Monday, September 1, 2014

အင်တာနက်ပေါ်မှ သတင်းများ အလွယ်တကူမယုံရန် ဘာသာပေါင်းစုံအဖွဲ့တိုက်တွန်း

ထွန်းကိုကို

လူငယ်ထုအကြား အင်တာနက် လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် ဖေ့စ်ဘုတ်၊တွတ်တာနှင့် You Tube တို့မှ အမုန်းပွားစေသည့် စကားများ (HateSpeech)ပါဝင်သည့် သတင်းစကားများကို အလွယ်တကူ မယုံကြည်ကြရန်ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့မှ ဗဟိုအမှုဆောင်တစ်ဦး ဖြစ်သူဒေါက်တာတင် သိန်းလွင်က ပြောသည်။

၎င်းက "Social Media Awareness" ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊သိမ်ဖြူလမ်းပေါ်ရှိ YMCAခန်းမတွင် သြဂုတ်လ ၃၀ရက်က ပြုလုပ်သည့် ဟောပြောပွဲ၌ပြော ကြားခဲ့ခြင်း ဖြစ်သည်။

"ဒီလို ပြောဆိုရေးသားနေတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ နိုင်ငံတော်အတွင်းတည်ငြိမ်အေးချမ်းနေတဲ့ လူမှုဘဝ အသိုက်အ၀န်းတွေကိုဖျက်ဆီး ပြီး ပြည်သူတွေအထိပ်တလန့်ဖြစ်ကာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရအောင် တွန်းပို့နေတဲ့အခြေအနေဆိုးကြီး ဖြစ်တယ်။"ဟု ဒေါက်တာတင်သိန်းလွင်က ပြော သည်။

ယခုအခါ အများပြည်သူအကြားတွင် အသုံးပြုမှု အများဆုံး အင်တာနက်လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebookတွင် အချို့သောသူများသည် မှားယွင်းသောသတင်းအချက်အလက်များကို တင်ကာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့မုန်းတီးအောင် ဖန်တီးပေးပြီး ဂိုဏ်းဂဃအုပ်စုတို့ဖြင့် ခိုက်ရန်ဒေါသများ၊လက်နက်စွဲ ကိုင် ပုတ်ခတ်သတ်ဖြစ်မှုများ ဖြစ်ပွားအောင်တမင်လုပ်ကြံဖန်တီးမှုများ ရှိလာသည့်အတွက် အဆိုပါသတင်းအမှားများကိုအလွယ်တကူ မယုံကြည်ကြရန် ၎င်းက တိုက်တွန်းခြင်း ဖြစ်သည်ဟုဆိုသည်။

"ဖေ့ဘွတ်စ်မှာ ကိုယ်ရဲ့သတင်းအချက်အလက်တွေကို လိုတာထက်ပိုပြီးမတင်မိဖို့အရေးကြီးတယ်။ ကိုယ်မသိတဲ့သူတွေကို အလွယ်တကူ Friendအဖြစ်လက်မ ခံမိဖို့လည်း လိုတယ်။ မသိတဲ့သူတွေကနေ ကိုယ့်ကိုတိုက်ခိုက်တာသို့မဟုတ် ကိုယ်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခွင့်ပြုချက်မယူဘဲ ရယူတာတွေရှိ လာနိုင်တယ်။" ဟု ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့မှ ပြန်ကြားရေးအဖွဲ့ဝင်၊ Geo Mandalar Investment & Technology ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူဦးရာဝီ က ပြောသည်။

၎င်းက ဆက်လက်၍ အမုန်းတရားများကို ဖြန့်ဝေသည့်ဖေ့စ်ဘုတ်အကာင့်ပိုင်ရှင်များကိုလည်း Friend အဖြစ် လက်မခံရုံတင် မဟုတ်ဘဲဖေ့စ်ဘုတ်ကိုတိုင်တန်ြး ခင်း (Report) အဆင့်ထိ လုပ်ရန်တိုက်တွန်းလိုက်သေးသည်။

ဖေ့စ်ဘုတ် အစရှိသည့် လူမှုကွန်ယက် ပေါ်မှ သတင်းများကို ဖတ်ခြင်းထက်တရားဝင်သတင်းဌာန များမှ သတင်းရယူခြင်းက လုပ်ကြံဖန်တီးထားသောအချက် အလက်အမှားများ သိရှိမှုကို ကာကွယ်နိုင်လိမ့်မည်ဟု ၎င်းကပြောသည်။

ကမ္ဘာပေါ်တွင် Facebook သုံးစွဲသူ ၂ဝ၁၃ခုနှစ်အထိ ၁ဒသမ ၁ဘီလီယံ ရှိပြီးTwitter သုံးစွဲသူပေါင်း ၁၀၆ သန်း ကျော်ရှိကာ၊ Youtube သုံးစွဲသူပေါင်း၂ဘီလီ ယံခန့် နေ့စဉ်သုံးစွဲကြသည်။ မြန်မာနိုင်ငံတွင် Facebookသုံးစွဲသူပေါင်း ၁၉ သိန်းကျော်ရှိနေပြီး၊ အမျိုးသား၁၂သိန်းကျော်နှင့်အမျိုးသမီး ၇သိန်းအသုံးပြုလျက် ရှိရာ ထိုအထဲတွင် အသက် ၁၈နှစ်အောက်အသုံးပြုသူပေါင်း နှစ်သိန်းနှစ်သောင်းကျော် သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။

No comments: