Tuesday, December 15, 2015

အကြီးအကဲတာဝန်များ လွှဲပြောင်းလက်ခံရေးအတွက် ထောက်ကူနိုင်ရန် ဖွဲ့စည်းပြီးဖြစ်

မဇ္ဈိမ

သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂ ရက်နေ့ တွေ့ဆုံဆွေးနွေးပြီးနောက် ယခုအခါ အထောက်အကူပြု အဖွဲ့များလည်း ပေါ်ထွက်လာပြီဖြစ်သည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆွေးနွေးမှုများတွင် 'နိုင်ငံတော် အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခု ထူထောင်ရန်' ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြ သည်။

ယင်းဆွေးနွေးချက်ကို ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အစိုးရဘက်မှ 'နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ' နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ 'အသွင်ကူးပြောင်းရေးအဖွဲ့' တို့ကိုလည်း အသီးသီး ဖွဲ့စည်းပြီးဖြစ်သည်။

အစိုးရဘက်ကော်မတီတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဌဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်မှ အဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ ဖြစ်သည်။

No comments: