Tuesday, September 29, 2015

ကန့်သတ်ချက်များကြားက ကျင်းပခဲ့သည့် အဒ်ပွဲတော်

AFP

လွန်ခဲ့သည့်နှစ်များအတွင်း ဘာသာရေးပဋိပက္ခများဖြစ်ထားရာ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အမျိုးသားရေးသမားများ၏ တိရိစ္ဆာန်များအပေါ် သတ်ဖြတ်ခြင်းအား တားမြစ်မှုဖိအားများကြားမှ မွတ်စလင်များက အိဒ်နေ့ကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ကြသည်။

မွတ်စလင်အိဒ်ပွဲတော်ကို ကမ္ဘာအနှံ့တွင် ဆိတ်၊ သိုးနှင့် နွားများကို သတ်ဖြတ်ကာ ကျင်းပခြင်းဖြစ်သည်။ ရန်ကုန်မြို့အနီးတွင် အိဒ်ပွဲများကို အကျဉ်းချုံ့ ပြုလုပ်ကာ တိရစ္ဆာန်များကို သတ်ဖြတ်ပြီး ကျင်းပခဲ့ကာ သတ်ဖြတ်တိရစ္ဆာန်များ၏ အသားများကို ဝေခြမ်းခဲ့သည်။ ဒေသခံမွတ်စလင်တစ်ဦးက အေအက်ဖ်ပီသတင်းသို့ ပြောရာတွင် ယခုနှစ်တွင် ကန့်သတ်ချက် ပိုများကြောင်း ဆိုသည်။

"တိရစ္ဆာန်များကို ယဇ်ပူဇော်သတ်ဖြတ်ကာ အိဒ်နေ့ကျင်းပခြင်းမှာ ယခုနှစ်ကို အာဏာပိုင်များက ခွင့်ပြုပေးပေမယ့် စည်းကမ်းချက်တွေ တော်တော်များများ ထုတ်ပါတယ်။"ဟု အိဒ်နေ့တွင် သတ်ဖြတ်မည့် တိရစ္ဆာန်များအတွက် ခွင့်ပြုချက်လိုက်လျှောက်ထားရသူ ငြိမ်းချမ်းစွာကိုးကွယ်မှု အဖွဲ့ မြန်မာဌာနခွဲမှ ဦးအေးလွင်က ရှင်းပြသည်။

စစ်အုပ်ချုပ်မည့် နေခဲ့ရသည့် မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲတရားမျှတမှုရှိပါက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရနိုင်သည့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲများ မတိုင်မီ ဗုဒ္ဓသာသနာအမျိုးသားရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် မဘသ အဖွဲ့က မွတ်စလင်ဆန့်ကျင်ရေးဟောပြောမှုများကို လုပ်ဆောင်နေခဲ့သည်။

နွားများကို သတ်ဖြတ်ခြင်းသည် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်မှုဖြစ်ကြောင်း မဘသ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးပါမောက္ခက စက်တင်ဘာ ၂၅ ရက်က ပြောခဲ့သည်။ "ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲနေထိုင်လိုရင် မွတ်စလင်တွေအနေနဲ့ ဒီလိုလုပ်ဆောင်မှုတွေကို ရှောင်ကြဉ်ကြရမှာပဲဖြစ်တယ်။"ဟု ဦးပါမောက္ခက အေအက်ဖ်ပီသို့ပြောပြီး အာဏာပိုင်များသို့လည်း နွားများအား သတ်ဖြတ်ခြင်းအပေါ် စည်းကြပ်မတ်မှုများ ထားရှိရန် မဘသက တိုက်တွန်းခဲ့ကြောင်းလည်း ဖြည့်စွက်ပြောသည်။

No comments: