နောင်ခိုင်အောင်
ရန်ကုန်မှ စစ်တွေသို့သယ်ဆောင်လာသည့် လိုင်စင်မဲ့အရက်များအား ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့ အမှတ်(၂)ရဲစခန်းမှ သိရသည်။
ဖမ်းမိသော အရက်များမှာ ARAMY RUM နှင့် DAGON REM တံဆိပ်ပါ အရက်များ ဖြစ်ကြောင်း၊ စုစုပေါင်း အရက်ပုလင်းဖာ ၃ဝဝ ရှိကြောင်း၊ မေလ ၂၅ ရက်နေ့က စစ်တွေအမှတ်(၂)ရဲစခန်းနယ်မြေအပိုင်ရှိ အုန်းတပင် ဆိပ်ကမ်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း နယ်ထိမ်း ဒုရဲအုပ် အောင်တင်ဦးက ပြောသည်။
“ ဒီလိုင်စင်မဲ့အရက်တွေကို ရန်ကုန်ကနေ စစ်တွေကို စိန်မင်းသား ကုန်တင်သဘောင်္နဲ့ သယ်ဆောင် လာတာဖြစ်ပါတယ်။ သင်္ဘောပေါ်ကနေ ပစ္စည်းတွေ အတင်အချလုပ်နေစဉ်မှာ ကျနော်တို့ ဖမ်းဆီး လိုက်နိုင်တာပါ”ဟု ပြောသည်။
ပိုင်ရှင်မှာ စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်နေ ဒေါ်ခင်စောမြိုင်ဟု ဒုရဲအုပ်က ပြောသည်။
စစ်တွေတွင် ယခုနှစ်အစပိုင်းမှ မေလအထိ ၅ လအတွင်း အရက်များကို လိုင်စင်မဲ့သယ်ဆောင်သဖြင့် ဖမ်းဆီး အရေးယူမှု ၄ ခုရှိပြီး ယင်းအထဲတွင် ယခုအကြိမ်သည် တန်ဖိုးအများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယခုဖမ်းစီးရမိသည့် လိုင်စင်မဲ့ အရက်များ၏တန်ဖိုးမှာ မြန်မာ ကျပ်ငွေ ၄၅ သိန်းခန့် ရှိပြီး လက်ရှိတွင် ပိုင်ရှင်ဖြစ်သူအား ရဲက ယစ်မျိုးခွန်ဥပဒေဖြင့် အရေးယူထားကြောင်းလည်း သိရသည်။

No comments:
Post a Comment