ပိုင်စိုး
လက်နဲ့အလွယ်တကူတကူ နှိုက်လို့ရတယ်လို့ လူပြောများနေတဲ့ ကြိုတင်မဲပုံးတွေ လုံခြုံ စိတ်ချရဖို့အတွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်မှာ ချိပ်ပိတ်တံဆိပ်နှိပ်ခဲ့ ပါတယ်။
“လွန်ခဲ့တဲ့ရက်တွေက ဖေ့စ်ဘွတ်ခ်မှာ ဒါနဲ့ပတ်သက်တာတွေတက်လာတယ်။ လက်နှိုက်နိုင်တယ် ဆိုတာမျိုးပေါ့။ အဲဒါကြောင့် ပါတီတွေက ကိုယ်စားလှယ်တွေ၊ ရပ်ကွက် အထောက်အကူပြု ကော်မတီတွေ ခေါ်ပြီး ဘယ်လိုလုပ်မလဲတိုင်ပင်ကြတယ်။ နောက်ဆုံးတော့ လက်ကိုင်ကလစ်ကို ချိပ်လောင်းပြီး ကော်မရှင် တံဆိပ်နှိပ်လိုက်တယ်” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ပလတ်စတစ်ပုံးတွေဖြစ်တဲ့အတွက် ဘေးထောင့်တွေကို အလွယ်တကူ ဟလို့ ရနေတာပါ။ ဒါကို ဘယ်လိုလုံခြုံအောင် လုပ်ရမယ်လို့တော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သီးခြားညွှန်ကြားတာတော့ မရှိသေးပါဘူး။
“ရပ်ကွက် အုပ်ချုပ်ရေးမှူးက ခေါ်ပြီး မဲပုံးတွေကို ဒီလိုလုပ်လို့ရတယ် ပြောတော့ လန့်သွားတယ်။ သူကပဲ ချိပ်ပိတ်ဖို့ အကြံပေးတယ်။ သူ့စိတ်ကူးကို သဘောကျပြီး ကော်မရှင်ရောက်လာတော့ ဒါကိုပဲ အတည်ပြုလုပ်ဖြစ်သွားတယ်” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား ရပ်ကွက်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဒေါ်ရင်စိန်က ပြောပါတယ်။ ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ရက်က စပေးနေပြီဖြစ်ပါတယ်။
No comments:
Post a Comment