Thursday, July 30, 2015

၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည် လျှောက်လွှာတင်

ဧရာဝတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင်လ ၂၉ ရက် နေ့ သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တရားဝင် သွားရောက် လျှောက် လွှာ တင်သွင်း မှတ်ပုံတင်လိုက်ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်တွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေး ကောက် ခံထားရပြီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု တရားဝင်ကြေညာထားပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒ နယ် ၁၆၈ ၊ ပြည်နယ်နှင့်တိုင်းလွှတ်တော် မဲဆန္ဒနယ် ၆၀၀ ကျော်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လာမည့် ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်း ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိလျှင် ပြည်သူလူထု လက်ခံနိုင်လောက်သော အစိုးရတရပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

No comments: