Saturday, November 26, 2016

ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် မိန်းကလေးငယ်အမှု တရားခံဖမ်းမိ

ဇေယျာမော်

နိုဝင်ဘာလ ၂၄ရက်ညက ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြား ရထားသံလမ်းပေါ်တွင် အသတ်ခံခဲ့ရသည့် အသက် ၁၀ နှစ်ခန့် မိန်းကလေးငယ်အမှုကို ကျူးလွန်သူတရားခံ ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ခဲ့သည်။

ယမန့်နေ့ ည ၇ နာရီခွဲခန့်က အဆိုပါ အမှုကျူးလွန်သူ ဖြစ်သည့် ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ မင်းရဲကျော်သူလမ်းနေ ကျော်အောင်(ခ)ကျော်ကြီး(ခ)ပြာဂလောင်(၂၉) နှစ်အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၎င်းမှအမှုအား ကျူးလွန်ခဲ့ကြောင်း နှင့် ဆက်လက်စစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်မေးချက်အရ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ၎င်းနှင့်သမီးဖြစ်သူတို့ လှည်းတန်းဂုံးတံတားအောက်၌ ပန်းရောင်းနေစဉ် ညီမဖြစ်သူ မိဆယ်၏ ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင်(ခ)ကျော်ကြီး ရောက်ရှိလာပြီး ၎င်းတစ်ဦးတည်း ပိုက်ဆံ တောင်းရမ်းနေသည်မှာ အဆင်မပြေသဖြင့် သမီးဖြစ်သူအားထည့်ပေးရန်ပြောရာ သမီးဖြစ်သူ မ၀င်းဝင်းအေးအားထည့်ပေးလိုက်ကြောင်း မိန်းကလေး၏ မိခင်က ထွက်ဆိုခဲ့သည်။

ထို့နောက် ည ၇နာရီ ၄၅ မိနစ်တွင် ပြာဂလောင်(ခ)ကျော်ကြီးမှာ တစ်ဦးတည်းပြန်လည် ရောက်ရှိလာသဖြင့် သမီးဖြစ်သူအားမေးမြန်းရာ အရင်ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်းပြောဆိုသော်လည်း ၎င်းမှ သမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်းပြန်ပြောရာ ပြာဂလောင်(ခ)ကျော်ကြီးမှ လိုက်ရှာဦးမည်ဟုပြောဆို၍ အင်းယားကန်ဘောင်ဘက်သို့ထွက်သွားခဲ့ကြောင်း၊ ၎င်းမှလည်း သမီးဖြစ်သူအားလိုက်လံရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်များမှ မိန်းကလေးငယ်တစ်ဦး သေဆုံးနေကြောင်း ဓာတ်ပုံအားပြသသဖြင့် ကြည့်ရှုရာမှ သမီးဖြစ်သူမှာ ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြား ရထားသံလမ်းပေါ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်းသိရှိရပြီး အနီးတွင်လည်း ပြာဂလောင်(ခ)ကျော်ကြီးလွယ်သွားသော အပြာအဖြူစိမ်းပတ်လည်စင်းပါ ချည်လွယ်အိတ်အား တွေ့ရှိခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အခြေခံ ရေလုပ်သားတွေရဲ့အခွင့်အရေး ကာကွယ်ဖို့ ရေလုပ်သားများအဖွဲ့ ကျေးရွာအလိုက်ဖွဲ့စည်း


သျှမ်း၊မြောက် တိုက်ပွဲတွင် UWSA ၊ SSPP/SSA နှင့် RCSS/SSA တို့ပါဝင်တိုက်ခိုက်မည်ကို ဦးခွန်ထွန်းဦး စိုးရိမ်

စိုင်းအောင်ဆိုင်း


သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တို့၏တိုက်ပွဲများတွင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ၊ သျှမ်းပြည်တိုးတက်ရေးပါတီ /သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA အစရှိ သျှမ်းလက်နက်ကိုင်အဖွဲ့များ ပါဝင်တိုက်ခိုက်ကြမည်ကိုအလွန်စိုးရိမ်မိကြောင်း ဦးခွန်ထွန်းဦးက ပြောသည် ။

‘ ကျနော့်အနေနဲ့ အဲလို သျှမ်းလက်နက်ကိုင်တွေ ၊ ၀ တွေလိုအဖွဲ့တွေကပါ ဆက်စပ်တိုက်ပွဲတွေမှာ ပါလာမှာကို အလွန်စိုးရိမ်တယ်။ SSPP က ၀ ရဲ့မဟာမိတ်ဖြစ်သလို RCSS/SSA ကတော့ ၀ နဲ့ တိုက်ဖူးတယ်။ ပလောင်နဲ့ လည်းတိုက်ဖူးတယ်လေ။ အဲလိုဖြစ်ရင် ပိုဆိုးကုန်မယ်။ ‘ ဟု နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သျှမ်းသံတော်ဆင့် အား ပြောသည် ။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှာ မူဆယ်ခရိုင်အတွင်း ၊ ကွတ်ခိုင်ဒေသတို့တွင် အဓိက ဖြစ်ပွားနေသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တအာင်းပလောင် TNLA အဖွဲ့နှင့် SSA တို့အကြား နမ္မတူမြို့နယ်တို့တွင် ထိတွေ့တိုက်ခိုက်မှု အချို့ဖြစ်ခဲ့သည်ဟု အစိုးရကသတင်းထုတ်ပြန်ထားသည်။
RCSS/SSA မှာ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင်ဌာနချုပ်တည်ရှိပြီး UWSA ၀ တောင်ပိုင်းတပ်များမှာလည်းတာချီလိတ်အောက်ပိုင်းမှစ၍ မိုင်းပန် ၊ ဟိုမိန်းဒေသအနီးအထိ ထိုင်းမြန်မာနယ်စပ် တစ်လျှောက်တွင် ရှိနေသည် ။

“ တောင်ပိုင်း ပုံပါကျင် ဘက်မှာက ၀ တပ်က တစ်နေရာဆိုရင် စစ်တပ်ကလည်း တစ်နေရာ။ Sequence အလိုက် စီပြီး ဖြစ်နေတဲ့ နေရာတွေအများကြီး။ နောက်ပြီး ၀ ကိုတိုက်မယ်ဆိုရင် သျှမ်းအလယ်ပိုင်းက သံလွင်မြစ် အနောက်ဘက်က တောင်ကြောတွေကိုလည်း စစ်တပ်က လိုချင်တယ်။ ဒါဆို SSPP/SSA နဲ့လည်း တိုက်ရ လိမ့်မယ်။ ဆက်စပ်ကြည့်ရင် ဖြစ်နေတဲ့ စစ်မီးက ဆက်ပွားသွားရင်မလွယ်ဘူး။ စိုးရိမ်ဖို့ကောင်းတယ်။” ဟု သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးက ပြောသည် ။

လတ်တလော တိုက်ပွဲများနှင့် ပတ်သက်ပြီး ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့မှ ကန့်သတ်စစ်ပွဲသာ ဖြစ်သည်ဟု ထုတ်ပြန်ထားပြီး ယင်းသို့ တိုက်ခိုက်ရခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင်တပ်မတော်မှ ထိုးစစ် တောက်လျှောက်ဆင်ကာ ပြည်သူများနေထိုင်သည့်ရွာများအတွင်း ပစ်ခတ်မှုများ ရှိခဲ့သောကြောင့် တန်ပြန်တိုက်ခိုက်မှု စတင်ရခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြေငြာထားသည် ။

ဝ တပ်ဖွဲ့ကလည်း တိုက်ခိုက်နေမှုများအား ရပ်ဆိုင်းပြီးဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းထားပြီး လိုအပ်ပါက ၄င်းတို့အနေဖြင့်ကြားဝင်ကူညီပေးမည်ဟု နိုဝင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့်ကြေငြာချက်ထုတ်ပြန် ထားသည်။လက်ရှိအခြေနေအရ အစိုးရအနေဖြင့် ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးကိုသာဦးတည်သင့်သည် ဟုလည်း ခွန်ထွန်းဦးက သုံးသပ်ပြီး နိုင်ငံရေးပြသနာအားနိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန်နှင့် အပစ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အတိုက်အခံ ဘဝကတည်းက ကတိပေးထားခဲ့သည့်အတိုင်း အစိုးရအနေဖြင့် ဆောင်ရွက်ရန် ဦးခွန်ထွန်းဦးက တိုက်တွန်းပြောဆိုသည် ။

ဟင်္သာတမြို့နယ်မှာရှိတဲ့ ဘိုးဘွားရေိပ်သာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်


နိုဝင်ဘာလကုန်ပိုင်းတွင် ကိုဖီအာနန် မြန်မာနိုင်ငံကို လာရောက်မည်

ဇေယျာမော်

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန်သည် နိုဝင်ဘာ လကုန်ပိုင်းခန့်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

"လကုန် လာယ်ဆိုတာတော့ ကျွန်တော်သိရပါတယ်၊ ရက်တွေဘာတွေတော့ အတိအကျ ကျွန်တော် ပြောခွင့်မရှိပါဘူး" ဟု ဦးအေးလွင်က ဆိုသည်။

ကိုဖီအာနန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ သွားရောက်မှာ ဖြစ်ပေမယ့် ပဋိပက္ခဖြစ်ပွားရာ မောင်တောမြောက်ပိုင်းသို့ သွားရောက်ဖြစ်၊ မဖြစ်ဆိုသည့်မေးခွန်းကို ဟာဂျီဦးအေးလွင်အနေဖြင့် တိကျစွာ ဖြေကြားခဲ့ခြင်း မရှိပေ။

"သွားသင့်သွားထိုက်တဲ့ နေရာတွေအားလုံးကိုတော့ သွားပါလိမ့်မယ်" ဟု ၄င်းက ဆိုခဲ့ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ခရီးစဉ်အဖြစ် ထပ်မံလာရောက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် သုံးရက်တာခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဒုတိယအကြိမ်မြောက်သွားရောက်ခဲ့ပြီး စစ်တွေမြို့ရှိ နှစ်ဘက်အသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ထိုခရီးစဉ်အတွင်း အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန် မပါဝင်ခဲ့သလို ပဋိပက္ခဖြစ်ပွားရာ မောင်တောမြောက်ပိုင်းသို့လည်း သွားရောက်ခဲ့ခြင်းမရှိတာကို တွေ့ရသည်။

မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ကိုဖီအာနန်ပါဝင်သည့် ကော်မရှင်အဖွဲ့၏ ပထမဆုံးရခိုင်ပြည်နယ်ခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က သွားရောက်ခဲ့သည်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု


အစိုးရက အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာလုံခြုံရေး ကာကွယ်မှုပေးရန် WLB တောင်းဆို

သူဇာ


ပြည်တွင်းစစ်ပွဲဖြစ်ပွားရာ ဒေသများမှ အမျိုးသမီးများသာမက မြို့ပြရှိ အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ လုံခြုံရေးကို အပြည့်အဝ ကာကွယ်မှုများပေးရန် အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) မှ တောင်းဆိုလိုက်သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ အဆိုအရ ပြည်တွင်းစစ်ဖြစ်ပွားရာဒေသများတွင် နေထိုင်သော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို အစိုးရက ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်း၊ မြို့ပြနေ အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာလုံခြုံရေးများကို မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်မှုများရှိ လသည့် အတွက် လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးရန် လိုအပ်နေကြောင်း သိရသည်။

“ အခုဆိုရင် ပိုဆိုးဝါးလာပြီ။ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုက စစ်ပွဲဖြစ်တဲ့ နေရာမှာတင် မဟုတ်တော့ဘူး၊ မြို့ပေါ်အထိပါ တွင်တွင်ကျယ်ကျယ် ဖြစ်လာပြီဆိုတာကို တွေ့လာရတဲ့အတွက် ကျမတို့ အမျိုးသမီးတွေအတွက်က စစ်ဖြစ်တဲ့နေရာဒေသမှာတင် မဟုတ်တော့ဘဲ မြို့ကြီး ပြကြီးမှာတောင်မှ လုံခြုံမှု မရှိတော့ဘူးလို့ ခံစားလာရတယ်” ဟု ဂျူလီယာ မာရစ်(ပ်) က ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ သူက “မြန်မာနိုင်ငံရဲ့ ထပ်ဝက်ကျော်က အမျိုးသမီးတွေ ဖြစ်နေတဲ့ အတွက် အမျိုးသမီးတွေရဲ့ လုံခြုံမှု ကင်းမဲ့နေသေးတယ်ဆိုတာ မြန်မာနိုင်ငံက မငြိမ်းချမ်းသေးတာနဲ့ အတူတူပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့က တိုက်ပွဲတွေ အားလုံး ရပ်တဲ့အပြင် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးများ အပါအဝင် တိုင်းသူပြည်သားအားလုံးအပေါ် လုံခြုံမှု အပြည့်အ၀ ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။

ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လုပ်ဆောင်မှုအပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ သုံးသပ်ချက် စာတမ်းတစောင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် လက်နက်ကိုင် စစ်ပဋိပက္ခများ ဖြစ်ပွားနေသော ကချင်နှင့် ရှမ်းပြည်နယ်ရှိ ဒေသများတွင် မြန်မာတပ်မတော် တပ်ဖွဲ့ဝင် အများဆုံး ပါဝင် ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ရပ် ၉၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ရရှိလာသည့် အချက်များအရ အမှု ၅ မှုကိုသာ အရပ်ဖက် တရားရုံးများတွင် ကြားနာခဲ့ကြောင်း ဖော်ပြထားသည်။

လိင်ပိုင်းဆိုင်ရာ အမှုများ စစ်ဆေးရာတွင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့် တရားရုံး၏ လုပ်ဆောင်မှုများမှာ အားနည်းခြင်းများ ရှိနေကြောင်း၊ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများနှင့် တရားရုံး၏ လုပ်ဆောင်မှုများအပေါ် ထိန်းချုပ်မှုများ ရှိနေကြောင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် အမျိုးသမီးများ တရားမျှတမှု ရှာဖွေရာတွင်လည်း လျော်ကြေးများဖြင့် နှုတ်ပိတ်ခြင်းများ၊ ခြိမ်းခြောက်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် တန်ပြန် လက်စားခြေမှုများကို ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ဆိုသည်။

WLB သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စစ်ပဋိပက္ခနှင့် ဆက်နွယ်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၉၂ မှုကို မှတ်တမ်း ရယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၁၅ မှု နှင့် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ၃ မှုကို မှတ်တမ်း ရယူနိုင်ခဲ့သည်။

၎င်းသည် အမျိုးသမီး အဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့ဖြစ် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး အဖွဲ့ချုပ် အနေနှင့် စစ်ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စောင့်ကြည့် မှတ်တမ်းတင်နေသည့် အဖွဲ့အစည်း တခု ဖြစ်သည်။

ကလေး လူငယ်တွေအတွက် စာအုပ်မိတ်ဆက်ပွဲ နှင့် လှူဒါန်းပွဲ


မောင်တော နတ်မြစ်က မသင်္ကာဖွယ်လှေကို ရပ်ခိုင်းရာမှ မူးယစ်ဆေးဝါးများ ဖမ်းမိ

RiA

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်တွင် နိုဝင်ဘာ ၂၄ ရက် ညအချိန် သွားလာနေသည့် လှေငယ်တစ်စီးကို မသင်္ကာ၍ နယ်ခြားစောင့်ရဲမှ ရပ်ခိုင်းရာမှ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ကျော်မြဝင်းက ပြောသည်။

“လူတွေကတော့ ထွက်ပြေးသွားကြပါတယ်။ ညဆိုတော့ ဘယ်သူတွေလည်း မသိလိုက်ရပါဘူး။ ဆေးတွေကိုပဲ ဖမ်းမိတာပါ။”

ဖမ်းမိဆေးပြား အရေအတွက်မှာ ၆၅၀၀၀ ဖြစ်ပြီး ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၃၀ ဖိုး ရှိပြီး သယ်ဆောင် လာသူများမှ နယ်ခြားစောင့်ရဲမှ မသင်္ကာလှေအား ရပ်ခိုင်းရာ မရပ်သဖြင့် မီး အချက်ပြပြီး သေနတ်ငါးချက် ပစ်ဖောက်ကာ ခြောက်လှန့်ပြီး ဖမ်းဆီးရန် ကြိုးပမ်းစဉ် အနီးရှိ ဓနိတောသို့ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်မှ ယခုနှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား အလုံး အရင်းဖြင့် ဖမ်းဆီးရရှိမှုမှာ သြဂုတ်လ ၂၃ ရက်က ၁၁၇,၀၀၀ ပြား ကာလတန်ဖိုး၂၃၄ သန်း၊ သြဂုတ်လ ၃၀ ရက်က ၂၉၂,၅၀၀ ပြား ကာလတန်ဖိုး ၅၈၅ သန်း၊ စက်တင်ဘာလ ၁ ရက်နေ့က ၄၄၅,၅၀၀ ပြား ကာလတန်ဖိုး ၈၉၁ သန်း၊ စက်တင်ဘာလ ၂ ရက်က ၂,၂၆၀,၀၀၀ ပြား ကာလတန်ဖိုးမှာ ၄၅၂၀ သန်း၊ စက်တင်ဘာလ ၁၉ ရက်က ၆,၂၃၃,၀၈၀ ပြား၊ ကာလတန်ဖိုး ၁,၂၄၆,၆၁၆,၀၀၀ သန်းတို့ဖြစ်ပြီး ယခု နိုဝင်ဘာလ ၂၄ ရက်တွင် ၆၅,၀၀၀ ပြား၊ ကာလ တန်ဖိုး ၁၃ သန်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မုံရွာခရိုင်အတွင်းမှာ ဒီနှစ်အတွင်း သက်ငယ် မုဒိမ်းမှုအများစုဖြစ်



တအာင်းတပ်ဖွဲ့နှင့် ပစ်ခတ်မှုမရှိကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ပြော

ဟွမ်ဟိန်း


နိုဝင်ဘာလသျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မ တော်မှ သွားရောက်လှုပ်ရှားခြင်း မရှိတော့သဖြင့် တအာင်းတပ်နှင့်ပစ်ခတ်တိုက်ခိုက်မှုမရှိသည်မှာ ကြာပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်ဘက်က ပြောဆိုလိုက်သည် ။

နိုဝင်ဘာလ ၂၄ ရက်နေ့က တအာင်းတပ်ဖွဲ့၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည့်သတင်းအရ နိုဝင်ဘာ ၂၀ ရက် မှ ၂၃ ရက်နေ့အထိ တအာင်းတပ်နှင့်သျှမ်းတပ်တို့ တိုက်ပွဲပေါင်း ၁၄ ကြိမ်ဖြစ်ပွါးပြီး RCSS/SSA ၏ တပ်စခန်း ၉ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြချက်မှာ မှန်ကန်မှုမရှိကြောင်း သျှမ်းပြည်တပ်မတော်ဘက်က ပြောသည် ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီးစိုင်းငင်းက – အဆိုပါ မန်တုံမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော်မှ လှုပ်ရှားမှု မရှိသည်မှာ အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်မတော်တို့ကြား ပဋိပက္ခများ မဖြစ်ပွါးခင်ကတည်း ကဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆိုပါသည် ။

“ကျနော်တို့ဘက်ကနေ အဲ့ဒီအပိုင်းမှာ သွားမလှုပ်ရှားတာ ကြာလှပါပြီ။ ကျနော်တို့ ကေဒါတပ်သားတွေကို ဘယ်အဖွဲ့နဲ့မှ ပစ်ခတ်တိုက်ခိုက်မှုမရှိအောင် ကျနော်တို့ထိန်းပါတယ်။ တအာင်းတပ်နဲ့တိုက်ခိုက်ဖို့နေနေ သာသာ လက်ရှိမှာဖြစ်ပွါးနေတဲ့ မြောက်ပိုင်းပြသနာမှာ ၀င်မပါအောင်ဘဲ ကျနော်တို့ အထူးဂရုစိုက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ခုတလောမှာ ကျနော်တို့တပ်က ဘယ်အဖွဲ့နဲ့မှထိပ်တိုက် ပစ်ခတ်မှု မရှိပါဘူး ”- ဟုပြောဆိုသည် ။

သို့သော် တအာင်းသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သောသတင်းတွင် မန်တုံမြို့နယ်အတွင်းရှိ RCSS/SSA ၏ တပ်စခန်း ၉ ခုအနက် နောက်ဆုံးကျန်ရှိသော စေတီတောင်၊ နမ့်ဟိုင်းတပ်စခန်းများအား နိုဝင်ဘာလ ၂၃ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ရာ RCSS/SSA ၏ စစ်လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည် ။

RCSS/SSA မှာမူ နမ္မတူမြို့နယ် မိုင်းရင်ဒေသသို့ ထွက်ပြေးဆုတ်ခွါခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ၄င်းနှင့်ပတ်သက်ပြီး တအာင်းပြန်ကြားရေးဌာနသို့ ဆက်သွယ်ရာတွင် တာဝန်ခံနှင့် စကားပြောခွင့်မရခဲ့ပေ ။

သျှမ်းပြည်မြောက်ပိုင်းနေ RCSS/SSA ၏ အရာရှိတဦးကလည်း အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း၊ လက်ရှိ ဖြစ်ပွါးနေသော မြောက်ပိုင်းတိုင်းရင်းသားမဟာမိတ်တပ်နှင့်တပ်မတော်တို့ကြား ပဋိပက္ခကိုကြည့်ပါကလည်း တအာင်းတပ်အနေဖြင့် စစ်မျက်နှာ ၂ ဘက် ၃ ဘက်ဖွင့်ရန်မှာ လွယ်ကူသည့်အရာမဟုတ်ကြောင်း – ထောက်ပြ သည် ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်နှင့် တအာင်းတပ်ဖွဲ့တို့သည် ၂၀၁၅ နှောင်းပိုင်းကစပြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။ နှစ်ဦးနှစ်ဖက်ကြား ပြသနာပဋိပက္ခများ ဖြေရှင်းရန် အတွက် တွေ့ဆုံဆွေးနွေးနိုင်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း အောင်မြင်မှုမရှိသေးပေ ။

သံသယရှိသူ တရားခံ နှစ်ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား


ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသူ NLD ပါတီ မြို့နယ်ဒုဥက္ကဋ္ဌ ဆေးကုခွင့် ရချင်

စည်သူမောင်မောင်

ပုသိမ်မြို့နယ်၊ တရားရုံးတွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသူ ပုသိမ်မြို့နယ်၊ NLD ပါတီ မြို့နယ်ဒုဥက္ကဋ္ဌဦးစန်းရွှေ ဆေးကုခွင့် လုံလောက်အောင် ရချင်ကြောင်း ရုံးတင်အပြီး မီဒီယာများအားပြောသည်။

အမှုနှင့် ပတ်သက်ပြီး "ကျွန်တော်ယုံကြည်ချက် အမှန်တရားကိုလုပ်တာပဲ ဒီအပေါ်မှာ အရေးယူဆောင်ရွက်တာပြောစရာမရှိပါဘူး၊ ကျွန်တော်ဘက်က မှန်တယ်ပဲ ယူဆပါတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ အတိအကျမသိဘူး။ အင်တာနက်စာမျက်နှာ Facebookမှာတင်တဲ့ ဆင်မအုပ်ချုပ်ရေးမှူးရယ် မဟုတ်တဲ့လုပ်ကွက်တွေ တင်ပြတဲ့သတင်းကို တင်လို့ အကြမ်းသိရတာပါ” ဟု ပြောသည်။

လက်ရှိတွင် ထိန်းသိမ်းခံနေရပြီး သူ့အနေနဲ့ “ ကျွန်တော် ဆေးကုသမှုကို ခံရယူချင်တယ်၊ အဓိက ကျွန်တော် တော်တော်ခံစားနေရတယ်၊ အဲဒီအပေါ်မှာ ဆေးကုသခွင့် လုံလောက်အောင် ရချင်ပါတယ်”ဟု ဦးစန်းရွှေက ထိန်းသိမ်းခံရပြီး ကျန်းမာရေး အခြေအနေအကြောင်း ပြောသည်။

ဆက်သွယ်ရေးပုဒ်မ ရုံးချိန်းအား ၆၆(ဃ)ဖြင့် ပုသိမ်မြို့နယ်တရားရုံးတွင် ရမန်ယူပြီး အမှုအား ဒီဇင်ဘာလ ၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးစန်းရွှေအား ဆင်မကျေးရွာအုပ်စု၊ ရပ်ကျေးဥက္ကဋ္ဌဦးအောင်ကိုလွင်မှ ငွေဆောင်ရဲစခန်းတွင် လူမှုစာမျက်နှာ Facebookတွင် U San Shwe အကောင့်ဖြင့်"ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး မှ ဆင်မကျေးရွာရှိ အရက်ပုန်းဆိုင်မျာအား အရက်ဆီများကို မယူမနေရ လိုက်လံဖြန့်ဖြူးနေကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တူသားနောင်မယ် ပစ္စည်းဖြစ်၍ ယူပေးရမည်ဟု နာမည် အလွဲသုံးစားပြုလုပ်နေပါကြောင်း၊ ECရပ်ကျေးမှ လာရောက်တင်ပြပါသည်၊ ဥက္ကဋ္ဌနှင့် ပါတီလွှတ်တော်၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေပါသည်၊ အမှန်တရားဖော်ထုတ်ရှင်းလင်းရန် လိုမည် ”ရေးသားဖော်ပြချက်အား ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က ငွေဆောင်ရဲစခန်းတွင် နိုဝင်ဘာလ၂၁ရက်နေ့တွင် အမှုဖွင့်လှစ်တိုင်ကြားခဲ့ကြောင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

နိုဝင်ဘာလ၂၄ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဒုဥက္ကဋ္ဌ ဦးစန်းရွှေအား ငွေဆောင်ရဲစခန်းမှ ပ၃၉/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ဆင်မကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကျေးရွာပါတီဥက္ကဋ္ဌဦးမြင့်နိုင်နှင့် ကျေးရွာပါတီဒုဥက္ကဋ္ဌ ဦးလွင်ဦးတို့အားလည်း ဆက်သွယ်ရေးပုဒ်မ၆၆(ဃ)ဖြင့် ယနေ့ ထပ်မံအမှုဖွင့်ထားကြောင်း သိရှိရသည်။

အမှုတိုင်ကြားသည့် တရားလို ဆင်မကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးမှူးမရှိကြောင်း ပြန်လည်ပြောဆိုပြီး၊ညနေပိုင်း ဆက်သွယ်ခေါ်ယူရာ ဖုန်းဆက်သွယ်မရှိသေးပါ။

နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၂၆.၁၁.၂၀၁၆)


ရှမ်းပြည်နယ် NLD ခေါင်းဆောင်များအား ရာထူးချ၊ ထုတ်ပယ်သည့် ကိစ္စ ဦးဝင်းထိန် အနိုင်ရ

ထက်နိုင်ဇော်


အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ရှမ်းပြည်နယ် ခေါင်းဆောင်များကို ရာထူးချခြင်း၊ ထုတ်ပယ်ခြင်းတို့နှင့် ပတ်သက်၍ ကာယကံရှင်များ၏ အယူခံမှုကို ပြန်လည် ကြားနာခဲ့ရာ ပါတီ အယူခံ ခုံရုံးက ဦးဝင်းထိန်ကို အနိုင်ပေးလိုက်ကြောင်း သတင်းရရှိသည်။

“တောင်ကြီးက အယူခံ ၃ မှု ရှိတယ်။ ဒေါ်ခင်မိုးမိုးနဲ့ ဦးတင်မောင်တိုးတို့ အယူခံက ပယ်ချခံရတယ်။ သူတို့ ရှုံးသွားတာ ပေါ့။ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့ရဲ့ အယူခံကိုတော့ လက်ခံလိုက်တယ်။ အရင်တာဝန်ပဲ ပြန်ပေးအပ်လိုက်တယ်။ ဒီနေ့ CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) က အတည်ပြုလိုက်ပြီ။ အယူခံ ခုံရုံးက တင်ပြတဲ့ အတိုင်းပဲ အတည်ပြုလိုက် တယ်။ သူတို့ သုံးသပ်တာကတော့ အရှည်ကြီးပဲ” ဟု NLD ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။

ယနေ့ နေ့လယ်ပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်း အတွင်းရှိ ယူနီစန် စားသောက်ဆိုင်တွင် ပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အထက်ပါ အတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး ယင်း အစည်းအဝေး အပြီးတွင် ဦးဝင်းထိန်က ပြောဆိုခြင်း ဖြစ်သည်။

“နောက်ဆုံး အမိန့်ချလိုက်တာ ကတော့ ဒေါ်ခင်မိုးမိုး၊ ဦးတင်မောင်တိုးတို့ရဲ့ အယူခံတွေကို ပလပ်လိုက်တယ်။ တင်မောင်တိုးကိုတော့ ပါတီက ထုတ်ထားတယ်။ ဒေါ်ခင်မိုးမိုးကိုတော့ ဥက္ကဋ္ဌ ရာထူးက ထုတ်လိုက်တာပေါ့” ဟု ဦးဝင်းထိန်က ဆိုသည်။

ယခု ဆုံးဖြတ်ချက်ကို ပါတီက တရားဝင် အကြောင်းကြားခြင်း၊ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း သေချာနေပြီ ဖြစ်သဖြင့် တရားမျှတမှု မရှိဟု ခံစားရကြောင်း ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ အဖြစ်မှ ပါတီဝင်အဖြစ်သို့ ရာထူးချ ခံလိုက်ရသူ ဒေါ်ခင်မိုးမိုးက ဧရာဝတီသို့ ပြောသည်။

“ဒီနေ့လယ် ၁ နာရီကျော်မှ ဒီသတင်းကို သိရတယ်။ ရှမ်းပြည် NLD ဥက္ကဋ္ဌ နေရာကို ဦးဝင်းထိန်က အစားထိုး နေချင်တာ ဆိုတော့ ဒီအဖြေက မျှော်လင့်ပြီးသား ပါ။ ပြီးတော့ ခုံရုံးကလည်း ဘာအာဏာမှ မရှိဘူးဆိုတာ သိတယ်။ ဒါပေမယ့် ကျမကို ဘယ်အချက်နဲ့ ငြိလို့ ထုတ်တာလဲ ဆိုတာတော့ သိချင်သေးတယ်” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

ပါတီမှ ထုတ်ပယ်ခံရသူ ဦးတင်မောင်တိုး ကလည်း ယင်းကိစ္စကို ဒေါ်ခင်မိုးမိုး၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် တင်ပြထား သဖြင့် သိရသော်လည်း ပါတီမှ တရားဝင် အကြောင်းမကြားသေး သဖြင့် မည့်သည့် မှတ်ချက်မှ မပြုလိုကြောင်း ဧရာဝတီသို့ ပြောသည်။

NLD ပါတီ၏ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းထိန်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုး မိုး၊ ပါတီဝင် ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့ကို ရာထူးမှ ချထားခြင်း၊ တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် ကာယကံရှင်များက ပါတီသို့ အယူခံ တင်သွင်းရာ ၂ ဖက်စလုံးကို စစ်ဆေးပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဖြူးမြို့နယ်အတွင်းက တောင်သူ ၂၀ကျော် ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲ


၁၀၅ မိုင် တိုက်ခိုက်မှု ၅ ရက်အတွင်း ထိခိုက်သူ ၄၃ ဦးထိရှိနေ

စိုးသူအောင်

ရှမ်းပြည်မြောက်ပိုင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပတ်ဝန်းကျင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ယနေ့ (နိုဝင်ဘာ ၂၅) ထိ ၅ရက်အတွင်း ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၄၃ ဦးအထိ ရှိနေသည်ဟု မူဆယ် ကုတင် ၁၀၀ ဆန့် ဆေးရုံ အချက်အလက်များအရ သိရသည်။

“ နိုဝင်ဘာ ၂၀ ရက်ကနေဆိုရင် ဒီနေ့အချိန်ထိ ၂၄ ရက်ထိဆို ၄၃ ဦးရှိခဲ့တယ် ။ ဒီနေ့ကတော့ ဆေးရုံရောက်လာတဲ့သူ မရှိဘူး။ အခုချိန်ထိပေါ့။ အခုလက်ရှိကတော့ ကျွန်မတို့ဆေးရုံမှာ ၁၇ ယောက်ပဲ။ ကျန်တဲ့သူတွေက ပြန်သွားပြီ ” ဟု မူဆယ်မြို့ ကုတင် ၁၀၀ဆန့်ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက မဇ္စျိမသို့ ပြောသည်။

တပ်မတော်နှင့် KIA (ကချင်)၊ TNLA (တအောင်း/ ပလောင်)၊ MNDAA (ကိုးကန့်)၊ AA (ရခိုင်) အဖွဲ့တို့ နိုဝင်ဘာ ၂၀ ရက်မှစတင် တိုက်ပွားဖြစ်ပွားခဲ့သောကြောင့် လက်ရှိအချိန်ထိ လုံခြုံရေးတပ်ဖွဲ့နှင့် အရပ်သားဘက်မှ ဒဏ်ရာရသူ ၃၅ ဦးနှင့် သေဆုံးသူ ၈ ဦးထိ ရှိနေကြောင်း သိရသည်။

“ သေဆုံးတာ ၈ ဦးပေါ့။ ကျွန်မတို့ ဆေးရုံမှာ ဆုံးတာကတော့ ၁ယောက်ပဲ ” ဟု ဒေါ်မြမြစန်းက ပြောဆိုသည်။

KIA ၊ TNLA နှင့် MNDAA အဖွဲ့များ ၀င်ရောက်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်ထိ သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပြည်သူ့စစ် ၂ ဦးနှင့် အရပ်သား ၅ ဦးသေဆုံးထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၂ ညနေပိုင်းထိ ထိခိုက်ဒဏ်ရာရသူအနေဖြင့် စုစုပေါင်း ၃၃ ဦးထိရှိနေကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ထိတွေ့မှု စတင်ဖြစ်ပွားသည့်ရက်မှ စတင်ကာ မူဆယ်မြို့ရှိ ဘဏ်၊ ဈေး နှင့် ကျောင်းများပိတ်ထားရာမှ ဈေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီး ဘဏ်များမှာဖွင့်လှစ်ခြင်းမရှိသေးပေ။

တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ၃၂၀၀ ခန့်ရှိရာမှ နယ်မြေပြန်လည်တည်ငြိမ်ပြီဖြစ်၍ နေရပ်သို့ ပြန်သူများလည်းရှိနေကြောင်း သိရသည်။

သန်လျင်တံစီမံကိန်းနှင့် တွံတေးတူးမြောင်းစီမံကိန်းအတွက်ချေးငွေ


သမိုင်းဝင် ပင်လုံမြို့၌ ယမ်းပေါက်ကွဲ၊ ၁ ဦးသေ ၆ ဦး ဒဏ်ရာရ

နန်းဆိုင်ဖူး


သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် သမိုင်းဝင် ပင်လုံမြို့၌ မီးပုံးပျံအတွက် ယမ်းထောင်းရာ ပေါက်ကွဲမှု ဖြစ်ပြီး ၁ ဦးသေ ၆ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည် ။

“ လွိုင်လင်ဆေးရုံမှာ ၁ ယောက်သေတယ်။ ဒဏ်ရာပြင်းထန်တဲ့ ၃ ယောက်ကိုတော့ ညတွင်းချင်း တောင်ကြီးကို ခေါ်သွားတယ်။ ကျန်တဲ့ ၃ ယောက်တော့ လွိုင်လင်ဆေးရုံမှာဘဲ ဆေးကုသနေတယ်။ ပေါက် ကွဲအား ပြင်းလွန်းတဲ့အတွက် အာဏာပိုင်တွေ စစ်ဆေးနေတုန်းပါ”ဟု ရပ်ကွက် ၂ အုပ်ချုပ်ရေးမှူး စိုင်းရွှေထွန်း က ပြောပါသည် ။

နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီခန့် ရပ်ကွက် ၂ (မြို့သစ်) သစ်ခွလမ်းရှိ အိမ်တအိမ်၌ မီးပုံးပျံ ပြုလုပ်ရာ ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသည့်လူငယ်မှာ ကိုမောင်အေးနှင့်မအေးကြိုင်တို့၏ သား အသက် ၁၆ နှစ်ရှိ မောင်ရဲလင်းဦး (ခေါ်) ကျွတ်စီ ဖြစ်ကြောင်း သိရှိရသည် ။

“ အသံအရမ်းကျယ်တယ်။ ဗုံးကွဲတယ်လို့တောင်ထင်နေတာ။ နောက်မှသိရတယ် မီးပုံးပျံလုပ်ဖို့အတွက် ယမ်းထောင်းရင်း ပေါက်ကွဲတာ။ ခြေလက်တွေတောင်ပြတ်တယ်။ နေအိမ်ထဲကပစ္စည်းတွေ ပျက်စီးကုန် တယ်။ ပြတင်းပေါက်တောင်ပွင့်ထွက်ကုန်တယ်။ အဲလောက်ပြင်းရင်တော့ ရိုးရိုးယမ်းတော့ မဖြစ်နိုင်ဘူး ထင်တယ်။ မီးပုံးပျံက ၀မ့်အဲန်ဘုန်းကြီးကျောင်းဆရာတော်မွေးနေ့အတွက်လို့လည်း ပြောနေကြတယ်”ဟု ပင်လုံမြို့ခံ လုံးစောကပြောသည် ။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း သျှမ်းပြည်နယ်မြို့တော် တောင်ကြီး ပြည်တော်သာရပ်ကွက်တွင် တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲအတွက် မီးပုံးပျံပြုလုပ်ရာ ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်သဖြင့် နေအိမ် တလုံး မီးလောင်ပြာကျခဲ့သည် ။

နိုဝင်ဘာ ၂၉ စာရေးဆရာကြီးလူထုအဒေါ်အမာ မွေးနေ့အမှတ်တရ မြင်းခြံမှပြောစကားများ


Eleven CEO နှင့် အယ်ဒီတာချုပ် တို့၏ အာမခံ လျှောက်ထားမှုကို ၃၀ ရက်နေ့တွင် အမိန့်ချမည်

ဇေယျာမော်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင် နှင့် Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့၏ အာမခံ လျှောက်ထားမှုကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

"ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ပတ်သက်လို့ ဥပဒေအရ အာမခံ ပေးနိုင်တဲ့အမှုဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ ရုံးတော်မှာ လျှောက်ထားခဲ့တယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ပေး ၊ မပေး တရားရုံးတော်က ၃၀ ရက်နေ့မှာ အမိန့်ချမယ်" ဟု အယ်ဒီတာချုပ် ဦးဝေဖြိုး၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀ရက်) နေ့တွင် တာမွေမြို့နယ်တရားရုံး၌ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ပထမဆုံးအကြိမ် ရုံးတင်ခဲ့ခြင်းဖြစ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုတင်ဖြစ်ခဲ့ကြောင်း ၄င်းက ဆိုသည်။

ဝန်ကြီးချုပ်တစ်ဦးအား စီးပွားရေလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာပါ အာဘော်တွင် ဖော်ပြခဲ့ခြင်းနှင့် စပ်လျဉ်းပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တိုင်းအစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ရက် နေ့က တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄)အတွက် ကြားဖြတ်ရွေးကောက်ပွဲ


အန်အယ်လ်ဒီ အမတ် ၃ ဦးကို ပါတီတာဝန်က ရုပ်သိမ်း

ရွှေအောင်


မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ အပါအ၀င် အန်အယ်လ်ဒီ ကိုယ်စားလှယ် ၃ ဦးကို ပါတီတာဝန်အသီးသီးက ရုပ်သိမ်းလိုက်တယ်လို့ ပါတီက ဒီနေ့ရက်စွဲနဲ့ ကြောညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၂၆ ရက် ရက်စွဲနဲ့ ကြေညာချက်ထဲမှာ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်း၊ မြောင်းမြအမတ် ဒေါက်တာစိုးမိုးသူနဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာအမတ် ဦးဉာဏ်လင်း တို့ ၃ဦးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီတာဝန်များကနေ ရုပ်သိမ်း လိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက သူတို့ ၃ ဦးကို စုံစမ်း စစ်ဆေးဖို ရှိတယ်လို့ ပြောပါတယ်။

“သူတို့တွေကို စုံစမ်းစစ်ဆေးဖို့ အချက်အလက်တွေ အကုန်ရထားပြီးပြီ။ အဲ့ဒီတော့ သူတို့ လွှတ်တော်ကိုယ်စားလှယ်တွေမို့လို့ တဆင့် နည်းနည်းလေး နောက်ဆုတ်ပြီး ကြည့်နေတာ၊ စုံစမ်းစစ်ဆေးတယ်ဆိုရင်တော့ စုံစမ်းစစ်ဆေးတဲ့ အဖြေအတိုင်း သွားရမယ်၊လောလောဆယ် ပါတီတာဝန်ပဲ ရုပ်သိမ်းထားတယ်။”

ပါတီစည်းကမ်းအရ သတိပေးခြင်း၊ ပါတီကထုတ်ပယ်ခြင်းပါတီဝင်အဖြစ်က ရုပ်သိမ်းခြင်း စတဲ့ ပြစ်ဒဏ်တွေ ချမှတ်လို့ရကြောင်းလည်း ပြောပါတယ်။

ဒီနေ့ပဲ ပါတီတာဝန်က ရုပ်သိမ်းခံလိုက်ရတဲ့ မအူပင်အမတ် ဦးစိန်ဝင်းကတော့ တိုင်းဒေသကြီး လွှတ်တော်အမတ်ကို သူ အမှုဖွင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်က ဒေါက်တာမြင့်စိန်ကို တိုင်လိုက်တယ်လေ။ အဲ့ဒီမှာ သူတို့နဲ့အတူ ပါသွားတာက တိုင်းလွှတ်တော်ကိုယ်စားလှယ် ပါသွားတာပေါ့ဗျာ။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ပါသွားတဲ့ အခါကျတော့ ဒါကို လူကြီးတွေကို ခွင့်ပြုချက် မတောင်းလို့ပေါ့။ ပါတီကို ခွင့်ပြုချက်တောင်းပြီးမှ လုပ်သင့်တယ်ဆိုပြီး ဒီဟာတော့ ကျနော့်ကို ပြောဖူးတယ်။”

ဦးစိန်ဝင်းနဲ့အတူ ပါတီတာဝန်က ရုပ်သိမ်းခံလိုက်ရတဲ့ တခြား အမတ် ၂ ဦးဟာ လူမှုရေးပြဿနာ ကိုယ်စီရှိထားကြပြီး ဒီအကြောင်း သတင်းဂျာနယ်တွေထဲ ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြ ခံခဲ့ကြရသူတွေ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းနိုင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ထဲ တင်သွင်းခဲ့ပေမယ့် လွှတ်တော်က ပယ်ချထားပါတယ်။

ဒါကြောင့် အခုပါတီတာဝန်က ရုပ်သိမ်းခံရတဲ့ကိုယ်စားလှယ် ၃ ဦးစလုံး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။

ဦးရဲထွဋ်(ညွန်ကြားရေးမှူး) နှင့် တွေ့ဆုံမေးမြန်းခန်း


ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် မိန်းကလေးငယ်အလောင်း ဆေးစစ်ချက်အဖြေမထွက်သေး

ရဲနိုင်(လောက်ကိုင်)

နိုဝင်ဘာလ ၂၄ရက်ညက ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် အသက် ၁၀ နှစ်ခန့် မိန်းကလေးငယ် အလောင်းအား ရန်ကုန်ဆေးရုံကြီးမှာ စစ်ဆေးလျက်ရှိပြီး ဆေးစစ်ချက် မထွက်ရှိသေးကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သိရသည်။

တရားခံဟု ယူဆရသူကိုလည်း လက်ရှိမှာ ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကမာရွတ်မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ်အရာရှိက မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်က ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ ဟံသာဝတီဘူတာနှင့် လှည်တန်းဘူတာကြား၊ မိုင်တိုင်အမှတ်(၄/၁၂) ရထားသံလမ်းပေါ်တွင် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။