Tuesday, October 27, 2015

ရှမ်းပြည်နယ်တစ်ဝန်းလုံး၌ မဲရုံပေါင်း သုံးထောင့်ငါးရာခန့်ရှိ

မဇ္ဈိမ/ ကမ္ဘောဇတိုင်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်တစ်ဝန်းလုံးတွင် မဲရုံပေါင်း ၃၄၃၀ ရှိပြီး ရဲတပ်ဖွဲ့ မှ လုံခြုံရေးဆောင်ရွက်မည့် မဲရုံပေါင်း ၂၆၂၆ ရုံနှင့် တပ်မတော်မှ လုံခြုံရေးယူမည့် မဲရုံပေါင်း ၈၀၄ ရုံရှိကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။

အစိုးရသစ်တစ်ရပ်ပေါ်ပေါက်ရန်အတွက် ရွေးကောက်ပွဲသည် အရေးကြီးပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက် နေသော်လည်း လက်ရှိအင်အားအရ ထောင့်စေ့နိုင်မည်မဟုတ်သဖြင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးစေလိုသည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

No comments: