Tuesday, December 29, 2015

မန္တလေးမြို့ခံတချို့နှင့်ဆရာတော်များ အိမ်တော်ရာဘုရားတွင်ဆုတောင်း

အောင်ကိုဦး

မန္တလေးမြို့အိမ်တော်ရာဘုရားတွင် ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲ ၂ နာရီက ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု၌ သေဒဏ်အမိန့်ချခံခဲ့ရသော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ လွတ်မြောက်ရန်နှင့်အမှန်တရားပေါ်ထွက်ရန်အတွက် ဆရာတော်သံဃာတော်များနှင့်မြို့ခံတစ်ချို့က ဆုတောင်းမှုများပြုလုပ်ခဲ့ပြီး မိုးပျံဘော်လုံးများလွှတ်တင် ခဲ့ကြသည်။

"မတရားမှန်းသိတာကိုဒီအတိုင်းကြည့်နေလို့မရဘူး။အားလုံးမှာတာဝန်ရှိသည်။အရှိန်မြှင့်ပြီးလုပ်သွားမယ်။"ဟု ဦးဆောင်ပြုလုပ်သူဆရာတော်တစ်ပါးက မိန့်ကြားသည်။

လာရောက်ဆုတောင်းသူအများစုသည် နိုင်ငံတော်အစိုးရအနေဖြင့်လည်း တာဝန်ယူဆောင်ရွက်စေချင်ပြီး ထင်သာမြင်သာဆောင်ရွက်မှုများကို ပြည်သူလူထုသာချပြပေးရန်လိုသည်ဟုလည်းဆိုကြသည်။ ဆရာတော်၊သံဃာတော်များနှင့်လူပုဂ္ဂိုလ် ၁၀၀ ဦးခန့်ဆုတောင်းခြင်းဖြစ်ပြီး ဆုတောင်းပွဲအပြီးတွင် သေဒဏ်ချခံထားရသူ နှစ်ဦး၏ နာမည်များ မိုးပျံဘော်လုံးပေါ်တွင် ရေးသားကာ လွှတ်တင်ခဲ့ကြသည်။

No comments: