Saturday, April 30, 2016

သတင်းယူခွင့် ကန့်သတ်ခံရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ မီဒီယာသမားများကန့်ကွက်

စည်သူမောင်မောင်

တိုင်းအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲတွင် သတင်းယူခွင့် ကန့်သတ်ခံရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အခြေစိုက်သတင်းသမားများက ကန့်ကွက်ကြောင်း ကြေငြာချက်ကို ဧပြီ ၂၈ရက်နေ့ကထုတ်ပြန်ခဲ့သည်။ 

ကြေငြာချက်​တွင်​"သတင်းမီဒီယာများအားဝင်​ခွင့်​မ​ပေးခြင်းမှာ ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့က လုပ်​​ဆောင်​ခြင်းမဟုတ်​ပဲ ဝန်​ကြီးချုပ်​ဦးမန်း​ဂျော်​နီ မသိရှိ​ကြောင်း ကျွနု​ပ်​တို့ကြားသိရသည့်​အတွက်​ ယခုဖြစ်​ရပ်​မှာ သတင်းမီဒီယာများနှင့်​ပြည်​သူတင်​​မြှောက်​​သော ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ကြား မရိုးသား​သောစိတ်​ဖြင့်​ ဝန်​ထမ်းအချို့က ခ​လောက်​ဆန်​သည့်​လုပ်​ရပ်​အဖြစ်​ရှုမြင်​​ကြောင်း"​ကြေငြာချက်​တွင်​ထည့်​သွင်း​ဖော်​ပြထားသည်​။

 "ကျွန်​​တော်​ တို့ ပိတ်​ထားတယ်​ ကိစ္စကို သွားပြီးသက်​ဆိုင်ရာကို​မေး​နေတာ၊တိုင်းအတွင်း​ရေးမှူးဦး​မောင်​​မောင်​စန်းက ဖုန်းကို အသံဖမ်းတယ်​ထင်​ပြီး လက်​ထဲက အတင်းလုယူတာ၊အခုလိုလုပ်​တာ တိုင်းအစိုးရနဲ့မဆိုင်​ဘူး ​ထွေအုပ်​က လုပ်​တာ"ဟု Myanmar Post Journal သတင်း​ထောက်​ဦးစိုးမြင့်​စိုးက မဇ္ဈိမသို့​ပြောသည်​။ ဧရာဝတီတိုင်း​ဒေသကြီးအစိုးရနှင့်​ တိုင်းအဆင့်​ဌာနဆိုင်​ရာ​တွေ့ဆုံပွဲ သတင်းယူခွင့်​ပိတ်​ထားမှုအား သိရှိခြင်းမရှိ​ကြောင်းနှင့်​ ​နောင်​မဖြစ်​​အောင်​လုပ်​​ဆောင်​​ပေးမည်​ဖြစ်​​ကြောင်း ဝန်ကြီးချုပ် မန်းဂျော်နီက မီဒီယာများအားဧပြီလ၂၇ရက်​​နေ့တွင်​​ပြောသည်​။

No comments: