Monday, December 14, 2015

မန္တလေးတစ်မြို့လုံးကို CCTV ၂၄ နာရီ စတင်စောင့်ကြည့်

အောင်ကိုဦး

လုယက်မှုများနှင့် ဒုစရိုက်မှုများဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန်အတွက် Police Command Center ဖွင့်ပြီး ဒီဇင်ဘာလ ၈ ရက် မှစတင်ကာ မန္တလေးတစ်မြို့လုံးကို CCTV များဖြင့် ၂၄ နာရီလုံး စတင်စောင့်ကြည့်နေပြီးဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး က ပြောသည်။

CCTV ကင်မရာများကို လူစည်ကားရာ လမ်းမများနှင့် လမ်းဆုံမီးပွိုင့်များတွင် တပ်ဆင်ထားခြင်းဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်နေမှုများနှင့် မှုခင်းကိစ္စများ ဖြစ်ပေါ်လျှင် Police Command Centre သို့ ဆက်သွယ် သတင်းပို့ပါက အချိန်နှင့် တပြေးညီ 360CCTV ကင်မရာများမှတဆင့် ရှာဖွေ၍ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


 မြို့တွင်း အခြေအနေများကို နေ့စဉ် Police Command Center မှ စောင့်ကြည့်မှုများ ပြုလုပ်နေပြီး ပြည်သူလူထုများအနေဖြင့် တိုင်ကြားလိုပါက ဖုန်း ၀၂ ၆၇၁၂၁ သို့လည်း ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။

No comments: