Saturday, November 26, 2016

ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် မိန်းကလေးငယ်အလောင်း ဆေးစစ်ချက်အဖြေမထွက်သေး

ရဲနိုင်(လောက်ကိုင်)

နိုဝင်ဘာလ ၂၄ရက်ညက ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် အသက် ၁၀ နှစ်ခန့် မိန်းကလေးငယ် အလောင်းအား ရန်ကုန်ဆေးရုံကြီးမှာ စစ်ဆေးလျက်ရှိပြီး ဆေးစစ်ချက် မထွက်ရှိသေးကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သိရသည်။

တရားခံဟု ယူဆရသူကိုလည်း လက်ရှိမှာ ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကမာရွတ်မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ်အရာရှိက မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်က ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ ဟံသာဝတီဘူတာနှင့် လှည်တန်းဘူတာကြား၊ မိုင်တိုင်အမှတ်(၄/၁၂) ရထားသံလမ်းပေါ်တွင် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

No comments: