PublicFinanceInternational
အာရှဖွံ့ဖြိုးမှုဘဏ် ADB ဘဏ်၏ အကူအညီများအားဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများအပေါ် သက်ရောက်မှုများအား အကဲဖြတ်ရန်အတွက် လိုအပ်ချက်သစ်များ ရှိနေသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများကို ထိခိုက်လာစေနိုင်သည့် အားလုံးသော ရင်းနှီးမြုပ်နှံမှုစီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများက လိုအပ်သည်။
ထိုလုပ်ထုံးလုပ်နည်းများအား ဖော်ဆောင်ခြင်းသည် မြန်မာနိုင်ငံအတွက် ခိုင်မာသည့် ဖွံ့ဖြိုးမှုနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အနှောင့်အယှက်ပေးလာမှုများမှ တားဆီးနိုင်ခြင်းတို့ကို ရရှိထားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သက်သက်ဇင်က ပြောသည်။
အစိုးရကလည်း လေထု၊ ဆူညံသံနှင့် ရေညစ်ညမ်းမှုများ အနိမ့်ဆုံးအဆင့်တွင် ရှိစေရန် သဘာပတ်ဝန်းကျင် အရည်အသွေး လမ်းညွန်ချက်များကို ချမှတ်ထားသည်။
သဘာဝပတ်ဝန်းကျင်သက်ရောက်မှုကို အကဲဖြတ်သည့်လုပ်ထုံးလုပ်နည်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွန်ချက်များသည် အစိုးရ၏ ဥပဒေစည်းမျဉ်းစည်းကမ်းများ အားဖြင့် စီမံကိန်းဖော်ဆောင်မှုများအပေါ်တွင် သက်ရောက်မှုများကတော့ ရှိနေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေရှိသော စီးပွားရေးကို စီမံခန့်ခွဲသွားနိုင်ရမည်ဖြစ်ကြောင်း ADB ဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Winfried Wicklein က ပြောသည်။
အဆိုပါ လုပ်ထုံးလုပ်နည်းနှင့် လမ်းညွန်ချက်များ ဖွံ့ဖြိုးအားကောင်းရေး ကူညီပေးနေသည့် ADB ဘဏ်အနေဖြင့် မြန်မာနိုင်ငံကို ယင်းနယ်ပယ်အတွက် ကူညီပေးနေရခြင်းကို ကျေနပ်မှုရှိပြီး နိုင်ငံတကာစံမှီသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးစနစ်များ တည်ဆောက်သွားနိုင်ရေး အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ADB ဘဏ်၏ အကူအညီ ပါဝင်မှုဖြင့် မြန်မာအစိုးရက အမျိုးသားစွမ်းအင်မူဝါဒသစ်ကို ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ ယင်းမူဝါဒက နိုင်ငံ၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် လမ်းကြောင်းပေးမည့် မူဝါဒချမှတ်မှုဖြစ်သည်။
အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် စစ်အစိုးရအပေါ် ပြဋ္ဌာန်းထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းလာပြီးနောက်ပိုင်း စွမ်းအင်ကဏ္ဍတွင် ဖွံ့ဖြိုးလာလျက်ရှိသည်။ သို့သော်လည်း အစိုးရ၏ ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရာတွင် အားနည်းခြင်းနှင့် စွမ်းအင်ကဏ္ဍအခြေခံအဆောက်အအုံ ချို့တဲ့ခြင်းတို့ကြောင့် ရင်းနှီးမြုပ်နှံမှုများနှင့် ဖွံ့ဖြိုးမှုများက နှေးကွေးနေခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည့် အမျိုးသားစွမ်းအင်မူဝါဒသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများ ထိခိုက်မှုအနည်းဆုံးဖြင့် စွမ်းအင်ရင်းမြစ်များ ရှာဖွေတူးဖော်နိုင်ရေးကို ရည်ရွယ်သည်။
ထိုပြင်လည်း အကျိုးများသည့် စွမ်းအင်ကို ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာနိုင်ရေးအတွက်လည်း လေအားလျှပ်စစ်မှသည် ဇီဝလောင်စာအထိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချမှုများကို မြှင့်တင်သွားရန်လည်း ရည်ရွယ်ခဲ့သည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် geothermal စွမ်းအင်အရင်းအမြစ်များနှင့်အတူ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့နှင့် ရေနံလည်း ကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍအတွက် မှတ်တိုင်တစ်ရပ်အဖြစ် ရေနံကုမ္ပဏီများသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေး လုပ်ကွက် ၂၀ ကို ချထားပေးခဲ့သည်။
ထို့ပြင် ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးနှင့် နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီများအား ပုဂ္ဂလိကပိုင်ပြုရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ရေးနှင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားရေး တို့ကိုလည်း ရည်ရွယ်လျက် ရှေ့ဆက်လျှောက်လှမ်းလျက်ရှိနေသည်။
No comments:
Post a Comment