သျှမ်းသံတော်ဆင့်
သျှမ်းမြောက် နမ့်ခမ်းမြို့ရှိ လူငယ်များစုပေါင်းပြီး မိုင်းရှူးမြို့နယ် အတွင်းရှိ စစ်ဘေး သင့်ပြည်သူများကို ကူညီရန် အလှူငွေများရှာဖွေနေကြောင်း သတင်းရရှိသည် ။
အလှူငွေများကို နမ့်ခမ်းလူငယ်အဖွဲ့ ၊ လူမူရေးအဖွဲ့ဖြစ်သော ဝုန်းမေတ္တာ အဖွဲ့နှင့်လွယ်ဟိုဆေဒေသဘက်မှ လူ ငယ်များလည်းပါဝင်လှုပ်ရှားနေကြောင်း ထို့အပြင် ဒေသခံသျှမ်းအဆိုတော်တစ်ချို့ နှင့် နမ့်မော(ဝ်) ခမ်းတီးဝိုင်း အဖွဲ့တို့မှလည်း ပါဝင်ကူညီပြီး အလှူငွေများရှာဖွေပေးကြသည်ဟု နမ့်ခမ်းဒေသခံ လုင်းအိုက်ပီး ကဆိုသည် ။
“ မနေ့ကမနက်ပိုင်းမှာတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်မှ နမ့်ခမ်းလူငယ် အဖွဲ့ကောက်ရတဲ့ငွေ ရယ် ပြီးတော့ ၀ုန်းမေတ္တာအဖွဲ့ နဲ့ လွယ်ဟိုဆေ ဒေသ ဘက် က ကောက်ခံလာရရှိငွေ သိန်းပေါင်း (၇၀) ကျော် နဲ့ အထောက် အပံ့ ပစ္စည်းတစ်ချို့တွေကို ကား (၃) စီး နဲ့ ဦးဇင်း (၃) ပါး ဦးဆောင်ပြီး မိုင်းရှူးဘက်သို့ စစ်ဘေးသင့်ပြည်သူ များကိုကူညီရန် ထွက်သွားနေပြီ ” ဟု ၄င်းက ပြောသည် ။
ယနေ့ထပ်ပြီး နမ့်ခမ်းမြို့လူငယ်များ ၊ နမ့်ခေးမော (ဝ်) တီးဝိုင်းအဖွဲ့ နှင့် ဒေသ ခံသျှမ်းအဆိုတော်တစ်ချို့ စုပေါင်း ပြီး အလှူငွေ ရရှိဖို့အတွက် ၄င်းမြို့ရှိ ရပ် ကွက်တစ်ချို့ကို လှည့်လည်ကောက်ခံကြကြောင်း ၊ လှည့်လည်မှုအပြီး မြို့လယ်ဘုရားကျောင်းရှေ့ ၌ သျှမ်းသီချင်းသီဆိုဖျော်ဖြေ ပြီး အလှူငွေ များ ကောက်ခံခဲ့ကြကြောင်း နမ့်ခမ်းမြို့ လူငယ် စိုင်းသျှိုင်စိုင်း က ဆိုသည် ။
“ ဒီနေ့ ကျနော်တို့ အလှူငွေ (၄၆ ) သိန်း ကျော်ကောက်ခံရရှိထားပါ တယ် ၊ ကောက်ခံရရှိတဲ့ အလှူငွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို ကျနော်တို့ အစည်းအဝေးပြန်ထိုင်ပြီးမှ မိုင်းရှူးဘက်ရှိ စစ်ဘေးသင့်ပြည်သူများ ကိုဆက် လက်ပေးပို့သွားမယ် ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြော သည် ။
ပါဝင်လှုပ်ရှားကူညီပေးသော သျှမ်းအဆိုတော် နန်းခမ်းကော်က “ ခုလို လှည့် လည်ပြီး စစ်ဘေးသင့် ပြည်သူများ အတွက် အလှူငွေ လိုက်ကောက် ခံရတာ မောလဲမောတယ် ၊ ပျော်လဲပျော်တယ်ရှင့် ပြီးတော့ ပီတိ ဖြစ်မိတာ အမှန်ပါပဲ ” ဟု သူမက ဆိုသည် ။
မိုင်းရှူးမြို့နယ်ထဲတွင် ယခုအောက်တိုဘာလ အတွင်း၌ မြန်မာအစိုးရ တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့၏ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးသင့်ပြည်သူများ တစ်သောင်းထက်မနဲ ရှိနေပြီး အကူအညီများလည်းအရေးပေါ်လိုအပ်နေသေးကြောင်း မိုင်းရှူးဒေသခံများထံမှ သိရှိရသည် ။
No comments:
Post a Comment