Sunday, March 1, 2015

ဆောက်လုပ်ရေးများတွင် အရည်အသွေး စစ်ဆေးခြင်းများ လုံလောက်မှု မရှိ


ရခိုင်အမျိုးသားပါတီ အမတ်လောင်းများ မတ်လတွင် စိစစ်ဆုံးဖြတ်မည်

ဟိန်းကိုစိုး

ရခိုင်အမျိုးသားပါတီ (ANP) မှ ၂ဝ၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို မတ်လ ၁၅ ရက်မှ စတင်ကာ စိစစ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီ (စီးအီးစီ) ဦးအေးသာအောင်က ဖေဖော်ဝါ ရီ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

၎င်းးက ''ရွေးကောက်ပွဲမဝင်မယ့် ဒုဥက္ကဋ္ဌ၊ စီးအီးစီတွေပါတဲ့ ငါးယောက်အဖွဲ့က စတင်ပြီးစိစစ်ဆုံးဖြတ်မယ်၊ ဝင်မယ်ဆိုတဲ့ သူတွေရဲ့ ဖောင်တွေကို မြို့နယ်ကတစ်ဆင့် ဗဟိုကို ဖေဖော်ဝါရီ နောက်ဆုံး အပတ်မှာ အပြီးရောက်လာပါမယ်'' ဟု ဆိုသည်။

ရခိုင်အမျိုးသားပါတီသည် ၂ဝ၁၅ ခု အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် တစ်ခုလုံး၏ ၁၇ မြို့နယ်ရှိ ပြည်သူ့ လွှတ်တော် ၁၇ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၄ နေရာ အား လုံးအပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ တို့ ကို ဝင်ရောက်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်ကို ဝင်ရောက်မည့် အမတ်လောင်းများသည် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများဖြစ်ရမည် ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ ဝင်ရောက်မည့်သူများသည် ပါတီ ဝင်သက်တမ်း ခြောက်လထိရှိသည့် မည်သူမဆို ပါတီမူဝါဒနှင့် ညီညွတ်သူများ ဝင်ရောက်နိုင်သည်ဟု ဦးအေးသာအောင်က ဆိုသည်။

ရခိုင်အမျိုးသားပါတီသည် အမျိုးသမီးနှင့် လူငယ်များပါဝင်ရေးအတွက်ကိုလည်း ဦးစားပေး ရွေးချယ်မှုများ ရှိနိုင်သည်ဟု ပါတီဗဟို အလုပ်အမှုဆောင် ဦးဦးလှစောက ပြောသည်။

မဟာမိတ်ဖွဲ့ထားသည့် ဖက်ဒရယ် ယူနီယံပါတီ၊ တိုင်းရင်းသားလူမျိုးများ မဟာမိတ်နှင့် ဖက်ဒရယ် ဒီမိုကရေ စီ မဟာမိတ်တို့အတွင်းပါရှိသည့် တိုင်းရင်းသားပါတီအများစုသည် မိမိနယ်မြေများရှိ မဲဆန္ဒနယ်အားလုံး တွင် အပြည့်ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အခြားပြည်နယ်တိုင်းများအတွင်းရှိ သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ဖက်ဒရယ် ယူနီယံပါတီထံမှ သိရသည်။

အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အာဏာရပါတီ ပြည်ခိုင်ဖြိုး တို့က မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက်မည်ဖြစ်ပြီး အခြားပါတီများနှင့် ပါတီငယ်များကမူ ပါတီစည်းရုံးမှု မြင့်သည့်နေရာများ နှင့် မဝင်မနေရ သုံးနေရာတို့တွင်သာ ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။

''ကျွန်တော်တို့တော့ လတ်တလော သုံးနေရာလောက်ပဲ ဝင်ပြိုင်ဖို့မှန်းထားတယ်။ နာက်ပိုင်းတော့ ထပ်တိုး နိုင်တယ်။ ရန်ကုန်နဲ့ မန္တလေးမှာပဲ ဝင်ဖြစ်ပါမယ်'' ဟု မြန်မာ့လူ့ဘောင်သစ်ပါတီ တွဲဖက်အတွင်း ရေးမှူး ဦးအောင်ကြည်က မဇ္ဈိမကိုပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသက်တမ်း မကုန်ဆုံးမီ ခြောက်လအတွင်း ရွေးကောက်တင်မြှောက်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ရမည်ဖြစ်သဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲကို အောက်တိုဘာ အကုန်တွင် ကျင်းပရမည် ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲကို ၂ဝ၁၅ခု အောက်တိုဘာလကုန်နှင့် နိုဝင်ဘာ ပထမ အပတ်တွင်းကျင်းပမည်ဟု ထုတ်ပြန်ထားသည်။

တကျော့ပြန် တိုက်ပွဲများနှင့် လောက်ကိုင်မြို့ မြင်ကွင်း

ကျော်မျိုးထွန်း

ကွန်ကရစ်လမ်းများပေါ်တွင် စွန့်ပစ်ထားသည့် မော်တော်ယာဉ်တချို့၏ မှန်နှင့် ကိုယ်ထည်များ၌ ကျည်ဆန် ထိမှန်ထားသည့် အပေါက်ရာများကို အထင်းသားတွေ့နေရသည်။ လမ်းဘေးဝဲယာတွင် အခိုင်အမာ ဆောက်လုပ်ထားသည့် လူနေ ဆိုင်ခန်းများဖြင့် ပြည့်နှက်နေသော်လည်း အခန်းအားလုံးနီးပါး သော့ခတ် ပိတ်ထားကြသည်။ လူတဦးစ၊ နှစ်ဦးစ လှုပ်ရှား သွားလာနေသည်မှအပ ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်။

တပ်မ ၃၃ မှ တပ်မတော်သားများ အပြည့်တင်ဆောင်ထားသည့် ကားနှစ်စီးဖြင့် မြို့တွင်းတွင် ကင်းလှည့်နေကြသည်။ မြို့လယ်ရှိ ငြိမ်းချမ်းရေး ကျောက်တိုင်အနီးတွင် အသင့်အနေထားဖြင့် လုံခြုံရေုးုယူထားသည့် တပ်မတော်သား တချို့တွေ့ရပြီး မြို့တွင်းသွားလာနေသည့် ကားများကို ရပ်တန့် စစ်ဆေးလျက်ရှိသည်။

ရဲဘော်တဦးက ပေ ၃၀၀ ခန့်အကွာရှိ လမ်းကြိုလမ်းကြားတနေရာမှ လမ်းမပေါ်သို့ လမ်းလျှောက်လာသူတဦးကို သေနတ်ဖြင့် ရုတ်တရက် လှမ်းချိန်လိုက်ပြီး စိတ်ချရသည့် အနေအထားရှိမှာသာ သေနတ်ပြန်ချလိုက်သည်ကိုလည်း တွေ့လိုက်ရသည်။

ယင်းအခြေအနေများသည် လက်ရှိ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်၏ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မြင်ကွင်းများပင် ဖြစ်သည်။

လမ်းဆုံလမ်းခွ တနေရာတွင် ပလက်ဖောင်းပေါ်၌ အထုပ်အပိုးကိုယ်စီဖြင့် ကယ်ဆယ်ရေးကား အလာကို စောင့်မျှော်နေသည့် လူတစုကိုလည်း ကွမ်းလုံဒေသခံ ကြက်ခြေနီအဖွဲ့ဝင်များနှင့်အတူ တွေ့ရသည်။

တိုက်ပွဲများကြောင့် လုပ်ငန်းရှင် တရုတ်သူဌေးသည် သူအပါအဝင် ကြံခုတ်အလုပ်သမားများ၏ လုပ်အားခများ မရှင်းပေးဘဲ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် လောက်ကိုင်မြို့ပေါ်၌ ပုန်းအောင်း စောင့်ဆိုင်းနေခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာမှ လာရောက်လုပ်ကိုင်နေသည့် ကိုလှဌေးက ပြောသည်။

“ကျနော်တို့က ဒီလောက်ကြီး ဖြစ်လိမ့်မယ်လို့ မထင်တော့ ဒီမှာ ဆက်နေလိုက်တာ။ နောက်ဆုံး ဘယ်လို့မှ နေမရတော့လို့ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) မှာ ၅ ရက်လောက် သွားအိပ်ခဲ့ရတယ်။ ညတိုင်း တအုံးအုံး တဖုံးဖုံးနဲ့ အပြန် အလှန်ပစ်နေတာပဲ။ ကျနော်တို့ဆို အိပ်လို့တောင်မရဘူး” ဟု ၄င်းက ဆိုသည်။

လက်ရှိ လောက်ကိုင်မြို့ပေါ်၌ ပိတ်မိနေသည့် မြန်မာအလုပ်သမား ၂၀၀ မှ ၃၀၀ ခန့်အထိ ရှိနေသေးကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လောက်ကိုင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ဦးစီးမှူး ဦးကျော်ဇောထူးက ပြောသည်။

ပိတ်မိနေသူများမှာ တိုက်ပွဲများကြောင့် ကြံခင်းများအတွင်း ပုန်းအောင်းနေသူများ၊ ကားမဝင်နိုင်သည့် လမ်းကြိုလမ်းကြားများ၌ နေထိုင်ပြီး ကယ်ဆယ်ရေးကားများဆီ ထွက်မလာရဲသူများ၊ အပြန်လမ်းတွင် ပစ်ခတ်တိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေသူများ နှင့် နေအိမ်ဈေးဆိုင်များ ဖောက်ထွင်းခံရမည်ကို ကြောက်ပြီး ဆက်လက် နေထိုင်နေသူများဖြစ်ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကွမ်းလုံ ဓမ္မစကူးလ်အဖွဲ့မှ မချစ်မီးက “တချို့ အလုပ်သမားတွေကျတော့ တိုက်ပွဲကြောင့် တရုတ်သူဌေးတွေ ထွက်ပြေးသွားလို့ သူတို့လုပ်အားခ မရသေးဘူးဆိုပြီး စောင့်နေတာတွေရှိတယ်။ သူတို့ကို ချော့မော့ပြီး ပြန်ခေါ်လာရတယ်” ဟု ဧရာဝတီကို ပြောသည်။

လောက်ကိုင်မြို့နယ်၊ လော်ပါကျိုင်း ကျေးရွာမှ ကြံခုတ်လုပ်သား ကိုဝင်းထွန်းခိုင်က ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပစ်ခတ် တိုက်ခိုက်သံများကို ကျယ်လောင်စွာ ကြားနေရကြောင်း၊ ပြန်ရန် လမ်းစရိတ် မရှိသဖြင့် ကြံခင်းများထဲတွင် ပုန်းအောင်းနေခဲ့ရကြောင်း ပြောဆိုသည်။

“အရင်ရက်တွေက ပြန်ဖို့စရိတ် လောက်လောက်ငှငှ မရှိတော့ ဒီအတိုင်းနေ နေရတယ်။ မနေ့ကတော့ ပြန်တော့မယ်လို့ ယတိပြတ် ဆုံးဖြတ်လိုက်ပြီး ရွာကားလမ်းဘေးကို ထွက်လာတုန်း ဒီကယ်ဆယ်ရေးအဖွဲ့နဲ့ တွေ့လို့ ကျနော်တို့တဖွဲ့လုံး ပါလာတာ” ဟု ၄င်းက ရှင်းပြသည်။

ထွက်ပြေး တိမ်းရှောင်သွားသည့် တရုတ်လုပ်ငန်းရှင် တချို့မှာ ၄င်းတို့ပိုင် နေအိမ်ဈေးဆိုင်များကို ပိတ်ထားခဲ့ပြီး မြန်မာဝန်ထမ်းတချို့ကို ပုံမှန်လုပ်အားခထက် ပိုပေးကာ အစောင့်အဖြစ်ထားခဲ့ကြကြောင်း သိရသည်။

“တညစောင့်ရင် ယွမ် ၂၀၀ (ကျပ် သုံးသောင်းခွဲခန့်) ရတယ်။ အရင်တုန်းက တလလုံးလုပ်မှ ယွမ် ၂၀၀၀၊ ၂၅၀၀ ဆိုတာ မိုင်ကုန်ပဲလေ။ အခုက အရင်ထက် ၃ ဆလောက်ကို ပိုရတယ်” ဟု လောက်ကိုင်မြို့ရှိ စွမ်းဖူး စက်ပစ္စည်းအရောင်းဆိုင်၌ လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်နေသည့် မုံရွာသား ကိုဇော်ကြီးက ဆိုသည်။

မြို့ပေါ်၌ တိုက်ပွဲကြီးများ မဖြစ်ပွားသော်လည်း ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်သွားကြသည့် မြို့ခံများ၏ နေအိမ်နှင့် ဈေးဆိုင်ခန်းတချို့မှာ ဖောက်ထွင်း ခံထားရသည်။ တံခါးမရှိ ဓားမရှိ တွေ့သမျှ မြင်သမျှပစ္စည်းများကို ဝင်ရောက်ရှာဖွေ ယူငင်နေသူများကိုလည်း နေရာအနှံ့ တွေ့နေရသည်။

“လုတာယက်တာတော့ မရှိဘူး။ ဖောက်ထွင်းတာတွေပဲရှိတယ်။ ဒေသခံ တရုတ်ဆေးသမားတွေက ရှေ့ကနေ ဦးဆောင် ဖောက်ပေးတယ်။ ဗမာတွေက နောက်ကလိုက်ပြီး နည်းနည်းပါးပါး ယူတာတွေရှိတယ်” ဟု စွမ်းဖူး စက်ပစ္စည်းအရောင်းဆိုင်၌ လုံခြုံရေးအဖြစ် လုပ်ကိုင်နေသူ ကိုဌေးဦးက ဆိုသည်။

တိုက်ပွဲများကြောင့် လောက်ကိုင်မြို့တွင် တရားဥပဒေ စိုးမိုးမှု မရှိသလောက်ဖြစ်နေပြီး ပြန်ပေးဆွဲမှုတခုလည်း ဖေဖော်ဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့သေးသည်။

နေအိမ်ခြံဝင်းထဲ၌ ရှိနေသည့် ကြံလုပ်ငန်းရှင် ခင်ပွန်းသည်ကို တရုတ်လူငယ် ၃ ဦးက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တုံချိန်ရပ်ကွက်မှ ဒေါ်နန်းအေပိုင်းက ဧရာဝတီကို ပြောသည်။

“ဘယ်နားမှာ ရှိတယ်ဆိုပြီး သူတို့က မပြောပြဘူး။ အခုတရုတ်ငွေ ၁၅ သိန်း (ကျပ်သိန်း ၂၀၀ ကျော်) နဲ့ လာရွေးဖို့ ပြောနေတယ်” ဟု ၄င်းက ဆိုသည်။

ယင်းပြန်ပေးဆွဲသည့် လူငယ်များသည် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်းလည်း ၄င်းက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ဝင်များမှာ လောက်ကိုင်မြို့အထွက်ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) နှင့် ရဲစခန်းများကိုသာ အဓိက ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က လောက်ကိုင်မြို့ပေါ်၌ တပ်မတော်နှင့် ဖုန်ကြားရှင် တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထက် ယခုတိုက်ပွဲမှာ ပိုမိုပြင်းထန်ကြောင်း၊ တိုက်ပွဲအများစုမှာ ညဘက်တွင်သာ ဖြစ်ပွားလေ့ရှိပြီး နေ့ခင်းတွင် ဖြစ်ပွားမှု မရှိသလောက် နည်းပါးကြောင်း ဒေသခံများက ပြောဆိုသည်။

“ပြန်ချင်တဲ့စိတ်တော့ ပေါ်တာပေါ့။ မိသားစုတွေတော့ လွှတ်လိုက်ပြီ။ မြန်မာပြည်ပြန်လည်း လုပ်ငန်းက သိပ်မရှိဘူးလေ။ စီးပွားရေး အခြေအနေအရ မှေးနေရတာပေါ့လေ” ဟု လုံခြုံရေးဝန်ထမ်း ကိုဌေးဦးက ဆိုသည်။

မြို့ပေါ်တိုက်ပွဲများအတွင်း နှစ်ဖက် ပစ်ခတ်တိုက်ခိုက်နေသည့် ပစ်ကွင်းကြား ရောက်ရှိသွားသည့် ပြည်သူတချို့မှာ သေဆုံးမှုများရှိကြောင်း လောက်ကိုင်မြို့မှ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်လာသည့် မုံရွာသား ဦးသိန်းထွန်းက ပြောပြသည်။

လောက်ကိုင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ ဦးစီးမှူး ဦးကျော်ဇောထူးက “လောလောဆယ်တော့ ဒီနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) အလောင်း ၁၇ လောင်းတွေ့တယ်။ အရပ်သားလား၊ လက်နက်ကိုင်တွေလား ဆိုတာတော့ မသိဘူး။ မြန်မာလူမျိုး ၂ ယောက် ၃ ယောက်လောက်ပဲ ပါပါတယ်။ သူတို့က မှောက်နေတော့ သေချာမမြင်ရဘူး” ဟု ပြောသည်။

ကိုးကန့် ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူ တချို့မှာ တကျော့ပြန်တိုက်ပွဲများတွင် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (NMDAA) ကိုးကန့်တပ်ဖွဲ့ဘက်မှ ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းလည်း သိရသည်။

“တိုက်ပွဲမဖြစ်ခင်တုန်းက အလုပ်လုပ်ရင်း လျှိုဝင်နေတဲ့သူတွေက တကယ်တန်းကျတော့ သူပုန်တွေ ဖြစ်နေတယ်။ အခုလို တိုက်တဲ့အခါကျတော့ အကုန်လုံးထွက်ပြီး တိုက်ကြတာ။ အရင်တုန်းက မိတ်ဆွေတွေကလည်း အခု ရန်သူတွေဖြစ် ကုန်တာပေါ့” ဟု လောက်ကိုင်မြို့၌ ၁၀ နှစ်ကျော်နေထိုင်လာသူ မြို့ခံတဦးက ပြောသည်။

လောက်ကိုင်မြို့ပေါ်၌ လုံခြုံရေးယူထားသည့် တပ်မ ၃၃ မှ တပ်သား တဦးက ကိုးကန့်ပြည်သူနှင့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ခွဲခြားတတ်ကြောင်း၊ အပြစ်မဲ့ပြည်သူများ မထိခိုက်အောင် အတတ်နိုင်ဆုံးဆောင်ရွက် လျက်ရှိကြောင်း ဧရာဝတီကို ပြောကြားသည်။

“ဒီကောင်တွေက အရပ်ဝတ်တွေနဲ့ ကျနော်တို့ကို ခြုံခိုတိုက်တယ်။ တိုက်ပေါ်ကနေလည်း ပစ်တယ်။ ဟိုတယ်ပေါ်ကနေလည်း ကျနော်တို့ကို ဝင်ချတယ်။ အပြင်တော့ လုံးဝမထွက်လာရဲဘူး။ သူတို့လည်း ပိတ်မိနေပြီ။ ကျနော်တို့လည်း ဝိုင်းထားတယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြို့တွင်းတိုက်ပွဲတခုတွင် တပ်မတော်မှ လက်နက်အလက် ၁၀၀ ကျော်ရရှိခဲ့ပြီး MNDAA တပ်ဖွဲ့ ဝင် ၃၀ ကျော် ကျဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကိုးကန့်ဒေသရှိ ဒေသခံပြည်သူများ၊ တရုတ်နိုင်ငံသားများ၊ အစိုးရဝန်ထမ်းများ၊ ရွေ့ပြောင်း အလုပ်သမားများ အပါအဝင် သောင်းနှင့်ချီ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။

ထို့သို ထွက်ပြေးတိမ်းရှောင်ရင်း မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့် ကျောင်းအုပ်ဆရာမကြီး ၁ ဦးနှင့် ဆရာမ ၂ ဦးအပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်း၌ ကိုးကန့်တပ်ဖွဲ့မှ ကားအစီး ၅၀ ခန့်ဖြင့် လောက်ကိုင်မြို့ရှိ ဒကစ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ ပြန်လည် ပစ်ခတ်မှုကြောင့် နောက်ကြောင်းပြန်လှည့် ထွက်ပြေးသွားကြောင်း တပ်မတော် အရာရှိကြီးတဦး၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁၇ နေ့ ရရှိသည့် သတင်းများအရ ယမန်နေ့ ညပိုင်း၌ လောက်ကိုင်မြို့တွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အဆောက်အဦးတချို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

“ညက တညလုံး လက်နက်ကြီးတွေနဲ့ ပစ်တာ။ အခန်းထဲမှာ ပုန်းနေတာတောင် ကိုယ်ခေါင်းနားက ဖြတ်သွားတဲ့ အတိုင်းပဲ။ ဒီမနက် ၉ နာရီလောက်အထိ ပစ်ခတ်နေတုန်းပဲ။ မနေရဲတော့ဘူး” ဟု တုံချိန်ရပ်ကွက်မှ ထွက်ပြေးတိမ်းရှောင်လာသူ ကိုကြည်မြင့်က ပြောသည်။

တိုက်ပွဲပြင်းထန်သဖြင့် မြို့တွင်း၌ ကျန်ရှိနေသေးသည့် ပုန်းအောင်းနေသူ တချို့မှာလည်း ထွက်ပြေး တိမ်းရှောင်လာနေပြီ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ဝင်များ ခိုအောင်းနေသည့် လောက်ကိုင်မြို့ကို ယခုရက်ပိုင်းအတွင်း တပ်မတော်မှ အကြီးအကျယ် ထိုးစစ်ဆင်တော့မည်ဟုလည်း သတင်းများ ကျယ်ကျယ်ပြန့််ပြန့် ထွက်ပေါ်လျက်ရှိသည်

ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းနိုင်တဲ့ ပြဌာန်းချက် အသစ်ဖြစ်ဖို့ ကြိုးစားနေ


တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက် ကျဆင်းနေမှုကြောင့် မြန်မာ့ အိမ်ခြံမြေ ဈေးကွက်အပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်

သီဟကိုကို

တရုတ်နိုင်ငံ၏ အိမ်ခြံမြေစီးပွားရေး ဈေးကွက်ကျဆင်းနေမှုသည် မြန်မာ့အိမ်ခြံမြေ ဈေးကွက်အပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်ဟု မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်း အိမ်ခြံမြေဈေးကွက် House.com.mm က ပြောသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းခဲ့ခြင်းကြောင့် တရုတ်အိမ်ခြံမြေ ဈေးကွက်အပေါ် အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်နေပြီး ဈေးကွက် ကျဆင်းမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ တရုတ်အိမ်ခြံမြေ ဈေးကွက် ကျဆင်းမှု အနေအထားကြောင့် မြန်မာ့ အိမ်ခြံမြေ ဈေးကွက်အပေါ် အကျိုးသက်ရောက်နိုင်မည့် အခြေအနေများကို အိမ်ခြံမြေလုပ်ငန်းရှင် အသိုင်းအဝိုင်းက စောင့်ကြည့်လျက်ရှိသည်။

ပြည့်ဝစေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးစိုးလှထွန်းက ''အိမ်နီးချင်းနိုင်ငံ တစ်ခုအနေနဲ့ တရုတ်ဟာ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအများအပြားကို ပြုလုပ်ထားပြီး တရုတ်အိမ် ခြံမြေဈေးကွက် ကျဆင်းမှုဟာ မြန်မာ့အိမ်ခြံမြေ ဈေးကွက်အပေါ်ကိုလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍများအတွင်း အကြီးဆုံးရင်းနှီး မြှုပ်နှံသူဖြစ်သည့်အတွက် တရုတ်အိမ်ခြံ မြေကျဆင်းမှုမှ မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် ရိုက်ခတ်လာမည်ကို မြန်မာ့အိမ်ခြံမြေလုပ် ငန်းရှင်များက စိုးရိမ်သည်။

House.com.mm ၏ Country Manager Jan Sommerfeld က ''တရုတ်အိမ်ခြံမြေ ဈေးကွက်ကျဆင်းမှုကနေ အိမ်ခြံမြေဟာ လုံခြုံတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်စရာ အခွင့်အလမ်းဆိုတဲ့ ယုံကြည်မှုကို ပပျောက်စေခဲ့မယ်ဆိုရင် လူတွေဟာ သူတို့ရဲ့ငွေကြေးတွေကို အိမ်ခြံမြေကဏ္ဍအတွင်းမှာ ရင်းနှီး မြှုပ်နှံမှုပြုလုပ်မယ့် အစား စတော့ရှယ်ယာ၊ ရွှေစတဲ့ တခြားနေရာတွေမှာ ရင်းနှီးမြှုပ်နှံပါလိမ့်မယ်'' ဟု သုံးသပ်သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိတည်ဆောက်လျက်ရှိသည့် အဆင့်မြင့်အိမ်ရာဆောက်လုပ်ရေး စီမံကိန်းအများစုသည် တရုတ်နှင့် စင်ကာပူအခြေပြု ရင်းနှီးမြှုပ်နှံသူများဖြစ်ပြီး တရုတ်အိမ်ခြံမြေ ဈေးကွက် ကျဆင်းမှုကို ခန့်မှန်းမိသည့်အတွက် အိမ်နီးချင်းနိုင်ငံများတွင် လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။

စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားခဲ့သည့် တရုတ်နိုင်ငံသည် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ်အစိုးရ၏ သတ်မှတ်ထားသော တိုးတက်မှုနှုန်း ၇ ဒသမ ၅ ရာခိုင် နှုန်းကို လွဲချော်ခဲ့ပြီးနောက် စီးပွား ရေးတိုး တက်မှုနှုန်း ကျဆင်းနေချိန်တွင် အိမ်ခြံမြေဈေးကွက်မှာ ပိုမိုလျင်မြန်စွာ ကျဆင်းလာနေခြင်း ဖြစ်သည်။

၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ဇန်နဝါရီလ အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုသည် အမေရိ ကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အရည်အသွေးစစ်ဆေးသည့်ကဏ္ဍ မြန်မာတွင် မရှိသလောက်ဖြစ်

ပိုင်စိုး

ဆောက်လုပ်ရေးအပါအ၀င် လုပ်ငန်းတော်တော်များများမှာ အရည်အသွေးစစ်ဆေးတဲ့ ကဏ္ဍက မရှိသလောက် ဖြစ်နေတယ်လို့ ပညာရှင်တွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အရည်အသွေးကို သေချာမစစ်ကြလို့ တိုက်တွေ ပြိုကျတာ၊ ယိမ်းယိုင် နိမ့်ဆင်းတာတွေ ဖြစ်သလို ဆောက်လုပ်တဲ့ ပုံစံ မမှန်ကန်လို့လည်း လူနေထိုင်ဖို့ မသင့်လျော်တာတွေ ရှိနေတာပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်း အကြံပေး ဒေါက်တာ ကျော်လတ်က “လူသားဆန်တဲ့အိမ်တွေ ဆောက်ဖို့လိုတယ်။ လူသားဆန်တဲ့ ပတ်ဝန်းကျင်လည်း ရှိရမယ်’’ လို့ ပြောပါတယ်။

အဆောက်အအုံတွေနဲ့ပတ်သက်လာရင်တော့ ဗိသုကာ ပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပေမယ့် မြန်မာနိုင်ငံမှာတော့ ဗိသုကာ ပညာရှင်ကို သုံးရကောင်းမှန်းတောင် မသိဘူးလို့ သူက ဆက်ပြောပါတယ်။

ပုဂ္ဂလိကပိုင်းရော၊ အများပြည်သူနဲ့ဆိုင်တဲ့ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေမှာပါ အရည်အသွေးနဲ့ ပတ်သက်ပြီး ဂရုမစိုက်ကြဘူးလို့ ပညာရှင်တွေက ဝေဖန်လိုက်တာပါ။

အစားအသောက်၊ ဆေးဝါးတွေကို အရည်အသွေး ကြပ်မတ်ကြသလို ကျန်တဲ့ ကဏ္ဍတွေမှာလည်း အရည်အသွေးနဲ့ပတ်သက်ပြီး သေသေချာချာ လိုက်နာဆောင်ရွက်ဖို့ လိုနေတာပါ။

အထူးသဖြင့် လူအများနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်မယ့် ကိစ္စမျိုးတွေမှာ ပိုပြီး ဂရုစိုက်သင့်တယ်လို့ အရည်အသွေး စစ်ဆေးတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Myanmar Inspection and Technology-MIT ရဲ့ ဒါရိုက်တာ ဦးသန်းထွန်းဇော်ကပြောပါတယ်။

“ဒီမှာ တခုလွဲနေတာရှိတယ်။ အရည်အသွေးစစ်ဆေးဖို့ တာဝန်ရှိသူက တတိယလူဖြစ်ရမယ်။ ပိုင်ရှင်ဘက်ကနေပြီး လုပ်ငန်းကို စစ်ဆေးရမှာ။ ခုကတော့ လုပ်ငန်းဆောင်ရွက်သူက ငှားနေတာမျိုးတွေလည်း ကြုံရတယ်။’’


ပြည်ပနိုင်ငံတွေမှာတော့ သူ့နိုင်ငံထဲကို တင်သွင်းတဲ့ အစားအသောက် စတာတွေအပြင် သစ်ပင်၊ ပန်းပင်တွေကိုပါ အရည်အသွေးထောက်ခံချက်နဲ့မှ တင်သွင်းခွင့် ပြုနေတာပါ။

မြန်မာပြည်တွင်းမှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားစီမံကိန်းတွေကတော့ နိုင်ငံတကာ အဆင့်မီ အရည်အသွေးစစ်ဆေးတဲ့ ကုမ္ပဏီတွေကို ငှားရမ်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဗိသုကာ ကောင်စီဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ အရည်အသွေးကို စစ်ဆေးသွားဖို့ ရှိနေပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ March, 1st,2015

( 30 )ရန်ကုန်တွင် ၁ ပတ်အတွင်း ယာဉ်မတော်တဆမှု ၄၀ ကျော်ဖြစ်ပွား

( 29 )Myanmar man found dead on Samui

( 28 )ကျပ်သိန်း ၅ဝ နီးပါးစာ စက္ကူလွတ်တွေပါဝင်မှု တရားစွဲဆိုဖို့ စီစဉ်

( 27 )Myanmar to loosen import rules

( 26 )မကွေးတွင် တောင်သူလယ်သမားနေ့ အခမ်းအနား ခွင်ပြုမိန့် မရသော်လည်း ကျင်းပပြုလုပ်မည်

( 25 )Letter from Pazungtaung

( 224 )ကျောင်းသားသပိတ်စစ်ကြောင်းကို အရေးယူဖို့ ဒုတိယမြောက် သတိပေး

( 23 )Towards an Inclusive Approach

( 22 )ယခုအစိုးရ လက်ထက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာရန် နည်းဥပဒေ အမြန်ဆုံးထွက်ရှိရန် လိုအပ်နေ

( 21 )The Search for Solutions

( 20 )ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတ်လ ၁၆ ရက်နေ့ ပြန်လည်စတင်ဖို့ သဘောတူ

( 19 )Freelance Photographer Detained over Facebook Post Mocking Authorities

( 18 )ဆန္ဒပြကျောင်းသား ၅ ဦး တရားစွဲခံရ

( 17 )Students Cry Foul Over Education Ministry Proposals

( 16 )အလုပ်သမားသပိတ် ကူညီမှုနဲ့ ဖမ်းဆီးခံရသူ မိသားစုနဲ့တွေ့ခွင့်မရ

( 15 )China respects Myanmar's sovereignty, territorial integrity

( 14 )ရွှေပြည်သာ အလုပ်သမားတွေ တရားဝင်ဆန္ဒပြခွင့် ငြင်းပယ်ခံရ

( 13 )Labor Official Warns Migrants to Complete Thai Work Registration

( 12 )အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးတော့မည်

( 11 )Shan mining protestors block trucks

( 10 )ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရန် အကြံပြုစာများသောကြောင့် ကျောင်းသားများနှင့် တွေ့ဆုံရန် ရက်မသတ်မှတ်နိုင်သေးဟုဆို

( 9 )US$300 million loan approved for rural development

( 8 )ပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ဖြည့်စွက်ထားသည့် ပုဒ်မသည် ကလေးများ ကျောင်းပညာသင်ခွင့် မဆုံးရှုံစေရန်ဟု ဆို

( 6 )အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် မြန်မာတစ်နိုင်ငံတည်းသာ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းရန် ကျန်ရှိနေဟုဆို

( 5 )Govt Wrong to Suggest Wa, China Involvement in Kokang Conflict

( 4 )စစ်ပွဲတွေကြောင့် ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ချင်းရွှေဟော်မြို့

( 3 )Let Us Stick to Humanitarian Work

( 2 )မိကျောင်းကန် သပိတ်စခန်းဖျက်သိမ်းပြီး ၁၄ ဦးကို ဖမ်းဆီး

( 1 )Two Injured After Blaze at Mae Sot Migrant School

Saturday, February 28, 2015

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အား ပြန်လည်ဖွဲ့စည်း

မာန်ယုကျော် (ရွှေဝမြေ)

မြောက်ဦးရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ယနေ့ မြောက်ဦးတွင် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း အဖွဲ့၏ဥက္ကဋ္ဌ ဒေါ်ခင်သိန်းက ပြောသည်။

“ဒီအဖွဲ့ကို ပထမဖွဲ့တဲ့အချိန်က ပြီးခဲ့တဲ့နှစ်က ရထားလမ်းကိစ္စပေါ်တဲ့အခါ အလောတကြီးနဲ့ဖွဲ့ခဲ့ရတယ်လေ။ အခုတော့ ရခိုင်ပြည်နယ်အစိုးရကလည်း အသိအမှတ်ပြုဖို့အတွက် ဝန်ကြီးချုပ်ကနေ မြောက်ဦးမြို့မှာ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို တရားဝင်ဖြစ်အောင်အတွက်၊ ခိုင်ခိုင်မာမာဖွဲ့ဖို့အတွက်ပြောလို့ ကျွန်မတို့ပြန်ဖွဲ့လိုက်တာပါ”ဟု ယင်းက နိရဉ္စရာသို့ပြောသည်။

အဆိုပါအဖွဲ့ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်က မြောက်ဦးမြို့ရှိ နန်းသားကန်ဘုန်းတော်ကြီးကျောင်းတွင် မြို့ပေါ်မှ သံဃာတော်များနှင့် လူထုပရိသတ် ၇ဝ ခန့်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သူများက ဆိုသည်။

ယင်းအဖွဲ့အနေဖြင့် ယခု ပြည်နယ်အစိုးရ၏အသိအမှတ်ဖြင့် တရားဝင်ပြန်လည်ဖွဲ့စည်းပြီးနောက်ပိုင်း မြို့၏ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်ခင်သိန်းက ထပ်ပြောသည်။

“ဒီအဖွဲ့ကို အရင်သူတို့အသိအမှတ်မပြုခင်လည်း ကျွန်မတို့ အမြဲတမ်းလုပ်နေတာပဲလေ။ အခုအသိအမှတ်ပြုပြီးတဲ့နောက်ပိုင်းမှာလည်း ပိုပြီးတော့ အဆင်ပြေလာမယ်၊ အစိုးရအဖွဲ့တွေနဲ့ ထဲထဲဝင်ဝင်ဆက်သွယ်ပြီးတော့ လုပ်ရတာပိုကောင်းလာမယ်လို့ထင်တယ်”ဟု ယင်းက ဆိုသည်။

ယခုအဖွဲ့အားပြန်လည်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်ခင်သန်း၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးဖြစ်သော ဦးသန်းမြင့်နှင့် ဦးမောင်ညွန့်စိန်နှင့် အတွင်းရေးမှူး ဦးမောင်သိန်းလှိုင်တို့မှာ ယခင်ကဖွဲ့စည်းထားသည့်အတိုင်း အပြောင်းအလဲမရှိခဲ့သော်လည်း အခမ်းအနားသို့တက်ရောက်နိုင်ခြင်းမရှိခဲ့သူများ အဖွဲ့တွင် ပါဝင်လာခြင်းမရှိခဲ့ကြောင်းလည်း ဆိုသည်။

“မြောက်ဦးမြို့မှာ လက်ရှိ ရင်ဆိုင်နေရတဲ့ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေ၊ ရှ့ဟောင်းသမိုင်းဝင် တံတိုင်းတွေနဲ့ ပုထိုးတော် ဖျက်စီးခြင်းခံနေရတာတွေကို ဘယ်လိုတားဆီးကာကွယ်ကြမယ်ဆိုတာတွေလည်း ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်”ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် မြောက်ဦးမြို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ မည်သည့်နေရာတွင်မဆို ရှေးဟောင်းယဉ်ကျေးမှုနှင့်ပတ်သက်ပြီး ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအားလုံးကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ဒေါ်ခင်သန်းက ပြောသည်။

Facebookမှာ တပ်မတော် သရော်ပုံတင်မိတဲ့ ဓာတ်ပုံဆရာတဦး အဖမ်းခံရ

ကျော်ခ

လူမှု ဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှာ တပ်မတော်ကို သရော်ထားတဲ့ ဖြတ်ညှပ်ကပ် ပြုပြင်ထားတဲ့ ဓာတ်ပုံ တခု ကို တင်မိလို့ မုံရွာမြို့ခံ ဓာတ်ပုံဆရာ ကိုအောင်နေမျိုးကို အရေးပေါ် စီမံမှု အက်ဥပဒေနဲ့ မုံရွာမြို့မ ရဲစခန်းက အရေးယူလိုက် တယ် လို့ သတင်း ရရှိပါတယ်။

မုံရွာမြို့နယ် ရဲသတင်းတပ်ဖွဲ့မှ ရဲမှူး မြင့်လွင်က Facebook မှာ ပုံတင်တဲ့ ကိုအောင်နေမျိုးနဲ့ အပေါင်းအပါ တွေကို ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)/(င) တို့အရ အမှုဖွင့် အရေးယူပေးဖို့ မုံရွာ မြို့မ ရဲစခန်းကို တင်ပြခဲ့တာ ဖြစ်တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ နံနက် ၁ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ လောက်ဟာ ကိုအောင်နေမျိုး ဖွင့်ထား တဲ့ မုံရွာမြို့က FOTO စားသောက်ဆိုင်ကို ရောက်ရှိလာကြပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုရှိတယ်လို့ တိုင်ကြားသူရှိတဲ့အတွက် လာရောက် စစ်ဆေးခြင်းဖြစ်တယ်လို့ ပြောဆိုပြီး ဖမ်းဆီးသွားတာလို့ မိသားစုဝင်တွေက ဧရာဝတီကို ပြောပါတယ်။

ကိုအောင်နေမျိုး ရဲ့ မိခင် ဒေါ်ခင်ဆင့်က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တိုင်တဲ့လူရှိတဲ့ အတွက် လာစစ်တာ ဆိုပြီး တဆိုင်လုံး မွှေနှောက်သွားတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်တာဆိုလို့ ဘာမှလည်း မတွေ့ဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ တံဆိပ်ခတ်နှိပ်ထားပြီး Facebook မှာ ပျံ့နှံ့လာတဲ့ ရဲမှူး မြင့်လွင် ကိုယ်တိုင် လက်မှတ်ထိုး တိုင်ကြားထားတဲ့ တိုင်စာထဲမှာတော့ Aung Nay Myo Facebook အင်တာနက် စာမျက်နှာမှာ စီစဉ်သူ – ဦးသိန်းစိန် ၊ ဝတ္ထု – သန်းရွှေ၊ ဇာတ်ညွှန်း – ကြိုင်ကြိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စီစဉ်သည့် မိုးလုံးပြည့် ဝါဒမှိုင်းတိုက်သော ဇာတ်ကြမ်း ကွန်ဒုံ ရက် ၄၀ ဆိုတဲ့ ဓာတ်ပုံ Photoshop လုပ် ထားတဲ့ ပုံကြောင့် အရေးယူပေးဖို့ တိုင်ကြားခဲ့တာလို့ ပါရှိပါတယ်။

အခုလို ဖော်ထားခြင်းဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရကို မေတ္တာပျက်စေရန်၊ စည်းကမ်း ဖီဆန်ရန်၊ အစိုးရရဲ့ ဝတ္တရား ဆောင်ရွက်မှုကို ယုတ်လျော့စေရန်၊ ထိခိုက်စေရန်၊ တားမြစ်စေရန်၊ အနှောင့်အယှက်ပြုစေရန်၊ ပျက်စီးစေရန်၊ မမှန်ကြောင်းသိရဲ့နဲ့ မမှန်သတင်းလွှင့်ရန် ကြံရွယ်ပြီး Facebook စာမျက်နှာမှာ တင်ထားတာလို့လည်း စွပ်စွဲထားပါတယ်။

တကယ်တော့ ၁၉၇၁ ခုနှစ်အတွင်းမှာ တပ်မတော်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တပ်တွေအကြား ရက် ၄၀ အကြာ တိုက်ခဲ့ရတဲ့ ကွမ်းလုံ တိုက်ပွဲကို သမိုင်းဝင် တိုက်ပွဲအဖြစ် ဂုဏ်ပြုပြီး ရိုက်ကူးထားတဲ့ “ကွမ်းလုံ ရက် ၄၀” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ကို “ကွန်ဒုံ ရက် ၄၀” ဆိုပြီး ဟာသ ဓာတ်ပုံ ဖြတ်ညှပ်ကပ် ပညာရှင်တဦးရဲ့ ဖန်တီးမှုက ၂၀၁၅ နှစ်ဆန်းပိုင်းကတည်းက Facebook စာမျက်နှာတွေဆီမှာ ပျံ့နှံ့နေတာပါ။

အဲဒီလို ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ ဓာတ်ပုံထဲမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ် တော် နာယက သူရ ဦးရွှေမန်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ပြည်သူ့ လွှတ်တော် အမတ် ဦးလှဆွေ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ Facebook စာမျက်နှာတွင် အစိုးရနဲ့ စစ်တပ်ဘက်က ဝါဒဖြန့် စာတွေရေးသားနေတဲ့ ရောင်နီဦး၊ ရဲမိုး တို့နဲ့ အတူ မန္တလေးက မစိုးရိမ်တိုက်သစ် ဆရာတော် အရှင် ဝီရသူ လည်း ပါဝင်ပါတယ်။

အဲဒါကြောင့်လည်း ဖမ်းဆီးခေါ်ဆောင်သွားစဉ်မှာ ကိုအောင်နေမျိုး အသုံးပြုနေတဲ့ ကွန်ပျူတာ၊ ဟန်းဖုန်းနဲ့ ဆိုင်အတွင်း တပ်ဆင် ထားတဲ့ CCTV မှတ်တမ်းတွေကိုပါ ဖြုတ်ယူသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းအချိန်ထိ ကိုအောင်နေမျိုး အသုံးပြုတဲ့ လူမှုကွန်ရက် Facebook စာမျက်နှာဟာ အွန်လိုင်း ပွင့်နေတဲ့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အာဏာပိုင်တွေက မွှေနှောက်နေဖွယ် ရှိတယ်လို့လည်း သူ့ရဲ့ မိတ်ဆွေတွေက ဧရာဝတီကို ပြောပါတယ်။

ကိုအောင်နေမျိုး ကိုဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ မြန်မာနိုင်ငံ သတင်း ရဲ တပ်ဖွဲ့ ကဖြစ်တယ်လို့ မုံရွာမြို့ပေါ်က ရဲစခန်းတွေက ပြောပေမယ့် မြို့ပေါ်ရှိ သတင်းရဲတပ်ဖွဲ့က သူတို့ ဖမ်းတာမဟုတ်ဘူးလို့ ငြင်းပါသေး တယ်။

အဖမ်းမခံရမီ ၂ ရက်လောက်ကတည်းက ကိုအောင်နေမျိုးရဲ့ဆိုင်ကို စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) အရာရှိတယောက် ရောက်လာပြီး သူ့အကြောင်းတွေကို စုံစမ်းမေးမြန်းသလို ကိုအောင်နေမျိုးရဲ့ မိတ်ဆွေတွေထံမှာလည်း တဆင့် မေးမြန်းမှုတွေ ရှိကြောင်း အဖမ်းမခံရမီ နာရီပိုင်းအလို ဧရာဝတီ ကို ကိုအောင်နေမျိုးက ပြောဆိုခဲ့ပါသေးတယ်။

“သူတို့က ကျနော့်ကို မျက်စိ ဆံပင်မွေးစူးနေတာ ထင်တယ်။ Facebook ပေါ်က ကိစ္စလောက်နဲ့တော့ ကျနော့်ကို မလုပ်လောက် ဘူး။ ကျနော်က ဒီမှာ ပညာရေး သပိတ်မှောက် ကျောင်းသားတွေကို ဆိုင်မှာ ထမင်းတွေ ဘာတွေ ကျွေးတာတွေရှိတယ်”လို့ အဖမ်းမခံရခင် နာရီပိုင်း အလိုမှာ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ မြစ်ကြီးများကို မထိန်းသိမ်းပါက တိမ်ကောသွားနိုင်


သရေခေတ္တရာ ရှေးဟောင်းဇုန်တွင် ကြံစိုက်ရန် မြေထွန်ရာမှ ရှေးဟောင်း ကုန်းတော် ခုနစ်ခု ပျက်စီးခဲ့ရဟု ဆို

ရေခဲ (ပြည်)

ပြည်မြို့၊ သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ ကြံစိုက်ရန် မြေထွန်ယက်ခြင်းကြောင့် ရှေးဟောင်းကုန်းတော် ခုနစ်ခု ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။

''နောက်ထပ် အသစ်စိုက်ဖို့မြေကို တိုးချဲ့ပြီးထွန်တာ။ ကျွန်တော်တို့ရဲ့ ရှေးဟောင်းပျူတိုက်ထဲမှာ ကုန်းလေးတွေ အများကြီးရှိတယ်။ အဲဒီထဲက ခုနှစ်ကုန်းလောက် သူတို့က ထွန်ထားတယ်။ ဒီကုန်း ခုနှစ်ကုန်းက အပေါ်ယံပျက်စီးပြီး အုတ်တွေထွက်လာတယ်။ အောက်က ပန္နက်တွေ တော့မထိသေးဘူး'' ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ပြည်မြို့ တောင်ခွေးရဲကျေးရွာအုပ်စု၊ သရေခေတ္တရာ ရှေးဟောင်းဇုန်၊ တောင်ဖြူ တိုက်အတွင်းရှိ လုပ်ငန်းရှင် ဦးထိုင်ထိုင် ပိုင်ယာမြေများကို ကြံစိုက်ပျိုးရန် ထွန်ယက်ခဲ့သဖြင့် ဒေသခံများ၏ သတင်းပေးချက်အရ ဖေဖော်ဝါရီ ၂၃ ရက်တွင် ရှေးဟောင်းသုတေသနက သွားရောက်စစ်ဆေးခဲ့ရာ ရှေးဟောင်းကုန်းခုနစ်ခု ပျက်စီးခဲ့ခြင်း ဖြစ်သည်။

ဦးထိုင်ထိုင် က ''ကြံစိုက်ဖို့လုပ်တုန်း ကုန်းတွေပျက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကြံခင်းတွေ မီးလောင်မှာ ဆိုးလို့ မီးတားဖို့ မောင်းရင်းနဲ့ အဲဒီ ဧရိယာအစပ်ကို ရောက်သွားတာပါ။ ရှေးဟောင်းက လာတားတော့ရပ် လိုက်ပါတယ်''ဟု ပြောသည်။

အဆိုပါ ရှေးဟောင်းကုန်းတော် ပျက်စီးခဲ့ခြင်းနှင့် ပတ်သက်ပြီး ဖြစ်စဉ်ကို အရေးယူဆောင်ရွက်ရန် မြေပုံကြမ်းရေးဆွဲကာ မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ တစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြထားသည်ဟု လည်း ဦးကျော်မျိုးဝင်းက ပြောသည်။

ကြံစိုက်ပျိုးရန် မြေထွန်ခဲ့ခြင်းကြောင့် ပျူတိုက်၏ ထောင့်တစ်ခုမှ ကျောက်အရိုးအိုး သုံးပိုင်းတွေ့ရှိသည်ဟု ၎င်းက ပြောသည်။

မတ်လတွင် မွန်ပြည်နယ်မဲဆန္ဒရှင်စာရင်း ပြုစုမည်

ကသီ

မွန်ပြည်နယ်အတွင်း လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို IFES (International Foundation of Electrical System) အဖွဲ့၏ အကူအညီဖြင့် လာမည့်မတ်လ ပထမပတ်မှ စာရင်း စတင်ပြုစုသွားမည်ဟု သိရသည်။

ပည်နယ်ရွေးကောက်ပွဲကော်မရှင်မှ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းကို အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကောက်ယူထားသည့် စာရင်းကို အခြေခံပြီး မတ်လ ၃ ရက်နေ့မှ စတင်ပြုစုမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ပြီးခဲ့သည့် ရက်သတ္တပတ်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

“လူဦးရေစာရင်းက update ဖြစ်မှ မဲစာရင်းသွင်းလို့ရမှာ၊ မဲစာရင်းသွင်းတဲ့ အချိန်မှာလည်း အမျိုးအစား (၄) မျိုးခွဲထားတယ်၊ ဒါပေမဲ့ အခုစောစောပိုင်းမှာတော့ သုံးမျိုးကို အရင်ပြုစုသွားမယ်” ဟု ဦးဟိဏ်လင်းထက်က ပြောသည်။

ပထမ အမျိုးအစားသည် မြို့နယ်အတွင်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိပြီး သတ်မှတ်ချက် ဥပဒေနှင့် ညီညွတ်၍ အသက် ၁၈ နှစ်ပြည့်သူဖြစ်ရမည်၊ တတိယ အမျိုးအစားမှာ မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကဒ် သုံးခေါက်ချိုးများရှိသော်လည်း မည်သည့်နေရာမှ သန်းခေါင်စာရင်းမရှိသူ သို့သော် ၁၈ နှစ်ပြည့်ပြီး မဲထည့်ရန် ဥပဒေနှင့် ညီညွတ်သူ၊ စတုတ္တအမျိုးစားမှာ မှတ်ပုံမရှိနှင့်အခြား မည်သည့်ကဒ်မှမရှိသူ သို့သော် ၁၈ နှစ်ပြည့်ပြီး ဥပဒေနှင့် ညီညွတ်သူတို့ကို ဦးစားပေး ပြုစုသွားမည်ဟု ၎င်းက ဆိုသည်။

ဒုတိယအမျိုးအစားဖြစ်သည့် မိမိနေထိုင်ရာမြို့နယ်တွင် တာဝန်မကျဘဲ တခြားမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတို့၏ စာရင်းကို မပြုစုသေးကြောင်း ဒုတိယအမျိုးအစားကို ရွေးကောက်ပွဲ ကြေညာပြီးမှသာ သီးသန့် စရင်းထည့်သွင်းပြုစုသွားမည်ဟု ကော်မရှင်က ပြောသည်။

ယခုအစောပိုင်းတွင် လဝက ပုံစံ ၆၆/၆ နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးတို့၏ လူဦးရေစာရင်းကို ပြန်လည်စီစစ် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ကျနော်တို့ရွာမှာတော့ မဲဆန္ဒရှင်စာရင်းကောက်နေပါပြီး၊ အကြမ်းဖျဉ်းတော့ ပြီးနေပြီး၊ အခုအချောသတ်နေကြတယ်” ဟု ပြောသည်။

အိမ်ထောင်စုစရင်းအတွင်း အသက် ၁၈ နှစ်နှင့်အထက်ရှိသူ မဲပေးနိုင်သည့် လူဦးရေကို အဓိကထား ကောက်ယူနေကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရန် IFES အဖွဲ့မှ ကွန်ပျူတာ ၃၀ လုံး ပံ့ပိုးပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရှိ မြို့နယ် ၂၀ မြို့နယ်မှ ကော်မရှင်အဖွဲ့ဝင် ၆၅ ဦးတို့ကို သင်တန်းပေးသွားမည်ဖြစ်ကြောင်းနှင့် မတ်လ ၃ ရက်နေ့မှ စတင်၍ စရင်းထည့်သွင်းပြုစုသွားမည်ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

IFES အဖွဲ့မှ အဆိုပါသင်တန်းအတွက် ကွန်ပျူတာ ၃၀ လုံးကို ပထမအသုတ်ပေးသွားမည်ဖြစ်ပြီး ဒုတိယအသုတ်တွင် ကွန်ပျူတာ ၁၁၆ ကို ထပ်မံပံ့ပိုးပေးသွားမည်ဟု သိရသည်။

တနိုင်ငံလုံး မဲဆန္ဒရှင်စာရင်းပြုစုခြင်း ပထမအဆင့်တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ၎င်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ၎င်း၊ တတိယအဆင့်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ၎င်း၊ စတုတ္ထအဆင့်ကို ဖေဖော်ဝါရီလမှ ဧပြီလအထိ၎င်း ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လျာထားသည်။

မွန်ပြည်နယ်အတွင်း ရရှိလာသော အခြေခံမဲဆန္ဒရှင်စာရင်းများကို IFES မှမဲဆန္ဒရှင်စာရင်ထည့်သွင်းမည့် ဆောဝဲလ်တွင် စုစည်းပြီး နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်ရှိ ဆာဗာတွင် သိမ်းဆည်းမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ကော်မရှင်ခွဲသို့ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲကို ယခုနှစ်မကုန်ခင် အောက်တိုဘာလ နောက်ဆုံးအပတ် သို့မဟုတ် နိုဝင်ဘာလ ပထမအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက် အတိအကျကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

မြန်အောင်တွင် ကြွက် အန္တရာယ်ရှိနေ


မင်းအုပ်စိုး ရှေ့နေ၏ မေးခွန်းအချို့ တရားခွင်တွင် ပယ်ချခံရ

ကျော်စိုးမိုး

လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုအတွက် တရားလိုကို စတင်စစ်ဆေးရာတွင် တရားစွဲခံထားရသူ၏ ရှေ့နေမေးမြန်းသည့် မေးခွန်းအချို့ကို တရားသူကြီးက မေးမြန်းခွင့်မပြုခဲ့ပေ။

သရုပ်ဆောင်၊ ဒါရိုက်တာမင်းအုပ်စိုး၏ အမှုအတွက် ပထမဆုံးရုံးထုတ်စစ်ဆေးခြင်းအဖြစ် အမှုကိုတရားလိုပြု တိုင်တန်းထားသည့် တရားလိုဖြစ်သူဒဂုံမြို့မရဲစခန်းမှ ရဲအရာခံလင်းထွဋ်ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၂) ကစတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ရဲအရာခံ လင်းထွဋ်ကို မေးခွန်းများ မေးမြန်းစစ်ဆေးခဲ့ရာ တရားစွဲခံထားရဘက်မှ ရှေ့နေ၏ မေးခွန်းဖြစ်သည့် အခင်းဖြစ်ပွားချိန်တွင် အတူနေထိုင်သူများကို စစ်ဆေးပါက မင်းအုပ်စိုးက တေးနုရင်ကိုသတ်ခဲ့ခြင်း သို့မဟုတ် မတော်တဆဖြစ်ခြင်းကို အတိကျ သိနိုင်ပါသလားဟု မေးမြန်းခဲ့ရာ တရားသူကြီးက ယင်းမေးခွန်းစပ်လျဉ်း၍ ရုံးတော်မှ သက်သေသည် တရားလိုသာဖြစ်ပြီး အမှုစစ်မဟုတ်ခြင်း၊ မေးခွန်းမှာလည်း ထင်မြင်ချက်မေးခွန်းဖြစ်သဖြင့် မေးမြန်းခြင်းမပြုရန် အမိန့်ချမှတ်လိုက်သည်။

ထပ်မံ၍ မင်းအုပ်စိုးသည် တေးနုရင်ကိုထိုးကြိတ်ခြင်း၊ ကန်ကျောက်ခြင်း၊ ကိုင်ဆောင့်ခြင်းများပြုလုပ်ခဲ့သဖြင့် သေဆုံးခဲ့သည်ဟု စခန်းတွင် လာရောက်ဝန်ခံခဲ့ပြီး စခန်းမှသွားရောက်စစ်ဆေးခဲ့ရာ မင်းအုပ်စိုး၏ ထွက်ဆိုချက်နှင့်မှန်ကန်သဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလျှင် မည်သည့်အချက်များ မှန်ကန်ကြောင်း ရှင်းလင်းပေးရန် တရားစွဲခံထားရသူ၏ ရှေ့နေကမေးမြန်းခဲ့သည်။

တရားသူကြီးက ရုံးတော်မှ အဆိုပါမေးခွန်းသည် အပြန်အလှန်မေးရာတွင် တိုက်ရိုက်မေးမြန်းခြင်းမဟုတ်ဘဲ ရှင်းပြခိုင်းခြင်းဖြစ်ရာ သက်သေမှ အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ဖြေကြားပြီးဖြစ်သဖြင့် မေးမြန်းခွင့်မပြုပါဟု ပြောသည်။

မင်းအုပ်စိုးသည် တေးနုရင်ကို သေစေလိုသည့် ရည်ရွယ်ချက်မရှိဘဲပေါ့ဆ၍သာ တေးနုရင်သေဆုံး သွားခြင်းဖြစ်သည်ဟုဆိုလျှင် တရားလိုက မိမိသည် မင်းအုပ်စိုး၏စိတ်အတွင်းသဏ္ဍန်ကိုမသိသဖြင့် မပြောနိုင်ပါဟုထွက်ဆိုခဲ့သည်။

တေးနုရင်သည် မင်းအုပ်စိုး၏ သရပါမဂ္ဂဇင်းတိုက်တွင် အခြားအမျိုးသမီး လေးဦးနှင့်အတူ နေထိုင်ခြင်းဖြစ် သော်လည်း အခင်းဖြစ်ပွားသည့်နေ့တွင် အမျိုးသမီးတစ်ဦးမှာ ၎င်း၏ နေအိမ်သို့ပြန်သွားသဖြင့် အမျိုးသမီးသုံးဦးသာရှိသည်ကို ဗဟန်းရဲစခန်းထံမှသိရပြီး ယခုရုံးရှေ့တွင်တရားစွဲခံထားရသူ၏ ရှေ့နေဘက်မှ အချက်အလက်နှင့်ကွဲပြားမှုများရှိနေသည်ဟု သေဆုံးသူ၏ အစ်မ၀မ်းကွဲတော်စပ်သူ မသင်းသင်းမူကပြောသည်။

" အမှုဖြစ်ပြီးဗဟန်းရဲစခန်းကသိရတာက အဲ့ဒီနေ့ကတေးနုရင်တို့နေတဲ့ အခန်းမှာ အခန်းဖော် သုံးယောက်ပဲရှိတယ်လို့သိရပါတယ်၊ အခုတစ်ဖက် ရှေ့နေရဲ့ပြောဆိုချက်ကလေး ယောက်ဖြစ်နေလို့ ကွဲလွဲမှုတွေရှိနေတာကို တင်ပြသွားမှာပါ၊ အခင်းဖြစ်ရပ်ကို သေဆုံးသူနဲ့ပြု လုပ်တဲ့သူသာသိနိုင်တဲ့ ကိစ္စရပ်ပါ၊ တစ်ဖက်ရှေ့နေရဲ့တစ်ဖက်သတ်ပြောဆိုမေးမြန်းချက်တွေကို လဲ အခုအချိန်မှာဘာမှမပြောချင်ပါဘူး၊ တရားရုံးက အမှန်တရားပေါ်ပေါက်အောင်ပဲ ဆောင်ရွက်ပေးစေချင်ပါတယ်။ " ဟုပြောသည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၇ နှစ်ဝန်းကျင် ခန့်ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါမဂ္ဂဇင်းတိုက်သည် မင်းအုပ်စိုး၏နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင်ပိတ်သည့်ရက်များတွင် တိုက်၌ ပင်ညအိပ်လေ့ရှိသူတစ်ဦးဖြစ်သည်။

အမှုဖြစ်စဉ်မှာပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင်မင်းအုပ်စိုး၏နေအိမ်တွင် သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုရင်(ခ)တေးနုရင်ကို လူမှုရေးကိစ္စမေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုးထိုးကြိတ် ရိုက်နှက်ခဲ့ရာမှ မနုနုရင်သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်း ရဲအရာခံလင်းထွဋ်က တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်သည့် လူသေဆုံးသည်အထိရိုက်နှက်ခဲ့သည့် သရုပ်ဆောင်မင်းအုပ်စိုးကို ဒီဇင်ဘာ ၂၅ ရက်တွင် ဗဟန်းမြို့မရဲစခန်းက (ပ)၅၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီးလာမည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုံးချိန်းထပ်မံစစ်ဆေးမည်ဖြစ်သည်။

ထိုင်းတောင်ပိုင်း ကော့စမွီတွင် မြန်မာ ၁ ဦး ထပ်မံအသတ်ခံရ

နန်းမြနဒီ

မကြာခင်ရက်ပိုင်းက မွန်အမျိုးသမီး ၁ ဦး အသတ်ခံခဲ့ရတဲ့ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်အစောပိုင်းက အသက် ၂၀ ကျော်အရွယ် မြန်မာအလုပ်သမား ၁ ဦး ထပ်မံ အသတ်ခံရတယ်လို့ ထိုင်းဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက် နယ်မြေ ၆ ထဲမှာ လူ ၁ ဦးရဲ့အလောင်း တွေ့ရှိကြောင်း ဖေဖော်ဝါရီ ၂၇ ရက် မနက်မှာ သတင်းရရှိချက်အရ ကယ်ဆယ်ရေးဝန်ထမ်း၊ မှုခင်းဆရာဝန်တွေ နဲ့အတူ သွားရောက်စစ်ဆေးရာမှာ ဖူးချဝိုင်စားသောက်ဆိုင် လမ်းဘေးမှာ အသက် ၂၀ ရွယ် လူရွယ်တဦး သေဆုံးနေတာ တွေ့ရတယ်လို့ ကော့စမွီအထူး စုံစမ်းစစ်ဆေးရေးအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူဟာ ဘန်ဒိုင်းစားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုသက်စိုး (အသက် ၂၂ နှစ်) ဖြစ်ပြီး ရင်ဘတ်မှာ ချွန်ထက်လက်နက်နဲ့ထိုးထားတဲ့ ဒဏ်ရာနှစ်ချက်၊ လည်ပင်းပြတ်လုနီးပါး ဓားဒဏ်ရာ၊ မျက်နှာမှာ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိတယ်လို့ စုံစမ်းရေးရဲအရာရှိက ပြောပါတယ်။

သေဆုံးသူနဲ့နီးစပ်တဲ့ အပေါင်းအသင်းတွေ မေးမြန်းရာမှာတော့ တဆိုင်တည်းမှာ အလုပ်လုပ်သူ ထိုင်းလူမျိုး နိုင်းနတ်တ၀တ်ကျန်ကြိုင်က သေဆုံးသူဟာ အရက်မသောက်၊ ဆေးလိပ်မသောက်ဘဲ ရိုးသားကြိုးစားသူတဦးဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ညက မနက် ၂ နာရီ (ဖေဖော်ဝါရီ ၂၇) ထိ အလုပ်ဆင်းပြီး ဆိုင်ကယ်နဲ့ ပြန်သွားတယ်လို့ ပြောပါတယ်။

အခြားမိန်းကလေးသူငယ်ချင်းဖြစ်သူ မယုဝေေ၀ရဲ့ ပြောပြချက်အရတော့ သေဆုံးသူဟာ မနက် ၂ နာရီ မိနစ် ၂၀ မှာ သူ့ကို ဖုန်းခေါ်ပြီး အဖမ်းခံရတဲ့အကြောင်း အကူအညီတောင်းနေစဉ်မှာ ဖုန်းချသွားတယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ အလောင်းဘေးမှာ တွေ့ရတဲ့ ဖိနပ်ရာတွေ၊ ဆိုင်ကယ်ဘီးရာတွေကို ကြည့်ခြင်းအားဖြင့် လူသတ်သမားဟာ၂ ယောက်ထက် ပိုနိုင်ကြောင်း၊ သူ့ရဲ့ အသိမိတ်ဆွေထဲက ဖြစ်နိုင်ပြီး ကြိုတင်ချိန်းချက်ထားဟန်လည်းရှိကြောင်း၊ ပြဿ နာတခုခုကို ညှိနှိုင်းမရတာနဲ့ လက်စဖျောက်လိုက်ဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းပြောဆိုပြီး တရားခံကို ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းရှာဖွေနေတယ်လို့ ရဲအရာရှိကို ကိုးကားပြီး ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော့စမွီမြို့ ရခိုင်လူမှုကူညီရေးအဖွဲ့က ကိုသန်းရွှေကလည်း အသတ်ခံရ သူဟာ မွန်ပြည်နယ်ကလို့ပဲ သိထားပြီး နောက်ထပ်အသေးစိတ်သိရဖို့ မေးမြန်းနေဆဲပဲလို့ ဆိုပါ တယ်။

ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက်ထဲမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း အသက် ၂၂ နှစ်ရွယ် မချောငယ်ငယ်ဆိုတဲ့ မွန်အမျိုးသမီးတဦး အသတ်ခံခဲ့ရပြီး သူ့အလောင်းကို ဒီကနေ့ မွန်းလွဲပိုင်းက ကော့စမွီမြို့ ဘန်ရတ်ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ဒီလူသတ်မှု နှစ်ခုဟာ ဆက်နွှယ်မှုရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

ခဲစက္ကူလုပ်ငန်းများ ပြည်ပ သွင်းကုန်ကြောင့် အခက်အခဲတွေ့


အမြန်လမ်းပေါ်မှ အဝေးပြေးကားကို လေးခွနှင့်ပစ်သူ ဖမ်းဆီးအရေးယူ

ကျော်စိုးမိုး

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် မောင်းနှင်နေသည့် ခရီးသည်မှန်လုံ အဝေးပြေးကား တစ်စီးကို လေးခွနှင့် ပစ်ခတ်သည့် အမျိုးသား တစ်ဦးကို ဖမ်းဆီးအရေးယူထားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု နေပြည်တော်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက် ၁ နာရီခွဲခန့်က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၅၈ အနီးတွင် ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ကိုသူရမောင်းနှင်လာ သည့် ဝေဖြိုးအောင် ခရီးသည်မှန်လုံယာဉ်ကို လမ်းဘေးတွင်ရပ်နေသည့် လူတစ်ဦးက လေးခွဖြင့်ပစ်ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်ခဲ့သဖြင့် ယာဉ်၏ယာဘက်ဘေးမှန်နားကို ထိမှန်ခဲ့ပြီး ယာဉ်မောင်းက ရေတာရှည်မြို့နယ်၊ စမိုးရဲကင်းသို့ အကြောင်းကြားခဲ့သဖြင့် ရဲကင်းစခန်းနှင့်ဇီးပင်သာ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း စုံစမ်းချက်အရ ကားကို လေးခွဖြင့်ပစ်ပြီး ထွက်ပြေးခဲ့သူမှာ ရေတာရှည် မြို့နယ်၊ ကရင်ချောင်းကျေးရွာတွင်နေ ထိုင်သည့် အသက် ၂၅ နှစ်အရွယ် အောင်ထွန်းဝင်းဟု သိရှိခဲ့ရ သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ အောင်ထွန်းဝင်းကို ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းက (ပ) ၅။၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၇၉-က ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

အမဲနယ်မြေ သတ်မှတ်စရာအကြောင်း မရှိတော့ဟု တစည ဆို

ကယားထဲ

၂၀၁၀ ရွေးကောက်ပွဲက နယ်မြေ မအေးချမ်း၍ မဲရုံဆောက်ခွင့်မရသည့် ဒေသများကို အမဲရောင်နယ်မြေအဖြစ် ဆက်လက်သတ် မှတ်နိုင်စရာအကြောင်းမရှိတော့ကြောင်း ပြည်နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဌ ဦးအောင်လင်းက ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ပြောသည်။

“အမဲရောင်နယ်မြေဆိုတာတွေက မပြောသင့်တော့ဘူး။ မပြောရဲတော့ဘူး။ ပြောဖို့ အချိန်မဟုတ်တော့ဘူး။ အမဲရောင်နယ်မြေ သတ်မှတ်တာမျိုးတွေလည်း ရှိလာနိုင်မယ်လို့တော့ မထင်တော့ပါဘူး” ဟု ပြောသည်။

ပြည်နယ်တွင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပပြီး ဆက်ဆံရေး ရုံးများ ထားရှိနေ သည်ကို တွေ့မြင်နေရသည့်အတွက် ယုံကြည့်မှုရှိနေပြီဖြစ်ကြောင်း ဦးအောင်လင်းက ဆိုသည်။

တပြည်နယ်လုံး တွင် ကျေးရွာအုပ်စု ၇၉ အုပ်စုရှိရာ လုံခြုံရေးကန့်သတ်ချက် ကြောင့် ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကျေးရွာ အုပ်စု ၂၇ အုပ်စုတွင် မဲရုံမဖွင့်နိုင်ခဲ့ကြောင်း ပြည်နယ်ကော်မရှင် အရာရှိ ဦးကျော်ဆန်းဝင်းက ပြောသည်။

ဦးကျော်ဆန်းဝင်းက “လာမည့် ရွေးကောက်ပွဲတော့ အခုတော့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတဲ့အတွက် အကုန်လုံး ကျင်းပသွားနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် ကယားပြည်နယ် လွတ်တော်သုံးရပ်နေရာများတွင် မြို့နယ်တိုင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟုလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်းက ပြောသည်။

ဦးသိန်းထွန်းက “ပြည်နယ်မှာရှိတဲ့ ပြည်နယ်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှု တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှု စီးပွားရေး ၊ လူမှုရေး ဖွံ့ဖြိုးမှုတွေကို တတ်စွမ်းသလို ဖော်ထုတ်ပါမယ်”ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တစည ဗဟိုကော်မတီဌာနချုပ် အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် မြို့နယ် ကော်မတီဝင်များက ပါတီနိုင်ငံရေးလှုပ်ရှားနေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ဒီးမော့ဆိုမြို့ တစညရုံး၌ ကျင်းပသွားခဲ့ကြပြီး နောက် ယခုလို ပြောကြားသွားခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ၌ တပြည်နယ်လုံးတွင် မဲရုံ ၂၅၅ ရုံစာရင်း ရှိသော်လည်း ၁၈၅ ရုံသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြည်နယ်ကော်မရှင်ရုံးမှ မှတ်တမ်းအချက်အလက်ရ သိရှိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံမဖွင့်နိုင်ခဲ့သည့် အမဲနယ်မြေ ကျေးရွာအုပ်စုများမှာ လွိုင်ကော်မြို့နယ် တီးလုံ၊ ပါလောင်း၊ ဒီးမော့ဆိုမြို့နယ်တွင် ဒေါဖု၊ ဒေါမကြီး၊ ထီးဖိုးကလို၊ ဒေါရောက်ခူ၊ ရှားတောမြို့နယ် မြောက်ပိုင်း ကျေးရွာများ၊ မဲစယ်မြို့နယ်တွင် ဟိုဂျစ်၊ ဘော်လခဲမြို့နယ်တွင် ဘူးခူ၊ စောလုံ အုပ်စုတို့ဖြစ်ကြသည်။

မြို့ပေါ်နှင့် အနီးအနားတွင်သာ မဲရုံရှိခဲ့သည့်မြို့နယ်များမှာ ဖားဆောင်းမြို့နယ်နှင့် ဖရူဆိုမြို့နယ်ဖြစ်သည်။

ဖားဆောင်းတွင် အမဲနယ်မြေအဖြစ် သတ်မှတ်သည့် အုပ်စုများမှာ ဝမ်အောင်း၊ ကွာခီး၊ ကော်သူဒိုး၊ မိုဆာခီး၊ ဘဟန်းလော့၊ ကရယ်ခီး နှင့် ဖရူဆိုမြို့နယ်တွင် ကေကော၊ သိုသီးဖို၊ သော်ခူ၊ ရော်ဒေါ်ခေါ၊ ဒိုမိုစော၊ ဟိုယာ၊ ဒိုးပရယ်၊ ဒိုးလာစော၊ ကေးလျား၊ ရာဧပရား၊ မြို့မ တို့ပင်ဖြစ်ကြသည်။

လောက်ကိုင် အခြေအနေ ပြန်လည်တည်ငြိမ်အောင်ကြိုးစားနေ


ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင် အကောင်အထည်ဖော်ရန် ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်း

အောင်သူရထွန်း

အချို့သော နိုင်ငံများတွင် အသက် ၁၈ နှစ်ပြည့်ပြီးပါက မဖြစ်မနေ စစ်မှုထမ်းဆောင်ရ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင် အကောင်အထည်ဖော်ရန် စဉ်းစားသုံးသပ်နိုင်ရေးကို ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်ခိုင်ဖြိုး ပါတီအမတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းပြောကြားလိုက်သည်။

ဦးမန်းကံညွန့်က ''နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့အတိုင်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ဖို့ လိုနေပါပြီ'' ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၁၉၅၉ ခုနှစ်တွင် သမ္မတ မန်းဝင်းမောင် လက်မှတ်ထိုး ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေသည် အရပ်ဘက် ဆရာဝန်များ စစ်မှုထမ်းခြင်းအတွက်သာ ကျင့်သုံးမှုကလွဲ၍ ကျန်ကိစ္စများအတွက် သုံးစွဲခြင်းမရှိဘဲ လက်ရှိခေတ်အခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်ရန် လိုအပ်အချက်များရှိနေ သည်ဟုလည်း ကိုယ်စားလှယ်က ပြောသည်။

၎င်းက ''ပြည်ပရန်နဲ့ကြုံလာမှ ပြည်သူတွေကို စစ်ထဲထည့်ပြီး နိုင်ငံတော် ကာကွယ်ရေးကို ဆောင်ရွက်မယ် ဆိုရင်တော့ အချိန်က အလွန်နောက်ကျသွားပါမယ်။ ဒါကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင် အကောင်အထည်ဖော်ထားရပါမယ်'' ဟု ဆိုသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၏ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) ပုဒ်မ- ၃၄ဝ တွင် ဖော်ပြထားသည့်အချက်တွင် အပိုဒ်ခွဲငယ် တစ်ခုအဖြစ် ထပ်မံဖြည့်စွက်ပေးရန် တိုက်တွန်းဆွေးနွေးခြင်း ဖြစ်သည်။

ယင်း ပုဒ်မ-၃၄ဝ တွင် ''တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျူဟာကို စီမံဆောင်ရွက်ခွင့် ရှိသည်'' ဟု ဖော်ပြပါရှိသည်။

ထို့အပြင် တပ်မတော်တွင် တိုင်းရင်းသားအားလုံး အတူတာဝန်ထမ်းဆောင်ရင်းဖြင့် တိုင်းရင်းသား လူမျိုးများ၏ ဓလေ့များနှင့် ဘာသာပေါင်းစုံ ပါဝင်သည့်အတွက် သူ့ဘာသာရေး၊ ကိုယ့်ဘာသာရေးအကြောင်း နားလည်လေးစားလာမည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

''နိုင်ငံတော်အတွက် အသက်စွန့်၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်၊ လူမှုဘဝအားလုံး စွန့်လွှတ်ပြီး ကာကွယ်ရေး တာဝန်ထမ်းဆောင်ရတဲ့ တာဝန်ကို နားလည်လာပါလိမ့်မယ်။ စာနာတတ်လာပါလိမ့်မယ်။ အဲ့ဒီ အခါမှာ ဖက်ဒရယ်ဆိုတဲ့ သဘောတရားတွေကို နားလည်လာလိမ့်မယ်လို့ ယူဆပါတယ်''ဟု ၎င်းက ပြောသည်။

သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များနှင့် ဥပဒေကြမ်းကော်မတီတွေ့ဆုံ

နော်နိုရင်း

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ ရောက်ရှိနေတဲ့ ကျောင်းသားသပိတ်ပင်မစစ်ကြောင်း က ဆန္ဒပြအဖွဲ့ခေါင်းဆောင် ၉ ဦးဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကျောင်းသားသပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမငိးထက်နေ၊ ကိုမင်းသွေးသစ်၊ ကိုရဲရင့်ကျော်၊ မဟန်နီဦး၊ ကိုအော်မှိုင်းဆန်း၊ နန္ဒစစ်အောင်နဲ့ ကိုအောင်နေပိုင် တို့ (၉) ဦးကို ဦးတီခွန်မြတ် ခေါင်းဆောင်တဲ့ ပြည်သူ့လွှတ်တော်ဥပေဒကြမ်းကော်မတီက လက်ခံတွေ့ဆုံပြီး ဥပဒေပြုရေး လုပ်ငန်းစဉ်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက “အဓိကကတော့ ကျနော်တို့ ဥပဒေပြုရေးလုပ်ငန်းစဉ်ပေါ့။ အဲဒါတွေ သူတို့ မေးမြန်းတာပါ။ ကျနော်တို့က သူတို့ ကျေနပ်လောက်အောင် ဖြေပေးလိုက်ပါတယ်။ ဒီပညာရေးဥပဒေကြမ်းတင်ထားတဲ့ပေါ်မှာ ဥပဒေနဲ့ ညီမညီ၊ ဥပဒေနဲ့အညီရောက်ရှိလာတာဆိုလို့ရှိရင်လည်း ဥပဒေပြုရေးလုပ်ထုံးလုပ်နည်းအရ ဘယ်လိုဆောင်ရွက်ရတယ်ဆိုတာလေးတွေမေးတာပါဗျ၊” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျောင်းသားတွေအနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကနေဆင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို တွေ့ခွင့်တောင်းတဲ့အတွက် သူတို့ ရည်ရွယ်ချက်အထမြောက်အောင် ဥပဒေကြမ်းကော်မတီကို တာဝန်ပေးပြီး တွေ့ခိုင်းတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ကျောင်းသားတွေ အချိန်အနည်းငယ်ပဲ နှုတ်ဆက်စကားပြောခွင့်ရခဲ့တယ်လို့ ဦးစောလှထွန်းက ပြောပါတယ်။

ဒီကနေ့တွေ့ဆုံရမှာပါဝင်တဲ့ ကိုနန္ဒစစ်အောင်ကတော့ သူတို့ ကျောင်းသားတွေအနေနဲ့ လက်ရှိ အစိုးရနဲ့ ကျောင်းသားတွေအကြား ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ ဖြေရှင်းနိုင်ဖို့ သွားရောက်ဆွေးနွေးခဲ့တာလို့ ပြောပါတယ်။

“လွှတ်တော်ထဲကို ဥပဒေမူကြမ်းရောက်တဲ့အချိန်ကစပြီးတော့ ပညာရေးဝန်ကြီးဌာနကနေ ကျနော်တို့နဲ့ တန်ပြန်လှုပ်ရှားမှုတွေ၊ ပညာရေးဝန်ကြီးဌာနအောက်ကနေပြီး ကျနော်တို့ကို တက္ကသိုလ် ပါမောက္ခချုပ်တွေက ဦးဆောင်တဲ့ တန်ပြန်လှုပ်ရှားမှုတွေ ပေါ်လာတယ်ဗျာ။ အဲဒီတန်ပြန်လှုပ်ရှားမှုတွေ အရှိန်အဟုန် အားကောင်းကောင်းနဲ့ပေါ်လာတယ်။ ဆိုတော့ လွှတ်တော်က ကြန့်ကြာခဲ့မယ်ဆိုရင် ဒီပြဿ နာတွေ ပိုပြီးကြီးထွားလာနိုင်တယ်ပေါ့နော်။ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာရေးကို ထိခိုက်လာနိုင်တဲ့အတွက်ကြောင့် ကျနော်တို့နဲ့ လွှတ်တော်က ဒီတန်ပြန်လှုပ်ရှားမှုတွေရဲ့ နောက်မှာ ပိတ်မိနေတယ်လို့မြင်တယ်။ ဒါကြောင့် ထွက်ပေါက်ဘယ်လိုရှာမလဲ၊ နောက် ကျနော်တို့ရဲ့ ကြိုတင်သတ်မှတ်ချက် ၉ ချက်အပေါ် ပညာရေးဝန်ကြီးဌာနက ချိုးဖောက်မှုတွေဟာ ကျနော်တို့ ဘယ်လို ကိုင်တွယ်မလဲပေါ့။ အဲဒါကို လွှတ်တော်ကို ဆွေးနွေးချင်တဲ့သဘောနဲ့ လာရောက်ဆွေးနွေးတာဖြစ်ပါတယ်။”


ကျောင်းသားတွေရဲ့ ဆွေးနွေးမှုကို ဥပဒေမူကြမ်းကော်မတီက လွှတ်တော်နာယကသိအောင် ပြန်လည်တင်ပြပေးပါမယ်ဆိုပြီး ပြန်လည်ဖြေကြားခဲ့တယ်လို့ ပြောပါတယ်။

ကျောင်းသားတွေကို ပြည်ထောင်စုလွှတ်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့ကိုလည်း ပြည်ထောင်စုလွှတ်တော် ကျင်းပနေပုံတွေနဲ့ ဥပဒေပြုလုပ်ငန်းစဉ်တွေ လွှတ်တော်တွေရဲ့ ဆောင်ရွက်နေမှုတွေကို သိမြင်ခွင့်ရရှိစေခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

သူတို့ ပြောစကား


ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ကွန်မြူနစ် ပညာရေးဝါဒကို ခြေကုပ်ယူဟု မှတ်ချက်ပေး

ဟိန်းကိုစိုး

လေးပွင့်ဆိုင် ရေးဆွဲခဲ့သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ထိပါးပြီး ကွန်မြူနစ်ပညာရေး ဝါဒကို ခြေကုပ်ယူသည်ဟု ပညာရေးဝန်ကြီးဌာနက အမျိုးသားလွှတ်တော်သို့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်အတွင်း မှတ်ချက်ပြုထားသည်။

ပညာရေး ဝန်ကြီးဌာနသည် မူလပြဋ္ဌာန်းခဲ့သည့် ပညာရေး ဥပဒေကြမ်းနှင့် ပြင်ဆင်ထားသည့် ဥပဒေကြမ်းတို့ကို ယှဉ်တွဲကာ ပြင်ဆင်သည့် အချက်များအပေါ် ဝန်ကြီးဌာန၏ သုံးသပ်ချက်များ ရေးထားသည့် ၄၂ မျက် နှာပါ အကြံပြုစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းမှတ်ချက်များအပြင် အနှစ်ချုပ်အားဖြင့် အချက် ၁ဝ ချက် ကို ဖော်ပြထားသည်။ ယင်းတို့မှာ (၁) မူလ အမျိုးသား ပညာရေး ဥပဒေ၏ အနှစ်သာရကို ဖျက်ဆီးလိုက်သည်။ (၂) တည်ဆဲဥပဒေများကို ပယ်ဖျက်သည်။ မလိုက်နာသည့် ဥပဒေ ဖြစ်သည်။ (၃) အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ဤဥပဒေကို အခြေပြုပြီး ဖျက်ဆီးသည်။ (၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ်ကြိမ် ကျော်လွှားချိုးဖောက်သည်။ (၅) လက်ရှိ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ထိပါး၍ ကွန်မြူနစ်ဝါဒ ပညာရေးကို ခြေကုတ်ယူသည်။ (၆) ၁၉၂ဝ ပြည့်နှစ် ကွန်မြူနစ် အခြေပြု ကျောင်းသား သမဂ္ဂများကို ကျောင်းများ၊ တက္ကသိုလ်များတွင် ပြန်လည်ရှင်သန်ရန် တရားဝင်ရပ်တည်နိုင်ရန် လက်ရှိကျောင်းသားများကို လွှမ်းမိုးနိုင်ရန်၊ (၇) ပညာအရည်အသွေးမြှင့်တင်မှုကို အလေးမထားပါ၊ (၈) ပညာရှင်ပြုစု ပျိုးထောင်မှု၊ ထူးချွန်သူအားပေးမှု၊ ဆောင်ရွက်မည့် အစီအစဉ်အားလုံး ကို ပယ်ဖျက်ထားသည်။ (၉) အကယ်၍ ဤပြဋ္ဌာန်းချက်အတိုင်း အတည်ဖြစ်ပါက ပညာအရည်အသွေး ကျဆင်းခြင်း၊ ကျောင်းများ တက္ကသိုလ်များ စနစ်တကျမရပ်တည် နိုင်ခြင်း၊ ဝန်ထမ်းများ ရပ်တည်ရေးအတွက် မတည်မငြိမ်၊ စိတ်မအေးဖွယ်ဖြစ်ခြင်း၊ (၁ဝ) နယ်ဒေသရှိတက္ကသိုလ်များ ဆရာ မရှိ၍ ရပ်တည်ရန် ခက်ခဲ ခြင်းများကြောင့် နိုင်ငံတော် တည်ငြိမ်မှု/ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်စေသည့် အထိန်းအကွပ်မဲ့ ပညာရေးစနစ် ဖြစ်လာနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ် တော်မှတစ်ဆင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီကို ပေးပို့ထားသည်။

''ဒါက အကြံပြုစာပေးပို့တာပါပဲ။ ဘာဖိအားမှမရှိဘူး လွှတ်တော်က လုပ်နိုင်တာကို လုပ်မှာ၊ စဉ်းစားတဲ့ အထဲမှာ လိုအပ်ရင်ပါချင်ပါမယ် မပါချင်မပါဘူး'' ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး အမှတ် ၆ ကိုယ်စားလှယ် ဦးခင်မောင်ရီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောသည်။

ပညာရေး ဝန်ကြီးဌာနက အကြံပြုစာကို ပြည်ထောင် စုလွှတ်တော်မှ တစ်ဆင့် ပေးပို့ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အမျိုးသားလွှတ်တော်သို့ ထပ်မံလွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အကြံပြုချက် စတင်လက်ခံရရှိသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယညွှန် ကြားရေးမှူး ဦးသန်းတိုးနိုင်ကို မဇ္ဈိမက အကြံပြုစာမည်သို့ လက်ခံရရှိကြောင်း အခြေအနေကို မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိဘဲ အဆိုပါကိစ္စကို အမျိုးသားလွှတ်တော်ကသာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

အကြံပြုစာပေးပို့ထားသည့် ပညာရေး ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူများက အစည်းအဝေးများ ပြုလုပ်နေသဖြင့် ပြန်လည်ဖြေကြားမပေးနိုင်ခဲ့ပေ။

အမျိုးသားလွှတ်တော်သို့ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်းမျိုးစုံမှ အကြံပြုစာ အစောင် ၂ဝ နီးပါးကို ပေးပို့ထားပြီး နိုင်ငံရေး ပါတီများ၊ ကျောင်းသားများ၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတို့ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက မတ်လ ၅ ရက်မှ ၂ဝ ရက်ထိ ကြားနာမှုများပြုလုပ် မည်ဖြစ်သည်။

ဖားအံအကျဉ်းထောင်မှ ၈၈မျိုးဆက်ကရင်ကျောင်းသား ၄ဦး လွတ်မြောက်လာ

နန်းချောင်ဖော့

သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဦးဆောင်တောင်းဆိုဆန္ဒပြ၍ ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံရပြီး ဖားအံအ ကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည့် ၈၈မျိုးဆက်ကရင်ကျောင်းသားများ အစည်းအရုံးမှ အဖွဲ့ဝင် ၄ဦးမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ သြဂုတ် ၂၅ရက်နေ့က ဖားအံမြို့တွင် သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ဦးဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သူ ၈၈မျိုးဆက်ကရင်ကျောင်းသားများဖြစ်သည့် ဦးညီညီထွန်း၊ ဦးဝင်းဗိုလ်၊ ဦးဇော်ထိုက်နှင့် စောအယ်ကော်ခူး တို့သည် စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် အောက်တိုဘာ၂၉ရက်နေ့က ထောင် ဒဏ် ၄လစီ ကျခံခဲ့ရခြင်းဖြစ်သည်။

ဦးညီညီထွန်းက “ကျနော်တို့ကို ပုဒ်မ ၁၈နဲ့ မြို့နယ် တရားသူကြီးက ပြစ်ဒဏ် လေးလ ဆိုတဲ့နေရာမှာ အလုပ်နဲ့ ပြစ်ဒဏ်ပါတယ်။ ပုဒ်မ ၁၈ တိုင်းကို ပြစ်ဒဏ် သုံးလသာ ချမှတ်တဲ့နေရာမှာ ကျနော်တို့ကို လေးလ ချတယ်။ လေးလချတဲ့ နေရာမှာ ကျနော်တို့ရဲ့ အကျဉ်းသားအခွင့်အရေးအပြည့် မရဘူး။ ဆိုလိုတာက ပြစ်မှု ပြစ်ဒဏ်ဟာ လျော့ရက်ရှိတယ်။ ကျနော်တို့ လျော့ရက် တစ်ရက်မှ မရဘူး။ ရက်ပေါင်း ၁၂၀တိတိ နေခဲ့ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဖားအံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ၈၈မျိုးဆက်ကရင်ကျောင်းသား အစည်းအရုံး အဖွဲ့ဝင် ၄ဦးကို ဒေသခံလယ်သမားများက လူဦးရေ ၁၀၀ ခန့် သွားရောက်ကြိုဆိုခဲ့ကြောင်း သိရှိရသည်။

သွားရောက်ကြိုဆိုခဲ့သည့် ဖားအံမြို့နယ်၊ ကော့စကလိုရွာမှ နန်းချမ်းငယ်က “ကျမတို့ကို ကူညီပေးတဲ့ သူတို့တွေကို အားကိုးအား ထားရတယ်။ စာပေမတတ်တဲ့ ရွာသားတွေက သူတို့ကို အားကိုးတယ်။ ဒီလိုမျိုးလွတ်လာတဲ့အခါကျတော့ ကျမတို့အတွက် အား ရှိတယ်။ ဒါကြောင့် ဝမ်းမြောက်ဝမ်းသာနဲ့ လာကြိုဆိုကြတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သိမ်းဆည်းထားသည့် လယ်မြေများ ပြန်လည်ရရှိရန်အတွက် ဖားအံအခြေစိုက် ၈၈မျိုးဆက် ကရင်ကျောင်းသားအစည်းအရုံး သည် ၂၀၁၄ခုနှစ်၊ သြဂုတ် ၂၅ရက်နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့၌ လယ်သမားများဦးရေ ၁၀၀ကျော်နှင့်အတူ ဆန္ဒထုတ်ဖော် တောင်းဆိုရာမှ ဦးဆောင်သူ လေးဦးကို သက်ဆိုရာအစိုးရအာဏာပိုင်များက ပုဒ်မ ၁၈ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

အမြဲတမ်းအတွင်းဝန်တွေ ခန့်တာ ကြိုတင်နေရာဦးသလို ဖြစ်နေ