Tuesday, June 28, 2016

MPT ရဲ့ ငွေဖြည့်ကတ် ၁၀၀% အပိုဆောင်းပေးမည့်အစီအစဉ်

မဇ္ဈိမ

မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ MPTက သုံးစွဲသူ သန်း ၂၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်အတွက် ဇွန် ၂၈ရက်မှ ဇူလိုင် ၂ရက်ထိ ဖုန်းငွေဖြည့်သွင်းသူများအတွက် ၁၀၀% အထိ အပိုဆောင်းငွေ ပေးအပ်သည့် အစီအစဉ်ကို လုပ်ဆောင်မည်ဟု ကြောငြာလိုက်သည်။

MPT ၏ GSM/WCDMA/CDMA များ၏ ကြိုတင်ငွေ ပေးချေစနစ် သုံးစွဲသူအားလုံး ဤအထူး အစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပြီး အပိုဆောင်းရရှိသည့် ဖုန်းလက်ကျန်ငွေများသည် ရရှိသည့်ရက်မှ ၁၀ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ကျန် ငွေဖြည့်သည့် ပမာဏ များလေ အပိုဆောင်းပမာဏ ၁၀၀% အထိ ရရှိနိုင်မည့် အခွင့်အရေးများလေဖြစ်မည် ဖြစ်သည်။

ယင်းအပိုဆောင်း လက်ကျန်ငွေကို MPTဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု နှင့် အင်တာနက် အသုံးပြုမှုများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

No comments: