Thursday, October 29, 2015

မြန်မာလူ့အခွင့်အရေးကော်မရှင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန် သမ္မတထံ မေတ္တာရပ်ခံ

မဇ္ဈိမ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC က နိုင်ငံရေးအကျဉ်းသားများ၊ ထိန်းသိမ်းခံကျောင်းသူ ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရေးအတွက် စဉ်းစားပေးရန် သမ္မတဦးသိန်းစိန်ထံသို့ မေတ္တာရပ်ခံထားသည်။ အောက်တိုဘာ ၂၇ ရက်စွဲဖြင့် မေတ္တာရပ်ခံထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲကိုကြိုဆိုသောအားဖြင့် ယင်းသို့ ပြစ်ဒဏ်လွတ်ငြိမ်းပေးလျင် ဖမ်းဆီးခံနိုင်ငံရေသမားများနှင့် ကျောင်းသူကျောင်းသားများအနေဖြင့်လည်း ရွေးကောက်ပွဲ၌ လွတ်လပ်စွာပါဝင်ခွင့်ရနိုင်မည်ဟု MNHRC ၏ ထုတ်ပြန်ချက် အမှတ် ၁၅/ ၂၀၁၅ က ဖော်ပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော်သမ္မတသည် "ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။" ၂၀၄ (ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် "လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့် ရှိသည်။

" ပြည်ထောင်စုရွေ။ကောက်ပွဲကော်မရှင် UEC သည်လည်း ပြည်သူများ လွတ်လပ်စွာနှင့် စိတ်အေးချမ်းစွာ မဲပေးနိုင်ရေး တည်ငြိမ်အေးချမ်းသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများ၊ ပြည်သူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားသည်ဟုလည်း MNHRC က ဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့်လည်း UEC ၏ မေတ္တာရပ်ခံချက်နှင့်အညီ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လည်း MNHRC က တိုက်တွန်းထားသည်။

No comments: