Tuesday, September 29, 2015

မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် ဖြစ်လာမည်ဟု မျှော်လင့်ရ

မဇ္ဈိမ

အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်ညွှန်ကြားရေးမှူး Mr. J. Rizai C. Pangillnan က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှာ ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်ဖြစ်လာ မည်ဟု မျှော်လင့်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီအား စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ပြောကြားသည်။

ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် ဖြစ်လာစေရေးအတွက် လုပ်ငန်းပြမြေပုံ ပြုစုရေးဆွဲပြီး လိုအပ် သည့် သင်တန်းများ၊ လုပ်ငန်းတိုးချဲ့မှုများ ဆောင်ရွက်ရန် ကူပံ့သွားမည်ဖြစ်ပြီး တစ်ချိန်က မြန်မာနိုင်ငံသည် အာရှနှင့် ပစိဖိတ်ဒေသ ကင်းထောက်အဖွဲ့ကို တည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံ ဖြစ်၍ မကြာမီ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဒေါ်ခင်စန်းရီက ပညာရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကို သီးခြားယူနစ်အဖြစ် ဖွဲ့စည်းထား၍ ကင်းထောက် လှုပ်ရှားမှုများအတွက် ကူပံ့ပေးပြီး တစ်နိုင်ငံလုံးတွင် တိုးချဲ့ ဖွဲ့စည်းနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ရာ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့ကလည်း လိုအပ်ချက်များကို ကူပံ့ပေးရန် ပြောကြားသည်။

ယင်းတွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် ယာယီကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်ညိုနှင့် အမှုဆောင်များ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

No comments: