Thursday, December 17, 2015

ကျောက်ဖြူတွင် ရွှံ့မီးတောင် တစ်လုံး ပေါက်ကွဲ

ကျော်ဝင်း (ကျောက်ဖြူ)


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရွှံ့မီးတောင် တစ်လုံး ယနေ့နံနက်က ပေါက်ကွဲခဲ့သည်။

ယင်းမီးတောင်မှာ ကျောက်ဖြူမြို့မှ အရှေ့ဘက် ၄ မိုင်ခန့် အကွာတွင် တည်ရှိသော စိုင်ခြုံ မီးတောင် ဖြစ်ကြောင်း သိရသည်။

“ ဒီမီးတောင်က ကျွန်တော်တို့ ရွာရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၅ နာရီ ၁၅ နာရီခန့်ကမှာ ပေါက်ကွဲပါတယ်။ မီးတောင်တစ်လုံးပေါက်ကွဲသံကို ရွာကနေ ကြားရပါတယ်” ဟု စိုင်ခြုံကျေးရွာသား ကိုမှဲ့အောင် က နိရဉ္စရာသို့ ပြောကြား သည်။

ယခု ပေါက်ကွဲသော မီးတောင်ကို ဒေသခံများက နဂါးကြီး မီးတောင်ဟု ခေါ်ဆိုပြီး စိုင်ခြုံကျေးရွာမှ အရှေ့ဘက် (၁)မိုင်ကျော်ခန့် အကွာဝေးတွင် တည်ရှိသည်။

“ ဒီနေ့မနက် ငါးနာရီကျော်လောက်မှာ ပေါက်ကွဲသံတွေကြားပါတယ်။ ရွံ့ရည်တွေကို တွင်းနုတ်ခမ်းကနေ မှုတ်ထုတ်ပါတယ်။ သွားကြည့်တော့ မီးတောင် ပေါက်နေတာကို တွေ့ရတယ်။ ပေါက်ကွဲမှုက ၁၅ မိနစ်ကြာပါတယ်။ ပျက်စီဆုံးရှုံးမှု တစ်စုံတစ်ရာတော့ မရှိပါဘူး” ဟု ကိုမှဲ့အောင် က ဆက်လက် ပြောဆိုသည်။

၎င်းနဂါးကြီးမီးတောင်သည် ၁၀ နှစ်ဝန်းကျင်ခန့်တွင် တစ်ကြိမ်စီ ပေါက်ကွဲလေ့ရှိပြီး ယခု ပေါက်ကွဲမှုမှာ ယခင်က ပေါက်ကွဲမှုထပ် မပြင်းထန်းခဲ့ကြောင်း သိရသည်။

ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့နယ် အပိုင် စိုင်ခြုံကျေးရွာ၏ အရှေ့ဘက်တွင် ရွှံ့မီးတောင် (၁၀) လုံးရှိပြီး ၎င်းမီးတောင် များမှာ နဂါးကြီး၊ အောက်သားနဂါး၊ ၀က်အင်းနဂါး၊ နဂါးစောက်၊ မာန်အောင်သမနဂါး၊ သပြေတောနဂါး၊ ကိုးပေါက်နဂါး၊ ပန်းယင်နဂါး၊ ဆိတ်ကျနဂါး၊ ဖက်သန်းပင်နဂါးတို့ ဖြစ်ကြသည်။

ယခုပေါက်ကွဲခဲ့သော နဂါးကြီးမီးတောင်နှင့် ၂၀၁၄ခုနှစ် သြဂုတ်လအတွင်းက ပေါက်ကွဲခဲ့သော ရှောက်ချောင်း ကျေးရွာ၏ အရှေ့ဘက်မှ သူပုန် နဂါးမီးတောင်သည် တစ်လုံးနှင်း တစ်လုံး (၄)မိုင်ခန့် ကွာဝေးကြောင်း သိရသည်။

No comments: