Tuesday, June 28, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ်လက်နက်ကိုင် ၈ ဖွဲ့ စတင်တွေ့ဆုံ

DVB


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင် တွေ ဒီနေ့ မနက်ပိုင်းမှာ Horizon Lake View Resort ဟိုတယ်မှာ တွေ့ဆုံဆွေးနွေး နေပါတယ်။

ဒီနေ့ မနက် ၁၀ နာရီ နေပြည်တော်မှာ အန်စီအေ လက်မှတ်ထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင် ၈ ဦးနဲ့ ပထမဆုံးအကြိမ် နိုင်ငံတော်အကြီးအကဲနဲ့ စတင်တွေ့ဆုံတာပါ။

ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရင်းနှီးမှု၊ ယုံကြည်မှုရရှိဖို့ ကိုသာ အဓိကထားမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ စုပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီအဖွဲ့ဟာ လာမယ့် ၂၁ ရာစုပင်လုံညီလာခံအတွက် ပေါ်လစီကိုက်လိုင်းတွေပေးဖို့ စုဖွဲ့ထား တာဖြစ်ပြီး အဖွဲ့ ၈ ဖွဲ့ရဲ့ ခေါင်းဆောင် တဦးစီအားလုံး ၈ ဦးပါဝင်ဖွဲ့စည်းထားပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ပွဲမှာ PPST အနေနဲ့ တွေ့ဆုံတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အပစ်မရပ်သေးတဲ့ လက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုကြောင်း ပြီးခဲ့တဲ့ လဆန်းပိုင်းကလည်းက စာရေးပေး ပို့ထားပြီး ဘယ်နေ့တွေ့ဆုံမလဲဆိုတာကို မသိရသေးပါဘူး။

No comments: