Friday, November 25, 2016

ရခိုင်ပင်လယ်ပြင်အတွင်း ဥပဒေနှင့်မညီသည့် ခိုးဝင် ငါးဖမ်းလှေများကို တားဆီးရန် တောင်းဆို

RiA

ရခိုင်ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းစက်လှေများ အလုံးအရင်းဖြင့် ဝင်ရောက်နေမှုကို တားဆီးနိုင်ရန် တပ်မတော် (ရေ) ၏ အကူအညီလိုအပ်နေကြောင်း ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားလိုက်သည်။

“ ကမ်းနီကမ်းဝေး ငါးဖမ်း ဥပဒေအရဆိုရင် ဝင်ရောက်ဖမ်းပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဟန့်တားဖို့ အတွက် ပြည့်စုံလုံလောက်တဲ့ အထောက်အကူပြု ပစ္စည်းတွေ မရှိဘူး ဖြစ်နေတယ်၊ ဒါတွေကို ကျွန်တော်တို့ ပြည်နယ်၊ ပြည်ထောင်စု မြန်မာ့ တပ်မတော် ရေတပ်တို့နဲ့ ပူးပေါင်းမှသာ ဒါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ ပြည်နယ်အစိုးရ တစ် ခုတည်းနှင့် မဖြစ်နိုင်ဘူး။ ခိုးဝင်တဲ့ ငါးဖမ်းစက်လှေတွေကို ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်မယ် ဆိုတာ မလွယ်ကူဘူး” ဟု ဝန်ကြီး ဦးကျော်လွင်က ပြောသည်။

လက်ရှိအချိန်တွင် တရားဝင် ငါးဖမ်းဆီးခွင့် လိုင်စင်နှင့် လုပ်ကိုင်နေသော သင်္ဘောပေါင်း ၃၀၀၀ ကျော် ရှိနေပြီး ငါးသ ယံဇာတ ရှားပါးမှုကို ဖြေရှင်းနိုင်ရန် တစ်စီးလျှင် ၃၃ တန်သာ ဖမ်းဆီးခွင့်ပြု ထားကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

နော်ဝေနိုင်ငံမှ ရခိုင်ပင်လယ်ပြင်အတွင်း သုတေသနပြုချက်အရ ပင်လယ်ပြင်အတွင်း၌ ရေပေါ် ငါးကျန်ရှိသည့် အနေ အထားမှာ ၁၀ ရာခိုင်နှုန်းခန့်နှင့် ရေအောက်ငါး ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပပြုလုပ်သည့် အမျိုး သားလွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အ မှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က စိုးရိမ်နေရသည့် ရခိုင့်ပင်လယ်ပြင်အခြေအနေနှင့် ပတ်သက်၍ “မြန်မာ့ပင်လယ်ပြင်မှာ ခိုးဝင်ပြီး ငါးဖမ်းတာတွေ၊ ငါးဝယ်တာတွေ လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် စက်လှေ တွေ ကို တားဆီးပေးဖို့ရှိ၊ မရှိ” ကို မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ ဖြေကြားချက်အရ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အ ထိ ရခိုင်ပင်လယ်ပြင်းအတွင်း ဥပေဒနှင့် မကိုက်ညီသည့် တရားမဝင် ငါးဖမ်းစက်လှေများ ဝင်ရောက်နေရာတွင် ကျပ် သန်း ၂၀၀၀ ကျော်ဖိုး ဖမ်းမိထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်းက ငါးဖမ်းဆီးမှု ပမာဏမှာ တစ်နှစ်လျှင် တန်ချိန်တစ်သန်းအထိ ဖမ်းဆီးလျှက်ရှိနေပြီး ဆက် လက်ခွင့်ပြုထားပါက လာမည့် ငါးနှစ်တာ ကာလအတွင်း ငါးမျိုးတုန်း သွားနိုင်ကြောင်းနှင့် ငါးဖမ်းဆီးမှု ပမာဏကို တစ်နှစ် လျှင် တန်ချိန် တစ်သိန်းအထိ လျှော့ချပြီး ဖမ်းဆီးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း နော်ဝေးနိုင်ငံမှ ပြုလုပ်သည့် သုတေ သန အစီရင်ခံစာတွင် ဖော်ပြပါရှိ သည်။

မြန်မာနိုင်ငံတွင် ငါးသယံဇာတ ရှားပါးမှုကြောင့် ပင်လယ်ငါးဖမ်းခွင့် လိုင်စင်ချပေးမှုကို ရပ်နားထားခဲ့ရာမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ငါးလုပ်ငန်း ဦးစီးဌာနက အောင်ထွန်းမြတ် ကုမ္ပဏီကို လိုင်စင်ချပေးခဲ့ပြီး သင်္ဘော ၈၉ စီးကို ခွင့်ပြုခဲ့သည်။

No comments: