မဇ္ဈိမ
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးငယ်များထံမှ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်သူ အမျိုးသမီးတစ်ဦးအား အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
ခေါင်းပုံဖြတ်ခံရသူ မိန်းကလေးငယ် ၆ ဦးဖြစ်ပြီး အသက် ၁၃ နှစ်အပါအ၀င် ၁၆ နှစ်မှ ၂၁ နှစ်အထိ ဖြစ်ကြသည်ဟု နိုင်ငံပိုင်သတင်းစာက ဇန်နာဝါရီလ ၁၃ ရက်နေ့၌ ဖော်ပြသည်။
ခေါင်းပုံဖြတ်သူ အမျိုးသမီးမှာ အသက် ၅၂ နှစ်အရွယ် မဝေ ခေါ် ဒေါ်ဝေေ၀ဦး ဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက် စစ်ကိုင်း ၂၆ လမ်းတွင် နေထိုင်သည်ဟု သိရသည်။
လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု ၆ (ရန်ကုန်)၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု (ရန်ကုန်)၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် Save The Children အဖွဲ့တို့ ပူးပေါင်းဖော်ထုတ်ခဲ့ပြီးနောက် ဇန်န၀ါရီ ၁၁ ရက် ညသန်းကောင်ကျော်တွင် တောင်ဥက္ကလာပမြို့မရဲစခန်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟုဆိုသည်။
အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား လိင်ပျော်ပါးရန် ဟန်ဆောင်ခြိမ်းဆို၍ ပြင်ပသို့ ခေါ်ထုတ် ကယ်တင်နိုင် ခဲ့ခြင်းဖြစ်ပြီး ကျန် ၅ ဦးကိုမူ ဒေါ်ဝေေ၀ဦး၏ နေအိမ်အောက်ထပ်နောက်ဖေး အခန်းအတွင်းမှ တွေ့ရှိရသည်ဟု သိရသည်။
၁၃ နှစ်အရွယ် မိန်းကလေးငယ်သည် သံလျင်မြို့နယ်မှဖြစ်ပြီး စီးပွားရေးအဆင်မပြေသဖြင့် မိခင်ဖြစ်သူမှ ယခင်က သိကျွမ်းသူ ဒေါ်ဝေေ၀ဦးထံသို့ အလုပ်လုပ်ရန် ပို့ဆောင်ခဲ့ခြင်းဖြစ် သော်လည်း ဒေါ်ဝေေ၀ဦးကမူ မိန်းကလေးငယ်များအား နိုက်ကလပ်များသို့ ပို့ဆောင်ပြီး နိုင်ငံခြားသားများနှင့် ချိတ်ဆက်၍ ဟိုတယ်၊ မိုတယ်များ၌ လိင်ဖျော်ဖြေစေကြောင်း ရဲတပ်ဖွဲ့၏ မေးမြန်းချက်များအရ ဖော်ပြသည်။
လိင်ဖျော်ဖြေမှု တစ်ကြိမ်လျင် ကျပ် ၈၀၀၀၀ ခန့် ရရှိပြီး မဝေေ၀ဦးက ထက်ဝက်ခေါင်းပုံဖြတ်ရယူသည်ဟုလည်း သတင်း၌ ဖော်ပြထားသည်။
ဒေါ်ဝေေ၀ဦးအား အရေးယူပေးရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စု (၆) ရန်ကုန်မှ ဒုရဲမှူးတစ်ဦးက တရားလိုပြု တိုင်တန်းသဖြင့် ဇန်န၀ါရီ ၁၂ ရက်၌ တောင်ဥက္ကလာပမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဟုဆိုသည်။
No comments:
Post a Comment