စည်သူမောင်မောင်
ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ကိုရာပြည့်ကို ဇွန် ၆ရက်နေ့က လှည်းကူးတရားရုံး ရုံးချိန်းတွင် ညနေ ၅နာရီထိုးမှ ရဲမှူးရောက်လာပြီး ရုံးထုတ်သည့်အတွက် ကိုရာပြည့်က သပိတ်မှောက်ကာ ရုံးမထွက်ဘဲနေခဲ့သည်ဟု သိရသည်။
"ကျွန်တော်ပူးပေါင်းဆောင်ရွက်တယ်။ ကျွန်တော့်ကို ပူးပေါင်းမဆောင်ရွက်မှုမရှိဘူး။ ကျွန်တော် ရုံးမထွက်ဘူး။ ကျွန်တော် စွပ်စွဲခံထားရတာလေ။ ရပိုခွင့်ကိုတောင်းဆိုမယ်။ အာမခံမပေးနိုင်လည်း မပေးနဲ့ ။ နောက် ရုံးမထွက်တော့ဘူး၊ တရားစီရင်ရေးက နိုင်ထပ်စီးနင်းလုပ်လွန်းတယ်"ဟု ကိုရာပြည့်က ပြောသည်။
ညနေပိုင်းတွင် ၎င်းကို လှည်းကူးတရားရုံးမှတစ်ဆင့် "ရဲမှူးကားနဲ့ အင်းစိန်ထောင်ပြန်ခေါ်သွားတယ်။ ဘယ်နေ့ ရုံးချိန်းလည်း မသိဘူး" ဟု တရားခွင်သို့သွားရောက်သူ ဦးအာကာအောင်က မဇ္ဈိမကို ပြောသည်။
ကိုရာပြည့်ကို လူမူ့ကွန်ရက် Facebook ပေါ်တွင် ဦးဝီရသူပုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပုံတို့ကိုဖိုတိုရှော့လုပ်ပြီး တင်သည်ဟု စွပ်စွဲကာ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ဒေါ်သီရိနေလင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ကာ မေ ၂၂ရက်တွင် ဖမ်းဆီးခဲ့ပြီး ၂၃ရက်တွင် အင်းစိန်အကျဉ်းထောင်သို့ ပို့လိုက်ခြင်းဖြစ်သည်။
No comments:
Post a Comment