Tuesday, September 2, 2014

ယနေ့ မြန်မာ့ရေးရာသတင်းများ September,2nd,2014

( 50 )အောင်ဘာလေထီ တိုးထုတ်တော့မည်

( 49 )Sagaing students protest controversial Education Bill

( 48 )ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ မလေးရှားမှ ပြန်ရောက်

( 47 )President Thein Sein embarks for Europe

( 46 )တရားဝင်တောင်းပန်မှ သရဖူပြန်အပ်မည်ဟု မေမြတ်နိုးပြော

( 45 )Burmese mountaineers scale Hkakabo Razi

( 44 )ငြိမ်းချမ်းရေးဖြစ်စဉ် အရပ်ဘက်လူမှုအဖွဲ့များကို မွန်ပြည်သစ်ပါတီ ရှင်းလင်း

( 43 )Myanmar launches online visa applications

( 42 )UNFC နှင့် ပြည်တွင်းအင်အားစုများ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းမည်

( 41 )Mud volcano erupts in Arakan

( 40 )အော်ရီဒူး အင်တာနက် အသုံးပြုခ လျှော့ချ

( 39 )သမ္မတ ဦးသိန်းစိန် ဥရောပခရီးစဉ် ထွက်ခွာ

( 38 )ရန်ကုန်တွင် ဈေးသစ် ၁၀ ဈေး တပ်ဆောက်မည်

( 37 )Myanmar’s Controversial Census

( 36 )ဆက်သွယ်ရေး ဆင်းကတ်များ အရောင်းဆိုင်ကနေ စတင်ရောင်းချ

( 35 )Kiatisak not yet satisfied despite win

( 34 )သမ္မတဦးသိန်းစိန် ဥရောပ ၃ နိုင်ငံခရီးစတင်

( 33 )Solar plant to power 12% of Myanmar

( 32 )UNFC အဖွဲ့ဝင်အဖြစ်က KNU ခေတ္တရပ်ဆိုင်း

( 31 )Myanmar targets five million tourists with e-visa

( 30 )UNFC အဖွဲ့မှာ မပါတော့လို့ KNU အဖွဲ့ စာပေးပို့

( 29 )တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကား ကိုခံစားတင်ပြခြင်း

( 28 )e-Visa စနစ် မြန်မာနိုင်ငံမှာစတင်

( 27 )မြန်မာဆန် ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးမှု သဘောတူညီချက် လက်မှတ်ထိုးမည်

( 26 )ပီနန်ဆရာတော်ရဲ့ ပေးစာ သက်သေခံအဖြစ် စစ်ဆေးမည်

( 25 )စစ်ကိုင်းတွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ

( 24 )ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတချို့ကို မြန်မာအစိုးရ ပြန်လက်ခံတော့မည်

( 23 )Yangon U-turns on US$8b housing deal

( 22 )အမျိုးသား ပညာရေးဥပဒေကို စစ်ကိုင်းကျောင်းသားများ ဆန္ဒပြ

( 21 )Myanmar introduces e-visa to boost tourism

( 20 )အပစ်ခတ်ရပ်ရေး ဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီက ရှင်းလင်း

( 19 )Ooredoo Myanmar start-up focusing on pay-as-you-go

( 18 )မွတ်စလင်များ နေရာချထားရေး အစီအစဉ် ရခိုင်များလက်မခံ

( 17 )Burma's e-Visa application service opens

( 16 )Myanmar city backs down on housing deal

( 15 )Qatar telco's Myanmar start-up focuses on pay-as-you-go

( 14 )Ooredoo to add pre-paid customers in Myanmar

( 13 )Semen Indonesia pursues negotiations for JV in Myanmar

( 12 )Myanmar to repatriate Rohingya refugees in Bangladesh

( 11 )KNU suspends membership of ethnic alliance

( 10 )မောင်မောင်ဝမ်း ရေးသားထုတ်ဝေခဲ့သည့် "ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ" စာအုပ်

( 9 )Young Rohingya woman chases dream of peace and justice in Myanmar

( 8 )ဆက်သွယ်ရေး ဆင်းကတ်များ အရောင်းဆိုင်ကနေ စတင်ရောင်းချ

( 7 )Myanmar targets 5 million tourists with e-visa

( 6 )ပန်းချီမောင်သီဟ၏ စတုတ္ထအကြိမ်မြောက် "ကျေးလက်တောရွာမြင်ကွင်း" ပန်းချီပြပွဲ ကျင်းပမည်

( 5 )Protesting Karenni farmers threatened by army commander

( 4 )စက်တင်ဘာတွင် မိုးလွန်မုန်တိုင်း သတိထားရန် ဒေါက်တာထွန်းလွင်ပြော

( 3 )Yangon U-turns amid outcry over secret $10b housing deal

( 2 )အလှမယ်များ အော်ဂနိုက်ဇေးရှင်း၏ စကားကို နားထောင်နိုင်ရန်လိုအပ်သည်ဟု သျှားထွဋ်အိန္ဒြာ ဆို

( 1 )Myanmar city U-turns amid outcry over secret $8 bln housing deal

Monday, September 1, 2014

ထွန်တုံးတိုက်ပွဲဝင် ကရင်နီတောင်သူများကို စစ်တပ်က ခြိမ်းခြောက်

နန်းမြနဒီ

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးရွာမှာ အသိမ်းခံရတဲ့ မြေတွေ ပြန်လည် ရရှိရေး ကာကွယ်ရေးဦးစီးချုပ်ဆီ စာရေး တောင်းဆိုခဲ့တဲ့ တောင်သူတွေကို ဒေသခံ စစ်တပ်တာဝန်ရှိသူတွေက ခေါ်ယူ ခြိမ်းခြောက်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒေသကွပ်ကဲရေး စစ်ဌာနချုပ်က ဒေသ ကွပ်ကဲရေးစစ်ဌာနမှူး ဗိုလ်မှူးစောမင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က မြေသိမ်းခံတောင်သူ ကိုယ်စားလှယ်တွေဖြစ် တဲ့ ဦးဆူရယ်နဲ့ ဦးဒီးဒီတို့ ၂ ဦးကိုရော၊ ဌာန ဆိုင်ရာ အကြီးအကဲတွေ ပါ ခေါ်ယူပြီး သိမ်းထား တဲ့မြေတွေ ပြန်ပေးဖို့ မရှိကြောင်းနဲ့ နောက်ထပ် ထွန်တုံးတိုက်ပွဲဝင်ရင် အင်အားသုံး အရေးယူမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာလို့ ဆိုလျားကူးရွာသား ဦးတူရယ်က ဒီဗွီဘီကို ပြောပါတယ်။

“သူပြောတာက ဒီမြေကို ပြန်ပေးဖို့ လာဆွေးနွေးတာ မဟုတ်ဘူးတဲ့၊ လုံးဝပြန်ပေးမှာ မဟုတ်ဘူး။ သူတို့ တူးထားတဲ့ ကတုတ်ကျင်းတွေ မထိဖို့ လာသတိပေးတာ၊ ရွာသားတွေ စိုက်ထားတဲ့အပင်ကို စစ်တပ်က အချိန်မရွေး ဖျက်ဆီးလို့ ရတယ်။ ဒါပေမယ့် ဒီနှစ် စိုက်ပျိုးရာသီတော့ သနားလို့ ဘာမှ မလုပ်ဘူး၊ စပါးရိတ်ပြီးရင် ရွာသားတွေနဲ့ မဆိုင်တော့ဘူး၊ အတင်းဝင်စိုက်ရင် အင်အားနဲ့ ဖြေရှင်းမယ်။ လိုအပ်ရင် လက်နက်သုံးမယ်။ စစ်တပ်မှာရှိတဲ့ လက်နက်တွေ အများကြီးက အလကား ကိုင်ထားတာ မဟုတ်ဘူးလို့ ပြောသွားတယ်။”


ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ဒေသကွပ်ကဲရေးစစ်ဌာနမှူး ဗိုလ်မှူးစောမင်းကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

ခုလို အခြိမ်းခြောက်ခံရပေမယ့် ရွာသားတွေကတော့ နောက်မဆုတ်ဘဲ မိမိမြေယာရရှိရေးအတွက် ဆက်လက် ကြိုးစားသွားမယ်၊ နေပြည်တော်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော်ဆီကိုပါ အမြန်ဆုံး စာထပ်တင်မယ်လို့ ရွာသားတွေက ပြောပါတယ်။

ရွာသားတွေဟာ သြဂုတ် ၁၈ ရက်နေ့ကလည်း မြေယာကိစ္စဖြေရှင်းပေးဖို့နဲ့ ခမရ ၅၃၁ တပ်ရင်းကို အရေးယူပေးဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ စာပေးပို့ တောင်းဆိုခဲ့ကြပါတယ်။

ကာချုပ်ဆီက တစုံတရာပြန်ကြားချက်မရတဲ့အပြင် အခုလို ထပ်မံ ခြိမ်းခြောက်ခံ ခဲ့ရတာဖြစ်ကြောင်း၊ မိမိတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာတဲ့ မြေတွေ အသိမ်းခံ ရတဲ့အပြင် အခုလို လက်နက်အားကိုးပြီး ခြိမ်းခြောက်တဲ့ကိစ္စကို ကန့်ကွက်ရှုတ်ချတယ်လို့ ဦးတူရယ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) ကိုလည်း တိုင်ကြားခဲ့ပြီး ကေအန်ပီပီအနေနဲ့ အစိုးရနဲ့ ထပ်မံဆွေးနွေးတဲ့အခါမှာ မြေသိမ်းယာသိမ်းပြဿနာ ဖြေရှင်းရေးကိစ္စပါ ဆွေးနွေးဖို့ တောင်းဆိုခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဆိုလျားကူးကျေးရွာဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲက အကြီးဆုံးရွာတရွာ ဖြစ်ပြီး လူဦးရေလည်း အများဆုံးရှိတဲ့ ရွာတရွာ ဖြစ်ပါတယ်။

ဒီဒေသမှာ စစ်တပ်က လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်ကတည်းက သိမ်းယူထားတဲ့မြေဧကပေါင်း ၁၂၀၀ ရှိပြီး ရွာသားပေါင်း ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့မေလကုန်ပိုင်းက အဲဒီမြေပေါ်မှာ ထွန်တုံး တိုက်ပွဲဝင်ပြီး တပ်သိမ်းမြေတွေ ပြန်ရရေး တောင်းဆိုခဲ့ကြဖူးပါတယ်။

ရေကြီး ပျက်ဆီးမှုများကြောင့် စာသင်ရန်အခက်ခဲကြုံ

စူးမယ်

ပီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင်း မိုးရေကြီးမှုကြောင့် စခန်းတွင်းရှိ ဆယ်တန်းလွန်ကျောင်း တကျောင်းဖြစ်သည့် SDC (Social Development Center) ကျောင်း၏ စာသင်ဆောင် မျောပါပျက်ဆီးသွားပြီး စာသင်ရန် အခက်ခဲကြုံနေရသည်ဟု SDC ဒုတာဝန်ခံ ပြောသည်။

တာဝန်ခံ ဆရာ မြာရယ်က “ကျနော်တို့ ဒီလိုမျိုးကြုံနေရတာ အရင်ကတော့ ဒီလောက်ထိ အခြေအနမဆိုးဘူးပေါ့ အခုက တအားဆိုးနေတဲ့ အခြေနေမျိုးဖြစ်သွားတော့ ကျနော်တို့ အစီစဉ်လေး တော်တော်ပျက်တာပေါ့လေ။ ကျနော်တို့ စာသင်ဖို့ အများကြီး နောက်ကျသွားတာပေါ့နော်။ ကျနော်တို့ Plan ထားတဲ့ဟာနဲ့ နောက်ကျသွားတာပေါ့လေ။ နှောက်နှေးစေတာတော့ အမှန်ပဲ” ဟု ပြောသည်။

လက်ရှိတွင် အရေးပေါ် စာပြန်လည်သင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ် တဆောင်လိုအပ်နေပြီး အဆိုပါ ကျောင်းဆောင်သစ်အား ပြန်လည်ဆောက်လုပ်ပေးရန် ကုန်ကျစရိတ်ကို ပြုစုပြီး စခန်းကော်မတီသို့ တင်ပြနေကြောင်းသိရသည်။

ဆုံးရှုံးသွားသည့် ကျောင်းဆောင်သစ်အားပြန်လည် ဆောက်လုပ်ပေးမည့် ကိစ္စနှင့် ပါတ်သက်ပြီး စခန်းကော်မတီ ဒုဥက္ကဌ မခူဖေါ က “ပျက်သွားတဲ့ကျောင်းက ဆုံးရှုံးသွားတဲ့ပစ္စည်းတွေကို ပြန်ရဖို့အတွက် ကျမတို့ စခန်းကော်မတီမှာ အင်အားမရှိဘူးပေါ့နော်။ ကျမတို့စခန်းကော်မတီအနေနဲ့ NGOs တွေကို ဖိအားပေးပေးမယ်။ စရင်းစယားတွေကို ပြုစုပြီးတော့မှ စခန်းကော်မတီကို တင်ပေးပါလို့ ပြောထားပါတယ်”ဟု ပြောသည်။

၎င်းမိုးရေကြီးမှုကြောင့် SDC ကျောင်း၏ စာသင်ဆောင်များနှင့် ကျောင်းသားအိပ်ဆောင်များ ပျက်ဆီးခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူ အချို့မှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ရှိကြောင်း ဒုတာဝန်ခံကဆိုသည်။

“ကျနော်တို့ ကျောင်းမရှိတော့ဘူး စာသင်ဖို့က ခက်သွားပြီ။ ကျနော့်အတွက်ကတော့ စာကို ဆက်သင်ချင်နေသေးတယ်” ဟု SDCကျောင်းသား နဲ့ရယ်က ဆိုသည်။

SDC ကျောင်းသည် ယခုနှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၅၀ဦးကို လက်ခံထားရှိကြောင်း သိရသည်။ မိုးရေးကြီးမှုကြောင့် စာသင်ဆောင်တလုံး အပြင် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ထိုင်ခုံ ၇၈လုံး၊ စားပွဲ ၂၆လုံး၊ ပရိုဂျင်တာ၊ တီဗီ၊ စလောင်း၊ အောက်စက်၊ ဗီဒိုသုံးလုံးနဲ့ စာရွက်စာတမ်းများ ပါသွားကြောင်း ဒုတာဝန်ခံက ဆိုသည်။

“တခြားနေရာကို သွားလုပ်ချင်တယ်။ လုံခြုံတဲ့နေရာမှာနေချင်တယ် ဒါပေမယ့် နေရာတွေကရှားသွားပြီလေ။ ဆုံးရှုံးသွားတဲ့ ပစ္စည်းကိုလည်း အရမ်းနှမြောတယ်။ ကျောင်းကိုမြန်မြန်ပြီးစေချင်ပြီးတော့ စာကို မြန်မြန်ပြန်သင်ချင်တယ်” ဟု ကျောင်းသား နဲ့ရယ်က ဆက်ပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့ည ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင်း တောင်ကျချောင်းရေကြီးမှုကြောင့် နေအိမ် ၁၅၄လုံး ထိခိုက်ပျက်စီးသွားကြောင်း စခန်းကော်မတီမှ သိရသည်။

ဘုရင့်နောင်တံတားသစ်ဆောက်ရန် ရေလမ်းကြောင်း နှစ်လကျော်ကြာ ပိတ်ထားမည်

ထွန်းကိုကို

ဘုရင့်နောင် တံတားအမှတ်(၂) ဆောက်လုပ်ရေးစီမံကိန်းကြောင့် ရေလယ်ခန်းပေါက်မှ ဖြတ်သန်းသွားလာမှု သြဂုတ်လ ၃၁ ရက်က စတင်ကာ နှစ်လကျော်ကြာ ပိတ်ထားမည်ဟု ဘုရင့်နောင်တံတား အမှတ်(၂) အထူးစီမံကိန်းကြီးအဖွဲ့မှ အင်ဂျင်နီယာမှူးကြီး ဦးတင့်လွင်က ပြောသည်။

အဆိုပါစီမံကိန်းကြောင့် မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ဘက်ခြမ်း ရေလမ်းကြောင်းများကိုမူ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ နှစ်လကြာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါတံတားသစ်မှ မရမ်းကုန်းမြို့နယ်ဘက်ခြမ်း ရေလမ်းကြောင်းကိုသာ လက်ရှိတွင် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ရေယာဉ်ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှသာ လှိုင်သာယာမြို့နယ်ဘက်ခြမ်း ရေလမ်းကြောင်းကို နေ့ဘက်ဖြတ်သန်းသွားလာခွင့်ပြုသွားမည်ဖြစ်သည်။

“တံတားဆောက်တာက နိုဝင်ဘာလလောက်မှာ ပြီးနိုင်မယ်။ ရေလယ်ခန်းတည်ဆောက်မှုပြီးသွားရင် တံတားကို ချက်ချင်းဖွင့်သွားမှာပါ”ဟု ဦးတင့်လွင်ကပြောသည်။

ယင်းတံတားတည်ဆောက်နေမှုကာလအတွင်း၌ ရေလမ်းကြောင်းပိတ်ထားရခြင်းမှာ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရန်၊ အခြားသော ကုန်တင်သင်္ဘောများက အဟန့်အတားများ မဖြစ်စေရန် ပိတ်ထားခြင်းဖြစ်သည်ဟု ဦးတင့်လွင်က ဆိုသည်။

ဘုရင့်နောင်တံတားအမှတ်(၂) တည်ဆောက်ရေးစီမံကိန်း ရေယာဉ်ဖြတ်သန်းမှုနှင့် ပတ်သက်ပြီး သြဂုတ် လ ၃၁ ရက်က သတိပေးနှိုးဆော်ချက်ကို ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အရ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း မည်သည့်ရေယာဉ်မှ ဖြတ်သန်းသွားလာခြင်း မပြုရန်၊ ရေယာဉ်အားလုံး ရေဆန်ဖြင့်သာ ဖြတ်သန်းခွင့်ပြုရန်၊ အရှည် ပေ ၁၂၀၊ အကျယ် ၂၅ ပေထက်မပိုသော (ကုန်မပါ)စက်တပ်ယာဉ်များသာ ဖြတ်သန်းခွင့်ပြုရန်၊ ဘုရင့်နောင်တံတားအထက်ဘက် အောင်ဇေယျကြိုးတံတားနှင့် အောက်ဘက် သီရိမင်္ဂလာဈေးကြား ရေပြင်အတွင်း မည်သည့်ရေယာဉ်မှ ကျောက်ချရပ်နားခွင့်မပြုရန်၊ တွဲရေယာဉ်၊ တွန်းရေယာဉ်များ ဖြတ်သန်းခွင့်မပြုရန်၊ သဲသမ္ဗန်များ လုံးဝဖြတ်သန်းခွင့်မပြုရန်စသည့် အချက် ရှစ်ချက်ပါ သတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ထားသည်။

ယင်းသို့ ရေလမ်းကြောင်းများ ပိတ်ထားမှုရှိနေသော်လည်း ကုန်စိမ်း၊ သဲ၊ ကျောက်များကို ကုန်တင်ပို့မှုများမှာ လက်ရှိအချိန်အထိ ဆုံးရှုံးမှု၊ နှစ်နာမှုနှင့် ကုန်ဈေးနှုန်းတက်ခြင်းများစသည့် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုမရှိဟု သဲ၊ ကျောက်လုပ်ငန်းလုပ်သူများနှင့် သီရိမင်္ဂလာဈေးရှိ ကုန်စိမ်းရောင်းသူများက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်များ ပြန်ခေါ်ရန် မြန်မာ သဘောတူ

ကို​ထွေး

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၂ ထောင်ကျော်ကို ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မြန်မာဒုနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အတွင်းမှာ သဘောတူညီခဲ့ပါတယ်။

၂၀၀၅ ခုနှစ်ကတည်းက အချက် ၄ ချက်နဲ့ မြန်မာနိုင်ငံသား အဖြစ် စစ်ဆေး အတည်ပြုနိုင်တဲ့ ဒုက္ခသည် ၂၄၁၅ ဦးကို ခေါ်ယူဖို့ သြဂုတ် ၃၁ ရက်နေ့ ဘင်္ဂလားဒေ့ရှ် နိုင် ငံခြားရေးဝန်ကြီး နဲ့ မြန်မာဒုနိုင်ငံခြားရေး ၀န်ကြီး ဦးသန့်ကျော်တို့က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

၈ ကြိမ်မြောက် ၂ နိုင်ငံ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် ၃ သောင်းကျော်ကို လက်ခံပေးဖို့ ပြောဆိုခဲ့ရာမှာ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံသားဖြစ်ကြောင်း စံနှုန်း ၄ ခုနဲ့ နောက်ဆုံး စိစစ်ထားတဲ့ ဒုက္ခသည် ၂ ထောင်ကျော်ကို ခေါ်ယူဖို့ သဘောတူညီခဲ့တာလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“အဲဒီတုန်းက အဲဒီဒုက္ခသည်ဆိုတဲ့သူတွေက သူတို့ဆန္ဒနဲ့သူတို့ ပြန်လာချင်တယ်ဆိုမှ ကျနော်တို့က လက်ခံမယ်လို့ ပြောထားတယ်။ အဲဒီအချိန်တုန်းက အဲဒီဒုက္ခသည်ဆိုတဲ့သူတွေက ပြန်မလာချင်ဘူးလို့ပြောလို့ ကျနော်တို့ဘက်က လက်မခံဘဲနဲ့ နေခဲ့တယ်။ တကယ်လို့ လက်ခံမယ်ဆိုရင်လည်း အဲတုန်းက သဘောတူထားတဲ့ ၂၀၀၀ ကျော်ကိုပဲ ကျနော်တို့ ပြန်စိစစ်မယ်။ ဒီကြားထဲမှာ သေတာရှိတယ်၊ မွေးဖွားတာရှိတယ်။ အဲဒါတွေအားလုံးကို ပြန်စိစစ်ပြီး မှန်ကန်တယ်ဆိုရင် မူ ၄ ချက်နဲ့အညီ လက်ခံမယ်လို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ပြန်စိစစ်နိုင်ဖို့ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ကို ၂ လအတွင်း ဖွဲ့ဦးမယ်။ ဖွဲ့ပြီးမှာ ဆက်လုပ်ရမယ့်ကိစ္စ၊ တခါတည်း လက်ခံတဲ့ကိစ္စမဟုတ်ပါဘူး။”


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် ၂ သိန်းကျော် ရှိပြီး ၃ သောင်းဟာ အထောက်အထားရှိပြီး မြန်မာနဲ့ ၂ ကီလိုမီတာ ဝေးတဲ့ ဒုက္ခသည် စခန်း ၂ ခုမှာ နေထိုင်နေတယ်လို့ ခန့်မှန်းထားပါတယ်။

ဦးရဲထွဋ်ကတော့ မြန်မာနိုင်ငံသားအဖြစ် အတည်ပြုနိုင်တာ ၂ ထောင်ကျော်သာဖြစ်ပြီး ဒုက္ခသည် ၃ သောင်းဆိုတဲ့ အရေအတွက်ကို သဘောမတူသလို နောက်ထပ်ထပ်မ စစ်ဆေးစရာလည်း မလိုဘူးလို့ ပြောပါတယ်။

စံသတ်မှတ်ချက်တွေကတော့ မြန်မာနိုင်ငံသားဖြစ်ကြောင်း မြန်မာနိုင်ငံဘက်က အထောက်အထား ပြသရမှာ ဖြစ်ကြောင်း၊ အထောက်အထားပြသနိုင်တဲ့ မိဘ ၂ ပါးက မွေးဖွားသူ ဖြစ်ရမှာ ဖြစ်ကြောင်း၊ အထောက်အထားမရှိပါက သက်ဆိုင်ရာတရားရုံးက စိစစ်ပြီးသူ ဖြစ်ရမှာ ဖြစ်ကြောင်း ဒီဒုက္ခသည်တွေ ပြန်လာဖို့ကလည်း သူတို့ သဘောဆန္ဒအလျှောက်ဖြစ်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ ကိစ္စဟာ ၂ နိုင်ငံဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်သလို အဓိကရုဏ်းကြောင့် ရခိုင်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုလည်း ဘင်္ဂလားဒေ့ရှ်က ခိုလှုံခွင့်ပေးထားတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ရေးပါတယ်။

ဒုက္ခသည်တွေကို မြန်မာဘက်က နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာကို ငြင်းပယ်ခဲ့တဲ့ အတွက် ဒုက္ခသည် ပြန်လည် နေရာချထားရေး အစီအစဉ်ဟာ ရပ်ဆိုင်းသွားရတာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ယူ၁၂ဂိုးသမား မောင်ကောင်းဇံမြ တိုကျိုဗာဒီကလပ်နဲ့ ၃နှစ် စာချုပ်မည်

DVB

သမ္မတပြန်ခေါ်၍ ပြည်ဝင်လာသူ ၁၆၈ ဦးအနက် ၆၈ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးထား

ဟိန်းကိုစိုး

နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် တတ်အားသရွေ့ဆောင်ရွက်နိုင်ရေးအတွက် အမိနိုင်ငံသို့ ပြန်လည် လာရောက်ရန် ဦးသိန်းစိန် ပြန်ခေါ်သူများထဲမှ နိုင်ငံသားပြန်လည်လျှောက်ထားသူ ၁၆၈ ဦးရှိပြီး ယင်းတို့အနက် ၆၈ ဦးကို သမ္မတက ခွင့်ပြုပေးထားသည်ဟု မြန်မာနိုင်ငံရှေ့ပြေး လူဦးရေစာရင်းထုတ်ပြန်သည့် သြဂုတ်လ ၃၀ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

“ပြန်လျှောက်တဲ့သူတွေက သူတို့ ထွက်သွားစဉ်က အမှုတွေနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးစိစစ်မှုတွေ ယူရတာပေါ့။ ရာဇ၀တ်မှုဆိုရင်လည်း ပြည်ထဲရေးကနေပြီး စိစစ်ပြီးတော့မှ နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုပါတယ်”ဟု ၎င်းက ဆိုသည်။

ဦးသိန်းစိန်အစိုးရ တက်ရောက်လာပြီးနောက် ၂၀၁၂ ခုနှစ်အတွင်း စစ်အစိုးရခေတ်က အမည်ပျက် ကြေညာထားသူများထဲမှ အချို့ကို စာရင်းမှ ပယ်ဖျက်ပြီး နိုင်ငံတွင်းသို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်ထောက်ခံချက်ဖြင့် နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူများတွင် ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးမြင့်ဆွေ၏ သားလည်းပါဝင်ပြီး ခွင့်ပြုထားပြီးပြီ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။

နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူများထဲတွင် ၁၉၈၈ နောက်ပိုင်း၌ ရန်ကုန်တိုင်းအတွင်းမှ ထွက်ခွာသွားသူ ၄၀ ကျော်ပါဝင်ပြီး ကျန်ဦးရေသည် အခြားတိုင်းနှင့် ပြည်နယ်များမှဖြစ်သည်ဟု ၀န်ကြီးဌာနစာရင်းများက ဆိုသည်။

“ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ သမ္မတရုံးကို တင်ရမယ်ဆိုလို့ တင်ခဲ့တယ်။ အဲဒါပြီးရင် လ၀ကနဲ့ ပြည်ထဲရေးမှာ စိစစ်ခံရဦးမယ်။ နိုင်ငံသားပြန်လျှောက်တာကို ၂၀၁၂ လောက်ကတည်းက သွားလိုက်ပြန်လိုက်လုပ်ပြီး လျှောက်နေတာပါ။ အခုထိ မပြီးသေးပါဘူး”ဟု အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခဲ့သဖြင့် မြန်မာနိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံခဲ့ရသူ ဦးသန်းဝင်းထွဋ်က ဆိုသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပုဒ်မ ၁၆ တွင် မြန်မာနိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟု ပါရှိသည်။

ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်အတွက် ပူးပေါင်းကြရန် UNFC နှင့် ပြည်တွင်းအင်အားစုများ ထုတ်ပြန်

ဆူးခက်

ပည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေး ပွဲများ ပေါ်ပေါက် ရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် မိမိတို့ အင်အားစု များအကြား အပြန်အလှန် ဆက်စပ်မှု ရှိရှိ ပူးပေါင်း ဆောင်ရွက်သွားရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပြည်တွင်း အင်အားစုတို့ တွေ့ဆုံ အပြီး၌ နှစ်ဖက် သဘောညီ ထုတ်ပြန်ကြေညာခဲ့သည်။

“ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံရေး အင်အားစုတွေ ပိုမု ပူးပေါင်း လုပ်ဆောင် နိုင်ဖို့၊၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှု နဲ့အတူ လိုအပ်လို့ ရှိရင်လည်းဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး မှာလည်း ပူးတွဲ လုပ်ဆောင် နိုင်ကြဖို့ အပြန်အလှန် သဘောတူညီမှု ရခဲ့ပါတယ်” ဟု UNFC ကွန်ဖရင့် အစည်းအဝေး ကျင်းပရေး အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

UNFC ၏ ပထမ အကြိမ် ကွန်ဖရင့်အား သြဂုတ်လ (၂၅) ရက်နေ့မှ စတင် ကျင်းပ ခဲ့ပြီး တဆက်တည်း ဆွေးနွေးရန် လျာထား ခဲ့သော်လည်း ပြည်တွင်းမှ ရောက်ရှိလာသည့် အင်အားစု များနှင့် တွေ့ဆုံ နိုင်ရန် သြဂုတ်လ (၂၉) ရက်နေ့နှင့် (၃၀) ရက် နှစ်ရက်တာ ရပ်နားခဲ့သည်။

ထိုနှစ်ရက်တာ ရပ်နား၌ ပြည်တွင်းမှ အင်အားစု (၅) ခုမှ ခေါင်းဆောင်များနှင့် ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးနှင့် လူငယ် အဖွဲ့များနှင့် နှစ်ရက်တာ တွေ့ဆုံ ခဲ့အပြီး၌ ယခုကဲ့သို့ ထုတ်ပြန် ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀ဝ၈ အခြေခံ ဥပဒေ ပြင်ဆင် ရေးနှင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ကဏ္ဍများကို အားပြု၍ ဆွေးနွေး ခဲ့ကြောင်းလည်း ကရင်အမျိုသား အစည်းအရုံး (KNU) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း က ပြောသည်။

“လက်ရှိ ကျွှန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်း ဖွဲ့စည်း ထားတဲ့ NCCT ရဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး အပေါ်မှာတို့၊ နောက် တဖွဲ့ခြင်းရဲ့ ယခု လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ သဘောထား အမြင် တို့ပေါ့လေ၊ အဲဒါတွေ ဆွေးနွေး ခဲ့တယ်” ဟု ဗဒိုကွယ်ထူးဝင်းက ဆိုသည်။

ထိုတွေ့ဆုံ ပွဲအား UNFC တင်းပြည့် အဖွဲ့ဝင်များ အပါအဝင် ဆက်စပ် UNFC ၏ အဖွဲ့အစည်းများ ဖြစ်ကြသည့် ALP, AA, DKBA, ABSDF, ကရင်ငြိမ်းချမ်းရေး ကောင်စီ တို့မှ ကိုယ်စားလှယ် များလည်း တက်ရောက်ခဲ့ကြာ စုစုပေါင်း ကိုယ်စားလှယ် (၁၁၃) ဦး တက်ရောက် ခဲ့ကြောင်း အစည်းအဝေး အပြီး၌ ထုတ်ပြန် ကြေငြာ ခဲ့ပါသည်။

ဤသို့ ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အားစု များအကြား နိုင်ငံရေး ဆိုင်ရာ အမြင် ဖလှယ် ဆွေးနွေးမှုများ မကြာ ခဏ လုပ်ဆောင် နိုင်ရေး ပြည်တွင်း နိုင်ငံရေး အင်အားစု များမှ အဆိုပြု ခဲ့ကြကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

“မကြာခဏ တွေ့ဆုံဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်သူတွေ ပိုမို ပါဝင် လာဖို့ နောက်ပြီးတော့ ပြည်တွင်းနဲ့ ပြည်ပ ပိုမို ပါဝင်လာနိုင်ဖို့ သူတို့ဘက်က လိုလား နေပါတယ်၊ ပြည်တွင်း နိုင်ငံရေး အင်အား စုတွေ ဘက်ကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရာမှာ ဘယ်လို လုပ်ဆောင် သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေး အကြုံပြု ခဲ့တာလည်း ရှိပါတယ်” ဟု ခွန်ဥက္ကာက ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် ပြည်တွင်းရှိ နိုင်ငံရေးပါတီ (၄၃) ခုတို့ တွေ့ဆုံ ခဲ့ကြစဉ်၌လည်း တစ်လ တစ်ကြိမ် တွေ့ဆုံ နိုင်ရန် ပြည်တွင်း နိုင်ငံရေး ပါတီများက တောင်းဆိုခဲ့ကြ သော်လည်း NCCT မှ တစ်လ တစ်ကြိမ် တွေ့ဆုံရန်မှာ မလွယ်ကူကြောင်း သဘောထား ပြုထားပါသည်။

ထို့ပြင် ယခု တွေ့ဆုံပွဲ၌ တင်ပြ ခဲ့သကဲ့ သို့ပင် ဖက်ဒရယ် ပြည်ထောင်စုအား စာရွက်ပေါ်၌သာ မဟုတ်ပဲ အပီအပြင် ဖော်ဆောင် နိုင်ရေး အတွက်လည်း နိုင်ငံရေး ပါတီများက တိုက်တွန်း ပြောကြား ခဲ့ကြပါသည်။

ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြီးနောက် သြဂုတ်လ (၃၁) ရက်နေ့နှင့် စက်တင်ဘာလ (၁) ရက်နေ့များတွင် UNFC ကွန်ဖရင့်၏ မပြီးပြတ်သေးသည့် အစည်းအဝေး များကို ဆက်လက် ကျင်းပ သွားမည် ဖြစ်ကြောင်း UNFC ခေါင်းဆောင် များက ဆိုသည်။

သိမ်းဆည်းမြေ ပြန်ပေးမည် မဟုတ်ဘဲ လိုအပ်ပါက လက်နက်သုံး ဖြေရှင်းမည်ဟုဆို

ယုဝေ

လွိုင်ကော်မြို့နယ်၊ ဆိုလျားကူးကျေးရွာရှိ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှ သိမ်းယူထားသည်ဟုဆိုသော လယ် ယာမြေများ ပြန်ပေးမည် မဟုတ်သည့်အပြင် လိုအပ်ပါက လက်နက်သုံးဖြေရှင်းမည်ဟု ဒေသကွပ်ကဲရေးမှူး စစ် ဦးစီးချုပ်က လယ်သမားများကို ခေါ်ယူပြောဆိုခဲ့သည်ဟု ဒေသခံတောင်သူ ကိုတူရယ်က ပြောသည်။

အမှတ် ၅၃၁ ခြေမြန်တပ်ရင်း ရုံးခန်းတွင် ဩဂုတ် ၂၉ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဒေသကွပ်ကဲရေးမှူး စစ်ဦးစီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ကျွန်တော်တော့ ဝင်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် သူတို့က လယ်ယာမြေတွေကို ပြန်မပေးဘူးလို့ ပြောတဲ့ အပြင် လိုအပ်ရင် လက်နက်အင်အားသုံးဖြေရှင်းမယ်လို့ သွားဆွေးနွေးတဲ့သူတွေကို ပြောပါတယ်” ဟု ကိုတူရ ယ်က ပြောသည်။

ထိုဆွေးနွေးပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်ဖြစ်သည့် ဦးဆူရယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသကွပ်ကဲရေးမှူး စစ်ဦးစီးချုပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းစာရင်းရုံးမှ တာဝန်ရှိသူများ တက်ရော က်ခဲ့သည်။

အဆိုပါ သိမ်းဆည်းခံလယ်ယာမြေများများ၏ နယ်စပ်တွင် အကျယ် ၃ပေ၊ အနက် ၄ပေခန့်ရှိ တူးမြောင်းကို နယ်မြေ ကန့်သတ်သည့်အနေဖြင့် စစ်တပ်ဘက်က တူးဖော်ထားသည့်အတွက် ဆိုလျားကူးကျေးရွာအုပ်ချုပ် ရေးမှူးကိုယ်တိုင် ဩဂုတ် ၂၆ ရက်က ခရိုင်အုပ်ချုပ်ရေးမှူးထံ ကန့်ကွက်စာ ပေးပို့ခဲ့သေးသည်။

ယခုကဲ့သို့ သိမ်းဆည်းမြေများအား ပြန်မပေးမည့်အပြင် လိုအပ်ပါက လက်နက်သုံးဖြေရှင်းမည်ဟု ပြောဆိုမှု အပေါ် ဒေသခံလယ်သမား တစ်ထောင်ကျော်က လက်မှတ်ထိုးကာ ဒေသကွပ်ကဲရေးမှူး စစ်ဦးစီးချုပ် ပြောဆိုခဲ့ သည့် အကြောင်းအရာကို စာရေးပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့မည်ဟု ဆိုသည်။

တောင်သူများအနေဖြင့် ဘိုးဘွားပိုင်လယ်မြေပြန်လည်ရရှိရန် မေလ ၂ဝ ရက်စွဲဖြင့်သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံးဖြေရှင်းပေးရန် အကူအညီတောင်းခံစာပေးပို့ခြင်း၊ မေ၂၅ ရက်တွင် လူဦးရေ ၄ဝဝ ခန့်ဖြင့် လယ် ယာမြေများပြန်လည်ရရှိရန် ဘာသာရေးအရ ဝတ်ပြုဆုတောင်းမှုပြုလုပ်ခြင်း၊ မေ ၂၇ ရက်က လူအင်အား ၃ဝဝခန့်ဖြင့် ထွန်တုံးတိုက်ပွဲဝင်ခြင်းတို့ ပြုလုပ်ခဲ့သေးသည်။

ငြိမ်းချမ်းရေးအတွက် စာရေးဆရာ၅၀ကျော် အဖွဲ့တခု ဖွဲ့စည်း

DVB

ဘင်္ဂလာတွင်တူးဖေါ်ထားသော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ရှေးဟောင်လှေ ထိမ်းသိမ်းမှုအားနည်း၍ ပျက်စီးနေ

မောင်အေး

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘောရီချာခေါ် အ၀ကျွန်းဒေသတွင် တူးဖော်ရရှိထားသည့် နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်အမျိုးသားတို့ အသုံးပြုခဲ့သော ရှေးဟောင်းလှေမှာ ယခုအခါ ထိမ်းသိမ်းမှုအားနည်းနေသည့်အတွက် ပျက်စီးနေကြောင်း သိရသည်။

အဆိုပါ ရှေ့ဟောင်းလှေကို ပင်လယ်ကမ်းခြေဒေသ တစ်ခုတွင် နစ်မြုပ်နေရာမှ ဘင်္ဂလာဒေ့ခ်ျ စစ်တပ် အကူအညီဖြင့် ရှေ့ဟောင်းသု တေသနဌာနမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အ၀ကျွန်းဒေသမှ ကူဝါကာတာရွာအနီးရှိကုန်းပေါ်သို့ ပြောင်းရွေ့လာခဲ့ပြီး အများပြည်သူများ ကြည့်ရှု့နိုင်ရန် ပြသထားသည်။

ယင်းရှေးဟောင်းလှေကို လူအများအပြား လာရောက်လည့်ပတ်သော ပင်လယ်ကမ်းခြေအနီးတွင် ပြသထားသဖြင့် ကြည့်ရှု့သူ များပြားသော်လည်း လှေကိုအမိုးအကာမဲ့ ထားရှိသည့်အတွက် ပျက်စီးမှုများရှိနေကြောင်း ဒေသခံများကပြောသည်။

အစိုးရအနေဖြင့် အဆိုပါလှေအား မပျက်စီးရအောင် ချက်ချင်းကာကွယ်ပေးသင့်သည့်ဟု ဒေသခံများက တောင်းဆိုနေကြသည်ဟုလည်း ဘင်္ဂလာသတင်းများတွင် ဖေါ်ပြသည်။

ရှေ့ဟောင်းသုတေသန လက်ထောက်ဒါရိုက်တာဖြစ်သူ Afroza Khan Mitaက အဆိုပါ ရှေ့ ဟောင်း လှေကြီးအား အမိုးလုပ်ပေးရန် စီစဉ်နေကြောင်းနှင့် အောက်တိုဘာလအတွင်း စတင်လုပ် ဆောင်နိုင် မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု Dailystar သတင်းစာတွင် ရေးသားထားသည်။

ယင်းရှေ့ဟောင်းလှေမှာ အလျှား ၅၂ ပေ၊ အနံ ၂၂ ဒသမ ၅ ပေရှိကြောင်းသိရသည်။

အဆိုပါလှေကို ဒေသခံများက ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် နစ်မြုပ်နေ သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၁၇၈၄ ခုနှစ်တွင် ဘိုးတော်ဘုရားမှ ရခိုင်နိုင်ငံကို သိမ်းပိုက်ပြီးနောက် ယခုတွေ့ရှိထားသည့် လှေအမျိုးအစား အများအပြားဖြင့် ရခိုင်အမျိုးသားအများ အ၀ကျွန်းဒေသသို့ လာရောက်အခြေချ နေထိုင်ခဲ့ကြသည်ဟု ကူဝါကာတာရွာမှ အသက် ၇၀ ခန့်ရခိုင်လူကြီး တစ်ဦးမှ ပြောဆိုကြောင်း သတင်းတွင် ရေးသားသည်။

ရေနံဓာတ်ငွေ့ရည် လိုအပ်ချက်ကြောင့် တန်ချိန် ၁,၈၀၀ ခန့် တင်သွင်းရ

သီဟကိုကို

ပြည်တွင်း လိုအပ်ချက်များနေခြင်းကြောင့် သင်္ဘောဖြင့် ရေနံဓာတ်ငွေ့ရည် (LPG)ကို ယခုနှစ်အတွင်း ပုဂ္ဂလိကပိုင်းက ပထမဆုံးအကြိမ် တင်သွင်းခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လုပ်ကိုင်ခွင့်ပြုထားသည့် ကုမ္ပဏီငါးခုက စုပေါင်းကာ ရေနံဓာတ်ငွေ့ရည် မက်ထရစ်တန် ၁,၇၈၀ ကို သင်္ဘောဖြင့် သြဂုတ် ၂၃ ရက်တွင် တင်သွင်းလာခဲ့ခြင်းဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ရေနံ ဓာတ်ငွေ့ရည် လိုအပ်ချက်ရှိနေလို့ ကုမ္ပဏီတွေ စုပြီးတင်သွင်းလာတာပါ။ အမြဲတော့မသွင်းဖြစ်ပါဘူး။ ပြည်တွင်းကလည်း ထုတ်နေတာပဲ။ ရှိတာနည်းသွားလို့ သွင်းဖြစ်တာပါ”ဟု ပြောသည်။

ရေနံဓာတ်ငွေ့ရည် တန် ၁,၇၈၀ ကို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)ရှိ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်များတွင် ထားရှိသွားမည်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ဆက်လက် ဖြန့်ဖြူးပေးမည်ဖြစ်သည်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်တွင် မင်းဘူး၊ ညောင်တုန်း၊ ကျွန်း ချောင်းနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ သုံးရုံရှိပြီး စက်ရုံများမှ တစ်ရက်လျှင် ရေနံဓာတ်ငွေ့ရည် ၄၁ တန် ထုတ်လုပ်လျက်ရှိသည်။

ရေနံထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ Infinite Benevolence Trading Co.,Ltd.၊ Universal Energy Co., Ltd.၊ Asia World Co., Ltd.၊ Myanmar Liquefied Petroleum Co., Ltd.၊ Standard Family Co., Ltd.၊ Yuan Yuan Co., Ltd. တို့ကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။

ရေနံဓာတ်ငွေ့ရည် ပြောင်းလဲတပ်ဆင်ခြင်းနှင့် အရောင်းဆိုင်ဖွင့်လှစ်ခြင်း၊ ရေနံဓာတ်ငွေ့ရည် ဆလင်ဒါများ ဖြန့်ဖြူးရောင်းချခြင်းများကို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက ပုဂ္ဂလိကကို ခွင့်ပြုပေးနေသည်။

အီတလီက ယူနတီသတင်းထောက်များကို ဂုဏ်ပြု

အေးနိုင်

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးတို့ကို အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သားအဖြစ် တရားဝင်လာရောက် ချီးမြှင့်ခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အီတလီ-မြန်မာ မိတ်ဆွေများအသင်း ဥက္ကဋ္ဌက သြဂုတ်လ ၂၇ ရက်နေ့မှာ လာရောက်ပေးအပ် တာဖြစ်ပြီး ဒီဂုဏ် ထူးဆောင်မြို့သား ချီးမြှင့်မှုကို ကာယကံရှင်တွေထံ မိတ္တူပေးပို့ထားပြီးပြီလို့ သူက ပြောပါတယ်။

“တာဝန်ရှိတဲ့ Guiseppe Malpeli ဆိုတဲ့ သံတမန်တဦးက လာပေးတာပါ။ ကာယကံရှင်တွေ တရားဝင်သိသွားပါပြီ။ ကျနော်ရုံးချိန်းနေ့မှာ ကော်ပီကူးပြီး အားလုံးကို ဖြန့်ဝေပေးလိုက်ပါတယ်” လို့ သတင်းထောက် ၄ ဦးရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သတင်းရေးသားမှုနဲ့ ဆက်စပ်ပြီး ထောင်ဒဏ်စီရင်ခံရတဲ့ စာနယ်ဇင်းသမားတွေကို ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့်ခံရမှုဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်ပါတယ်။

ဆာလာဘာဂန်ဇာမြို့ဟာ အီတလီနိုင်ငံမြောက်ပိုင်းက လူဦးရေ ၅ သောင်း ၅ ထောင်လောက် နေထိုင်ကြတဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။

ဆာလာဘာဂန်ဇာမြို့တော်ဝန် ခရစ္စတီနာမယ်ရူစီက “လွတ်လပ်တဲ့နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီရဲ့အခြေခံက သတင်းအချက်အလက် လွတ်လပ်မှု ဖြစ်တာကြောင့် သတင်းစာနယ်ဇင်းကနေတဆင့် ကျင့်သုံး လုပ်ဆောင်သွားတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုးနဲ့ မြို့ခံသတင်းထောက် ဦးလူမော်နိုင်တို့ကို ဂုဏ်ထူးဆောင်မြို့တော်သားတွေအဖြစ် ဂုဏ်ပြုဖို့ ဆုံးဖြတ်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ဒီဆောင်းပါးကြောင့် သတင်းသမားတွေကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက ဇူလိုင်လဆန်း ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၈ ရက်နေ့ကတော့ သူတို့အတွက် ရှေ့နေတွေက မကွေးတိုင်း တရားလွှတ်တော်မှာ လျှောက်လဲခဲ့ကြပါတယ်။

မြန်အောင်မှာ နိုင်ငံသားစိစစ်ရေးကဒ်ပြာတွေ ကျေးရွာအထိ ကွင်းဆင်း

DVB

ကန်ဒေါ်လာ သန်း ၄၈၀ ကုန်ကျမည့် နေစွမ်းအင်သုံး လျှပ်စစ်စက်ရုံနှစ်ရုံဆောက်ရန် ကန်-မြန်မာ သဘောတူ

ဝင်းကိုကိုလတ်

မဂ္ဂါဝပ် ၁၅၀ စီထွက်ရှိမည်ဖြစ်ပြီး ကန်ဒေါ်လာ ၄၈၀ သန်းကုန်ကျမည့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံကို မန္တလေးတိုင်းဒေသကြီးတွင် တည်ဆောက်သွားရန် အမေရိကန်နှင့် မြန်မာတို့ သဘောတူ (MOA) လက်မှတ်ရေးထိုးခဲ့သည်ဟု ရန်ကုန်အခြေစိုက်ကန်သံရုံးက သတင်းထုတ်ပြန်သည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ(၂)တွင် အမေရိကန် နိုင်ငံအခြေစိုက် ACO ကုမ္ပဏီနှင့် မြန်မာနိုင်ငံ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ သြဂုတ် ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကုန်သွယ်ရေးဌာန၊ ၀န်ကြီး Micheal Forman က “ဒီလိုမျိုး ကြိုးပမ်းအားထုတ်မှုမျိုးဟာ သမ္မတ အိုဘားမားရဲ့ ရင်ထဲကကုန်သွယ်မှု အာဂျင်ဒါရဲ့ ဖွံ့ဖြိုးမှု အဓိပ္ပာယ်သတ်မှတ်ချက်တွေကို အထောက်အကူပြုပါလိမ့်မယ်” ဟု ပြောသည်။

ယင်းစီမံကိန်းသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေခြင်းသည် နှစ်နိုင်ငံလုံးမှ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များကို အခွင့်အလမ်းပွင့်စေမည်ဖြစ်ကာ ပြည်တွင်းနှင့် ကမ္ဘာတစ်ဝှမ်း ၀င်ငွေတိုးတက်စေမည်ဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ဖြစ်စေမည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ်တွင် ပြီးစီးမည့် ယင်းစီမံကိန်းသည် အမေရိကန်က မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုအချို့ လျှော့ချအပြီးတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုများအနက် တစ်ခုအပါအ၀င်ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနှင့် မိတ္ထီလာခရိုင်တို့တွင် တည်ဆောက်မည်ဟု မျှော်မှန်းထားသော အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံသားများ လျှပ်စစ်ဓာတ်အားရရှိမှု တည်ငြိမ်ရေးသာမက မြန်မာ့စီးပွားရေးကို တိုးတက်စေမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးစေမည်ဟု ဆိုသည်။

အဆိုပါလျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံအမျိုးသားလျှပ်စစ်ဓာတ်အားကွန်ရက်သို့ ထည့်ဝင်မည်ဖြစ်ပြီး မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိရှိမည်ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်မည့် မြင်းခြံနှင့် မိတ္ထီလာခရိုင်မှ ဒေသခံများသည် ယင်းရင်းနှီးမြှုပ်နှံမှုမှ သင်တန်းများ၊ အခြေခံအဆောက်အအုံများစသဖြင့် အကျိုးကျေးဇူးရရှိမည်ဟု အမေရိကန်သံရုံးမှ ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်း အကောင်အထည်ဖော်မည့်ဒေသများနှင့် ၁၅ မိုင်ခန့်ကွာဝေးသည့် မြို့သာစက်မှုဇုန်အတွက် ထုတ်လုပ်မှု၊ အရင်းအမြစ်များ၊ စွမ်းအင်များ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

အမေရိကန်တွေ မြန်မာနဲ့ စီးပွားရေး ပြန်လုပ်ဖို့ ခြေလှမ်းပြင်

ရဲနည်

သမ္မတ ဦးသိန်းစိန် ကတိကဝတ်ပြုထားတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ အရှိန်တန့်သွားပြီး ဘာသာရေး တင်းမာမှုတွေ ဖြစ်နေတာ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာတာ၊ ပြည်တွင်းစစ် ရပ်စဲရေး မဖော်ဆောင်နိုင်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အမေရိကန်-မြန်မာ ဆက်ဆံရေး ထင်သလောက် မကောင်းလာဘဲ ဒဏ်ခတ်ပိတ်ပင်မှုကလည်း လုံးဝရုတ်သိမ်းသွားရေး မဖြစ်နိုင်သေးဘဲ ရှိနေရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးလာစေဖို့ ကောင်းမွန်တဲ့ ခြေလှမ်းတရပ် စလှမ်းခဲ့ပါတယ်။ အဲဒါကတော့ မြန်မာပြည်တွင်းမှာ အလုပ်သမား အခွင့်အရေးတွေ အားကောင်းလာစေရေးနဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်လာစေရေး အတူတကွ လုပ်ဆောင်ဖို့ နှစ်နိုင်ငံကြား သဘောတူခဲ့ကြတာပါပဲ။ ဒီကိစ္စကို အိုင်အယ်လ်အိုကလည်း ထောက်ခံထားပြီး ကုန်သွယ်ရေးဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မိုက်ကယ်ဖရိုမန်းရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဖြစ်လာခဲ့တာပါ။ မိုက်ကယ်ဖရိုမန်းဟာ နေပြည်တော်မှာ အာဆီယံ စီးပွားရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

အမေရိကန်-မြန်မာ နှစ်နိုင်ငံကြား သဘောတူညီချက်ဟာ မြန်မာပြည် အလုပ်သမားရေးရာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရေး နှစ်များစွာကြာမြင့်မယ့် ဗျူဟာကို ချမှတ်ဖော်ဆောင်ရာမှာ အမေရိကန်နဲ့ မြန်မာ အစိုးရ အရာရှိတွေသာမက စိတ်ပါဝင်စားတဲ့ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်သမားတွေနဲ့ အိုင်အယ်လ်အိုလို အလုပ်သမားရေးရာ အဖွဲ့တွေ ပါဝင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်က မြန်မာတွေ လုပ်ရည်ကိုင်ရည် တက်လာဖို့၊ နိုင်ငံတကာ စံတန်ဖိုးတွေနဲ့အညီ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဖော်ဆောင်ရေး လိုအပ်တဲ့ စည်းစနစ်တွေကို ဖော်ဆောင်နိုင်ဖို့နဲ့ လက်တွေ့ကျင့်သုံးဖို့ ကူညီရေးပါ။

ဥပမာပြရရင် မြန်မာပြည်မှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ရှိပါတယ်၊ အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမယ့် အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဘယ်လို အပြန်အလှန် ဆောင်ရွက်လုပ်ကိုင်မလဲဆိုတာ သဘောပေါက်နားလည်မှု အနည်းငယ်မျှပဲ ရှိပါသေးတယ်။ ပြောရရင် အခြေခံလစာကိုတောင် မသတ်မှတ်နိုင်ကြသေးပါဘူး။ အခု နှစ်နိုင်ငံ သဘောတူညီချက်က ဒီအခြေခံ လုပ်ခလစာအရေး ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ အလုပ်သမားများကို လူလိုသူလို ဆက်ဆံဖို့နဲ့ လေးစားဖို့ဟာ ၂၁ ရာစု စီးပွားရေးရဲ့ တန်ဖိုးတခုလို့ မြန်မာအစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ မြင်လာစေအောင် ကြိုးပမ်းချက်မို့ ကောင်းပါတယ်။

ချက်ခြင်းဆိုသလို မန္တလေးတိုင်း ဒေသကြီးအတွင်းက မြင်းခြံခရိုင် နဘူးအိုင်နဲ့ မိထ္တီလာခရိုင် ၀မ်းတွင်း ဒေသမှာ အမေရိကန်က ACO ရင်းနှီးမြှုပ်နှံမှုအဖွဲ့က မြန်မာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့အတူ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မယ့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံ တည်ဆောက်ဖို့ ဒေါ်လာ သန်း ၄၈၀ ထည့်ဝင်မယ်လို့ သဘောတူညီချက် လက်မှတ်ရေးထိုးပါတယ်။ ဒီပရောဂျက်က ၂၀၁၆ ခုနှစ်မှာ ပြီးစီးမှာဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်မှုဟာ တနိုင်ငံလုံး ပါဝါဂရစ်ရဲ့ ၁၀ ရာခိုင်နှုန်းက ၁၂ ရာခိုင်နှုန်းထိ ရှိပါမယ်။ မြို့သာစက်မှုဇုံအပါအဝင် မြင်းခြံနဲ့ မိတ္ထီလာခရိုင်တွေကို မီးပေးဖို့ များပါတယ်။

ဦးသိန်းစိန်တက်လာပြီးစ နိုင်ငံရေး ပွင့်လင်းလာမှု၊ စီးပွားရေး တံခါးဖွင့်လိုမှုတွေကြောင့် အိုဘားမားအစိုးရဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားပြီး မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှု ပြန်လုပ်လာခဲ့တယ်။ အမေရိကန်အစိုးရကိုယ်စားလှယ်တွေ မြန်မာပြည်ကို ဒီနှစ်ထဲ ချောင်းပေါက်မတတ် လာနေခဲ့ပြီး စစ်ဘက်ဆိုင်ရာဆက်ဆံရေး စတင်ဖို့နဲ့ ဒဏ်ခတ်မှု စာရင်းတွေ လျှော့ပေါ့ဖို့တွေ ပြောတာ စကြားလာရပါတယ်။ မကြာသေးခင်က နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာသွားခဲ့သလို နိုဝင်ဘာမှာ သမ္မတ အိုဘားမား နေပြည်တော်လာဖို့လည်း ရှိပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မိုက်ကယ်ဖရိုမန်း တက်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့အပတ် နေပြည်တော်က အာဆီယံ စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေးလုပ်ငန်းတွေက အကောင်းမြင်တယ်လို့လည်း သိရတယ်။ ၂၀၁၅ မှာ အာဆီယံ စီးပွားရေး အသိုက်အဝန်း စအကောင်အထည်ဖော်မှာကို အကောင်းမြင်တဲ့အပြင် ဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်ဖို့၊ အလုပ်အင်အားစု ကြီးထွားလာဖို့၊ အမြတ် ပိုကျန်ဖို့တွေကို မျှော်လင့်ကြကြောင်း နေပြည်တော်အစည်းအဝေးမှာ ကောက်ယူခဲ့တဲ့ အာဆီယံ စီးပွားရေး အမြင် စစ်တမ်း Asean Business Outlook Survey က ပြသခဲ့တယ်လို့ ဘန်ကောက်ထုတ် The Nation သတင်းစာမှာ ရေးပါတယ်။

အဲဒီစစ်တမ်းကို အမေရိကန်ကုန်သည်ကြီးများအသင်းနဲ့ အာဆီယံ ၁၀ နိုင်ငံမှာ အလုပ်လုပ်နေတဲ့ အမေရိကန် ကုမ္ပဏီ ၅၈၈ ခု ပါဝင်တဲ့ အာဆီယံဆိုင်ရာ အမေရိကန်ကုန်သည်များအဖွဲ့ကနေ ဒီဇိုင်းဆွဲ ကောက်ယူခဲ့တာပါ။ စစ်တမ်းမှာ ဖြေကြားသူ ၉၁ ရာခိုင်နှုန်းက မြန်မာပြည်မှာ လုပ်ငန်းချဲ့ထွင်ဖို့ စဉ်းစားနေတယ်လို့ ဆိုတယ်။


အာဆီယံ စီးပွားရေး အမြင် စစ်တမ်းမှာ မြန်မာဟာ အာဆီယံထဲ စီးပွားရေးချဲ့ထွင်ချင်စရာ အကောင်းဆုံး နိုင်ငံတနိုင်ငံဖြစ်ကြောင်း ဖော်ပြပါတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်များအသင်း မြန်မာဌာနခွဲ ဥက္ကဋ္ဌ Mariano Vela က ပြောကြောင်း သိရတယ်။

မြန်မာမှာ အလုပ်လာလုပ်နေကြတဲ့ နိုင်ငံခြားသားအလုပ်အင်အားစုဟာ ဒီမှာ နေထိုင်ရတာနဲ့ အလုပ်လုပ်ရတာ စိတ်ကျေနပ်မှု ရှိတယ်။ ၉၁ ရာခိုင်နှုန်းက သူတို့အလုပ်ကို ကျေနပ်ပြီး ၇၇ ရာခိုင်နှုန်းက အချိန် ပိုနေချင်တယ်လို့လည်း ဆိုတယ်။ ဒါပေမယ့် ရုံးနဲ့ အိမ်ငှားခ၊ နိုင်ငံ့အခြေခံအဆောက်အဦ (infrastructure)၊ စနစ်တကျ လေ့ကျင့်သင်ကြားထားသူ ရှားပါးမှုတို့က ပြဿနာလို့ ဆိုတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာပြည်ဟာ အခက်အခဲတွေ ရှိနေဆဲပါ။ အိုဘားမားအစိုးရဟာ မြန်မာပြည်မှာ ဒေါ်လာ ၅ သိန်းထက်မနည်း ဒါမှမဟုတ် ရေနံနဲ့ ဂတ်စ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူ အမေရိကန်တွေဟာ စီးပွားရေးလုပ်ငန်းနဲ့ အစီအစဉ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကို အစီရင်ခံရပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်က စပြီး ကုမ္ပဏီ ၁၅ ခု အစီရင်ခံပါတယ်။ ၂၀၁၃ ဇွန်မှာ စက်ရုံစဖွင့်ခဲ့တဲ့ ကိုကာကိုလာ Coca-Cola ရဲ့ အဓိကပြိုင်ဘက် ပက်စီ PepsiCo လည်း အခု မြန်မာပြည် ဝင်လာခဲ့ပါပြီ။ ဆန်ဖရန်စစ်စကို အခြေစိုက် Gap အဝတ်အထည်လုပ်ငန်းကလည်း စက်ရုံ ၂ ရုံ ထောင်ဖို့ ပြင်နေပါတယ်။ Gap ရဲ့ ကြေညာချက်ထဲမှာ “မြန်မာပြည်မှာ အထည်အပ်ဖို့ စလုပ်တဲ့ အမေရိကန် အထည် လက်လီ အရောင်းလုပ်ငန်းအနေနဲ့ ကျနော်တို့နဲ့ တွဲလုပ်မယ့်သူတွေဟာ အလုပ်သမားတွေကို လုံခြုံပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သင့်တင့်မျှတမယ့် အလုပ်ခွင်ကို အာမခံဖို့ ကျနော်တို့ တာဝန်ယူရမယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်” လို့ ရေးပါတယ်။

အမေရိကန်တွေရဲ့ မြန်မာပြည်ဆိုင်ရာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုကို အာမခံနိုင်ရေးနဲ့လည်း တိုက်ရိုက် ပတ်သက်နေပြန်ပါတယ်။ PARAMI ENERGY ကုမ္ပဏီရဲ့ အကြံပေး ဦးတင်ချိုက “လက်ရှိ ပြည်တွင်း ပဋိပက္ခတွေကို သူတို့စိုးရိမ်တယ်။ တကယ်လို့ အရေးခင်းတွေက မထိန်းနိုင်အောင်ဖြစ်လို့၊ Constitution ထဲမှာကလည်း မပြင်သေးတော့ တပ်မတော်က အချိန်မရွေး အာဏာပြန်သိမ်းလို့ရမယ်။ ဒီလိုနောက်ကြောင်းပြန်လှည့်သွားပြီဆို သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ ဒီမှာ လက်လွန်နေရင် သူတို့ နှုတ်ရခက်မယ်”လို့ ဧရာဝတီကို ပြောပါတယ်။ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကလည်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီလာတုန်းက တိုက်တွန်း ပြောဆိုသွားတဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ် မျှတပြီး ပွင့်လင်းဖို့ လိုတယ်ဆိုတာကို ထောက်ပြပြီး “ဒီအချက်ကလည်း အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အရေးကြီးတဲ့ အချက်တချက် ဖြစ်နေသေးတယ်လို့ တွေ့ရပါတယ်။ ၂၀၁၅ အလွန် နိုင်ငံရေးအကူးအပြောင်း တည်ငြိမ်မှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ၀င်လာနိုင်မှာပါ”လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အသုံးပြုနိုင်ရေး ဆွေးနွေးမှုများ စတင်ရန် အဆိုပြု

ဖက်စ်ပို့စ်

အိန္ဒိယက ၂၀၁၆ ခုနှစ်တွင် မြန်မာ၊ ထိုင်းနှင့် အိန္ဒိယ သုံးနိုင်ငံကို ဆက်သွယ်နိုင်ရန် စီစဉ်ထားသည့် သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးအတွက် နိုင်ငံဖြတ်ကူး သယ်ယူပို့ဆောင်ရေး သဘောတူညီချက်နှင့် ပတ်သက်သော ဆွေးနွေးပွဲများကို စတင်လုပ်ဆောင်သွားရန် အဆိုပြုထားကြောင်း အိန္ဒိယထိပ်တန်း အရာရှိတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် (အရှေ့) အန်နီးလ်ဝဒ္ဒ၀က ဟနွိုင်းမြို့တွင် ကျင်းပသည့် အာဆီယံ-အိန္ဒိယ ပညာရှင်ကွန်ရက်အစည်းအဝေးတွင် ပြောကြားရာ၌ စီးပွားရေးစင်္ကြံများပေါ် ယာဉ်များနှင့် ကုန် စည်များ သယ်ယူပို့ဆောင်နိုင်ခွင့်အတွက် လိုအပ်သောသဘောတူညီချက် ရရှိပြီးမှသာလျှင် အရှေ့တောင် အာရှနှင့် ဆက်သွယ်ပေးမည့် ဆက်သွယ်ရေးစင်္ကြံ၏ လမ်းတံတားများကို အသုံးပြု၍ရနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

“ဒါကြောင့်မို့ ကျွန်တော်တို့က အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ သုံးနိုင်ငံ အဝေးပြေးလမ်းမအတွက် သယ်ယူ ပို့ဆောင်ရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးပွဲတွေ စတင်လုပ်ဆောင်ဖို့ အဆိုပြုထားပါ တယ်”ဟု ၎င်းက ပြောသည်။

အိန္ဒိယအနေဖြင့် နိုင်ငံတွင်းရှိသည့် ဒုတိယအလွှာနှင့် တတိယအလွှာ မြို့ကြီးများသည် အာဆီယံတွင်ရှိ သော မြို့ကြီးများနှင့် တစ်နှစ်ပတ်လုံးဆောင်ရွက်မှုမျိုးဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ ကို မည်သို့ဆက်သွယ်သွားနိုင်မည်ကို ကြည့်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းသို့ဆောင်ရွက်နိုင်ပါက အာဆီယံတွင်ရှိသော မြို့တော်များနှင့် အိန္ဒိယတွင်ရှိသော မြို့ကြီးများသာမက ပဲ လေကြောင်းဆက်သွယ်မှု တိုးချဲ့ကျယ်ပြန့်လာရေးအတွက် အထောက်အကူ ဖြစ်သွားလိမ့်မည်ဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။

အိန္ဒိယနှင့် စီးပွားရေး ပွင့်လန်းလာစ အရှေ့တောင်အာရှဒေသကြား ကုန်သွယ်ရေးနှင့် ဆက်ဆံမှု ပိုမိုမြှင့် တင်ရန် အိန္ဒိယ အရှေ့မျှော်ဝါဒအတွက်လည်း အရေးကြီးဆုံးအပိုင်းဖြစ်သော မြန်မာနှင့် အိန္ဒိယကုန်းတွင်း ပိတ် အရှေ့မြောက်ဒေသကြား ပေါင်းကူးလမ်းစီမံကိန်း အချိန်မီပြီးစီးရန် လိုအပ်ကြောင်း ပညာရှင်များက ပြောသည်။

အိန္ဒိယ-မြန်မာ ပေါင်းကူးစင်္ကြံလမ်း ဖွံ့ဖြိုးရေးဆီသို့ဟူသော အစီရင်ခံစာတစ်ရပ်လည်း ထုတ်ပြန်ထားရာ အရှေ့မြောက်ပိုင်း ပြည်နယ် လေးပြည်နယ်နှင့် နယ်စပ်ချင်း ကီလိုမီတာ ၁,၆၀၀ ကျော် ထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံသည် အိန္ဒိယ အရှေ့မြောက်ဒေသများ ဖွံ့ဖြိုးရေးအတွက် အခရာကျ အရေးပါလျက်ရှိသည်။

အိမ်ခြေ၁၅၀ကျော် မပြောင်းရွှေ့ရေး ရွှေလုပ်သာတထောင်ကျော် ဆန္ဒပြ

DVB

မြန်မာ့လူဦးရေ ခန့်မှန်းတာထက် နည်းနေ

ABC

မြန်မာ ​နိုင်ငံ ​တနိုင်ငံလုံးရဲ့ ​လူဦးရေ ​စာရင်းဟာ ​၅၁ ​သန်းကျော် ​ရှိတယ်လို့ ​အစိုးရက ​ထုတ်ပြန်လိုက်ပြီး ​ခန့်မှန်းထားတာထက် ​လျော့နည်းနေပါတယ်။

အရင်က ​မြန်မာနိုင်ငံမှာ ​လူဦးရေ ​သန်း ​၆၀ ​လောက်ရှိမယ်လို့ ​ခန့်မှန်းထား ​ခဲ့ပေမယ့် ​စနေနေ့က ​ထုတ်ပြန်ခဲ့တဲ့ ​ရှေ့ပြေး ​စာရင်း ​အရ ​၅၁ ​သန်း ​ကျော်သာ ​ရှိတယ်လို့ ​လူဝင်မှု ​ကြီးကြပ်ရေးနဲ့ ​ပြည်သူ့ ​အင်အား ​ဦးစီးဌာနက ​ပြောပါတယ်။

ပြည်တွင်းစစ်နဲ့ ​ပဋိပက္ခ ​တွေကြောင့် ​ကချင်ပြည်နယ်၊ ​ရခိုင်ပြည်နယ်နဲ့ ​ကရင်ပြည်နယ် ​တွေမှာ ​လူဦးရေ ​စာရင်း ​အတိအကျ ​မကောက်ခံနိုင်ခဲ့ပဲ ​ခန့်မှန်းခြေ ​အနေ ​နဲ့သာ ​ကောက်ခံ ​ဖော်ပြ ​ထားတာ ​ဖြစ်ကြောင်း ​လည်း ​ဆိုပါတယ်။

လူဦးရေ ​စာရင်း ​အတိအကျကို ​လာမယ့် ​နှစ်ကျမှပဲ ​ထုတ်ပြန်နိုင်မှာ ​ဖြစ်တယ် ​လို့လည်း ​လူဝင်မှု ​ကြီးကြပ်ရေးနဲ့ ​ပြည်သူ့ ​အင်အား ​ဦးစီးဌာနက ​ပြောပါတယ်။

မြန်မာနိုင်ငံက ​သန်းခေါင် ​စာရင်းကို ​ပြီးခဲ့တဲ့ ​မတ်လ ​၃၀ ​ရက်နေ့ကနေ ​ဧပြီလ ​၁၀ ​ရက်နေ့အထိ ​ကောက်ခံခဲ့တာဖြစ်ပြီး ​နှစ်ပေါင်း ​၃၀ ​အတွင်းမှာ ​ပထမအကြိမ် ​ကောက်ခံနိုင် ​ခဲ့တာလည်း ​ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရန် လူငယ်များတောင်းဆို

ယုဝေ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းအတွက် ပြုလုပ်နေသည့် ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရန် အရပ်ဘက် လူငယ်အဖွဲ့ အစည်းများက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ တောင်းဆိုခဲ့သည်ဟု အဖြူရောင်တွဲလက်များ အဖွဲ့ဝင် ကိုသီဟမောင်မောင်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နှင့် အရပ်ဘက်လူငယ်အဖွဲ့အစည်း ၁၆ ဖွဲ့က ကိုယ်စားလှယ်များ သြဂုတ်လ ၃၀ ရက်က တွေ့ဆုံစဉ် အရပ်ဘက် လူငယ်အဖွဲ့အစည်းများက ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကိုသီဟမောင်မောင်က “ ကျွန်တော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရဖို့ တောင်းဆိုတော့ ဝန်ကြီးဦးအောင်မင်းက လူဦးရေ အကန့်အသတ်တော့ ရှိလိမ့်မယ်။ လေ့လာလို့ရအောင် ကြိုးစားပေးမယ်။ ညှိနှိုင်းမှုတွေလည်း လုပ်ရဦးမယ်လို့ ပြောပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် အရပ်ဘက်လူငယ် အဖွဲ့အစည်းများက အချက်သုံးချက်ကို တောင်းဆိုဆွေးနွေးခဲ့ကြသည်။ ယင်းအချက်များမှာ လူငယ်ကိုယ်စားလှယ်များက အပစ်ရပ် လက်မှတ် ရေးထိုးရာတွင် မည်သို့အာမခံချက်များ ရရန် ပြင်ဆင်ထားမှု အခြေအနေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များ ပါဝင်နိုင်ခွင့် အခန်းကဏ္ဍ နှင့် အစိုးရနှင့် NCCTတို့ တွေ့ဆုံဆွေးနွေးမှု အပြီး လူငယ်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းမေးခွန်းများနှင့် ပတ်သက်၍ လူငယ်များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်ရန် အမြဲတမ်း လမ်းဖွင့်ပေးထားပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ချိန်တွင် အာမခံများရရှိလာမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်ဟု ကိုသီဟမောင်မောင်က ပြောသည်။

အမျိုးသားလူငယ်စင်တာ ယာယီကော်မတီ အဖွဲ့ဝင် ကိုသက်ဆွေဝင်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်တွေ သတင်းတွေကို လူငယ်တွေကို ပြန်လည်မျှဝေပေးဖို့ တောင်းဆို ခဲ့ပါတယ်။ ကျွန်တော်တို့ အချက်သုံးချက်ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။”ဟုပြောသည်။

တွေ့ဆုံဆွေးနွေးပွဲကို အရပ်ဘက်လူငယ်အဖွဲ့အစည်း ၁၆ ဖွဲ့မှ ကိုယ်စားလှယ် ၂၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အရပ်ဖက် လူငယ်အဖွဲ့အစည်း ၂၀၏ ကိုယ်စားပြု လူငယ်၂၀နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ သြဂုတ်လ ၁၉ ရက်က ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် နံနက် ၉နာရီမှ ၁၂နာရီထိ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

အရပ်ဘက်လူငယ်အဖွဲ့အစည်းများနှင့် NCCT တို့ သြဂုတ်လ ၁၉ ရက် တွေ့ဆုံပွဲတွင် NCCT နှင့် အရပ်ဘက် လူငယ်အဖွဲ့အစည်းများ တစ်လတစ်ကြိမ် တွေ့ဆုံခွင့်အပြင်၊ အပစ်ရပ် လက်မှတ်တွင် မည်သည့် အာမခံချက်များ ရရန်ပြင်ဆင်ထားသနည်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များပါဝင်နိုင်မည့် အခန်းကဏ္ဍနှင့် အစိုးရနှင့် NCCT တို့ တွေ့ဆုံဆွေးနွေးမှုမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကို လူထုအား ပြန်လည်အသိပေးရန် နှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များရှိ ပြည်သူလူထုများနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရန်တို့ ဆွေးနွေးခဲ့သည်။

ရေးမြို့နယ်တဝိုက်တွင် တရုတ်လုပ်ငန်းရှင်များ မြေယာဝယ်နေကြပြီ

အာကာ

လမ်းခင်းကျောက်ထုတ်လုပ်မည်ဟုဆိုကာ တရုတ်စီးပွားရေး လုပ်ငန်းရှင်များက မွန်ပြည်နယ်၊ ရေးမြို့နယ်အနီးတဝိုက်တွင် မြေယာများကို ဝယ်ယူထားကြသည်ဟု မျက်မြင်တွေ့ရှိချက်အရ သိရသည်။

ထိုသို့ မြေယာများဝယ်ယူထားကြရာ လမ်းဖောက်လုပ်နေမှုကို တားမြစ်ထားပြီး၊ ခွင့်ပြုသွားမည် မဟုတ်ကြောင်း မွန်ပြည်နယ်အစိုးရ၊ ရေးမြို့နယ် တာဝန်ခံ နိုင်လဝီအောင် က ပြောသည်။

“အံဒင်ဘက်မှာ စက်ယန္တရားတွေနဲ့ လမ်းတွေဖောက်နေပြီ။ ပြည်နယ်အစိုးရက ခွင့်ပြုထားတာ မရှိလို့ ဆက်မလုပ်ဖို့ တားမြစ်ထားတယ်” ဟု နိုင်လဝီအောင် က ပြောသည်။

တရုတ်စီးပွားရေး လုပ်ငန်းရှင်များက နီးစပ်ရာဒေသခံအချို့၏ အကူအညီဖြင့် ရေးမြို့နယ် အံဒင်ကျေးရွာနှင့် ဟံဂံကျေးရွာအနီးတဝိုက်တွင်လည်းကောင်း၊ ခေါဇာမြို့နယ်ခွဲဝန်းကျင်တွင်လည်းကောင်း မြေဧကများစွာ ဝယ်ယူထားပြီး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သူတို့ (တရုတ်စီးပွားရေး လုပ်ငန်းရှင်) ကိုယ်တိုင် လာဝယ်တာ မဟုတ်ဘူး။ ဒီရွာက လူတွေပဲ သူတို့အတွက် ဝယ်ပေးတာ။ ဈေးကောင်းပေးတော့ တစ်ချို့က ရောင်းကြတယ်။ တစ်ချို့ကတော့ မရောင်းကြဘူး” ဟု အံဒင်ကျေးရွာခံတစ်ဦးက ပြောသည်။

၎င်းတို့၏ ပြောကြားချက်အရ တရုတ်လုပ်ငန်းရှင်ပိုင် CONCH ကုမ္ပဏီက အံဒင်ကျေးရွာအနီးရှိ ကုန်းမြင့်ပေါ်တွင် မြေ ၃၇ ဧကကို ငွေကျပ် ၂၂၅၀ သိန်းဖြင့် ဝယ်ယူထားသည့်အပြင် အခြားကျေးရွာများတွင်လည်း ဝယ်ယူထားခြင်း ရှိကြောင်း သိရသည်။

လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA အနေဖြင့် သွားရောက်လေ့လာရာတွင် ကျောက်ထုတ်လုပ်ရန်အတွက် အံဒင်ကျေးရွာအနီးတွင် ဝယ်ယူထားသည့် နေရာသည် ပင်လယ်ကမ်းစပ်နှင့် မိုင်ဝက်ခန့်သာ ကွာဝေးပြီး လမ်းဖောက်လုပ်မှုမှာ ပြီးစီးလုနီးပါး ဖြစ်သည်ကို တွေ့ရှိရသည်။

လက်ရှိတွင် ပြည်နယ်အစိုးရက တားမြစ်ထားသည့်အတွက် လမ်းဖောက်လုပ်မည့် စက်ယန္တရားများမှာ ကမ်းစပ်အနီးတွင် ရပ်နားထားရသည်။

အံဒင်ကျေးရွာ (ဖာလိန်ဒေသ) သည် ရေးမြို့၏ အနောက်ဘက်တွင် တည်ရှိပြီး၊ ကပ္ပလီပင်လယ်ပြင်ထွက်ပေါက်နှင့် ထိစပ်ရာ ဖြစ်သည့်အတွက် နိုင်ငံခြားမှ/သို့ ကုန်ကြမ်း ကုန်ချောများ တင်သွင်း၊ တင်ပို့ရန်အတွက် သင့်တော်ရာဒေသ ဖြစ်သည်။


လက်ရှိတွင် ထိုဒေသ၌ Toyo Thai Group ကုမ္ပဏီက ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန် ပြင်ဆင်မှုများ ရှိနေသည်။

ရပ်ခြားမှ စီးပွားရေး လုပ်ငန်းရှင်များ ဖာလိန်ဒေသ၌ မြေယာများ ဝယ်ယူရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေနှင့် စိစစ်ခွင့်ပြုကြရန် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် ဖာလိန်ဒေသ ညီညွတ်ရေးအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ ကျောက်ထုတ်လုပ်ရန်အတွက် မြေယာဝယ်ယူခြင်းနှင့် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကို မွန်ပြည်သစ်ပါတီကလည်း တားမြစ်ထားကြောင်း သိရသည်။

သမိုင်းရေးတဲ့လက်များ ရုပ်သံ

DVB

အင်တာနက်ပေါ်မှ သတင်းများ အလွယ်တကူမယုံရန် ဘာသာပေါင်းစုံအဖွဲ့တိုက်တွန်း

ထွန်းကိုကို

လူငယ်ထုအကြား အင်တာနက် လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် ဖေ့စ်ဘုတ်၊တွတ်တာနှင့် You Tube တို့မှ အမုန်းပွားစေသည့် စကားများ (HateSpeech)ပါဝင်သည့် သတင်းစကားများကို အလွယ်တကူ မယုံကြည်ကြရန်ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့မှ ဗဟိုအမှုဆောင်တစ်ဦး ဖြစ်သူဒေါက်တာတင် သိန်းလွင်က ပြောသည်။

၎င်းက "Social Media Awareness" ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊သိမ်ဖြူလမ်းပေါ်ရှိ YMCAခန်းမတွင် သြဂုတ်လ ၃၀ရက်က ပြုလုပ်သည့် ဟောပြောပွဲ၌ပြော ကြားခဲ့ခြင်း ဖြစ်သည်။

"ဒီလို ပြောဆိုရေးသားနေတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ နိုင်ငံတော်အတွင်းတည်ငြိမ်အေးချမ်းနေတဲ့ လူမှုဘဝ အသိုက်အ၀န်းတွေကိုဖျက်ဆီး ပြီး ပြည်သူတွေအထိပ်တလန့်ဖြစ်ကာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရအောင် တွန်းပို့နေတဲ့အခြေအနေဆိုးကြီး ဖြစ်တယ်။"ဟု ဒေါက်တာတင်သိန်းလွင်က ပြော သည်။

ယခုအခါ အများပြည်သူအကြားတွင် အသုံးပြုမှု အများဆုံး အင်တာနက်လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebookတွင် အချို့သောသူများသည် မှားယွင်းသောသတင်းအချက်အလက်များကို တင်ကာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့မုန်းတီးအောင် ဖန်တီးပေးပြီး ဂိုဏ်းဂဃအုပ်စုတို့ဖြင့် ခိုက်ရန်ဒေါသများ၊လက်နက်စွဲ ကိုင် ပုတ်ခတ်သတ်ဖြစ်မှုများ ဖြစ်ပွားအောင်တမင်လုပ်ကြံဖန်တီးမှုများ ရှိလာသည့်အတွက် အဆိုပါသတင်းအမှားများကိုအလွယ်တကူ မယုံကြည်ကြရန် ၎င်းက တိုက်တွန်းခြင်း ဖြစ်သည်ဟုဆိုသည်။

"ဖေ့ဘွတ်စ်မှာ ကိုယ်ရဲ့သတင်းအချက်အလက်တွေကို လိုတာထက်ပိုပြီးမတင်မိဖို့အရေးကြီးတယ်။ ကိုယ်မသိတဲ့သူတွေကို အလွယ်တကူ Friendအဖြစ်လက်မ ခံမိဖို့လည်း လိုတယ်။ မသိတဲ့သူတွေကနေ ကိုယ့်ကိုတိုက်ခိုက်တာသို့မဟုတ် ကိုယ်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခွင့်ပြုချက်မယူဘဲ ရယူတာတွေရှိ လာနိုင်တယ်။" ဟု ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့မှ ပြန်ကြားရေးအဖွဲ့ဝင်၊ Geo Mandalar Investment & Technology ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူဦးရာဝီ က ပြောသည်။

၎င်းက ဆက်လက်၍ အမုန်းတရားများကို ဖြန့်ဝေသည့်ဖေ့စ်ဘုတ်အကာင့်ပိုင်ရှင်များကိုလည်း Friend အဖြစ် လက်မခံရုံတင် မဟုတ်ဘဲဖေ့စ်ဘုတ်ကိုတိုင်တန်ြး ခင်း (Report) အဆင့်ထိ လုပ်ရန်တိုက်တွန်းလိုက်သေးသည်။

ဖေ့စ်ဘုတ် အစရှိသည့် လူမှုကွန်ယက် ပေါ်မှ သတင်းများကို ဖတ်ခြင်းထက်တရားဝင်သတင်းဌာန များမှ သတင်းရယူခြင်းက လုပ်ကြံဖန်တီးထားသောအချက် အလက်အမှားများ သိရှိမှုကို ကာကွယ်နိုင်လိမ့်မည်ဟု ၎င်းကပြောသည်။

ကမ္ဘာပေါ်တွင် Facebook သုံးစွဲသူ ၂ဝ၁၃ခုနှစ်အထိ ၁ဒသမ ၁ဘီလီယံ ရှိပြီးTwitter သုံးစွဲသူပေါင်း ၁၀၆ သန်း ကျော်ရှိကာ၊ Youtube သုံးစွဲသူပေါင်း၂ဘီလီ ယံခန့် နေ့စဉ်သုံးစွဲကြသည်။ မြန်မာနိုင်ငံတွင် Facebookသုံးစွဲသူပေါင်း ၁၉ သိန်းကျော်ရှိနေပြီး၊ အမျိုးသား၁၂သိန်းကျော်နှင့်အမျိုးသမီး ၇သိန်းအသုံးပြုလျက် ရှိရာ ထိုအထဲတွင် အသက် ၁၈နှစ်အောက်အသုံးပြုသူပေါင်း နှစ်သိန်းနှစ်သောင်းကျော် သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။

တန်ဖိုးတက်လာမည့် မြေများ မရောင်းနှင့်ဟု လယ်သမားများအား ဒေါ်စုတိုက်တွန်း

နန်းလွင်နှင်းပွင့်

တောင်သူလယ်သမားများ ပိုင်ဆိုင်ထားသည့်မြေများမှာ အနာဂတ်တွင် ပိုမိုဈေးတတ်လာမည်ဖြစ်သဖြင့် ရောင်းချခြင်းများမပြုကြရန် ကော့မှူးမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ)က ကော့မှူးမြို့နယ်ရှိတောင်သူလယ်သမားများကို သတိပေးြေ ပာဆိုလိုက်သည်။

“ကျွန်မတို့ ကမ္ဘာကြီးက ဘယ်လိုမှ ပိုပြီးကျယ်လာမှာမဟုတ်ဘူး၊ မြေတွေကပိုများလာမှာ မဟုတ်ဘူး၊ ဒီလောက်ပဲရှိမယ်၊ ဒါ့ကြောင့်သေသေချာချာစဉ်းစားပါ၊ ကျွန်မကတော့တောင်သူလယ်သမားတွေကို မရောင်းစေချင်ဘူး” ဟု ပြောသည်။

တောင်သူလယ်သမားများအတွက် မြေမှာ အရေးကြီးဆုံး ဖြစ်ပြီး မြေရှိမှာသာလျှင်ကျန်သည့်ကိစ္စရပ်များအား ဆောင်ရွက်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ကြွေးမှီကိစ္စများ၊ အခြားကိစ္စရပ်များ ရင်ဆိုင်နေရပါက တစ်ဦးချင်းလာရောက်တိုင်ပင် ပြောဆိုခြင်းများ ပြုလုပ်ပေးရန် နှင့် မဖြစ်မနေလယ်ယာမြေများ အား ရောင်းချရမည်ဆိုပါကNLD သို့ ဦးစွာ တိုင်ပင်ပြောဆိုခြင်း ပြုလုပ်ရန် မေတ္တာရပ်ခံသည်ဟုလည်း ဆိုသည်။

တောင်သူလယ်သမားများအနေဖြင့် မြေများ ရောင်းချရာတွင်တရားဝင်လတ်မှတ်ရေးထိုးပြီးပါက ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ဘဲမိမိမြေအား ပြန်လိုချင် ပါက မည်သူမျှကူညီပေးနိုင်တော့မည် မဟုတ်သဖြင့် မရောင်းချမှီ အခိုင်အမာဆုံးဖြတ်စေလိုသည်ဟုလည်း ဆိုသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ အကြောင်းကြောင်းကြောင့် ကိုယ့်လယ်ကွက်ကိုမလုပ်နိုင်တော့ရင် ကျွန်မတို့နဲ့ တိုင်ပင်ပါ ၊ကျွန်မတို့ ဒေသအတွက်၊ဖွံ့ဖြိုးရေးအတွက် ဘယ်လိုစီမံကိန်းချပြီး လုပ်နိုင်မလဲ စဉ်းစားပြီးပူးတွဲဆောင်ရွက်စေချင်တယ်"ဟု ပြောသည်။

ကော့မှူးမြို့နယ်နှင့် ရန်ကုန်မြို့ကြားရှိ တွံတေးမြို့နယ် တ၀ိုက်တွင်ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာများ ပါဝင်နေသဖြင့်သာမာန်ပေါက်ဈေးထက်မြေဈေး ၉ ဆ မြင့်တတ်လျက်ရှိပြီး တောင်သူလယ်သမား အများစုမှာ မိမိတို့လယ်မြေများအား ရောင်းချလိုက်သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

ရခိုင်စုရွာမှ လယ်သမားများကိုယ်စားလှယ်တစ်ဦးက “မြောင်းလုံလုံလောက်လောက်မရှိတော့ စိုက်မယ့် အကွက်ထဲ ရေဝပ်နေရင်စပါးကစိုက်မရဘူး၊ ဒီ့အပြင် ကျွန်တော်တို့ဆီရောက်လာတဲ့ ဓါတ်မြေသြဇာတွေက မစစ်ဘူး၊ အခြားအမှုန့်တွေ ရောထားတော့အလုပ်မဖြစ်ဘူး"ဟု ဆိုသည်။

လယ်သမားများမှ ဖြေရှင်းပေးရန် တင်ပြလာသည့် အချက်များမှာစိုက်ပျိုးစရိတ်ချေးငွေအား အတိုးနည်းသည့် နှုန်းထားဖြင့် ချေးနိုင်ရန် ၊မီတာကြိုးများ စနစ်တ ကျဆက်သွယ်ပေးရန်၊လယ်သမားများ ၀ယ်ယူရာတွင် မြေသြဇာ ကောင်းကောင်းရရန် ၊ကော့မှူးမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကတ္တရာလမ်းမများ
ဖောက်လုပ်ပေးရန်၊ မွေးမြူရေးတိရစ္ဆာန်များစားကျက်မြေ ပြုန်းမှု ပြဿနာ ဖြေရှင်းပေးရန်တို့ ဖြစ်သည်။

တောင်သူလယ်သမား အရေးကိစ္စများမှာ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော်လည်းဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် မိမိတာဝန် ယူထားရသည့်ကော့မှူးမြို့နယ်ရှိ ပြဿနာများအား ဦးစားပေး ရှင်းလင်းသွားရန်တောင်သူလယ်သမားများအား ကတိပြုခဲ့သည်။

တောင်သူလယ်သမားများထံမှ တင်ပြလာသည့် အချက်များအား ကော့မှူးမြို့နယ်၊ဌာနဆိုင်ရာများတွင် တွေ့ဆုံပြောဆိုခဲ့သော်လည်းသတင်းထုတ်ပြန်ခဲ့ခြင်းမ ရှိပေ။

လူငယ်များ အလုပ်လက်မဲ့ဖြစ်ခြင်းက မျှော်လင့်ချက်ပါ မဲ့စေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ယုဝေ

မြန်မာနိုင်ငံရှိလူငယ်ထုအတွက်အလုပ်ရှားပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှုကြောင့် ဖြစ်ပေါ်လာသည့် မျှော်လင့်ချက်မဲ့မှုသည် ပြဿနာတစ်ရပ် ဖြစ်သည်ဟုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၃၀ ရက်ကတော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်မျိုး ဆက်များတွေ့ဆုံပွဲတွင် ပြောသည်။

“လူငယ်တွေက အလုပ်မဲ့တာ ကြာလာလို့ရှိရင် မလုပ်မရှိဘဲ မိဘကို အားကိုး နေရတာမျက်နှာငယ်တာပေါ့။ အလုပ်ရှိတဲ့သူတွေကြားမှာ မျက်နှာငယ်တာ အဲ့ဒါဖြစ်တာကြာလာလို့ရှိရင်စိတ်ဓါတ်ကျလာပြီးတော့ မျှော်လင့်ချက် ပါမဲ့သွားတက်တယ်။အဲ့ဒီအခြေအနေရောက်ရင် ကုဖို့ အင်မတန်မှခက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ပြဿနာသည် အဓိက ပြဿနာတစ်ခုဖြစ်ကာလူငယ်မဟုတ်တော့သည့် အရင်တုန်းက လူငယ်များက ယင်းပြဿ နာ၏ အဖြေကိုစဉ်းစားဖြေရှင်းရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“တက်နိုင်သမျှ လူငယ်မျိုးဆက်သစ်တွေကို ရွေးချယ်ပိုင်ခွင့်တွေပေးနိုင်သလောက်ပေးဖို့ ကြိုးစားစေချင်တယ်။ ရွေးချယ်ပိုင်ခွင့်တွေများလာလေလူငယ်တွေ ဟာ ကိုယ်သန်ရာသင့်တော်ရာ ထိုက်တန်ရာကို ရွေးချယ်နိုင်တယ်။ အဲ့ဒါမှလည်းတိုးတက်မှုရှိနိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်း NLD လူငယ်မျိုးဆက်များ တွေ့ဆုံပွဲသို့ NLD မျိုးဆက် အဖွဲ့ဝင် ၃၀၀ကျော်တက်ရောက်ခဲ့သည်။

အမျိုးသားလူငယ်စင်တာ ယာယီကော်မတီ အဖွဲ့ဝင် ကိုသက်ဆွေဝင်းက “လူငယ်တွေအတွက်အလုပ်မရတာမျိုးတွေလည်း ရှိနေသလိုမျိုး ကိုယ့်ဝါသနာ၊ ကိုယ်သင်ထားတဲ့ပညာရပ်နဲ့မကိုက်ညီတဲ့ အလုပ်တွေကို လုပ်နေရာမျိုးတွေလည်း အများကြီးရှိနေပါတယ်”ဟုမဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံကို ဇူလိုင်လ ၅ရက် နှင့် ၆ ရက်တွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီးခန်း မပြုလုပ် ခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း တက်ရောက်ပြောကြားခဲ့သည်။

ယင်းညီလာခံတွင် အမျိုးသမီးခုနစ်ဦးနှင့် တိုင်းရင်းသားလူငယ်များ အပါအ၀င်NLD လူငယ်ခေါင်းဆောင် ၁၅ ဦးရွေးချယ်ခဲ့သည်။

မြန်မာလူငယ်အစည်းအရုံး၏ သြဂုတ်လဆန်းပိုင်းက ထုတ်ပြန်သည့် စစ်တမ်းအရမြန်မာနိုင်ငံအတွင်းရှိ လူငယ်အားလုံး၏ ၆၀ရာခိုင်နှုန်းမှာအလုပ်လက်မဲ့ များဖြစ်သည်။ ထိုစစ်တမ်းပါအချက်များကို အစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက် ပေးရန် သမ္မတထံ စာပို့ထားသည်။