ABC
မြန်မာ နိုင်ငံ တနိုင်ငံလုံးရဲ့ လူဦးရေ စာရင်းဟာ ၅၁ သန်းကျော် ရှိတယ်လို့ အစိုးရက ထုတ်ပြန်လိုက်ပြီး ခန့်မှန်းထားတာထက် လျော့နည်းနေပါတယ်။
အရင်က မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းထား ခဲ့ပေမယ့် စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ရှေ့ပြေး စာရင်း အရ ၅၁ သန်း ကျော်သာ ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာနက ပြောပါတယ်။
ပြည်တွင်းစစ်နဲ့ ပဋိပက္ခ တွေကြောင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ် တွေမှာ လူဦးရေ စာရင်း အတိအကျ မကောက်ခံနိုင်ခဲ့ပဲ ခန့်မှန်းခြေ အနေ နဲ့သာ ကောက်ခံ ဖော်ပြ ထားတာ ဖြစ်ကြောင်း လည်း ဆိုပါတယ်။
လူဦးရေ စာရင်း အတိအကျကို လာမယ့် နှစ်ကျမှပဲ ထုတ်ပြန်နိုင်မှာ ဖြစ်တယ် လို့လည်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံက သန်းခေါင် စာရင်းကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ခံခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမအကြိမ် ကောက်ခံနိုင် ခဲ့တာလည်း ဖြစ်ပါတယ်။

No comments:
Post a Comment