Friday, November 25, 2016

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် အသိပေးစာ ထုတ်ပြန်

မဇ္ဈိမ

ရှမ်းပြည်နယ် မူဆယ်ဒေသတဝိုက် တိုက်ပွဲများ ဖြစ်ပေါ်နေချိန်နှင့် တိုက်ဆိုင်စွာပင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၏ အသိပေးစာတစ်စောင် ထုတ်ပြန်ရာတွင် စစ်ရေးလှုပ်ရှားမှုဖြင့် မဟုတ်ဘဲ ဆွေးနွေမှုများ စတင်နိုင်ရန် KIO သည် အကြိမ်ကြိမ် ဆောင်းဆိုခဲ့ပြီး KIO နှင့် တိုက်ရိုက်ဆွေးနွေးရန် တောင်းဆိုမှုသည်လည်း ထူးခြားမှုမရှိဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗိုလ်ချုပ် ဂွန်မော်၏ လူမှုကွန်ယက် စာမျက်နှာတွင် “စစ်ရေး လှုပ်ရှားမှုများဖြင့် မဟုတ်ဘဲ ဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်ကို သိစေလိုပါသည်။ KIO ဆွေးနွေးရေး အဖွဲ့နှင့် တိုက်ရိုက် ဆွေးနွေးပေးရန် တောင်းဆိုထားသည်မှာ သုံးလကျော်သွားပြီဖြစ်ပါသည်” ဟု ထုတ်ပြန်ရေးသားချက်တွင် ပါရှိသည်။

“နိုဝင်ဘာ ၉ ရက်နေ့ NRPC ရုံးတွင် တိုက်ရိုက်ဆွေးနွေးပွဲကိစ္စ ပြန်လည်မေးမြန်းစဉ် တာဝန်ရှိ နိုင်ငံတော် ပုဂ္ဂိုလ်များမှ အထက်သို့ တင်ပြထားရာ ထူးခြားမှုမရှိကြောင်းသာ ဖြေကြားခဲ့ပါသည်။ အခြေအနေ တစ်ခုအား အသိပေးရန်ဖြစ်ပါသည်” ဟု ရေးသားထုတ်ပြန်ထားသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကမူ ရှမ်းပြည် အရှေ့မြောက် ဒေသအတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ သဘောထား တစ်ရပ် နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “​ပြည်​သူ​အ​များ ​လို​လား​တော​င့်​တ​လျက်​ရှိ​သော ​ပန်း​တိုင်​သို့ လက်​နက်​ကိုင်​ နည်း​လမ်း​ဖြင့် ​ရောက်​ရှိ​နိုင်​မည်​မ​ဟုတ်​ပါ။ ​လက်​နက်​ကိုင်​ပ​ဋိ​ပက္ခ​များ ​ချုပ်​ငြိမ်း​ပြီး ​ရေ​ရှည်​တည်​တံ့​သော ​ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်​နိုင်​ရေး

အ​တွက် ​ပြည်​ထောင်​စု​ငြိမ်း​ချမ်း​ရေး​ညီ​လာ​ခံ-(၂၁)​ရာ​စု​ပင်​လုံ​သည် ​တစ်​ခု ​တည်း​သော​ လမ်း​ကြောင်း​ဖြစ်​ပါ​သည်။ ​ထို​ငြိမ်း​ချမ်း​ရေး​ဖြစ်​စဉ်​တွင် ​ပါ​ဝင်​သင့် ​ပါ​ဝင်​ထိုက်​သူ​အား​လုံး ​ပါ​ဝင်​နိုင်​ရေး​အ​တွက် ​ငြိမ်း​ချမ်း​ရေး​တံ​ခါး​များ ​အ​စဉ်​အ​မြဲ​ ဖွင့်​လှစ်​ထား​ပြီး ​တန်း​တူ​ရည်​တူ​ပါ​ဝင်​နိုင်​ရေး​အ​တွက် ​ကြို​ဆို​ဖိတ်​ခေါ် ​လျက်​ရှိ​ပါ​သည်” ဟု ပါရှိသည်။

အလားတူ “ပြည်​သူအ​များ ​မျှော်​လင့်​တောင့်​တ​နေ​သော ​ငြိမ်း​ချမ်း​ရေး​ပန်း​တိုင်​ကို ​အ​ရောက် လှမ်း​နိုင်​ရေး၊ ၂၀၁၇ ​ခု​နှစ် ​ဖေ​ဖော်​ဝါ​ရီ​လ​အ​တွင်း ​ကျင်း​ပ​မည့် ​ပြည်​ထောင်​စု ​ငြိမ်း​ချမ်း​ရေး​ ညီ​လာ​ခံ-(၂၁)​ရာ​စု​ပင်​လုံ ​ဒု​တိ​ယ​အ​စည်း​အ​ဝေး​တွင် ​တန်း​တူ​ရည်​တူ​ ပါ​ဝင်​နိုင်​ရေး ​စ​သည်​တို့​ကို​ရှေး​ရှု​လျက် ​ငြိမ်း​ချမ်း​ရေး​ခ​ရီး​ကို ​အ​တူ​တ​ကွ​လက်​တွဲ​၍ ​လျှောက်​လှမ်း​ကြ​ပါ​ရန်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

ရှမ်း​ပြည်​နယ်​အ​ရှေ့​မြောက်​ဒေ​သ​တွင် ​နို​ဝင်​ဘာ​လ ၂၀ ​ရက်​ နံ​နက်​ပိုင်း​မှ​စ၍ KIA၊ TNLA၊ MNDAA၊ AA စသည့် ပူးပေါင်းအဖွဲ့များနှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

No comments: