Saturday, November 26, 2016

မောင်တော နတ်မြစ်က မသင်္ကာဖွယ်လှေကို ရပ်ခိုင်းရာမှ မူးယစ်ဆေးဝါးများ ဖမ်းမိ

RiA

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်တွင် နိုဝင်ဘာ ၂၄ ရက် ညအချိန် သွားလာနေသည့် လှေငယ်တစ်စီးကို မသင်္ကာ၍ နယ်ခြားစောင့်ရဲမှ ရပ်ခိုင်းရာမှ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ကျော်မြဝင်းက ပြောသည်။

“လူတွေကတော့ ထွက်ပြေးသွားကြပါတယ်။ ညဆိုတော့ ဘယ်သူတွေလည်း မသိလိုက်ရပါဘူး။ ဆေးတွေကိုပဲ ဖမ်းမိတာပါ။”

ဖမ်းမိဆေးပြား အရေအတွက်မှာ ၆၅၀၀၀ ဖြစ်ပြီး ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၃၀ ဖိုး ရှိပြီး သယ်ဆောင် လာသူများမှ နယ်ခြားစောင့်ရဲမှ မသင်္ကာလှေအား ရပ်ခိုင်းရာ မရပ်သဖြင့် မီး အချက်ပြပြီး သေနတ်ငါးချက် ပစ်ဖောက်ကာ ခြောက်လှန့်ပြီး ဖမ်းဆီးရန် ကြိုးပမ်းစဉ် အနီးရှိ ဓနိတောသို့ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်မှ ယခုနှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား အလုံး အရင်းဖြင့် ဖမ်းဆီးရရှိမှုမှာ သြဂုတ်လ ၂၃ ရက်က ၁၁၇,၀၀၀ ပြား ကာလတန်ဖိုး၂၃၄ သန်း၊ သြဂုတ်လ ၃၀ ရက်က ၂၉၂,၅၀၀ ပြား ကာလတန်ဖိုး ၅၈၅ သန်း၊ စက်တင်ဘာလ ၁ ရက်နေ့က ၄၄၅,၅၀၀ ပြား ကာလတန်ဖိုး ၈၉၁ သန်း၊ စက်တင်ဘာလ ၂ ရက်က ၂,၂၆၀,၀၀၀ ပြား ကာလတန်ဖိုးမှာ ၄၅၂၀ သန်း၊ စက်တင်ဘာလ ၁၉ ရက်က ၆,၂၃၃,၀၈၀ ပြား၊ ကာလတန်ဖိုး ၁,၂၄၆,၆၁၆,၀၀၀ သန်းတို့ဖြစ်ပြီး ယခု နိုဝင်ဘာလ ၂၄ ရက်တွင် ၆၅,၀၀၀ ပြား၊ ကာလ တန်ဖိုး ၁၃ သန်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

No comments: