မာန်ဇာမြေမွန်
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများမှ ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်ရန်အတွက် တစ်ဝက်ကျော် ကျန်ရှိနေကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံး ဥက္ကဌ ဦးတင်ဦးကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင် ရွေကော်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ်လောင်း ၅၀၀ ရှိပြီး ဒီဇင်ဘာ ၉ ရက်နေ့ထိတွင် ရွေးကောက်ပွဲ ကုန်ကျစရိတ်လာရောက်တင်သည့် ကိုယ်စားလှယ်လောင်း ၂၃၅ ဦးသာရှိသေးကြောင်း သိရသည်။
" ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း(၅၀၀)ရှိတယ်၊ ဒီဇင်ဘာ ၉ ရက်နေ့ထိမှာ (၂၃၅) ဦးပဲ လာတင်သေးတယ်၊ တစ်ဝက်ကျော်ကျန်ရှိသေးတယ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး တင်ရမှာပါ၊ " ဟု စစ်ကိုင်းတိုင်းဒေသ ကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးတင်ဦးကပြောသည်။
ကျန်ရှိနေသည့်ကိုယ်စားလှယ်လောင်း ၂၆၅ ဦး အနေဖြင့် အသုံးစရိတ်တင်သွင်းမှုအားသတ်မှတ်ရက်အတွင်း လာရောက်တင်ပြကြရန် နှင့် မတင်ပြနိုင်ပါက အရည်အချင်းပျက်ယွင်းမှုအဖြစ် ကြေညာကာ လက်ရှိရွေးကောက်ပွဲသက်တမ်း ၅ နှစ်အတွင်းတွင် မည်သည့်ရွေးကောက်ပွဲကိုမှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မပြုကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
No comments:
Post a Comment