မဇ္ဈိမ
စတုတ္ထအကြိမ် အမျိုးသားသတင်းဆုပေးပွဲကို ဇူလိုင် ၇ရက်တွင် ကျင်းပမည်ဖြစ်သည်။ ယင်းဆုပေးပွဲကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ အမျိုးသားသတင်းဆုရွေးချယ်ရေးကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်စာမူများကို ဇွန် ၁၀ရက်နောက်ဆုံးထားပြီး info@mjournalistsa.org သို့မဟုတ် မြန်မာနိုင်ငံသတင်းစာဆရာအသင်းသို့ ပေးပို့နိုင်ကြောင်းသိရသည်။
အမျိုးသားသတင်းဆုချီးမြှင့်ရာတွင် သတင်းသူရဲကောင်းဆု၊ အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံးဆောင်းပါးဆု၊ အကောင်းဆုံးသတင်းဓာတ်ပုံဆု၊ အကောင်းဆုံးသတင်းကာတွန်းဆု၊ အကောင်းဆုံး ရုပ်/သံသတင်းဆုတို့ကို ပေးအပ်မည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
No comments:
Post a Comment