွေစပါးစိုက်ဖို့ စိုက်စရိတ်မရှိလို့ ကုန်သည်ဆီကနေ စပါးပေးစနစ်နဲ့ စပါး တင်း၂၀၀ အတွက် ငွေ ချေးရ ကြောင်းလည်း သူက ပြောပါတယ်။

“ကျနော်တို့ စပါးပေးယူရတာအရမ်းနစ်နာတယ်၊ အခုဆိုကျနော်က စပါး တင်း၂၀၀ အတွက် ငွေယူလိုက်တယ်၊ တကယ်လို့ ကျနော့်လယ်ကရာသီဥတု မကောင်းလို့ သူ့ကို စပါး တင်း၂၀၀ ပြည့် ပြန်မဆပ်နိုင်ဘူး၊ တင်း၁၅၀ ပဲ ဆပ်နိုင်တယ်ဆိုရင် အကြွေး တင်း ၅၀ ကျန်တယ်။ ဒါဆိုရင်နောက်နှစ်မှာ ဆတိုးနဲ့ တင်းတရာပြန်ပေးရတာပဲ၊ တချို့ဆိုရင် ဒီနှစ်လည်းစိုက်စရိတ်လိုလို့ နောက်ထပ် တင်း၂၀၀ ဖိုးယူလိုက်ရင် နောက်နှစ်ကျတော့ အရင်နှစ်က တင်း ၅၀ အတွက် တင်း ၁၀၀၊ ဒီနှစ်ဆပ်ရမယ့် တင်း၂၀၀ နဲ့ ထွက်သမျှစပါးအားလုံးထိုးပေးလိုက်ရတာတွေလည်း ရှိတယ်”လို့ သူကရှင်းပြပါတယ်။

စပါးပေးယူစနစ်ဆိုတာက လက်ရှိအပြင်မှာ စပါးဈေး ကျပ်၂၃၀၀၀၀ ပေါက်ဈေးပေါက်နေချိန်မှာ တောင်သူက စိုက်စရိတ်လိုတဲ့အတွက် ငွေရှင်ကုန်သည်က ကြိုပွိုင့်အနေနဲ့စပါးတင်း တရာဖိုးကို ငွေ၂ သိန်း ၀န်းကျင်လောက် နှင့် လက်ရှိပေါက်ဈေးထက် လျှော့တဲ့ဈေးနဲ့ ငွေထုတ်ပေးပါတယ်။ တောင်သူက စပါးပေါ်တာနှင့် စပါးတင်း ၁၀၀ ထိုးအပ်ပြီး အကြွေးပြန်ဆပ်ရတဲ့ စနစ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

တောင်သူများအနေနဲ့အစိုးရကနေထုတ်ချေးပေးတဲ့ တဧက ကျပ် ၈၀၀၀ နှုန်းနဲ့စိုက်စရိတ်ဟာလည်း အမှန် တကယ်ကုန်ကျတဲ့စိုက်စရိတ်နဲ့ကွာခြားလွန်းလို့ တောင်သူတွေဟာ စပါးစိုက်စရိတ်အတွက်အပြင်ကနေ အတိုးကြီးကြီးနဲ့ ထုတ်ချေးကြရတာဖြစ်ပါတယ်။

အများစုကတော့ စပါးပေးစနစ်နဲ့ ငွေယူကြပြီး၊ ထွက်လာတဲ့စပါးကို ကြွေးဆပ်ပိုတဲ့စပါးကိုမှ ထုတ်ရောင်းရတဲ့ အတွက် စပါးကိုဈေးကောင်းရချိန်ထိ မထားနိုင်ဘဲ၊ တောင်သူမှာ နောက်ရာသီ စိုက်စရိတ်ပြန်မရဘဲ စိုက်စရိတ် လိုနေတဲ့ သံသရာထဲမှာလည်နေရခြင်းဖြစ်တာကို တွေ့မြင်ရပါတယ်။

စိုက်ပျိုးစရိတ်ကုန်ကျစရိတ်ဟာလည်း တနှစ်ထက်တနှစ်တက်လာကြောင်း၊၂၀၀၇ ခုနှစ် နွေစပါးစိုက်ရာသီမှာ တဧက ကျပ် ၁ သိန်း ၃ သောင်းဝန်းကျင်ရှိခဲ့ပြီး ၂၀၀၈ ခုနှစ် မိုးစပါးစိုက်ပျိုးတုန်းက တဧက စိုက်စရိတ်မှာ ကျပ်၂ သိန်းထိ ကုန်ကျခဲ့ကြောင်း၊ အခု ၂၀၀၉ ခုနှစ်တွင်းမှာတော့ ဒီဇယ်ဈေးနဲ့ မြေသြဇာဈေးနှုန်းအနည်းငယ် ကျ ဆင်း ခဲ့ပေမယ့် တခြားလယ်လုပ်သားများရဲ့လုပ်အားခများနဲ့ ခြားစရိတ်တို့မှာ ကျဆင်းခြင်းမရှိတဲ့အပြင် စပါးဈေး ကျနေ သည့်အတွက် အရင်နှစ်တွေကထက် ပိုခက်ခဲလာကြောင်း၊ မရှိဆင်းရဲသား လယ်ဧကအနည်းငယ်သာ ပိုင်သူများ မှာပိုဆိုးကြောင်း ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှ တောင်သူတွေက ဆိုပါတယ်။

ဒါက လယ်သမားတွေရဲ့ စားစရိတ်ကို ထည့်မတွက် ထားပါဘူး၊ ပြီးတော့ မိုးများလို့ ၊ ရေကြီးလို့ ပျက်စီးသွားတဲ့ အခါ ပြန်ပြီးစိုက်ရတဲ့ စရိတ်တွေ မပါသေးဘူး၊ ကျနော်တို့ ဒေသက မြစ်နဲ့နီးတော့ မြစ်ရေကြီးရင်ပြန်စိုက် ရတာ တွေလည်းရှိတယ်”လို့ ဦးမြင့်ဆောင်က ဆိုပါတယ်။

၎င်းတို့ဒေသမှာ မှော်ဘီဆန်းတို့၊ ဇီယာတို့၊ မနောသုခ၊ မနောထွန်း၊ ဆင်းသွယ်လတ်တို့ စိုက်ပျိုးကြပြီး တဧက ထွက်နှုန်းဟာ အများဆုံး တင်း ၅၅ နှုန်းထက် မပိုကြောင်း၊ တချို့ အကွက်များဆိုရင် တင်း ၃၀ ၀န်းကျင်သာရရှိ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မိုးစပါးတုန်းက ၁ တင်းကို ငွေ ကျပ်၂ ထောင်ဈေးနဲ့ ရောင်းခဲ့ရတဲ့အတွက် တဧက ကို ငွေကျပ် ၁ သိန်း ၀န်းကျင်ပဲ ပြန်ရပြီ့း ၁ ဧကကို ငွေ ကျပ် ၁ သိန်းလောက် ရှုံးကြကြောင်း လယ်သမား တွေ က ပြောပြကြပါတယ်။

ပြီးခဲ့တဲ့ မိုးစပါးတုန်းက ခွက်ခွက်လန်အောင် ရှုံးလိုက်ကြတဲ့အတွက် ဒီနှစ်နွေစပါးကို မစိုက်တော့ပါဘူးလို့ သူ့လို ဆုံးဖြတ်ကြသူတွေလည်း ရှိတယ်လို့ ကိုထွန်းရွှေက ပြောပြပါတယ်။ သူတောင်မှ လယ် ၁၀ ဧကမှာ ၅ ဧကပဲ စပါး စိုက်ပြီး ကျန်တာကို သခွားနဲ့ ချဉ်ပေါင်စိုက်ဖို့ စိတ်ကူးခဲ့ပါသေးတယ်။ တောင်သူအများစုကတော့ ဒီနှစ်စပါးကို လျှော့စိုက်လာကြတာ တွေ့ရပါတယ်။ အရင်နှစ်က ၁၀ ဧက စိုက်တဲ့သူက အခု ၅ ဧက၊ အရင် ဧက၂၀ စိုက်တဲ့ သူတွေက အခု ၁၀ ဧက အဲဒီလို ထက်ဝက်လောက် လျှော့ပြီး စိုက်လာကြပါတယ်။

မိုးစပါးစိုက်တုန်းက အစိုးရဆီကနေ ၁ ဧက ကျပ် ၈၀၀၀ နှုန်းနဲ့ ချေးထားတဲ့သူတွေ ဒီနှစ်ဆန်း ဇန်န၀ါရီ လထဲမှာ အပြီးဆပ်ရမှာ မဆပ်နိုင်တဲ့သူကများတယ်လို့ လယ်သူမကြီး ဒေါ်ခင်ဦးက ပြောပြပါတယ်။

“မိုးစပါးတုန်းက စိုက်ဘဏ်က ၁ ဧကကို ၈၀၀၀ နှုန်းနဲ့ ချေးပေးတယ်၊ အတိုးက ၁ ကျပ် ခွဲ နှုန်း၊ လယ်သမားတွေ မှာ ဒီနှစ်က ထွက်နှုန်းလည်းမကောင်း ဈေးကလည်း ကျဆိုတော့ စိုက်စရိတ်မကျေဘူး၊ ဒါကို အစိုးရက၂ လ ပိုင်း မှာ အကုန်အပြီးဆပ်ခိုင်းထားတယ်၊ အမှန်တော့ ပုံမှန်အတိုင်းဆို ၁ လပိုင်းမှ ဆပ်ရမယ်၊ မဆပ်နိုင်တဲ့သူက များ လို့ ဆပ်ရက်က ၂ လပိုင်းထိ ရွှေ့ပေးတယ်၊ အဲဒီလို ရက်ရွေ့ပေးရတဲ့သူတွေကို နောက်ကျကြေးအနေနဲ့လူကို ဒဏ်ရိုက်တယ်၊ ငွေဒဏ်ရိုက်တယ်၊ အတိုး ၁ ဆကို ဒဏ်ငွေအဖြစ် ပြန်ပေးရတယ်”လို့ သူမက ပြောပြပါတယ်။
တခြား လယ်သမားတွေကတော့ အစိုးရရဲ့စိုက်စရိတ်ကြွေးဆပ်ဖို့ အိမ်မှာမွေးထားတဲ့ ၀က်၊ကြက်၊ ဘဲ ရှိသမျှ တိရစ္ဆာန်တွေအားလုံး ရောင်းချပြီးဆပ် အိမ်မွေးတိရစ္ဆာန်မရှိတဲ့ သူတွေကတော့ လယ်ယာမှာ ခိုင်းနေတဲ့နွား ကိုပင်ရောင်းပြီး ဆပ်ကြရကြောင်း လယ်သမားကြီး ဦးမြင့်ဆောင်က ပြောပါတယ်။

“တောင်သူတွေမှာ ထွက်နှုန်းကောင်းတဲ့ မျိုးတွေမရှိဘူး၊ သူတို့သုံးနေတဲ့မျိုးတွေက စပါးပေါ်တဲ့အခါ မျိုးစပါး အနေ နဲ့အလွယ်ဖယ်ထားတာတွေကို သုံးနေကြရတာ၊ ဒီထဲမှာ အဖျင်းပါမပါ၊ မျိုးသန့်မသန့်လည်း စစ်ဆေးမှုတွေ မရှိဘူး ဆိုတော့ သူတို့ အထွက်နှုန်းက ကျသထက် ကျလာဖို့ပဲ ရှိတယ်၊ လယ်သမားတွေကို မျိုးကောင်းမျိုးသန့် ဖြန့်ဝေ ပေးဖို့လည်း လိုအပ်နေပြီ်”လို့ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာမှ၊ အငြိမ်းစား အရာရှိ ကြီးတဦးက အကြံပြု ပြောဆို ပါတယ်။

မျိုးမကောင်းခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ အရည်အသွေးမြင့် မြေသြဇာများ မသုံးစွဲနိုင်ခြင်း၊ စပါးပင်များ ပိုးကျ ခြင်းစတဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ တောင်သူတွေဟာ စပါးဈေးတွေကျလာတဲ့အခါမှာ နာလန်ထူရခက် လောက်အောင်ကို အထိနာသွားပြီ ဖြစ်ကြောင်း အဆိုပါ အငြိမ်းစားအရာရှိက သုံးသပ်ပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိက ထားပြီး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် စပါးစိုက်တောင်သူ လယ်သမားဦးရေမှာလည်း နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ၀န်းကျင်အထိ ရှိကြောင်း လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

“တောင်သူလယ်သမားတွေ တိုးတက်လာခြင်းဟာ တိုင်းပြည်တိုးတက်လာခြင်းလို့ ပြောလို့ရပါတယ်၊ တောင် သူ တွေ တိုးတက်ဖို့ဆိုတာ သူတို့တွေခုထက်ပိုပြီး ကုန်ထုတ်နိုင်ဖို့လိုအပ်ပါတယ်၊ တောင်သူတွေကို ကုန်ထုတ် လုပ်မှု အတွက် အစိုးရအနေနဲ့ အဘက်ဘက်က အပြည့်အ၀ကူညီပံ့ပိုးပေးဖို့လိုပါတယ်”လို့ စီးပွားရေးပညာရှင် တဦးက သုံးသပ်ပြောဆိုပါတယ်။

မြန်မာပြည်အသွင်ကူးပြောင်းရေးကာလ (၇)နှစ်ပွင့်ဆိုင်မှ သုံးပွင့်ဆိုင်နှင့်ရွေးကောက်ပွဲ

ဗညာဟံသာ

နှစ်ပေါင်း ၂၀ ကျော် စောင့်မျှော်ပြီးနောက်ကျွန်ုပ်တို့ မြန်မာပြည်အနှံ့ နိုင်ငံရေးလွှဲပေးမှု မပေါ်ပေါက်ခဲ့ချေ။ နိုင်ငံရေး ခေါင်းဆောင် အသီး သီးတို့က အမျိုးမျိုးအဖုံဖုံ ကြိုးစားသော်လည်း လက်စမပေါ်သေး၊ အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို အဖက်ဖက်က သည်းခံ စောင့်စည်းသော်လည်း ဘာမျှအဖတ်မတင်သေး၊ နှစ်ပေါင်း ၂၀ ၀င်လာပြီးနောက် တပ်မတော် ဦးဆောင်သော စစ်အစိုးရက နည်းမျိုးစုံလှည့်ပတ်ပြီး တိုင်းပြည်အာဏာကို ဆက်လက်ဆုပ် ကိုင်ထားလျှက်ရှိပေသည်။

ပြည်ပဖိအားပေးမှု၊ အကြပ်ကိုင်မှု ခြိမ်းခြောက်မှုနှင့် ပြည်တွင်းအုံ ကြွ၊ သပိတ်မှောက်ဆန္ဒပြမှု၊ သံဃာဦးဆောင်သော ငြိမ်းချမ်းရေး တောင်းဆိုမှု၊ ကျောင်းသားဦး ဆောင်သော တိုင်းပြည်အကြပ်အတည်းမှ ကျော်လွှားရန် ယာယီအစိုးရ ဖွဲ့စည်းပေးမှု စသော တောင်းဆိုချက် လှုပ်ရှားမှုများသည်လည်း အောင်မြင်မှု မရှိခဲ့ချေ၊ ဤအရေးအကြောင်းကို နိုင် ငံရေးအသိပညာရှင်နှင့် လေ့လာသူ အကြံပေးသူတွေက ခေါင်းခြောက်လာကြပြီး ဘာဆက် လုပ်ရမည်နည်း စသော မေးခွန်းများ ပေါ်လာပေပြီ။ ဒါ့ကြောင့် ဤဆောင်းပါးသည် ဆေးမီးတို တစ်ခွက်ပမာ တိုက်ဆေးဖြစ်လိမ့်မည်ဟု မျှော်လင့်ရပေသည်။

ကျွန်ုပ်တို့ မြန်မာပြည် အသွင်ကူးပြောင်းရေးကာလကို ကုလသမဂ္ဂမှ ကြီးမှူးကျင်းပသော တွေ့ ဆုံဆွေးနွေးပွဲကို ၁၉၉၄ အထွေထွေ ညီလာခံမှ တင်းကျပ်မှုမရှိသော အထွေထွေဆုံးဖြတ်ချက် နှင့် ချမှတ်ခဲ့သည်။ တပ်မတော်မှ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအဖွဲ့အစီးမှ ကိုယ်စားလှယ် များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ကုလသမဂ္ဂက တိုက်တွန်း ခဲ့သည်။ ဤတိုက်တွန်းချက်များနှင့် အထွေထွေဆုံးဖြတ်ချက်များကို အကောင်အထည်ဖေါ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် (အထူး သံတမန်)များလည်း ၁၂ နှစ်ကျော် မြန်မာပြည်ကို ၀င်လိုက်ထွက်လိုက်နှင့် သံသရာလည်ခဲ့ သည်။ တပ်မတော်စစ်ဦးစီးချုပ်ကို တာဝန်ကျေ ၀တ်ကျေ၊ တန်းကျေတွေ့ခွင့်ပေးပြီး ဒေါ်အောင် ဆန်းဆုကြည်ကိုလည်း ၀တ်ကျေတန်းကျေ တွေ့ခွင့်ပေးခဲ့သည်။ သို့သော် တိကျသော ပြုပြင် ပြောင်းလဲမှု မပေါ်ပေါက်ချေ။ နိုင်ငံရေးခေါင်းဆောင်များလည်း အိမ်နှင့်ထောင်၊ ထောင်နှင့်အိမ် ထမင်းငတ်မလောက်တောင် အဖိနှိပ်ခံခဲ့ရသည်။ ကျောင်းသားခေါင်းဆောင်များလည်း ရိုက် နှက် ထောင်ချခံခဲ့ကြရသည်။

ယုံကြည်မှုတည်ဆောက်ရေး၊ အချင်းချင်းအပြန်အလှန်သင့်မြတ်ရေး၊ တန်းတူရေး၊ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ရယူရေး၊ စစ်မှန်သော စစ်မှန်သော ဒီမိုကရေစီစနစ် ထွန်းကားရေး၊ စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသော လုပ်ငန်းများတွင် နှစ်ပေါင်း ၂၀ ကျော်ကြိုးပမ်းလာပြီးနောက် ၂၀၁၀ တွင် တဖန် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စစ်အစိုး ရက စီစဉ်လျှက်ရှိသည်။ ဤရွေးကောက်ပွဲတွင် နှစ်ပေါင်း ၂၀ ကျော် တောင်းဆို တိုက်ပွဲဝင် လာသော နိုင်ငံရေး ရည်မှန်းချက်များ ဘယ်လောက် အောင်မြင်မည်နည်း။

ယခုလအတောအတွင်း အမေရိကန်နိုင်ငံခြားရေး အတွင်းရေးမှူးချုပ် Hillary Rodham Clinton က မြန်မာ့အရေးကို နည်းသစ် လမ်းသစ် ရှာဖွေဆက်ဆံသွားရေးနှင့် ဖိအားပေးရေးကို သူမ၏ နိုင်ငံခြားခရီး ဂျပန်နိုင်ငံအရောက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဤတွင်လည်း မြန်မာပြည် ရှိ နိုင်ငံရေး လေ့လာသူများက တဖန်မျှော်ကိုးပြီး တွေးတောလာတတ်ကြသည်။ တွေ့ဆုံဆွေးနွေးရေးကို အလေးပေးသော နိုင်ငံရေးခေါင်းဆောင်များက ပျော့ပျောင်းရေးလမ်း စဉ်ကို ဆုပ်ကိုင်ထားကြသည်။ သို့သော် ဖိအားပေးမှုနှင့် အကြပ်ကိုမှုကို အလေး ပေးသော ခေါင်းဆောင်အချို့က ပြည်ပဖိအားပေးမှုကို ထပ်ခါထပ်ခါ တောင်းဆိုလာခဲ့ကြသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်းက မြန်မာပြည်ကို သိမ်းသွင်းပြီး တဆင့်မှတဆင့် ပြုပြင် ပြောင်းလဲရန် အကြပ်ကိုင်သောနည်းဖြင့် ပြုမူဆက်ဆံပြောဆိုတိုက်တွန်းလာခဲ့သည်။ ၁၉၉၇ မှ ၂၀၀၈ ယနေ့တိုင်အောင် ၁၀ နှစ်အဖွဲ့ဝင်ဖြစ်ပြီးနောက် န၀တ၊ နအဖ စစ်ခေါင်းဆောင်များကို ပရိယာယ်ပေါင်း၊ နည်းပေါင်းများစွာ သိမ်းသွင်းဆက်ဆံခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဤ သက်သေကြီး များကို ထောက်ရှုခြင်းအားဖြင့် မြန်မာပြည်တွင်း သုံးပွင့်ဆိုင်ဆွေးနွေးရေး ပေါ် ပေါက်ရန် ကြိုးစားမှုသည် ၁၀-၁၅ နှစ်အတောအတွင်း မအောင်မြင်ခဲ့သည်ကို လက်တွေ့ကျကျ သဘောပေါက်ရပေသည်။ သို့ဆိုလျှင် အခြေခံကျသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ပထမ အဆင့် စတင်ရန် ၂ ပွင့်ဆိုင်မှ စတင်ပြီး အဖြေရှာရန် ဘာ့ကြောင့် ကျွန်ုပ်တို့ ခေတ်သစ်မြန်မာ နိုင်ငံရေးခေါင်းဆောင်များက တွန့်ဆုတ်နေကြသလဲ?

စစ်အာဏာရှင်သည် နှစ်ပေါင်း ၂၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးနောက် အလွယ်တကူနှင့် နိုင်ငံတော်အာဏာကို အရပ်သား အစိုးရ လက်ထဲတွင် အပ်နှံရန် အမှုမဲ့အမှတ်မဲ့ လွှဲလိမ့်မည် မ ဟုတ်ချေ၊ ထို့ကြောင့် နအဖ စစ်ဗိုလ်ကြီးများ ယုံကြည်လောက်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုကို လက်တွေ့ကျကျ ရေးသားပြီး ဆွေးနွေးပွဲတွင် တင်ပြရန် အရေးပါလာပြီ။

ရန်ကုန်မြို့ပေါ်ရှိ ၀ါရင့်နိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များက လက် နက်ကိုင်သော အဖွဲ့အစည်းများတို့၏ ယုံကြည်မှုကို ရယူပြီး နအဖ စိတ်ချယုံကြည်သော တွေ့ ဆုံဆွေးနွေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် အရေးကြီးသည်။ ဤတွေ့ဆုံဆွေးနွေးရေး ကော်မရှင်သည် အဆင့်ဆင့်အားဖြင့် မည်သည့်အချက်အလက်များ ပဏာမဆွေးနွေးရန် နှစ် ဖက်သုံးဖက် တိုင်ပင်ပြီး လုပ်ငန်းစရပေမည်။

မိမိ၏ ပါတီနိုင်ငံရေးခံယူချက်ကြောင့် အဆမတန် အာဏာရယူရေး တောင်းဆိုမှု၊ မိမိတို့၏ တိုင်းရင်းသား သမိုင်းကြောင့် မလျော်ညီသော နယ်မြေခွဲဝေတောင်းဆိုမှု စသော ယုတ္တိမတန် သော တောင်းဆိုမှုများကို သတိထားရှောင်ဖယ်သင့်သည်။ နအဖတွင်လည်း အာဏာ တည်မြဲ ရေးထက် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အစိုးရတွင် လွတ်လပ်သော အုပ် ချုပ်မှုအာဏာ အတော်အတန် ခွဲ ဝေပေးရန် လိုက်လျောရပေမည်။

နှစ်ပေါင်း ၂၀ ကျော် အငြင်းပွားမှုနှင့် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ် အဆုံးသတ်ရေးအ တွက် ဗမာနှင့် ဗမာ ပဏာမ စကားပြော ကြပါ။ ဒုတိယအဆင့်အဖြစ် ဗမာနှင့် တိုင်းရင်းသား စကားပြောကြပါ။ တတိယအဆင့်အဖြစ် စစ်တပ်နှင့် လုပ်သားဗမာတို့နှင့် တိုင်းရင်းသား ခေါင်း ဆောင်များ တွေ့ဆုံလျှင် ရက်ပေါင်း (၁၀၁၀) အတွင်း မြန်မာပြည် ပြောင်းလဲလာပေမည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Mar,2nd,2009

( 42 )တရားမ၀င် မြန်မာများအားလက်ခံထားသူများအား မလေး လ၀က အရေးယူမည်။

( 42 )Regional approach to Rohingya boat people

( 40 )မြစ်ဝကျွန်ပေါ်တွင် သောက်ရေရှားပါး

( 39 )အမေရိကန်က မြန်မာ့အရေး မြှင့်တင်ဆဲ

( 38 )လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များက အာဆီယံခေါင်းဆောင်များထံ မြန်မာပြည်အတွက် အရေးတောင်းဆို

( 37 )Laputta Villagers Face Water Crisis

( 36 )Burmese PM Agrees to Election Monitors

( 35 )တောင်သူလယ်သမား အခွင့်အရေး ချိုးဖောက်ခံရဟု ၈၈ ကျောင်းသားများက ပြောဆို

( 34 )မော်လမြိုင်မြို့တွင် မီတာအသစ်များ မတပ်မနေရ လိုက်လံတပ်ဆင်နေ

( 33 )၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂ လေ့လာခွင့်ရ

( 32 )Kachins to register new party to contest 2010 elections

( 31 )ဖွဲ့စည်းပုံ ပြန်သုံးသပ်ရန် အာဆီယံက တိုက်တွန်းသင့်ဟု အန်အယ်ဒီပြော

( 30 )Mizoram to deport Burmese into criminal activity: Home Minister

( 29 )လိုင်ဇာတွင် မှတ်ပုံတင် ထုတ်ပေး

( 28 )Singapore’s Lee Urges Burma to Engage Int’l Community

( 27 )ရွှေည၀ါ ဆရာတော် တရားပွဲ အပိတ်ခံရ

( 26 )မြန်မာငွေဈေးတက် တရုတ်နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်

( 25 )Australia signs ASEAN free trade area deal

( 24 )နှောပင်ရေနံပွဲစားတဦးထပ်အဖမ်းခံရ

( 23 )Asean Leaders Look to UN for Help Burma

( 22 )အာဆီယံ ၁၄ ကြိမ်မြောက် ထိပ်သီး အစည်းအဝေး အဆုံးသတ်

( 21 )Mongla bounces back

( 20 )မုံရွာ အထက အာစရိယပူဇော်ပွဲကြေးကျပ်(၅၀၀၀)အထိ ကောက်

( 19 )Asean Leaders Call for Political Reform in Burma

( 18 )Corruption and abuse mark Burma's cyclone recovery

( 17 )လူထုအခြေပြုအဖွဲ့များ အာဆီယံစည်းဝေး တက်ရောက်ခွင့် ငြင်းပယ်ခံရ

( 16 )US gem sanctions bite

( 15 )Asean and civil groups

( 14 )ပြည်ခိုင်ဖြိုးအမည်ခံမှ လှူဒါန်းခွင့်ရ

( 13 )Asean must address Rohingya

( 12 )ကျောင်းသားများအရေး အာဏာပိုင်တွေလစ်လျူရှု

( 11 )South-east Asia eyes EU-style power bloc

( 10 )လူငယ်ဖေါ်ဆောင်ရေးစတင်နေပြီဟု အဖွဲ့ချုပ်ထားဝယ်မှပြော

( 9 )revealing a fast learning curve

( 8 )နာဂစ်အလွန် ၁၀ လ အချိန်အတွင်း ဖြစ်ပေါ်ပြောင်းလည်းမှု အထွေထွေ

( 7 )In midst of financial crisis, leaders join together

( 6 )ကျောင်းသားနိုင်ငံရေးဆုရှင်များက ကိုမင်းကိုနိုင်လွှတ်ရေး တောင်းဆို

( 5 )Myanmar killed while fleeing ‘debtors’

( 4 )နိုင်ငံရေးအပြောင်းအလည်းလုပ်ရန် အာစီယံက ဝန်ကြီးချုပ်သိန်းစိန်ကို တိုက်တွန်း

( 3 )Focus on Myanmar, but don't mention Suu Kyi

( 2 )နိုင်ငံရေး အကျဉ်းသားများ လွှတ်ရန် အာစီယံက မြန်မာအစိုးရကို တိုက်တွန်း

( 1 )Leaders Look to UN for Help With Burma

Sunday, March 1, 2009

မြန်မာနိုင်ငံ အတိုက်အခံများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု

ဒေးဗစ် အိုင်၊ စတိန်းဘာ့ဂ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် “အထူးထုတ်ပြန်ကြေညာချက်” ထုတ်ပြန်ခဲ့ပြီး ဆယ်စုနှစ် နှစ်ခုကျော် ကြာပြီးဖြစ်သည့် မေးခွန်းဟောင်းဖြစ်သော ၎င်းတို့အဖွဲ့နှင့် စစ်အစိုးရအကြား "တွေ့ဆုံဆွေးနွေးပွဲများ ပြုရန်" ထပ်မံတောင်းဆိုခဲ့ပြန်သည်။

သို့သော်လည်း အံ့သြတုန်လှုပ်ဖွယ်နှင့် ခွင့်မလွှတ်နိုင်ဖွယ် ဖြစ်သည့် စာပိုဒ်တခုကို ဖော်ပြခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူအများ သာယာဝပြောစေရန် ကိစ္စများကို အလေးပေး ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် အတူတာဝန်ရှိကြောင်း (အချိန်နှောင်းခါမှ) ၀န်ခံဖော်ပြလာခဲ့သည်။

ကြေညာချက်၏ အပိုဒ် (၇) တွင် "် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အကြံပေးအရာရှိနှင့် တွေ့ဆုံရာတွင် အခြားဆွေးနွေးသည့်အချက်မှာ မိမိတိုင်းပြည်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ် သက်၍ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခဲ့သည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ရသည့်အကြောင်း ရင်းနှင့် မည်သို့မည်ပုံ လုပ်မှာလဲ ဆိုသည့်အချက်များကို မသိရသေး၍ မဆွေးနွေးနိုင်သေးကြောင်းတို့ ဖြစ်ပါသည်" ဟု ဖော် ပြထားခဲ့သည်။

ဤထုတ်ပြန်ကြေညာချက်မှာ ၎င်းတို့၏ စွမ်းဆောင်ရည် ကင်းမဲ့မှုနှင့် နေ့စဉ်နှင့်အမျှ စီးပွားရေးကြပ်တည်းမှုဒဏ်ကို ခါးစည်း ရုန်းကန်နေကြရသည့် မြန်မာပြည်သူများ၏ သာယာဝပြောရေးကို အလေးမထားကြောင်း ဖော်ပြသည့် ထုတ်ပြန်ကြေညာချက်ပင် ဖြစ်တော့သည်။

အရည်အချင်း နည်းလှသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် မူဝါဒဆုံးဖြတ်ချမှတ်သည့် နေရာတွင် ရှိမနေသော်လည်း ပထမတန်းစား မြန်မာ့ စီးပွားရေး ပညာရှင်များ တိုင်းပြည်အတွင်း၌ပင် ရှိနေကြပါသေးသည်။ ထိုသူတို့တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ လိုအပ်သည့် ကျွမ်းကျင်မှု အရည်အချင်း၊ အတွေ့အကြုံများ ရှိနေကြပြီး ထိုသူများနှင့် တိုင်ပင်အကြံဉာဏ် ရယူနိုင်ကြပါသည်။

နိုင်ငံတကာ အတွေ့အကြုံရှိပြီး ဖြစ်သည့် ဒေသခံ ပညာရှင်များမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းနှင့် နီးနီး ကပ်ကပ် ဆက်ဆံမှု ရှိနေကြပြီး၊ ဤကိစ္စနှင့် ပတ်သက်၍ ထိုသူများက သက်ဆိုင်ရာ မူဝါဒအကြံပေးချက်များ ပြုခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထို ပညာရှင်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်သည့် အမြင်များကို အလွယ်တကူ လေ့လာကြားနာနိုင်ခဲ့သည်။

ထိုမျှမက ရန်ကုန်တွင် ရုံးစိုက်ထားသည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရုံးမှလည်း အလားတူပင် အကြံဉာဏ် ရယူနိုင်မည်မှာ စိုးစဉ်းမျှ သံသယဖြစ်ဖွယ် မရှိပါ။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တို့ကလည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ လွန်ခဲ့သောနှစ်များ အတွင်းက ကိုယ်စားလှယ်အဖွဲ့များ စေလွှတ် လေ့လာခဲ့ကြဖူးပါသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းမျိုးစုံ တည်ရှိလုပ်ကိုင်နေကြပြီး၊ ၎င်းအဖွဲ့များ၏ ထိပ်တန်းအရာရှိများကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ပံ့ပိုးအကြံပေးမှုများ လုပ်ပေးနိုင်ကြပါသည်။

အထက်ဖော်ပြပါ ထုတ်ပြန်ကြေညာချက်ကို ကြည့်ခြင်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စ၊ ပြည်သူများ၏ ဘ၀ သက်သာချောင်ချိရေး ကိစ္စများကို စစ်အစိုးရ အလားတူ အဖွဲ့ချုပ်က အလေးမထားပုံ ပေါက်နေပါသည်။

ဒီမိုကရေစီနိုင်ငံများရှိ ပြည်သူများ၊ အစိုးရများက အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များဖြစ်သည့် ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရေး စသည့် ရည်ရွယ်ချက်များကို တသားတည်း အလေးထားကြပါသည်။

သို့သော်လည်း အဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းက ပြုခဲ့သည့် ထုတ်ပြန်ကြေညာချက်အရ ၎င်းတို့နှင့် စစ်အစိုးရအကြား နိုင်ငံရေးသဘောတူညီမှုများ မရရှိမချင်း ဆင်းရဲတွင်းနက်နေသည့် ပြည်သူများကို ဆက်၍ ဆင်းရဲတွင်းထဲ ထားရန် အဓိပ္ပါယ်ပေါက်နေသည်။ ဤသည်မှာ အလွန် မလျော်ကန်လှသည့် အမြင်သာ ဖြစ်ပါသည်။

သေချာသည်မှာ ၁၉၆၂ ခုနှစ်မှ စတင်လာခဲ့သည့် အဆက်ဆက်သော စစ်အစိုးရများက မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်ကို တလွဲတချော် စီမံခန့်ခွဲခဲ့ကြပါသည်။ သို့အတွက်ကြောင့်လည်း အများစုသော ပြည်သူများအဖို့ စီးပွားကျပ်တည်းမှုဒုက္ခများ ၄၇ နှစ်ကျော် ခံစားခဲ့ကြရပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်မှုက ကနဦးပိုင်းတွင် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုအပေါ် ထောက်ခံဖော်ပြခဲ့ကြပြီး၊ ယခုတိုင်လည်း ဆက်လက်၍ ဤမူကို ဆုပ်ကိုင်ထားပြီး နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများ၏ သာယာဝပြောရေး၊ ဖွံ့ဖြိုးရေးကိစ္စများကို ပိတ်ဆို့ထားသည့်သဖွယ် ဆောင်ရွက်နေသည်မှာလည်း လွတ်လပ်မှု သို့မဟုတ် အခြား ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် အထောက်အကူပြုနိုင်မည် မဟုတ်ပါ။

ယခင်အတိတ်ကာလက စီးပွားဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကိစ္စများနှင့် အကျိုးဆက်များအပေါ် သဘောတူနိုင်သည် ဖြစ် စေ၊ မတူနိုင်သည် ဖြစ်စေ သီးခြားမူဝါဒဆိုင်ရာကိစ္စဟု ယူဆလျှင် ရနိုင်ပါသေးသည်။ သို့သော်လည်း ပြည်သူများ၏ ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်ဆောင်ရန် လိုအပ်ချက်များကို နားမလည် သဘောမပေါက်နိုင်ဖြစ်နေ သည့်ကိစ္စ၊ အရည်အချင်းနည်းပြီး မစွမ်းနိုင်သည့်ကိစ္စ၊ မျက်စိမှိတ် ငြင်းပယ်နေသည့်ကိစ္စမှာ မဖြစ်သင့်ပါ။

စာရေးသူက ယခင်ကတည်းကပင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်ပြည်ထောင်စုက မချမှတ်မီကပင် ဆန့်ကျင်ခဲ့ကြောင်း ဖော်ပြလိုပါသည်။ အကြောင်းမှာ ဤနည်းဖြင့် သူတို့၏ ရည်ရွယ်ချက်ဖြစ်သည့် အစိုးရပြောင်းလဲရေး ရည်မှန်းချက်ကို မပြည့်မြောက်နိုင်၊ မည်သည့်အခါမျှလည်း မဖြစ်နိုင်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။

ပါတီ၏ ခေါင်းဆောင်များ ဖိနှိပ် ကွပ်ညှပ်ခံနေကြရပြီး၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများလည်း ချိနဲ့နေသည် ဆိုသော် လည်း၊ ပြည်သူများ၏ဘ၀ သာယာတိုးတက်ရေးကို လျစ်လျူရှုထားသည့် နိုင်ငံရေးပါတီဟု ဆိုပါက ပြည်သူများ၏ ထောက်ခံမှုကို ရရှိနိုင်ဖွယ် မမြင်ပါ။ ထိုမျှမက ကျင့်ဝတ်ပိုင်းဆိုင်ရာ မူအပေါ် ရပ်တည်နေသည် ဆိုသည့် အပြောနှင့်လည်း လွဲချော်နေပါလိမ့်မည်။

စစ်အစိုးရက ပြည်သူများကို သနားထောက်ညှာရမည်ဆိုသည့် ဗုဒ္ဓ၏ အစိုးရကောင်းတို့၏ ကျင့်ထုံးကို လျစ်လျူရှု ကျင့်သုံး နေသည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကပါ ပြည်သူတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကိစ္စ များကို လျစ်လျူရှုနေသည်မှာ လုံးဝခွင့်မလွှတ်နိုင်ဖွယ် ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ ပြည်သူတို့ စားဝတ်နေရေး ချောင်လည်စေရန် ဖြေရှင်းပေးသည့် လုပ်ငန်းများပင် ဖြစ်ပါသည်။

စစ်အစိုးရက နိုင်ငံခြားအရန်ငွေကြေးများစွာ စုဆောင်းရရှိနိုင်ခဲ့သော်လည်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိ အောင် မစွမ်းဆောင်နိုင်ဘဲ ကျရှုံးခဲ့ရပါသည်။ ကမ္ဘာတ၀ှမ်းက ကျယ်ကျယ်ပြန့်ပြန့် လေးစားနေကြရသည့် အဓိကအတိုက်အခံပါတီကြီးနှင့် ခေါင်းဆောင်များကလည်း အရေးပါလှပြီး ချက်ချင်း လက်ငင်း ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာကိစ္စများကို ငြင်းပယ်နေသည်ကို တွေ့ရပြန်သည့်အခါ မြန်မာပြည်သူများနှင့် သူတို့၏ အနာဂတ်အတွက် များစွာ အဆိုးမြင် စိတ်ပျက်ဖွယ် ဖြစ်ရပါတော့သည်။

ဒေးဗစ် အိုင်၊ စတိန်းဘာ့ဂ် (David I. Steinberg) သည် မြန်မာ၊ မြောက်နှင့် တောင်ကိုရီးယား၊ အရှေ့တောင်အာရှ ရေးရာ နှင့် အမေရိကန်ပြည်ထောင်စုက ချမှတ်ကျင့်သုံးနေသည့် အာရှ မူဝါဒများရေးရာကိစ္စ ကျွမ်းကျင်သူ ဖြစ်ပါ သည်။ သူသည် ၀ါရှင်တန် ဒီစီမြို့ရှိ ဂျော့တောင်းတက္ကသိုလ်၊ နိုင်ငံခြားရေးလုပ်ငန်းများကျောင်းတွင် စာသင်ကြားနေသည့် ပါမောက္ခတဦး ဖြစ်ပါသည်။

DAVID I. STEINBERG ရေးသားသည့် Burma, the Opposition and Economic Development ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

လစန္ဒာနှင့် ခြူးပိုက်ဆံ


ငွေစကြေးစ တချွင်ချွင်၊ ငွေဒင်္ဂါးသံတချွင်ချွင် စသော အသုံးအနှုန်းများ ပျောက်ကွယ်ခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ မဆလခေတ်က တွင်ကျယ်ခဲ့သော ကျပ်စေ့၊ မတ်စေ့များကား ပြတိုက်ထဲ ရောက်သွားလေပြီ။ ထို့နောက် ကျပ်တန်၊ ငါးကျပ်တန်၊ ဆယ်တန်တို့သည်လည်း တဖြည်းဖြည်းနဲ့ မြင်ကွင်းမှ ဝေးခဲ့လေပြီ။ ငါးဆယ်တန်၊ တရာတန်တို့မှာလည်း သုံးနေရသည်နှင့်မတူ ဆုံးနေရသည်နှင့် တူလေသည်။


ဤသရုပ်သည် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးကို မီးမောင်းထိုးပြနေပေသည်။ စစ်တပ်က ပြောနေသကဲ့သို့ တိုးတက်မြင့်မားလာသော အခြေအနေ အရပ်ရပ် ဆိုသည်တို့မှာ စဉ်းစားစရာပင် မလိုအပ်တော့။ လူထုအတွက် မရှိမဖြစ် သုံးစွဲနေရသော အကြွေကိုပင် လည်ပတ်အောင် ထုပ်မပေးနိုင်လေရာ ကျန်သည့် မြန်မာ့စီးပွားရေး ဆိုသည်ကိုမူ အကောင်းဘက်က ရှုမြင်ဖို့ မစွမ်းသာတော့။

လက်ရှိ ငွေကြေးတို့မှာ အရေအတွက်သာ ကြီးထွားလာပြီး၊ သုံးစွဲနေရသည်မှာ ဖောင်စီးရင်း ရေငတ် ဆိုသကဲ့သို့ ထောင်တန်ကြီး ကိုင်ထားပြီး သုံးရစွဲရခက် ဖြစ်နေလေသည်။ ငါးရာတန်ပင် တဖြည်းဖြည်း ရှားလည်း ရှား၊ စုတ်လည်း စုတ်လာလေပြီ။

လူဦးရေ သိပ်သည်းလှသော ရန်ကုန်မြို့လူထုမှာ မိုးလင်းပြီ ဆိုကတည်းက ရှားပါးလှသော မည်းကြုတ်ကြုတ် စက္ကူစုတ်များကို အသေအချာပင် စစ်မကြည့်နိုင်ဘဲ ကိုင်တွယ်နေရသည်။ လွှင့်ပစ်ရလောက်အောင်လည်း မချမ်းသာဆိုတော့ ဒါပဲ သုံးကြပေါ့။

ပန်းချီဆရာ ဂေါ်ဂင်အကြောင်း ရေးထားသည့် လစန္ဒာနှင့် ခြူးပိုက်ဆံ ဆိုသော ခေါင်းစဉ်လေးကို သတိရမိသည်။ စစ်တပ်ခေါင်းဆောင်များက အာဏာကို အလွှဲသုံးစားလုပ်ပြီး၊ ကိုယ်ကျိုးရှာသည်။ တိုင်းပြည်အတွက် တစိုးတစိလေးမျှပင် ချွေးမစို့ခဲ့ရသော သူတို့သားသမီးတွေက ချွေးပြိုက်ပြိုက်ကျအောင် ရှာဖွေနေကြသော လူထု၏ ချွေးနဲစာအပေါ် မတော်တရော် အခွန်တွေကောက်ပြီး၊ အမြိုင့်သား ထိုင်စားနေကြသည်။ ခါးကျိုးအောင် လုပ်နေရသော လူထုမှာ မည်းချိပ်နေသော ငွေစက္ကူ အနွမ်းအစများကို မထိရက်၊ မတို့ရက် ချွေချွေတာတာ သုံးစွဲနေရချိန်တွင် သူတို့က ငွေစက္ကူ အသစ်ကျပ်ချွတ်များကို အထုပ်လိုက်၊ အထုပ်လိုက် ဖြုန်းလို့ မပြီးနိုင်။ လူထုမှာ သုံးရက်စွဲရက်ကြသော မောင်မင်းကြီးသားတတွေကို မိုးပေါ်ကလကို ကြည့်နေသကဲ့သို့ တအံ့တဩ ကြည့်ပြီးနောက် ကိုယ့်လက်ထဲက တပဲနိ၊ နှစ်ပဲနိလေးတွေကို ၀မ်းနည်းပမ်းနည်း ကြည့်ရတော့သည်။ လစန္ဒာနှင့် ခြူးပိုက်ဆံပေါ့။

တရက်တရက် ပိုက်ဆံမည်းမည်းလေးတွေ ကိုင်ပြီး ကားစီးနေရသော၊ ဈေးဝယ်ထွက်နေရသော၊ ကျောင်းတက်နေရသော၊ ရောင်းဝယ်ဖောက်ကားနေရသော၊ လူတန်းစားအသီးသီးကို ကြည့်ပြီး နောက်ဆက်တွဲ ရလာနိုင်မည့် ရောဂါများအကြောင်းကို မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်ရသည်။ စစ်တပ်၏ ရှေ့နောက် မမြော်မြင်သော လုပ်ရပ်များကြောင့် အားလုံး စိတ်ဆင်းရဲရသည်။

မိုးလင်းလျှင် ရင်ဆိုင်ရသည့် ပြဿနာနှစ်ခု ရှိသည်။ တခုက ငွေစက္ကူစုတ်ပြဿနာ၊ နောက်တခုက သီချင်းကြိုက်တတ်လှသော မြန်မာတို့၏ စရိုက်ကို အသုံးချပြီး သီချင်းလေး ဖွင့်ပေးလိုက်၊ မမှန်သတင်းတွေ ပေးလိုက် လုပ်နေသော ပိတောက်မြေ အသံလွှင့်ဌာနနှင့် မန်းမြေ အသံလွှင့်ဌာန။

သီချင်းကောင်းလေးမှ နားထောင်မ၀ခင် စစ်အစိုးရက သင်ပေးသမျှ မဟုတ်မမှန်တို့ကို ၀ါဒဖြန့်သည်။ တိုင်းပြည်ကြီး ကောင်းစားနေသည်ကို မနာလို မရှုစိမ့်သော ပြည်တွင်းပြည်ပ အဖျက်သမားများ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေသော တိုင်းပြည်ကြီး၏ အရေးပါလှသော ၂၀၁၀ ရွေးကောက်ပွဲကြီးကို ပျက်စီးအောင် ဖန်တီးနေသော အနောက်နိုင်ငံတချို့၏ လက်ပါးစေ မီဒီယာများတဲ့။

ကြားလိုက်ရလျှင် မိုးမှ မလင်းသေး နားဒုက္ခ ပေးလေတော့သည်။ မိမိကိုယ်တိုင် အသံလွှင့် ပြောဆိုနေသည်များကို မိမိကိုယ်တိုင်ရော ယုံကြည်ပါလေစ။ လက်တွေ့နှင့် ကင်းကွာလှသော၊ မဟုတ်မမှန်သော သတင်းများကို မိမိထမင်းအိုးလေး ကွဲမည်စိုး၍ မျက်စိမှိတ်၊ နားပိတ်ပြီး ပြောဆိုနိုင်ရက်ကြသည်။

ယခုလည်း အပြင်မှာက မရှိလျှင် မဖြစ်သည့် ငွေစက္ကူ အတိုအစပင် အသစ်မထုတ်နိုင်။ ဤမျှလောက် အခရာကျသော၊ လက်တွေ့ကျလှသော ပြဿနာကိုပင် မရှင်းနိုင်ဘဲ စစ်အစိုးရ မီဒီယာတို့က အောင်မြင်လှသော ဈေးကွက်စီးပွားရေးကြီးအကြောင်း၊ အလုပ်အကိုင်သစ် အခွင့်အရေးသစ်တွေအကြောင်း၊ မစားရ၀ခမန်း ရေသောက်ပြီး အော်နေလေတော့သည်။

လူထုမှာတော့ မိုးလင်းမှာကိုပင် ကြောက်နေကြသည်။ အကြွေနုတ်ကိစ္စက တမျိုး၊ နားကိစ္စက တဖုံ။

ခြူးပိုက်ဆံပင် ရှားပါးလှသော ဤတိုင်းပြည်ကြီးရှိ လူထုကြီးမှာ တိုင်းပြည်ပိုက်ဆံကို သုံးစွဲပြီး၊ ကိုယ်ကျိုးရှာချင်လှသည့် စစ်ခေါင်းဆောင်တွေက တင်သွင်းမည့် ကိုယ်ရောင်ကိုယ်ဝါ ၀င်းဝင်းတောက်လှသော အမတ်လောင်းများ၏ ရွေးကောက်ပွဲကြီးကိုလည်း ကြုံတွေ့ရပေတော့မည်။

ရှေ့မနီးမဝေး၊ ကြုံလာနိုင်သည့် ရွေးကောက်ပွဲကြီးတွင် မြန်မာလူမျိုး တိုင်းရင်းသားအပေါင်းတို့ လက်ယဉ်လှပြီဖြစ်သော ပိုက်ဆံ မည်းမည်းကြီးများကို မည်သည့် မဲပုံးထဲ ထည့်ထည့် ပြန်ရေတွက်လျှင် ဖြူသွားနိုင်သည့် (အနက်ပုံးထဲထည့်လည်း အဖြူ၊ အဖြူပုံးထဲ ထည့်လည်း အဖြူ သို့မဟုတ် ကြက်ခြေခတ်လည်း အမှန်၊ မခတ်လည်း အမှန်) မဲပုံးထဲ တ၀ကြီး ထည့်လိုက်ရလျှင် ကောင်းလေစွဟု တောင့်တမိသည်။ သို့မှသာ လူထုသုံး စက္ကူမည်းမည်းများ ဇာတ်သိမ်းပေတော့မည်။

ဒီမိုကရေစီအင်အားစုကို ဖြိုခွဲမည့် ၂၀၁၀ ရွေးကောက်ပွဲ

မွန်သတင်းအေဂျင်စီ

စစ်အစိုးရ၏ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် တချက်ခုတ်နှစ်ချက်ပြတ် စေသည့် ရည်ရွယ်ချက်များ ပါရှိလေသည်။ ရွေးကောက်ပွဲအား ကျင်းပပေးခြင်းအားဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီများကို တရားဝင်မှတ်ပုံတင်စေခြင်းအားဖြင့်လည်းကောင်း ဒီမိုကရေစီ အင်အား စုများတွင် ရွေးကောက်ပွဲအား သပိတ်မှောက်လိုသည့်အုပ်စုနှင့် ''တကျပ်ရက တကျပ်ယူမည်၊ တမတ်ရက တမတ်ယူမည်'' ဆိုသည့် ရွေးကောက်ပွဲဝင်လိုသည့်အုပ်စုတို့၏ အကွဲအပြဲကို တွေ့ရပေမည်။

တချိန်တည်းတွင် ဒီမိုကရေစီအင်အားစုတို့မှ ပဲ့ထွက်လာသည့်အုပ်စုအား ဂရုစိုက်ပဲ စစ်အုပ်စုအား ထောက်ခံသည့် နိုင်ငံရေးပါတီများသာ အနိုင်ရရှိအောင် ဆောင်ရွက်ပေးကာ ရွေးကောက်ပွဲ၌ ထိုစစ်အုပ်စု နိုင်ငံရေးပါတီ အနိုင်ရရှိအောင် စီစဉ်ဆောင်ရွက် ကြပ်မတ်ပေးလိမ့်မည် ဖြစ်သည်။ ရွေးကောက်ပွဲအား မနိုင်နိုင်အောင် ဆောင်ရွက်မည်ဖြစ်ပေသည်။ ဤကဲ့သို့ လက်တလုံးကြားနှင့် အနိုင်ရရှိအောင် ဆောင်ရွက်နိုင်ကြောင်းကို စစ်အုပ်စု၏ ၂၀၀၈ ခုနှစ် မေလလူထုဆန္ဒခံယူပွဲတွင် သက်သေပြခဲ့ပြီး ဖြစ်ပေသည်။

ယခုလာမည့် ၂၀၁၀ ရွေးကောက်ပွဲ၌လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် သင်ခန်းစာယူခဲ့သည့် စစ်အစိုးရသည် လူထုဆန္ဒသဘောထားအမှန်အား ဖော်ထုတ်ပေးမည်မဟုတ်ပဲ လူထုဆန္ဒအား မိမိတို့ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီဘက်သို့ ရောက်ရှိအောင် ဆောင်ရွက်မည် ဖြစ်ပေသည်။ တရားသည် မတရားသည်များကို ၄င်းတို့ဂရုစိုက်မည် မဟုတ်ပေ။

လက်ရှိကာလတွင် အစိုးရအနေဖြင့် ကြံ့ခိုင်ရေးအဖွဲ့အား နိုင်ငံရေးပါတီအဖြစ်သို့ ပြောင်းလဲပစ်ရန် ကြိုးပမ်းနေဆဲ ဖြစ်ပေသည်။ မကြာသေးမီကာလတွင် ကြံ့ခိုင်ရေးအဖွဲ့အား ၄င်းတို့၏အဖွဲ့ဝင်အင်အား မည်မျှရှိသည်ကို အတိအကျ စာရင်းပြစုစေပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက တနိုင်ငံလုံးအတိုင်းအတာတွင် အမတ်နေရာမည်မျှရနိုင်သည်ကို ခန့်မှန်းစေပါသည်။ တချိန်တည်းတွင် လူထုမှ ထောက်ခံမှု လေးစားမှုမရှိသော ခြစားအကျင့်ပျက်ကြောင်း နာမည်ထွက်နေသည့် ကြံ့ခိုင်ရေးခေါင်းဆောင်တို့အား ဖြုတ်ထုတ်ကာ လူထုမှ လေးစားသည့် ကျောင်းဆရာ၊ ဆေးမှူးနှင့် အစိုးရဝန်ထမ်းတို့ဖြင့် အစားထိုးစေပါသည်။

ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု ရရှိရန်အတွက် ရပ်ရွာဒေသတို့တွင် အရေးပါသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြံ့ခိုင်ရေးအဖွဲ့မှ ဦးစီးပြီး အကောင်အထည် ဖော်စေပါသည်။ ကျောင်းနှင့်ဆေးရုံများ တည်ဆောက်ပြီး၊ လမ်းနှင့်တံတားများ ဖောက်လုပ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်စေပါသည်။
ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အကယ်၍ ကြံ့ခိုင်ရေးအဖွဲ့အား နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက ၄င်းတို့တွင် လူထုမှ လေးစားသောခေါင်းဆောင်နှင့် လူထုအကျိုးပြုလုပ်ငန်းအတွက် ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ၄င်းတို့နိုင်ငံရေးပါတီမှ မဲအများစုရရှိအောင် ဆောင်ရွက်စေပါသည်။

တချိန်တည်းတွင် ၄င်းတို့နှင့်အယှဉ်အပြိုင် နိုင်ငံရေးပါတီတို့အား နှိပ်ကွပ်ပြီး ကြံ့ခိုင်ရေးမှ အပြတ် အသတ်အနိုင်ရရှိအောင် ဆောင်ရွက်မည် ဖြစ်ပေသည်။ ပြည်ထောင်စုပါလီမာန်နှင့် ပြည်နယ်ပါလီမာန်တို့တွင် မဲအားလုံး၏ (၅၀%) ကျော် ရရှိအောင် စစ်အစိုးရမှ ဆောင်ရွက်ပေမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ စစ်တပ်မှ ကိုယ်စားလှယ် (၂၅%) ကို ထည့်သွင်းမည် ဖြစ်ပေသည်။

ဤအချိန်တွင် ဒီမိုကရေစီကို လိုလားသော အင်အားစုများအနေဖြင့် ပါလီမန်၌ အမတ်နေရာ (၂၅%) အောက်သာ ရရှိသည့်အတွက် မည်သို့မှ မတတ်သာသောအခြေအနေတွင် ရှိနေနိုင်ပေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် တောင်းဆိုချက်ကို စစ်အုပ်စုဘက်မှ လိုက်လျောမည်မဟုတ်ပေ။ ပါလီမာန်နှင့် အစိုးရတို့ကတဆင့် ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို အတိုက်အခံအင်အားစုတို့အနေဖြင့် အထူးဂရုပြရပေမည်။ ဒီမိုကရေစီအစစ်အမှန်ကို လိုလားသည့် အင်အားစုအားလုံး အတူတကွညီညွှတ်စွာဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သင့်ပေသည်။ အားလုံးသဘောမတူနိုင် ဖြစ်မည်ဆိုပါက တဖွဲ့နှင့်တဖွဲ့၊ တပါတီနှင့်တပါတီ သဘောထားညှိနှိုင်းသင့်ပေသည်။ ရွေးကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတို့၏ ဒီမိုကရေစီပြောင်းလဲရေးအတွက် ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍနှင့် ဆက်လက်အတိုက်အခံ ပြုလုပ်သွားမည့် နိုင်ရေးပါတီတို့၏ အခန်းကဏ္ဍတို့အား ခွဲခွဲခြားခြား သတ်မှတ်သင့်ကြောင်း တင်ပြလိုက်ရပေသည်။

ရေစုန်မှာ လှေကြုံစီးမလား

ဆယ်တေးလု

တိုင်းပြည်က ဆင်းရဲတော့ လူထုလည်း မွဲတယ်။ အများအကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်မယ်ဆိုတဲ့ ဆောင်ပုဒ်တွေဟာ ဗမာပြည် သူများအတွက် အတော်ကို အသိခေါက်ခက်၊ အ၀င်နက်ဆိုသလို ရယ်စရာကောင်းတယ် ပြောရအောင်လည်း ပကတိအဖြစ်မှာ လူထု တစ်ရပ်လုံးဟာ ကုန်းကောက်စရာ ငတ်ပြတ်မွဲတေ နေတာတော့ အမှန်ပါဘဲ။

ဒါပေမဲ့ ချောက်ထဲကျလုဆဲဆဲ တိုင်းပြည်ကို တပ်မတော်က ကယ်တင်လိုက်ရတာပါ။ တိုင်းရင်းသားတွေ ခွဲထွက်ဖို့ လုံးပမ်းနေတာကြောင့် တပ်မတော်က မလွဲမရှောင်သာ အာဏာသိမ်းရတာပါဆိုတဲ့ လက်နက်ကိုင်အာဏာရှင် တစ်စုရဲ့ ကြွေးကြော်သံတွေဟာ ထိပ်ပိုင်းက စစ်ဗိုလ်တွေနဲ့ ကပ်ဖားအပေါင်းအဖက်တစ်စုတို့ကို ကမ္ဘာပေါ်မှာ တိုးတက်ပါတယ်ဆိုတဲ့၊ သူဌေးသူကြွယ်တွေ နေထိုင်သုံးစွဲတဲ့ စည်းစိမ်တွေနဲ့ စိုးစဉ်းမျှ အပူအပင်မရှိ ဘ၀လှပနေကြတာဟာ တိုင်းပြည်က တကယ်ဘဲ ဆင်းရဲနေသလား။

ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖလို့ တချိန်က ကြွေးကြော်ခဲ့ကြတဲ့ အညတြစစ်သားတွေဟာ ကနေ့မှာတော့ စစ်ဗိုလ်ရာထူးရလာတဲ့အခါ တပ်မတော်သည်သာလျှင်အမိ၊ တပ်မတော်သည်သာလျှင် အဖဆိုပြီး သွေးနားထင်ရောက်နေကြပါပြီ။

အမှန်တကယ်တော့ ဗမာပြည်ဟာ ဆင်းရဲမနေပါ။ ဘယ်အခါကမှလည်း ချောက်ထဲကျမည့် အခြေအနေကိုလည်း မရောက်ခဲ့ပါ။ တိုင်းရင်းသားတွေကလည်း ခွဲထွက်ဖို့ လုံးပမ်းတယ်ဆိုတဲ့ သမိုင်းလည်းမရှိခဲ့ပါ။

တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေကို စစ်ဗိုလ်တမတ်သားတို့က လက်လွတ်စပယ် အပေါင်းပါအချို့နဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဘိတ်ခေါ်ကာ ထုတ်ယူသုံးစွဲပြီး တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိတယ်ဆိုကာ ပြည်သူတွေကို မက်လုံးပေးနေပါသည်။

တကယ်တော့ ဗမာ့တပ်မတော်ဟာ အရေအတွက်သာများလာပြီး အင်အားရှိမလာပါ။ ဒီတပ်မတော် အရေအတွက်ကဘဲ စစ်ဗိုလ်တွေနဲ့ အပေါင်းပါတွေကို အာဏာခွင်မှာ မြဲနေအောင်၊ လိုတရ စည်းစိမ်ချမ်းသာတွေ ပြည့်ဝလာအောင် အကာအကွယ် ပေးနေသူတွေအဖြစ် သက်သက်မျှ ဖြစ်နေပါတယ်။

တိုင်းပြည်မှာရှိတဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို ဒီလိုထုတ်ယူရောင်းချနေတော့ ကုန်ခမ်းပြီး တိုင်းပြည်က မဆင်းရဲဘဲ ဘယ်နေမလဲ။ ဒါပေမဲ့ စစ်ဗိုလ်တွေနဲ့ အပေါင်းပါတို့ကတော့ အဲဒီက ထုတ်ယူရောင်းချလို့ရတဲ့ အကျိုးအမြတ်တွေနဲ့ ပြည်တွင်းမှာရော ပြည်ပတွေမှာပါ ရွေငွေရတနာတွေကို ပုံအောပြီး စုဆောင်းနေကြပါတယ်။ ကမ္ဘာ့သူဌေးသူကြွယ်တွေ စာရင်းထဲဝင်ဖို့ ကြိုးပမ်းနေကြပါတယ်။ သားသမီးတွေကို ကောင်းပေ့ဆိုတဲ့ အတတ်ပညာသင်ကျောင်းတွေမှာ ပို့ပြီး အာဏာဆက်ခံမည့် မျိုးဆက်သစ်တွေဖြစ်အောင် ပညာသင်စေပါတယ်။

လူထုတွေကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး အစရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတိုင်းတွေမှာ အနားမရအောင် စစ်ဗိုလ်တွေနဲ့ နောက်လိုက်တစ်စုက အတင်းအကြပ်အခမဲ့ လုပ်အားပေးခိုင်းနေလေတော့ လူထုတွေ မမွဲရင် ဘယ်သွားနေမလဲ။ ဒီကြားထဲက လူထုတွေရဲ့ ရှိရင်းစီးပွားလုပ်ငန်းတွေကို ကန့်သတ်ချုပ်ချယ်ပိတ်ပင်တာ၊ လယ်ယာမြေတွေကို လုယူသိမ်းဆည်းတာတွေ ထပ်လုပ်ပြန်တော့ မငတ်ဘဲဘယ်နေမလဲ။

တကယ်မှာတော့ တိုင်းပြည်ဟာ မဆင်းရဲဘဲ ပြည်သူတွေက မွဲတေနေရတာဟာ ဘာကြောင့်လဲ။ စစ်ဗိုလ်များနဲ့ အပေါင်းပါတစ်ခုတို့ဟာ အများအကျိုးမဆောင်ဘဲနဲ့ ကိုယ့်အကျိုးအောင်နေကြတာများ အဘယ်အကြောင်းများပါလဲ။

၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်အာဏာကို စစ်တပ်က သိမ်းယူခဲ့တာဟာ အဲဒီအချိန်က စစ်တပ်အကြီးအကဲဖြစ်ခဲ့တဲ့ ဗိုလ်နေ၀င်းကို ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနုကနေ တိုင်းရင်းသားတွေ ခွဲထွက်ဖို့ လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခိုင်းတာဖြစ်တယ်လို့ ဗမာ့အရေးကို လေ့လာနေတဲ့ ပါမောက္ခ ဂျိုးဇက်ဆီးလ်ဗာစတိုင်းက ပြောဖူးတာကို အမှတ်ရခဲ့ပါတယ်။

ဒါဟာ တိုင်းပြည်ကို ဆင်းရဲတွင်းနက်ထဲ တွန်းပို့ပြီး ပြည်သူတွေကို အငတ်ဘေးဆိုက်စေခဲတဲ့ ကနေဦးအစဘဲလို့ ပြောရလေမလားဘဲ။ ကိုယ်ထူကိုယ်ထ၊ ပြည်တွင်းဖြစ်နဲ့ ဖူလုံရေးကို အကြောင်းပြုပြီး လက်မှုလယ်ယာ စနစ်ကနေ စက်မှုလယ်ယာစနစ်ဆီ ဦးတည်ဖို့ ရေတို၊ ရေရှည်စီမံကိန်းအလီလီ ချမှတ်အကောင်အထည် ဖော်လာလိုက်တာ အဆုံးမှာ နိုင်ငံတကာက ချေးယူငွေတွေ ပြန်မဆပ်နိုင်တာတွေနဲ့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဆင့်ကို ရောက်ရှိသွားခဲ့တာ တိုင်းပြည်က ဆင်းရဲမွဲတေလို့တော့ မဟုတ်တန်ပါဘူး။

ဒါပေမဲ့ ဗိုလ်နေ၀င်းနဲ့ အပေါင်းပါတွေကတော့ စီးတဲ့ရေ၊ ကာတဲ့ကန်သင်း ဆိုသလိုပါဘဲ။ အပြန်အလှန် ဖေးဖေးမမနဲ့ ကိုယ်ကျိုးဖယ်ပြီး ဥစ္စာစည်းစိမ်တွေနဲ့ ယစ်မူးနေနိုင်ခဲ့ကြတာ တိုင်းရင်းသားတွေ ခွဲထွက်ဖို့ လုံးပမ်းနေတယ် ဆိုတဲ့ ရိုးစွပ်ချက်ကြောင့်ဘဲ မဟုတ်ပါလား။ အဲဒီအတွက် တိုင်းရင်းသားခေါင်းဆောင်တွေ၊ အကြီးအကဲတွေဟာ ရှိရင်းစွဲအာဏာတွေကို အတင်းအကြပ် စွန့်လွတ်ကြရယုံ မဟုတ်ပါဘူး၊ အတော်များများဟာ အကျယ်ချုပ်ဘ၀နဲ့၊ အချို့ဆိုရင် ဖမ်းဆီးခံရတဲ့အပြင် သေဆုံးတာ၊ အစအနမသိရတဲ့ ယနေ့တိုင် ပျောက်ဆုံးကြရတာတွေဟာ ဘယ်သူလုပ်ခဲ့သလဲ။

နောက်ဆုံး တိုင်းပြည်ချောက်ထဲ ကျလုဆဲဆဲမှာ တပ်မတော်ကနေ လက်မတင်ကလေးအလိုမှာ ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ အခြေအနေကို ဆိုက်ရောက်စေတာ ၁၉၇၄ ခုနှစ်က လုပ်သားပြည်သူတစ်ရပ်လုံးကို စုရုံးစေပြီး တခဲနက်အတည်ပြုကြောင်း ကျေညာလိုက်တဲ့ မဆလ တစ်ပါတီရဲ့ အခြေခံဥပဒေက ထွက်လာတဲ့ ရလာဒ်မဟုတ်ဘူးလို့ ဘယ်သူက ငြင်းမလဲ။ မချစ်သော်လည်း အော့ခါနမ်းရတဲ့ ပြည်သူတို့ရဲ့ ထောက်ခံချက်နဲ့ အတည်ပြုခဲ့တာပါ။

တိုင်းပြည်ကို လက်နက်အားကိုးနဲ့ ဒါးမိုးအုပ်ချုပ်ပြီး ထင်တိုင်းကြဲခဲ့တဲ့ စစ်အလုပ်စုရဲ့ ခိုင်းတဲ့ကကျွန်၊ ထွန်တဲ့နွားပမာ လိုတစ်မျိုး၊ မလိုတစ်မျိုးနဲ့ ထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ စနစ်တွေအောက်မှာ ပြည်သူတစ်ရပ်လုံးဟာ တံလျှပ်ကို ရေထင်ပြီး မစို့မပို့ပေးထားတဲ့ အာဏာကို ရယူခွင့်ရှိကြတဲ့သူတွေဟာ ဆွေမျိုးသားချင်းကြားမက သာမန်ပြည်သူတွေကို မောက်မာခွဲခြားဆက်ဆံခဲ့ကြတာ မဆလ ကာလတစ်လျှောက် စစ်ဗိုလ်တစ်စုက မျိုးစေ့ချပေးလိုက်တဲ့ စိတ်ဝမ်းကွဲ အခြေခံနည်းနာတွေဘဲ ဖြစ်ပါတယ်။

အလွှာအသီးသီးက ကျောင်းသား၊ ရဟန်းပြည်သူတစ်ရပ်လုံးက မခံမရပ်နိုင်တော့တဲ့အဆုံး ၁၉၈၈ ခုနှစ်မှာ တပြည်လုံးအနှံ့ အုံကြွမှုဖြစ်ပြန်တော့ ချောက်ထဲကျလုဆဲဆဲ တပ်မတော်ကဘဲ ကယ်တင်ရှင်လုပ်ရပါတယ်ဆိုတဲ့ ယူနီဖောင်းဝတ်စစ်တစ်စုက အာဏာသိမ်းပြန်တာပါဘဲ မဟုတ်လား။

အမှန်ကတော့ တိုင်းပြည်ကြီးက စုန်းစုန်းနစ်မြုပ်တော့မဲ့၊ ချောက်ထဲကျတော့မဲ့ အခြေအနေကို မမြင်ရက်လို့ ရဟန်းရှင်လူတစ်ရပ်လုံးကနေ တောင်းဆိုခဲ့ကြတာပါ၊ စစ်ဗိုလ်ချုပ်တွေ ပြောခဲ့သလို ဆူပူအုံကြွမှုလုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ စင်စစ် တိုင်းပြည်ကြီး ချောက်ထဲကျလုဖြစ်ရတာ၊ လုထုတစ်ရပ်လုံးက မွဲတွေပြာကျနေတာဟာ ထာဝစဉ် အာဏာလက်ဝယ်ကိုင်ထားပြီး အမြဲတမ်းစည်းစိမ် ယစ်ပလ္လင်ပေါ်ကနေ အောက်ကျမသွားရလေအောင် မင်းမူအုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တစ်ခုရဲ့ သူတို့အပြောနဲ့ ပြောရရင် “ကိုယ်ကျိုးစွန့် အနစ်နာခံ” ခဲ့တဲ့ လုပ်ရပ်တွေကြောင့်ပါ။

အခုတခါတည်း လာပြန်ပါပြီ။ စစ်ဗိုလ်ချုပ်တွေ့ရဲ့ အလိုတော်ရိတွေနဲ့ တဖက်သတ်ကျိတ်ပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေကို လူထုကိုယ်စားလှယ်တွေနဲ့ ရေးဆွဲသယောင်ဖြစ်အောင် ၁၉၉၀ ခုနှစ်က ရွေးကောက်ခံ လူထုကိုယ်စားလှယ် အချို့ကို ဖိတ်ကြားပြီး ပြည်သူတွေနဲ့ ကမ္ဘာကို ပြလို့ရအောင် အမျိုးသားညီလာခံ ဆိုတာကြီးကို ၁၃ နှစ်ကျော်ကြာအေင် ပြုလုပ်ခဲ့တာပါ။ စစ်ဗိုလ်ချုပ်က လုပ်ခဲ့တဲ့ ဒီအမျိုးသားညီလာခံဟာ ကမ္ဘာမှာ ကျင်းပခဲ့သမျှသော ညီလာခံတွေထဲမှာ မာရသွန်ညီလာခံကြီး ဖြစ်ခဲ့ပါတယ်။

ရွေးကောက်ခံအမတ်အချို့နဲ့ အပစ်ရပ်လက်နက်ကိုင် အဖွဲ့အချို့က ကိုယ်စားလှယ်တွေကနေ အခြေခံမူအပိုဒ်အချို့ကို ပြင်ဆင်ဖို့၊ ပြန်လည်သုံးသပ်ဖို့ အကြံပြုတာတောင် လက်မခံပယ်ချပြီး ဒီကိုယ်စားလှယ်တွေရဲ့ ညီလာခံကို တက်ရတဲ့အလုပ်ဟာ ဥပဒေတွေကို ထောက်ခံဖို့သက်သက်သာ ဖြစ်ခဲ့ပါတယ်၊

တခါကြည့်ပါဦး၊ ၂၀၀၈ ခုနှစ်၊ မေလ (၁၀) ရက်မှာ ဒီဥပဒေကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ နာဂစ်မုန်တိုင်းကျခဲ့တာကြောင့် လူတွေ သိန်းနဲ့ချီပြီး သေတဲ့၊ ပျောက်ဆုံးတဲ့၊ ငတ်ပြတ်တဲ့ကြားထဲကဘဲ လူထူတွေကို မကူညီတဲ့အပြင် ကျေညာထားတဲ့ ဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲကြီးကို အတင်းအကြပ် ပြုလုပ်ခဲ့တာဟာဖြင့် သူတို့အာဏာ ဆက်လက်တည်မြဲရေးအတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာ။ လူသေတာပျောက်ဆုံးတာ၊ ငတ်ပြတ်တာထက် အရေးကြီးတဲ့ ဒီဆန္ဒခံယူပွဲရဲ့ ရလာဒ်ကိုလည်း ကြည့်ပါဦး။

မြို့ပြတွေမှာတော့ မလာမနေရ၊ ကျေးလက်ဒေသတွေမှာတော့ အိမ်ထောင်စုစာရင်းကို ရွာသူကြီးဆီက ရယူယုံနဲ့တင် အတည်ပြုထောက်ခံမဲအဖြစ် ထည့်သွင်းခဲ့တာပါ။ ကန့်ကွက်မဲတွေအားလုံးဟာလည်း ထောက်ခံမဲပုံးထဲ ရောက်သွားတာ။ ကန့်ကွက်မဲထည့်သူတွေကို တခါထောက်ခံမဲထည့်ဖို့ နှစ်ခါပြန်မဲထည့်ခိုင်းတာတွေ၊ ပေါင်းလိုက်တော့အဆုံးမှာ ၉၄ ရာခိုင်နှုန်း မဲပေးသူတွေအနက် ၉၂ ရာခိုင်နှုန်းကျော်သော လူထုထောက်ခံမဲနဲ့ အတည်ပြုကြောင်း ကမ္ဘာကို အရှက်ကင်းမဲ့စွာနဲ့ ကျေညာခဲ့တာဟာ အသက်ကို အရှက်နဲ့ လဲပြီး ကာကွယ်နေတာမဟုတ်ပါလား။

ဒီအတည်ပြုလိုက်တဲ့ ဥပဒေနဲ့ဘဲ ၂၀၁၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပမည်လို့ ပြောပြန်ပါတယ်။ ဒီဥပဒေတွေထဲမှာ အဆင့်တိုင်းသော အုပ်ချုပ်ရေးယန္တယားတွေမှာ စစ်တပ်က အရာရှိတွေက နေရာယူထားပါတယ်။ အထက်လွတ်တော်နဲ့ အောက်လွတ်တော်တွေမှာတင် မဟုတ်ပါဘူး။ တိုင်းဒေသကြီးတွေမှာ၊ ပြည်နယ်တွေမှာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာမက အုပ်ချုပ်ရေးစီရင်စုတွေအဆုံး စစ်တပ်က စစ်ဦးစီးချုပ်ကနေ ရွေးချယ်စေလွတ်လိုက်တဲ့ စစ်တပ်အရာရှိတွေက ပါဝင်စီမံအုပ်ချုပ်သွားဖို့ ဒီအခြေခံဥပဒေထဲမှာ အတိအလင်း ဖော်ပြထားပါတယ်။

ဒီစစ်တပ်က အရာရှိတွေကိုလည်း စစ်ဦးစီးချုပ်က သဘောမတူတဲ့ တာဝန်ကနေ ရွေ့ပြောင်းတာ၊ အဆင့်လျော့ချတာ၊ ဖြုတ်ပစ်တာမျိုးတွေကို ဘယ်အာဏာပိုင်ကမှ လုပ်ခွင့်မပြုထားပါဘူး။ ဒီတော့ လက်ရှိစစ်တပ်က အုပ်ချုပ်နေတာနဲ့ ၂၀၁၀ ခု၊ ရွေးကောက်ပွဲပြီးလို့ ဖွဲ့စည်းမဲ့ အစိုးရသစ်က အုပ်ချုပ်မှာနဲ့ ဘယ်လိုကွာခြားမှု ရှိပါလဲလို့ မေးစရာရှိပါတယ်။ ကွာခြားတာ တစ်ခုရှိပါတယ်။ လက်ရှိစစ်တပ်က အုပ်ချုပ်နေတာ တရားလက်လွတ်၊ ဥပဒေမဲ့ လူထုတွေကို ဖိနှိပ်ကျွန်ပြုအုပ်ချုပ်နေပြီးတော့ ရွေးကောက်ပွဲပြီးယင် ဥပဒေနဲ့အညီ လူထုတွေကို ထာဝရစနစ်တကျ ဖိနှိပ်ကျွန်ပြုအုပ်ချုပ်ဖို့ဆိုတာ ကွာခြားသွားမှာ ဖြစ်ပါတယ်။

အပေါ်ယံအားဖြင့် လူတွေသိနေ၊ ကြားနေကြတာကတော့ လွတ်တော်အဆင့်တွေမှာ စစ်ဦးစီးချုပ်က ရွေးချယ်စေလွတ်မဲ့ စစ်တပ်က အရာရှိတွေ ၂၅ ရာခိုင်နှုန်းသာ ပါဝင်မယ်လို့ နားလည်ထားကြတာပါ။

ဒါပေမဲ့ အချို့ကတော့ နအဖရဲ့ အစီအစဉ်အတိုင်း မျောပြီး ရွေးကောက်ပွဲဝင်မယ်၊ ရတဲ့အာဏာလေးကိုယူပြီး လူထုတွေကို ဦးဆောင်မယ်။ အနီးကပ်တိုက်ပွဲဝင်မယ်။ တဖြေးဖြေးနဲ့ လမ်းမှန်ပေါ်ရောက်အောင် လုပ်ယူမယ်ဆိုတဲ့စဉ်းစားချက်တွေ ရှိကြပါတယ်။ အချို့ကလည်း ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှုမရှိနိုင်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲမဖြစ်အောင် တိုက်ဖျက်ရမယ်ဆိုပြီး ပြင်ဆင်နေသူတွေလည်း ရှိပါတယ်။ နအဖ ကတော့ သူခင်းတဲ့ လမ်းပေါ်မှာ တသွေမတိမ်း ဆက်လျှောက်မှာပါဘဲ။ မပိုင်ဘဲနဲ့လည်း လုပ်မှာတော့ မဟုတ်ဘူးဆိုတာ မမေ့ဖို့ လိုပါတယ်။

ဒီနေရာမှာ အဓိကကျတာ လူထုတွေဘဲဖြစ်ပါတယ်။ တသက်လုံး မတရား ဖိနှိပ်အုပ်ချုပ်လာသူတွေကို တရားဝင်အာဏာရရှိအောင် ဥပဒေနဲ့အညီ စိတ်ထင်တိုင်း ကျွန်ပြုအုပ်ချုပ်သွားဖို့ အကြောက်တရားနဲ့ ဆက်လက် ထောက်ခံသွားကြမလား၊ သို့မဟုတ် ရှိတဲ့အားနဲ့ စည်းလုံးညီညွတ်စွာ ဆန့်ကျင်တိုက်ဖျက်သွားကြမလားဆိုတာ နေ့စဉ်နဲ့အမျှ စဉ်းစားပြင်ဆင်ထားကြဖို့ လိုအပ်နေပါပြီ။ ဒီအချိန်ဟာ အားလုံးရဲ့ အနာဂါတ်အတွက် အဆုံးအဖြတ်ပေးဖို့ အရေးကြီးနေတာပါ။

မကြာမီကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ပြောလိုက်တာကို ကြည်ပါဦး။ အခြေခံဥပဒေကို ပျက်လိုဖျက်ဆီးလုပ်သူတွေကို အပြင်းအထန်အရေးယူမည်လို့ ရာဇသံပေးလိုက်သလိုဘဲ ဗမာပြည်ရဲ့နိုင်ငံရေးအပြောင်းအလဲကို မြင်ချင်ရင် သူတို့အပေါ် အနောက်နိုင်ငံတွေက ချထားတဲ့ ဗီဇာပိတ်ပင်မှုတွေ၊ စီးပွားရေးဒါဏ်ခတ်မှုတွေကို ရုပ်သိမ်းဖိုး တောင်းဆိုနေပါတယ်။ နအဖ ဟာအမြဲတမ်းဒီလိုနည်းတွေနဲ့ လက်ဦးမှု တွေယူဖို့ လုပ်လေ့ရှိပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့ နောက်ကွယ်မှာ ရှိနေသရွေ့ ဘယ်သူ့ကိုမှ ခရုစိုက်နေစရာ မလိုဘူးလို့လည်း ဆိုနေပါတယ်။

နောက်ဆုံးလာရောက်သွားတဲ့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ကလည်း ဗမာပြည်ကအပြန် မှတ်ချက်ပြုသွားတာကတော့ ဗမာပြည်ရဲ့ လူ့အခွင့်အရေးဟာ စိန်ခေါ်မှုတွေ ရှိနေတုန်းပါဘဲတဲ့။ ဘာစိန်ခေါ်မှုတွေလည်း မေးနေစရာ မလိုဘူးထင်ပါတယ်။

အနှစ် ၅၀ နီးပါးလောက်ကို စစ်တပ်ကနေ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်သယံဇာတတွေ ထုတ်ယူရောင်းချလို့ ရတဲ့ ငွေတွေဟာ စစ်တပ်ကို တိုးချဲ့နေတာနဲ့ စစ်ဗိုလ်အချို့နဲ့ အပေါင်းပါစီးပွားရေးသမား တစ်စုတို့ကြောင့် လုံးပါးပါးတော့မဲ့ အခြေအနေကို ရောက်နေပါပြီ။ နောင်ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ပြည်သူ့အစိုးရပေါ်လာခဲ့ရင်တောင် ဘက်စုံထူထောင်ရေးလုပ်ငန်းတွေကို ကုန်းရုန်းလုပ်ဆောင်ရင်းနဲ့ ကြွေးမြီတွေ တင်ဖို့ရှိနိုင်ပါတယ်။

အကြောက်တရားကို မချေဖျောက်နိုင်ကြဘူးဆိုရင်ဖြင့် ထာဝရစစ်တပ်ရဲ့ ကျွန်ဖြစ်ယုံသာ ရှိပါတော့တယ်။ ဒါကြောင့် ရေစုန်မှာ လှေကြုံစီးရင်း ဘ၀ကို နစ်မျောဖို့ ဆုံးဖြတ်ကြမလား၊ သို့မဟုတ် ရေအဆန်မှာအားမာန် အပြည့်နဲ့ အန်တု ရင်ဆိုင်ကျော်ဖြတ်ရင်း ဆန်းသစ်တဲ့ အနာဂါတ်ဆီကို ဦးတည်ပြီး ကြမ္မာသစ်ကို ဖန်တီးကြမလား ဆိုတာ အသိပေးနိုးဆော်လိုပါတယ်။

အတုအယောင် ရီဖရင်ဒမ်ကြီးပြီးလို့ ၂၀၀၉၊ ၂၀၁၀ တိုင် လေလှိုင်းတွေကမြိုင်

ဒေါက်တာလွဏ်းဆွေ

ဆန္ဒ ခံယူပွဲဆိုတုန်း ကလည်း ဆန္ဒခံယူပွဲ အလျောက်မို့ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲဆိုပြီး နအဖက အနံ့လေး ထပ်ထုတ်ပေး ထားပြန်တော့ ၂၀၁၀ ရွေးကောက်ပွဲ အနံ့ကိုရှုရင်း ရှိုက်ရင်း တိုက်ရိုက်လေလှိုင်း ဆွေးနွေး ပွဲတွေမှာ အာပေါင်အာရင်း သန်သန်နဲ့ ဆွေးနွေး ငြင်းခုံနေကြသံတွေ ကြားနေရ ပြန်ပါပြီ။ ပါဝင်ဆွေးနွေး ကြသူ အများစုက ပြည်ပမှာ နေထိုင်ကြ သူတွေပါ။ အမေး နွားကျောင်းသား များက ပျော်မဆုံး မော်မဆုံး ဆွမေး ဖွမေးနေ ကြသလို အဖြေ ဘုရား လောင်းများကလည်း တယောက်တမျိုး မရိုးနိုင်အောင် ဖြေကြား တော်မူနေကြတာကို ခပ်စိတ်စိတ် ကြားနေရပါတယ်။ ဆွေးနွေးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားနေရပုံများ “သီတင်းကျွတ်ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်” ဆိုတဲ့ သီချင်းကို စာသားပြောင်းပြီး “အတုအယောင် ရီဖရင်ဒမ်ကြီးပြီးလို့ ၂၀၀၉၊ ၂၀၁၀ တိုင် လေလှိုင်းတွေကမြိုင်” လို့ ထဟဲရတော့မလို …။

တခုပဲ တွေးမိ ပါတယ်။ မြန်မာပြည်ထဲမှာ ခြစ်ကုတ် ၀ယ်ထားကြတဲ့ ရေဒီယိုလေး တွေဖွင့်ပြီး ညမှောင်မှောင် လမှောင်မှောင် ထဲကနေ နားဆင် နေကြတဲ့ ကျနော်တို့ရဲ့ ချစ်လှစွာသော ပြည်သူ လူထုကြီးကတော့ တယောက်တပေါက် ဆွေးနွေး ငြင်းခုံသံတွေကို ကြားရပြီး၊ ဒီမိုကရေစီရေး အတွက် အားတက်ကြ လေမလား၊ မျက်လုံး ကလေးတွေ ကလယ်ကလယ်နဲ့ အားကိုးရာမဲ့ ဖြစ်နေကြ လေမလား၊ တော်ပြီ … ဓာတ်ခဲဖိုး ကုန်တယ်ကွာဆိုပြီး ရေဒီယိုကိုပဲ ပိတ်ပစ် လိုက်ကြလေမလား ဆိုတာကို စိုးရိမ်တကြီး တွေးနေမိတာပါ။


အခုအထိ ကြားခဲ့ရသမျှတွေထဲမှာ လှုပ်လှုပ်ရှားရှားအဖြစ်ဆုံး ဆွေးနွေးပွဲလေးကို ညွှန်းပါဆိုရင်ဖြင့် ဖေဖော်ဝါရီ (၂၁) ရက် စနေညပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို ညွှန်းရပေလိမ့်မယ်။ အဲဒီဆွေးနွေးပွဲမှာ ထူးခြားတာက စီစဉ်တင်ဆက်တဲ့ ဦးကျော်ဇံသာရဲ့ လူရွေးချယ်မှုပါ။ အဓိက ပင်တိုင်ဆွေးနွေးဖို့ ရွေးချယ်ထားတဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူလို့ ဆိုတဲ့ ဦးအောင်သူငြိမ်းနဲ့ ဦးမင်းဇော်ဦးတို့ နှစ်ဦးစလုံးက ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ နှပ်ကြောင်းပေး ပြောဆို ဆွေးနွေးသွားကြတာကို ကြားလိုက်ရလို့ပါ။ တိုက်ဆိုင်တာပဲလား တမင်တကာလုပ်တာလား ဆိုတာတော့ ဦးကျော်ဇံသာ ကိုယ်တိုင်မှပဲ သိနိုင်ပါလိမ့်မယ်။ စီစဉ်တင်ဆက်သူ ဦးကျော်ဇံသာရဲ့ အကြိုမိတ်ဆက် ပြောကြားမှုတွေကို ကြားရပုံကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ တွန်းအားပေး ချင်ချင် လေသံမျိုး ပေါက်နေလေ တော့ ကြားထားတဲ့ သတင်းအစ အနတွေ မှန်နေလေပြီလား လို့တောင် တွေးမိပြီး ဆံပင်တွေ ထောင်ချင်ချင် ဖြစ်မိပါတော့တယ်။

ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲတုန်းကလည်း ဒိုနာ ဆိုသူတွေက အတိုက်အခံ အုပ်စုအချို့ကို ဒေါ်လာသိန်းနဲ့ ချီချပေးပြီး “ဗုတ်နိုး ” လိုင်းကို လျှောက်ခိုင်း ခဲ့တယ်။ ဒါပေမယ့် နအဖ မျက်နှာပြောင်တိုက် လိမ်ညာ သမျှကို လက်ပိုက်ကြည့်နေရပြီး ဘာမှမခုခံ မတုန့်ပြန်နိုင်ဘဲ ခွက်ခွက်လန်ရှုံး နိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရ တယ်။ အခုလည်း ဒိုနာ ဆိုသူတွေက သူတို့အနှစ် (၂၀) ကြာ အထောက်အပံ့ ပေးခဲ့တဲ့ ပြည်ပ အတိုက်အခံ အုပ်စုတွေရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်လက်ပျက်ဖြစ်လာပြီး ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ ဖိအားပေးနေတယ်လို့ ကြားရပါတယ်။ ဒိုနာတွေက သူတို့ကြိုးဆွဲရာကတဲ့ အဖွဲ့အစည်းကိုမှ (၂၀၁၀ ရွေးကောက်ပွဲဝင်မှ) ဒေါ်လာ အထောက်အပံ့ ပေးတော့မယ်လို့ ဆိုပါတယ်။

အဲဒီ အတွက် ဒေါ်လာရရေး ဒို့အရေး ဆိုပြီး ရွေးကောက်ပွဲ ၀င်ဖို့ တိတ်တိတ်ပုန်း ခြေပုန်းခုတ် လှုံ့ဆော်နေတဲ့ အတိုက်အခံ ဆိုသူ အချို့ရှိနေပြီ ဆိုတဲ့ အသံတွေ နားနဲ့မဆံ့အောင် ကြားနေရ ပါတယ် (ဘယ်သူတွေလဲဆိုတာတော့ မကြာမတင်သော ကာလမှာ မျက်ဝါး ထင်ထင် တွေ့မြင် ကြရတော့မှာပါ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို အမှန်တကယ် ကျင်းပပေးတော့မယ် ဆိုရင်ပေါ့)။

ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို နားဆင်ရတဲ့အခါမှာတော့ ပိုပြီးသံသယ ၀င်စေပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုတ်နိုး ကာလတုန်းက နိုးဗုတ်သတင်းပို့ရင် အသံလွှင်ဋ္ဌာန တွေကမယူဘူး၊ မလွှင့်ဘူးဆိုတဲ့ မိတ်ဆွေသတင်းထောက်ရဲ့ စကားကို ပြန်လည် ကြားယောင်မိ လို့ပါ။

ကြုံရဆုံ ရဘုံဘ၀က အနို့ကလို သို့ကလိုမျိုးတွေ ဖြစ်နေလေတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလတုန်း ကများ အခု အချိန်အခါလို ပရိုပိုဇယ်တွေ ဒိုနာတွေ မှိုလိုပေါ နေခဲ့ရင် မြန်မာပြည် လွတ်လပ်ရေးတောင် ရခဲ့မှာ မဟုတ်ဘူး လို့ တွေးမိပြီး တော်ပါသေးရဲ့လို့ သက်ပြင်းချမိရဲ့။

ပထမဦးစွာ ဦးကျော်ဇံသာရဲ့ မိတ်ဆက်စကား လေးကို ဆွေးနွေးကြည့်ချင်ပါတယ်။ ဦးကျော်ဇံသာ က “တကယ်တော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လူတချို့ကိုကြည့်ရင် တချို့ကလည်း ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ လူတွေ၊ အာဏာပိုင် တွေကို မျက်နှာချိုသွေး ပြီးတော့ မျက်နှာလို မျက်နှာရ လုပ်လိုလို့ ယှဉ်ပြိုင်မယ့်သူတွေ ရှိကောင်းရှိမှာ ဖြစ်ပေမယ့်လည်း ဒီလမ်းစဉ်ဟာ တိုင်းပြည်အကျိုးကို တကယ်ဆောင်ရွက်နိုင်မယ်လို့ သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်တဲ့လူတွေလည်း ပါမယ်ဆိုတာ မလွဲပါဘူး။ ဒါကြောင့် ဒီဟာကို ချင့်ချင့်ချိန်ချိန် စဉ်းစားနိုင်အောင်လို့ ဒီနေ့အစီအစဉ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ပွဲလန့်ဖျာခင်းသူတွေနဲ့ အာဏာပိုင်တွေကို မျက်နှာချိုသွေး သူတွေအကြောင်း အထူးတလည် ဆွေးနွေးစရာမရှိပေမယ့် “သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်သူ တွေပါမယ်ဆိုတာ မလွဲပါဘူး” ဆိုတဲ့ ဦးကျော်ဇံသာရဲ့ ထင်မြင်ယူဆမှု အပေါ်မှာတော့ အနည်းငယ် ဆွေးနွေး လိုပါတယ်။

ဒီနေ့ အထိ စီအာပီပီ၊ အန်အယ်လ်ဒီ၊ ယူအန်အေနဲ့ မွန်ပြည်သစ်ပါတီလို အပစ်အခတ်ရပ်အဖွဲ့များ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တော်တော်များများက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်နေချိန်မှာ ရွေးကောက်ပွဲဝင်မယ့် အဖွဲ့ဆိုလို့ ၈၈ မျိုးဆက်ကျောင်းသား အတုတွေ၊ အန်အယ်လ်ဒီက ခွဲထွက်ပြီး နအဖအလိုကျ ခေါင်းညိတ်ခေါင်းခါ လုပ်နေတဲ့ ရုပ်သေးအမတ်တွေ၊ တစညတွေ၊ ကြံ့ဖွံ့တွေနဲ့ ငါတို့ အနေချောင်ရင်ပြီးရော ဘယ်သူတက်တက် ဒို့အစိုးရဆိုတဲ့ ခပ်တိမ်တိမ်လူမျိုးတွေသာ ရွေးကောက်ပွဲဝင်ဖို့ ဆွေးနွေး ပြောဆိုနေကြတာပါ။ အဲဒီ လူတွေပဲ ပါတီထောင်ခွင့်တွေ၊ ရွေးကောက်ပွဲဥပဒေတွေ မထုတ်ပြန်ခင်မှာ နအဖရဲ့ မျက်နှာသာပေး မှုနဲ့ ခြေပုန်းခုတ် စည်းရုံးလှုံ့ဆော်ခွင့်တွေ ရနေကြတာပါ။ ပြည်ပကနေ ပြန်ဝင်လာပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ သူတွေ ကလည်း ယူဒီပီလို မရှင်းမရှင်း အဖွဲ့တွေနဲ့ ဒိုနာအလိုကျ ကပြအသုံးတော်ခံမယ့် အဖွဲ့အစည်း တွေရယ်လောက်ပဲ ရှိမှာပါ။

အဲဒီတော့ ဦးကျော်ဇံသာပြောတဲ့ သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်တဲ့ လူတွေကို အခု မြင်တွေ့ နေရပြီဆိုရင် ဘယ်သူတွေလဲ ဆိုတာရယ်၊ အဲဒီ လူတွေအနေနဲ့ နအဖ မျက်နှာသာ အပေးခံရ သူတွေလို ပါတီ တရားဝင်ထောင်ခွင့်မရခင် အခုလိုအချိန်မှာ စည်းရုံး လှုပ်ရှားခွင့် ရနေကြပြီလား ဆိုတာရယ် သိလိုလှပါတယ်။

အဲဒီလူတွေက အခုတော့ မမြင်သာသေးဘူး ရွေးကောက်ပွဲနီးမှ ပေါ်လာလိမ့်မယ်ဆိုရင်တော့ အဲဒီ ပေါ်လာမယ့်လူတွေဟာ သဘောရိုးနဲ့ ဆောင်ရွက်တဲ့လူတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အားကိုးလောက်တဲ့ လူတွေလို့တော့ ပြောလို့ရမှာမဟုတ်ပါဘူး။ အခွင့်အရေးသမားတွေ၊ ပေါင်းစားမယ့်သူတွေ မဟုတ်ရင် နအဖအခြေခံဥပေဒရဲ့ ညစ်လုံးညစ်ကွက် ကောက်ကျစ်လှည့်ဖျား မှုတွေကို မမြင်တတ်၊ ရှေ့ရှေး နောက်ရေး လည်း ဘာမှမချင့်ချိန် မစဉ်းစားတတ်တဲ့ လူနုံလူအတွေပဲ ဖြစ်ပါလိမ့်မယ်။

အဲဒီတော့ တမတ်သား စစ်ဗိုလ်တွေရယ်၊ အခွင့်အရေး သမားတွေ၊ နအဖနဲ့ ပေါင်းစားမယ့် လူတွေ ရယ်၊ အဲဒီလို(ရိုးသားပြီး စိတ်ကောင်း ရှိချင်ရှိမယ်) လူနုံလူအ တွေရယ် ပါဝင်မယ့် လွှတ်တော်ဟာ လည်း ပြည်သူ့လူထုအတွက် အားကိုးအားထားပြုရမယ့် လွှတ်တော်ဖြစ်လာ နိုင်စရာ အကြောင်းမရှိဘူး လို့ပဲ ပြောရပါမယ်။

ဆက်လက်ပြီးတော့ ဦးအောင်သူငြိမ်းရဲ့ ဆွေးနွေးချက်တွေကို ကောက်နှုတ်ကြည့်မယ်ဆိုရင် …

ဦးအောင်သူငြိမ်း ။ ။ “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကတော့ အခု ၂၀၁၀ ဖြစ်တဲ့အချိန်မှာ ဆိုလို့ရှိရင် နှစ် (၂၀) ကျော်ကြာခဲ့ပြီလို့ ပြောရင်ရ နိုင်ပါတယ်။ ဆိုတော့ အခုအချိန်မှာ စစ်အစိုးရက နောက်ထပ်ရွေးကောက်ပွဲ တကယ်လို့ ပြန်လုပ်မယ် ဆိုပါစို့။ ဆိုတော့ အခု အချိန်အထိလည်း ကျနော်တို့က တော်တော်ပြောဖို့ခက်သေးတာက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေလည်း မထွက်သေးဘူး။ နောက်တခုက ပါတီတွေကို ဘယ်လိုစည်းရုံးခွင့်၊ လှုပ်ရှားခွင့် လွတ်လပ်စွာ ပေးမလား စသည်ဖြင့် ဒါတွေလည်း အခြေအနေတွေ ကျနော်တို့ သေချာမသိ ရသေးပါဘူး။ ဆိုတော့ ဒီလိုအနေအထားမှာတော့ အပ်ကျမတ်ကျတော့ သေချာပြောဖို့ ခက်ပါသေးတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခု ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်လာတဲ့အချိန်မျိုးမှာ ကျနော်တို့လို အင်အားစုတွေက ပါဝင်ပြီးတော့ လုံးဝမလှုပ်ရှား ဘဲနေမလား၊ ဒါမှမဟုတ်ရင် ပါပြီးတော့ ကျနော်တို့က နေပြီးတော့ ကိုယ့်ဘာသာကိုယ် တတ်နိုင်တဲ့ဘက်က လှုပ်ရှားကြမလားဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။ ဆိုတော့ အဲလိုအနေအထားမှာတော့ ကျနော်မြင်တဲ့ အယူအဆကတော့ ခုနပြောသလိုပဲ ဒီလိုရွေးကောက်ပွဲ တခုလုံးကို လုံးဝ ပစ်ပယ်လိုက်မယ့်အစား တချို့ အင်အားစု တွေက ၀င်ပြီးလှုပ်ရှားကြမယ် ဆိုလို့ရှိရင်ကတော့ ကျနော်အနေနဲ့ကတော့ လက်ခံနိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ ဆိုတော့ ကျနော့်အနေနဲ့က ၀ိုင်းဝန်းပံ့ပိုးနိုင်တဲ့ အနေအထားလည်း ရှိပါတယ်ခင်ဗျ။”

ဦးအောင်သူငြိမ်းရဲ့ ဆွေးနွေးချက်ကို သုံးသပ်ရရင် (၉၀) ပြည့်နှစ် ရွေးကောက်ပွဲဟာ နှစ် (၂၀) ကျော်ခဲ့ပြီမို့ လွှင့်ပစ်ရမယ့် အနေအထားလို့ သွယ်ဝိုက်ဆိုလိုရာ ရောက်နေပါတယ်။ လူထုက မဲပေး ရွေးချယ်ခဲ့တဲ့ ရလဒ်ကြီး တခုကို မစဉ်းစား မဆင်ခြင်ဘဲ အလွယ်တကူ လွှင့်ပစ်လိုက်မယ် ဆိုရင် မဲပေးခဲ့တဲ့ မြန်မာလူထုကြီးရဲ့ သဘောထား ဆန္ဒကို ပစ်ပယ်စော်ကားရာ ကျမနေဘူးလားလို့ ကျနော်တော့ တွေးမိပါတယ်။ နောက်ပြီး (၉၀) ရလဒ်ကို အကောင် အထည် မဖော်နိုင်ခဲ့ဘဲ အနှစ် (၂၀) ကျော်ကြာခဲ့ရတဲ့ အကြောင်း အရင်းဟာ အန်အယ်လ်ဒီက ဘာမှမလှုပ်ရှား မဆောင်ရွက် လို့လား၊ နအဖစစ်အုပ်စုက နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့လို့လား ဆိုတာကိုတော့ ဦးအောင်သူငြိမ်းအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ထင်ပါတယ်။

အဲဒီတော့ နအဖ အနေနဲ့ အမှန်တကယ် ရွေးကောက်ပွဲ လုပ်ပေး ချင်တယ်ဆိုရင် နှစ် (၂၀) အတွင်း ကွယ်လွန်လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနေရာကိုသာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးပြီး လွှတ်တော်ခေါ်ပေးသင့်တယ်လို့ မြင်ပါတယ်။ လွှတ်တော်ထဲမှာ ကျုပ်တို့ စစ်ဗိုလ်တွေပါ ပါဝင်ဆွေးနွေးရမှ ဆိုရင်လည်း ပြည်သူက မန်းဒိတ်ပေးထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ ဆွေးနွေးညှိနှိုင်းလို့ ရနိုင်မယ်ထင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ စစ်ဗိုလ်တွေက တဖက်သတ် ဗိုလ်ကျရေး ဆွဲထားတဲ့ လူထုကိုလည်း ကိုယ်စားမပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ဖို့ အကြံပြု နေတာကတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်စော်ကားရာ ကျသလို အဆင်ခြင်မဲ့ ပြောဆိုရာ ရောက်တယ်လို့လည်း ထင်ပါတယ်။

ဘာဖြစ်လို့ အဆင်ခြင်မဲ့ ပြောဆိုရာရောက်သလဲဆိုရင် ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲရလဒ်ကို ကြည့်ရင် ထင်ရှားပါတယ်။ ဆန္ဒခံယူပွဲတုန်းက ဒိုနာတွေကိုယ်တိုင် ဒေါ်လာတွေ အလုံးအရင်းနဲ့ ထောက်ပံ့ ကူညီခဲ့တာတောင် ဘာမှမခုခံနိုင်ဘဲ နအဖက (၉၂) ရာခိုင်နှုန်းကျော်နဲ့ မျက်နှာပြောင်တိုက် လိမ်လည် အတည်ပြုသွားတာကို ခံခဲ့ရတယ် မဟုတ်လား။ အခုလည်း ယှဉ်ပြိုင်ခွင့်ရမယ့် (၇၅) ရာခိုင်နှုန်းမှာ နအဖက သူ့လူတွေ အကုန်လုံးနီးပါးရအောင် ညစ်ဦးမယ်ဆိုတာကို မဆင်ခြင်မိလို့ လက်လွတ်စပယ် ရွေးကောက်ပွဲဝင်ဖို့ ပြောကြားလေသလား တွေးမိလို့ပါ။

ဦးအောင်သူငြိမ်း အကြံပြုပုံက ဘာနဲ့တူသလဲဆိုတော့ ရပ်ကွက်ထဲမှာ ချဲမလျော်ဘဲ ထွက်ပြေးသွား တဲ့ ချဲဒိုင်က နှစ်အတော်ကြာမှ ပြန်လာပြီး ဒီတခါတော့ ထိုးပါခင်ဗျာ တကယ်လျော်ပါမယ်၊ ဒါပေမယ့် (၁၀၀) ထိုးရင် (၇၅) ကျပ်ပဲ လျော်ပါမယ်ဆိုတာကို ယုံလွယ်ပြီး အမှတ်သည်းခြေမရှိ “သွားထိုးကြပါ” လို့ ဆော်သြပေးသူလိုဖြစ်နေပါတယ်။ ထပ်အလိမ်ခံရရင် ဦးအောင်သူငြိမ်း ဘာများ လုပ်ပေးမှာလဲလို့ပဲ မေးရတော့မယ်ထင်ပါရဲ့။

ဦးမင်းဇော်ဦးရဲ့ ဆွေးနွေးချက်ကို ကောက်နှုတ်ကြည့်မယ်ဆိုရင် …

ဦးမင်းဇော်ဦး။ ။ စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံတွေကနေပြီးတော့ ဒီမိုကရေစီဘက်ကို အကူးအပြောင်း လုပ်ခဲ့တဲ့အခါမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆင်တူတဲ့ အဖြစ်အပျက်တခုကို ကျနော် ပြောရမယ်ဆိုလို့ရှိရင် ချီလီနိုင်ငံမှာ ၁၉၈၈ ခုနှစ်က စစ်တပ်ဆွဲထား ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ အောက်မှာ အရပ်သားတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ရွေးကောက်ပွဲနဲ့ သွားပြီး ဆင်တူပါလိမ့်မယ်။ အဲဒီ အချိန်မှာ ဒီကနေ့ ကျနော်တို့ ချီလီကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် စစ်တပ်ကနေ ဒီမိုကရေစီကို ပြောင်းတဲ့ နိုင်ငံတွေထဲမှာ ချီလီက အတည်ငြိမ်ဆုံး အတိုးတက်ဆုံးလို့ ပြောလို့ရပါတယ်။ အဲဒီတော့ ဒီလိုနည်းလမ်းမျိုးနဲ့လည်း အပြောင်းအလဲလုပ်ရင် မရနိုင်ဘူးလား ဆိုတော့လည်း ရနိုင်တဲ့ အောင်မြင်နိုင်တဲ့ အလားအလာ တွေရှိပါတယ်။ ဒါပေမယ့် ဒီလိုလုပ်မှ အောင်မြင်မှာလား ဆိုတော့လည်း အဲလိုလုပ်မှ အောင်မြင်မှာတော့ မဟုတ်ဘူး။ တခြား အကောင်းဆုံးနည်းလမ်းတွေ ရှိလာဆိုလို့ရှိရင် ဗမာပြည်အတွက် အကောင်းဆုံး ကတော့ တွေ့ဆုံဆွေးနွေး ပြီးတော့ အပြောင်း အလဲလုပ်လိုက် ဒါကအကောင်းဆုံး ဆိုတာတော့ အားလုံးလက်ခံပြီးသား ဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ဖက်က လက်ရှိအာဏာကို ကိုင်ထားတဲ့အချိန်မှာ အပြောင်းအလဲပေါ်မှာ အခြေခံတဲ့ အပြောင်းအလဲကို သွားမယ်ဆိုလို့ရှိရင် တွေ့ဆုံဆွေးနွေးရေး နဲ့ မသွားဘူး။ ငါတို့အတွက် အာမခံနိုင်တဲ့ ကွန်စတီကျူးရှင်းကနေ ချထားတဲ့ လမ်းကြောင်း တွေကနေ သွားမယ်ဆိုတဲ့ဟာကို ပြောထားပြီးတဲ့အတွက် ကျနော်တို့မှာက အခြားနည်းလမ်းမရှိတော့ဘဲနဲ့ ဒီနည်းလမ်းတခုပဲ ရှိတယ်ဆိုတဲ့ အမြင်မျိုးရှိတဲ့ နိုင်ငံရေးသမား တွေကတော့ ဒီအခါမှ ၀င်ပြိုင်ကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။

ချီလီ ဥပမာနဲ့ နှိုင်းယှဉ်ပြောကြားပေးတဲ့ ဦးမင်းဇော်ဦးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေး ဆိုတာမျိုးက (၁+၂=၃) ဖြစ်တဲ့ဟာမျိုး လည်း ဟုတ်ချင်မှ ဟုတ်တာဆိုတော့ ပုံတူကူးချလို့ ဖြစ်နိုင်တဲ့အနေအထား ရှိချင်မှရှိမယ်လို့ထင်ပါတယ်။ ချီလီ စစ်ခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စိတ်နေသဘောထား၊ ဖိနှိပ်အုပ်ချုပ်မှု အတိုင်းအတာ၊ ဆွဲထားတဲ့ အခြေခံဥပေဒရဲ့ တရားမျှတမှု အချိုးအစား၊ သက်ဆိုင်ရာ စစ်ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ၊ အတိုက်အခံတွေရဲ့ ဆက်ဆံရေးအနေအထားတွေ ကွာခြားတာနဲ့အမျှ ရလဒ်တွေကလည်း ကပြောင်းကပြန်တွေ ဖြစ်တတ်တာကို မြင်နိုင်ရမှာပါ။ (၁+၂=၃) အလွယ်တကူ ဖြစ်ခဲ့မယ် ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ နိုင်ငံရေး ဆိုတာက အဲသလိုမဖြစ်လို့ ခက်နေတာကိုး။

တခါတခါကျတော့လည်း ပညာရှင်တွေဆီက ကောင်းတဲ့အကြံဥာဏ်တွေ ရတတ်သလို တခါတခါကျတော့လည်း ပညာရှင်တွေဟာ ရပ်ကွက်ထဲက ချဲဆရာကြီးတွေလို များများသိလို့ တွက်လေ လွဲလေ၊ လွဲတော့ ထပ်လေ့လာ၊ ထပ်လေ့လာတော့ ပိုသိ၊ ပိုသိပြီး ထပ်တွက်တော့ ပိုလွဲ ဆိုတာမျိုးတွေလည်း ရှိတတ်တာကို ကျနော်တို့ သတိပြုရမှာပါ။

ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ ဗွီအိုအေ ဆွေးနွေး ၀ိုင်းမှာ မြန်မာအရေး လေ့လာသူ နှစ်ဦး ဆွေးနွေး သွားတဲ့ အသိအမြင်တွေလောက်ကိုတော့ ကျနော်တို့ရဲ့ အစစ်အမှန် တိုက်ပွဲခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တွေးပြီးသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။

အဲဒီတော့ ကျနော်တို့ပြည်သူတွေအနေနဲ့က ကိုယ့်ခေါင်းဆောင်တွေ ဘာဖြစ်လို့ နအဖ အခြေခံဥပေဒကို ဆန့်ကျင်တယ်၊ ဘာဖြစ်လို့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ဘာဖြစ်လို့ ထောင်ကျတန်းကျခံ အနာခံပြီး တိုက်ပွဲ ၀င်နေတာလဲဆိုတာကို ရှင်းလင်းမြင်သာစေဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ ပြောစကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။

“နိုင်ငံရေးဖြေရှင်းမှုဆိုတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အယူအဆဟာ Social Contract Theory ပါ။ တယောက်နဲ့ တယောက် ပဋိညာဉ်ပြုတဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ချုပ်ဆိုကြတဲ့ Contract ပါ။ အဲဒါကို ဘာမှမှ မလုပ်နိုင်ဘဲကွာ အရှုံးသာပေးလိုက်ပါတော့ ဆိုတာက အဲတော့ ကျနော်တို့က အရှုံးပေးလိုက်လို့ ကျနော်တို့ ပြည်သူတွေဟာ အခုရေတွင်းတူး အခုရေကြည်မသောက်ပါဘူး။ ကျနော်တို့ကလည်း ဒီလောက် အလောမကြီးဘူး။ တဖြည်းဖြည်း ပြုပြင်နိုင်တဲ့ အခွင့်အလမ်းမျိုး တွေ ရမလားဆိုတာကိုလည်း ကျနော်တို့က တလျှောက်လုံး မျှော်လင့်နေတယ်။ ကျနော်တို့ ကြိုးစားနေတယ်။ အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ်အားလုံး တနည်းအားဖြင့် တိုင်းရင်းသားတွေ လူထုတွေ သန်း (၅၀) စလုံးက ပြင်ချင်ပါတယ် ဆိုရင်တောင်မှ စစ်ခေါင်းဆောင်က သဘောတူမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရုမစိုက်ဘူးဆိုရင် နောင်အခါလာ နောင်အခါဈေးဆိုရင် တဘက်က တပ်မတော်ရဲ့ အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မယ်လို့ သူကပြောထားတယ်။ အဲဒီတော့ နောင်တချိန်ပြင်ချင်ရင် ကျနော်တို့ နောင်လာ နောက်သားတွေ ကလည်း အသက်နဲ့လဲပြီးတော့ ပြင်ကြဆိုပြီးတော့ ကျနော်တို့ ကလေးတွေကို ဒီလိုမျိုး သေကြေ ဒဏ်ရာရမယ့် လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ နောင်အခါလာ နောင်အခါဈေး လုပ်လို့မရတဲ့ အချိန်ဆိုတာကို ကျနော်သတိပေးချင်တာပါ။”

(ဘီဘီစီ၏ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’ အစီအစဉ်တွင် ဖြေကြားချက်)

ယနေ့ မြန်မာ့ရေးရာ သတင်းများ Mar,1st,2009

( 30 )Myanmar to renovate astrology museum to attract visitors

( 29 )Dialog Praised by ASEAN

( 28 )US Envoy Highlights Burma Issues at the Asean Summit

( 27 )ASEAN rights push backfires over Myanmar

( 26 )Virulent chicken-related disease under control in Myanmar's second largest city

( 25 )ASEAN urges Myanmar to follow democracy roadmap

( 24 )Follow roadmap, Myanmar

( 23 )Another gas turbine failure further reduces electricity supply in Yangon

( 22 )ပြစ်မှု ကျူးလွန်သော်လည်း ၀န်ကြီး ဦးအောင်သောင်း၏ လူရင်းဖြစ်၍ အရေးမယူ

( 21 ) Test Case For Obama

( 20 )နှစ်လုံးထီ ဘယ်လို ဘယ်ပုံ လောင်းကစားကြပါဟု ဘိုကလေးမြို့၌ ကြေညာနေ

( 19 )To be like EU

( 18 )နယ်ထိန်းရဲက ငွေညှစ်၊ အမှုကိုင် ရဲအုပ်က လက်လိုက်ပြီး မသမာ

( 17 )နာရေး ကူညီမှု ကားတွေကို အချိန်ယူ ပြောင်းရွှေ့ခွင့်ပြု

( 16 )Asian Summit Snags on Human Rights

( 15 )Door closed for Cambodia, Myanmar reps

( 14 )နိုင်ငံရေး အကျဉ်းသားလွှတ်ရေး လက်မှတ်ထိုး တောင်းဆိုသူ ပဲခူး၌ ၁၀၀၀ ကျော်ပြီ

( 13 )Walkout threat a blow to Asean's push for rights

( 12 )Global crisis hangs over Asean summit

( 11 )၂၀၁၀ ရွေးကောက်ပွဲ အားလုံးပါဝင်ရန် ထိုင်းဝန်ကြီးချုပ်ပြော

( 10 )Stop pushing back Rohingyas to Burma: Protect the Rohingya refugee boat people

( 9 )လွတ်လပ်သည့် အဖွဲ့ အစည်းက နာဂစ် အစီရင်ခံစာ ပထမဆုံးအကြိမ် ထုတ်ပြန်

( 8 )Kasit gets invitation to pay a visit to Burma

( 7 )ဂလိုဘယ်ဖန်းက မြန်မာကို ပြန်လည် ကူညီရေး စစ်အစိုးရနှင့် ဆွေးနွေး

( 6 )Myanmar, Cambodia snub ASEAN civic reps

( 5 )မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စ အာဆီယံ၌ ဆွေးနွေးရန် သဘောတူ

( 4 )မုန်တိုင်းဘေးသင့်သည်မှာ ဆယ်လပြည့်ပြီ - အကူအညီ မလုံလောက်သေး

( 3 )အာဆီယံထိပ်သီးတွေနဲ့ ဒေသတွင်းလူ့အခွင့်အရေး အဖွဲ့တွေ တွေ့ဆုံရာမှာ မြန်မာအဖွဲ့တွေ တက်ခွင့်မရ

( 2 )Asean leaders clash over human rights

( 1 )မုန်တိုင်းကယ်ဆယ်ရေး ပိတ်ဆို့မှုဖြင့် စစ်အစိုးရကို ခုံရုံးတင်ဖို့ တိုက်တွန်း