Tuesday, December 8, 2015

ရဲ ၂ဦးကိုသတ်သည့် တင်မြင့်ကို မသေမခြင်းကြိုးကွင်းစွပ်သတ်ရန် တရားရုံးအမိန့်ချ

ဟိန်းကိုစိုး

ရဲ ၂ဦးကိုသတ်ဖြတ်ခဲ့သူ တရားခံပြေးတင်မြင့်အား တောင်ပိုင်းခရိုင်တရားရုံးက မသေမခြင်းကြိုးကွင်းစွပ်သတ် ကွက်မျက်ရန် အမိန့်ချလိုက်သည်ဟု သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးက ဒီဇင်ဘာ ၄ရက်တွင် မဇ္ဈိမကို အတည်ပြုသည်။

"မသေမခြင်းကြိုးကွင်းစွပ်သတ်မိန့်ချလိုက်တယ်။ အချိန်ကိုတော့အတိအကျမသိလိုက်ဘူး။ အခုကျွန်တော် အစည်းအဝေးတက်နေလို့ပါ" ဟု ၄င်းကပြောသည်။ တင်မြင့်သည့် ၂၀၁၄ခုနှစ် နှစ်လယ်အတွင်းလူသတ်မှုကျူးလွှန်ကာ တိမ်းရှောင်နေသူတစ်ဦးဖြစ်သဖြင့် ရဲအုပ်တစ်ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့က ၄င်းရှိရာသို့သွားရောက်ဖမ်းဆီးရာတွင် လာရောက် ဖမ်းဆီးသည့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို စက်တင်ဘာ ၂ရက်တွင် ဓါးဖြင့်ရန်မူ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသတ်ဖြတ်မှုကြောင့် သန်လျင်မြို့နယ်ရဲစခန်းက ပုဒ်မ ၃၀၂၊ ၁(ခ)အပြင်၊ ၀တ္တရားနှောင့်ယှက်မှုတွင့် ဖြင့်အမှုဖွင့်အရေးယူခဲ့သဖြင့် ဒီဇင်ဘာ ၄ရက်၊ နံနက်ပိုင်းက တောင်ပိုင်းခရိုင်တရားရုံးက မသေမခြင်း ကြိုးကွင်းစွပ်သတ်မိန့်အပြင် ထောင်ဒဏ် ၃နှစ်ကိုလည်း အမိန်ချခဲ့သည်ဟု သန်လျင်မြို့နယ်ရဲစခန်းမှ သိရသည်။

မသေမခြင်းကြိုးကွင်းစွပ်သတ်မိန့်ချခံရသူ တင်မြင့်သည် ၂၀၁၄ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်ခွင့်ပြုခဲ့သည့်လွတ်ငြိမ်းချမ်းသာခွင့်များအတွင်း ထာင်အတွင်းမှပြန်လည်လွတ်မြောက်လာသူတစ်ဦးလည်းဖြစ်ကြောင်း သန်လျင်မြို့နယ်ရဲတပ်ဖွဲ့စခန်း၏ မှတ်တမ်းများအရသိရသည်။

No comments: