Saturday, November 26, 2016

ယနေ့ မြန်မာ့ရေရာသတင်းများ November, 26th,2016

( 20 )နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကလေးမြို့တွင် ကျင်းပ

( 19 )မန္တလေး - မူဆယ် ကုန်တင်ခ ထက်ဝက်ကျော်မြင့်တက်

( 18 )ဆူဇူကီးဖလားပွဲ မလေးရှား သပိတ်မမှောက်ဟု ဆုံးဖြတ်

( 17 )အမျိုးသမီးများကို အကြမ်းဖက်မှု ပပျောက်ရေး အခမ်းအနား စစ်တွေမှာ ကျင်းပ

( 16 )ရှမ်းမြောက်တိုက်ပွဲများအရေး မြန်မာ- တရုတ် အစိုးရတာဝန်ရှိသူများ နေပြည်တော်၌ ဆွေးနွေး

( 15 )တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုး ကို ထုတ်ပယ်ဖို့ CEC ဆုံးဖြတ်

( 14 )တရုတ်-မြန်မာ အဆင့်မြင့်ဆွေးနွေး

( 13 )သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ထားဝယ်ဒေသခံတွေ ချီတက်တောင်းဆို

( 12 )ရခိုင်အရေး ကုလစွပ်စွဲချက် မြန်မာအစိုးရ တရားဝင်တုန့်ပြန်မည်

( 11 )အစိုးရတပ်ဖွဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှု ကုလ အရာရှိ ပြောကြား

( 10 )ကန့်သတ်စစ်ဆိုတာ လက်မခံကြောင်း ဦးတင်ဦး ပြော

( 9 )၀န်ထမ်းစည်းကမ်းဖောက်ဖျက်တဲ့ လ၀က ၀န်ထမ်း ၄၀ ကျော်ကို အရေးယူ

( 8 )နယ်စပ်က လက်နက်ကိုင်တွေကို တရုတ်ဘက်က လက်မခံ ဖို့ ဆွေးနွေးမည်

( 7 )တံတား ချဉ်းကပ်လမ်း ပျက်စီးနေမှုကြောင့် ဒေသခံပြည်သူများ အခက်ကြုံ

( 6 )မူဆယ် ၁၀၅ မိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ မုံးကိုးမြို့မှာ တိုက်ပွဲတွေဆက်ဖြစ်

( 5 )သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆန္ဒပြ

( 4 )အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြမှုများ ဖြစ်ပွား

( 3 )ဖမ်းဆီးစစ်ဆေးစဉ်အချုပ်သားသေဆုံးမှုဖြင့် ရဲ ၇ ဦးကို ထောင်ဒဏ် ၈ နှစ်စီချမှတ်

( 2 )မသန်စွမ်းသူများကို ဖေးမ၍ တန်းတူ အခွင့်အရေးပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြော

( 1 )မလေးရှားကို အနိုင်ရရန် သေချာပြင်ဆင်ထားဟု မြန်မာနည်းပြ ပြော

Friday, November 25, 2016

အောင်စိုးမိုးကျော် အမြန်ရေယာဉ်ပိုင်ရှင်အား ပြည်တွင်းရေကြောင်းဥပဒေဖြင့် ပြောင်းလဲ အမှုဖွင့်

မာန်ဇာမြေမွန်

အောက်တိုဘာ ၁၅ ရက်က နစ်မြုပ်ခဲ့သော အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်၍ ရေယာဉ် ပိုင် ရှင်နှစ်ဦးအား ပြည်တွင်းရေကြောင်းဥပဒေဖြင့် နိုဝင်ဘာ ၂၃ ရက်က အမှုပြောင်းလဲဖွင့်ထားကြောင်း ကနီမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှသိရသည်။

ယင်းမာပင်မြို့နယ်၊ ခရိုင်ဥပဒေရုံးမှ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ကိုင်ခွင့်ဥပဒေဖြင့် အရေးယူရန် နိုဝင်ဘာ ၁၇ ရက်က ပြန်ကြားလာခဲ့သဖြင့် ကနီမြို့မ ရဲစခန်း(ပ)၁၈၂/၂၀၁၆၊ ၂၀၁၅ခုနှစ် မြန်မာ့ကမ်းရိုးတမ်းနှင့် ပြည်တွင်းရေ ကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ကိုင်ခွင့် ဥပဒေပုဒ်မ ၂၃(က) ဖြင့် ပြောင်းလဲဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

"မှန်ပါတယ်၊ ပြည်တွင်းရေကြောင်းဥပဒေနဲ့ အမှုပြောင်းဖွင့်ထားပါတယ် " ဟု ကနီမြို့မရဲစခန်း ဒုရဲမှူးစိုးမြင့်က အတည် ပြု ပြောကြားခဲ့သည်။

အဆိုပါ ရေယာဉ်ပိုင်ရှင်နှစ်ဦးအား ရေယာဉ်နစ်မြုပ်စဉ်က ရာဇသက်ကြီးပုဒ်မ ၂၈၀/၃၀၄-က အရ အမှုဖွင့်စစ်ဆေးခဲ့ပြီး တရားဝင်ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်မရှိကြောင်း ကနီမြို့မရဲစခန်းမှ စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းသို့ တရားဝင်ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် မရှိကြောင်းပေါ်ပေါက်ခဲ့သဖြင့် ယင်းမာပင် ခရိုင်ဥပ ဒေရုံးသို့ ဥပဒေအကြံပြုချက်ပေးနိုင်ရန် တင်ပြခဲ့ရာ ယင်းမာပင်ခရိုင်ဥပဒေရုံးမှ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင် ရေးလုပ်ကိုင်ခွင့် ဥပဒေဖြင့် အရေးယူရန် ပြန်ကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး၊ ချင်းတွင်းမြစ်အတွင်း၌ အောက်တိုဘာ ၁၅ ရက်က အောင်စိုးမိုးကျော် အမြန် ရေယာဉ် နစ်မြုပ်ခဲ့ပြီး ခရီးသည် (၇၃)ဦး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

အဆုတ်ပြည်တည်နာ ခွဲစိတ်ခြင်းနှင့် ရောဂါကင်းဝေး ကျန်းမာရေး


နိုင်ငံတကာမှ ဓာတ်ပုံများကို မဟုတ်မမှန် အသုံးပြုပြီး ဘင်္ဂလာဒေ့ရှ်တွင် ၀ါဒဖြန့်လုံဆော်မှုများရှိနေ

နိရဉ္စရာ၊


နိုင်ငံတကာတွင် ဖြစ်ပျက်ခဲ့သည့် ဓာတ်ပုံများကို မောင်တောမြို့နယ်မှ ဓာတ်ပုံများနှင့် ရောနှောကာ အင်တာနက်၊ ဖေ့စ်ဘုတ်များတွင် တင်ကာ ဘင်္ဂလာဒေ့ရှ် ပြည်သူများအကြား အထင်အမြင်လွဲမှားစေရန် ၀ါဒဖြန့်ချီမှုများ ပြုလုပ်လျက်ရှိနေကြာင်း သတင်းရရှိသည်။

ယခုဓာတ်ပုံမှာ ကော့စ်ဘဇားနယူးတွင် ယနေ့မြန်မာဆောင်းပါး တစ်ပုဒ်နှင့် အတူ တင်ထားသော ဓာတ်ပုံဖြစ်ပြီး အများစု ဓာတ်ပုံများမှာ မြန်မာပြည်မှ မဟုတ်ကြောင်း တွေ့မြင်ကြရမည် ဖြစ်သည်။

ဓာတ်ပုံတွင် ဘင်္ဂလီလိုခေါင်းစဉ်ရေးသားထားသောစာမှာ တရားမဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းဟု အဓိပ္ပါယ်ရပြီး မောင်တောနယ်တွင် လူမဆံစွာ သတ်ဖြတ်မှုများ ပေါ်ပေါက်နေသည်ဟု ဆိုကာ သတင်းများတွင် ဖော်ပြနေကြသည်။

အာဇာနည်ခေါင်းဆောင် ဦးရာဇက်ကြေးရုပ်တု မန္တလေးတက္ကသိုလ်ဝင်းထဲ စိုက်ထူဖွင့်လှစ်


ထိုင်းကုန်စည်ဈေးကွက် မတည်ငြိမ်မှုကြောင့် ရခိုင်ပုဇွန်ဈေးကျ

RiA

ထိုင်းနိုင်ငံ၏ ကုန်စည်ဈေးကွက် မငြိမ်မသက်ဖြစ်ပေါ်နေမှုကြောင့် သွင်းကုန်များအား ယာယီ ရပ်ဆိုင်းလိုက်သည့် အတွက် ရခိုင်ပြည်နယ်အတွင်းမှ အဓိက တင်ပို့နေသည့် ရေချို ပုဇွန်ဈေးနှုန်းများ ကျဆင်းလာကြောင်း ရေထွက်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

“ အခုလောလောဆယ်မှာတော့ ပုဇွန်တွေ ဈေးကျနေပါတယ်။ အရောင်းအဝယ်တော့ ဖြစ်နေတယ်။ ကျွန်တော်တို့က ပုဇွန်ကို ထိုင်းကိုပဲ အဓိက ပို့တာဆိုတော့ ထိုင်းနိုင်ငံကို နိုင်ငံတကာက စီးပွားရေး ဖြတ်တောက်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ ကျဆင်းနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလဲ ဈေးမတည်ငြိမ်မှုတွေ ဖြစ်တာပေါ့။ ထိုင်းဈေးကွက်ဟာ မြန်မာနိုင်ငံက ထွက်တဲ့ ပုဇွန်တွေကို တင်ပို့ဖို့အတွက် အဓိက မှီခိုနေရတဲ့ ဈေးကွက်ဖြစ်ပါတယ် ” ဟု ရခိုင်ပုဇွန်လုပ်ငန်းရှင် ဦးဦးအေးလှိုင်က ပြောသည်။

ရခိုင်ရေထွက်ကုန်ပစ္စည်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချခြင်းထက် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် ထိုင်း၊ တရုတ်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

လက်ရှိတွင် ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်မှ တစ်ဆင့် ထိုင်းဈေးကွက်သို့ အများဆုံးတင်ပို့လျှက်ရှိပြီး တစ်ချို့သော ထွက်ကုန်များဖြစ်သော ဂဏန်း၊ ပုဇွန်၊ ဝက်ပိုးကောင်၊ င/စွယ် စသည့် အရှင်ကုန် ပစ္စည်းမျိုးအစား အနည်းငယ်ကိုသာ တရုတ်ဈေးကွက်သို့ တင်ပို့နေရကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ရေထွက်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ များ က ပြောသည်။

ပြီးခဲ့သည့်နှစ် ယခုရာသီတွင် ၂၅၀ ဂရမ်အရွယ်ရှိ ပုဇွန် တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀ ထိ ဈေးကောင်းရရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၃၀၀၀၀ နှင့် ၄၀၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ ပြည်ပသို့ တင်ပို့ရောင်းချနေကြရသည့် ပို့ကုန်များထဲတွင် အဓိက ကုန်စည် တစ်ခုအဖြစ် တင်ပို့ နေရသည့် ဂဏန်း လုပ်ငန်းမှာလည်း တရုတ်နိုင်ငံမှ ဝယ်ယူမှု ရပ်ဆိုင်းလိုက်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ် ငန်းရှင်များအနေနှင့် ထိခိုက်လျက်ရှိကြောင်း သိရသည်။

ကမ်းနား ညဈေးတန်း မှာရောင်းချနေတဲ့ ဈေးသည်တချို့ နေရာအခက်အခဲ ကြုံ


နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်မှု ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်မည်

ထွန်းထွန်း


နိုင်ငံခြားသားများ ပြည်တွင်းဝင်ရောက်နေထိုင်မှုနှင့် လုပ်ငန်းများတွင် ဗီဇာစည်းမျဉ်းများ ဖောက်ဖျက်မှုမရှိရေး ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

စစ်ဆေးခြင်းကို လ.ဝ.က၊ ရဲနှင့် အထွေထွေအုပ်ချုပ်ရေးဌာန ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဗီဇာစည်း မျဉ်းများ ကျူးလွန်ဖောက်ဖျက်မှုတွေ့ရှိပါက ၎င်းနိုင်ငံခြားသားအပြင် လက်ခံသည့် အိမ်ရှင်ကိုပါ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

တိုင်းအစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမိုးဟိန်းက “ဥပဒေဖောက်ဖျက်ကျူးလွန်တဲ့ နိုင်ငံခြားသားကို လက်ခံရင် အိမ်ရှင် တွေပါ အရေးယူခံရမယ်။ ကိုယ့်နိုင်ငံသားတွေ ဘုမသိ ဘမသိနဲ့ အရေးယူခံရမှာစိုးလို့ သတိပေးမှုတွေ လုပ်နေတယ်၊ စစ်ဆေးမှုတွေ အခုလုပ်နေပါပြီ၊ ပြည်သူတွေရဲ့သတင်းပေးမှုနဲ့ ပူးပေါင်းမှုတွေ လိုအပ်ပါတယ်”ဟု ပြောသည်။

လတ်တလောတွင် နိုင်ငံခြားသားနေထိုင်မှုများသည့် မရမ်းကုန်းမြို့နယ်ရှိ မုဒိတာအိမ်ရာနှင့် မင်္ဂလာဒုံမြို့နယ်ရှိ ခရေရိပ်မွန်အိမ်ရာတို့တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အရေးယူဆောင်ရွက်ရသည့်ဖြစ်စဉ် မရှိသေး ကြောင်း ရန်ကုန်တိုင်း လ.ဝ.က ဦးစီးဌာနက သိရသည်။

လက်ရှိ ပြည်တွင်းသို့နိုင်ငံခြားသားဝင်ရောက်မှုကို ဗီဇာ ၁၂ မျိုးဖြင့် ခွင့်ပြုပေးလျက်ရှိရာတွင် နိုင်ငံခြားသားအနေဖြင့် လူနေအိမ်တွင် တည်းခိုနေထိုင်မည်ဆိုပါက တည်းခိုရန် ခွင့်ပြုထားသည့် ဗီဇာဖြစ်ရန် လိုအပ်ပြီး ဗီဇာခွင့်ပြုချက်မရှိဘဲ တည်းခိုနေထိုင်ပါက ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ( အရေးပေါ်ပြဌာန်းချက်များ) အက်ဥပဒေ (ပုဒ်မ-၁၃(၁)၊ ပုဒ်မ ၁၃(၅)) အရ နိုင်ငံခြားသားနှင့် အိမ်ရှင်ဖြစ်သူကို အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ၁၅၀၀ကျပ် ဖြစ်စေ၊ ဒဏ် ၂ရပ် လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ယင်းအပြင် ဗီဇာအရ လူနေအိမ်တွင် ငှားရမ်းနေထိုင်ခွင့်ရှိသော်လည်း တကြိမ်လျှင် တနှစ်ထက်ပို၍ ငှားရမ်းထား ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၁၂ အရ အငှားချထားသည့်ကာလအတွက် သဘောတူထားသည့်ငှားရမ်းခ၏ သုံးဆထက် မနည်းသော ငွေဒဏ်ချမှတ်ခံရမည့်အပြင် ပြစ်မှုနှင့်အကျုံးဝင်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို လည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်သည်။

ဗီဇာခွင့်ပြုချက်ဖြင့် နိုင်ငံခြားသားများ တည်းခိုခြင်းကို လက်ခံထားသည့် စက်ရုံပိုင်ရှင်(သို့) မန်နေဂျာများနှင့် အိမ်ရှင် များအနေဖြင့် သက်ဆိုင်ရာ လ.ဝ.ကရုံးသို့ သတ်မှတ်ချက်များနှင့်အညီ ပုံစံ(၃) ( FORM- C) ကို ၂၄ နာရီထက် နောက်မကျဘဲ ပေးပို့အကြောင်းကြားရမည် ဖြစ်သည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံခြားသားဝင်ရောက်နေထိုင်မှုမှာ ရန်ကုန်မြို့တွင် အများဆုံးဖြစ်ပြီး ယခုကဲ့သို့ ရှောင် တခင်စစ်ဆေးခြင်းများကို ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

မွေးလူနာတဦး သေဆုံးမှု ဗဟိုအမျိုးသမီးဆေးရုံ ပြန်လည်ရှင်းလင်း


ရခိုင်ပင်လယ်ပြင်အတွင်း ဥပဒေနှင့်မညီသည့် ခိုးဝင် ငါးဖမ်းလှေများကို တားဆီးရန် တောင်းဆို

RiA

ရခိုင်ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းစက်လှေများ အလုံးအရင်းဖြင့် ဝင်ရောက်နေမှုကို တားဆီးနိုင်ရန် တပ်မတော် (ရေ) ၏ အကူအညီလိုအပ်နေကြောင်း ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားလိုက်သည်။

“ ကမ်းနီကမ်းဝေး ငါးဖမ်း ဥပဒေအရဆိုရင် ဝင်ရောက်ဖမ်းပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဟန့်တားဖို့ အတွက် ပြည့်စုံလုံလောက်တဲ့ အထောက်အကူပြု ပစ္စည်းတွေ မရှိဘူး ဖြစ်နေတယ်၊ ဒါတွေကို ကျွန်တော်တို့ ပြည်နယ်၊ ပြည်ထောင်စု မြန်မာ့ တပ်မတော် ရေတပ်တို့နဲ့ ပူးပေါင်းမှသာ ဒါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ ပြည်နယ်အစိုးရ တစ် ခုတည်းနှင့် မဖြစ်နိုင်ဘူး။ ခိုးဝင်တဲ့ ငါးဖမ်းစက်လှေတွေကို ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်မယ် ဆိုတာ မလွယ်ကူဘူး” ဟု ဝန်ကြီး ဦးကျော်လွင်က ပြောသည်။

လက်ရှိအချိန်တွင် တရားဝင် ငါးဖမ်းဆီးခွင့် လိုင်စင်နှင့် လုပ်ကိုင်နေသော သင်္ဘောပေါင်း ၃၀၀၀ ကျော် ရှိနေပြီး ငါးသ ယံဇာတ ရှားပါးမှုကို ဖြေရှင်းနိုင်ရန် တစ်စီးလျှင် ၃၃ တန်သာ ဖမ်းဆီးခွင့်ပြု ထားကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

နော်ဝေနိုင်ငံမှ ရခိုင်ပင်လယ်ပြင်အတွင်း သုတေသနပြုချက်အရ ပင်လယ်ပြင်အတွင်း၌ ရေပေါ် ငါးကျန်ရှိသည့် အနေ အထားမှာ ၁၀ ရာခိုင်နှုန်းခန့်နှင့် ရေအောက်ငါး ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပပြုလုပ်သည့် အမျိုး သားလွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အ မှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က စိုးရိမ်နေရသည့် ရခိုင့်ပင်လယ်ပြင်အခြေအနေနှင့် ပတ်သက်၍ “မြန်မာ့ပင်လယ်ပြင်မှာ ခိုးဝင်ပြီး ငါးဖမ်းတာတွေ၊ ငါးဝယ်တာတွေ လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် စက်လှေ တွေ ကို တားဆီးပေးဖို့ရှိ၊ မရှိ” ကို မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ ဖြေကြားချက်အရ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အ ထိ ရခိုင်ပင်လယ်ပြင်းအတွင်း ဥပေဒနှင့် မကိုက်ညီသည့် တရားမဝင် ငါးဖမ်းစက်လှေများ ဝင်ရောက်နေရာတွင် ကျပ် သန်း ၂၀၀၀ ကျော်ဖိုး ဖမ်းမိထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်းက ငါးဖမ်းဆီးမှု ပမာဏမှာ တစ်နှစ်လျှင် တန်ချိန်တစ်သန်းအထိ ဖမ်းဆီးလျှက်ရှိနေပြီး ဆက် လက်ခွင့်ပြုထားပါက လာမည့် ငါးနှစ်တာ ကာလအတွင်း ငါးမျိုးတုန်း သွားနိုင်ကြောင်းနှင့် ငါးဖမ်းဆီးမှု ပမာဏကို တစ်နှစ် လျှင် တန်ချိန် တစ်သိန်းအထိ လျှော့ချပြီး ဖမ်းဆီးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း နော်ဝေးနိုင်ငံမှ ပြုလုပ်သည့် သုတေ သန အစီရင်ခံစာတွင် ဖော်ပြပါရှိ သည်။

မြန်မာနိုင်ငံတွင် ငါးသယံဇာတ ရှားပါးမှုကြောင့် ပင်လယ်ငါးဖမ်းခွင့် လိုင်စင်ချပေးမှုကို ရပ်နားထားခဲ့ရာမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ငါးလုပ်ငန်း ဦးစီးဌာနက အောင်ထွန်းမြတ် ကုမ္ပဏီကို လိုင်စင်ချပေးခဲ့ပြီး သင်္ဘော ၈၉ စီးကို ခွင့်ပြုခဲ့သည်။

ရွေးကောက်ခံ စည်ပင်သာယာရေး ကော်မတီဝင်တွေကို ဒီဇင်ဘာလမှာ ခန့်သွားဖို့ရှိ



အဖျောက်မြို့က အိမ်အကူ မိန်းကလေး သေဆုံးမှု ၃ လကြာအထိ မဖော်ထုတ်နိုင်သေး

ဇူးဇူး


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့မှ အိမ်အကူ မမြင့်မိုးနွယ် သေဆုံးရခြင်းနှင့် ပတ်သက်၍ လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသော်လည်း ယနေ့အထိ ၃ လကြာသည့်တိုင် ဥပဒေနှင့်အညီ စစ်ဆေး ဖော်ထုတ်နိုင်ခြင်း မရှိ သေးကြောင်း သတင်းရသည်။

တိုက်ကြီးမြို့နယ် ကျုံတကင်းကျေးရွာမှ မမြင့်မိုးနွယ် အသက် ၁၇ နှစ်သည် အဖျောက်မြို့ အနော်ရထာလမ်းရှိ ဒေါ်ဝမ်း နေအိမ်၌ အိမ်အကူအလုပ် လုပ်နေရာ ၂၀၁၆ သြဂုတ်လ ၁၈ ရက်တွင် မီတာ သွားဆောင်ခိုင်းရာမှ အိမ်သို့ ပြန်မလာတော့ ဘဲ ပျောက်ဆုံးသွားပြီး သြဂုတ်လ ၂၁ ရက်တွင် အလောင်းကို ဖိုးသောကြာ ဆိုသူက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျုံတကင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က ဧရာဝတီကို ပြောပြသည်။

ဆက်လက်၍ ၎င်းက ယင်းအမှုကို အဖျောက်ရဲစခန်းမှ သေမှုသေခင်းဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ ၂ လနီးပါး ကြာမြင့် ခဲ့ပြီးနောက် တရားရုံးမှ လူသေမှုမဟုတ်ဘဲ လူသတ်မှုဖြစ်ကြောင်း အမိန့်ချသည့်အခါတွင်မှ စခန်းမှူး ရဲအုပ် လွန်းအောင် ဆန်း က ပုဒ်မ ၃၀၂ အရ လူသတ်မှုဖြင့် ဖွင့်ခဲ့သော်လည်း ယနေ့အထိ အမှုကိုစုံစမ်း ဖော်ထုတ်ပေးခြင်း မရှိသေးကြောင်း လည်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒီကလေးမအမှုနဲ့ပတ်သက်ပြီး တကယ့်ကို ထိထိရောက်ရောက် မလုပ်ပေးဘူး။ CID ကို လွှဲတယ် မလွှဲတယ်လည်း အခုထိ တရားဝင် မပြောပါဘူး။ မြို့နယ်မှူးက ရဲချုပ်ကို တင်ထားပါတယ်တဲ့။ ရဲချုပ်ကနေ ပြန်ကျတော့မှ CID ကို လွှဲမယ်။ ဘယ်နေ့ လွှဲမယ်တော့ မသိဘူး။ တကယ့်တကယ် သူနဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်စစ်မယ်ဆို ပေါ်ပါတယ်။ အခုက အမှုကို ကြန့်ကြာ အောင် လုပ်ပြီး ပပျောက်အောင် လုပ်နေတာ”ဟု ဦးအုန်းကြိုင်က ပြောသည်။

အလောင်း တွေ့သည့်နေ့က ရဲစခန်းက သွားရောက် စစ်ဆေးရာတွင် ရဲ လုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေး ဆောင် ရွက် ခြင်း မရှိသည့်အပြင် သက်သေခံပစ္စည်များကိုလည်း သိမ်းဆည်းခြင်း မရှိခဲ့ကြောင်း၊ ရဲလုပ်ငန်းများကို ထိရောက်စွာ မဆောင်ရွက်ဘဲ အမှုကို စစ်ဆေးရန် ကြန့်ကြာနေခြင်းသည် တရားခံအား ရှောင်တိမ်းသွားရန်၊ အမှုမှန်မပေါ်ပေါက်ရန် တမင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်ကြောင်း အမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစန်းဝင်း က ပြောသည်။

သေသူသည် အမြင်အားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ဘယ်ဘက် လက်ခလယ်တွင် တွေ့ရသည့် ကြွပ်ကြွပ်အိတ်ထဲရှိ အခဲကို အကြောင်းပြု၍ ပေါ်တက်အဆိပ် သောက်ပြီး သေသည့်ပုံစံ ဖန်တီးထားသည်ကို တွေ့ရ ကြောင်း၊ ဆရာဝန် ဆေး စာ အရ သေဆုံးရသည့် အကြောင်းရင်းကို မဖော်ပြထားသော်လည်း အဆိပ်ကြောင့် သေဆုံးခြင်း မဟုတ်ဟု ဆိုထားသော ကြောင့် ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ဟုသာ ကောက်ယူရန်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးစန်းဝင်းက “အမှု အလားအလာတော့ သိပ်မကောင်းဘူး။ လုပ်ရင်းလုပ်ရင်းတောင် တော်တော် လေး စိတ်ဓာတ်ကျစရာ စိတ်ဆင်းရဲစရာ ဖြစ်လာတယ်။ နောက်ပြီး တရားဥပဒေ စိုးမိုးရေး အပိုင်းကလည်းပဲ စိတ်ပျက်စရာ။ ဥပဒေသာရှိတယ် ဥပဒေအတိုင်း အလုပ် မလုပ်ကြဘူး။ ရဲလုပ်ငန်းတို့ ဘာတို့ ဆိုတာလည်း လုပ်ချင်တုန်းက လုပ်တယ်။ အခု မလုပ်ချင် မလုပ်ဘူးဆိုတဲ့ သဘောမျိုး။ မလုပ်တော့ဘူး ဆိုတဲ့ပုံစံမျိုးတောင် ရှိတယ်”ဟု ဆက်ပြောသည်။

မမြင့်မိုးနွယ် သေဆုံးမှုသည် အဓမ္မပြုကျင့်ခံရပြီးနောက် ရရှိလာသည့် ကိုယ်ဝန်ကို ဖျက်ချခိုင်းခဲ့ကြောင်း၊ သွေးနုသားနု အချိန်တွင် ထပ်မံ၍ အဓမ္မပြုကျင့် ခံရပြီးနောက် နှုတ်ပိတ်သည့်အနေဖြင့် သတ်ပစ်ခဲ့ခြင်းဖြစ်သည်ကို လေ့လာ စုံစမ်းမှုများ အရ သိရကြောင်း၊ အမှုမှန်ပေါ်ပါက ပါဝင်သူ အနည်းဆုံး ၁၃ ဦးခန့် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ကျုံတကင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်နှင့် ဒေသခံများက ပြောဆိုကြသည်။

“အဲဒီအမှုမှာ ပါတဲ့သူတွေကို ကျနော်သိတယ်။ အလောင်းသယ်တဲ့သူ၊ အလောင်းပို့တဲ့သူ၊ အလောင်းစောင့်တဲ့သူ၊ အဓမ္မ ကျင့်ကြံတဲ့သူ၊ ကိုယ်ဝန်ရှိအောင် လုပ်တဲ့သူ၊ ဒီအိမ်ရှင်က အဓိကပေါ့။ CID ကို လွှဲမယ်ဆိုလည်း CID နဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့၊ ဖြစ်နိုင်ရင် ကျနော်တို့ရှေ့မှာ ခေါ်ပြီး စစ်စေချင်ပါတယ်။ ကျနော်တို့ ဝိုင်းထောက်ပေးပါမယ်။ သူတို့ က တော့ ငြင်းမှာပါ။ အမှုမှန်ပေါ်လို့ရှိရင်တော့ အနည်းဆုံး ၁၃ ယောက်လောက်ပေါ်မယ်”ဟုလည်း ဦးအုန်းကြိုင်က ဆိုသည်။

အမှုကို လိုက်ပါဆောင်ရွက်သူများ၏ ပြောဆိုချက်များအရ မမြင့်မိုးနွယ် အလုပ်လုပ်သည့် ဒေါ်ဝမ်း အိမ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းသည့်လုပ်ငန်း လုပ်ကိုင်နေသော်လည်း အမှန်တကယ်မှာမူ လောင်းကစားဝိုင်း ဖွင့်ထားကြောင်း၊ ဒေါ်ဝမ်း အိမ် နှင့် အဖျောက်ရဲ စခန်းသည် သိပ်မဝေးဘဲ ရဲစခန်းမှ တာဝန်ရှိသူများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိကြောင်း သိရသည်။

အဖျောက်မြို့နယ် စခန်းမှူး ရဲအုပ် ကျော်ကျော်ထွန်းက အမှုနှင့်ပတ်သက်၍ လက်ရှိတွင် အထူးအဖွဲ့များဖြင့် တရားခံကို စုံစမ်း နေသော်လည်း မသိရသေးကြောင်း၊ CID မှ စစ်ဆေးသည့်အခါ တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်သည်အထိ ကူညီသွားမည်ဖြစ်ကြောင်း ပြောသည်။

“အထူးအဖွဲ့တွေနဲ့ တရားခံတော့ စုံစမ်းနေတာပဲ။ လောလောဆယ်တော့ မပေါ်သေးဘူး။ လိုက်ရတဲ့အခါ အခက်အခဲဖြစ် တယ်။ သေတဲ့နောက် ၃ ရက်လောက်ကြာမှ တွေ့တာဆိုတော့ နည်းနည်းတော့ ခဲယဉ်းနေတာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းလူသတ်မှုကို စတင်ကိုင်တွယ်သည့် ယခင်စခန်းမှူး လွန်းအောင်ဆန်း ပြောင်းရွှေ့သွားသည့် အတွက် ဆက်လက် တာဝန်ယူရခြင်း ဖြစ်ကြောင်း၊ အဖျောက်ရဲစခန်းသို့ တာဝန်ကျသည်မှာ ၁ လခန့်သာရှိသေးကြောင်းလည်း ရဲအုပ် ကျော်ကျော် ထွန်း က ပြောဆိုသည်။

မမြင့်မိုးနွယ် သေဆုံးမှုနှင့်ပတ်သက်၍ တရားခံရှာမတွေ့၊ တရားရုံးသို့ မတင်နိုင်ဘဲ ပပျောက်သွားမည်ဆိုပါက တရားဥပဒေ စိုးမိုးရေးကို ထိခိုက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ခန္ဓာကိုယ်လုံခြုံ၊ ပစ္စည်းလုံခြုံမှု၊ အသက်အန္တရာယ် လုံခြုံမှု ဆိုင်ရာ စိုးရိမ်ဖွယ်ရာများ ဖြစ်သွားမည်ဖြစ်ကြောင်း၊ တရားလွှတ်တော် ရှေ့နေများကိုယ်တိုင်လည်း တရား ဥပဒေ စိုးမိုးရေး နှင့် ပတ်သက်ပြီး အကောင်အထည် ဖော်ပေးနိုင်ရန် စွမ်းအားမရှိသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ဦးစန်းဝင်းက ပြော သည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး တရားဥဒေ စိုးမိုးရေး၊ တရားစီရင်ရေးနှင့် တိုင်စာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီ အပါအဝင် တိုင်း ရဲတပ်ဖွဲ့မှူးချုပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့၊ တိုင်း လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေးဆိုင်ရာ အဆင့်ဆင့် တို့ကို တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေး ဌာန ကျေးရွာတွေထိဆင်းပြီး မှတ်ပုံတင် ပြုလုပ်ပေးနေ



အမှန်တကယ် ပြောင်းလဲရန် ပြည်သူအားလုံး ၀ိုင်းလုပ်ရမည်ဟု သူရဦးတင်ဦး ပြော

ဇေယျာမော်

၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြွေးကြော်ခဲ့သည့် ပြောင်းလဲချိန်တန်ပြီဆိုသည့် စကားရပ် အမှန်တကယ်ဖြစ်ပေါ်စေရန် ပြည်သူလူထုအားလုံး ၀ိုင်းဝန်းလုပ်ဆောင်ရမည်ဟု NLD နာယက သူရဦးတင်ဦးက ပြောကြားလိုက်သည်။

" ကျွန်တော်တို့ လုပ်ချိန် ဘယ်လောက်ရှိလဲ။ ရှေ့က ကျန်ရစ်ခဲ့တဲ့ ဒုက္ခတွေက ဘယ်လောက်များလဲ။ ဒါတွေကိုလည်း ပြန်ကြည့်ဖို့ လိုပါတယ်။ ဒီကြားထဲမှာ တကယ်လုပ်ရတဲ့ အခါကျတော့ အကုန်လုံး ၀ိုင်းလုပ်မှ ရမယ့်ကိစ္စပါ" ဟု သူရ ဦးတင်ဦးက ပြောသည်။

နိုဝင်ဘာ ၂၄ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပသည့် (၉၆)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ နှစ်ပတ်လည်အခမ်းအနားတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူများအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မည်မျှဆောင်ရွက်ပေးနိုင်သလဲ ဆိုသည့်အချက် အပေါ်မူတည်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်သွားမှာဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

" တိုင်းပြည်ရဲ့ ကောင်းကျိုး ၊ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး ၊ ပြည်ထောင်စုသားအများစုရဲ့ ကောင်းကျိုးကို ဆောင်ရွက် ရခြင်းသည် အမျိုးသားရေးတာဝန်ဖြစ်ပြီး ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲများ မထားရှိလို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်" ဟု သူရဦးတင်ဦးက သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိဖော်ဆောင်နေသည့် ၂၁ ပင်လုံညီလာခံအောင်မြင်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသစ် တည် ဆောက်ရေးများကို အကောင်အထည်ဖော်ရင်း ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ရန် တိုက်တွန်း ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာ-တရုတ်-ထိုင်း သံလွင်မြစ် ကော်မရှင်ဖွဲ့ဖို့ သံတမန်နည်းလမ်းနဲ့ ညှိနှိုင်းသွားမယ်



လူထုထိခိုက်နစ်နာအောင်ပြုသည့် လက်နက်ကိုင်အဖွဲ့အစည်းများအား ဆန့်ကျင်ကန့်ကွက်ကြောင်း သျှမ်းလူငယ် အဖွဲ့ကပြော

SHAN


လက်နက်ကိုင်အဖွဲ့အစည်းများသည် မိဘပြည်သူလူထုအပေါ် အားထားပြုနေရသဖြင့် လူထုအကျိုးထိခိုက် နစ်နာအောင် ဖန်တီးသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ဆန့်ကျင် ကန့်ကွက်ကြောင်း သျှမ်း လူငယ်အဖွဲ့က ပြောဆိုလိုက်ပါသည် ။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် Tai Youth Organization ဥက္ကဌ စိုင်းဟန်က -“ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေကြချိန်မှာ တိုက်ပွဲတွေဖြစ်တာကြောင့် မိဘပြည်သူလူထုသေတယ်။ ထိခိုက်ဒဏ်ရာရတယ်။ စီးပွါးရေးအပိုင်းကိုကြည့်မယ်ဆိုရင်လည်း သျှမ်းပြည်လူထု အားထားပြုနေရတာ ဒီအချိန်က ပြောင်းဖူးလေ။ တိုက်ပွဲကြောင့် လမ်းပိတ်တယ်။ ပြောင်းဖူးတင်ရောင်းလို့မရတော့ဘူးဆိုတော့ နစ်နာတာက သျှမ်းပြည်လူထုဖြစ်နေတယ်။ စဉ်းစားကြည့်လေ။ မိဘစီးပွါးရေးကျဆင်းရင် သားသမီးတွေ ထိခိုက်နစ်နာ မယ်မဟုတ်လား။ ဒီလိုဘဲလေ ရှမ်းပြည်လူထု ငွေကြေးမချောင်လည်ရင် လူထုရဲ့အင်အားကို မှီခိုနေတဲ့ ရှမ်းပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းအားလုံးလည်း အခက်အခဲနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ ”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည် ။

သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွါးနေသော တိုက်ပွဲများကြောင့် ပြည်သူလူထု သေကြေဒဏ်ရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်နေရာ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆွေးနွေးရန်အတွက် Tai Youth Organization မှ ကြေငြာချက်တစောင်ထုတ်ပြန် တိုက်တွန်းလိုက်သည် ။

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် အဆိုပါကြေငြာချက်တွင် လူထုအားထိခိုက်သေကြေအောင်ဖန်တီးသည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို TYO မှ ပြင်းပြင်ထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ပါရှိသည် ။

“ ဘယ်အဖွဲ့ဘဲဖြစ်ဖြစ် လူထုကိုဒုက္ခပေးရင် ကျနော်တို့ အားမပေးဘူး။ ခုခေတ်ဆိုရင် စားပွဲဝိုင်းမှာ ဆွေးနွေးဖို့အတွက် လမ်းတွေလည်းရှိလာပြီလေ။ ဆိုတော့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဆွေးနွေးပါ။ မိဘပြည်သူတွေ စစ်ဘေးဒဏ်မသင့်အောင် တိုက်ပွဲတွေရပ်လိုက်ပါ လို့ တိုက်တွန်းလိုတယ်။ ” ဟု စိုင်းဟန်ကပြောသည် ။

ထိုသို့ စစ်ရေးတင်းမာမှုများရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့က ကွတ်ခိုင်မြို့နယ်ရှိ စားသောက်ဆိုင် တဆိုင်အတွင်း စားသောက်နေဆဲ ဒေသခံ ၅ ဦးအား အစိုးရတပ်မတော်မှ ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၂၀ ရက် တွင်မူ နမ္မတူမြို့နယ်ရှိ ပြောင်းခြံတွင်အလုပ်လုပ်နေသော နားနောင်ရွာနှင့် မိုင်းတက်ရွာသား ၁၁ ဦးအား TNLA စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး ယနေ့တိုင်လွတ်မြောက်ခြင်းမရှိသေးကြောင်းလည်း စစ်ဘေးရှောင်များအရေး လှုပ်ရှားနေသော လူငယ်စိုင်းစိုင်းကလည်းပြောသည် ။

TYO သျှမ်းလူငယ်အဖွဲ့သည် သျှမ်းပြည်တွင်း ဒေသအသီးသီးမှ လူငယ်များ အားစွမ်းရည်မြင့်တင်ပေးခြင်း လုပ်ငန်းနှင့် လူမှုကူညီကယ်ဆယ်ရေး လှုပ်ရှားမှုများ အဓိကလုပ်ဆောင် နေသည့်အဖွဲ့အစည်းဖြစ်ပါသည် ။

နိုဝင်ဘာ ၂၀ ရက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားမဟာမိတ် တပ်ပေါင်းစု (တအာင်း၊ ကချင်၊ ကိုးကန့်၊ ရခိုင်) နှင့် အစိုးရတပ်မတော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ ကုန်သည်များ အခက်တွေ့ခဲ့ရပြီး ဒေသတွင်းမှ စစ်ဘေးတိမ်းရှောင်သူများ သောင်း ချီရှိသည့်အပြင် စစ်ဒဏ်သင့်သေဆုံးသူများလည်းရှိခဲ့သည် ။

လူသေဆုံးအောင်စစ်ဆေးခဲ့တဲ့ ရဲ (၇)ယောက်ကို ထောင် (၈)နှစ်စီ ချမှတ်



လူ့အခွင့်အရေးထက် ပြည်သူ့ဘဝ လုံခြုံရေး ဦးစားပေးဖို့ ကြံ့ခိုင်ရေး ဆုံးဖြတ်

မဇ္ဈိမ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် လူ့အခွင့်အရေးထက် ပြည်သူ့ဘဝ လုံခြုံရေးကို ဦးစားပေးရန် အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး အောင်မြင်အောင် ကူညီမည်ဟူသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်သည့် အစည်းအဝေးတွင် အမျိုးသား အကျိုးစီးပွားကို တိုးတက်အောင် ဦးစားပေး ဆောင်ရွက်မည်ဟူသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်ဟု ပါတီ သတင်းစာဖြစ်သော ပြည်ထောင်စုနေ့စဉ် သတင်းစာက နိုဝင်ဘာ ၂၄ ရက်တွင် ဖေါ်ပြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် “အမျိုးသားရေးနှင့် အမျိုးသား အကျိုးစီးပွား ခိုင်မာတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်မည်၊ လူ့အခွင့်အရေးထက် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လူမှုဘဝ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်မည်၊ အခြေခံတည်ဆောက်ထားပြီးဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေး အောင်မြင်စေရန် အားပေးကူညီမည်” ဟူသည့် ဆုံးဖြတ်ချက်များ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဌာနချုပ်တွင် ကျင်းပသည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်က စတင်ကျင်းပခြင်းဖြစ်ရာ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဋ္ဌေးလည်း တက်ရောက်ကာ အမှာစကား ပြောကြားခဲ့သည်။

ဦးသန်းဋ္ဌေး၏ အမှာစကား ကောက်နုတ်ချက် အချို့ကို ပါတီသတင်းစာဖေါ်ပြရာတွင် “ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားရေးကို ဦးထိပ်ထားသည့် ပါတီဖြစ်ကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ ရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီ တည်ရှိနေမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ ရှိနေသမျှ အမျိုးဂုဏ် ဇာတိဂုဏ် မညိုးနွမ်းစေကြောင်း ပြည်ခိုင်ဖြိုး ပါတီ ရှိနေသမျှ မြန်မာပြည်နယ်နိမိတ် မပြောင်းလဲစေရ” စသည့် ကောက်နုတ်ချက် အချို့ကိုလည်း ဖေါ်ပြထားသည်။

ပုဂ္ဂလိက အများပိုင်ယာဉ်လိုင်းတွေ စတင်ပြေးဆွဲဖို့ ပြင်ဆင်နေမှု အခြေအနေ



ရှမ်းပြည်နယ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ခရိုင်ဥက္ကဋ္ဌတို့၏ အယူခံပယ်ချခံရ

ကျော်ဇေယျာဝင်း


ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ တောင်ကြီးခရိုင်ဥက္ကဋ္ဌတို့ ၂ ဦးရဲ့ အယူခံလွှာကို ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ပယ်ချလိုက်ပါတယ်။

တာဝန်က အနားပေးခံရတဲ့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး တို့ရဲ့ အယူခံလွှာကို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ပယ်ချလိုက်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

“တောင်ကြီးအမှုက အယူခံ ၃ခု ရှိတယ်၊ဒေါ်ခင်မိုးမိုးရယ်၊ တင်မောင်တိုးရယ်ကတော့ အယူခံ ပလပ်လိုက်တယ်၊သူတို့ ရှူံးသွားတယ်ပေါ့။ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်ကတော့ သူတို့ အယူခံလွှာကို လက်ခံလိုက်တယ်၊အရင် တာဝန် ပြန်ပြီးတော့ပေးအပ်မှာပေါ့၊”

ဒီကနေ့ အစည်းအဝေးမှာ ၂၀၁၇ မှာပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်မယ်လို့ သိရပါတယ်။

ပြည်နယ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပေးဖို့ စက်တင်ဘာလဆန်းက ရှမ်းပြည်နယ် ကို ဦးဝင်းထိန် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးအား နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်း၊ ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့အား ရာထူးလျှော့ချတာတွေပြုလုပ်ခဲ့ပါတယ်။
အယူခံခုံရုံးအဖွဲ့က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်ကိုအပေါ် ကျေနပ်မှုမရှိခဲ့ပါက မကျေနပ်တဲ့ဘက်အနေနဲ့ ပါတီ စည်းကမ်းအတိုင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ အယူခံထပ်တင်ခွင့်ရှိတယ်လို့ အယူခံခုံရုံးအဖွဲ့ဝင် ဦးကျော်ဟိုးက ပြောဆိုဖူးပါတယ်။

အယူခံခုံရုံးအဖွဲ့ကိုတော့ မန္တလေးတိုင်းဒေသကြီး NLD ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး၊ ဥပဒေတရားလွှတ်တော်ရှေ့နေ NLD ဗဟိုအထောက်အကူပြု အဖွဲ့ဝင် ဦးကျော်ဟိုးနဲ့ ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့တို့က ဆောင်ရွက်ခဲ့ကြတာပါ။

ရှမ်းပြည်နယ် ဒီချုပ်ပါတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါ်ခင်မိုးမိုးဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ပြည်နယ်အောင်နိုင်ရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်မှု မရှိဘူးဆိုကာ အရေးယူခဲ့တာပါ။

တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးတင်မောင်တိုးကိုတော့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာကြောင့် အရေးယူခဲ့တာပါ။

ဒီကနေ့မနက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာကျင်းပတဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဇော်အေးမောင်၊ ဒေါက်တာအောင်မိုးညို၊ မန်းဂျော်နီ၊ ဦးဖြိုးမင်းသိန်း၊ ဦးညီပု၊ ဦးဟံသာမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမေဝင်းမြင့်စတဲ့ ဗဟိုအလုပ်အမှုဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

တရုတ်ကမှာယူထားတဲ့ အများပိုင်ယာဉ်လိုင်း စီးရေ ၂၀၀ ကျော် မူဆယ်မှာ ပိတ်မိနေ



KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် အသိပေးစာ ထုတ်ပြန်

မဇ္ဈိမ

ရှမ်းပြည်နယ် မူဆယ်ဒေသတဝိုက် တိုက်ပွဲများ ဖြစ်ပေါ်နေချိန်နှင့် တိုက်ဆိုင်စွာပင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၏ အသိပေးစာတစ်စောင် ထုတ်ပြန်ရာတွင် စစ်ရေးလှုပ်ရှားမှုဖြင့် မဟုတ်ဘဲ ဆွေးနွေမှုများ စတင်နိုင်ရန် KIO သည် အကြိမ်ကြိမ် ဆောင်းဆိုခဲ့ပြီး KIO နှင့် တိုက်ရိုက်ဆွေးနွေးရန် တောင်းဆိုမှုသည်လည်း ထူးခြားမှုမရှိဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗိုလ်ချုပ် ဂွန်မော်၏ လူမှုကွန်ယက် စာမျက်နှာတွင် “စစ်ရေး လှုပ်ရှားမှုများဖြင့် မဟုတ်ဘဲ ဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်ကို သိစေလိုပါသည်။ KIO ဆွေးနွေးရေး အဖွဲ့နှင့် တိုက်ရိုက် ဆွေးနွေးပေးရန် တောင်းဆိုထားသည်မှာ သုံးလကျော်သွားပြီဖြစ်ပါသည်” ဟု ထုတ်ပြန်ရေးသားချက်တွင် ပါရှိသည်။

“နိုဝင်ဘာ ၉ ရက်နေ့ NRPC ရုံးတွင် တိုက်ရိုက်ဆွေးနွေးပွဲကိစ္စ ပြန်လည်မေးမြန်းစဉ် တာဝန်ရှိ နိုင်ငံတော် ပုဂ္ဂိုလ်များမှ အထက်သို့ တင်ပြထားရာ ထူးခြားမှုမရှိကြောင်းသာ ဖြေကြားခဲ့ပါသည်။ အခြေအနေ တစ်ခုအား အသိပေးရန်ဖြစ်ပါသည်” ဟု ရေးသားထုတ်ပြန်ထားသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကမူ ရှမ်းပြည် အရှေ့မြောက် ဒေသအတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ သဘောထား တစ်ရပ် နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “​ပြည်​သူ​အ​များ ​လို​လား​တော​င့်​တ​လျက်​ရှိ​သော ​ပန်း​တိုင်​သို့ လက်​နက်​ကိုင်​ နည်း​လမ်း​ဖြင့် ​ရောက်​ရှိ​နိုင်​မည်​မ​ဟုတ်​ပါ။ ​လက်​နက်​ကိုင်​ပ​ဋိ​ပက္ခ​များ ​ချုပ်​ငြိမ်း​ပြီး ​ရေ​ရှည်​တည်​တံ့​သော ​ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်​နိုင်​ရေး

အ​တွက် ​ပြည်​ထောင်​စု​ငြိမ်း​ချမ်း​ရေး​ညီ​လာ​ခံ-(၂၁)​ရာ​စု​ပင်​လုံ​သည် ​တစ်​ခု ​တည်း​သော​ လမ်း​ကြောင်း​ဖြစ်​ပါ​သည်။ ​ထို​ငြိမ်း​ချမ်း​ရေး​ဖြစ်​စဉ်​တွင် ​ပါ​ဝင်​သင့် ​ပါ​ဝင်​ထိုက်​သူ​အား​လုံး ​ပါ​ဝင်​နိုင်​ရေး​အ​တွက် ​ငြိမ်း​ချမ်း​ရေး​တံ​ခါး​များ ​အ​စဉ်​အ​မြဲ​ ဖွင့်​လှစ်​ထား​ပြီး ​တန်း​တူ​ရည်​တူ​ပါ​ဝင်​နိုင်​ရေး​အ​တွက် ​ကြို​ဆို​ဖိတ်​ခေါ် ​လျက်​ရှိ​ပါ​သည်” ဟု ပါရှိသည်။

အလားတူ “ပြည်​သူအ​များ ​မျှော်​လင့်​တောင့်​တ​နေ​သော ​ငြိမ်း​ချမ်း​ရေး​ပန်း​တိုင်​ကို ​အ​ရောက် လှမ်း​နိုင်​ရေး၊ ၂၀၁၇ ​ခု​နှစ် ​ဖေ​ဖော်​ဝါ​ရီ​လ​အ​တွင်း ​ကျင်း​ပ​မည့် ​ပြည်​ထောင်​စု ​ငြိမ်း​ချမ်း​ရေး​ ညီ​လာ​ခံ-(၂၁)​ရာ​စု​ပင်​လုံ ​ဒု​တိ​ယ​အ​စည်း​အ​ဝေး​တွင် ​တန်း​တူ​ရည်​တူ​ ပါ​ဝင်​နိုင်​ရေး ​စ​သည်​တို့​ကို​ရှေး​ရှု​လျက် ​ငြိမ်း​ချမ်း​ရေး​ခ​ရီး​ကို ​အ​တူ​တ​ကွ​လက်​တွဲ​၍ ​လျှောက်​လှမ်း​ကြ​ပါ​ရန်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

ရှမ်း​ပြည်​နယ်​အ​ရှေ့​မြောက်​ဒေ​သ​တွင် ​နို​ဝင်​ဘာ​လ ၂၀ ​ရက်​ နံ​နက်​ပိုင်း​မှ​စ၍ KIA၊ TNLA၊ MNDAA၊ AA စသည့် ပူးပေါင်းအဖွဲ့များနှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ က ပြည်သူတွေလက်ထဲမှာပဲရှိတယ်လို့ ၀န်ကြီးချုပ် ပြော


တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့အကြား စစ်ရေးတင်းမာ လူထုစိုးရိမ်ထိတ်လန့် တရုတ်သို့တိမ်းရှောင်သည့် စစ်ဘေးဒုက္ခသည်ဦးရေတိုးများ

စိုင်းအောင်ဆိုင်း


အစိုးရတပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ( ၄) ဖွဲ့တို့အကြား နိုဝင်ဘာလ ၂၂ ရက်နေ့ ယနေ့တွင် တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA/PSLF တအာင်းပလောင်အဖွဲ့မှသတင်းထုတ်ပြန်သည် ။

ကွတ်ခိုင် မူစယ် လမ်းပေါ်ရှိ မန်လွယ် ၊ နမ့်ဖတ်းလွန်း၊ မူစယ်အနီးရှိ နမ့်ပေါ်တံတား ၊ မန်ဟောင်း စသည့် ပြည်ထောင်စုလမ်းမတစ်လျှောက် နှင့် မုံးကိုးဒေသတို့တွင် တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု တအာင်း ပလောင်အဖွဲ့မှ သတင်းထုတ်ပြန်သည် ။

ယင်းအပြင် တအာင်းပလောင်ဒေသ မန်တုံတွင်လည်း တိုက်ပွဲဖြစ်ခဲ့သည်ဟု သိသည် ။

RCSS/SSA သျှမ်းပြည်တပ်မတော်နှင့်လည်း မန်တုံ၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု တအာင်းအဖွဲ့ မှ ထုတ်ပြန်ထားပြီး ကုန်းမုံအနီးတိုက်ပွဲတွင် RCSS/SSA တပ်စခန်း အား သိမ်းပိုက်ရရှိခဲ့သည်ဟု ပလောင်အဖွဲ့မှ သတင်းထုတ်ပြန် သည် ။

နိုဝင်ဘာလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် မုံးကိုးဖောင်းဆိုင်တို့ တွင် မဟာမိတ်အဖွဲ့နှင့် တပ်မတော် တိုက်ပွဲတွင် တပ်မတော်မှ အကျအဆုံးများခဲ့ကြောင်းလည်း ထုတ်ပြန်ထားပြီး နမ့်အွမ်တိုက်ပွဲတွင် မြန်မာ့ တပ်မတော်ဘက်မှ ဟတ်စကီးနှစ်စီးအပြင် ဂျက်လေယာဉ်တစ်စင်းပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု တအာင်းအဖွဲ့မှ သတင်းထုတ်ပြန်သည် ။

စစ်အင်အားများ ဖြည့်တင်းနေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်းလည်း TNLA/PSLF မှ သတင်းထုတ်ပြန်သည် ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၂၂ ရက်၊ နံနက် ၈ နာရီအချိန် တွင် နမ့်ခိုင်မှ ကွတ်ခိုင်သို့ ထွက်ခွာလာသော ယာဉ်ကြီး/ ယာဉ်ငယ် (၁၈) စီး သည် ယာဉ်မောင်းများမရှိဘဲ ရပ်တန့်ထားပြီး ယာဉ်များသွားလာ၍မရအောင် ပိတ်ဆို့ထားကြောင်း သတင်းရရှိခြင်းကြောင့် တပ်မတော် စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်း အဖွဲ့များ ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ် ခန့်ရှိ အပြစ်မဲ့ ယာဉ်မောင်း အမျိုးသားတစ်ဦး (အမည်နှင့် နေရပ် စိစစ်ဆဲ) သည် ၁၂ ဘီး (Nissan) ယာဉ် အမှတ် 7F/6289 ယာဉ်ဦးခန်းပေါ်တွင်နဖူးကျည်ဆံဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း … သတင်းထုတ်ပြန်ထားသည် ။

ယင်းအပြင် ကချင်ပြည်နယ် ဖားကန့် ဒေသ ကပ်မှော်ဇွပ်တွင်လည်း ကေအိုင်အေနှင့် တပ်မတော်ကြား ထိတွေ့ခဲ့သည်ဟု ဆိုသည် ။

မူဆယ်တွင်မူနေ့မနက်ပိုင်းက ဆိုင်ကယ်ဖြင့် လူအုပ်စု တစ်စုမှ နေရပ်စွန့်ခွာကြရန် လိုက်လံဆော်သြ သဖြင့် မြို့ခံထောင်နှင့်ချီ ကြယ်ဂေါင်ဘက်သို့ ထွက်ပြေးကြသည်ဟု သိရသည် ။

ကြယ်ဂေါင်တွင် ၁၀၅ မိုင်တိုက်ခိုက်မှုဖြစ်ကတည်းက ရောက်ရှိနေသည့် စစ်ဘေးရှောင်များနှင့် ယနေ့ ရောက် လာသော မူစယ်ဒေသခံများပေါင်းပါက စုစုပေါင်း ၅၀၀၀ ခန့်ရှိနေသည်ဟု ကြယ်ဂေါင်တွင်နေထိုင်သည့် ဦးမောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

‘ ကောလာဟာလတွေထွက်တယ်။ တစ်ချို့က ဆိုင်ကယ်တွေနဲ့ လိုက်အော်နေတာလေ။ ‘ ဟုဦးမောင်က ပြောသည် ။

ထို့ပြင် အိမ်ပြင်ထွက်သူများ ပေါ်တာဖမ်းခံရမည်ဟူ၍လည်းကောင်း၊ မွန်းတည့်ချိန်နောက်ပိုင်း အိမ်ပြင်သို့မထွက်ရန်၊ အရေးကြီးပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန် … စသည့်သတင်းများကြောင့် မြို့တွင်းအခြေအနေမှာ ဆိတ်ငြိမ်ခြောက်ကပ်လျက်ရှိသည်ဟုဆိုသည် ။

မြို့ခံအချို့မှာ မူစယ်တွင် ဆက်ရှိနေဆဲဖြစ်သော်လည်း အိမ်အတွင်းအိမ်အပြင်သိပ်မထွက်ကြ ပဲ ဆိုင်များလည်း ပိတ်ထားသည်ဟု ကျားခေါင်းပါတီလွှတ်တော်ကိုယ်စား လှယ် စိုင်းကျော်သိန်းက ပြောသည် ။

‘နေ့လည်က တစ်ချို့က ဆိုင်ကယ်တွေနဲ့ ပတ်ပြီး နေရပ်စွန့်ကြဖို့လျှောက်လိုက်ပြောတော့ တစ်ချို့ကလည်း ကြောက်ပြီး ကြယ်ဂေါင်ဘက် သွားကြတယ်။ကျနော်ကတော့ မူစယ်မှာပဲ။ ဆိုင်တွေ အိမ်တွေကတော့ များသောအားဖြင့်ပိတ်ထားကြတယ်။ ‘ ဟု မူစယ်ဒေသခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့်ဦးစိုင်းကျော်သိန်းက ပြောသည် ။

စာသင်ကျောင်းများလည်း ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း မူစယ်မြို့ခံ စိုင်းအိုက်ကပြောသည် ။

တရုတ်မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းရှိ ၀မ်တိန်တွင်မူ မြန်မာဘက်မှ ပြေးလာသူစုစုပေါင်း ၂၈၀၀ ခန့်ရှိနေ သည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေးအကဲခတ်တစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

မြိတ်ကျွန်းစု လေးကျွန်းမှာ အပန်းဖြေစခန်း တွေကို ဖွင့်လှစ်ဖို့ ပြင်ဆင်နေ